Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Николаевский Ванёк
Николаевский Ванёк
Лачен пише
Лачен пише
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Николаевский Ванёк
Николаевский Ванёк
Лачен пише
Лачен пише
PAN avatar
PAN
PAN avatar
PAN
ပါကစ္စတန်နိုင်ငံဘက်မှ အမြောက်ဖြင့် ပစ်ခတ်မှုကြောင့် အိန္ဒိယဘက်တွင် သေဆုံးသူ ၁၆ ဦးအထိရှိလာကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား။

Ref: RT
ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်အနေနဲ့ အာမခံထားသည့် ပစ္စည်းပေါ်မူတည်ပြီး ချေးငွေများ လျှောက်ထားနိုင်
*****************
(ပြည်တွင်း) မေ ၈

ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ CHID Bank တွင် အာမခံထားရှိသည့် ပစ္စည်းအပေါ်မူတည်ပြီး ဆောက်လုပ်ရေးချေးငွေများကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) က လုပ်ငန်းလည်ပတ်ရန် ချေးငွေများလိုအပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာများကို Construction Loan အား အာမခံ ထားရှိသည့် ပစ္စည်းအပေါ်မူတည်၍ တွက်ချက်ကာ ချေးငွေထုတ်ချေးပေးမှာဖြစ်ပါတယ်။

ချေးငွေရယူလိုသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာများအနေနဲ့ မိမိတို့ထားရှိမည့် အာမခံ ပစ္စည်း တန်ဖိုးအပေါ်တွင် တွက်ချက်၍ ချေးငွေပမာဏကို ချေးပေးမှာဖြစ်ပြီး.........

သတင်းအပြည့်အစုံဖတ်ရန်..
Webpage>>...
https://positiveanglenews.com/2025/05/08/ကန်ထရိုက်တာများနှင့်-ဆေ/

VK Link>>...
https://vk.com/wall-220066330_11836

Telegram»...
https://t.me/positiveanglenews

#PAN
08.05.202511:03
ဆီလီကွန်ကျောက်လို့ခေါ်တဲ့ သလင်းကျောက်တူးဖော်တဲ့ကုမ္ပဏီတစ်ခုနဲ့ အဲ့ဒီကုမ္ပဏီကိုတူးဖော်ခွင့်ပြုတဲ့ တအောင်းပလောင်သောင်းကျန်းသူ TNLA တွေအလိုမရှိဘူးလို့ နမ့်ခမ်းဒေသခံတွေက ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ရန်ကုန်မြို့မှာ နိုင်ငံတကာယဉ်ကျေးမှုဆိုင်ရာပြပွဲများ ကျင်းပမည်
*****************
(ပြည်တွင်း) မေ ၈

ရန်ကုန်မြို့မှာ အမေရိကန်အပါအဝင် နိုင်ငံ ၈ နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ Cultural Connection ပွဲကို ကျင်းပသွားမည်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖော်ပြထားတယ်လို့ သိရပါတယ်။

အဆိုပါပွဲကို မေလ ၁၆ ရက်မှ ၂၅ ရက်အတွင်း ကျင်းပသွားမှာဖြစ်ပြီး ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့၏ သံရုံးများနှင့် ယဉ်ကျေးမှုစင်တာတွေရဲ့ သက်ဆိုင်ရာနိုင်ငံအကြောင်းကို လေ့လာနိုင်ရန်အတွက် မည်သူမဆိုတံခါးများဖွင့်ထားပြီး ကြိုဆိုနေမှာဖြစ်ကြောင်း ပြောဆိုထားတယ်လို့ သိရပါတယ်။

ဒါကြောင့် စိတ်ပါဝင်စားသူများအနေနဲ့ သံရုံး/စင်တာတစ်ခုခုသို့ဖြစ်စေ သို့မဟုတ် အကုန်လုံးကိုဖြစ်စေ သွားရောက်လည်ပတ်ခဲ့မည်ဆိုပါက တမူထူးခြားတဲ့ တွေ့ကြုံခံစားမှု၊ ထိတွေ့ဆက်ဆံမှုနှင့် စူးစမ်းလေ့လာခွင့်......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/08/ရန်ကုန်မြို့မှာ-နိုင်ငံ/

