Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
KO CHIT (MDY) avatar
KO CHIT (MDY)
KO CHIT (MDY) avatar
KO CHIT (MDY)
ခိုးတာကိုက ပင်နီရောင်လေးနဲ့

😜
05.05.202511:30
မော်စကိုမြို့သို့ ဦးတည်ပျံသန်းနေသည့် ဒရုန်းများကို ရုရှားကပစ်ချခဲ့

မေ ၅

ရုရှားနိုင်ငံ မြို့တော် ရင်ပြင်နီတွင် စစ်ရေးပြ ချီတက်ပွဲ ပြုလုပ်ရန် နိုင်ငံရပ်ခြား ခေါင်းဆောင်များ မစုဝေးကြမီ ရက်ပိုင်းအလိုတွင် မော်စကိုမြို့သို့ ဦးတည်သွားနေသည့် ဒရုန်း ၄ စင်းကို ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပစ်ချခဲ့ကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ပိုဒိုလ်စခ် ခရိုင်ရှိ ကာကွယ်ရေးတပ်ဖွဲ့များသည် မော်စကိုမြို့သို့ ဦးတည်ပျံသန်းနေသည့် ဒရုန်းလေးစင်း၏တိုက်ခိုက်မှုကို တုံ့ပြန်နိုင်ခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂျီဆိုဘီယန်နင်က တယ်လီဂရမ် တွင် ရေးသားဖော်ပြခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာ၌ ပျက်စီးမှု သို့မဟုတ် အ‌ေ-သအပျောက်များ မရှိကြောင်း ကနဦးသတင်းထုတ်ပြန်ချက်တွင် ဆိုဘီယန် က ပြောကြားပြီး အရေးပေါ် ဝန်ဆောင်မှု ကျွမ်းကျင်သူများသည် အခင်းဖြစ်ပွားရာနေရာ၌ လုပ်ဆောင်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားပိုင်နက်ကို ပစ်မှတ်ထားသော ယူကရိန်း မောင်းသူမဲ့ ဒရုန်း စုစုပေါင်း ၂၆ စင်း သည် ညတွင်းချင်း ပျက်စီးသွားကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောကြားခဲ့ပါသည်။

မော်စကိုသို့ ချဉ်းကပ်လာသော ဒရုန်းများကို ပစ်ချခြင်းအပြင် ဗရီအန်စ် ဒေသတွင် ဒရုန်း ၁၇ စင်းနှင့် ကာလုဂါ ဒေသတွင်ဒရုန်း ၅ စင်းကို ဖျက်စီးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက တယ်လီဂရမ် တွင် ရေးသားဖော်ပြထားသည်။

အရှေ့မြောက်ဘက်တွင် မော်စကိုဒေသနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကာလုဂါ ဒေသ၏ အုပ်ချုပ်ရေးမှူးများနှင့် ယူကရိန်းနယ်စပ်ရှိ ဗရီအန်စ် ဒေသတွင် ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် ပျက်စီးမှုမရှိကြောင်း လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ရင်ပြင်နီတွင် စစ်ရေးပြ ချီတက်ပွဲနှင့် ဒုတိယကမ္ဘာစစ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မေလ ၉ ရက်နေ့တွင် သမ္မတ ဗလာဒီမာပူတင်က မိန့်ခွန်းပြောကြားမည် ဖြစ်ပါသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် ဘရာဇီးသမ္မတ လူအီဇ် အင်ဆီယို လူလာ ဒါ စီဗလား တို့ တက်ရောက်မည်ဖြစ်ပြီး နိုင်ငံရပ်ခြားမှခေါင်းဆောင်များ ပါဝင်တက်ရောက်မည်ဖြစ်သည်။

ယူကရိန်းပဋိပက္ခ၌ မော်စကို နှင့် ယူကရိန်းတို့၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်းနှင့် ရုရှားနိုင်ငံမြို့တော်မော်စကိုရှိ လူနေမှုအခြေအနေများမှာ တဖြည်းဖြည်း ဆိုးရွားလာ‌နေသည်။

