tapswap community
tapswap community
Notcoin Community
Notcoin Community
tapswap community
tapswap community
Notcoin Community
Notcoin Community
K Lovers Movies avatar

K Lovers Movies

TGlist рейтинг
0
0
ТипАчык
Текшерүү
Текшерилбеген
Ишенимдүүлүк
Ишенимсиз
Орду
ТилиБашка
Канал түзүлгөн датаFeb 06, 2025
TGlistке кошулган дата
Aug 14, 2024

Рекорддор

27.04.202523:59
58.1KКатталгандар
01.03.202523:59
200Цитация индекси
27.04.202504:16
2.7K1 посттун көрүүлөрү
27.04.202504:16
2.7K1 жарнама посттун көрүүлөрү
17.08.202423:59
1.92%ER
27.04.202504:16
4.57%ERR
Катталуучулар
Citation индекси
Бир посттун көрүүсү
Жарнамалык посттун көрүүсү
ER
ERR
OCT '24JAN '25APR '25

K Lovers Movies популярдуу жазуулары

Streaming (2025)

https://t.me/kloversmovies5z/28

ကိုရီးယားမှာ ရေပန်းအစားဆုံးသော မှုခင်းရုပ်သံလိုင်းကို ထုတ်လွှင့်သူ Woo Sang ကWAG ဆိုတဲ့ Streaming ပလက်ဖောင်းမှာ မဖြေရှင်းရသေးတဲ့ အမှုတွေကို ခွဲခြမ်းစိတ်ဖြာတဲ့
Profiler တစ်ယောက်အနေနဲ့ ကျော်ကြားသလို Subscriber အများဆုံး နံပါတ် ၁ နေရာမှာ
ရှိနေတဲ့သူဆိုလည်း မမှားပါဘူး။
တစ်နေ့မှာတော့ သူ့ ထုတ်လွှင့်မှုကြောင့် အငြင်းပွားမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး သူ့ နာမည်လည်း
တစ်ဟုန်ထိုး ကျသွားပါတော့တယ်။
Woo Sang လည်း သူ့ရဲ့ မူလထိပ်တန်းနေရာကို ပြန်လည်ရောက်ရှိဖို့ရန်အတွက် နာမည်ဆိုးနဲ့
ကျော်ကြားနေတဲ့ ကွင်းဆက် လူသတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်ပြီး
စုံစမ်းစစ်ဆေးခြင်းကို စတင်ခဲ့တယ်။
ဒီလိုနဲ့ သဲလွန်စတွေကို တစ်စတစ်စ လိုက်ရှာရင်း လူသတ်သမားရဲ့ နာမည်ကို ဖော်ထုတ်နိုင်ဖို့
တဖြည်းဖြည်း နီးစပ်လာခဲ့သလို လူသတ်သမားကလည်း သူ့ရဲ့ လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေခဲ့ရာ...
ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့
Crypto Man (2025)

https://t.me/mkoreanmovies8/121

ဒီဇာတ်ကားဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့မင်းသား Song Jae Rim ရဲ့ နောက်ဆုံးဇာတ်ကားဆိုလည်း ဟုတ်ပါတယ်။

ဉာဏ်ကြီးရှင် အဖြစ် အများက သတ်မှတ်ထားတဲ့ ဒိုဟျွန်းဟာ ချီးကျူးခံရတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီဖို့ရာအတွက်ဘယ်နည်းနဲ့မဆို အောင်မြင်အောင် ကြိုးစားနေထိုင်ပါတယ်။ အောင်မြင်မှု သရဖူဆောင်းရမယ်ဆိုတဲ့ ရည်မှန်းချက်
ကြီးမားတဲ့ ဒိုဟျွန်းတစ်ယောက် တစ်နေ့မှာတော့ စွန့်ဦး တီထွင် လူငယ်တွေ အတွက် နိုင်ငံတော်ကနေ
ထောက်ပံ့ကြေးရရှိခဲ့ပြီး အဲဒီထောက်ပံ့ကြေးဟာ လုပ်ငန်းတည်ထောင်လိုသူတွေနဲ့ လုပ်ငန်းဒေဝါလီခံသွားရတဲ့
သူတွေအတွက် ရည်ရွယ်တဲ့ ထောက်ပံ့ကြေးဆိုတာကို သိသွားတဲ့ နောက်မှာတော့ ဒိုဟျွန်းက သူ့လုပ်ငန်းကို
တမင်တကာ ထပ်ခါတလဲလဲ အရှုံးပေါ်အောင် လုပ်ပါတော့တယ်။ အဲဒီ နောက်မှာတော့ ရင်းနှီးမြှုပ်နှံသူ ကယ်ဗင်ရဲ့
အကူအညီနဲ့ MOMMY COIN ဆိုတဲ့ ဒီဂျစ်တယ်ငွေကြေးစနစ်ကိုပါ တီထွင်သွားနိုင်ပါတော့တယ်။
အချီကြီး အောင်မြင်သွားပေမဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ ဒိုဟျွန်းတစ်ယောက်
အဆုံးထိ အောင်မြင်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက် ရှုစားပေးကြပါဦး။
Karma (2025)