VK Link>>...
https://vk.com/wall-220066330_11826

Telegram»...
https://t.me/positiveanglenews

#PAN
ရွှေမော်ဓောစေတီတော်မြတ်ကြီးမှာ ညောင်ရေသွန်းပွဲတော်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်
****************
(ပြည်တွင်း) မေ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြိုရှိ ဆံတော်ရှင်ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးမှာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတော်နှင့် ညောင်ရေသွန်းပွဲတော်ကို ကဆုန်လပြည့်နေ့၊ မေလ ၁၁ ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) နံနက် ၅ နာရီမှာ ဗုဒ္ဓပူဇာ အစီအစဉ်အရ သံဃာအပါး ၁,၀၀၀ နှင့် ရွှေမော်ဓော စေတီတော်ကြီးကို ဗုဒ္ဓါဘိသေက အနေကဇာသဘင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး သံဃာအပါး ၁,၀၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့ကိုလည်း အရုဏ်ဆွမ်းကပ်လှူမယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်ကျင်းပမှာဖြစ်ပြီး ညောင်ရေသွန်းပွဲတော်ကိုတော့ ညနေ ၄ နာရီက စတင်ပြီးကျင်းပပြုလုပ်သွားမှာ.....

သတင်းအပြည့်အစုံဖတ်ရန် -
https://positiveanglenews.com/2025/05/08/ရွှေမော်ဓောစေတီတော်မြတ/

VK Link>>...
https://vk.com/wall-220066330_11823

Telegram»...
https://t.me/positiveanglenews

#PAN
08.05.202514:38
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ RT TV Channel နှင့် Krasnaya Zvezda သတင်းစာတို၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြား

Ref: MRTV
ရန်ကုန်တက္ကသိုလ်ဌာနပေါင်းစုံက စစ်ကိုင်းတောင်ရိုး ငလျင်ဘေးအတွက် အလှူငွေလှူဒါန်း
*****************
(ပြည်တွင်း) မေ ၈

စစ်ကိုင်းမြို့မှ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို အောင်ချက် မြင့်မားရေးသင်ကြားပို့ချပေးမည့် ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ဆရာမများက စစ်ကိုင်းတောင်ရိုးငလျင်ဘေးအတွက် အလှူငွေများ လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။

သီတဂူအဓိပတိဆရာတော်ဘုရားကြီးကို ဦးထိပ်ထား၍ ရန်ကုန်တက္ကသိုလ်ဌာနပေါင်းစုံ ပါမောက္ခကထိက ဆရာ/ဆရာမများမှ စစ်ကိုင်းတောင်ရိုးငလျင်ဘေးကြောင့် ပြိုပျက်သွားသော ဘုရား၊စေတီများ ပြုပြင်မွမ်းမံ ရန်အတွက် အလှူတော်ငွေ ၇၅ သိန်းကျပ်ကို လှူဒါန်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းအချိန်က ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတက္ကသိုလ်မှာ ထားရှိတဲ့ ကချင်ပြည်နယ်၊ မန္တလေးတိုင်း.........

သတင်းအပြည့်အစုံဖတ်ရန်..
Webpage>>...
https://positiveanglenews.com/2025/05/08/ရန်ကုန်တက္ကသိုလ်ဌာနပေါ/

VK Link>>...
https://vk.com/wall-220066330_11834

Telegram»...
https://t.me/positiveanglenews

#PAN
ကဝမြို့နယ်က ဒီရေတောတစ်ခုကို ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်
*****************
(ပြည်တွင်း) မေ ၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းက ဧရိယာအကျယ်အဝန်း ၂၈၃၉၂ ဧကရှိတဲ့ နယ်မြေကို “အောင်နိမိတ် ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး အမိန့်ကြော်ငြာစာအမှတ် (၄၂/၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း(၄)ရက် (၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်)မှစပြီး သတ်မှတ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/ လေမုန်တိုင်းဒဏ် ခံစားရ မှုများအား သဘာဝ......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/08/ကဝမြို့နယ်က-ဒီရေတောတစ်ခ/

VK Link>>...
https://vk.com/wall-220066330_11830

Telegram»...
https://t.me/positiveanglenews

#PAN
ကျခဲ့သော သွေးစက်တိုင်းအတွက် အိန္ဒိယကို လက်စားချေမည်ဟု ပါကစ္စတန် ဝန်ကြီးချုပ်က ပြောဆို။

Ref:RT
ယနေ့ မေလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရာများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (B)အဆောင်၊ (C)အဆောင်နှင့် (D)အဆောင်များအား ဖယ်ရှားရှင်းလင်းရေးနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#၂၀၂၅ မြန်မာနိုင်ငံငလျင်

