Каталог
Каналдар
Посттор
Аймактык каналдар
Канал кошуу
Категориялар
Telegram аркылуу кирүү
Мир сегодня с "Юрий Подоляка"
Карап чыгуу
Труха⚡️Україна
Карап чыгуу
Николаевский Ванёк
Карап чыгуу
Анатолий Шарий
Карап чыгуу
Україна Сейчас | УС: новини, політика, війна
Карап чыгуу
Всевидящее ОКО: Україна | Новини
Карап чыгуу
Мир сегодня с "Юрий Подоляка"
Карап чыгуу
Труха⚡️Україна
Карап чыгуу
Николаевский Ванёк
Карап чыгуу
Лёха в Short’ах Long’ует
Карап чыгуу
Лачен пише
Карап чыгуу
Инсайдер UA | Україна | Новини
Карап чыгуу
Анатолий Шарий
Карап чыгуу
Україна Сейчас | УС: новини, політика, війна
Карап чыгуу
Всевидящее ОКО: Україна | Новини
Карап чыгуу
Мир сегодня с "Юрий Подоляка"
Карап чыгуу
Труха⚡️Україна
Карап чыгуу
Николаевский Ванёк
Карап чыгуу
Лёха в Short’ах Long’ует
Карап чыгуу
Лачен пише
Карап чыгуу
Инсайдер UA | Україна | Новини
Карап чыгуу
Анатолий Шарий
Карап чыгуу
Україна Сейчас | УС: новини, політика, війна
Карап чыгуу
Всевидящее ОКО: Україна | Новини
Карап чыгуу
Jamadar Ba Thein
@jamadar9999
သတင်းမှန်ရမည်၊ မြန်ရမည်။
TGlist рейтинг
0
0
Тип
Ачык
Текшерүү
Текшерилбеген
Ишенимдүүлүк
Ишенимсиз
Орду
Тили
Башка
Канал түзүлгөн дата
Feb 07, 2025
TGlistке кошулган дата
Dec 17, 2024
Мен каналдын ээсимин
Өзгөрүүлөр тарыхы
Көрсөтүү көбү
Обзор
Посттор
Статистика
Жарнама натыйжалуулугу
Аудитория
Көбүрөөк функцияларды ачуу үчүн кириңиз.
Кирүү
Jamadar Ba Thein популярдуу жазуулары
Айда
Бардык посттор
22.02.2025
13:08
၁၉၈၄ ခုနှစ်ကနေ ယနေ့အထိ
အမေရိကန်လေတပ်ထဲကို ဝင်
ရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့
အမေရိကန်ထိပ်တန်းလေတပ်
ဗိုလ်ချုပ်ကြီး Charles Quinton Brown Jr ကို ထရမ့်က အလုပ်
ဖြုတ်ပစ်လိုက်ပါတယ်။ တိုင်း
ပြည်အတွက် နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ လူကြီး
လူကောင်းအဖြစ်အသိအမှတ်ပြု
သလို အနာဂတ်မိသားစုအတွက်
ပါ အဆင်ပြေပါစေလို့ဆုတောင်း
ပေးပါတယ်ဆိုပြီး အလုပ်ထုတ်
လိုက်တာဖြစ်ပါတယ်။ အလုပ်
ထုတ်ခံရချိန်မှာ အသက်က ၆၂
နှစ်လောက်ပဲရှိပါသေးတယ်။
တိုက်ပွဲဝင်ပျံသန်းချိန်နာရီ ၁၃၀
အပါအဝင် ပျံသန်းချိန်ပေါင်း
၃၀၀၀ ပျံသန်းခဲ့တဲ့ ဖိုက်တာတိုက်
လေယာဉ်မှူးတစ်ဦးလည်း ဖြစ်ခဲ့တဲ့
သူပါ။
crd***1984
#JBT
61
0
21
26.01.2025
01:40
47
0
9
31.01.2025
03:08
မင်္ဂလာရှိသော နံနက်ခင်းဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခင်ဗျား။
341
0
41
04.02.2025
16:46
ဒုတိယတောင်ခမ်းလို ကချင်ကန်းအောင် ဆော်နိုင်တဲ့ ကချင်သင်္ချိုင်း
ဗန်းမော်မှာ၊
ယနေ့ နံနက် နယ်မြေရှင်းလင်း အလောင်း ၆၀ ကျော် တွေ့ရှိ။
အရှင်မိ ၄၀ ကျော် KIA အနည်း