https://t.me/kloversmyanmarseries2/5797

“ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပဲ့တင်လာလိမ့်မည်” ဆိုသလိုကိုယ်ပြုတဲ့ကံရဲ့နောက်ဆက်တွဲအကျိုးဆက်ဆိုးတွေကို ခံစားကြရမဲ့ကြမ္မာတူ လူ၆ ဦးရဲအကြောင်းကိုရှုစားရမှာပါ။
ပဟေဠိဆန်ဆန် မတော်တဆမှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်ခဲ့ပြီး ပြန်ပြောင်းလဲလို့ မရတော့တဲ့
အပေးအယူတစ်ခုကိုလုပ်မိခဲ့တဲ့ “မျက်မြင်သက်သေ” တစ်ယောက်.. ဆရာဝန်တစ်ယောက်
ဖြစ်လာသည့်တိုင်အောင် ကလေးဘဝက စိတ်ဒဏ်ရာကနေ မလွတ်မြောက်နိုင်သေးသူ “ဂျူယွန်း”..
ဘဝကြီးကို ပြောင်းလဲပစ်ချင်လို့ ငွေတိုးချေးစားတဲ့သူတွေဆီကနေ ပိုက်ဆံချေးပြီး ရင်းနှီးမြှုပ်နှံမိရာကနေပိုက်ဆံတွေဆုံးရှုံးလိုက်ရတဲ့ “ဒုက္ခသည်တစ်ယောက်”..
မတရားသဖြင့် အလုပ်ဖြုတ်ခံလိုက်ရပေမဲ့ တစ်ဖက်မှာကျ ပိုက်ဆံတွေပုံပေးပြီး အလုပ်တစ်ခုလုပ်ပေးဖို့ကမ်းလှမ်းတာကိုခံလိုက်ရပြန်တဲ့ “ဂီယုံး”..
ဂန်နမ်မှာ အောင်မြင်နေတဲ့ဆေးခန်းတစ်ခုကို ဦးစီးနေရာကနေ မတော်တဆမှုတစ်ခုကို ကျူးလွန်လိုက်မိတဲ့”မျက်မှန်နဲ့လူတစ်ယောက်” နဲ့ ရည်းစားဖြစ်သူ “ယူဂျောင်း”..
ကိုယ်စီကိုယ်စီ ဘဝပေးအခြေအနေတစ်မျိုးစီအခက်အခဲတစ်မျိုးစီနဲ့ ဒီလူ ၆ ယောက်မွေးရာပါကံကြမ္မာရဲ့အလှည့်စားခံရပြီးအကျိုးဆက်ဆိုးတွေနဲ့ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါ ..။
I Am The King (2012)

