Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
အိန္ဒိယဇာတ်ကားကောင်းများ avatar
အိန္ဒိယဇာတ်ကားကောင်းများ
အိန္ဒိယဇာတ်ကားကောင်းများ avatar
အိန္ဒိယဇာတ်ကားကောင်းများ
အိန္ဒိယတစ်ဝှမ်းမှာ နာမည်ကြီးခဲ့တဲ့ တစ္ဆေပုံပြင်တွေကို စုစည်းရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့…

၁။ အထီးကျန်တစ္ဆေအဘွားအို

၂။ အစွဲအလမ်းတစ်ခုကြောင့် ကိုယ့်သန္ဓေသားကိုပြန်စားနေရတဲ့မိန်းမတစ်ယောက်

၃။ ကျတ်ကုန်းသို့ အလည်တစ်ခေါက်ရောက်သွားတဲ့ကျောင်းဆရာ...

၄။ မြေးကိုချစ်တဲ့ တစ္ဆေဘွားဘွား...စတဲ့ တစ္ဆေပုံပြင်လေးပုဒ်ပါဝင်ပါတယ်။

ဒီ Horror moives လေးကတော့ netflixကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ ကားလေး ဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာ သူနာပြုတစ်ဦးက ဘယ်သူမှမရှိတဲ့ အိမ်တစ်အိမ်ကို လေဖြတ်နေတဲ့ အဘွားအိုတစ်ဦးကိုပြုစုဖို့ ရောက်ရှိလာပါတယ်

အဘွားအိုရဲ့သားဖြစ်သူဟာ ပိတ်ရက်တွေရောက်မှပြန်လာတယ်လို့သိရှိရပြီး အဘွားအိုကတော့ သူသားရှိတယ်လို့ပြောပြီး ထူးဆန်တဲ့အသံတွေပဲကြားနေရပါတယ်။

တစ်ရက် အဘွားအိုဆုံးပါးသွားပြီး ဘာတွေဆက်ဖြစ်မလဲ…

ကြောက်မက်ဖွယ်ကောင်းသောယောက္ခမများ၊ နားမလည်နိုင်သည့်စင်္ကြံမှအသံများ စသည်မှတစ်ဆင့် ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်များကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

ထိုအပြင်မြို့ကြီးမြို့ငယ်တို့မှ အသားစားလူသားများအကြောင်းပါ ကြည့်ရှုရမှာဖြစ်တဲ့ အတွက် Horror ကြိုက်သူများအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

#Crd
04.04.202513:50
Petromax (2019)
Dora (2017)

ဒီကားလေးကတော့ IMDb မှာ rating 5.3 ရထားတဲ့ Action, Horror, Thriller ကားလေးပါ။

အဖေတစ်ခုသမီးတစ်ခုနှင့် ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်။ သူမဟာ ကိုယ့်ကိုကိုယ်ထိန်းကျောင်းနေရသလိုဖြစ်နေတော့ ဒေါသက သာမန်မိန်းကလေးတွေထက်ပိုကြီးသလို စိန်ခေါ်မှုတွေကိုလည်း အမြဲရင်ဆိုင်ဖြေရှင်းလေ့ရှိတယ်။ တစ်နေတော့သူ့ရဲ့အဒေါ်ကိုစိန်ခေါ်ပြီး ကားအငှားကုမ္မဏီတည်ထောင်ဖို့ ကားအဟောင်းတစ်စီးကိုဝယ်ယူခဲ့ပါတယ်။ အဲ့ဒီကားအိမ်ကိုရောက်လာတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေ တက်ပါတော့တယ်။