ငယ်ပါ၀င်။
ဗန်းမော်က တပ်မတော်သားများ
အား လေးစားဂုဏ်ပြုအပ်ပါတယ်။
crd***SNO
#JBT
1K
3
113
26.01.2025
05:00
တစ်နေ့ ဆင်ကြီးက အိုင်တစ်ခုထဲ
ဆင်းရင်း ညွန်ထဲနစ်သွားတော့ ရုန်းတယ် မရဘူး ။
အသက်ကကြီး အိုကလည်း အိုနေ
ပြီမို့ ဘယ်လိုမှကို မရုန်းနိုင်တော့
ဘူး။
ဘုရင်က သိသိချင်းမှာ သူ့အချစ်
တော်ဆင်ကြီးဆီ ဆင်ဆရာနဲ့အဖွဲ့
ချက်ခြင်းစေလွှတ်လိုက်တယ်။
ဆင်ဆရာကလည်း တိုက်ဆင်တွေအကြောင်းသဘောပေါက်တော့
သွားကတည်းက စစ်တီးဝိုင်းပါ
ခေါ်သွားတယ်။
စစ်ချီစစ်ထိုးရင်သုံးတဲ့ စည်တွေ
မောင်းတွေပါ သယ်သွားပါရော။
ဟိုရောက်မှ သူ့လူတွေကို တပ်ဖြန့်
ပြီး စစ်ပွဲပုံစံပေါ်အောင် ဖန်တီးတယ်။
မောင်းတွေ တဒူ ဒူ ထု စည်တွေတီး
ကြလုပ်ပြီး စစ်သည်တွေက ကြွေးကြော်သံတွေအော်တော့
ဆင်ကြီးက ငယ်တုန်းကလို ရဲစိတ်
ရဲမာန်တွေ တဖန်ပြန်ပေါ်လာပြီး
ရုန်းထွက်လိုက်မှ ကုန်းပေါ်ပြန်ရောက်လာတယ်။
ဘယ်သူမှ ဆွဲတင်တာမဟုတ်ဘဲ
သူ့ဖာသာရုန်းတက်ခဲ့ရတာ။
ကျဉ်းထဲကြပ်ထဲရောက်တဲ့အခါ
စိတ်က အတော်အရေးကြီးပါတယ်။
ကိုယ်တိုင်ပဲ ကြိုးစားပြီးရုန်းထွက်ရ
တာပါ။
ယခုကျန်းမာရေး အဆင်မပြေသော
သူတွေနှင့် အခက်အခဲကြုံနေတဲ့သူ
တွေအနေနဲ့ကလည်း ပါဝေယျ ဆင်
ကြီးကို ဥပမာယူပြီး ကိုယ့်ကိုကိုယ် အားယူပြီးမှ ရုန်းထွက်နိုင်ကြပါစေ။
crd***original post
#JBT
1.3K
3
132
08.02.2025
03:51
"သျှမ်းပြည်အမျိုးသားနေ့" TNLA ထိန်းချုပ် သီပေါမြို့ဝင်ဆိုင်းဘုတ်
သျှမ်းအမည်စာလုံး ဖျက်ဆီးခံရ၊
သျှမ်းပြည်မြေပုံ အရောင်ပြောင်းဆေးခြယ်
==================
သျှမ်းပြည် သီပေါမြို့အဝင် ဆိုင်း
ဘုတ်ရှိ သျှမ်းဘာသာဖြင့် ရေးထိုး
ထားသော သီပေါမြို့အမည်စာလုံး ဖျက်ဆီးခံရပြီး သျှမ်းပြည်အလံရှိ
ဝါစိမ်းနီအရောင်များဖြင့် ဆေးခြယ်ထားသည့် သျှမ်းပြည်မြေပုံလည်း အရောင်ပြောင်း ဆေးခြယ်ခံလိုက်
ရကြောင်း စုံစမ်းသိရသည်။
ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းမှ စ
တင်၍ တအာင်း(ပလောင်) အမျိုး
သားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါ
မြို့တွင် မြို့အဝင်ဆိုင်းဘုတ်ရှိ
သျှမ်းဘာသာဖြင့် ရေးထိုးထား
သော သီပေါမြို့အမည်စာလုံး ဝဵငျး
သှီပြှေူ ဖျက်ဆီးခံရပြီး သျှမ်းပြည်အလံရှိ ဝါစိမ်းနီ အရောင်များဖြင့် ဆေးခြယ်ထားသည့် သျှမ်းပြည်မြေ
ပုံလည်း အရောင်ပြောင်း ဆေးခြယ်
ခံလိုက်ရကြောင်း ဒေသခံများက ပြောဆိုသည်။
ဒီမနက် စလုပ်နေတာတွေ့တယ်။ စည်ပင်က လုပ်ထားတဲ့ မြို့ဝင်ဆိုင်း
ဘုတ်နား အလုပ်သမားတွေ ရောက်
လာပြီး ငြမ်းစင်၊ ဆေးသုတ်လုပ်နေ
တာ နေ့စားတွေပဲ ဖြစ်မှာ။ စစ်သား
တော့ မဟုတ်ဘူးဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်
ဆင့်ကို ပြောဆိုသည်။
ယမန်နှစ် ၂၀၂၄ အောက်တိုဘာလ
လယ်တွင် သီပေါမြို့ကို TNLA မှ အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီး
နောက် (၄) လနီးပါး အကြာတွင်
ယခင်က မြို့နယ်စည်ပင်သာယာ
ရေးအဖွဲ့ပြုလုပ်ထားသည့် သီပေါ
မြို့ဝင်ဆိုင်းဘုတ်ရှိ သျှမ်းအမည်
စာလုံး ဖျက်ဆီးခံရပြီး သျှမ်းပြည်
