Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
နရီမိုး avatar
နရီမိုး
နရီမိုး avatar
နရီမိုး
Период
Количество просмотров

Цитирования

Посты
Скрыть репосты
25.02.202504:36
"ယူကရိန်းစစ်က ပေးတဲ့ သင်ခန်းစာ"

(နရီမိုး)
24.02.202516:37
စီမံကိန်း ၉ ခု ဆိုတာ အချိန်ယူပြီး စဉ်းစားရတဲ့ ပရောဆက်တွေပါ။ ခု လာ၊ ခု သဘောတူ၊ ခု စာချုပ် ချုပ်လို့မရပါဘူး။ နောက်ကွယ်မှာ အများကြီး ဆွေးနွေးညှိနှိုင်းခဲ့ကြရတာပါ။ ဒီလောက်ဆိုရင်....အတိမ်အနက်ကို နားလည်လွယ်မယ် ထင်ပါတယ်။


(နရီမိုး)
မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ 🙏🙏🙏
23.02.202509:13
တချိန်က ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့တဲ့ ဦးအောင်မင်းက ကျနော်တို့လည်း တရုတ်ကြောက် ရပါတယ်ဆိုတဲ့စကားလုံးက မီဒီယာတွေထက်မှာ ရေပန်းစားခဲ့ဖူးတယ်။ တချို့ပြည်သူတွေကတော့ ကိုယ့်တိုင်းပြည် ဝမ်းရေးအထာမသိတော့ ဒီစကားကို မမှန်ဘူးလို့ ဆိုကောင်းဆိုပါလိမ့်မယ်။ သို့သော် မမှားဘူးဆိုတဲ့ အချက်တွေလည်း တိတိကျကျ ရှိနေပြန်ပါသေးတယ်။
----
ဆိုပါစို့…လက်ရှိ ၁၀၂၇ စစ်ဆင်ရေးရဲ့နောက်ကွယ်မှာ ဘယ်သူပါသလဲဆိုတာ အရှင်းကြီးပါ။ ကိုးကန့်မှာ အုပ်ချုပ်နေတဲ့ ပယ်မိသားစုကို ရန်ငြိုးနဲ့ဖယ်ချင်တဲ့ ဖုန် မိသားစုအပေါ် လက်နက်တပ်ဆင်ပေးလိုက်သလို ကျားဖြန့်ကိစ္စ စုံစမ်းဖို့ ရောက်နေတဲ့ တရုတ် ထောက်လှမ်းရေးတွေ လောက်ကိုင်မှာပစ်ခတ်မှုဖြစ်ခဲ့ရင်း သေဆုံးကုန်တဲ့ ဖြစ်ရပ်တွေက ၁၀၂၇ စစ်ဆင်ရေးစတင်ဖို့အတွက် မြစ်ဖျားခံတယ်လို့ ပြောရင်… ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။
----
အဓိက ရမခနဲ့ လောက်ကိုင် ဒကစတွေရဲ့ ဆက်သွယ်ရေး ကွန်ရက်တွေနဲ့ တပ်တည် တပ်လှုပ်တွေကို အင်အားကြီးနိုင်ငံတစ်ခုကမှ မဟာဗျူဟာကျကျ မပံ့ပိုးခဲ့ရင် သာမန် လက်နက်ကိုင် EAO တွေအနေနဲ့ ဒရုန်းစစ်ဆင်ရေးကို ဟန်ချက်ညီညီ စစ်ဆင်နိုင်ဖို့ မလွယ်ပါဘူး။ ဒီစစ်ဆင်ရေးစတင်ဖို့အတွက် ဘတ်ဂျက်လိုပါတယ်။ လူအင်အား စုဖွဲ့ဖို့ လိုပါတယ်။ ဒါတွေကို အပြန်အလှန်အပေးအယူနဲ့ “ဝ”ဆီ မြို့ ၂ မြို့ သေနတ်သံတချက် မဖောက်ဘဲ ရောက်သွားတာကိုကြည့်ရင် ဒီစစ်ဆင်ရေးရဲ့ မာစတာ ပလန်ကို မြင်ကြည့် လို့ ရပါတယ်။
-----
မဲခေါင်-လျန်ချန်းမှာ ဝမ်ယိ ပြောခဲ့တဲ့ စကားကို အနက်ကောက်ရင် မြန်မာ့ ပြည်တွင်းရေးကို ဘယ်နိုင်ငံမှ မပါနဲ့ ။ ငါပဲဦးဆောင်မယ်လို့ မပြောရုံတမယ်ပါပဲ။ လက်ရှိ ကမ္ဘာ့နိုင်ငံရေးမှာ အမေရိကန်သည်သာ ပထမ လုပ်မယ့် ထရမ့်လက်ထက်မှာ မြန်မာရဲ့ အနာဂတ်ဟာ တရုတ်လက်ထဲမှာပါလို့ ပြောရင် နာလို့ မဖြစ်တဲ့ အချက်တွေ အများကြီး ပါပဲ။ ဥပမာ ရှမ်းမြောက် စစ်ဆင်ရေးမှာ တရုတ်လုပ်ခဲ့တဲ့ ရည်မှန်းချက် (၃)ချက်တည်း ရှိပါတယ်။
နံပါတ်(၁) ကျားဖြန့် ရှင်းလင်းမယ်။
နံပါတ်(၂) ကူမင်းကနေ တောက်လျှောက်ဖောက်လိုတဲ့ အိန္ဒိယ ထွက်ပေါက်လမ်းပေါ်မှာ သူ့ ဩဇာခံ လက်နက်ကိုင်တပ်တွေကို နေရာချထားလိုတယ်။
နံပါတ်(၃) ဘယ်အစိုးရတက်တက် တရုတ်ကို လွန်ဆန်လို့ မရဘူး။
------
၁၀၂၇ စစ်ဆင်ရေးကြောင့် အစိုးရမှာ ထိခိုက်နစ်နာခဲ့ရတာတွေက စာဖွဲ့မကုန်ပါဘူး။ စီးပွားရေးနဲ့ ပတ်သက်ရင် ….ပထမ ဆုံး သိသာစေတဲ့အချက်က အမေရိကန်ဒေါ်လာ သောင်းဂဏန်းကနေ သန်း ဂဏန်းအထိရှိတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေ အကုန်ပိတ် သွားခဲ့တာပါ။ ဥပမာ ချင်းရွှေဟော်လို နေ့စဉ် သန်းနဲ့ချီတဲ့ ဂိတ်တွေ၊ နေ့စဉ် အမေရိကန် ဒေါ်လာ ၉ သန်းလောက်ဝင်ငွေရှိတဲ့ ကရင်ပြည်နယ်ဘက်က ဂိတ်တွေ အကုန်ပိတ် သွားခဲ့တာက စီးပွားရေးမှာ အတော်လေးထိခိုက်ခဲ့တာ တွေ့ရမှာပါ။ စစ်ရေးအရဆိုရင် လည်း တိုင်းစစ်ဌာနချုပ်တွေ ၊ အခိုင်အမာ ခံစစ်စခန်းတွေ လက်လွှတ်ရတဲ့အထိ ကြီးမား ခဲ့တာပါ။
------
အချုပ်အခြာဟာ ပြည်ထောင်စုရဲ့လက်ထဲမှာဆိုပေမယ့် တရုတ်ကြားဝင် စေ့စပ်လာ တဲ့အခါ EAO တွေ ရပ်ပေးရတာကိုကြည့်ရင်…ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းက ဘယ်သူလဲဆိုတာ သိသာပါတယ်။ ဒီနေရာမှာ တရုတ်မပါဘူးလို့ ငြင်းချင်တဲ့သူတွေရှိရင်… တည်ဆဲအစိုးရကို အပြည့်အဝ ပူးပေါင်းပြီး လှေနံနှစ်ဖက် မနင်းဖို့ပဲ တိုက်တွန်းရမှာပါ။ လက်ရှိ မြင်နေရသမျှကလည်း အရင်ခေတ်တုန်းက သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်း ရေး ဆိုတာတွေ ရှိခဲ့ပေမယ့် ဖက်ဒရယ်နဲ့ တိုင်းရင်းသား အရည်ခြုံထားတဲ့ EAO တွေကို တရုတ်ဘက်ကလည်း အမြစ်ပြတ်လိုဟန်မရှိပါဘူး။
----
အီလွန်မတ်တို့လို အမြစ်လှန်မှပဲ ဒီပြည်တွင်း ပဋိပက္ခ ဇာတ်လမ်းက မြေး၊ မြစ် ၊ တီ၊ ကျွတ် လောက်အထိ ဇာတ်လမ်းမရှည်နိုင်မှာလို့ပဲ သုံးသပ်ရမှာပါပဲ။

