ပိုင်စိုး
နိုင်ငံရေး၊စစ်ရေး သုံးသပ်ချက်များ
Рейтинг TGlist
0
0
ТипПубличный
Верификация
Не верифицированныйДоверенность
Не провернныйРасположение
ЯзыкДругой
Дата создания каналаJan 05, 2025
Добавлено на TGlist
Jan 17, 2025Подписчиков
2 134
24 часа
331.6%Неделя
37421.3%Месяц
1 469220.9%
Индекс цитирования
0
Упоминаний1Репостов на каналах0Упоминаний на каналах1
Среднее охват одного поста
258
12 часов4100%24 часа2580%48 часов258
74.7%
Вовлеченность (ER)
10.47%
Репостов3Комментариев0Реакций24
Вовлеченность по охвату (ERR)
0%
24 часа0%Неделя0%Месяц
58.16%
Охват одного рекламного поста
324
1 час2 526779.63%1 – 4 часа614189.51%4 - 24 часа780240.74%
Всего постов за 24 часа
2
Динамика
2
Последние публикации в группе "ပိုင်စိုး"
24.02.202509:52
လေယူရာတိမ်းရဦးမည့် နာနာဘာဝမီဒီယာများ
-----------------------------------
(၂၄-၂-၂၀၂၅)
ဒီနေ့ ဧရာဝတီသတင်းဌာနက တင်တဲ့သတင်းတွေ ရုတ်တရက် တွေ့လိုက်တော့ စစ်တပ်ဘက်က သတင်းဌာနများလား လို့ မျက်စိတောင်လည်တယ်။
မြဝတီက ကျားဖြန့်အကြောင်းရေးတဲ့ တစ်ပုဒ်တစ်လေဆိုရင်လည်း ထားဦး။ အီလည်လည် နိုင်ငံရေးဆိုတဲ့ ဆောင်းပါးကြီးက အရင် တစ်ဖက်တည်းအသားပေး ပုံစံမျိုးကနေ နှစ်ဖက်မျှရေးတဲ့ပုံစံမျိုး၊ NUG ကိုလည်း ဘက်ကန်ထားပြီး ရွေးကောက်ပွဲ ဘာညာဖြစ်လာမယ့်အလားအလာမျိုးတွေနဲ့ တင်ထားတော့ အထူးအဆန်းဖြစ်ရတာပေါ့။
-
တနေ့ကမှ RFA က AA နဲ့ ARSA အကြောင်းသတင်းမှာ ARSA ဘက် ယိမ်းသွားပြီလို့ ရေးထားရုံရှိသေး၊ အခုတော့ ဧရာဝတီကပါ လေသံတွေပြောင်းလာတာတွေ့ရတယ်။
-
ဘယ်လိုဖြစ်ရတာလဲ ရဲရဲတောက် မီဒီယာကြီးတွေရယ်။ နည်းနည်းလောက်တော့ အချိန်လေးစောင့်လိုက်ပါဦးလား။ USAID ကြီး ဖျက်သိမ်းတာနဲ့ အရင်ဆုံးထိခိုက်မှာ ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေမဟုတ်ပဲ အာရှနိုင်ငံတွေဆီက စစ်မီးမွှေးမီဒီယာတွေဖြစ်မယ်ဆိုတာ တော်တော်များများလည်း သိပြီးဖြစ်မှာပါ ။ မသိမသာပဲ ချိန်းချိန်း၊ သိသိသာသာပဲချိန်းချိန်း နှေးတာနဲ့ မြန်တာပဲကွာမယ်ဆိုတာ နားလည်ပေမယ့် ဒီလောက်ကြီး မြန်မယ်မထင်ထားလို့ပါ။
-
မဇ္ဇိမတို့ ခေတ်သစ်တို့က သတင်းမီဒီယာအဆင့်မဟုတ်ဘူး။ သူတို့က NUG ရဲ့ သတင်းပြန်ကြားရေးဌာနသာသာတွေ။ ဘက်ပြောင်းလာဖို့ မရှိဘူးလို့မြင်တယ်။ (ဘလူးမက်ခ် တွေရထားပြီး Media အမည်ခံ ခါတော်မှီ လော်ဘီ Page တွေကို ထည့်မရေးတော့ပါဘူး၊ မှိုလိုပေါက်နေတာမို့လို့)
-
ဧရာဝတီကတော့ ပြည်တွင်းမှာ ခွထိုင်ထားတဲ့ မီဒီယာမျိုး၊ ကြားနေ သတင်းရေးတဲ့ပုံစံမဟုတ်ပဲနဲ့ သာရာတွယ်တတ်တဲ့ မီဒီယာ။ DVB/VOA/RFA ကတော့ ပြည်ပမီဒီယာတွေပီပီ ဘယ်အစိုးရတက်လာတက်လာ အတိုက်အခံဘက်ကပဲရေးမယ့် မီဒီယာတွေ။ Eleven ကတော့ ပြည်တွင်းမီဒီယာမို့လို့လားမသိ။ ပြည်တွင်းသတင်းတွေလောက်ပဲ တင်တယ်။ တပ်ဘက်ယိမ်းတဲ့ သတင်းဌာနတွေကတော့ FB ပေါ်မှာ အဖြုတ်ချခံနေရလို့ တွေ့ကိုမတွေ့မိ။
-
မြန်မာ့နိုင်ငံရေးမှာ FB နဲ့ သတင်းမီဒီယာတွေက ရာနှုန်းပြည့် အရေးပါခဲ့ပါတယ်။ ဘာကြောင့်ညာကြောင့်ဆိုတဲ့ အကြောင်းရင်းတွေကို မှန်တယ်/မှားတယ်မပြောလိုပေမယ့် သတင်းမီဒီယာတွေကသာ ပိုပိုသာသာ မရေးခဲ့ကြရင်၊ အနုပညာရှင်တွေကို ခုတုံးလုပ်ပြီး မဲမဆွယ်ခဲ့ကြရင် ဒီလောက်ကြီး အုံကြွလာဖို့ လမ်းမမြင်မိဘူး။ အုံမကြွရင် စစ်မဖြစ်ဘူးပေါ့ဗျာ။ ယုံကြည်ချက်တွေ လွန်ကဲ၊ အမုန်းတရားတွေကြီးထွားလာပြီး လက်နက်ကိုင်ခဲ့ကြတဲ့ လူ့အရင်းအမြစ်တွေလည်း မဆုံးရှုံးတော့ဘူးပေါ့ဗျာ။ လက်နက်ကိုင်ပြီး လေးနှစ်သာပြည့်သွားတယ် ။ အခု ဧရာဝတီကရေးသလို နစက က လုပ်မယ့် ရွေးကောက်ပွဲကသာ အဖြေဆိုရင် ဘာထူးလို့လဲ။
-
ကျွန်တော်မေးတာဖြေကြပါဦး၊ ဘာထူးသွားကြလို့လဲ?
-
အစိုးရ/ပြည်သူ နှစ်ဦးနှစ်ဖက်လုံး အနှုတ်ဘက်ရောက်သွားတာကလွဲလို့၊
ကိုယ်ချစ်တဲ့ခင်တဲ့ မိသားစုဝင်တွေ ဆုံးရှုံးသွားကြတာကလွဲလို့၊
အမုန်းတရားတွေ တိုးပွားလာတာလွဲလို့၊
ပြည်တွင်း ရာဇဝတ်မှုတွေ များလာတာကလွဲလို့၊
လွဲလို့၊ လွဲလို့၊ လွဲလို့…………………။
-
အခုလို ဖြစ်ခဲ့ပြီးကာမှ ကိုယ်နဲ့မဆိုင်သလို ဘက်ယိမ်းလာတဲ့ မီဒီယာတွေကို ရွံရှာမိပေမယ့် ပြည်သူတွေဆီကို ငြိမ်းချမ်းရေးယူပေးနိုင်ဖို့ ခြေလှမ်းတွေမို့လို့ ကြိုဆိုရမှာပါပဲ။ ဘယ်နေ့နိုင်မယ်ဆိုတဲ့ False Hope တွေ၊ ဟိုဘက်က ဟိုဟာဖြစ်နေပြီ ဒီဘက်က ဒီဟာဖြစ်နေပြီတို့ စတဲ့ ဝါဒဖြန့်စာတွေရေးမယ့်အစား ဖြစ်လာနိုင်တဲ့ အခြေအနေတွေသုံးသပ်တာမျိုး၊ လက်ရှိမြေပြင်မှာဖြစ်နေတာတွေနဲ့ အကျိုးအပြစ်တွေ သုံးသပ်တာမျိုးတွေ ဖော်ပြပေးနိုင်ရင် ပြည်သူတွေအတွက် အကျိုးရှိမှာမို့ ကြိုဆိုပါတယ်။
-
မိမိတတ်ကျွမ်းရာ သတင်းပညာနဲ့ နိုင်ငံကိုအလုပ်အကျွေးပြုပါမယ်ဆိုတဲ့ သတင်းထောက်ရှိရင်လည်း ပြခဲ့ကြဦး။ ကိုယ်တိုင်ကိုယ်ကျ သတင်းလိုက်ယူ၊ ဓာတ်ပုံကောင်းတွေရိုက်ကြရေးကြတဲ့ သတင်းထောက်တွေကျတော့လည်း ပြည်ပအခြေစိုက် မီဒီယာတွေဖြစ်နေတယ်။ လောလောလတ်လတ်ဖြစ်နေတဲ့ ကျားဖြန့်အရေးမှာတောင် ထိုင်းတို့ ဂျပန်တို့ သတင်းဌာနတွေက သတင်းထောက်တွေ ကိုယ်တိုင်ကိုယ်ကျ သတင်းရိုက်ကူးတင်ဆက်နေကြပေမယ့် မြန်မာ့မီဒီယာကတော့ သူများဖြန့်ပေးတဲ့ ဓာတ်ပုံထိုင်စောင့်ပြီး သတင်းရေးတဲ့အဆင့်လောက်ပဲရှိနေတယ်။
-
ပြီးရင် ငွေနောက်လိုက်ပြီး ငွေပေးသူအလိုကျ မှိုင်းကဖြန့်ဦးမယ်။ ရွံစရာလေးတွေ။
(ပိုင်စိုး)
တယ်လီဂရမ် တွင်ဖတ်ရန်
https://t.me/paing_soe21
FB တွင်ဖတ်ရန်
https://www.facebook.com/share/p/15UcP99cFJ/