မြေပုံကို အရောင်ပြောင်းဆေးသုတ်
ခြင်းကို ပြုလုပ်လာခြင်းဖြစ်သည်။
သီပေါမြို့ဝင်ဆိုင်းဘုတ်ရှိ သျှမ်း
အမည်စာလုံးဖျက်ဆီးခံရပြီး သျှမ်း
ပြည်မြေပုံကို အရောင်ပြောင်း ဆေး
သုတ်ခြင်းနှင့် ပတ်သက်၍ သီပေါ
မြို့ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်
ရေးယန္တရား ဖော်ဆောင်နေသည့်
TNLA မှ ခိုင်းစေညွှန်ကြားခဲ့ခြင်း
ရှိ၊ မရှိကို သျှမ်းသံတော်ဆင့်မှ
TNLA သတင်းနှင့် ပြန်ကြားရေးမှူး လွေးယေဦးထံ စာပို့မေးမြန်းထား
သည်။
သီပေါမြို့ဝင်ဆိုင်းဘုတ်ရှိ ဝါစိမ်းနီ အရောင်များဖြင့် ဆေးခြယ်ထား
သည့် သျှမ်းပြည်မြေပုံကို တအာင်း
(ပလောင်)အလံရှိ အရောင်များဖြင့် အစားထိုး ဆေးခြယ်ထားခြင်းသည်
ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ် အလယ် လပြည့်ဝန်းပါ ဖက်ဒရယ်သျှမ်းပြည် အလံတော်အဖြစ် ဖက်ဒရယ်သျှမ်း
ပြည်ကောင်စီ ဉက္ကဋ္ဌ တောင်ပိုင်းစော်ဘွားကြီး စဝ်ခွန်ပန်းစိန် က
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်
နေ့တွင် လက်မှတ်ရေးထိုး သတ်မှတ်
ခဲ့ခြင်းနှင့် ဆန့်ကျင်နေကြောင်း တိုင်း
ရင်းသားအရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။
ယခင်က သျှမ်းစော်ဘွားများ အုပ်
ချုပ်ခဲ့ပြီး သျှမ်းပြည်သူအများစုနေ
ထိုင်ရာ သီပေါမြို့ရှိ မြို့ဝင်ဆိုင်း
ဘုတ်အား ဒေသခံများ၏ သဘော
ထားမပါဘဲ သျှမ်းပြည်အမျိုးသား
နေ့တွင် ဖျက်ဆီးပြောင်းလဲခဲ့ခြင်းကြောင့် ပြည်သူအများအပြား စိတ်အလိုမကျဖြစ်နေကြောင်းကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးတင်ထားသည်။
ဖေဖော်ဝါရီလ ပထမပတ်အတွင်း
ကလည်း TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် တားမြစ်ထား
သည့်ကြားက ဖုန်းပြောဆို ဆက်
သွယ်သည်ဟုဆိုကာ စံဖိတ်ကျေးရွာ
ရှိ ဒေသခံ အရွယ်စုံ (၄၀) ကျော်ကို
ဖုန်းနှင့်အတူ နေအိမ်၊ လမ်းမကြီးတလျှောက်တွင် TNLA တပ်သားများ
က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ
က ပြောသည်။
ပုံစာ - ယခင် သီပေါမြို့ဝင်ဆိုင်း
ဘုတ်နှင့် သျှမ်းအမည်စာလုံး ဖျက်
ဆီးခံရပြီး ဆေးရောင်ပြောင်းလဲထားသည့် လက်ရှိပုံ။
crd***ckkmdy
#JBT
61
1
5
29.01.2025
15:00
(၂၉၊ ၁၊ ၂ဝ၂၅) NLD သမ္မတကြီးရဲ့ အရေးပေါ် ရံပုံငွေ ကျပ်သိန်း ၆၀၀၀ ပလုံခြင်း အရေးကြီး ထူးခြားသတင်း
Facebook က ၎င်းတို့ Blue Stick ပေးထားခဲ့သည့်
- Myanmar Now
- Yangon Khit Thit
- ဧရာဝတီ
- Voice Media စသည့် ပေ့ခ်ျများတို့၏ ပို့စ်များအား
လွန်ခဲ့သည့် နာရီပိုင်းအတွင်း တင်ခဲ့သမျှ ဖျက်ချလျက်ရှိရာ ၂ဝ၂၃ ခုနှစ်များသာ ကျန်ရှိတော့ကြောင်း တွေ့ရပါတယ်။
crd***HtayOung
#JBT
1.4K
6
125
22.02.2025
13:16
ယုံကြည်မှု နဲ့ ဂုဏ်သိက္ခာ
=================
အဓိက က ယုံကြည်ကိုးစားမှု မဆုံး
ရှုံးဖို့၊ မပျောက်ဆုံးဖို့ လိုအပ်ပါတယ်။ ယုံကြည်မှုက ကမ္ဘာမှာ ဈေးအကြီး
ဆုံးအရာပါ။ ငွေပေးပြီး ဝယ်ယူလို့
မရပါဘူး။ အချိန်ပေးပြီး ပြန်တည်
ဆောက်ရတာ ဖြစ်ပါတယ်။
ဒါကြောင့်....