(နရီမိုး)
23.02.202501:03
မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါးအကျင့်တရားဖြင့်နိဗ္ဗာန်ချမ်းသာကို လမ်းညွှန်မှုပြုတာ ဖြစ်တယ်။ အဲဒါကျတော့ ဘုရားပဲ ဟောနိုင်တယ်။ကျန်တဲ့ပုဂ္ဂိုလ် တွေ မဟောနိုင်ဘူး။

ဘာဖြစ်လို့တုန်းဆိုရင် သံသရာထဲမှာကောင်း ကျိုး ချမ်းသာတွေရဖို့ရာအတွက် အခြေခံအကြောင်း တရားနဲ့ အကျိုးတရားတွေကို ပညာရှိ သူတော် ကောင်း တွေဟောနိုင်ကြတယ်။ဒီထက်ချမ်းသာတဲ့ နိဗ္ဗာန်ချမ်းသာကို ရဖို့ရာကျတော့ ဤမျှသော ကုသိုလ်ကောင်းမှုလေးနဲ့ မရဘူးတဲ့။ဒီထက် အဆင့်မြင့်ပြီးတော့ ကျင့်ကြရဦးမယ်တဲ့။
အဲဒီ အကျင့်တရားအမှန်ကမဂ္ဂင်ရှစ်ပါး အကျင့်တရားဘဲ ဖြစ်တယ်။မဂ္ဂင်ရှစ်ပါး အကျင့်တရားကို အကျဉ်းချုပ်ပြောရရင် သမ္မာဝါစာ စကားအပြောကို ထိန်းသိမ်းစောင့် ရှောက် ရမယ်။စကားပြောဆိုတဲ့အခါ အပြစ်ကင်းတဲ့ စကားမျိုးကိုဘဲပြောရမယ်။
သမ္မာကမ္မန္တအပြစ်ရှိတဲ့အလုပ်ကနေ ရှောင်ကြဉ်ပြီးတော့ အပြစ်ကင်းတဲ့ အလုပ်မျိုးကို လုပ်ရမယ်။သမ္မာအာဇီဝအပြစ်ရှိတဲ့ အသက်မွေးမှုမျိုး မမွေးဘဲနဲ့ အပြစ်ကင်းတဲ့ အသက်မွေးမှုမျိုးကို မွေးရမယ်။ဒါဟာ အခြေခံသီလပိုင်း ဆိုပြီး မြတ်စွာဘုရား ဟောတာဖြစ်တယ်။ဘာဖြစ်လို့ သီလကိုလိုအပ်တာတုန်းဆိုတော့ ကိုယ်ကျင့် တရား ပျက်ပြားထားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ အာရုံတစ်ခုအပေါ်မှာ စိတ်စိုက်ဖို့မလွယ်ဘူး။

သမာဓိကျင့်စဉ် ကျင့်တဲ့အခါမှာ ကိုယ်ကျင့်သီလ မပါရင် စိတ်ထဲမှာ အနှောက်အယှက်တွေအများကြီးဖြစ်တယ်။သမာဓိ တည်ဆောက်ဖို့ရန်အင်မတန်မှခဲယဉ်းတယ်။ဒါကြောင့် သီလကိုအခြေခံထားရမယ်လို့ပြောတာဖြစ်တယ်။သီလရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ငါလုပ်ထားတာ တွေဟာ အကုန် အကောင်းတွေချည်းပဲ ဆိုပြီးတွေးလိုက်ရင်ဝမ်းသာရတယ်။

ဝမ်းသာတယ်ဆိုတာ ပါမောဇ္ဇပဲ။
ဝမ်းသာတော့ ကြည်နူးမှုပီတိ ဖြစ်လာတယ်။ ကြည်နူးမှု ပီတိဖြစ်လာရင်ပဿဒ္ဓိ ငြိမ်းချမ်းလာ တယ်။ငြိမ်းချမ်းရင် ဘာဖြစ်တုန်း၊သုခ စိတ်ကလေး အေးပြီး ချမ်းသာတယ်။စိတ်အေးပြီးငြိမ်းချမ်းနေတဲ့ ပုဂ္ဂိုလ်တယောက်မှာ သမာဓိဆိုတာဖြစ်လာတာပဲ။ဘာကိုဘဲ အာရုံစိုက်လိုက်စိုက်လိုက်သမာဓိဆိုတာ ဖြစ်လာတယ်။

သမာဓိ ဖြစ်လာပြီဆိုရင် ယထာဘူတဉာဏဒဿန မှန်မှန်ကန်ကန်သိမြင်လာတဲ့ အသိဉာဏ်ဆိုတာ ရလာတာပဲ။ဒါဟာ အကြောင်းအကျိုး ဆက်သွယ်နေတာ။

ဒါကြောင့်မို့ ကိုယ်ကျင့်တရားကို အခြေခံထားပြီးတော့ မဂ္ဂင်ရှစ်ပါးကို အားထုတ်ဖို့မြတ်စွာဘုရားကဟောတာ။သီလ ဆောက်တည်ပြီးတဲ့အခါ သီလလုံပြီ ဆိုရင် သမာဓိကျင့်စဉ်ကို ကျင့်ရမယ်။သမာဓိကျင့်စဉ်ကို ကျင့်တဲ့အခါမှာ စိတ်ကို အာရုံတစ်ခုပေါ်မှာ ထားဖို့ဆိုတာ လုံ့လဝီရိယမပါဘဲမရဘူး။

စေတသိက ဝီရိယခေါ်တယ်။
စိတ် အားကုန်စိုက်ပြီး လုပ်ဖို့လိုတယ်ပေါ့။ဒါကြောင့် သမ္မာဝါယာမရှိရမယ်။မိမိစိတ်ထဲ မဖြစ်သေးတဲ့ အကုသိုလ်တွေဝင်မလာအောင်၊ဖြစ်ပြီး သားအကုသိုလ်တွေ ဖယ်ရှားနိုင်အောင်၊ ကုသိုလ်မဖြစ်သေးရင်ဖြစ်အောင်၊ဖြစ်ပြီးသား ကုသိုလ်တွေ ထပ်တိုးအောင် လုပ်ခြင်းဆိုတဲ့မှန်ကန်တဲ့လုံ့လဝီရိယနဲ့ လေးဘက်လေးတန်ကြိုးစားအားထုတ်ဖို့ လိုတယ်။

အဲဒီ သမ္မာဝါယာမ ကြိုးစားအားထုတ်ပြီ ဆိုရင် သမ္မာသတိ သတိထားဖို့ လိုအပ်တယ်။သတိ ဘယ်မှာ ထားရမလဲဆိုရင် အာရုံပေါ်မှာ စိတ် စိုက်ထားရမယ်။

ကာယ ဝေဒနာ စိတ္တ ဓမ္မလို့ ဆိုတဲ့ ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာကိုယ်ရယ် ခံစားချက်ရယ် အသိစိတ်လေးရယ် ကျန်တဲ့သဘာဝတရားလေးတွေရယ် အဲဒါတွေအပေါ်မှာ စိတ်စိုက်ထားရမယ်။ဒါကို သတိပဌာန် လို့ခေါ်တယ်။

