မုံရွာသတင်း
========
(23-1-2025)ရက်နေ့ နံနက် (11:40) အချိန်တွင် မုံရွာမြို့၊ချမ်းမြဝတီရပ်ကွက်၊ လမ်းသွယ်(၂၀)ရှိ
တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနရုံးအတွင်းသို့ အကြမ်းဖက်pdf
(၇)ဦးတို့သည် သေနတ် အရှည်(၃)လက်နှင့်အတို(၄)လက်ကိုင်ဆောင်ကာအဖြူရောင်မော်တော်ယာဥ်ဖြင့်ရောက်ရှိလာပြီး ရုံးအတွင်းရှိ ဒုဦးစီးမှူးနှင့်အတူ
ဝန်ထမ်း(၂)ဦးကို ကြမ်းပြင်တွင်ထိုင်ခိုင်းကာ ရုံးဝင်းအတွင်း၌ရပ်ထားသော
7M/7981 Odyssey အဖြူရောင်ယာဥ်(၁)စီး၊ Suzuki Swiss ယာဥ်(၂)စီး (နံပါတ် စုံစမ်းဆဲ)နှင့် ဌာနပိုင်ငွေ(၃)သိန်း(၄)သောင်းကျပ်၊ ဌာနပိုင် လက်မ(၄၀) TV (၁)လုံး၊ ဌာနပိုင် ကင်မရာ(၁)လုံးနှင့် ရုံးစာရွက်စာတမ်းများအားယူဆောင်ကာ ရေကူးကန်လမ်းမှတစ်ဆင့် မုံရွာမြို့ အရှေ့ဘက်(၄)မိုင်အကွာရှိ ကံမကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း။