24.02.202509:51
လေယူရာတိမ်းရဦးမည့် နာနာဘာဝမီဒီယာများ (ပိုင်စိုး)

22.02.202505:04
ရခိုင်ပြည်နယ်ရဲ့ ARSA/RSO ပြဿနာနောက်ဆက်တွဲ
--------------------------------------------------
(၂၂-၂-၂၀၂၅)
လွန်ခဲ့တဲ့ ရက်တွေက ဘူးသီးတောင်၊ မောင်တောဘက်က AA စခန်းကို ARSA တွေဝင်တိုက်တယ်တဲ့။ စစ်ကူပေးဖို့ သွားတဲ့ AA တွေလည်း အခြေအနေမကောင်းဘူးတဲ့ ၊ ပုံမှန်အတိုင်းဆို AA အလိုကျ ထွန်းမြတ်နိုင်အကြောင်း အကောင်းရေးနေကြတဲ့ မီဒီယာတွေပဲတွေ့ရတာဆိုပေမယ့် ဒီတစ်ခေါက်မှာ RFA ရဲ့သတင်းတင်ဆက်ပုံက ထူးဆန်းပြီး ARSA ဘက်ကနေ အလေးပေး ရေးလာတာ ခံစားမိတယ်။
-
AA အနေနဲ့ တပ်ထက်ပိုပြီး ဂရုစိုက်ရမယ့် အရာတွေ အများကြီးရှိနေပါတယ်။ ရခိုင်မြေမှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့အတူ ရိုဟင်ဂျာပြဇာတ်ကို ကမ္ဘာ့ဇာတ်ခုံပေါ် ပြန်ဆွဲခေါ်မယ့်အလားအလာမျိုးမြင်ရတဲ့အတွက် ARSA ကို ပေါ့ပေါ့တန်တန် မစဉ်းစားသင့်ဘူး။ လူအင်အား/ လက်နက်အင်အားဆိုတာ အထောက်အပံ့တွေရှိလာတာနဲ့ ချက်ခြင်းပြောင်းလဲသွားနိုင်တာကို လူ ၂၆ ယောက်နဲ့စခဲ့တဲ့ AA အသိဆုံးဖြစ်မှာပါ။ ရိုဟင်ဂျာဇာတ်လမ်းကိုလည်း ခရေစေ့တွင်းကျ ရေးခဲ့ပြီးပါပြီ။ (လူမြိုမှ လူမျိုးပျောက်မယ်ဆိုတဲ့ ခေါင်းစဉ်ကို ပြန်ဖတ်ကြည့်ပါ)။
-
ARSA အခု တိုက်ကွက်ဖော်နေတဲ့ မောင်တောဆိုတာ မွတ်တွေအများဆုံးနေထိုင်ကြတဲ့နေရာဖြစ်တယ်။ ရခိုင်တစ်ပြည်လုံးမှာ မွတ်တွေဟာ ၁ သန်းအထက်ရှိပြီးတော့ ရခိုင်လူမျိုး နဲ့ နင်လားငါလား ဖြစ်တော့မယ့် အရေအတွက်ပါ။ တကယ်လို့သာ ARSA ဖြစ်စေ အခြား မူဆလင်လက်နက်ကိုင်အဖွဲ့တွေဖြစ်စေ၊ ရခိုင်ပြည်နယ်ထဲက မြို့တစ်မြို့လောက်ကို ရရှိသွားခဲ့မယ်ဆိုရင် နောက်ဆက်တွဲ ပြဿနာတွေအများကြီးဖြစ်လာမှာပါ။
-
ဆိုကြပါစို့ ။ မောင်တောကို ARSA ကရသွားခဲ့ရင် သူတို့အရင်လုပ်မှာက ရခိုင်နယ်မြေထဲမှာ ပြန့်ကျဲနေတဲ့ မူဆလင်တွေ( အထူးသဖြင့် ရိုလို့ခေါ်တဲ့အဖွဲ့တွေ) ကို အဲ့ဒီမြို့ထဲကို အစုအပြုံ ခေါ်ပါလိမ့်မယ်။ ပြီးရင် ရခိုင်နယ်မြေထဲမှာ ဒုက္ခရောက်နေတဲ့ မူဆလင်တွေကို ကူညီပေးဖို့ ကမ္ဘာကို သတင်းဖြန့်ပါလိမ့်မယ်။ ဒီလိုလုပ်နိုင်ဖို့အတွက်လည်း နောက်ကွယ်မှာ OIC နိုင်ငံတွေက အထောက်အကူရှိနေပါတယ်။
-
AA ကဖြစ်စေ၊ တပ်ဘက်က ဖြစ်စေ ပြန်တိုက်မယ်ဆိုရင် မူဆလင်အများအပြားကို မျိုးတုန်းသတ်ဖြတ်နေပါတယ်ဆိုတဲ့ ဂျီနိုဆိုက်အကွက်ထဲကို ဝင်သွားပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ စစ်တပ်တွေ AA တွေခွဲနေမှာ မဟုတ်ပါဘူး။ အာဂျင်တီးနားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ကိုလည်း ဂျီနိုဆိုက်နဲ့ တရားစွဲထားတာ မမေ့ပါနဲ့။
-
တစ်ချိန်တည်းမှာပဲ အခြားမြို့ကြီးတွေမှာ ရှိနေတဲ့ မူဆလင်ဘာသာဝင် လူမျိုးစုံပါ ပါဝင်လာတဲ့ အဓိကရုဏ်းပုံစံတွေ ဖြစ်မလာဘူးလို့လည်း ဘယ်သူမှ အာမ မခံနိုင်ဘူး။ ရှေးကတည်းက မြန်မာနိုင်ငံထဲမှာ ငြိမ်းချမ်းစွာနေထိုင်ကြတဲ့ မူဆလင် ဘာသာဝင် တွေကို အားနာပေမယ့် ဝါဒမှိုင်းတွေ ပြန့်လာတဲ့အချိန်ဆိုရင် ထိန်းချုပ်ရခက်လာမှာကို ကြိုတင်တွေးထားရမယ်။
-
ဒါက AA အရေးမဟုတ်ပါဘူး၊ ရခိုင်အရေးလည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံအရေးပါ။ ထွန်းမြတ်နိုင်က ARSA/ RSO ကို တပ်က မွေးမြူတယ်လို့ ဧရာဝတီမှာ ရန်တိုက်ပေးတယ်။ သတင်းတော်တော်များများကလည်း ဒီအတိုင်း လိုက်ပြောလိုက်ရေးကြတယ်။ တကယ်တမ်းပြဿနာဖြစ်လာရင် ခံစားရမှာက ရခိုင်မြေက ရခိုင်တွေဆိုတာပါပဲ။ ဖွတ်မရ ဓားမဆုံး ဖြစ်လာတော့မှ ပေးဆပ်ရတဲ့ လူ့အသက်တွေဟာ အလဟဿဖြစ်ရပါလိမ့်မယ်။
-
အခုရေးနေတာကို လူမျိုးရေး/ ဘာသာရေး ရန်တိုက်ပေးတယ်လို့ လာပြောကြဦးမယ့် ကိုရွှေရခိုင်များကိုလည်း ကြိုပြောချင်တာက ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ အပြင် ဖြစ်နေတာကိုပါ မြင်အောင်ကြည့်ကြဖို့၊ ကိုယ့်လူမျိုးတွေ ဖွင့်ထားတဲ့ မီဒီယာတွေအပြင် အခြားသက်ဆိုင်တဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေရဲ့ မီဒီယာတွေကိုပါ လေ့လာဖို့၊ လွန်ခဲ့တဲ့ နှစ်ထောင်ချီက အာရကန်နိုင်ငံတော်ဟာ ယနေ့ခေတ်မှာ ဖြစ်နိုင်၏/ မဖြစ်နိုင်၏ စဉ်းစားကြဖို့ လိုအပ်ပါကြောင်း။
-
ရခိုင်လူမျိုးကို ကိုယ်စားပြုပါတယ်ဆိုတဲ့ AA ရဲ့လုပ်ရပ်တွေကိုပဲ ပြန်ကြည့်ပါ။ ပေါ်လာကတည်းက ထွန်းမြတ်နိုင် ကလိမ်ကျခဲ့တာတွေ အများကြီးပဲ။ ကိုယ်သာတယ်ထင်ရင် ဝင်တိုက်တယ်။ မသာတော့ဘူးဆိုရင် တပ်နဲ့ ငြိမ်းချမ်းရေးစကားပြောတယ်။ ၁၀၂၇ နဲ့ဆိုရင် ထွန်းမြတ်နိုင် ငြိမ်းချမ်းရေးစကားကို ချိုးဖောက်တာ ၂ ကြိမ်ရှိခဲ့ပါတယ်။ စစ်မှာ မတရားတာမရှိဘူး/ ဘာညာဆိုရင်တော့ ဝဋ်က နောက်မှာ ချက်ခြင်းလိုက်လာနေပြီလို့ပဲ သတိပေးပါတယ်။ AA အနားမှာ ဝိုင်းရံပေးနေတဲ့ မီဒီယာတွေက တစ်ချိန်ချိန်မှာ ဘက်ပြောင်းသွားပြီး RSO/ ARSA ဘက်က အော်ပေးတဲ့အချိန်ရောက်လာတဲ့အခါမှ သဘောပေါက်မယ်ဆိုရင်တော့ နောက်ကျသွားပါလိမ့်မယ်။
(ပိုင်စိုး)
တယ်လီဂရမ်တွင်ဖတ်ရန်
https://t.me/paing_soe21
FB တွင်ဖတ်ရန်
https://www.facebook.com/share/p/1AAdJuB9bo/