ယူကရိန်းသည် ယခင်က မော်စကိုကို ပစ်မှတ်ထားခဲ့သော်လည်း ပြင်းထန်စွာ ‌ေ-သစေနိုင်သော တိုက်ခိုက်မှုများမှာ ရှားပါသည်။

မြို့တော်တဝိုက်တွင် ၉၁ စင်းအပါအဝင် နိုင်ငံတစ်ဝန်း “ကြီးမားသော” တိုက်ခိုက်မှုတွင် ဒရုန်း ၃၃၇ စင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ်လတွင် ပြောကြားခဲ့သည်။

Ref: ရိုက်တာ
Кайра бөлүшүлгөн:
တိုက်ပွဲသတင်းစုံ avatar
တိုက်ပွဲသတင်းစုံ
05.05.202506:34
၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့က မိုးဗြဲမြို့၊ လယ်တီကျောင်းတိုက်အတွင်းရှိ အကြမ်းဖက်သူပုန်စခန်းအား သိမ်းပိုက်ရရှိတဲ့ ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။ 🏆🏆🏆
-
တိုက်ပွဲသတင်းစုံ
05.05.202505:29
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တပ္ပဝတီရပ်၊ ပန်းတဥ်းတန်း ရပ်ကွက်က ဂက်စ်ဆိုင်တခု ဒီကနေ့ မေလ ၅ ရက်နေ့ ၁၁ နာရီ ဝန်းကျင်ခန့်က မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
05.05.202502:09
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၅လမ်း၊ ၈၂လမ်းနင့်၈၃လမ်းကြားရှိ မန္တလေး ငလျင်ကြီးဒဏ်သင့်မှုကြောင့် အနီရောင်အဆင့်သတ်မှတ်ထားသော ၈ ထပ်အဆောက်အဦမှာ ယနေ့ မေ ၄ ရက်ညနေပိုင်းက အောက်ထပ်၂ထပ်ပြိုကျသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ (ရုပ်သံ)

သတင်းတွေဖတ်ရန် နှိပ်ပါ
🇲🇲🇲🇲🇲🇲
https://t.me/ckkmdy969
05.05.202500:35
မြေငလျင်သတင်းအမှတ်စဉ် ၁၆၂
=====================
နေ့စွဲ ၅-၅-၂၀၂၅
လှုပ်ခတ်သည့်အချိန် - ၀၆း၀၃း၁၄
အင်အားပမာဏ - ၄.၅ ရစ်(ခ်)တာစကေး
အနက် - ၁၆ ကီလိုမီတာ
ဗဟိုချက်တည်နေရာ - ပျော်ဘွယ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၂၀) ခန့်
05.05.202512:42
RIP Skype

တစ်ချိန်က လူသုံးများခဲ့တဲ့ Skype ဟာ ဒီကနေ့မှာတော့ အားလုံးကိုနှုတ်ဆက်ခဲ့ပါပြီ။ လူသားတို့ရဲ့ ဆက်သွယ်ရေးမှာ ဗီဒီယို ခေါ်ဆိုမှုနဲ့ နှစ် ၂၀ ကျော်လောက် ဝန်ဆောင်မှုပေးခဲ့ပေမယ့် ခုတော့ Microsoft ရဲ့ အစိတ်အပိုင်းတစ်ခုဟာ ရပ်ဆိုင်းသွားခဲ့ပါပြီ။ Skype နဲ့ ပတ်သက်တဲ့ ဒေတာတွေကတော့ download ဆွဲလို့ရပါအုံးမယ်။
#SkypeShutdown
#VideoCalling
#MobileGuide
05.05.202505:54
5-5-2025 မန္တလေး
74-118 လမ်း မာလာ