https://t.me/mkoreanmovies8/118

အိမ် ရှေ့စံအဖြစ် တင်မြှောက်ခံထားရတဲ့ သားအကြီး မင်းသားယန်း ညောကသောက်စားမူးယစ်ပြီး ပျော် ပါး နေတာ ကြောင့် ရာထူးချပြီး ဘုရင်ထယ်ဂျုံးက တတိယ မြောက်သား တော်မင်းသားချွန်း ညောကို အိမ် ရှေ့စံအဖြစ် တင် မြှောက်လိုက်ပါ တော့တယ်။  ဒါပေမဲ့လည်း မင်းသားချွန်း ညောဟာတိုင်းပြည် ရေးကို စိတ်မဝင်စားဘဲ စာ ပေ ကိုပဲ လေ့လာလိုက်စားချင်တဲ့သူဖြစ်တယ်။
ဘုရင်ဖြစ်ချင်တဲ့ဆန္ဒမရှိတာ ကြောင့် နန်း တော်ထဲက ထွက် ပြေးသွားတဲ့အချိန်မှာ မင်းသားချွန်း ညောနဲ့
တစ်ပုံစံတည်းတူတဲ့ အ စေခံ ဒေါ့ချီဆိုသူကလည်း နန်း တော်ထဲ ခိုးဝင်လာတာနဲ့ ကွက်တိဖြစ်ပြီး နှစ်ယောက်သားလူလဲကာ ဒေါ့ချီက အိမ် ရှေ့စံအစား နန်း တော်ထဲက ဖိအား တွေခံစားရပြီး မင်းသားချွန်း ညောက အ စေခံအစားနှိပ်စက်ခံရတဲ့အချိန်…. တိုင်းပြည်ရဲ့ ပကတိအ ခြေအ နေကို မျက်ဝါးထင်ထင် သိမြင်လိုက်တဲ့အခါ ဘုရင်မဖြစ်ချင်တဲ့
မင်းသားချွန်း ညောအ နေနဲ့ ပြည်သူလူထုကို မျက်ကွယ်ပြုသွားမလား ဒါမှမဟုတ် ပြည်သူလူထုအတွက်
မားမားမတ်မတ် ရပ်တည်သွားမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ပါဦးရှင်။
When Life Gives You Tangerines (2025)

စ/ဆုံး

https://t.me/kloversmyanmarseries2/5606

ဂျယ်ဂျူကျွန်းပေါ်က Ae-Sun (IU)ဆိုတဲ့ကောင်မလေးကတော့ စာအုပ်ဖတ်ရတာကို ချစ်မြတ်နိုးပြီး
နာမည်ကျော်ကြားတဲ့ ကဗျာဆရာမဖြစ်လာဖို့ ရည်မှန်းချက်ရှိသူ‌လေးပါ .. ။ ဆင်းရဲတဲ့ မိသားစု
နောက်ခံကြောင့် ကျောင်းတက်ခွင့်မရပေမဲ့လည်း ခေါင်းမာပြီး ကလန်ကဆန်နဲ့ ထင်ရာစိုင်းတတ်တဲ့
အကျင့်လေးကြောင့် သူမရဲ့အိပ်မက်ကို လက်လျှော့ဖို့လည်း နည်းနည်းလေးမှ စိတ်မကူးခဲ့ပါဘူး။

သူမရဲ့ ငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ Gwan-Sik(Park Bo-Gum) ဆိုတဲ့ စကားနည်းတဲ့ကောင်လေးကတော့
ရိုးသားကြိုးစားပြီး Ae-Sun အတွက်သာ အမြဲတမ်းရှိနေပေးပြီး သူကလွဲပြီး ဘာကိုမှမသိတဲ့သူမျိုးပါ။

1950 ခုနှစ်ရဲ့ ဂျယ်ဂျူကျွန်းပေါ်က လူငယ်လေးနှစ်ယောက်ရဲ့ ငယ်ရွယ်မှုဘဝတွေ ၊ မဖြစ်နိုင်တဲ့
အခြေအနေတွေကြားက မက်ခဲ့ရတဲ့အိပ်မက်တွေ ၊ ဖြူစင်ရိုးသားတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ တစ်ယောက်ကို
တစ်ယောက် ဘေးနားကနေ ဘယ်လိုအနစ်နာခံပြီး ဖြည့်ဆည်းပေးသွားကြမလဲဆိုတာကို နစ်မြောဖွယ်
ကြည့်ရှူရမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်တာကြောင့် လက်လွှတ်မခံဘဲ စောင့်ကြည့်လိုက်ကြပါဦးနော်။
The Killer's Shopping List(2022)

https://t.me/+FGcM4lnEVJE3YjA1

အားလုံးအတွက် ဟာသလည်းပါပြီး သဲထိတ်ရင်ဖိုဖြစ်ရမယ့် ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်....
အဲဒါကတော့ မင်းသားလီကွမ်ဆူနဲ့ AOA ကအချောလေး ‌Seolhyunတို့ပါဝင်သရုပ်ဆောင်ထားတဲ့
The Killer's Shopping Last ဇာတ်ကားလေးဖြစ်ပါတယ်.....

