Like Crazy (2011)
ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ထွက် Drama, Romance ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDb rating 6.7 နဲ့Rotten tomatoes မှာ 72% ရရှိတဲ့ အချစ်ဇာတ်ကားကောင်းလေးကို
ဒါရိုက်တာ Drake Doremus ရိုက်ကူးပြီးတော့ မင်းသားချော Anton Yelchin နဲ့Theory of everything, Star War: Rouge One တို့ရဲ့ခေါင်းဆောင်မင်းသမီးဖြစ်တဲ့Felicity Jones က Anna အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။အင်္ဂလန်ကောလိပ်ကျောင်းသူတစ်ဦးဖြစ်တဲ့ Anna က အမေရိကန်ကိုခေတ္တအလာလည်ရာမှာအမေရိကန်ကျောင်းသားတစ်ဦးဖြစ်တဲ့ Jacob နဲ့ရည်ငံမိပါတယ်။သို့ပေမယ့် Anna ဟာ ဗီဇာသက်တမ်းကုန်ဆုံးတဲ့အထိနေထိုင်ခဲ့တဲ့အတွက်အမေရိကန်မှထွက်ခွာဖို့အကြောင်းဖန်လာတဲ့အခါမှာတော့……။စိတ်ဝင်စားစရာကောင်းပြီး ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့အချစ်ကားလေးကိုတော့ကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။
Video in comment 📌