22.02.202505:03
ရခိုင်ပြည်နယ်ရဲ့ ARSA/RSO ပြဿနာနောက်ဆက်တွဲ (ပိုင်စိုး)

17.02.202504:55
ရွှေတံခါးကြီးဖွင့်ပါဦး
----------------
(၁၇-၂-၂၀၂၅)
ကဲ…. TNLA လည်း ဒီနေ့ဆို တပ်နဲ့ ကူမင်းမှာ စကားဝိုင်ထိုင်ကြပြီ။ ဒါက ဒီလိုပဲလာမယ်ဆိုတာ နိုင်ငံရေးစိတ်ဝင်စားသူတွေ တွက်ထားကြမယ်လို့ ထင်ပါတယ်။ သဘောတူညီမှုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ TNLA ဟာ ကိုယ့်ဒေသကိုယ်ပြန်တာ ဒေသခံတွေအတွက်ရော သူတို့ကိုယ်တိုင်အတွက်ရော အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။
-
သာကောကြီးက သူ့ရဲ့ BRI လို့ခေါ်တဲ့ ၂၁ ရာစုပိုးလမ်းမကြီးအတွက် မြန်မာနိုင်ငံကို မီးစတစ်ဖက်၊ ရေမှုတ် တစ်ဖက်၊ နည်းနဲ့ ကစားတယ်။ ပွကြီးကတော့ သာကောကို လိုက်ရှုပ်ဖို့သက်သက်နဲ့ EAOs တွေကို ထောက်ပံ့တယ်။
အခုတော့ အဲ့ဒီအထောက်အပံ့တွေရပ်တန့်သွားတဲ့အချိန်ရောက်လာတာရယ်၊ တပ်မတော်ဘက်ကလည်း ဒရုန်းတွေ လေကြောင်းတိုက်ခိုက်မှုတွေက ထိရောက်လာတဲ့အချိန်မှာ စကားဝိုင်းထိုင်ရပြီပေါ့။ နဂိုကတည်းက ကိုယ့်နယ်မြေကို ကျော်လွန်ပြီး တစ်ခြားလူမျိုးတွေနေထိုင်တဲ့ မြို့တွေကို တိုက်ခိုက်တာဟာ စကားဝိုင်းထိုင်လို့ကောင်းအောင်လို့ ကျွန်တော်ရေးခဲ့သလိုပါပဲ။
-
TNLA အနေနဲ့ မိုးကုတ်ကို ရကတည်းက စကားဝိုင်းထိုင်ခဲ့ရမှာဗျ။ ဒီလိုဆို လေကြောင်းတိုက်ခိုက်မှုတွေလည်း မခံရတော့ဘူး။ ဒေသခံတွေလည်း နည်းနည်းအသက်ရှုချောင်တာပေါ့ဗျာ။ အခုတော့ ကိုယ့်လူအင်အားတွေလည်း ဆုံးရှုံး၊ ပြည်သူတွေလည်း ဒုက္ခတွေရောက်။ အခုကျမှတော့ ကိုယ့်ဘက်က အရေးနိမ့်လို့ ပြောရတဲ့ပုံစံရောက်သွားတာပေါ့။ (ဒါတောင် တအောင်းလွတ်လပ်ရေးနေ့က ထုတ်တဲ့စာအရဆိုရင် စကားဝိုင်းထိုင်ဖို့အကြောင်းမပါဘူး၊ အပြတ်အသတ် လှော်မယ်ဆိုတာကြီးပဲ၊ အခုလို သွားထိုင်တော့ နည်းနည်း ဟာသဖြစ်တာပေါ့)
-
ကျွန်တော်ကတော့ ဘယ်လိုပဲစကားပြောပြော၊ ကြိုဆိုပါတယ်။ အနည်းဆုံးတော့ သဘောတူညီမှုရသွားရင်ကို အဲ့ဒီဒေသက ပြည်သူတွေ နည်းနည်းအသက်ရှုချောင်တယ်ဗျ။ ဥပမာ အခု လားရှိုးလိုပေါ့။ MNDAA ကိုလည်း စောင့်ကြည့်ရဦးမယ်။ လူမွေး၊ အားမွေးပြီး ၁၀၂၇ တတိယလှိုင်းဆိုတာမျိုးကိုတော့ မလုပ်စေချင်တော့ဘူး။ အခုလောလောဆယ်ဖြစ်နေတဲ့ စစ်ပွဲတွေမှာ တပ်ဘက်က EAOs တွေရဲ့ အခြေစိုက်မြို့တွေ၊ နေရာတွေကို တိုက်ခိုက်တာမျိုး အခုထိ မတွေ့ရသေးဘူး။ သူတို့ဆုတ်ပေးလိုက်ရတဲ့ မြို့တွေကိုပဲ ပြန်တိုက်ယူနေတာမျိုးပဲ တွေ့ရတယ်။ ဒါတောင်မှ ကချင်ဘက်မှာ KIA တွေ အခြေအနေမကောင်းဘူး။
-
ဆိုတော့ အာရှမှာ အဆင့်တစ်ခုရှိတဲ့ လေတပ်ကိုလည်း သွားအထင်သေးလို့မရဘူးဗျ။ တတိယလှိုင်းလုပ်လို့ ကိုယ့်လူမျိုး အခြေစိုက်မြို့တွေကို ပေါင် ၅၀၀ ဗုံး ၃၊ ၄ လုံးလောက် သွားချရင်ကို လူမျိုးပျောက်သွားနိုင်တယ်။ ဆုံးဖြတ်ချက်တစ်ခုမှားရင် အရင်ဆုံးပေးဆပ်ရမှာ ကိုယ့်လူမျိုးတွေဆိုတာ ထည့်တွေးထားဖို့လိုမယ်။
AA ကတော့ စစ်တွေလိုလို၊ သာပေါင်းလိုလို ၊ မကွေးလိုလို ထိတွေ့မှုဖြစ်ရုံလောက် တိုက်ပွဲအဖြစ်ပြနေပြီး ဘယ်လမ်းကို လိုက်မလဲဆိုတာ မရေမရာလုပ်နေတယ်။ AA စစ်စခန်းတွေရှိတဲ့နေရာ အတိအကျ Tiktok မှာ ဂြိုလ်တုဓာတ်ပုံတက်လာတာကို သတိရောပြုမိရဲ့လားတော့မသိဘူး။ AAခေါင်းဆောင်ပါးနပ်တယ်ဆိုရင် အခုအချိန်က စားပွဲဝိုင်းထိုင်ဖို့ အကောင်းဆုံးအချိန်ပဲ။ အခေါက်ခေါက်အခါခါရေးခဲ့သလိုပဲ တိုက်ပြီးသွားတိုင်းလည်း အနိုင်ရတာမဟုတ်ဘူး။ ထိန်းသိမ်းနိုင်မှသာ အနိုင်ရတာဖြစ်တဲ့အတွက် ကိုယ်စစ်ပွဲ ဖော်ဆောင်မယ့်နေရာမှာရှိတဲ့ ပြည်သူတွေကို ငဲ့ကြဖို့ တိုက်တွန်းလိုတယ်။
-
ဘာတွေဖြစ်လာလဲဆိုတာ ထန်တလန်ကိုကြည့်၊ လွိုင်ကော်ကိုကြည့်။ သိမ်းတယ်၊ မြို့တွေပျက်စီးတယ်၊ ပြီးတော့ဘာဆက်ဖြစ်သလဲ။ ဓာတ်ပုံရိုက်မှတ်တမ်းတင်ပြီး ခဏတာပျော်ရွှင်မှုရရုံသက်သက်ပဲ ဖြစ်ခဲ့တာမဟုတ်ဘူးလား။ ခေါင်းဆောင်တွေကသာ စားပွဲဝိုင်းရောက်သွားရင် လက်ဆွဲနှုတ်ဆက်ကြမှာ၊ ပျက်စီးသွားတဲ့ မြို့တွေက အကောင်းအတိုင်းပြန်မဖြစ်လာဘူး။
ဒီတော့ ရွှေတံခါးကြီးကလည်း ဖွင့်ထားတုန်းပါပဲ။ စကားပြောလို့ရတုန်းမှာ စကားပြောကြပါ၊ ညှိနှိုင်းကြပါ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ အထူးဒေသတွေမှာ တပ်က ဘာတွေများ ဝင်စွက်ဖက်လို့လဲ။ ကွန်ဖယ်ဒရိတ်မပေးရုံတမယ် လက်နက်စက်ရုံနဲ့ ကိုယ်ပိုင်တပ်မတော်တွေနဲ့ ၊ လုပ်ပိုင်ခွင့် အပြည့်အဝရကြတာ။ ဒီအခွင့်အရေးတွေထက် EAOsတွေက ဘာတွေပိုလိုချင်နေတာလဲဆိုတာ စဉ်းစားလို့တောင် မရဘူး။
(ပိုင်စိုး)
Telegram တွင်ဖတ်ရန်
https://t.me/paing_soe21
FB တွင်ဖတ်ရန်
https://www.facebook.com/share/p/1EYdjz5qt6/