တစ်ရက်တည်း ၂ ကြိမ်ရှိပါပြီ

ပထမမီးက

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တပ္ပဝတီရပ်၊ ပန်းတဥ်းတန်း ရပ်ကွက်က ဂက်စ်ဆိုင်တခု ဒီကနေ့ မေလ ၅ ရက်နေ့ ၁၁ နာရီ ဝန်းကျင်ခန့်က မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
05.05.202505:28
​တောင်ဥက္ကလာတွင်တရားခံ​ပြေးမှပစ်ခတ်သဖြင့်ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရ

NOM၊​မေ၅၊၂၀၂၅

​တောင်ဥက္ကလာပမြို့နယ်၊(၁၄)ရပ်ကွက်၊သံသုမာလမ်းနှင့်သစ္စာလမ်းဆုံတွင်​မေလ၂ရက်ည​နေ၄း၅၅နာရီအချိန်ကလုံခြုံ​ရေးအဖွဲ့ကို​သေနတ်ဖြင့်ခုခံပစ်ခတ်​သောတရားခံ​ပြေးကိုရဲတပ်ဖွဲ့ကပြန်လည်ပစ်ခတ်ဖမ်းဆီးလိုက်​ကြောင်းသိရသည်။

ရန်ကင်းရဲစခန်းတွင်ရာဇသတ်ကြီးပုဒ်မ၃၈၀ဖြင့်အမှုဖွင့်ထားသူ​ကျော်နန္ဒ(ခ)သိန်းသန်းကိုသတင်းအရရဲတပ်ဖွဲ့မှသူ​မောင်းလာ​သောကားအားပိတ်ဆို့ဖမ်းစဥ်ရဲတပ်ဖွဲ့ဝင်များအားသူကိုင်​ဆောင်ထား​သောColts  ပစ္စတိုဖြင့်ပစ်ခတ်ထွက်​ပြေး၍ရဲတပ်ဖွဲ့ကပြန်လည်ပစ်ခတ်ဖမ်းဆီးရာ​ပေါင်တွင်ကျည်​ဖောက်ဝင်ဒဏ်ရာဖြင့်ဖမ်းမိခဲ့​ကြောင်းသိရသည်။တရားခံ၏ပစ်ခတ်မှု​ကြောင့်ဒုရဲမှူးတစ်ဦး​ညာလက်ဖျံတွင်ကျည်​ဖောက်ဝင်ဒဏ်ရာရခဲ့သည်။တရားခံ​ကျော်နန္ဒ(ခ)သိန်းသန်း(၄၈နှစ်)ကိုColts ပစ္စတိုတစ်လက်၊ကျည်ကပ်တစ်ခု၊ကျည်၆​တောင့်တို့နှင့်အတူသူ​မောင်းနှင်လာ​သော3N/1733 Wishကား​ပေါ်တွင်ဖမ်းဆီးရမိ​ကြောင်းသိရသည်။
05.05.202502:08
အောင်မြေသာစံမြို့နယ်အတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား

မန္တလေး မေ ၄

ယနေ့ မွန်းလွဲ ၂ နာရီ ၂၄ မိနစ်အချိန်က အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၂၀)၊ ၇၆လမ်း၊ ၄ လမ်းနှင့် ၅လမ်းကြားနေ ဦးဘိုဘိုဝင်း ၃၅နှစ်၊ (ဘ)ဦးရဲမြင့် ပိုင်ဆိုင်သော ONE MOBILE Sale & Service ဖုန်းဆိုင်၏ ၁၅ ပေ၊ ပေ ၄၀ ခန့်ရှိ နံကပ် ၂ ထပ်တိုက်ခန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ စစ်နယ်မြေမှ တာဝနရှိသူများ၊ အမှတ်(၄) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၃ စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၂၈ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ရသည့် အကြောင်းရင်းအား စစ်ဆေးရာ နေအိမ်အပေါ်ထပ်ရှိ မွှေ့ယာပေါ်တွင် လျှပ်စစ်စန္ဒရား အားသွင်းထားရာမှ အပူလွန်ကဲပြီး မွှေ့ယာအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၀၀၀ဝဖြစ်ကြောင်း နှင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးဘိုဘိုဝင်းအား ဥပဒေအရအမှုဖွင့်အရေးယူ‌ ဆောင်ရွက်ထား‌သည်။