Ahn Dae Sungက မှတ်ဉာဏ် အလွန်ကောင်းသူ တစ်ယောက်ဖြစ်ပါတယ်....
အစိုးရဝန်ထမ်း သုံးခါ ကျပေမဲ့လည်း သူဟာ ဇွဲမလျှော့ဘဲ စာဆက်ကြိုးစားနေဆဲပါပဲ....
Ahn Dae Sungဟာ သူ့အမေပိုင်တဲ့ MS martမှာ အချိန်ပိုင်း ဝန်ထမ်းအဖြစ် အလုပ်လုပ်ပြီး
သူ့ချစ်သူဖြစ်တဲ့Ah Hee က ရဲဝန်ထမ်းတစ်ယောက်ပါ.....
တစ်နေ့တော့ ထူးဆန်းလျှို့ဝှက်တဲ့ လူသတ်မှုတစ်ခုဟာ သူတို့ရဲ့ MS martနားကတိုက်ခန်းမှာ ဖြစ်ပွားခဲ့ပါတယ်..... ဒီအမှုကို Dae Sung, Ah Heeနဲ့ Dae Sung အမေ Myung Sook တို့
သုံးယောက်သား ဘယ်လို စုံစမ်းဖော်ထုတ်ကြမလဲဆိုတာကို ဟာသနှော ရိုက်ကူးထားပြီး
အသည်းတယားယားနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်.....
The Art Of Negotiation (2025)

စ/ဆုံး

https://t.me/kloversmyanmarseries2/5621

Sanin လုပ်ငန်းစု M&A အဖွဲ့ဟောင်းမှာ အဓိကကျတဲ့ Yun Ju No ကတော့ ထုတ်ဖော်ပြောပြလို့မရတဲ့ အကြောင်းတရားတွေကြောင့်
ဟာဝိုင်အီကို ထွက်လာပြီး တစ်နေ့မှာ ရုတ်တရက်ကြီး အစအနပျောက်သွားပါတော့တယ်...ရာထူးချခံရတယ်ဆိုတဲ့ ကောလာဟလတွေ
ပျံ့နေပေမဲ့လည်း တကယ့် အမှန်တရားကိုတော့ ဘယ်သူမှမသိခဲ့ရပါဘူး...အဲဒီလိုနဲ့ ၃နှစ်အကြာမှာ Sanin လုပ်ငန်းစုက ဝမ် 11 ထရီလီယံ အကြွေးတင်ပြီး ဒေဝါလီခံလိုက်ရတဲ့အခါမှာ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ Ju No ကို ကိုရီးယားကို ပြန်ခေါ်ခဲ့ပါတယ်...Sanin လုပ်ငန်းစုကို ကယ်တင်ဖို့က သူ့အတွက် အဓိကမစ်ရှင်တစ်ခုဖြစ်လာပြီးနောက် ကိုယ်စားလှယ် Song Jae Sik ရဲ့ အထောက်အပံ့နဲ့ M&A team အသစ်တစ်ခုကို ဖွဲ့စည်းပြီး

အန္တရာယ်များတဲ့ အကြီးစားညှိနှိုင်းရေး‌လောကထဲကို ဝင်ရောက်ဖို့အတွက် အတော်ဆုံး စေ့စပ်ညှိနှိုင်းသူတွေကို စုစည်းလိုက်ပါတော့တယ်...
နောက်ဆုံးအခွင့်အရေးအနေနဲ့ အရဲစွန့်ကြိုးပမ်းပြီး ကုမ္ပဏီကို ပြန်လည်ကယ်တင်သွားနိုင်မလား ..."ညှိနှိုင်းရေးနတ်ဘုရား" ဆိုတဲ့ ဂုဏ်ပုဒ်ကို
ပြန်လည်ယူဆောင်ပေးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ
The Haunted Palace (2025)