စစ်သည်တွေရဲ့ မိမိတပ်အပေါ်ယုံ
ကြည်မှု၊
စစ်သည်တွေရဲ့ မိမိခေါင်းဆောင်
အပေါ်ယုံကြည်မှု၊
မှီခိုရဲမေမိသားစုများ၏ မိမိတပ်
အပေါ်ယုံကြည်မှု၊
အကြမ်းဖက်မှုကို ခံစားနေရတဲ့
ဒေသခံပြည်သူလူထု၏ တပ်အပေါ်ယုံကြည်ကိုးစားမှု။
ဒါတွေကို မပျောက်အောင် ယုံကြည်
ကိုးစားမှုရှိအောင် လုပ်ဖို့ လိုပါတယ်။
စစ်သားတိုင်းရဲ့ ဖြစ်ချင်တဲ့အရာက
ရန်သူကို ထိထိရောက်ရောက်ချေမှုန်းခြင်းဖြင့် ရန်သူတွေအထိနာပြီး စစ်ကို နိုင်ဖို့ပါပဲ။
ဒါကြောင့် ယုံကြည်မှုတွေ မပျောက်
ဆုံးဖို့လိုအပ်ပါတယ်။ ယုံကြည်မှုရှိအောင် ယုံကြည်ကိုးစားအောင် ဘာ
တွေလုပ်ရမလဲ၊ ဘာတွေမလုပ်ရဖူးလဲဆိုတာ တာဝန်ရှိသူတွေ ပိုသိကြ
ပါတယ်။
ယုံကြည်မှုဆုံးရှုံးရင် ဂုဏ်သိက္ခာ
ပါဆုံးရှုံးမှာပါ။
#JBT
601
1
47
07.02.2025
15:11
ပွဲပြီးကာနီးနေတဲ့တောင်ခမ်း!
+—————-+————-—+
လက်ရှိတောင်ခမ်းရဲ့ ထိုးစစ်မြှားဦး
ဟာ နားရှိုးရွာကို ပတ်လည်ဝိုင်းမိထားနေပါပြီ။
ပြီးခဲ့တဲ့အပတ်တွေက ဆိုရှယ်မီဒီယာ
မှာ နားရှိုးရွာကို ရနေပြီဆိုတာတွေ
ဟာ မဟုတ်သေးပါဘူး။ နားရှိုးရွာအ
ထိဘဲ ရောက်နေတာပါ။
ပြောရမယ်ဆိုရင်တော့ နားရှိုးရွာနဲ့
ကမ္ဘောဇကုန်းဟာ ယခင်က ရန်သူ
တွေ အခိုင်အမာထိန်းချုပ်ခံစစ်ဆင်
ထားတဲ့နေရာတွေပါ။
လက်ရှိမှာတော့ ရန်သူဟာ ယခင်လို
ခိုင်အမာထိန်းချုပ်ခံစစ်ဆင်နိုင်မှုမရှိတော့သလို မိမိဘက်မှလည်း အပြည့်အဝ မသိမ်းပိုက်နိုင်သေးပါဘူး။
မနေ့ကတော့ JF တွေဟာ ၁၈:၁၅နဲ့ ၁၈:၂၀မှာ နှစ်ကြိမ်တိတိ ကမ္ဘောဇကျောင်းအနောက်ဘက်တောအုပ်
ထဲနဲ့ မြောက်ဘက်ကို တိကျစွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
လက်ရှိအနေအထားမှာ ရန်သူဟာ
ရွာထဲမှာ DPLA နဲ့ ဗမာပဒတ်တွေ
ကို အဖွဲ့ငယ်များသာ ဟန်ပြပြင်ထား
နိုင်ပြီး ရွာအပြင်ဘက် ကိုက်(၅၀)
ခန့်အထိဆုတ်ခွါပြီရ ခံစစ်ဆင်ထား
ပါတယ်။
မကြာခင် ဒီနေရာကိုရပါလိမ့်မယ်။
ရပြီဆိုရင် ၉၀၂ အထိ ပေါက်သွား
ပါပြီ။ ၉၀၂ ကိုရရင် နောင်ချိုကို
ပြန်ရတယ်လို့အထိအောင် ပြောလို့ရ
နေပါပြီ။
တောင်ခမ်းက မိမိအဖွဲ့တွေအတွက် အောင်မြင်မှုကို ဂုဏ်ပြုဖျော်ဖြေဖို့အတွက် အကိုကြီးတစ်ယောက်က
လည်း သိန်း(၅၀၀)တိတိ ပြင်ဆင်
ထားပြီးလည်း ဖြစ်နေပါပြီ။
crd***ကိုခိုင်ဇော်
#JBT
572
1
44
06.02.2025
05:50
စစ်သား
======
လွမ်းတပူဆွေး
သူနှင့်ဝေးလည်း
စစ်ရေးစစ်ရာ
ကိုယ့်တာဝန်မို့
မြို့ရွာပြည်နယ်
တိုင်းရန်စွယ်ကို
ကာကွယ်နေသည်
သားဇာနည်။
crd***original post
#JBT
330
1
23
03.02.2025
01:12
သူခေါင်းဆောင်ရမည့်သူတွေအကြောင်း နားမလည်သဘောမ
ပေါက်သော ခေါင်းဆောင်သည်
မည်သည့်တိုက်ပွဲစဥ်တစ်ရပ်ကိုမျှ အောင်နိုင်ဖူးလိမ့်မည် မဟုတ်ပေ။
General Omar Bradley
ဗိုလ်ချုပ်ကြီး အိုမာ ဘရက်ဒလေ
#JBT
241
2
15
22.02.2025
02:20
မင်္ဂလာရှိသော နံနက်ခင်းဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခင်ဗျား။
717
0
50
08.02.2025
02:44
ကြီးအုံကြီးဝရေလှောင်တမံနှင့်
ဓာတ်အားပေးစက်ရုံအား တပ်မ တော်ကပြန်လည်ထိန်းချုပ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မကွေး၊ ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ နယ်၊ ကြီးအုံကြီးဝရေလှောင်တမံ