အဲဒီအပေါ်မှာ စိတ်စိုက်ထားပြီး စိတ်ကို ငြိမ်အောင် လုပ်ရမယ်။ငြိမ်အောင် ဆိုတာ စိတ်ကိုစုစည်းတာပဲ။စိတ်ဟာ စုမိသွားရင် ပါဝါ(power)ဖြစ်လာတယ်။
ဘယ်အရာပဲဖြစ်ဖြစ် စုမိသွားရင်ပါဝါ(အစွမ်းသတ္တိ) ဖြစ်တာပဲ။မစုမိဘဲ တကွဲတပြားဖြစ်နေရင် ပါဝါမဖြစ်ဘူး။ အစွမ်းသတ္တိဆိုတာစုမိသွားတဲ့နေရာမှာ ဖြစ်တာ။နေရောင်ခြည်ကိုမှန်ဘီလူးနဲ့ စုယူလိုက်ရင် စက္ကူတို့ဘာတို့ကိုမီးရှို့လို့ရတယ်။နေရောင်ခြည်ကို စုယူပြီး မီးလောင်စေတတ်တဲ့အထိ ပါဝါ ဖြစ်သွားစေတယ်ပေါ့။

ဒါကြောင့်ပါဝါဆိုတာစုပေးလိုက်ရင်စွမ်းရည် သတ္တိတက်လာတာကို ပြောတာ။စိတ်ကိုစုစည်းပေးလိုက်ရင် စွမ်းရည်တက်လာတာ ကို သမာဓိလို့ခေါ်တယ်။သမာဓိ ရလာရင်မှန်မှန်ကန်ကန် စဉ်းစားပြီး မှန်မှန်ကန်ကန် မြင်လာဖို့အင်မတန်မှ လွယ်ကူသွားတယ်။သမ္မာသမာဓိဖြစ်တယ်ပေါ့။သီလကို အခြေခံပြီး သမ္မာဝါယာမ၊သမ္မာသတိ၊သမ္မာ သမာဓိနဲ့ သမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးပါတဲ့ မှန်ကန်တဲ့အလုပ်လုပ်လိုက်ရင် ကိုယ့်သန္တာန်မှာသမ္မာ ဒိဋ္ဌိဆိုတဲ့ အသိဉာဏ်ပေါ်လာတယ်။အဲဒီ သမ္မာဒိဋ္ဌိဆိုတဲ့ အသိဉာဏ်ကဝိပဿနာအနေနဲ့ပေါ်ရင် ဝိပဿနာဉာဏ်ပဲ။ဝိပဿနာရင့်သန်သွားရင် မဂ်ဉာဏ်၊ မဂ်ဉာဏ်ပြီးရင်ဖိုလ်ဉာဏ်ဖြစ်တယ်။အဲဒီ မဂ်အနေနဲ့ပေါ်လာတဲ့သမ္မာဒိဋ္ဌိက နိဗ္ဗာန်ကိုမြင် နိုင်သွားပြီ။ဖိုလ်အနေနဲ့ပေါ်လာတဲ့ သမ္မာဒိဋ္ဌိကျတော့ နိဗ္ဗာန်ရဲ့ အရသာကိုခံစားနိုင်သွားပြီ။

ဒါကြောင့်တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်း တို့ ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်းဆိုတဲ့ အပ္ပမာဒတရားသည် လူ့လောကမှာ လူတွေလိုချင်ကြတဲ့ဆန္ဒပြုကြတဲ့အသက်ရှည်ခြင်း ကျန်းမာခြင်း စတဲ့ ချမ်းသာသုခတွေကို ပေးစွမ်းနိုင်တယ်လို့ယုံကြည်ရမယ်။ပြီးတော့ အဲဒီ အပ္ပမာဒတရားနဲ့မဂ္ဂင်ရှစ်ပါးဆိုတဲ့ ဝိပဿနာ ကျင့်စဉ်ကို ကျင့်ဖို့ ဦးလှည့် ပေး လိုက်မယ်ဆိုရင် နိဗ္ဗာန်ချမ်းသာရတဲ့အထိ
တပ်မတော်က စာရေးဆရာ အတော်တော်များများ ရေးကြတဲ့ စစ်ဝတ္ထုတွေထဲမှာ အမိုးနဲ့ ဖထီး ဘယ်လောက် သဘောကောင်းကြောင်း တွေပဲပါတယ်။ ကိုယ်တွေ ကရင်ဘက် နေတော့လည်း ရွာသူကြီး အမိုး ကိုယ်တိုင် ဟိုဘက်ကပါ ဆိုတာ သိသိနဲ့ သူ့အိမ်မှာ နေခဲ့ရတဲ့ ရက်တွေ လည်း ရှိခဲ့တယ်။ ကရင်ပြည်နယ်အကြောင်း ပြောပြကြတဲ့ အခါ ကရင်တွေဟာ ရိုးသား ဖြောင့်မတ်တဲ့ သူတွေ ဆိုပြီးပဲ အမွှန်းတင် ပြောလေ့ ပြောထ ရှိတယ်။ ခုတော့ ဒါ‌ တွေက အရင်ခေတ် သမိုင်း မှာ ကျန်ခဲ့ပြီလို့ပဲ ပြောရတော့ မယ်ထင်ပါတယ်။
------
မြဝတီမှာ အွန်လိုင်းလောင်းကစားလုပ်ဖို့ မြေ တွေငှားကြ၊ စာချုပ်စာတမ်းတွေ ချုပ်တဲ့အထဲမှာ KNU က တာဝန်ရှိသူတွေ လက်မှတ်ထိုးထားကြတာကို တနိုင်ငံလုံးက သိကြတယ်။ ဒီမြေငှားကနေ ရလာမယ့် အကျိုးအမြတ်က တနှစ်ကို မပြောနဲ့ လစဉ်မှာတင် သိန်းပေါင်း သောင်းချီ ရတယ်ဆိုတာလည်း လူတိုင်း သိကြတယ်။ ဒါပေမယ့် တကယ်တမ်း လက်ညိုးထိုးချလိုက်တာက BGF နဲ့ စောချစ်သူဆီကိုပဲ။ ခုလည်း လူကုန်ကူးခံရသူတွေကို ပြန်ပို့နေတဲ့ လုပ်ငန်းစဉ်မှာ ခပ်တည်တည်နဲ့ ဘေးရှောင်ထွက်နေတာ KNU ပဲ ရှိတယ်။
----
စကားမစပ် စောကွယ်ထူးဝင်းတို့ ထမိန် ပြေးဝတ်ကြပြီလား ဆိုတာ တချက်လောက် မေးကြည့်ကြပါဦး။ ပြီးတော့ KNU တပ်မဟာ ၆ နယ်မြေက ဘယ်ဂွင်လဲလို့။

