ဒီနေ့ တပ်မတော်ဘက်ကနေ စစ်တွေရဲ့ အရှေ့ဘက်မှာရှိတဲ့ ပေါက်တော ဘက်ကို လေကြောင်းတိုက်ခိုက်ပြီး ရှင်းတာ ရှိတယ်။ တကယ်တော့ လက်ရှိ စစ်တွေကို AA ဘက်က မြေစမ်းခရမ်းပျိုး လုပ်နေတာ ၂ ပါတ် လောက်ရှိနေပြီ။ စစ်တွေကို အဓိက ဒုက္ခပေးနေ တာကလည်း ပေါက်တော ဘက်ကပဲ။ စစ် သဘောအရ ကြည့်မယ်ဆိုရင် စစ်တွေ ဘေးကင်း ဖို့အတွက် တပ်ဘက်ကလည်း ရှင်းစရာ ရှိတာ ရှင်းမှာပဲ။ ဒီနေရာမှာ အကြံပြု ချင်တာကတော့ စစ်တွေအနေနဲ့ ဗန်းမော်လိုမျိုး အကဲကြည့်ဒရုန်းတွေ၊ တန်ပြန် တိုက်ခိုက်နိုင်တဲ့ ဒရုန်းတွေ ရှိထားသင့်ပါပြီ။ အမ်း ကို တိုက်ခိုက်ခဲ့ချိန်မှာ AA သုံးခဲ့တဲ့ နည်းဗျူဟာအရ စနိုက်ပါတွေ၊ ဒရုန်းတွေနဲ့ တိုက်ရိုက်ပစ် အမြှောက်တွေ အသုံးချခဲ့တာ ကို သင်ခန်းစာယူသင့်ပါတယ်။
-----
ပေါက်တောသတင်းကို ပြန်ဆက်ရရင် အဲ့သတင်းအောက်မှာ ရခိုင်တွေ မန့်နေတာ မြင်မကောင်း၊ ရှု့မကောင်းဘူး။ တကယ်ဆိုရင် ရခိုင်ပြည်နယ်မှာ တခြားတိုင်းရင်းသားဆို တာ လက်ချိုးရေလို့ရတယ်။ ပြီးခဲ့တဲ့ အပတ်ကစပြီး စစ်တွေကို AA ဘက်က အမြှောက် တွေနဲ့ ပစ်နေတာရှိတယ်။ အိန္ဒိယ သံအမတ် ရောက်နေချိန်မှာတောင် ပစ်ခတ်မှုရှိခဲ့တယ်။ ဒီလိုသတင်းမျိုးကြတော့ ရခိုင်လူမျိုးတွေ အသံထွက်တာမတွေ့ရဘူး။ AA ပစ်လိုက်တဲ့ အမြှောက် လက်နက်ကြီးတွေက ပစ်မှတ်တိတိကျကျ မရှိဘူး။ ကုန်းပေါ်ကျ ထင်းရ၊ ရေထဲကျ ငါးရ ဆိုတဲ့ ပုံစံသာသာပဲ။ စစ်တွေမြို့ပေါ်ရဲ့ လူဦးရေ အချိုးအစားကို ကြည့်ရင် လည်း ရခိုင် လူထု ကသာများလိမ့်မယ်။ ဆိုတော့…AA အတွက်က မြို့သိမ်းနိုင်ဖို့ပဲ အရေးကြီးတယ်ဆိုတာ တွေ့လိမ့်မယ်။ တချို့ရခိုင်လူမျိုးတွေရဲ့ အခြေခံစိတ်ဓာတ်ကို လည်း စစ်တွေ အတိုက်ခံရတာနဲ့ပေါက်တောအတိုက်ခံရတဲ့ ဒီသတင်း နှစ်ခုကို ချိန်ထိုး ကြည့်ရင် ကွဲကွဲပြားပြား မြင်နိုင်လိမ့်မယ်။
-----
ရခိုင်ပြည်နယ်ကို AA ထိန်းချုပ်နိုင်နေပြီလို့သာ ဆိုတယ်။ တောင်ကုတ်ဘက်က ရခိုင်သား တွေ ဘယ်ဘက် စစ်ရှောင်ကြလဲဆိုတာ အများအမြင်ပဲ။ ရခိုင်ပြည်နယ် တောင်ပိုင်းက ရခိုင်သားတွေ သူတို့ ဇာတိကို ပြန်ရဲကြလို့လား။ တချို့ကလည်း AA ဘက်က စစ်သုံးပန့်တွေ ခုတလော ပြန်လွှတ်နေတာ မတွေ့ဘူးလားလို့ ဆိုကြတယ်။ တကယ်တော့ ရခိုင်ပြည် နယ်ရဲ့ အခြေချ တပ်အများစုရဲ့ ရဲမေတွေဟာ ရခိုင်သူတွေများပါတယ်။ လူ ၉၀၀ ကျော် ပါတဲ့ သင်္ဘော (၃)စီး ကို ရေထဲမြုပ်ခဲ့လိုက်တဲ့ AA ရဲ့ လုပ်ရပ်ကို မြင်ထားပြီး ကတည်းက ဗမာဆိုရင် သိပ်သဘောကောင်းမယ်လို့ ယူဆနေလို့လားလို့ပဲ ပြန်မေးရမယ်။ နခခ (၅)ကို သိမ်းပိုက်တော့ လက်ပြန်ကြိုးတုပ်ထားတဲ့ စစ်သည်တွေကို ခွေးလို ရိုက်နှက်ကန်ကျောက် ခဲ့တဲ့ Video ဖိုင်တွေ မြင်ဖူးရင် ရခိုင် AA ရဲ့ သဘောထားကို ကောင်းကောင်းမြင်ကြည့်လို့ရပါတယ်။
(နရီမိုး)