Ref: Myanmar Fire Services Department
အောင်ဆန်းကလပ်ဖိတ်ခေါ်ဖလား တိုက်ကွမ်ဒိုပြိုင်ပွဲ ကျင်းပမည်
*****************
(အားကစား) မေ ၈

အောင်ဆန်းကလပ်က ဦးဆောင်ကျင်းပမယ့် အောင်ဆန်းကလပ်ဖိတ်ခေါ်ဖလား တိုက်ကွမ်ဒိုပြိုင်ပွဲကို သုဝဏ္ဏကွင်းရှိ ဘူယောင်းလေ့ကျင်ရေး အားကစားရုံမှာ မေလ ၉ ရက်မှ ၁၁ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲမှာ တိုက်ကွမ်ဒိုအားကစားအမျိုးအစားများဖြစ်တဲ့ Poonsae (ကကွက်ပြိုင်ပွဲများ)နှင့် Sparring(အတိုက်ပြိုင်ပွဲ)များကို.....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/08/အောင်ဆန်းကလပ်ဖိတ်ခေါ်ဖ/

VK Link>>...
https://vk.com/wall-220066330_11840

Telegram»...
https://t.me/positiveanglenews

#PAN
ယာယီရုံးအဖြစ်သုံးမည့် Modular များ နေပြည်တော် ရောက်ရှိ
*****************
(ပြည်တွင်း) မေ ၈

နေပြည်တော်တွင် ယာယီရုံးအဆောက်အအုံတွေအဖြစ် အသုံးပြုနိုင်ဖို့ရန် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းက တစ်ဆင့်မီးရထားနဲ့ သယ်ယူလာတဲ့ Modular (prefabricated) Office ၁၀၈ လုံးဟာ မေလ ၆ ရက်က ရွာတော်ဘူတာ ကို ရောက်ရှိလာခဲ့တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကနေ သိရပါတယ်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ဟာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ ဦးမျိုးမြင့်တို့နဲ့အတူ .....

သတင်းအပြည့်အစုံဖတ်ရန်..
Webpage>>...
https://positiveanglenews.com/2025/05/08/ယာယီရုံးအဖြစ်သုံးမည့်-modular/

VK Link>>...
https://vk.com/wall-220066330_11833

Telegram»...
https://t.me/positiveanglenews

#PAN
စည်းကြပ်ကင်းလွတ်ဝင်ငွေပေါ် အခွန်နှုန်းထားပြောင်းလဲမှုမရှိ
*************
(ပြည်တွင်း) မေ ၈

စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေတွေအပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားကို ပြီးခဲ့တဲ့နှစ်ကအတိုင်း ပြောင်းလဲခြင်းမရှိဘဲ သတ်မှတ်ခဲ့တယ်လို့ ၂၀၂၅ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေအရ သိရပါတယ်။

ဧပြီလ ၁ ရက်မှာ စတင်အသက်ဝင်တဲ့ ၂၀၂၅ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေမှာ ၂၀၂၄ ခုနှစ် အတိုင်း စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေတွေအပေါ် ဝင်ငွေအလိုက် အခွန်နှုန်းထား ၃ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။

ဒါကြောင့် ၂၀၂၅ ခုနှစ်အတွက် အခွန်နှုန်းထားအနေနဲ့ ဝင်ငွေ ၁ ကျပ်ကနေ ကျပ်သိန်း ၃,၀၀၀ အထိကို ဝင်ငွေခွန်နှုန်း ၃ ရာခိုင်နှုန်းသာ.....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/08/စည်းကြပ်ကင်းလွတ်ဝင်ငွေ/

VK Link>>...
https://vk.com/wall-220066330_11828

Telegram»...
https://t.me/positiveanglenews

#PAN
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး အခွန်ကောက်ခံမှုနှင့် အခြား အငြင်းပွားဖွယ်ရာကိစ္စရပ်များ ဆွေးနွေး

(နိုင်ငံတကာ) မေ ၈

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ကနေဒါဝန်ကြီးချုပ်မာ့ခ်ကာနေးတို့သည် မေလ ၆ ရက်က ဝါရှင်တန် ၌ တွေ့ဆုံပြီး အခွန်ကောက်ခံမှုများနှင့် အခြားအငြင်းပွားဖွယ်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကာနေးသည် အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်ရန် ကြိုးပမ်းသွားမည်ဆိုသည့် ကတိကဝတ်ကြောင့် ပြည်သူ များ၏ထောက်ခံမဲကိုရရှိကာ မတ်လရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် ကနေဒါ နှစ်နိုင်ငံ သမိုင်းကြောင်းအရ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုအင်အားတောင့်တင်းစေပြီး အကျိုးတူဆောင်ရွက်ရန် အခွင့် အလမ်းများရှိကြောင်း ကနေဒါဝန်ကြီးချုပ် ကာနေးက ပြောသည်။ ဒေါ်နယ်ထရမ့်သည် ကာနေး၏ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းအပေါ် ....