(နရီမိုး)
25.02.202504:35
"ယူကရိန်းစစ်ကပေးတဲ့ သင်ခန်းစာ"
===
စစ်ပွဲဟာ ဘယ်စစ်ပွဲမဆို အချိန်ကြာလာတာနဲ့အမျှ ကဏ္ဍ ပေါင်းစုံကို ထိခိုက်စေတော့တာပါပဲ။ ဥပမာ ယူကရိန်းစစ်ကြောင့် ယူကရိန်း နိုင်ငံသား သန်းပေါင်းများစွာ နေတိုး နိုင်ငံတွေထဲ ခိုဝင်ကြရတယ်။ အရွယ်ရောက်သူတိုင်းဟာ တိုင်းပြည်အတွက် မဖြစ်မနေ စစ်မှုထမ်းရတယ်။ ဒါက လက်တွေ့မြင်နိုင်တဲ့ အရှိတရားပါ။ ကြားထဲ စီးပွားရေးအရ ဆုတ်ယုတ်တာ၊ စစ်ကြောင့် ပျက်စီးသွားတဲ့အရာတွေ ပြန်လည် ထူထောင်ရေး လုပ်ဖို့ ဆိုတဲ့ ကိစ္စတွေ မပါသေးဘူး။ နှစ်ပေါင်းများစွာ အချိန်ပြန်ယူရမဲ့ အရာတွေက ဒီစစ်ပွဲတွေကြောင့်ပါပဲ။
----
အမေရိကန်နဲ့ ရုရှား တွေ့ဆုံမှု အပြီးမှာ ဇလန်စကီးကို ဖြုတ်ချချင်တော့ ယူကရိန်းနိုင်ငံရဲ့ ရွေးကောက်ပွဲအရ သမ္မတရာထူး ကန့်သတ်ချက်ကို အပြစ်ရှာလာခဲ့ကြတာ တွေ့ရတယ်။ ဒါကလည်း အကျိုးစီးပွားပါပဲ။ နေတိုးနိုင်ငံထဲ ဝင်လာချင်သူကို နည်းမျိုးစုံနဲ့ ထောက်ပံ့ကြပေမယ့် စစ်မှန်‌တဲ့ ကူညီမှုတော့ မဖြစ်နေပြန်ပါဘူး။ ဒါ့ကြောင့်လည်း စစ်ပွဲအတွင်း ထောက်ပံ့ခဲ့တဲ့ ကုန်ကျစရိတ် သန်း ၃၀၀ အစား ယူကရိန်းက မြေရှား သတ္တုကို အလိုရှိကြောင်း ဒေါ်နယ်ထရမ့်က ဒဲ့တောင်းဆိုခဲ့တာပါ။ တဖက်မှာ ဒီလို ဆိုရတာကလည်း အကြောင်းရှိပါတယ်။ ဥရောပမှာ ရုရှားနိုင်ငံပိုင် ဒေါ်လာတွေကို ဥရောပနိုင်ငံတွေက ထိန်းသိမ်းထားတာရှိပါသေးတယ်။ ဒီငွေတွေကိုလည်း ဒေါ်နယ်ထရမ့်တယောက် မျက်စိကျပုံပါပဲ။
------
လောလောဆယ်တော့ ဇလန်းကီးရဲ့ သမ္မတ ရာထူးဟာ အတော်လေး လှုပ်ခတ်လာခဲ့ပါပြီ။ တနေ့က လုပ်တဲ့ ယူကရိန်းပါလီမန် မဲခွဲမှုမှာ ဇလန်စကီးအတွက် လိုအပ်တဲ့ ထောက်ခံမှု မရခဲ့ဘူးလို့ ဆိုတာ တွေ့ရတယ်။ လုံခြုံရေးကောင်စီမှာ လုပ်တဲ့ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှု မဲခွဲတဲ့ကိစ္စမှာလည်း အမေရိကန်က ရုရှားနဲ့အတူ ကန့်ကွတ်မဲ ပေးတယ်လို့ သိရတယ်။ အိန္ဒိယနဲ့ တရုတ်ကတော့ ကြားနေသတဲ့။ ဆိုတော့ ဘယ်လောက် ဒီမိုကရေစီနိုင်ငံ ပါဆိုဆို၊ အင်အားကြီးတဲ့ နိုင်ငံတွေမှာလည်း ကိုယ့်ပြဿနာ ကိုယ်စီကြောင့် နှာစေးနေကြတာလည်း အံ့ဩစရာတော့ အကြောင်း မရှိပါဘူး။
------
ဒါ့ကြောင့် ယူကရိန်း စစ်က ပေးတဲ့ သင်ခန်းစာမှာ ဘယ်နိုင်ငံမှ စေတနာပါလို့ ကူတယ်ဆိုတာ မရှိဘူးဆိုတာပါပဲ။ အားလုံးဟာ အကျိုးစီးပွားတွေကိုပဲ အခြေခံကြတယ်ဆိုတာ ထင်ရှားပါတယ်။ စစ်ပွဲဟာ ကြာလာတာနဲ့အမျှ လူထု ထောက်ခံမှုလည်း ကျဆင်းလာတယ်ဆိုတဲ့ အချက်ရယ်၊ ကိုယ့်နိုင်ငံအချုပ်အခြာအတွက် ဘယ်နိုင်ငံမှ စေတနာ အပြည့်ကူတာ မရှိဘူးဆိုတဲ့ သင်ခန်းစာတွေ ဖော်ထုတ်ရတာတော့ အမှန်ပါပဲ။


(နရီမိုး)
နစက ဘက်က တန်ပြန်ချပြခဲ့တဲ့ စီးပွားရေးStrategy


(နရီမိုး)
23.02.202512:56
"KNU အနေနဲ့ ကရင်လူထုကို တောင်းပန်ဖို့ အချိန် ရောက်ပြီလား"


(နရီမိုး)
Crd-Htoo mg
23.02.202506:37
BBC က လိုင်ဇာလို့ အတည်ပြုပေမယ့် ကိုယ်ကတော့ မိုင်ဂျားယန်မှာလို့ပဲ ထင်ပါတယ်။ လိုင်ဇာလည်း ဖြစ်နိုင်ပါတယ်။

ဗန်းမော်မြို့ကြီးက မြို့ပျက် လုလု ဖြစ်သွားပေမယ့် ရန်သူ့ ဌာနချုပ်ကတော့ ဘွဲ့နှင်းသဘင်တောင် ကျင်းပပြနေတာပါ။


တခါတလေ နားမလည်နိုင်တဲ့ ရှု့ထောင့်မျိုးစုံ အခင်းအကျင်းက မြန်မာ့ နိုင်ငံရေးမှာ ပုံစံအမျိုးမျိုး ရှိတတ်ပြန်ပါတယ်။


(နရီမိုး)
မင်္ဂလာရှိသော နေ့သစ် ဖြစ်ပါစေ 🙏🙏🙏
22.02.202501:03
လူတစ်ယောက်အပေါ်
အမုန်းစိတ်တွေ များနေလို့ရှိရင်၊
ကောင်းကွက်ကလေးကိုရှာပြီး
မေတ္တာထားကြည့်ပါ၊
သူ့ရဲ့ ကောင်းတာလေးတော့ ရှိရမှာပေါ့။

ဆိုပါစို့...၊
မှော်တွေဖုံးနေတဲ့ ရေအိုင်လေးတစ်ခု၊
ရေကလည်း အင်မတန်ဆာတယ်
သောက်ချင်တယ်ဆိုရင်
မှော်လေးဖယ်ပြီး ရေသောက်သလိုပဲပေါ့။

မကောင်းတာတွေ ဖယ်လိုက်
လူဆိုတာ အကောင်းနဲ့အဆိုး ရောနေမှာပဲ။

အဆိုးကိုဖယ်လိုက် မေ့ထားလိုက်
အကောင်းလေးကို တွေးလိုက်၊
အကောင်းလေးကို တွေးလိုက်ခြင်းဟာ
မေတ္တာပွားဖို့အတွက် လွယ်ကူသွားစေတယ်ပေါ့။

အဲ့ဒီလိုမှ တွေးလို့မရဘူး၊
ကိုယ်က အကောင်းကို မမြင်ဘူးဆိုရင်
သနားလိုက်ပါတဲ့နော်။

သနားဖို့ရာလည်း မဖြစ်ဘူးဆိုရင်တော့
ဥပေက္ခာထားလိုက်ပါလို့ ပြောတာနော်။

ဘယ်အရာပဲဖြစ်ဖြစ်
ထွက်ပေါက်ဆိုတာရှိတယ်။

ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
25.02.202501:03
သီလရှိတဲ့ပုဂ္ဂိုလ် 🙏🙏🙏

သီလရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့
သီလမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဘယ်လို ကွာခြားလဲဆိုရင်…