ဘာတွေများဆက်ဖြစ်လာမှာလဲဆိုတာကိုတော့ ဇာတ်ကားလေးကို ကြည့်ပြီးခံစားပေးကြပါဦးဗျာ။

#Credit
17.04.202502:12
Ghost Stories [2020]
Petromax (2019) မြန်မာစာတန်းထိုး
---------------------------------
Horror/Comedy
IMDb . 6.1/10
ဘာဟုဘာလီမင်းသမီးလေးရဲ့ ဇာတ်ကားသစ်လေးပေါ့ဗျာ ။
ဒီကားမှာတော့ သူက တစ္ဆေ...
သူဘယ်လိုသေသွားရလဲဆိုတာကို သူမသိဘူး။
သူသေခဲ့တဲ့အိမ်ကြီးမှာ သူ့ကိုသတ်သွားတဲ့သူကိုစောင့်နေခဲ့တာပေါ့ ။
တစ်နေ့ အိမ်ပိုင်ရှင်က ဒီအိမ်ကြီးကိုရောင်းဖို့ကြိုးစားတဲ့အခါမှာ သူတို့အတွက်နေစရာမရှိဖြစ်တော့မှာဆိုတော့
အိမ်ကိုလာဝယ်ဖို့ကြိုးစားတဲ့သူတိုင်းကိုခြောက်လွှတ်တာပေါ့ ။
တကယ်တမ်းက ဒီအိမ်ပိုင်ရှင်က ဘယ်သူလဲ ။ ဘာကြောင့် သူတို့တွေသေခဲ့ရတာလဲ ။ ဘယ်လိုနည်းနဲ့ အသတ်ခံလိုက်ရတာလဲဆိုတာကတော့..
Hirkani [2019]

Imdb 8.2/10 (Drama/Historical Period Drama)

မိန်းမဟူသော အမေဆိုတာသည်မှာ
အားနွဲ့တဲ့မိန်းမသားတစ်ယောက်ပင်ဖြစ်လင့်ကစား သားသမီးနဲ့ပတ်သက်လာရင် မတ်စောက်တဲ့ချောက်ကမ်ပါးယံလည်းမမှု အန္တရာယ်အသွယ်သွယ်ဖြတ်ကျော်မယ့် မရာထားအမျိုးသမီးတစ်ယောက်ရဲ့ ဇွဲမလျှော့တမ်း ရဲရဲဝင့်ဝင့်ထားရှိတဲ့ မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်...
St*r*ee 2 (2024)
***

ဒီကားလေးကတော့ သရဲကားကိုမှ ဟာသလေးနှော ပြီး ရိုက်ကူးထားတဲ့ horror comedy ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်

ဒီကားကို ကုဋေ ၆၀  အကုန်အကျခံ ရိုက်ကူးခဲ့ပြီး ရုံတင်ပြပြီးချိန်မှာတော့ ကုဋေ ၆၀၀ ကျော်ကို ရရှိထားပြီး ဖြစ်ပါတယ်
Amuar Kaushik က ရိုက်ကူးထားပြီး ရက်ကူမာရိုလ် က အပ်ချုပ်သမား ဗစ်ကီအဖြစ် သရုပ်ထားသလို ရှဒီနာကပူးလ် က စုန်းမလေး အဖြစ် သရုပ်ဆောင်ထားပါတယ်
ဒီဇာတ်ကားကို ဟင်ဒီ ဘာသာတစ်မျိူးတည်းနဲ့ပဲ ပြသထားပေမယ့်လို့ trailer စပြတည်းကပင် ၀က်၀က်ကွဲ အားပေးမှုကို ခံထားရတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်

ဗစ်ကီက သူငယ်ချင်းဖြစ်သူရဲ့ ကောင်မလေး ရုတ်တရတ်ပျောက်ဆုံးသွားတာကို လိုက်စုံစမ်းပေးရင်း မကောင်းဆိုးဝါးတွေ အကြောင်းသိပြီး နှိမ်နင်းရဖို့ အကြောင်းဖန် လာခဲ့ပါတယ်
အဲ့အချိန်မှာပဲ သူ့ရဲ့ချစ်သူ စုန်းမလေး ပါ ရောက်လာခဲ့ပြီး သူငယ်ချင်းတွေ တစ်သိုက်နဲ့ မကောင်းဆိုးဝါး နှိမ်နင်းကြပုံကို ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ ဘောလီဝုဒ် ဇာတ်ကားကောင်းလေး တစ်ကားပါ
15.04.202517:16
0557
04.04.202513:47
Saand Ki Aankh (2019)
04.04.202513:44
Hirkani [2019]
30.03.202515:20
Str***ee.2 2024
Inti Number 13 (2024)
“အိမ်နံပါတ် ၁၃”

ဒီတစ်ခါတော့ သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ စိတ်၀င်စားစရာကောင်းတဲ့ တေလဂူစကားပြော
horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းစစချင်းမှာ အသက် ၉၀ အရွယ်အဘိုးကြီးတစ်ယောက်က သဘာ၀လွန်ဖြစ်ရပ်အကြောင်းပြောတာနဲ့
အစပျိုးထားပါတယ်။ အဲဒါကတော့ အိမ်တစ်အိမ်နဲ့ ပတ်သက်နေတဲ့ဖြစ်ရပ်ပါ။