သတင်းအပြည့်အစုံဖတ်ရန် -

Webpage>>... https://positiveanglenews.com/2025/05/08/အမေရိကန်သမ္မတ-ဒေါ်နယ်ထရ/

VK Link>>...

Telegram»... https://t.me/positiveanglenews

#PAN
08.05.202506:52
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ လှုဆော်ရေး ရုပ်သံ။

Ref:RT
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ ရုရှားသို ရောက်ရှိ
08.05.202514:25
ဒလမြို့က ဆယ်ကျော်သက်ကျောင်းသူနှစ်ဦးကို ရွှေ၊ ငွေတွေနဲ့မက်လုံးပေး စည်းရုံးပြီး တရုတ်မယားအဖြစ် ရောင်းစားဖို့ကြိုးပမ်းတဲ့ တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် လူပုဂ္ဂိုလ်သုံးဦးကို အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်တယ်လို့ သိရပါတယ်။

#pan_Broadcasting
08.05.202513:47
ပါကစ္စတန်နိုင်ငံဘက်ခြမ်း ကက်ရှ်မီးယားဒေသအတွင်းက အကြမ်းဖက်အဖွဲ့တွေရဲ့ ဌာနချုပ်တွေနဲ့ တပ်စခန်းတွေကို ယမန်နေ့ မေလ ၇ ရက်နေက အိန္ဒိယက တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယ အရာရှိတွေရဲ့ ပြောဆိုချက်တွေကို Indian Express က ဖော်ပြရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသက ပါဟယ်ဂမ်မြို့မှာ အကြမ်းဖက်သမားတစ်စုက  ပစ်ခတ်တိုက်ခိုက်ခဲ့လို့  ခရီးသွားပြည်သူ ၂၆ ဦးသေဆုံးခဲ့တာကြောင့် ထိုပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ စစ်သွေးကြွတွေနဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံက ပြောဆိုထားပါတယ်။

အကြမ်းဖက်သမားတွေ ပစ်ခတ်သတ်ဖြတ်လို့ သေဆုံးသွားခဲ့တဲ့ အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသက ပါဟယ်ဂမ်မြို့က ခရီးသွားပြည်သူတွေနဲ့ ၎င်းတို့၏ မိသားစုဝင်တွေအတွက် တရားမျှတမှု ရှိစေဖို့အတွက် ဆင်ဒူစစ်ဆင်ရေးကို ပြုလုပ်ခဲ့တာဖြစ်ကြောင်း၊ ထိုစစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားတွေရဲ့ စခန်း ၉ ခုကို ပစ်မှတ်ထားပြီး အောင်မြင်စွာ တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း အိန္ဒိယစစ်တပ် ဗိုလ်မှူးကြီး ဆိုဖီယာ ကူရက်ရှီ (Sophiya Qureshi) က ပြောဆိုထားပါတယ်။

#pan_Broadcasting
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အောက်တိန်း (92) ၁၇၀၀၀ တန်ကို (၁၂)ကြိမ်မြောက် လှူဒါန်း
*****************
(ပြည်တွင်း) မေ ၈

မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အောက်တိန်း (92) ၁၇၀၀၀ တန် တင်ဆောင်လာသော (၁၂)ကြိမ်မြောက် လှူဒါန်းခဲ့သည်ဟု သိရသည်။

အောက်တိန်း (92) ၁၇၀၀၀ တန် တင်ဆောင်လာသော သင်္ဘော T YU DONG သည် မေလ ၇ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်အခန့်ခန့်တွင် သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် Max Energy Terminal သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

ထိုသို့ရောက်ရှိလာသည့် စက်သုံးဆီများကို ယနေ့ မေလ ၈ ရက်နေ့နံနက်ပိုင်းက သီလဝါဆိပ်ကမ်း၌ တရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Ouyang Daobing က လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့.....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/08/တရုတ်ပြည်သူ့သမ္မတနိုင်-2/

