လေကိုခွင်းမဲ့သူရဲကောင်းများ
Haruka Sakura ဆိုတဲ့ကောင်လေးတစ်ယောက်ဟာသူ့ရဲ့ပုံမှန်မဟုတ်တဲ့အသွင်အပြင်ကြောင့်ငယ်စဉ်ကလူအများရဲ့ဖယ်ကြဉ်တာခံခဲ့ရပါတယ်။ဒါပေမဲ့သူဖြတ်သန်းခဲ့ရတဲ့ကြမ်းတမ်းတဲ့လောကဓံရိုက်ချက်တွေကြောင့်ဒီလိုနေ့မျိုးမှာသူဟာကျွမ်းကျင်တဲ့ဖိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
စာမေးပွဲအမှတ်တွေထက်ခွန်အားကိုပိုပြီးအလေးထားကြတဲ့ Furin အထက်တန်းကျောင်းစတက်ခဲ့တဲ့အချိန်ကစပြီး Sakura ဟာဘဝရဲ့တစ်ခုတည်းသောရည်းမှန်းချက်ကိုဆုံးဖြတ်ချက်ချခဲ့တယ်။အဲဒါကကျောင်းရဲ့ထိပ်တန်းနေရာမှာနေရဖို့ပါပဲ။ ကျောင်းဝင်ခွင့်မလျှောက်ခင်နေ့မှာပဲ Sakura ဟာရန်ပွဲတစ်ခုမှာဝင်ပါပြီးသူ့ရဲ့အနာဂတ်အတန်းဖော်တွေနဲ့တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ပြိုင်ဘက်တွေဖြစ်သွားကြမဲ့အစားSakuraရဲ့ရဲဘော်ရဲဘက်တွေဖြစ်လာခဲ့ကြပြီး အဲဒီသူ့ငယ်ချင်းတွေကကျောင်းရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကိုပြောပြလာပါတော့တယ်။ အဲဒါကတော့သူတို့ကျောင်းကြီးဟာ Makochi မြို့ကိုအန္တရာယ်တွေကနေကာကွယ်နေကြတာဖြစ်ပြီးကျောင်းသားတွေကလည်းသူတို့ကိုယ်သူတို့ Bofurin လို့ ခေါ်ကြတယ်ဆိုတဲ့အကြောင်းပါ။
Sakura ဟာမြို့ထဲကလူတွေရဲ့နွေးထွေးမှုတွေကြောင့်အရမ်းကိုအံ့ဩခဲ့ရပြီးအရင်တုန်းကမရခဲ့ဖူးတဲ့နွေးထွေးမှုတွေကိုရခဲ့တာမို့သူဟာဘဝမှာပထမဆုံးတခြားလူတွေအတွက်တိုက်ခိုက်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတော့တယ်။
ကဲ Sakura ဘယ်လိုအခက်အခဲတွေဆက်ကြုံရမလဲ တကယ်ရောမြို့ကိုသူတို့ကာကွယ်နိုင်ကြမှာလားဆိုတာကို SoulAnimedom မှာမကြာခင်တင်ပေးတော့မဲ့ Windbreaker ဆိုတဲ့ဇာတ်ကားလေးမှာစောင့်ကြည့်လိုက်တော့နော်