အလားတူ အောင်မြေသာစံမြို့နယ် သီရိမာလာအရှေ့ရပ်ကွက်၊ ၂၃ လမ်း၊ ၈၇ လမ်းနှင့် ၈၈လမ်းကြားတွင် မွန်းလွဲ ၃ နာရီ ၂၂ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နယ်မြေခံ မီးသတ်ယာဥ်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၈ မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နေအိမ် ၅ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)


သတင်းတွေဖတ်ရန် နှိပ်ပါ
🇲🇲🇲🇲🇲🇲
https://t.me/ckkmdy969
04.05.202511:11
မိုးကုတ် GP မှာ အာချောင်နေတဲ့ကောင်မ
စောင်သူခိုး .. ကချင်ပိန်းအုတွေ
-
အေးသာဖဲ
05.05.202505:39
၅-၅-၂၀၂၅ (၁၁:၂၀)

ကျောက်မဲ ✈️✈️✈️ ကျဲ
Кайра бөлүшүлгөн:
Ko Thet avatar
Ko Thet
PDF ထဲမှာလည်း ဒီလိုအမှန်မြင်တတ်တဲ့သူတွေရှိတယ်
-
မူရင်းပို့စ်
https://www.facebook.com/permalink.php?story_fbid=pfbid0s1juGHXjknGweBtVXo5NuastRQEGkFwfdgFTaDL3tQC9ZgikTfwRyXmdBMF9vMBzl&id=100010249420837
အကုန်ဂိန်ရမှာ

😂😂😂

သတင်းတွေဖတ်ရန် နှိပ်ပါ
🇲🇲🇲🇲🇲🇲
https://t.me/ckkmdy969
Кайра бөлүшүлгөн:
Ko Thet avatar
Ko Thet
အမှိုက်တစ်ခု ရှင်းသွားတာပေါ့ .. USAID ဖျက်လိုက်လို့ လစ်ကုန်ကြတာ ..
-
ထိုင်းမှာ အခြေစိုက်ပြီး ဘာ project ညာ project ခေါင်းစဉ်ပြပြီး ဒေါ်လာယူ .. အမိတိုင်းပြည်ကို ဖျက်တယ်...
-
နောက်ထပ် ပိတ်မယ့် မီဒီညာတွေလည်း မကြာခင်လာလိမ့်မယ်.. ၅ ဒေါ်လာစား အောင်ဇော်တို့လည်း ခွေးဖြစ်တော့မယ်..
-
05.05.202511:48
၅.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(B)အဆောင်၊ (C) အဆောင်နှင့် (D)အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ (C)အဆောင်မှ ၁၇ ၁၀ အချိန်တွင် ကျား(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ပါသည်။

သတင်းတွေဖတ်ရန် နှိပ်ပါ
🇲🇲🇲🇲🇲🇲
https://t.me/ckkmdy969
05.05.202507:14
ကျွန်တော့်ရဲ့ တစ်တော့လေးပါ

https://www.tiktok.com/@chit.ko.ko.mdy?_t=ZS-8w606PRbl9r&_r=1
05.05.202505:36
တပ်နှင့်ပူးပေါင်းတပ်များ နန့်ယားကိုကျော်ပြီး ကပ်မှော်ရွာထဲရောက်ရှိနေပြီဟု ကချင်သတင်းများမှ ဆိုလာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ဘက်ကို ထိုးစစ်ဝင်နေတဲ့ တပ်နှင့်ပူးပေါင်းအဖွဲ့ဟာ နန့်ယားကျေးရွာကိုကျော်ပြီး ကပ်မှော်ရွာထဲထိရောက်ရှိနေပြီလို့ ကချင် သတင်းများက အထူးသတင်းအနေဖြင့် ဖေါ်ပြလာကြပါတယ်။