VK Link>>...
https://vk.com/wall-220066330_11829

Telegram»...
https://t.me/positiveanglenews

#PAN
မုံရွာက အသက်(၅) နှစ်အရွယ်ကလေးငယ် ပြန်ပေးဆွဲခံရ
*************
(မှုခင်း) မေ ၈

“၉း၃၀ အချိန်လောက်က ကျနော်သားလေးကို လူတစ်စုက လက်နက်ပြခြိန်ခြောက်ပီဆခ်ါဆောင်သားတယ်လ်ူ့ပါ တွေရင် ဆက်သွယ်ပေးပါအုံးဗျ “ ဆိုတဲ့ ဖခင်ဖြစ်သူရဲ့အကောင့်လို့ ထင်မြင်ရတဲ့အကောင့်တစ်ခုက Facebook လူမှုကွန်ယက်စာမျက်နှာကနေ မျှဝေထားပါတယ်။

သတင်းအရ ယနေ့မေလ ၈ ရက် မနက် ၉ နာရီခွဲ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ချမ်းမြေ့သီလရှင်ကျောင်းအနီးမှာ အမည်မသိလက်နက်ကိုင်တစ်စုက မိခင်ဖြစ်သူကို သေနတ်ထောက်ပြီး အသက်(၅) နှစ်အရွယ်ကလေးကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

မော်တော်ဆိုင်ကယ်ဖြင့် အသင့်ရပ်စောင့်နေတဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိအမျိုးသားနှစ်ဦးဟာ ချစ်စံဟိန်းတို့ သားမိနှစ်ဦးမောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်ခိုင်းပြီး ဆိုင်ကယ်မောင်းလာတဲ့ မိခင်ဖြစ်သူကို သေနတ်ထောက်ပြီး အသက်(၅) နှစ်အရွယ်......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/08/မုံရွာက-အသက်၅-နှစ်အရွယ်/

VK Link>>...
https://vk.com/wall-220066330_118276

Telegram»...
https://t.me/positiveanglenews

#PAN
ပဲခူးတိုင်းဒေသကြီးမှ MSME ထုတ်ကုန်များကို အရောင်းယာဉ်ဖြင့် လှည့်လည်ရောင်းချ
****************
(ပြည်တွင်း) မေ ၈

ငလျင်ဘေးသင့် ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးမှ MSME ထုတ်ကုန်များကို အရောင်းယာဉ်နဲ့ လှည့်လည်ရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်နဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဘေးသင့် ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ MSME ထုတ်ကုန်များ၊ လူသုံးကုန်၊ စားသုံးကုန်နှင့် မီးဖိုချောင်သုံး ပစ္စည်းမျိုးစုံကို သက်သာသောဈေးနှုန်းနဲ့ တစ်လတာ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခြောက် ခရိုင်မှ MSME ထုတ်ကုန်များကို စုစည်းကာ လာရောက်ရောင်းချပေးခြင်းဖြစ်ပြီး MSME......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/08/ပဲခူးတိုင်းဒေသကြီးမှ-msme-ထ/

VK Link>>...
https://vk.com/wall-220066330_11825

Telegram»...
https://t.me/positiveanglenews

#PAN
တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများအား လူကုန်ကူးမှုဖြင့် ပြစ်ဒဏ်ချမှတ်
****************
(မှုခင်း) မေ ၈

အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ဗိုလ်ရန်ပြေ (၆)လမ်းနေ မသီတာအောင်၊ အောင်ဇော်ဦး(ခ)ဟာမီဒူဘာ(လိပ်စာတူ)နေသူနှင့် ဟူနန်မြို့ ၊ တရုတ်နိုင်ငံနေ Mr. LUO FU CAI တို့က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နေ မ---၊ ၁၃/၂၀၂၅ နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နေ မ---၊ ၁၆/၂၀၂၅  နှစ်တို့ကို တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ရွှေနားကပ်များဆင်ပေးမည့်အပြင် ငွေဖြင့်လည်းတင်တောင်းမည်ဟု ပြောဆိုစည်းရုံးပြီး ရရှိသောငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့်.......

သတင်းအပြည့်အစုံဖတ်ရန် -
https://positiveanglenews.com/2025/05/08/တရုတ်ဇနီးမယားအဖြစ်-ပို့/

VK Link>>...
https://vk.com/wall-220066330_11819

Telegram»...
https://t.me/positiveanglenews

#PAN
Көрсөтүлдү 1 - 24 ичинде 2 083
Көбүрөөк функцияларды ачуу үчүн кириңиз.