အဲဒီအိမ်က အိမ်နံပါတယ် ၁၃…။

တစ်နေ့တော့ အဲဒီအိမ်ကို လူအသစ်တွေရောက်လာကြပါတယ်။ သူတို့ကတော့ စာရေးဆရာလေးအာဂျွန်နဲ့ သူ့အစ်ကိုဆန်ဂျေးတို့လင်မယားပါပဲ။

သူတို့တွေရောက်လာပြီးတဲ့နောက်ပိုင်း အိမ်မှာဘာတွေထူးခြားလာမလဲ၊ သူတို့တွေ အဲဒီအိမ်ကိုဘယ်လိုရောက်လာတာလဲ၊ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေမလဲ…

ဇာတ်လမ်းအစက အဘိုးကြီးကရော ဘယ်လိုဆက်စပ်ပတ်သက်နေမလဲဆိုတာကို ကြောက်စရာ သည်းထိတ်ရင်ဖိုဇာတ်၀င်ခန်းတွေနဲ့အတူ ကြည့်ရှုကြရမှာဖြစ်ပါတယ်။

(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။)
04.04.202513:47
Saand Ki Aankh (2019)

ဒီဇာတ်လမ်းဟာ အိန္ဒိယနိုင်ငံရဲ့ပထမဦးဆုံးနိုင်ငံတကာပြိုင်ပွဲမှာ ဆုရသွားတဲ့လူအကြောင်းရဲ့ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကောင်းပါ...
ဖြစ်ရပ်မှန်ဇာတ်ကြောင်းတွေဆို တစ်ဖွဲ့တစ်နွဲ့ နဲ့ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးပြနိုင်တဲ့ အိန္ဒိယဇာတ်လမ်းကောင်းတွေနဲ့ ရင်းနှီးကြဖူးမှာပါ..
ဒီဇာတ်လမ်းမှာလဲ အဲ့ဒီပထမဆုံးဆုကိုရသွားတဲ့သူဟာရှေးရိုးဆန်တဲ့ရွာကမိန်းကလေးဖြစ်ပြီး သူ့ရဲ့အဘွားတွေရဲ့စိတ်ဓါတ်ကြိုးစားအားထုတ်ပုံတွေကို
အဓိကထားရိုက်ကူးထားတာပါ..
ရွာတွေမှာမိန်းကလေးဆိုရင် အိမ်မှုကိစ္စလုပ်
အချိန်တန်ယောက်ျားယူ..ပြီးရင်လင်ယောက်ျားကိုပြုစုလုပ်ကျွေးရင်းနဲ့ပဲ မိန်းကလေးတွေဘဝဟာ ကုန်ဆုံးသွားရပါတယ်
ဒါပေမယ့်ဒီဇာတ်လမ်းထဲက ဘွားဘွားနှစ်ဦးကတော့ သူတို့ရဲ့သမီးတွေကို သူတို့လိုမဖြစ်အောင် ဘယ်လိုအတိုက်အခံအကြံအဖန်တွေလုပ်ပြီး ရုန်းထွက်ကြမလဲဆိုတာကိုတော့...
ဒီ အိန္ဒိယ ဇာတ်ကားက ခင်ဗျားတို့ ထင်ထားတာထက်ကို ကောင်းပါတယ်....
ရှေးရိုးဆန်တဲ့အတွေးတွေ အယူအဆတွေကြောင့် အရည်အသွေးတွေ အရည်အချင်းတွေကို ချိုးနှိမ်ထားခံရသလိုဖြစ်နေတဲ့အနေအထားက အားလုံးကို အတိုက်အခံလုပ်ပြီး ကြိုးစားပြထားတာကိုဆွဲဆောင်မှုရှိအောင်ရိုက်ပြထားတာပါ..ပြသချိန် (၂) နာရီဆိုတာကိုတောင် ခင်ဗျားတို့ မေ့လျော့သွားပါလိမ့်မယ်...
04.04.202513:41
Dora(2017)
Көрсөтүлдү 1 - 15 ичинде 15
Көбүрөөк функцияларды ачуу үчүн кириңиз.