https://t.me/kloversmyanmarseries2/5949

Yoon Gab(Yook Sung-Jae) ဟာ ဂုဏ်သိက္ခာရှိပြီးတော့ ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရ
အမှုထမ်းတစ်ဦးပါ .. ။ တစ်နေ့မှာတော့ ဂန်ချောလ်လို့ အမည်ရတဲ့ ..
ကောင်းကင်ပေါ်ကို တက်ဖို့ကြိုးစားနေတဲ့ အီမူဂီ (ခေါ်) ဒဏ္ဍာရီလာသတ္တဝါဟာ Yoon Gab ရဲ့
ခန္ဓာကိုယ်ကို အပိုင်ရယူသွားပါတယ်။ အဲဒီနောက် Yoon Gab ဟာလည်း အပြုအမူတွေလည်း
စတင်ပြောင်းလဲလာပြီး လူတွေဆီကနေ အကြည်ညိုပျက်ခံလာရပါတော့တယ် .. ။

Yoon Gab နဲ့ အတိတ်တုန်းက အချစ်ဦးတွေဖြစ်ခဲ့ကြတဲ့ Yeo-Ri (Bona)ကတော့ နာမည်ကြီး
နတ်ဝင်သည်ရဲ့ တစ်ဦးတည်းသော မြေးမလေးဖြစ်ပြီး .. ဝိညာဉ်ရေးရာ ပါရမီတွေကိုလည်း
အမွေဆက်ခံထားရသူတစ်ဦးပါ။

အဲဒီလိုနဲ့ တစ်ရက်မှာတော့ စွမ်းအားပြင်း အမျိုးသမီးဝိညာဉ်တွေ၊ နတ်ဆိုးတွေနဲ့ ပြည့်နေတဲ့
နန်းတော်ထဲကို ဝင်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် .. ။
တစ်ဖက်မှာလည်း တိုင်းပြည်ကို တိုးတက်ပြောင်းလဲ‌စေဖို့အတွက် စိတ်အားထက်သန်လှတဲ့ ဘုရင်
Lee Sung(Kim Ji-Hoon)…
နန်းတွင်းထဲမှာ ထူးဆန်းပြီး မယုံနိုင်စရာကောင်းတဲ့ ဝိညာဉ်ရေးရာပြဿနာတွေဖြစ်လာတဲ့အခါမှာ...
Weak Hero Class 2 (2025)

https://t.me/kloversmyanmarseries2/6013

ယွန်းရှီအွန်း (Park JiHoon) ဟာ တန်ပြန်တိုက်ခိုက်ပေမဲ့ ကျရှုံးခဲ့ရတဲ့ သူ့အတိတ်က ရက်စက်ဖွယ်ကောင်းတဲ့
သင်ခန်းစာဒဏ်ရာတွေကို သယ်ပိုးရင်း အွန်းဂျန်အထက်တန်းကျောင်းကို ပြောင်းလာခဲ့ပါတယ်။
ရှေ့တစ်ခေါက်ကလိုမျိုး သူငယ်ချင်းနောက်တစ်ယောက် ထပ်မဆုံးရှုံးဖို့ ဆုံးဖြတ်ထားခဲ့တဲ့သူဟာ
ဘတ်ဟူမင်း(Ryeo Un), ‌ဆောဂျွန်းထယ်(Choi Min Yeong), ဂိုဟျွန်းထက် (Lee Min Jae)တို့နဲ့အတူ
အဖွဲ့ကျသွားခဲ့ပါတယ်။ သို့သော်လည်း ယုတ်မာတဲ့ နာဘဲ့ဂျင်း (Bae Na Ra) ဦးဆောင်တဲ့ဂိုဏ်းက
သူတို့ သူငယ်ချင်းအုပ်စုကို မျက်စိကျသွားတဲ့အခါ မထင်မှတ်ဘဲ ရှီအွန်းတစ်ယောက် တိုက်ပွဲတစ်ခုမှာ
ရှင်သန်နိုင်ဖို့အတွက် သူ့ကိုယ်သူ သူကန့်သတ်ထားတဲ့အတိုင်းအတာ အလွန်ကို တွန်းပို့နေမိတဲ့အခါ.....
ရှေ့တုန်းက ရင်ဆိုင်ခဲ့ဖူးသူတွေထက် ပိုအားကောင်းပြီး သနားညှာတာမှုကင်းမဲ့တဲ့ ရန်သူနဲ့ ရင်ဆိုင်တွေ့ဆုံရတဲ့
အလျောက် သူ့ဘေးမှာရှိတဲ့သူတွေကို ကာကွယ်နိုင်သွားမလား ဒါမှမဟုတ် သူချစ်ခင်ရတဲ့သူတွေ ကျရှုံးတာကိုမတတ်နိုင်ဘဲ ထိုင်ကြည့်နေရမလားဆိုတာကို Class 1 ပရိသတ်ကြီးတွေ အကြိုက်တွေ့ဦးမှာ အသေအချာပဲမို့ ကြည့်လိုက်ကြပါဦး...
Tokyo Vampire Hotel (2017)