15.02.202504:58
အာဂျင်တီးနားဆိုတာ
--------------------------
(၁၅-၂-၂၀၂၅)
ဒီရက်ပိုင်း မြင်နေရတဲ့ အာဂျင်တီးနားက မြန်မာ့စစ်ဘက်၊ အရပ်ဘက် ထိပ်သီးပိုင်းတွေကို ဖမ်းဝရမ်းထုတ်တဲ့ သတင်းတွေကြောင့် အာဂျင်တီးနားနိုင်ငံအကြောင်းကို အနည်းငယ် ဝေမျှပါဦးမယ်။
-
အာဂျင်တီးနားဆိုရင် ကမ္ဘာကျော် ဘောလုံးသမား မက်စီကိုပဲပြေးမြင်ကြမယ်ထင်ပါတယ်။ အာဂျင်တီးနားရဲ့ တန်ဂိုအက၊ ဘောလုံး၊ အမဲသား နဲ့ ဝိုင်တွေက ကမ္ဘာမှာ နံမည်ကြီးပါတယ်။
ဒါပေမယ့် အာဂျင်တီးနားဟာ သမိုင်းလောက်လောက်လားလားမရှိတဲ့နိုင်ငံလို့ပြောရင် နှိမ်တယ်လို့ မထင်လိုက်ပါနဲ့။
-
အာဂျင်တီးနားနိုင်ငံဟာ ၁၈၁၆ မတိုင်ခင်အထိ နိုင်ငံအနေနဲ့ မရှိခဲ့ဖူးပါဘူး။ တောင်အမေရိကတိုက်မှာ မူရင်းနေထိုင်ခဲ့ကြတဲ့ မျိုးနွယ်စုတွေဟာ မြို့ပြနိုင်ငံအဆင့်ထိတောင် မရောက်ခဲ့ကြပဲ အရိုင်းဆန်ဆန်နေခဲ့ကြရပါတယ်။ ၁၅၁၆ ခုနှစ်မှာ စပိန်တွေဟာ တောင်အမေရိကတိုက်ကို စတင် နယ်မြေချဲ့ထွင်ခဲ့ကြပြီး နှစ်ပေါင်း ၃၀၀ ကျော်အထိ အုပ်စိုးခဲ့ကြပါတယ်။
-
၁၈၁၀ ခုနှစ်ရောက်မှသာ တောင်အမေရိကတိုက်မှာရှိနေတဲ့ လူမျိုးစုတွေရဲ့ တွန်းလှန်ခဲ့မှုကြောင့် ၁၈၁၆ ခုနှစ်မှာ စပိန်တွေက နယ်မြေတွေအလိုက်ခွဲပြီး လွတ်လပ်ရေးပေးခဲ့ရပါတယ်။ အဲ့ဒီအချိန်ရောက်မှသာ အာဂျင်တီးနား၊ ချီလီ၊ ပါရာဂွေး၊ ဘိုလီဗီးယား နဲ့ ဥရုဂွေးနိုင်ငံတွေဆိုပြီး ပေါ်ပေါက်လာခဲ့ကြတာပါ။
ကိုယ့်မြန်မာနိုင်ငံဆိုတာ ပုဂံအင်ပါယာလို့ တိုင်းတပါးက မှတ်တမ်းတင်ထားရတဲ့အထိ ဩဇာကြီးမားခဲ့တဲ့ သမိုင်းကြောင်းရှိတာမို့လို့ အာဂျင်တီးနားနဲ့ နှိုင်းယှဉ်လို့မရနိုင်ပါဘူး။
-
ပေါ်ပေါက်လာတဲ့ နှစ်ပေါင်း ၂၀၀ အတွင်းမှာလည်း နိုင်ငံရေးအရှုပ်အထွေးတွေ ၊ အာဏာသိမ်းမှုတွေ နဲ့ နိုင်ငံရေးသမိုင်းကြောင်း မလှခဲ့သလို၊ စီးပွားရေးမနိုင်နင်းမှုတွေကြောင့်လည်း အခုအချိန်မှာ ဒုက္ခတွင်းထဲက မထွက်နိုင်သေးတဲ့နိုင်ငံပါ။
-
စီးပွားရေးမကောင်းရတဲ့ အကြောင်းအရင်းက လွတ်လပ်ရေးရတဲ့ ၁၈၁၆ ကတည်းက ဖက်ဒရယ်နဲ့ ယူနီတေးရီးယန်းဆိုပြီး ဝါဒနှစ်ခြမ်းကွဲပြီး ပြည်သူအချင်းချင်းပြန်တိုက်တဲ့ ပြည်တွင်းစစ်တွေဖြစ်ခဲ့လို့ပါလို့ ပြောရမှာပါ။ နိုင်ငံအနေနဲ့ရှိခဲ့တာမဟုတ်တဲ့အတွက် အဲ့ဒီဒေသမှာ ရှိခဲ့တဲ့ မျိုးနွယ်စုတွေဟာ ဘူနိုအေးရိစ်မြို့က ဗဟို ချုပ်ကိုင်မှုနဲ့ အုပ်ချုပ်တာကို မလိုချင်လို့ နှစ်ပေါင်း ၄၀ ကျော် ပြည်တွင်းစစ်တွေဖြစ်ခဲ့ကြတယ်။
-
၁၉၇၆ မှာ Dirty War လို့ခေါ်တဲ့ လူပေါင်း ၃၀၀၀၀ ကျော်လောက်သေရတဲ့ အာဏာသိမ်းမှုဖြစ်ခဲ့တယ်၊ လွတ်လပ်ရေးရပြီးကတည်းက စပိန်ဖွဲ့ပေးတဲ့ နယ်မြေထဲမှာ မပါတဲ့ ဖောက်ကလန်ကျွန်းကို ကိုယ်ပိုင်နယ်မြေပါဆိုပြီး မကျေပွဲအနေနဲ့ ၁၉၈၂ မှာ ထပ်တိုက်တယ်။ ဗြိတိန်ကပဲ စစ်နိုင်ခဲ့သလို နယ်မြေအငြင်းပွားမှုအတွက် ၂၀၁၃ ဆန္ဒကောက်ခံရမှာ ကျွန်းမှာနေတဲ့ လူ ၉၉.၈ ရာခိုင်နှုန်းက ဗြိတိန်အောက်မှာပဲနေမယ်လို့ ဆန္ဒပြုခဲ့လို့ ကမ္ဘာ့အလယ်မှာ အရှက်ဗြန်းဗြန်းကွဲခဲ့ရသေးတယ်။
-
လူမျိုးစုတွေကလည်း အခုထိ မစည်းလုံးဘူး။ ဘာလုပ်လုပ် အတိုက်အခံတွေဖြစ်နေတော့ အာဏာရလာရင် အရင်လုပ်ရတာက အတိုက်အခံတွေကို တိုက်ခိုက်ဖို့ကိစ္စပဲအရင်လုပ်ကြတယ်။ ကဲ ဘယ်လိုလုပ် စီးပွားရေးကောင်းနိုင်မလဲလေ။
(ပြည်တွင်းစစ်တွေဖြစ်၊ ဆန်ရှင်တွေမိခဲ့တဲ့ ကိုယ့်နိုင်ငံထက်တောင် အခြေအနေဆိုးတယ်ဆိုမှတော့ အာဂျင်တီးနားရဲ့ စီးပွားရေးကို စဉ်းစားကြည့်လို့ရပါတယ်)
လက်ရှိနိုင်ငံရေးအခြေအနေမှာ သမ္မတ မီလိန်က အသုံးစရိတ်တွေကို အသည်းအသန် လျှော့ချနေရတယ်။ ဝန်ကြီးဌာန ၁၀ ခုပိတ်သိမ်းတယ်၊ ဝန်ထမ်း ၃၄၀၀၀ ကျော် အလုပ်ဖြုတ်တယ်။ အခွန်တွေတိုးမြှင့်ကောက်ခံတယ်။ ဒီအတွက်လည်း အတိုက်အခံတွေနဲ့ ပွတ်တိုက်မှုတွေ ဖြစ်နေကြတယ်။
-
ကိုယ့်နိုင်ငံက မက်စီကို ချစ်တဲ့စိတ်နဲ့ အာဂျင်တီးနားဆိုတဲ့အမည်ကြားရင် အထင်ကြီးမယ့်လူများတယ်။ အဲ့ဒီတော့ BBC သတင်းပဲဖတ်ပြီး အခုလို မြန်မာ့နိုင်ငံရေးမှာ စိတ်ဝင်တစား ရှိနေတယ်ထင်နေမှာစိုးလို့။ နိုင်ငံတကာက အမြင်နဲ့ အာဂျင်တီးနားအကြောင်းလေး နည်းနည်းဝေမျှလိုက်ပါတယ်။
-
အာဂျင်တီးနားအနေနဲ့လည်း အချုပ်အခြာပိုင်နိုင်ငံတစ်ခုကို တရားစီရင်မှုတွေ မလုပ်ခင် ကိုယ့်နိုင်ငံကိုပဲ တရားဥပဒေစိုးမိုးမှုရှိအောင် အရင်ကြိုးပမ်းသင့်တယ်။ လက်ရှိ သမ္မတနဲ့ တရားစီရင်ရေးအပေါ်ကို ကိုယ့်နိုင်ငံမှာနေတဲ့ ပြည်သူတွေအားကိုးယုံကြည်လာအောင်အရင်လုပ်ပါလို့ အကြံပြုရင်း။
(ပိုင်စိုး)
Telegram တွင်ဖတ်ရန်
https://t.me/paing_soe21
FB တွင်ဖတ်ရန်
https://www.facebook.com/share/p/1A69E1bmbn/