နှင့်လျှပ်စစ်ဓာတ်အားပေးစက်ရုံ
အား တပ်မတော်က ပြန်လည်ထိန်း
ချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းသည် ယမန်
နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ
၃ နာရီခွဲခန့်က စတင်ပြီး ကြီးအုံကြီး
ဝရေလှောင်တမံနှင့် ဝန်လိုကျေးရွာ
တို့ရှိ ပွင့်ဖြူ PDF ဌာနချုပ်အား စစ်ကြောင်းထိုးရှင်းလင်းနေကြောင်း
သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၆ ရက်တွင် တပ်မတော်စစ်ကြောင်းက ကြီးအုံ
ကြီးဝရေလှောင်တမံအား ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပြီး စစ်ကြောင်းများဖြန့်ခွဲထားကြောင်း
သိရသည်။
ယခုလက်ရှိအချိန်ထိ ဝန်လိုကျေး
ရွာနှင့် ခိုနန်းကျေးရွာတို့တွင် တပ်မ တော်စစ်ကြောင်းနှင့် လက်နက်ကိုင်
အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး အပြီး သတ်သိမ်းပိုက်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တပ်မတော်စစ်ကြောင်းသည် ဝန်
လိုကျေးရွာအတွင်းအထိ ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းသည် ဆည် မြောင်းဝန်ထမ်းများအား စက်မှုဝန်းအတွင်းနေထိုင်စေပြီး EPC ဝန်ထမ်းများအား ဝန်ထမ်းအိမ်ရာများတွင်နေထိုင်စေကြောင်း သိရသည်။
SAC က ထုတ်ပြန်ထားသော အ
ကြမ်းဖက်သမားများအား ဖမ်းဆီး
ရမိရေးဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
ဝန်လိုကျေးရွာ၊ ခိုနန်းကျေးရွာများ
တွင် အရပ်သားမရှိဘဲ လက်နက်
ကိုင်အဖွဲ့ဝင်များသာဖြစ်ကြောင်း
MPA က ဆိုသည်။
crd***MFG
media
#JBT
935
2
63
23.02.2025
13:57
တချိန်က ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့တဲ့ ဦးအောင်မင်းက ကျနော်တို့လည်း တရုတ်ကြောက် ရပါတယ်ဆိုတဲ့စကားလုံးက မီဒီယာတွေထက်မှာ ရေပန်းစားခဲ့ဖူးတယ်။ တချို့ပြည်သူတွေကတော့ ကိုယ့်တိုင်းပြည် ဝမ်းရေးအထာမသိတော့ ဒီစကားကို မမှန်ဘူးလို့ ဆိုကောင်းဆိုပါလိမ့်မယ်။ သို့သော် မမှားဘူးဆိုတဲ့ အချက်တွေလည်း တိတိကျကျ ရှိနေပြန်ပါသေးတယ်။
----
ဆိုပါစို့…လက်ရှိ ၁၀၂၇ စစ်ဆင်ရေးရဲ့နောက်ကွယ်မှာ ဘယ်သူပါသလဲဆိုတာ အရှင်းကြီးပါ။ ကိုးကန့်မှာ အုပ်ချုပ်နေတဲ့ ပယ်မိသားစုကို ရန်ငြိုးနဲ့ဖယ်ချင်တဲ့ ဖုန် မိသားစုအပေါ် လက်နက်တပ်ဆင်ပေးလိုက်သလို ကျားဖြန့်ကိစ္စ စုံစမ်းဖို့ ရောက်နေတဲ့ တရုတ် ထောက်လှမ်းရေးတွေ လောက်ကိုင်မှာပစ်ခတ်မှုဖြစ်ခဲ့ရင်း သေဆုံးကုန်တဲ့ ဖြစ်ရပ်တွေက ၁၀၂၇ စစ်ဆင်ရေးစတင်ဖို့အတွက် မြစ်ဖျားခံတယ်လို့ ပြောရင်… ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။
----
အဓိက ရမခနဲ့ လောက်ကိုင် ဒကစတွေရဲ့ ဆက်သွယ်ရေး ကွန်ရက်တွေနဲ့ တပ်တည် တပ်လှုပ်တွေကို အင်အားကြီးနိုင်ငံတစ်ခုကမှ မဟာဗျူဟာကျကျ မပံ့ပိုးခဲ့ရင် သာမန် လက်နက်ကိုင် EAO တွေအနေနဲ့ ဒရုန်းစစ်ဆင်ရေးကို ဟန်ချက်ညီညီ စစ်ဆင်နိုင်ဖို့ မလွယ်ပါဘူး။ ဒီစစ်ဆင်ရေးစတင်ဖို့အတွက် ဘတ်ဂျက်လိုပါတယ်။ လူအင်အား စုဖွဲ့ဖို့ လိုပါတယ်။ ဒါတွေကို အပြန်အလှန်အပေးအယူနဲ့ “ဝ”ဆီ မြို့ ၂ မြို့ သေနတ်သံတချက် မဖောက်ဘဲ ရောက်သွားတာကိုကြည့်ရင် ဒီစစ်ဆင်ရေးရဲ့ မာစတာ ပလန်ကို မြင်ကြည့် လို့ ရပါတယ်။
