စကြဝဠာခံစားချက်မေးမြန်းတောင်ကြား
ဒဏ္ဍာရီအရ ဒီနေရာဟာ အချစ်နတ်ဘုရားက ချစ်ရသူဆီကနောက်ကျောကိုဓားနဲ့ထိုးတာခံရပြီးနတ်သက်ကြွေပြီးနောက်မှာဖန်ဆင်းထားတဲ့နေရာဖြစ်တာမို့ အရမ်းကိုအန္တရာယ်များပါတယ်။ စကြဝဠာခံစားချက်မေးမြန်းတောင်ကြားထဲကိုဝင်ရောက်လာသော အသိဉာဏ်ရှိသည့်ဘယ်လိုသက်ရှိမျိုးမဆို အချစ်နတ်ဘုရားရဲ့စမ်းသပ်မှုကိုလက်ခံဖို့အတွက်ဖိအားပေးခံရပါတယ်။ အချိန်တွေကြာလာတော့ ဘယ်သူမှဒီခံစားချက်မေးမြန်းတောင်ကြားကနေအသက်ရှင်လျက်ထွက်မလာနိုင်တော့ဘူး။
စကြဝဠာခံစားချက်မေးမြန်းတောင်ကြားအသက်သွင်းခြင်းအစီအရင်
အချစ်နတ်ဘုရားက နတ်သက်ကြွေပြီးမှာအမျက်ဒေါသတွေကမပျောက်ကွယ်ပဲဆက်လက်တည်ရှိနေပြီး နတ်ဘုရားအဖြစ်ကနေ နတ်ဆိုးနတ်ဘုရားအဖြစ်ပြောင်းလဲသွားခဲ့တယ်။ စကြဝဠာခံစားချက်မေးမြန်းတောင်ကြားကိုအသက်သွင်းတဲ့ အစီအရင်ကလည်းအလွန်တရာကိုမှ ဆိုးရွားတယ်။ အချင်းချင်းစစ်မှန်တဲ့အချစ်နဲ့ချစ်ကြတဲ့လူရဲ့ သွေးကိုသုံးပြီးမှ နိုးထလာအောင်လုပ်နိုင်တယ်။ အစီအရင်အသက်သွင်းတဲ့အချိန်က ချစ်သူတွေသေဆုံးတဲ့အချိန်ပဲဖြစ်လေတော့တယ်။