15.02.202504:56
အာဂျင်တီးနားဆိုတာ (ပိုင်စိုး)

14.02.202508:54
ညောင်ဦးကမ်းပါးပြိုတာ အာဂျင်တီးနားက နွားမ ပေါင်ကျိုးသလား
----------------------------------------------
(၁၄-၂-၂၀၂၅)
ဒီနေ့ BBC က တက်လာတဲ့သတင်းအရ အာဂျင်တီးနားနိုင်ငံက လက်ရှိတပ်မတော်ဦးစီးချုပ်အပါအဝင် စစ်ခေါင်းဆောင်(၂၃)ဦးကို ဖမ်းဝရမ်းထုတ်တယ်လို့ တွေ့ရပြီး အကြောင်းရင်းကတော့ ရိုတွေကို မျိုးဖြုတ်နေလို့ပါတဲ့။ အာဂျင်တီးနားတရားရုံးမှာ တရားစွဲထားတာကတော့ ၂၀၁၉ ခုနှစ်ကတည်းက ၊ တရားစွဲတဲ့သူက ရိုဟင်ဂျာညီအစ်ကိုယူကေဆိုတဲ့အဖွဲ့ကစွဲတာ၊ အခုမှ အမိန့်ချတဲ့သဘော။
အဲဒီ ရိုအဖွဲ့တွေက စစ်တပ်ဘက်ကိုတင် တင်ထားတာမဟုတ်ဘူးနော်၊ မနှစ်ကလည်း AA အဖွဲ့ကို ICC မှာ ရိုတွေကို မျိုးဖြုတ်လိုဆိုပြီး BBC မှာပဲသတင်းတက်လာသေးတယ်။ BBC ကို တော်လှန်ရေးသတင်းတွေဖော်ပြနေလို့ သူ့ဘက်ကိုယ့်ဘက် အမှန်တရားဘာညာထင်မနေနဲ့၊ ကမ္ဘာမှာ မြန်မာ့အရေးဆိုတာ အာရုံစိုက်လောက်စရာ ကိစ္စ မဟုတ်ဘူး။ ရိုကိစ္စလည်းမဟုတ်ဘူး။ ရိုတွေနောက်က ရှိတဲ့ အရှေ့အလယ်ပိုင်းက မာမူကြီးတွေရဲ့ဒင်္ဂါးတွေကသာ အမှန်တရားပဲ။
ပြောချင်တာက အာဂျင်တီးနားကိစ္စ။ အာဂျင်တီးနားဆိုတာ မြန်မာနဲ့အဆက်အစပ် ဘာဆိုဘာမှကိုမရှိတာ။ ကိုယ့်နိုင်ငံလူတွေကို ဖမ်းဝရမ်းထုတ်ပြီးတော့ ဘာလုပ်ဖို့လဲလို့ စဉ်းစားတဲ့အခါမှာ အာဂျင်တီးနားရဲ့ လက်ရှိနိုင်ငံရေး၊ စီးပွားရေးကို ထည့်တွက်ရတယ်။
အာဂျင်တီးနားနိုင်ငံဟာလည်း အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တဲ့နိုင်ငံ၊ ၁၉၈၃ မှာ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးတယ်ဆိုပေမယ့် နိုင်ငံရေးမတည်ငြိမ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ အာဂျင်တီးနားနိုင်ငံရဲ့ စီးပွားရေးဟာလည်း ကောင်းမွန်ခြင်းမရှိဘူး။ အခုလက်ရှိမှာ အာဂျင်တီးနားဟာ စီးပွားရေးကပ်ကိုကြုံနေရပါတယ်။ နိုင်ငံမှာသုံးစွဲတဲ့ ပီဆိုဟာ ငွေကြေးဖောင်းပွမှု ၂၀၀ % ရှိနေပြီး နိုင်ငံဟာလည်း ကြွေးမြှီပမာဏအလွန်များပြားပါတယ်။
(အခုအချိန်မှာ မြန်မာကျပ်ငွေက ပီဆိုထက် ပိုပြီး ခိုင်မာပါတယ်၊ ဆန်ရှင်တွေရှိနေပေမယ့် မြန်မာနိုင်ငံစီးပွားရေးက အာဂျင်တီးနားလောက် မဆိုးသေးပါဘူး)
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ကနေ ချေးယူထားတာ ဒေါ်လာ ၄၄ ဘီလီယံရှိနေပြီး ပြန်ဆပ်နိုင်ဖို့ကို အသည်းအသန်ကြိုးစားနေရတဲ့အခြေအနေမျိုး၊ အကြွေးမဆပ်နိုင်လို့ လျှော်ခဲ့ရတာ ၉ ခေါက်ရှိခဲ့ပြီး ဒီတစ်ခေါက်သာ ထပ်လျှော်ပေးရမယ်ဆိုရင် ၁၀ ကြိမ်မြောက်ဖြစ်လာမှာပါ။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေက အယုံအကြည်မရှိအဆိုနဲ့ အကုန်ထွက်ကုန်ရင် အလုပ်လက်မဲ့တွေများလာပြီး အစစအရာရာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေပါများလာပါလိမ့်မယ်။ ဒီ့အတွက် သမ္မတ မီလိန် က နိုင်ငံတကာအကူအညီတွေရရှိဖို့ အစွမ်းကုန်ကြိုးစားနေရပြီး ထရမ့်ကို မျက်နှာလုပ်ဖို့ WHO ကနေ ထွက်မယ်လို့ ထုတ်ပြောထားပါတယ်။
သူများနိုင်ငံကို ဖမ်းဝရမ်းထုတ်နေတာ၊ သူ့ကိုလည်း အင်တာပိုမှာ ဗင်နီဇွဲလားက တိုင်ထားတယ်။ ဆိုတော့ကာ အာဂျင်တီးနားရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရားရုံးဆုံးဖြတ်ချက်ဟာ ကမ္ဘာ့အလယ်မှာ လူ့အခွင့်အရေးမှာ အရေးတယူရှိပါတယ်လို့ မျက်နှာဝင်ယူရုံသက်သက်ပါပဲ။ နောက်ကွယ်ကနေ OIC တို့ဦးဦးမာမူတို့ရဲ့ အထောက်အပံ့တွေကိစ္စလည်း ရှိရင်ရှိမှာပေါ့။ သိစေချင်တာက ဒါဟာ မြန်မာ့အရေးကို စိတ်ဝင်စားလို့လည်း မဟုတ်ဘူး၊ ရိုအရေးကိုစိတ်ဝင်စားလို့လည်းမဟုတ်ဘူးဆိုတာကိုပါ။
ICJ တို့ ICC တို့ ဆိုတာလည်း ထို့အတူပါပဲ။ ဘယ်သူမှ အဖက်လုပ်ကြတာမဟုတ်ဘူး။ သူတို့ပြောသလိုသာ အခွင့်အာဏာရှိတယ်ဆိုရင် အီရတ်မှာ လူပေါင်း ၂၀၀၀၀ ကျော် စတေးခဲ့တဲ့ ပွကြီးတို့အဖွဲ့ကျတော့ ဘယ်သူမှ တရားမစွဲရဲဘူးမဟုတ်လား။ ဒါပါပဲ။ နိုင်ငံတကာဆိုတာ သူတို့လုပ်ချင်ရာသာ လုပ်ကြတာပါ။ နိုင်ငံငယ်လေးတွေဆိုရင်တော့ ဆိုင်ဆိုင်မဆိုင်ဆိုင် ဆန်ရှင်ချရတာနဲ့၊ အရေးယူရတာနဲ့။
အခုလည်း ဒီလိုပါပဲ၊ ညောင်ဦးကကမ်းပါးပြိုတာနဲ့ အာဂျင်တီးနားက နွားမကြီး ပေါင်ကျိုးသွားတာ ဘာဆိုင်လို့လဲလေ။ ဆိုင်ဆိုင်မဆိုင်ဆိုင် မြိုင်အောင်လို့ဆိုရင်တော့ ကိုယ့်အလှည့်လည်းရောက်လာပါလိမ့်ဦးမယ်။
(ပိုင်စိုး)
တယ်လီဂရမ်တွင် ဖတ်ရန်
https://t.me/paing_soe21
FB တွင်ဖတ်ရန်
https://www.facebook.com/share/p/1AL5yGK68x/

14.02.202508:52
ညောင်ဦးကမ်းပါးပြိုတာ အာဂျင်တီးနားက နွားမ ပေါင်ကျိုးသလား (ပိုင်စိုး)