လူတစ်ယောက်ဟာ သီလမရှိတော့ဘူးဆို ဘယ်အခါ စဉ်းစားစဉ်းစား ဆင်ခြင်သုံးသပ် လိုက်တိုင်း စိတ်မချမ်းသာမှုတွေနဲ့ ကြုံတယ်။

သီလရှိတဲ့ ပုဂ္ဂိုလ်ကတော့ အပြစ်
ကင်းနေသည့်အတွက်ကြောင့်…

ဘယ်ဘက်က လှည့်စဉ်းစား စဉ်းစား
စိတ်ထဲမှာ ကြည်နူးဝမ်းသာမှု ဖြစ်တယ်။

သီလမရှိဘူး ဆိုလို့ရှိရင် ကုသိုလ်
မှန်သမျှဟာ ပြိုကျပျက်စီးသွားမယ်။

ဒါကြောင့်မို့ သီလဟာ ကုသိုလ်တရားတွေရဲ့ အဓိကတည်ရှိနေမှုအတွက် အထောက်အကူ ဖြစ်တယ်။

ဒါကြောင့်မို့ သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့
အသက်ရှည်မှုဟာ အင်မတန် တန်ဖိုးရှိတယ်။
အသက်ရှည်လေ ပိုကောင်းလေပဲ။

ကိုယ်ကျင့်သီလ ပျက်ပြားနေတဲ့
ပုဂ္ဂိုလ်ဟာ …

အသက်ရှည်လေ
ဒုက္ခတွေများလေလေ…

အသက်ရှည်လေလေ
အပြစ်တွေများလေလေ…

စိတ်ဆင်းရဲမှုတွေ များလာလေလေ ဒုက္ခသုက္ခတွေနဲ့
ကြုံတွေ့မှု ဖြစ်လာလေလေ ဖြစ်တယ်။

ဒါကြောင့်မို့ လူတိုင်းဟာ အသက်ရှည်ဖို့ ကောင်းသလားလို့ဆို …

ကိုယ်ကျင့်သီလ ရှိတဲ့ပုဂ္ဂိုလ်မှ
အသက်ရှည်လေ ပိုကောင်းလေ…

ကိုယ်ကျင့်သီလ မရှိဘဲနဲ့ အသက်ရှည်မယ်
ဆိုရင် အပြစ်တွေ ပိုလေးလာတယ်။

ဒါကြောင့်မို့ အသက်ရှည်လေ ပိုကောင်းလေ
ဖြစ်ဖို့ရာအတွက် ကိုယ့်ကိုယ်ကို ဘာလုပ်ရ မလဲဆိုရင် …

ကိုယ်ကျင့်သီလရှိအောင် လုပ်ရမယ်။
အနည်းဆုံး ငါးပါးသီလလုံရမယ်။

ကိုယ့်ကိုယ်ကို နေ့စဉ်နဲ့အမျှ ငါးပါးသီလ
ခံယူဆောက်တည် ထားပြီးတဲ့နောက်
ပြန်လည် ဆန်းစစ်ကြည့်သင့်တယ်။

နေ့တိုင်း နေ့တိုင်း လူတွေအရောင်းအဝယ် လုပ်ပြီးတဲ့အခါ
စျေးတွက်တွက်ကြတယ်လေ။

ဒီနေ့ ဘယ်လောက် ရောင်းရတယ်။ အရင်းဘယ်လောက် အမြတ်က
ဘယ်လောက် ဆိုတာကို တွက်ကြတယ်။

နေ့စဉ် နေ့စဉ် နံနက်ခင်းအိပ်ရာထလို့ ဘုရားရှေ့မှာ ငါးပါးသီလခံ…

ခံပြီးတော့ ညအိပ်ရာ၀င်တဲ့အခါ
ကျတော့ ပြန်စစ်…

ပါဏာတိပါတာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ
ငါတည်ဆောက်မယ်။

မိမိစိတ်လိုက်မာန်ပါ သေစေလိုတဲ့စိတ်နဲ့ မည်သည့်
သတ္တဝါများ ငါ…သတ်မိလဲ။

ပါဏာတိပါတ သိက္ခာပုဒ် ငါလုံရဲ့လား။ လုံတယ်ဆိုရင်
စိတ်ထဲမှာ ကြည်နူး၀မ်း သာတယ်။

အဒိန္နာဒါနာရော လုံရဲ့လားလို့ဆို
အဒိန္နာဒါန လုံရင် စိတ်ထဲမှာ ကြည်နူးစရာ။

ကာမသေု မိစ်ဆာစာရ လုံရဲ့လား။
ကိုယ့်ကိုယ်ကို ကိုယ်စစ်ဆေးတယ်။

မုသာဝါဒ လုံရဲ့လား။
သုရာမေရာယရော ကင်းရဲ့လား။
ဆိုတာတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါ...

ငါ့မှာ ပါဏာတိပါတာ
ကျူးလွန်တာလည်း မရှိဘူး၊။

အဒိန်နာဒါနယ၊ ကာမသေုမိစ်ဆာစာရ မုသာဝါဒ
သူရာမေရယ ကျူးလွန်တာလည်း ငါ့မှာမရှိဘူး။
ငါရဲ့ဘဝဟာ တန်ဖိုးရှိလိုက်တာ။

ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဒီလို
တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်ကို ခေါ်တာ။

ငါဟာ ဒီနေ့
ရဟန္တာတွေ ကျင့်တဲ့အကျင့်မျိုး
သောတာပန်တွေ ကျင့်တဲ့အကျင့်မျိုး

ငါကျင့်လို့ ရသွားပြီလို့ စိတ်ထဲမှာ
ကြည်နူးဝမ်းသာ ဖြစ်ရတယ်။

ဒါ မြတ်စွာဘုရားပေးတဲ့ နည်းစနစ်ပါပဲ။

ကိုယ့်ကိုယ်ကို ကြည်နူးလာတယ်။
စိတ်ထဲကနေ ဆင်ခြင်သုံးသပ်ပြီး
ကြည်နူး၀မ်းသာတယ်။

သီလပေး ဆောက်တည်ပြီးတော့
အမှတ်တမဲ့ မနေရဘူး။

ပြန်လည်ဆင်ခြင် သုံးသပ်ခြင်းအားဖြင့်
ကိုယ့်မှာ ကြည်နူးဝမ်းသာမှုတွေက
ကုသိုလ်တရားတွေ တိုးတယ်။

ဒါကြောင့်မို့ သီလဆောက်တည်ထားပြီး
တော့ ထိုသီလနဲ့ ပတ်သက်တဲ့ ဆင်ခြင် သုံးသပ်မှုတွေ လုပ်ရတယ်။

လုပ်တဲ့အခါမှာ အဖြေထွက်လာတယ်။

အကယ်၍ ငါ သီလတွေ ပျက်တယ်ဆိုရင် မပျက်အောင်
ဂရုစိုက် နောက်တစ်ခါ မဖြစ်အောင်ကြိုးစား။

ကျေနပ်စရာ ကောင်းအောင်
သီလပြည့်စုံတယ် ဆိုရင်လည်းပဲ …

၀မ်းသာပီတိ ကြည်နူးတဲ့စိတ်နဲ့ ကုသိုလ်တရားတွေကို
တိုးတက်လာတယ်။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားက
ဟောတာ…