တပ်မှစစ်ကြောင်းဟာ ဧပြီလ ၂ ရက်နေ့ နန့်ယားကျေးရွာရောက်လာပြီး KIAပူးပေါင်းတပ်က ပိတ်ဆို့ထားနိုင်တယ့် အခြေနေကနေ မေလ ၅ ရက်နေ့မှာတော့ ကပ်မှော်ရွာထဲထိရောက်ရှိနေပြီလို့ KIA နဲ့နီးစပ်တဲ့ဒေသခံ ခုလိုပြောလာတာပါ။

မေလ ၅ ရက်နေ့ ဒီမနက် ၅ နာရီဝန်းကျင်မှာတော့ နန့်ယားကျော်ပြီး ကပ်မှော်ရွာထဲဝင်ရောက်လာကာ ကချင်နှစ် ခြင်းခရစ်ယာန်ဘုရား ကျောင်းဝင်းထဲရောက်လာကြပြီး ဝင်ရောက် နေရာယူကုန်တာလို့ ဒေသခံတွေက ပြောပါတယ်။

ထိုတပ်စစ်ကြောင်းဟာ ဧပြီလ ၂၃ ရက်စပြီး အင်းတော်ကြီးဒေသဘက်နဲ့ တနိုင်းလီဒိုလမ်းမ၊ လဝါးကျေးရွာကနေ ကားမိုင်း- ဖားကန့်ဒေသဘက်ကို ဦးတည်ပြီးထိုးစစ်ဆင်ဝင်လာတာကနေ KIA/PDF ပူးပေါင်းအဖွဲ့တွေက မအူပင်ရွာနဲ့ ကျောက်ထုရွာကြားမှာ ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပေမယ့် အခုမှာတော့ မအူပင်ကနေ၊နန့်ယား၊ကပ်‌မှော်အထိ ထပ်ပြီးကျော်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖားကန့်သွားလမ်းပေါ်က နန့်ယားကျေးရွာအပါ ဆိုင်းဖရာနဲ့ ကပ်မှော်ဒေသတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်ကျော်အတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီး KIO ယန္တရားလည်ပတ်နိုင်တာ တစ်နှစ် ပြည့်ချိန် တပ်ပူးပေါင်းအဖွဲ့က အခုလို တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။

ဖားကန့်ဘက် ထိုးစစ်ဝင်လာနေတဲ့ ပူးပေါင်းတပ်အဖွဲ့မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့က အများဆုံးပါဝင်ပြီး လေတပ်မှလေကြောင်းပစ်ကူနဲ့ဟန်ချက်ညီညီဝင်လာတယ့်အတွက် KIAပူးပေါင်းအဖွဲ့များမှ မပိတ်ဆို့နိုင်တော့တာလို့သိရပါတယ်။
ရန်ကုန်ကိုသယ်ဆောင်မယ့် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဧပြီလ ၂၉ ရက်နေ့ ည ၈ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် အောင်ပန်းမှ ရန်ကုန်သို့ တင့်ဇော်လင်း(ခ)တင့်ဇော် မောင်းနှင်ပြီး မဇာနည်လင်း လိုက်ပါလာသည့် MITSUBISHI FUSO ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ တင်ဆောင်ပေးသူ ရဲသွေးအောင်(ခ)ဖိုးလပြည့် အား အောင်ပန်းမြို့၊ ဗိုလ်ချုပ်ကွင်းရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
စောစောစီးစီး စိတ်တောင်မကောင်းဘုးစ်

ရွှတ် ဖတ်
ယနေ့ မိုးကုတ်
Көрсөтүлдү 1 - 24 ичинде 2 042
Көбүрөөк функцияларды ачуу үчүн кириңиз.