13.02.202508:28
သတင်းမီဒီယာဆိုတာ
--------------------------------------------------------
(၁၃-၂-၂၀၂၅)
၂၀၂၄ ရွေးကောက်ပွဲအနိုင်ရပြီး တကျော့ပြန် သမ္မတဖြစ်လာတဲ့ ထရမ့်ဟာ အခုလက်ထက်မှာ အမေရိကန်ရဲ့ အကျင့်ပျက်ခြစားမှုတွေအားလုံးကို အမြစ်လိုက်လှန်နေတာတွေ့ရတယ်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အီလွန်မက်စ် ကျောထောက်နောက်ခံရှိနေခဲ့တဲ့ သမ္မတ ထရမ့်ဟာ ပထမသက်တမ်းမှာ သူမလုပ်နိုင်ခဲ့တဲ့ ခြစားမှုဖော်ထုတ်ရေးတွေကို ရဲရဲတင်းတင်းလုပ်လာနေပါတယ်။
ထရမ့်ရဲ့ ပထမဆုံးအမြစ်လှန်တာ ခံလိုက်ရတဲ့အဖွဲ့ကတော့ USAID လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းဖြစ်ပါတယ်။ သမ္မတ ကနေဒီလက်ထက်က ဖွဲ့စည်းခဲ့တဲ့ USAID ဟာ နိုင်ငံတကာရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေကို ကူညီစောင့်ရှောက်ပေးဖို့ရယ်၊ ဒီမိုကရေစီ ပြန့်ပွားထွန်းကားရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ဖြစ်ခဲ့ပေမယ့် တကယ့်တကယ်တမ်းတော့ ဒီမိုကရေစီအမည်ခံပြီး အခြားနိုင်ငံများရဲ့ ပြည်တွင်းရေးတွေကို မတည်မငြိမ်ဖြစ်စေနိုင်တဲ့ မီဒီယာမွေးမြူရေး၊ အတိုက်အခံအဖွဲ့အစည်းတွေကို လက်နက်၊ ငွေကြေး၊ နဲ့ အခြားသော အကူအညီများပေးရေးအတွက်ကိုသာ တစိုက်မက်မက်ပြုလုပ်ခဲ့ပါတယ်။
မနှစ်ကတစ်နှစ်ထဲတင် USAID ဟာ ဒေါ်လာ ၄၄ ဘီလီယံလောက်ကို အသုံးပြုခဲ့ပြီး အမေရိကန်အတွက် ပြောပြလို့တောင်မရတဲ့ အကျင့်သိက္ခာမဲ့အလုပ်တွေလို့ ထရမ့်က ဝေဖန်ထားပါတယ်။
ထရမ့်ဟာ USAID သာမကပဲ ပင်တဂွန် စစ်အခြေစိုက်စခန်းလိုမျိုး၊ FBI, CIA လိုမျိုး ဆက်ဆက်ထိမခံတဲ့ DEEP State နဲ့ ဆက်စပ်နေတဲ့အဖွဲ့အစည်းတွေရဲ့ အတွင်းရေးတွေကိုပါ ဖော်ထုတ်မယ့်အနေအထားမျိုးမို့လို့ အနေမမှန်ခဲ့တဲ့ လူတွေကတော့ မျက်ခုံးလှုပ်နေကြပါတယ်။ ဒီအတွက်လည်း ထရမ့်ရော အီလွန်မက်စ်ရောဟာ အလုပ်ကြံခံရနိုင်တယ်လို့ ဆရာကြီးဒေါက်တာ နေဇင်လတ်က သုံးသပ်ထားပါတယ်။
အဲဒီအချိန်မှာ သတိထားမိတာက ထရမ့်ရဲ့အစီအစဉ်မှန်သမျှကို လျှင်လျှင်မြန်မြန်လိုက်ပြီး အကောင်အထည်ဖော်ပေးနေတဲ့ အီလွန်မက်စ်နဲ့ သူ့ရဲ့အဖွဲ့ DOGE ရဲ့ စွမ်းဆောင်ရည်ကိုပါပဲ။ သာမာန်လူတွေထက် အိုင်ကျူမြင့်ပြီး ငွေရေးကြေးရေးလည်း တတ်နိုင်တဲ့ အီလွန်မက်စ်ဟာ ထရမ့်အတွက်တော့ နှစ်ယောက်မရှိနိုင်တဲ့ Supporter တစ်ယောက်ပါ။ ဒီအတွက်လည်း မက်စ်ဟာ ထရမ့်ရဲ့ လုပ်ပိုင်ခွင့်တော်တော်များများ ရရှိနေခဲ့ပါတယ်။
အကျင့်ပျက်ခြစားမှုတွေ၊ ရာဇဝတ်မှုတွေရဲ့ ဒေါက်တိုင်တွေကို (အထူးသဖြင့် ဒီမိုကရက်တွေ ပါဝင်ပတ်သတ်ထားတဲ့ ကိစ္စတွေကို ) ဖော်ထုတ်နေတာဖြစ်တဲ့အတွက် ထရမ့်တို့ဘက်ကိုလည်း မီဒီယာတွေကနေ တဆင့် ဒီမိုကရက်တွေ တန်ပြန်လာတာကို တွေ့ရပါတယ်။
ကမ္ဘာ့ထိပ်တန်း မီဒီယာဖြစ်တဲ့ TIME မဂ္ဂဇင်းက ဖေဖော်ဝါရီလထုတ် စာစောင်မှာ မျက်နှာဖုံးအဖြစ် အီလွန်မက်စ်ကို သမ္မတထိုင်ခုံမှာ ထိုင်နေတဲ့ပုံနဲ့ ထုတ်လာခဲ့ပြီး တစ်ခြား နာမည်ကြီး မီဒီယာတွေမှာလည်း “ဘယ်သူက တစ်ကယ့်ခေါင်းဆောင်လဲ”ဆိုတဲ့ခေါင်းစဉ်မျိုးတွေ၊ “ဒေါ်နယ်ထရမ့်က မက်စ်ကိုကြောက်ရသလား” ဆိုတာမျိုးတွေကို ခေါင်းကြီးပိုင်းတင်လာတာတွေ့ရတော့ ဒီမိုကရက်တွေ လုပ်ငန်းစပြီလို့ တွေးမိပါတယ်။
Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးကိုတွေ့မိတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က Right Time ဂျာနယ်မှာ သမ္မတ ဦးသိန်းစိန်ကို ဇာတ်မင်းသားခေါင်းမှာတပ်ပြီး မျက်နှာဖုံးထုတ်ခဲ့တာကို သတိရတယ်။ မီဒီယာဆိုတာ ဘက်မလိုက်ရဘူးလို့ ဘယ်လိုပဲပြောပြော ကိုယ်သဘောကျတဲ့ Bias တွေကိုလိုက်ပြီး ဒါမျိုးတွေလုပ်ကြတာပဲ။ သိက္ခာရှိပါတယ်ဆိုတဲ့ ကမ္ဘာ့မီဒီယာတွေတောင် သွေးခွဲတဲ့အလုပ်လုပ်ကြသေးတာပဲလေ။ ကိုယ့်နိုင်ငံက မီဒီယာတွေအကြောင်းကတော့ မပြောလိုတော့ပါဘူး။
တကယ်ဆို အမေရိကန်ရဲ့လက်ရှိသမ္မတလုပ်နေတဲ့အရာဟာ တကယ်ကောင်းတဲ့အလုပ်ပဲ။ ဘယ်သူမှ မထိရဲမကိုင်ရဲတဲ့ ခြစားမှုတွေကို ဖော်ထုတ်နေတာ အားပေးရမှာမဟုတ်ဘူးလား၊ သတင်းကို သတင်းလိုပဲတင်ပေးလိုက်တာမျိုးမဟုတ်ပဲ မီဒီယာဟာ နိုင်ငံရေးလက်နက်ပါဆိုတာကို ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး မီဒီယာတွေက သက်သေပြသွားခဲ့တဲ့အခါ တကယ့် သတင်းသမားစစ်စစ်ဆိုတာ ဘယ်လိုမျိုးလဲလို့ သမိုင်းတွေထဲမှာသာ ရှာရတော့မယ်ခေတ်ပါလားလို့ နားလည်မိလိုက်ပါတယ်။
(#ပိုင်စိုး)
တယ်လီဂရမ်တွင်ဖတ်ရန်
https://t.me/paing_soe21
FB တွင်ဖတ်ရန်
https://www.facebook.com/share/p/12Er34NZY77/

13.02.202505:48
ပင်လုံစာချုပ်အတိုင်းသာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် လုပ်နိုင်ခဲ့ကြမယ်ဆိုရင် အခုအချိန်မှာ တိုင်းရင်းသားတွေအနေနဲ့လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ကိုယ်စီနဲ့ သာယာဝေစည် မြန်မာပြည်ဖြစ်ကောင်းဖြစ်နေနိုင်ပါလိမ့်မယ်။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အကောင်အထည်မပေါ်ခဲ့သလို ၂၁ ရာစုရဲ့ ပင်လုံဖြစ်လာဖို့ အလွန်နီးစပ်ခဲ့တဲ့ ၂၀၁၀ ဒီမိုကရေစီပြောင်းလဲမှုနောက်ပိုင်းကာလတွေဟာလည်း သူတစ်လူ ငါတစ်မင်း နဲ့ ကိုယ့်အတ္တကိုသာ ရှေ့တန်းတင်ခဲ့ကြတဲ့ လူတွေ၊လုပ်ရပ်တွေကြောင့်ပဲ ပြန်လည် ဝေဝါးသွားခဲ့ရပါတယ်။
၂၀ ရာစုက အကောင်အထည်မဖော်နိုင်ခဲ့တဲ့ ပင်လုံစာချုပ်ကို အခု ၂၁ ရာစုမှာတော့ အကောင်အထည်ပေါ်စေချင်ပါတယ်။ အကယ်ဒမီပေးပွဲမှာ ဝေဠုကျော်ပြောသလို ကိုယ့်နိုင်ငံမြေပုံလေးကို ဒီအတိုင်းလေး ဝံ့ဝံ့ထည်ထည်ဆက်မြင်ချင်သလို ပြည်တွင်းစစ်ကြီးပြီးဆုံးပြီး တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်လာတာကိုလည်း မြင်ချင်ပါတယ်၊ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့မှသည် ပြည်တွင်းပဋိပက္ခတွေ အလုံးစုံချုပ်ငြိမ်းပြီး နိုင်ငံနှင့်အဝှမ်း သာယာအေးချမ်းပါစေကြောင်း ဆန္ဒပြုရင်း။
(ပိုင်စိုး)
တယ်လီဂရမ်တွင်ဖတ်ရန်
https://t.me/paing_soe21
FB တွင်ဖတ်ရန်
https://www.facebook.com/share/p/1BVcyxJkzR/

