THE*KILLERS (2024)
၁၉၅၄ ခုနှစ်မှာ စာပေ ပညာ နိုဘယ်ဆု ရရှိထားတဲ့ Ernest Hemingway ရဲ့ "The Murders" ဝတ္ထု ကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
Cast တွေ အနေနဲ့ကတော့ Shim Eun Kyung, Yeon Woo Jin, Hong Sa Bin, Jang Hyun Sungo တို့နဲ့အတူ တခြား သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။
ဇာတ်လမ်းအညွှန်း အနေနဲ့ကတော့..
နောက်ကျောမှာ ဓားစိုက်နေတဲ့ ယောကျ်ားတစ်ယောက်...
လူသတ်ပေးဖို့ တောင်းဆိုလာတဲ့ မိန်းမတစ်ယောက်...
လူတိုင်းက စောင့်မျှော်နေတဲ့ လူတစ်ယောက်...
လူတစ်ယောက် ကို စောင့်မျှော်နေတဲ့ တစ်စုံတစ်ယောက်...
အစရှိသဖြင့် ရှူထောင့် ၄ခုကနေ ဇာတ်လမ်း ၄ပုဒ် တည်ရှိနေပြီးတော့ ညမိုးချုပ် အချိန် ပဟေဠိဆန်တဲ့စားသောက်ဆိုင်တစ်ဆိုင်ကို ဓားစိုက်နေတဲ့ လူတစ် ယောက် ရောက်ရှိလာချိန်မှာပဲ ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ဟာ စတင်လာပါတော့တယ်။
ဒီ လူ၄ယောက်က ဘယ်လိုတွေ ပတ်သက်ဆက်နွယ်မှု ရှိနေပြီးတော့ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို
စိတ်ဝင်တစား ကြည့်ရှု့နိုင်ပါပြီ။