-----
မဲခေါင်-လျန်ချန်းမှာ ဝမ်ယိ ပြောခဲ့တဲ့ စကားကို အနက်ကောက်ရင် မြန်မာ့ ပြည်တွင်းရေးကို ဘယ်နိုင်ငံမှ မပါနဲ့ ။ ငါပဲဦးဆောင်မယ်လို့ မပြောရုံတမယ်ပါပဲ။ လက်ရှိ ကမ္ဘာ့နိုင်ငံရေးမှာ အမေရိကန်သည်သာ ပထမ လုပ်မယ့် ထရမ့်လက်ထက်မှာ မြန်မာရဲ့ အနာဂတ်ဟာ တရုတ်လက်ထဲမှာပါလို့ ပြောရင် နာလို့ မဖြစ်တဲ့ အချက်တွေ အများကြီး ပါပဲ။ ဥပမာ ရှမ်းမြောက် စစ်ဆင်ရေးမှာ တရုတ်လုပ်ခဲ့တဲ့ ရည်မှန်းချက် (၃)ချက်တည်း ရှိပါတယ်။
နံပါတ်(၁) ကျားဖြန့် ရှင်းလင်းမယ်။
နံပါတ်(၂) ကူမင်းကနေ တောက်လျှောက်ဖောက်လိုတဲ့ အိန္ဒိယ ထွက်ပေါက်လမ်းပေါ်မှာ သူ့ ဩဇာခံ လက်နက်ကိုင်တပ်တွေကို နေရာချထားလိုတယ်။
နံပါတ်(၃) ဘယ်အစိုးရတက်တက် တရုတ်ကို လွန်ဆန်လို့ မရဘူး။
------
၁၀၂၇ စစ်ဆင်ရေးကြောင့် အစိုးရမှာ ထိခိုက်နစ်နာခဲ့ရတာတွေက စာဖွဲ့မကုန်ပါဘူး။ စီးပွားရေးနဲ့ ပတ်သက်ရင် ….ပထမ ဆုံး သိသာစေတဲ့အချက်က အမေရိကန်ဒေါ်လာ သောင်းဂဏန်းကနေ သန်း ဂဏန်းအထိရှိတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေ အကုန်ပိတ် သွားခဲ့တာပါ။ ဥပမာ ချင်းရွှေဟော်လို နေ့စဉ် သန်းနဲ့ချီတဲ့ ဂိတ်တွေ၊ နေ့စဉ် အမေရိကန် ဒေါ်လာ ၉ သန်းလောက်ဝင်ငွေရှိတဲ့ ကရင်ပြည်နယ်ဘက်က ဂိတ်တွေ အကုန်ပိတ် သွားခဲ့တာက စီးပွားရေးမှာ အတော်လေးထိခိုက်ခဲ့တာ တွေ့ရမှာပါ။ စစ်ရေးအရဆိုရင် လည်း တိုင်းစစ်ဌာနချုပ်တွေ ၊ အခိုင်အမာ ခံစစ်စခန်းတွေ လက်လွှတ်ရတဲ့အထိ ကြီးမား ခဲ့တာပါ။
------
အချုပ်အခြာဟာ ပြည်ထောင်စုရဲ့လက်ထဲမှာဆိုပေမယ့် တရုတ်ကြားဝင် စေ့စပ်လာ တဲ့အခါ EAO တွေ ရပ်ပေးရတာကိုကြည့်ရင်…ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းက ဘယ်သူလဲဆိုတာ သိသာပါတယ်။ ဒီနေရာမှာ တရုတ်မပါဘူးလို့ ငြင်းချင်တဲ့သူတွေရှိရင်… တည်ဆဲအစိုးရကို အပြည့်အဝ ပူးပေါင်းပြီး လှေနံနှစ်ဖက် မနင်းဖို့ပဲ တိုက်တွန်းရမှာပါ။ လက်ရှိ မြင်နေရသမျှကလည်း အရင်ခေတ်တုန်းက သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်း ရေး ဆိုတာတွေ ရှိခဲ့ပေမယ့် ဖက်ဒရယ်နဲ့ တိုင်းရင်းသား အရည်ခြုံထားတဲ့ EAO တွေကို တရုတ်ဘက်ကလည်း အမြစ်ပြတ်လိုဟန်မရှိပါဘူး။
----
အီလွန်မတ်တို့လို အမြစ်လှန်မှပဲ ဒီပြည်တွင်း ပဋိပက္ခ ဇာတ်လမ်းက မြေး၊ မြစ် ၊ တီ၊ ကျွတ် လောက်အထိ ဇာတ်လမ်းမရှည်နိုင်မှာလို့ပဲ သုံးသပ်ရမှာပါပဲ။
crd***(နရီမိုး)
#JBT
1.5K
4
97
22.02.2025
13:57
nug brain wash လုပ်ပေးထားတဲ့ နီပိန်းတွေ ထိုင်းရောက်လာတာ ထိုင်းမှာ အေးချမ်းစွာ နေထိုင်စီးပွားရှာနေကြတဲ့ မြန်မာတွေတော့ ဒုက္ခတွေ့တာပဲ။
nug က ဥပဒေတွေကို ချိုးဖောက်တတ်အောင် ၊ ပညာမဲ့အောင် ၊ ဇောင်းထတတ်အောင် မြောက်ပေးထားတော့ ထိုင်းရောက်မြန်မာတွေ ပြဿနာတက်တော့တာပဲ။