10.02.202509:25
အလှူငွေဘတ်ဂျက် Vs နိုင်ငံတော်ဘတ်ဂျက်
--------------------------------------------------------------------------
(၁၀.၂.၂၀၂၅)
တကယ်တော့ ဒီစာကို (ရေတို/ရေရှည်) ဆိုပြီးခေါင်းစဉ်တပ်ချင်တာ။ ခေါင်းစဉ်မြင်တာနဲ့ ဘာကိုဆိုလိုချင်တာလဲ သိစေချင်လို့ အလှူငွေဘတ်ဂျက်နဲ့ နိုင်ငံတော်ဘတ်ဂျက်ဆိုပြီးပဲ တပ်လိုက်တယ်။
အားလုံးသိတဲ့အတိုင်း ၂၀၂၁ ဆန္ဒပြပွဲတွေ အပြီးမှာ PDF ပေါ်လာတော့ ပြည်တွင်းပြည်ပက ကောက်ခံရရှိတဲ့ အလှူငွေ/ထောက်ပံ့ငွေတွေနဲ့ လ-က်န-က်တွေတပ်ဆင်ခဲ့ကြတယ်။ ဒရုန်းနည်းပညာနဲ့ ဗုံ-းတပ်အသုံးပြုနည်းပညာတွေကို ပြည်ပက နည်းပညာရှင် (ပေါက်ဖော်/ CIA) တွေ နယ်စပ်မှာ EAOs နယ်မြေတွေမှာ သင်တန်းတွေပေးခဲ့ကြတယ်။
၂၀၂၃ မှာတော့ ၁၀၂၇ နဲ့အတူ ဒရုန်းနည်းပညာအသုံးချနိုင်မှု၊ လူအင်အားသာလွန်မှုတွေကြောင့် EAOs တွေနဲ့ PDF တွေ အောင်မြင်မှုတွေ ရသင့်သလောက်ရခဲ့ကြပါတယ်။ ဒါတောင်မှ အလှူငွေတွေအားလုံးဟာ မြေပြင်ဆီ အလုံးစုံမရောက်ပဲ ကိုယ်ကျိုးအတွက်သုံးစွဲတာမျိုးတွေ ရှိနေခဲ့လို့၊ မရှိနေခဲ့ရင် ဒီထက် ပိုပြီး ဒရုန်းတွေသုံးနိုင်မယ်၊ လ-က်န-က်တွေသုံးနိုင်မယ်၊ ဒီထက်ပိုပြီးလည်း နယ်မြေတော်တော်များများမှာ တိုက်စစ်တွေဆင်နိုင်ကောင်း ဆင်နိုင်မှာပေါ့။
ဒါပေမယ့် ကျွန်တော် အရင်ကစာတွေမှာ ရေးဖူးခဲ့သလို စ-စ်ပွဲတစ်ပွဲဟာ နေရာတစ်နေရာကို တို-က်ခို-က်လိုက်လို့ ရသွားတာနဲ့ အောင်နိုင်တာမဟုတ်ဘူး။ ဒီနေရာကို ထိန်းသိမ်းနိုင်မှ၊ ကိုယ့်ဆီက ပြန်ပြီး တို-က်ခို-က်ယူမယ့်သူ မရှိတော့မှ အလုံးစုံအောင်နိုင်တယ်ဆိုတဲ့အကြောင်းကို။
PDF ဆိုတာက ပြည်သူ့အလှူငွေနဲ့ အသက်ဆက်ရတဲ့အဖွဲ့ပါ။ ကိုယ်ပိုင်စီးပွားရေးလုပ်လို့မရဘူး၊ ကိုယ့်လ-က်န-က်ကိုယ် ဝယ်မသုံးနိုင်ဘူး၊ စားဖို့သောက်ဖို့တောင် ပြည်တွင်း/ပြည်ပက အထောက်အပံ့ရှိနေမှ အဆင်ပြေတဲ့အနေအထားမျိုးပါ။ ဆိုတော့ လ-က်န-က်ကိုင်ပြီး တပ်ကိုတိုက်တဲ့နေရာမှာ အချိန်တိုအတွင်း အောင်မြင်အောင် တိုက်ခိုက်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။
အချိန်ကြာလာတာနဲ့အမျှ အလှူငွေမလုံလောက်တော့တာ၊ လ-က်န-က်ခဲယမ်းတွေ မလုံလောက်တော့တာ၊ ဒရုန်းတွေပျက်စီးလာတာ စသဖြင့် ပြဿနာအမျိုးမျိုး သေချာပေါက်ကြုံလာရမှာပါ။ ဒါတောင် EAOs တွေက PDF တွေကို မလိမ့်တပတ်နဲ့ နောင်ချိုတို့၊ မိုးကုတ်တို့ပေးမယ်ဆိုပြီး တို-က်ခိုင်းတဲ့ပြဿနာတွေ၊ မတူမတန်ဆက်ဆံခံရတဲ့ ပြဿနာတွေမပါသေးဘူး၊ ငွေကြေးပြဿနာနဲ့တင် တော်တော် ရုန်းကန်လာရပါပြီး လမ်းပေါ်တက်ပြီး ကားတွေကိုငွေကောက်ခံတာမျိုးတွေလုပ်လာရတာ တွေ့ရတယ်။
အခုနောက်ပိုင်း တပ်ဘက်ကလည်း ဗန်းမော်မှာ KIA ကို ဒရုန်းနည်းပညာနဲ့ ပြန်တို-က်ခို-က်နေတာတွေ တွေ့ရတော့ PDF တွေရဲ့ အားသာချက်ကို ပြန်အသုံးချနေပြီး ကြာလာတာနဲ့အမျှ တပ်ဘက်က နိုင်ငံတော်အဆင့်ဘတ်ဂျက်သုံးစွဲနိုင်မှုနဲ့ PDF ဘက်က အလှူငွေဘတ်ဂျက်ဟာ ကွာဟချက်တွေဖြစ်လာမှာကို တွက်ဆမိတယ်။
မြန်မာနိုင်ငံအနှံ့မှာ ဖြန့်ကျက်ထားတဲ့ တပ်စခန်းတွေမှာ အများဆုံးရှိရင် စခန်းတစ်ခု စစ်သား ရာဂဏန်းပေါ့။ စခန်းတစ်ခုတည်းကိုပဲ ပူးပေါင်းအဖွဲ့တွေက ဒရုန်း ၁၀ စီးလောက်နဲ့ လူ ၁၅၀၀၊ ၂၀၀၀ လောက် သွားတို-က်တာ၊ တို-က်တိုင်းနိုင်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါက ပြဿနာမဟုတ်ပါဘူး။ ပြဿနာက ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာပါပဲ။ လက်မောင်းလှဲပွဲတွေလို စလှဲတဲ့သူတိုင်းနိုင်တာမှမဟုတ်တာ။
ဒရုန်းဟာ အခုမျက်မှောက်ခေတ်ရဲ့ စ-စ်ပွဲတွေမှာ အဓိကဇာတ်ကောင်ပါပဲ။ ကမ္ဘာမှာလည်း စ-စ်တွေဖြစ်နေတဲ့အတွက် ဒရုန်းတွေဟာ ကမ္ဘာနဲ့ချီပြီး လိုအပ်ချက်ဖြစ်နေပါတယ်။ NUG ရဲ့ အထောက်အပံ့တွေကနေတစ်ဆင့် ဝယ်ပေးမှ ဆင်ပေးမှရတဲ့ PDF တွေအတွက်တော့ အသစ်တွေထပ်ရဖို့ဆိုတာ မလွယ်ပါဘူး (ပေါက်ဖော်ကြီးဆီကလည်း မလွယ်တော့သလို/ အနောက်အုပ်စုဘက်ကလည်း ထရမ့်ကြောင့် မလွယ်တော့ပါဘူး)။ အကယ်၍ တပ်ဘက်ကသာ စစ်ရေး/ သံတမန်ရေး ဆက်ဆံမှုရှိနေတဲ့ နိုင်ငံတွေဆီက ဒရုန်းတွေ ဖောဖောသီသီ ဝယ်သုံးလို့ရသွားမယ်ဆိုရင် အခု စခန်းသိမ်းထားတဲ့ နယ်မြေတွေအတွက်လည်း တို-က်စစ်တွေဖွင့်လာမှာ အသေအချာပါပဲ။
ဆိုတော့
ဘယ်အချိန်အထိ တောင့်ခံနိုင်မလဲ? ဒရုန်းတွေပျက်စီးသွားလို့ အသစ်ထပ်မရတော့ရင် ဘယ်လိုလုပ်မလဲ?
FB ပေါ်က Fund Raising ပရောဂျက်တွေက ဘယ်အချိန်အထိ အလုပ်ဖြစ်မလဲ? EAOs တွေကရော ဘယ်လောက်အထိ ယုံလို့ရမလဲ?
ဘာရယ်မဟုတ်ပါဘူး။ တွေးမိတာလေး ချရေးတာ။ ဟုတ်မဟုတ်ကတော့ ကိုယ့်ဘာသာ စဉ်းစားကြပါကုန်။
(ပိုင်စိုး)
တယ်လီဂရမ်တွင်ဖတ်ရန်
https://t.me/paing_soe21
FB တွင်ဖတ်ရန်
https://www.facebook.com/share/p/1H3Hna4N94/
#paingsoe #ပိုင်စိုး