သီလမရှိတဲ့ ပုဂ္ဂိုလ် အသက်တစ်ရာ
နေရပေမဲ့ တန်ဖိုးမရှိဘူးတဲ့…

သီလရှိတဲ့ပုဂ္ဂိုလ်က တစ်ရက်လောက် နေရရင်ကိုပဲ တန်ဖိုးရှိတယ်။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🙏🙏🙏
24.02.202509:37
နစက ဘက်က တန်ပြန်ချပြခဲ့တဲ့ စီးပွားရေးStrategy
==============
ကျားဖြန့်နဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်က သံတမန် နည်းလမ်းအရ ဖြေရှင်းနေချိန်မှာ စီးပွားရေးအရလည်း တရုတ်ရဲ့ ပင်လယ်ထွက်ပေါက် အတွက် မက်လုံးတစ်ခု ကို သမ္မတ ရှီနဲ့ အဆိုပြုခဲ့ကြတယ်ဆိုတဲ့ သတင်းလေး မှတ်မိကြဦးမယ် ထင်ပါတယ်။ တရုတ်နိုင်ငံက နေ လာအိုကို ဖြတ်ကျော်ပြီး၊ ထိုင်းနိုင်ငံ တောင်ပိုင်းကနေ မလက္ကာရေလက်ကြားကို ဖြတ်ချမယ့် ဒီသတင်းဟာ အာဆီယံနိုင်ငံတွေ အကြား အတော်လေးလည်းဟော့ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်ဘက်က ကြည့်ကြည့်၊ ဒီပင်လယ်ထွက်ပေါက်ဟာ တရုတ်အတွက် လုံးဝ ပြည့်စုံတဲ့ ထွက်ပေါက် တစ်ခု မဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ အဓိက ကတော့ ထိုင်းဟာ လက်ရှိဖြစ်နေတဲ့ မြဝတီ ကျားဖြန့် အရေးမှာတင် အမေရိကန်ကိုရော၊ တရုတ်ကို ပါ မျှခြေကစားနေတာကို ကြည့်ရင် တရုတ်ဘက်က လုံးဝဥသုန် ယုံကြည်မယ့် ဟန် တော့ မရှိပါဘူး။
-----
ဒီကနေ့ နစက ချပြခဲ့တဲ့ စီးပွားရေး စီမံကိန်းတစ်ခုက ရက်ပိုင်းအတွင်း မြန်မြန် ဆန်ဆန် ပဲ ထွက်ပေါ်လို့လာတာတွေ့ရတယ်။ ပဥ္စမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို နေပြည်တော်က ကွန်ဗင်းရှင်းဗဟိုဌာန(၂)မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နဲ့ ရုရှားဘက်က စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီး တွေ့ဆုံမှုအပြီးမှ စီမံကိန်း(၉)ခုအထိ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် သတင်းစာတွေက ဖော်ပြထားတာပါ။ စီမံကိန်း(၉)ခုအထဲမှာမှ ရုရှားအစိုးရ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်တဲ့ သတင်းမှာ ထားဝယ်မှာ ရေနက်ဆိပ်ကမ်း တစ်ခုနဲ့ ရေနံချက်စက်ရုံတစ်ခု အပါအဝင် အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက် ဖို့အတွက် မြန်မာနဲ့ရုရှား နှစ်နိုင်ငံကြား မှာ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးလိုက်ပြီ ဆိုတာပါပဲ။
----------
ဒီနေရာမှာ နစက ရဲ့ သံခင်းတမန်ခင်း ကစားတတ်ဖို့က သိပ်အရေးကြီးပါတယ်။ အိန္ဒိယရဲ့အရှေ့ မျှော် မူဝါဒလည်း အကျုံးဝင်အောင် ၊ တရုတ်ရဲ့ ပင်လယ်ထွက်ပေါက် အတွက်လည်း အလေး ပေးသယောင်ယောင်ရှိအောင်၊ မိတ်ဆွေ မဟာမိတ်ဖြစ်တဲ့ ရုရှားလိုပဲ ၃ နိုင်ငံ အကျိုးစီးပွား အပြိုင်ဖြစ်အောင် ကစားသင့်တယ်ဆိုတာ သတိပြု ရပါ့မယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ထားဝယ်စီးပွားရေးဇုန်ရဲ့ အရေးပါအရာရောက်မှုနဲ့ ကြီးကျယ် ခမ်းနားမှုကို နည်းမျိုးစုံနဲ့ ပိတ်ဆို့ကစားနေတဲ့ စင်ကာပူနဲ့ မလေးရှား တို့ကိုလည်း ကောင်းကောင်း ဒုက္ခ ပေးနိုင်မှာ ဖြစ်ပါတယ်။
-----------
Aden ပင်လယ်ကွေ့ရဲ့ ထိပ်မှာ ထီးထီးကြီးရှိနေတဲ့ Djibouti မှာ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ တရုတ်နဲ့ ဂျပန် ဆိုတဲ့ စစ်အခြေစိုက်စခန်းတွေ အပြိုင်ထားတဲ့ အခင်းအကျင်း မျိုးကို နစက အနေနဲ့ ပုံဖော်သင့်ပါတယ်။ ဒါကစီးပွားရေးအရလည်း ရေရှည်အပြိုင် ဖြစ်စေတဲ့ မက်လုံးဖြစ်သလို လုံခြုံရေးအပိုင်းမှာလည်း ကြိုတင် ကာကွယ်ပြီးသား ဖြစ်စေ မှာပါ။
------
ယူဆချက်သာ မမှားဘူးဆိုရင်…မကြာတော့တဲ့ ဒီကာလအတွင်းမှာ ကြီးကြီးမားမား အကျိုးသက်ရောက်မှုတွေ ရှိလာပါလိမ့်မယ်။ ရုရှား-မြန်မာ စီးပွားရေး ပုံရိပ်တွေလည်း ထပ်ပြီး မြင်တွေ့လာပါလိမ့်ဦးမယ်။

(နရီမိုး)
23.02.202512:55
"KNU အနေနဲ့ ကရင်လူထုကို တောင်းပန်ဖို့ အချိန် ရောက်ပြီလား"
==========
မြဝတီ ကျားဖြန့်ကိစ္စမှာ KNU က မပါဘူးလို့ ယူဆကြသူများအတွက်ပါ။ မုလအိအလင်း ကုမ္ပဏီဆိုတာ KNU က ထူထောင်ထားတဲ့ ကုမ္ပဏီ တစ်ခုပါပဲ။
----
အသိသက်သေမှာ လက်မှတ်ထိုးကြသူတွေက KNU ရဲ့ ဘဏ္ဍာရေး ကော်မတီဝင် စောကွယ်ထူးဝင်း ဖြစ်ပြီးတော့ မုလအိအလင်း ကုမ္ပဏီ ဘက်ကနေ လက်မှတ်ထိုးခဲ့ကြသူ စောဝင်းကျော်နဲ့ စောကျော်သူက KNU ရဲ့ ဗမက ရာထူး အဆင့်ရှိသူတွေ ဖြစ်ပြီး မုလအိအလင်းရဲ့ MD တွေ လည်း ဖြစ်ပါတယ်။
-----
ပထမ စာချုပ်အတွက် မြေငှားခအနေနဲ့ ဧက ၁၀၀ အတွက် တနှစ်ကို ဘတ် ၃၅ သိန်း၊ လုံခြုံရေး အတွက် သိန်း ၆၀၊ စုစုပေါင်း တနှစ်ကို ဘတ် ၉ သန်းခွဲ KNU က ရခဲ့တာပါ။ ဒုတိယ စာချုပ် အတွက် မြေ ၂၅ ဧကကို နှစ် ၃၀ လုပ်ခွင့်ပေးပြီး တနှစ်ကို ဘတ် ၂၅ သိန်း၊ လုံခြုံရေးအတွက် သိန်း ၆၀ ၊ စုစုပေါင်း ဘတ် ၈ သန်းခွဲကို KNU ရခဲ့တာပါ။ တတိယ စာချုပ်အတွက် မြေ ၇၆ ဧက ကို ဘတ် ၁၀ သန်း၊ လုံခြုံရေး ၁၅ သန်းကျော်၊ စုစုပေါင်း ဘတ် ၂၅ သန်းကျော် KNU က ရခဲ့ပါသတဲ့။ ဆိုတော့ စာရင်းချုပ်လိုက်ရင် ပထမ စာချုပ်အတွက် ဘတ် သိန်း ၄၇၅၀၊ ဒုတိယ စာချုပ်အတွက် ဘတ်သိန်း ၃၄၀ နဲ့ တတိယ စာချုပ်အတွက် ဘတ် ၅၁၂ သိန်း KNU က ရရှိထားတဲ့ သဘောပါ။
------
ဖြစ်နိုင်ရင်...... ကရင်လူထု တော်လှန်ရေး လို့ အကြောင်းပြပြီး ကျားဖြန့်မှာ ပါဝင်ပတ်သက်နေတဲ့ KNU အနေနဲ့ တာဝန်ယူမှု ၊ တာဝန်ခံမှု အပြည့်နဲ့ ကရင်လူထု ကို ဖွင့်ဟဝန်ခံ တောင်းပန်ဖို့ သင့်ပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။


