ကန့်ဘလူမြို့နယ် PDF ခေါင်းဆောင် ဖြိုးမင်းပိုင်၏ ဇနီးဖြစ်သူ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် မီးဖွားရာ (၃) မွှာပူး မွေးဖွါးခဲ့
February 22, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ရှိ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် PDF ခေါင်းဆောင် ဖြိုးမင်းပိုင်၏ ဇနီးဖြစ်သူ ဒေါ်ချောစုမွန်မှ ယောက်ျားလေး (၃)မွှာပူး မွေးဖွားခဲ့သည်။
ဖေဖော်ဝါရီလ (၆)ရက် ည (၈)နာရီခန့်က ကန့်ဘလူ ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် PDF ခေါင်းဆောင် ဖြိုးမင်းပိုင်၏ ဇနီးဖြစ်သူ ကန့်ဘလူမြို့နယ် ကျီကုန်းကျေးရွာ မချောစုမွန်ကို ကျန်းမာရေး ဝန်ထမ်းများက သုံးမွှာပူး မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကလေးငယ်များသည် ကိုယ်လက်အင်္ဂါအစုံအလင်ဖြင့် ယောက်ျားလေး သုံးမွှာပူးဖြစ်ကြောင်း သိရှိရပြီး မိခင်နှင့် ကလေးအားလုံး ကျန်းမာလျက်ရှိကြောင်း သိရသည်။
PDF ခေါင်းဆောင် ဖြိုးမင်းပိုင်အနေဖြင့် ကန့်ဘလူမြို့နယ် ကျီကုန်းကျေးရွာ ဇာတိဖြစ်ပြီး သဖန်းဆိပ်ဆည် အနီးတွင် လှုပ်ရှားနေသည့် PDF အဖွဲ့မှ ဖြစ်သည်။
အလားတူ ဂန့်ဂေါခရိုင်ရှိ စစ်သွေးကြွ အုပ်စုများ၏ ဇနီးများသည် မကွေးဆေးရုံ၊ ပခုက္ကူဆေးရုံ၌ ဆေးကုသခြင်း၊ တက်ရောက် မီးဖွားခြင်းများ ပြုလုပ်လျက် ရှိသည်။
#PeopleMedia