pdf တွေ ၊ နီပိန်းတွေ ရောက်တဲ့နေရာတိုင်းက မအေးချမ်းဘူး။ ရပ်ရွာပျက်တယ်။ စီးပွားပျက်တယ်။ လူမှုအသိုင်းအဝိုင်းပျက်တယ် ဆိုတာ သိကြပြီ မလား။ လှုကြဦးလေ။ မြောက်ပေးကြဦးလေ။ ခေါကြီးရဲ့ ကမ္ဘာ ကတောင် လေ့လာရမယ့် မြန်မာ gz လေးတွေရဲ့ သင်ရိုးသစ်ဆိုတာ ဒါလား။
တွဲတိုင်းမှာ စက်ခေါင်းပါတယ်။ ပြေးချင်ရာ ပြေး ။ လုပ်ချင်ရာလုပ်။ ထင်ရာတွေစိုင်းပြီး ထင်ရာတွေ ရိုင်းကြစို့ gz လေးများ။ ခေါကြီရဲ့ သင်ရိုးအသစ်နော်။
crd***နီ
ပိန်းတိုက်ဖျက်ရေး
#JBT
61
0
4
Жарнамаланган
Башкаларды жарнамалаган
Жарнамаланган
1 саат
105
25.02.2025
02:52
မှိုင်းဝေ
175.8K
26.7K
0
0
Жарнамаланган
11 ай
316
23.02.2025
07:51
မှိုင်းဝေ
175.8K
23.1K
0
0
Жарнамаланган
1 ай
262
22.02.2025
14:12
မှိုင်းဝေ
175.8K
34K
0
284
Жарнамаланган
5 ай
12
22.02.2025
05:18
မှိုင်းဝေ
175.8K
29.2K
0
0
Жарнамаланган
7 саат
374
11.02.2025
16:57
မှိုင်းဝေ
175.8K
19.8K
0
0
Толугураак
"Jamadar Ba Thein" тобундагы акыркы жазуулар
Бардык посттор
25.02.2025
15:50
Feb-25
ဖေဖေါ်ဝါရီ ၂၅ ၊ကော့ကရိတ်
ကော့ကရိတ်ဒေသခံ ကျောင်းသားများ အတန်းတင်စာမေးပွဲဖြေဆိုနေမှုကို ပစ်ခတ် နှောင့်ယှက်ဖျက်စီးရန် အကြံဆိုးနှင့် KNU နှင့် ကပ်ခွာကရင်လက်နက်ကိုင် အချို့နှင့် အရိုင်းအစိုင်း PDFများသည်
ဆိုင်ကယ်တွေအပြင် 107mm 4 tube တင်ထားသည့်ကားတစီးအပါ ကား၇စီးဖြင့်ဝင်ရောက်လာကာ -
-
ရန်ကုတ်..နောင်နိုင်းကြားက..ရော်ဘာခြံများတွင်နေရာယူကာ ၁၀၇မမ
လက်နက်ကြီးဖြင့် မနက် ၅း၃၀နာရီကစတင် ကော့ကရိတ်မြို့တွင်းသို့ အဝေးကပစ်ခတ်နှောင့်ယှက်ကြသည်ဟုသိရသည်။
-
လက်နက်ကြီးကျည်များသည် ကော့ကရိတ်မြို့ မင်္ဂလာဇေယျုံ ဘုန်းတော်ကြီးကျောင်းရှေ့ လမ်းမပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်
။
-
▪️
အဆိုပါ KNU အကြမ်းဖက်အဖွဲ့များအား BGF ထောညကော်လံ ၊ DKBA (မြိုင်ကြီးငူ)မှ ဗိုလ်စောအောင်မိုးကြည် စစ်ကြောင်း၊တပ်မတော် စစ်ကြောင်းများက ပြန်လည်ရှင်းလင်း ပိတ်ဆို့တိုက်ခိုက်ရာ တနေကုန် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စကခ ၁၂မှ အမြှောက်ပစ်ကူ ၊Drone ပစ်ကူများကြောင့် ညနေဖက်တွင် အဆိုပါ သကသများသည် နောင်နိုင်း-ကြောင်လျှာကုန်း ဖြတ်လမ်းအတိုင်း ဒေါနတောင်တန်းဖက်သို့ အပြေးအလွှား ဆုတ်ခွာသွားကြကြောင်းသိရသည်။
crd***
စောပေတိုး
(
တီကောင်ကော်လံ
)
#JBT
61
0
0
25.02.2025
15:48
ချစ်ရသူနဲ့အတူ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တဲ့ ပိုင်တံခွန်
သရုပ်ဆောင်ပိုင်တံခွန်ဟာ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ချစ်ရသူ မစမိုင်လ်း လေးနဲ့ မိဘများအရှေ့မှာမင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့တဲ့ ပုံရိပ်များကို မျှဝေလိုက်ပါတယ်။
crd***popular news
#JBT
31
1
0
25.02.2025
15:15
DCS စစ်ပြေးတင်လင်းအောင်တစ်ယောက်
မိမိအဖွဲ့အစည်းကို သစ္စာမဲ့စွာထွက်ပြေးခဲ့ပြီးတဲ့နောက် ရောက်တဲ့နေရာမှာ တစ်ဝမ်းတစ်ခါးအတွက် ရသမျှအလုပ်ကို အရှက်မဲ့စွာလျှောက်လုပ် ..