(နရီမိုး)
Crd- photo
23.02.202505:08
ရုရှားနိုင်ငံရဲ့ စီးပွားရေးဝန်ကြီး က ဆိုင်းမဆင့် ဗုံ မဆင့်ပဲ ရောက်လာတာတွေ့ရတော့ Surprise ဖြစ်ရတယ်။ တွေ့ဆုံပွဲ ထုတ်ပြန်ချက်ထဲမှာ လုပ်ငန်း ၄ ခုကို အဓိက ဇောင်းပေး ပြောတာ တွေ့ရတယ်။ အထူးသဖြင့်တော့ လျှပ်စစ်၊ ဓာတ်မြေဩဇာ၊ ရေနံနဲ့ဓာတု လုပ်ငန်းတွေလို့ အကြမ်းဖျင်း သိရတယ်။
----
တကယ်တော့ ဒီကဏ္ဍတွေ အားလုံးက ရုရှားလို ဖွံ့ဖြိုးပြီး နိုင်ငံအတွက် မြန်မာကို ကူဖို့ မခက်ပါဘူး။ နျူရှိနေတဲ့ နိုင်ငံ၊ Public Transport ကိုတောင် လျှပ်စစ်ကားတွေ သုံးနေတဲ့နိုင်ငံတစ်ခုက မြန်မာ အတွက် လိုတဲ့ လျှပ်စစ်ကို နည်းပေါင်းစုံနဲ့ ထောက်ပံ့ပေးနိုင်ပါတယ်။ မြန်မာကသာ တဖက်လှည့်နဲ့ ဘယ်လို ဆွဲဆောင်နိုင်မလဲက အဓိက ကျမယ်ထင်ပါတယ်။ ခုလို ပွင့်လင်းကာလမှာ နွေရာသီအတွက် လျှပ်စစ်လိုအပ်ချက် ပိုမြင့်မားလာနိုင်တယ်။ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာတွေလည်း အဓိက ကျသလို ရေနံလုပ်ကွက်တွေမှာလည်း ရုရှား ကုမ္ပဏီတွေ ဝင်လာနိုင်အောင် မက်လုံးပေး ဆွဲဆောင်ပြဖို့ လိုတယ်။
----
ရုရှားဘက်က ကြည့်ရင်လည်း မြန်မာက ဆက်ဆံရေး ကောင်းတဲ့ မဟာမိတ်နိုင်ငံ ဖြစ်သလို စီးပွားရေးရော ၊ စစ်ရေး အရပါ မဟာဗျူဟာကျတဲ့ မြန်မာလိုမျိုးနိုင်ငံကို လက်လွှတ်စရာ အကြောင်းမမြင်မိဘူး။ တရုတ်လို ဘေးချင်းကပ်နိုင်ငံ တခု မဟုတ်တာလေးပဲ ပြောစရာ ရှိမယ်။ ဒီနေရာမှာ တရုတ်နဲ့ ရုရှားကြား ပါးပါး နပ်နပ် ကစား တတ်ဖို့ပါပဲ။ တချို့အရေးကြီးတဲ့နေရာတွေမှာ တနိုင်ငံတည်း လုပ်ကွက်ပေးတာထက် မျှခြေ ဖြစ်အောင် လုပ်ပေးနိုင်ရင်တော့ ပိုအမြတ်ထွက်မှပေါ့။
------
တခုတော့ သတိပြုစရာ ရှိပါတယ်။ ရုရှားကလည်း ဆန်ပေးမှ ဆီ ဝေမယ် လူမျိုးဆိုတာပါပဲ။ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံ အကျိုးစီးပွားကသာ အဓိက မဟုတ်လား။


(နရီမိုး)
လက်ရှိ ခေတ်သစ်စစ်ပွဲတွေမှာ ဒရုန်းစစ်ဆင်ရေးရဲ့ အခန်းကဏ္ဍကပဲ အဆုံးအဖြတ် ပေးမှာပါ။ လေယာဉ်တွေက ဒရုန်းတွေထက် ပစ်အားသာပေမယ့် အခေါက်ခေါက် အခါခါ လာဖို့အတွက်တွေ၊ လေယာဉ်ဆီတွေနဲ့ အသံကြောင့် ကြိုတင်ရှောင်ရှားနိုင်တဲ့ အားနည်းချက်တွေ ရှိနေချိန်မှာ စခန်းသိမ်းတိုက်ပွဲတွေအတွက် ဒရုန်းက အခရာ ကျနေဦးမှာပါပဲ။
----
ရေရှည်စစ်ပွဲမှာ ဒရုန်းကတော့ ပိုက်ဆံတတ်နိုင်လို့ ဝယ်နိုင်တဲ့သူ၊ စစ်ပွဲအောင်နိုင်ဖို့ အတွက်ကြည့်ပြီး ပေါပေါသီသီ သုံးနိုင်တဲ့ အဖွဲ့အစည်းကသာ အောင်ပန်းဆင်သွားမှာပါ။ အရင်လို အမြှောက်ပစ်ကူပေးပြီး ကျားတက်ထိုးတဲ့ခေတ်လည်း မဟုတ်တော့ပါဘူး။ ခုခေတ်မှာတော့..ဒရုန်းနဲ့ အကဲကြည့်၊ ဆက်သွယ်ရေးမြောင်းထဲကနေ ထွက်မလာ နိုင်အောင် စနိုက်ပါနဲ့ထောက်၊ ဒရုန်းနဲ့ ဗုံးကြဲပြီး စိတ်ကြိုက် စစ်ကစားနိုင်တဲ့ အခြေအနေ ပါ။
(နရီမိုး)
Video ကတော့ တပ်မတော်ဟာ အသေခံဒရုန်းတွေ သုံးနေပြီ ဆိုတာသက်သေပြတဲ့ မူဗီ ဖြစ်ပါတယ်။
မင်္ဂလာရှိသော နေ့သစ်ဖြစ်ပါစေ 🙏🙏🙏
မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ 🙏🙏🙏
24.02.202501:04
🙏ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်"🙏
''''''''''''''''''''''''''''''''''''''''''''''''''''""""""""

ဓမ္မအသိ ဆိုတဲ့နေရာမှာ
ဓမ္မ' ဆိုတာ အမှားအမှန်ကို
ခွဲခြားသိနိုင်အောင် ဟောပြောထားတဲ့
ဗုဒ္ဓမြတ်စွာရဲ့ သွန်သင်ဆုံးမချက်တွေကိုခေါ်တယ်။

ကောင်းဆိုးနှစ်မျိုးကို ပေးတတ်တဲ့
သဘာ၀အကြောင်းတွေရဲ့ အကျိုးအကြောင်း
အဆိုးအကောင်းတွေကို သိတာလည်း
ဓမ္မကိုသိတယ်လို့ ဒီလို ပြောလို့ရတယ်။

ဓမ္မအသိနဲ့ ဘ၀မှာ အကျိုးရှိရှိနေဖို့
အသိဉာဏ်ရှိရမယ်။

လောကမှာ
ဘ၀တစ်ခုရလာတဲ့အခါမှာ
နေပုံထိုင်ပုံက အမျိုးအမျိုး ရှိတယ်။

အကျိုး ရှိတဲ့နေနည်းရှိသလို
အကျိုးမဲ့စေတတ်တဲ့ နေနည်းလည်းရှိတယ်။

အချို့အချို့သော နေနည်းတွေက
ပစ္စုပ္ပန်ဘ၀မှာတော့ အကျိုးရှိပြီး
တမလွန်ဘ၀မှာ အကျိုးမရှိတဲ့
နေနည်းမျိုးလည်းရှိတယ်။

ပစ္စုပ္ပန်သံသရာ နှစ်ဖြာလုံး
အကျိုးရှိမယ့် နေနည်းမျိုးကို
ဗုဒ္ဓမြတ်စွာက ဆုံးမသွဝါဒပေးထားတယျ။

အဲဒီလိုနေတတ်ဖို့ဆိုတာ
လူတွေမှာ မျက်စိနှစ်လုံး ရှိရသလို
အသိဉာဏ်လည်းပဲ နှစ်မျိုးရှိဖို့ လိုအပ်တယ်တဲ့..