https://t.me/webdramabyklovers/3674

ဇွက်ဇွက်ဇွက်အခန်းတွေလည်း တကယ်ကြမ်းလို့ Supernatural နဲ့ Action ကြိုက်တဲ့ ပရိသတ်တွေအတွက်လည်း အကြိုက်တွေ့စေမယ်လို့မျှော်လင့်ပါတယ်...

မာနာမီဆိုတဲ့ကောင်မလေးက ၂၂နှစ်ပြည့်မွေးနေ့မှာ သူငယ်ချင်းတွေနဲ့လျှောက်လည်ရင်းနဲ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်...

ဒရက်ကူလာမျိုးနွယ်စုရဲ့ကေနဲ့ ကော်ဗင်မျိုးနွယ်စုက ယာမာဒါတို့ဟာ မာနာမီနောက်ကို အတင်းလိုက်ပြီးဖမ်းဖို့ကြိုးစားကြတယ်...

ယာမာဒါက မာနာမီကိုဖမ်းပြီး သူပိုင်တဲ့တိုကျိုဟိုတယ်မှာ ချုပ်ထားဖို့ကြံစည်ထားတယ်...ဒါ့အပြင် ယာမာဒါက လူငယ်အရွယ် ယောကျ်ား မိန်းမတွေကို

ကမ္ဘာကြီးပျက်တော့မယ်လို့ ဦးနှောက်ဆေးပြီး တိုကျိုဟိုတယ်မှာ အနုနည်းနဲ့ ချုပ်ထားပါသေးတယ်...

ယာမာဒါတစ်ယောက် ဘာလို့ ဒီလိုတွေ ကြံစည်နေသလဲ...

ဟိုတယ်ထဲဘာလို့ လူငယ်အရွယ်တွေကို ဖမ်းထားရတာလဲ...

ကေကရော ဒီအတိုင်းကြည့်နေတော့မှာလား...

မာနာမီဆိုတဲ့ကောင်မလေးကိုရော ဘာကြောင့် သူတို့တွေ လိုချင်နေကြတာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်...
The First Responders S1/S2

https://t.me/+39ystMsY-h9iNWFl

Cast အလန်းစားတွေဖြစ်တဲ့ ထိပ်တန်းဝါရင့်မင်းသားကြီး Kim Rae Won ပါဝင်ထားပြီး Son Ho Jun, Gong Seung Yeon တို့ကပါ အဓိကပါဝင်သရုပ်ဆောင်သွားကြမှာပါ။

စိတ်လှုပ်ရှားစေမယ့် ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး အမှုတွေကိုကိုင်တွယ်ဖြေရှင်းသွားကြမှာပါ။ Jin Ho Gae (Kim Rae Won) က ရဲအနေနဲ့ပါဝင်ပြီး အဖက်ဖက်တော်လွန်းတဲ့ ဘယ်အရာကိုမှဂရုမစိုက်ပဲ တရားခံကိုဖမ်းဖို့အတွက်သာအာရုံစိုက်တတ်သူပါ။

Bong Do Jin ကတော့ အေးစက်တဲ့ပုံစံကြောင့် အထင်မှားခံရလေ့ရှိပေမယ့် အကြောက်တရားတွေမရှိပဲ မီးလောင်ရင်ကယ်ဖို့အတွက်သာ ဦးစားပေးလုပ်ဆောင်တတ်သူ တော်လွန်းတဲ့မီးသတ်သမားတစ်ယောက်ပဲဖြစ်ပါတယ်။ Song seol ဆိုတဲ့ ဒဏ်ရာတွေကိုကုစားပေးမယ့် စာနာတတ်တဲ့နှလုံးသားရှိသူဆေးမှူးလေးလည်းပါဝင်ကာ စိတ်ဝင်စားကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။
Tomb of the River (2021)

https://t.me/kloversmovies2/23

"လူကြမ်းမှာလည်း နူးညံ့တဲ့နှလုံးသား ရှိပါတယ်
လူကြမ်းပေမဲ့ လူမိုက် မဟုတ်ဘူး
လူမိုက်ဆိုရင်‌ အစွမ်းကုန်မိုက်ရမယ်..."