10.02.202509:23
အလှူငွေဘတ်ဂျက် Vs နိုင်ငံတော်ဘတ်ဂျက် (ပိုင်စိုး)

08.02.202516:09
ထိုင်းမြန်မာနယ်စပ်က ကျားဖြန့်အရှုပ်တော်ပုံနောက်ဆက်တွဲ
-------------------------------------------------
(၇-၂-၂၀၂၅)
ကျားဖြန့်ဟာ ပေါ့သေးသေး ပြဿနာမဟုတ်ဘူးလို့ ရှေ့မှာ ရေးခဲ့ဖူးပါတယ်။ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနိုင်စွမ်းရှိလို့ နိုင်ငံတစ်ခုဟာ ကျားဖြန့်လုပ်နေပါတယ်လို့ နာမည်ထွက်သွားရင် တစ်ကမ္ဘာလုံးက နှာခေါင်းရှုံ့ခြင်းကို ခံရမှာပါ။ မြန်မာနိုင်ငံမှာလည်း ၁၀၂၇ ဟာ ကျားဖြန့်ကနေစခဲ့တာကို မေ့ထားလို့မရပါဘူး။
မနေ့က ထိုင်းကွန်မန်ဒိုအဖွဲ့တွေက ဘန်ကောက်မှာ ကျားဖြန့်ဂိုဏ်းတွေရဲ့ကြိုးကိုင်သူ တရုတ်နိုင်ငံသားနှစ်ယောက်ကို ဝင်ဖမ်းခဲ့ပြီး ငွေကြေး၊ စပ်ဆက်ပစ္စည်းတွေအမြောက်အများနဲ့ ဖမ်းမိတယ်လို့ သတင်းတက်လာပါတယ်။ ဒီမတိုင်ခင်မှာလည်း ကျားဖြန့်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့နေရာတွေကို ရောင်းနေတဲ့ လျှပ်စစ်မီးဖြတ်မယ် ဘာညာနဲ့ အရေးတယူလုပ်ပြခဲ့ပါတယ်။ ကိုယ့်နိုင်ငံက စောကွယ်ထူးဝင်းတို့ စောချစ်သူတို့ကို အပြစ်တင် လက်ညှိုးထိုးနေချိန်မှာ ထိုင်းကတော့ သူ့ဆီထိုးလာမယ့်လက်ညှိုးကို မြန်မာဘက်ကို လှည့်လာအောင် ကြိုးပမ်းနေပါပြီ။
ဒီနေရာမှာ ထိုင်းတွေကို ချီးလည်းကျူးချင်တယ်။ ကိုယ့်နိုင်ငံကို လူလည်လုပ်သွားလို့ စိတ်လည်း ဆိုးချင်ပါတယ်။ ချီးကျူးချင်တာက ကျားဖြန့်လို ငွေကို ဘီလီယံချီ အကျိုးအမြတ်ရတဲ့ လုပ်ငန်းဆီက လျှပ်စစ်မီးတွေ ရောင်းခဲ့သလို တရုတ်သူဌေးတွေရဲ့ ငွေကြေးရင်းနှီးမှုတွေကိုလည်း ရသလောက် သဲ့ယူခဲ့ပြီး အခုလို ရုတ်ရုတ်သဲသဲဖြစ်ပြီဆိုတော့ အားချင်းပဲ ဒီနာမည်ဆိုးထဲက လွတ်အောင် ရှောင်ပြနေတာကိုတွေ့ရတယ်။
ထိုင်းဆိုတာက ကမ္ဘာလှည့်ခရီးသည်တွေရဲ့ ခရီးသွားလုပ်ငန်းနဲ့ အကျိုးအမြတ်ရနေတဲ့နိုင်ငံဖြစ်တဲ့အတွက် ဒီလို ရာဇဝတ်မှုတွေရှိပါတယ်ဆိုတဲ့ နာမည်ထွက်လို့မရပါဘူး။ အဲ့ဒီတော့ ကျားဖြန့်မှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ပေမယ့် အခုတော့ ဘာ၊ဘာ၊ဘာမှ မသိဘူးဆိုတဲ့အကွက်နဲ့ ကိုယ်လွတ်ရုန်းပြနေပါပြီ။
မြန်မာကတော့ BGF က ထိုင်းဘက်ကို ကျားဖြန့်လုပ်ငန်းရဲ့ ဒါးစာခံ ၆၁ ယောက်ကို လွှဲပေးခဲ့တယ်လို့ တွေ့ရတာက လွဲရင် အားမလိုအားမရဖြစ်မိတယ်။ အစိုးရအနေနဲ့လည်း BGF နဲ့တင်လွှဲမထားပဲနဲ့ နိုင်ငံတော်အဆင့် ကြိုးစားနေပါတယ်ဆိုတဲ့ ပုံရိပ်မျိုးကို ပြနိုင်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်နေတာထက် ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့နိုင်ငံလို့ မြင်သွားရင် ပိုပြီးတော့ နိုင်ငံတော်ပုံရိပ် ထိခိုက်နိုင်ပါတယ်။
တကယ်ဆို နိုင်ငံတော်အနေနဲ့က BGF နဲ့ ထိုင်းလို ကျားဖြန့်နဲ့ ပတ်သက်မှုမရှိလို့ ကိုင်ထုတ်ပစ်ဖို့ အကောင်းဆုံးအချိန်ပဲ။ ထိုင်းတောင်မှ ကျားဖြန့်လုပ်ငန်းကို ဝုန်းဒိုင်းဝင်မလုပ်ဘူး။ ပြေးချိန်ရအောင် အချိန်ပေးသေးတယ်။ ဒီလောက်အချိန်ပေးတာတောင် မပြေးတာကတော့ သာကောတို့ လွန်တာပေါ့လေ။
အဓိကကတော့ ကိုယ့်နိုင်ငံက အဲ့ဒီလောက် အရေးကြီးတဲ့ကိစ္စကို Active သိပ်မဖြစ်တာဟာ ကိုယ့်ကိုမခိုင်းရင် ကိုယ်နဲ့မဆိုင်သလို နေတတ်တဲ့အကျင့်ကြောင့်လို့ပဲ ထင်ပါတယ်။ တကယ်ဆို ဒီကိစ္စမှာ တာဝန်ရှိသူတွေက စီမံချက်တွေဆွဲပြီး တင်ပြသင့်သူကို တင်ပြ၊ လိုအပ်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ချက်ခြင်းလုပ်ပြ၊ နံမည်ကောင်းယူရမှာ၊ BGF ကိုလည်း နိုင်ငံရေးနည်းနဲ့ ဖိအားပေးပြီး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ပြရမှာ၊ အခုတော့ အကျိုးအမြတ်ရတာ ထိုင်းနဲ့ BGF၊ နာမည်ထွက်ရတော့ မြန်မာဆိုသလို နစ်နာရပါတယ်။
ကျားဖြန့်အကြောင်းတင်ထားတဲ့ Tiktok ရဲ့ကွန်မန့်တွေမှာကတော့ မိသားစုအရေးကြောင့် လုပ်နေရတဲ့ မြန်မာလူမျိုးအများစုရဲ့ ကွန်မန့်တွေတွေ့ရပါတယ်။ ဖြစ်နိုင်ရင် ရှောင်နေစေချင်ပါတယ်။
(ပိုင်စိုး)
တယ်လီဂရမ်တွင် ဖတ်ရန်
https://t.me/paing_soe21
FB တွင်ဖတ်ရန်
https://www.facebook.com/share/p/18fa3X3duJ/

05.02.202508:31
ဒီမိုကရေစီကို နာမည်တပ်ပြီး လူငယ်တွေနဲ့ အစိုးရအကြားအဓိကပစ်မှတ်ထားတဲ့ Milk Tea Alliance ဟာ ထိုင်းနိုင်ငံကိုလည်း ရောက်ခဲ့ပြီး ဆန္ဒပြပွဲတွေဖြစ်ခဲ့ပေမယ့် ထိုင်းလူမျိုးတွေ ထိန်းလိုက်နိုင်ပါတယ်။ ကြီးကြီးမားမားမဖြစ်ခဲ့ပါဘူး။ ကိုယ့်နိုင်ငံကတော့ ကံမကောင်းခဲ့ဘူး။ (လက်သုံးချောင်းထောင်တာဟာ Milk Tea Alliance ရဲ့ သင်္ကေတပါ။ ဒီအကြောင်းကို သပ်သပ်ထပ်ရေးပါဦးမယ်)
ပြောကြဦးမလား။ လေယူရာယိမ်းတဲ့ ဝါဒလို့။ ကျွန်တော်ကတော့ တိုင်းပြည်ကိုချစ်တယ်ဆိုတာ အဲ့လိုချစ်ခြင်းမျိုးပဲ ဖြစ်စေချင်တယ်။ ဘာလို့တိုင်းပြည် အနာခံရမှာလဲလေ။
(ပိုင်စိုး)
တယ်လီဂရမ်တွင်ဖတ်ရန်
https://t.me/paing_soe21
FB တွင်ဖတ်ရန်
https://www.facebook.com/share/p/1BJP26w8k4/

Рекорды
25.02.202523:59
2.1K
Подписчиков17.02.202523:59
200
Индекс цитирования18.02.202523:59
3K
Охват одного поста18.02.202523:59
3K
Охват рекламного поста16.02.202523:59
10.47%
ER19.01.202523:59
433.67%
ERRВойдите, чтобы разблокировать больше функциональности.