အန္ဓသုတ္တန်မှာ
ဒွိစက္ခု' မျက်စိနှစ်လုံးရှိတဲ့ ပုဂ္ဂိုလ်ကို
အကောင်းဆုံး ပုဂ္ဂိုလ်လို့ ဒီလိုဟောထားတယ်။

အသိဉာဏ်ဆိုတာ နှစ်ဖက်မြင်ရမယ်
တစ်ဖက်တည်း မမြင်ရဘူးလို့ ဒီလိုဆိုလိုတာ...။

ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏 🙏 🙏 🙏 🙏 🙏 🙏 🙏
အပ်တို တချောင်းတောင်မရှိတဲ့ ပြည်သူတွေက အာဏာရှင်စနစ်ကို မကြိုက်လို့ တော်လှန်တာပါဆိုတဲ့သူတွေက မြို့နယ် ပအဖ၊ ပကဖ တွေ ဖွဲ့ပြီး အချုပ်ခန်းထဲက အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။

ခုလည်း ဧရာဝတီက ထပ်ရေးတဲ့သတင်းမှာ အညာဒူဘိုင်း မာဖီယာ စတိုင်နဲ့ ရှင်သန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဒေါ်စု လွတ်မြောက်ရေးလည်း မဖြစ်နိုင်တော့သလို၊ စစ်အာဏာရှင်မကြိုက်လို့ တော်လှန်ရပါတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း မရှိတော့ဘူး။

တွဲတိုင်းမှာ စက်ခေါင်းကိုယ်စီနဲ့လို့ ဆိုခဲ့ကြသလိုပဲ....NUG ကို မယုံလို့ MOD အောက်က ထွက်တဲ့သူကထွက်၊ စင်တင် ၊ KTV တွေနဲ့ အခွန်ဆပ်ကြေးကြားမှာ ဒီတော်လှန်ရေး မြောင်းထဲ ရောက်တာ ဆန်းသလားလို့ ဖြေရမယ်။



(နရီမိုး)
23.02.202501:03
ကောင်းသောအကျိုး ပေးနိုင်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
22.02.202507:26
စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးလို့ ပြောလိုက်ရင် သီအိုရီပိုင်းဆိုင်ရာမှာ ကွဲပြားတဲ့ အယူအဆနဲ့ သီအိုရီတွေရှိကြတယ်။ ကျော်ကြားတဲ့ ပညာရှင် တစ်ဦးဖြစ်တဲ့ Samuel P. Huntington ရေးတဲ့ ‘The Soldier and the State (1957)’ ဆိုတဲ့စာအုပ်မှာ ဆိုရင် တပ်မတော်ဟာ နိုင်ငံရေးကိစ္စတွေကို မပါဝင်သင့်ဘူးလို့ သူ့ရဲ့ အယူအဆကို တင်ပြခဲ့ဖူး တယ်။
---
တဖက်မှာ… Morris Janowitz ရေးတဲ့ “The Professional Soldier (1960)” မှာ ဆိုရင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးဟာ နိုင်ငံတည်ဆောက်ဖို့အတွက် အတူတူ မျှခြေ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ဆိုထားတယ်။ သီအိုရီနဲ့ အယူအဆတွေကတော့ တိုင်းပြည်ရဲ့ သမိုင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးမျိုးကွဲပြားနေမှာပါပဲ။ ဥပမာ- ကျွန်မဖြစ် ခဲ့တဲ့ တိုင်းပြည်တွေရဲ့ တပ်မတော်အခန်းကဏ္ဍနဲ့ ကျွန်ဘဝက လွတ်အောင် ရုန်းခဲ့ကြရတဲ့ တပ်မတော်တွေရဲ့ အခန်းကဏ္ဍက အရေးပါပုံခြင်း ကွဲပြားနေဦးမှာပါ။
----
ဒါနဲ့ဆက်စပ်ပြီး တွေးမိလာတာက… အမေရိကန်ရဲ့ ၄၇ ဦးမြောက် သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်ရဲ့ဖြုတ်ထုတ်သတ် အစီအစဉ်ထဲမှာ အမေရိကန်ရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီး စီကျူဘရောင်း ပါဝင်လာတဲ့ ကိစ္စပဲ။ ရွေးကောက်ပွဲအရ သမ္မတ ဖြစ်လာတယ်၊ ၄ နှစ် သက်တမ်းရှိတဲ့ တာဝန်ကို ထမ်းဆောင်ကြပြီး လူကြိုက်များရင် ၂ ဆက် တာဝန်ထမ်းခွင့်ရှိ တဲ့ အရပ်သား သမ္မတရဲ့ လက်တမ်းထိုးအမိန့်က တပ်မတော်မှာ ဗိုလ်ချုပ်ကြီး အဆင့်ရှိတဲ့ သူကို “ကြိုက်ခြင်း၊ မကြိုက်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြုတ်ထုတ်သတ် လုပ်သွားတဲ့ အပေါ်မှာ တွေးစရာတွေတော့ အများကြီးပဲ။

(နရီမိုး)
21.02.202510:32
အစိုးရကတော့ ဆီတွေကို အကြမ်းဖက် နယ်မြေတွေဆီ မရောက်အောင် နည်းမျိုးစုံနဲ့ ကြေညာထားတာပဲ။ ဥပဒေတွေနဲ့ သတ်မှတ်ထားတာပဲ။ ခက်တာက ခုမြင်သမျှကြည့်လိုက်ရင် အောက်ခြေမှာတော့ ပွဲတော်ကြီးကို ကျလို့။ စက်သုံးဆီ တရားဝင် ရောင်းချပေးတဲ့ အရောင်းဆိုင်တွေ၊ သက်ဆိုင်ရာ ဒေသခံ ဂိတ်တာဝန်ရှိသူတွေမှ မစစ်ဆေးမကြပ်မတ်ကြတော့ ဒီလိုပဲ မြင်ရတာ ဆန်းမှမဆန်း။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ် ဖားကန့်ဘက်တွေက ရွှေလုပ်ငန်းတွေဆိုတာ စက်သုံးဆီမရှိရင် စက်ယန္တရားတွေဆိုတာ ရပ်ထားရမယ့် ကိစ္စပဲ။ ဒီလို တရားမဝင် တဆင့်ခံ နည်းမျိုးစုံနဲ့ ရောင်းချနေမှတော့...ဒီလုပ်ငန်းတွေကို ဘယ်လိုလုပ် တားလို့ ရနိုင်တော့မှာလဲ။ အကြမ်းဖက်လုပ်ငန်းတွေကလည်း ဘယ်လိုလုပ်ပြီး ပျက်အောင် လုပ်နိုင်ပါ့တော့မလဲ။

(နရီမိုး)
Показано 1 - 24 из 383
Войдите, чтобы разблокировать больше функциональности.