ကိုရီးယား အက်ရှင်ကားဆို နာမည်ကြီးတဲ့ဇာတ်လိုက်ကျော် Jang Hyuk ရဲ့ Tomb of the River ကိုတင်ဆက်ပါဦးမယ်
လူကြမ်းဆိုပေမဲ့ ဆိုးသွမ်းတဲ့အလုပ်တွေ မလုပ်တဲ့ ဂီဆော့နဲ့
အဆိုးသွမ်းဆုံးအလုပ်တွေမှ ရွေးလုပ်တဲ့ မင်ဆော့....
ဆန့်ကျင်ဘက်စရိုက်ရှိတဲ့နှစ်ယောက်က တူညီတဲ့လမ်းကိုရွေးရတော့မဲ့အချိန်မှာ ဘယ်လိုတွေ အပြောင်းအလဲဖြစ်သွားမလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော်

ကြမ်းတမ်းတဲ့ fighting တွေကိုမှ သဘောကျတတ်တဲ့ ပရိသတ်တွေအတွက်ကတော့အားရစရာကောင်းမဲ့ ဇာတ်ကားတစ်ကားဖြစ်မှာ အသေအချာပါပဲ။
The Golden Spoon (2022)

https://t.me/+9PvwXlHVNONiNDBl

ဘဝမှာအချစ်ခံပြီးကြီးပြင်းလာရပေမယ့် ဆင်းရဲတဲ့မိသားစု အချစ်တွေမရှိတဲ့ချမ်းသာတဲ့မိသားစု ရွေးချယ်ခွင့်သာရရှိခဲ့ရင် သင်ဘယ်မိသားစုကိုရွေးချယ်မှာလဲ??

ဒီကားလေးက Webtoon ကို အ​ခြေခံထားတဲ့ဇာတ်ကားဖြစ်ပြီး Seung Cheon မှာထူးခြားဆန်းကြယ်တဲ့ ဘဝတွေကိုလှည့်ပြောင်းနိုင်တဲ့ဇွန်းလေးကို ပိုင်ဆိုင်ထားပါတယ်။ Seung Cheon ကသူ့သူငယ်ချင်းရဲ့ချမ်းသာတဲ့ဘဝကို လဲလှယ်လို့ရပေမယ့် ငါဘယ်လိုဘဝမျိုးမှာနေထိုင်ချင်လဲကို အခြေအနေတွေနှိုင်းယှဥ်ကာ ဆုံးဖြတ်ခံပါတယ်။

သူ့ရဲ့ပြောင်းလဲနိုင်တာကတော့ အခွင့်အရေးသုံးကြိမ်သာရှိမှာပါ။ ဒီထူးခြားတဲ့ကားလေးကို မင်းသား Yook Sung Jae, Lee Jong Won, Jung Chae Yeon, Yeon Woo တို့ကအဓိကထားသရုပ်ဆောင်သွားကြမှာဖြစ်တာမို့ စိတ်ဝင်စားဖွယ်ကြည့်သွားကြရမှာပဲဖြစ်ပါတယ်။
Catch Your Luck (2025)

https://t.me/+z5zORYue8VQ2YzNl

ဟန်မူချော (ခေါ်) K-Scrooge ဟာ ဒယ်ဝန်းအဆောက်အဦပိုင်ရှင်ဖြစ်ပြီး ငွေသည်သာ
အရာရာလို့သတ်မှတ်ထားသူပါ။ မိသားစုထက် ငွေရှာရတာကိုပိုကြိုက်နှစ်သက်တဲ့သူဖြစ်ပြီး
ငွေကို ဒီထက်မကပို ရချင်ဇောနဲ့ ရှာရာကနေ တစ်နေ့မှာတော့ အလိမ်ခံလိုက်ရပါတော့တယ်...

ဂင်ဒယ်ရှစ်ကတော့ ကျောင်းတုန်းက ဟန်မူချောနဲ့ ပြိုင်ဘက်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့
ဟန်မူချောရဲ့အိမ်ငှားတစ်ယောက်သာ ဖြစ်နေပါတော့တယ်။ ဒယ်ဝန်းအဆောက်အအုံပထမထပ်မှာ မိန်းမဖြစ်သူနဲ့အတူ ကြက်ကြော်ဆိုင်ဖွင့်ထားပြီး ငွေမရှိပေမဲ့ မိသားစုအပေါ်စိတ်ရောကိုယ်ပါ မြှုပ်နှံထားသူပါ။

အီဒင်းအိမ်ခြံမြေအကျိုးဆောင်ပိုင်ရှင်ဖြစ်တဲ့ ချွဲဂယူထယ်ကတော့ ဟန်မူချော ,ဂင်ဒယ်ရှစ်တို့နဲ့
သူငယ်ချင်းဖြစ်ပြီး VIP ဖောက်သည်ဖြစ်တဲ့ ဟန်မူချောအပေါ် ကျေးဇူးတင်စိတ်ရှိသူပါ။
တစ်နေ့မှာ သားဖြစ်သူ နှလုံးခွဲစိတ်ဖို့အတွက် ခွဲစိတ်ခလိုအပ်လာတဲ့အခါမှာတော့....

ပိုက်ဆံရှိတဲ့လူ ,ပိုက်ဆံမရှိတဲ့လူနဲ့ ပိုက်ဆံရှိချင်တဲ့ သူငယ်ချင်းသုံးယောက်တို့နဲ့ သူတို့မိသားစုတွေမှာ ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးတွေကို တနင်္လာနေ့ကနေ သောကြာနေ့အထိတစ်ပတ်ကို ၅ ပိုင်း တင်ဆက်သွားပေးမှာဖြစ်လို့ ကြည့်ရှုခံစားပေးကြပါဦးနော်။
A Reason to Live (2011)

https://t.me/kloversmovies6/48

ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ နာမည်ကြီး မင်းသားမင်းသမီးတွေပါဝင်တဲ့ Life, Drama အမျိုးအစားလေး A reason to liveဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ..

မတော်တဆမှုတစ်ခုကြောင့် စေ့စပ်ထားတဲ့သူ ဆုံးရှုံးသွားတဲ့ ဒါဟယ်(Song Hye Kyo)ဟာ
ကတ်သလစ်ဘာသာ ယုံကြည်သက်ဝင်သူ တစ်ယောက်အနေနဲ့ အပြစ်သားကို ခွင့်လွှတ်ပေးဖို့
လက်မှတ်ကို ကိုယ်တိုင် ထိုးခဲ့သူပါ...

တစ်နှစ်ကြာပြီး တစ်နေ့မှာတော့ ကတ်သလစ်ဘုရားကျောင်းတစ်ခုရဲ့ တောင်းဆိုမှုအရ
သေဒဏ်ကို ဖျက်သိမ်းပေးဖို့အတွက် မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ဖို့ဖြစ်လာတဲ့အခါ ..

အမျိုးမျိုးသော လူသေမှုတွေရဲ့ နစ်နာသူတွေဘက်က မိဘဆွေမျိုးတွေကို အင်တာလိုက်ဗျူးရင်း
သူ့စေ့စပ်ထားတဲ့သူ ဟန်ဆန်းဝူ (Ki Tae Young)ကို သတ်ပစ်ခဲ့တဲ့ အလယ်တန်းကျောင်းသား
ဘယ်လိုများ ရှင်သန်ကြီးပြင်းနေလဲဆိုတာကို သိချင်လာပါတော့တယ် ..

ဒါဟယ်တစ်ယောက် ဘုရားသခင်ရဲ့အလိုဆန္ဒနဲ့ သူရဲ့ စိတ်ထဲက ခွင့်လွှတ်မှုဟာ အစစ်အမှန်ဖြစ်မလား
ဆိုတာကို ရသမြောက်မြောက်တင်ဆက်ထားတာမို့လို့ ကြည့်ရှုစီးမျောလိုက်ပါဦးနော် .. ။
Көбүрөөк функцияларды ачуу үчүн кириңиз.