ဟိုကဖဲ့လည်းခံ..၊ ဒီကသ,မလည်း ခံနဲ့ မချိသွားဖြဲနေနေရ ..၊
ထမင်းတနပ်စားရဖို့အရေး ဟုတ်တာမဟုတ်တာမသိ၊ ပါးစပ်ထဲရှိတာတွေလျှောက်ပြော..၊ ခေါင်းလှုပ်ဆိုလှုပ်၊ ခြေလှုပ်ဆိုလှုပ်နဲ့ ရုပ်သေးကြိုးဆွဲဘဝ...
သစ္စာဖောက်တွေရဲ့ အဆုံးသတ်က ဒါပါပဲ ..
crd***တိုက်မောင်း
#JBT
31
0
0
25.02.2025
09:16
သိမ်ဇရပ်သတင်းပါ
°°°°°°°°°°°°°°°°°°°°
25feb2025
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အ
တွင်းမှာ တရားမဝင်ကားအစီးရေ
( ၃၀) ထက်မနည်းရောက်ရှိနေပြီး၊ နေရာခွဲကာ ညပိုင်းနဲ့ နံနက်ပိုင်း၊ စစ်တောင်းတံတားမှ ဖြတ်၍ မြစ်ကျိုးလမ်းဆုံမှတဆင့် ပဲခူး၊ ရန်ကုန်တိုင်း
ထဲကို ဝင်မယ်လို့သိရပါတယ်၊
ရဲတပ်ဖွဲ့ဝင်တချို့၊ တပ်လခရတ
ချို့နဲ့ ညှိနှိုင်းထားပြီး အခြေအနေ
စောင့်ကြည့်နေတယ်လို့ သိရပါ
တယ်၊ သတင်းလိုက်အမျိုးသမီး
တစ်ဦးရဲ့ပြောပြလာချက်အရ -
တရားမဝင်ကား ၃၀ စီးသိမ်ဇရပ်ကို
ဝင်ရောက်လာတဲ့ ညပိုင်း၊ သို့မဟုတ် နံနက်ပိုင်းတွေမှာ သိမ်ဇရပ်တပ်နယ်
ကို အကြမ်းဖက်တွေက ၄၀ မမဖြင့်ပစ်ခတ်ခြင်း၊ လျှော့တိုက်ဒုံးများ
ဖြင့် ပစ်ခတ်ခြင်းများပြုလုပ်လေ့ရှိ
ပြီး၊ လခရတွေအာရုံပြောင်းသွားမှ တရားမဝင်ကားများကို စစ်တောင်းတံတားက ဖြတ်သန်းတာလို့ဆိုပါ
တယ်၊
ယမန်နေ့ ည၊ နံနက်အစောပိုင်းကတရားမဝင်ကား ၃၀ ရောက်လာပြီး၊
ည ၉ နာရီ ၂၀ မိနစ်ဝန်းကျင်ခန့်မှာ အမတ ၃၁၀ ကို လျှော့တိုက်ဒုံးဖြင့်
၃ လုံးတိတိပစ်ခတ်ပြီး၊ ကားများဖြတ်သန်းရန်စီစဥ်သော်လဲ ပဲခူး
တိုင်း၊ ဝေါမြို့နယ်ဘက်အခြမ်းမှ
လခရတွေရှိနေတာကြောင့် လတ်
တလောအချိန်ထိ သိမ်ဇရပ်မြို့အ
နီးဝန်းကျင်မှာပဲရှိနေကြောင်း ပြော
ပါတယ်၊
ရန်သူမှ လနခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းများကို ရန်ကုန်၊ ပဲခူးကို တင်သွင်းနေတာကို ဖမ်းဆီးရန် မစဥ်းစား၊အခကြေးငွေဖြင့် စေလွှတ်ပေးသော
အကျင့်ဖျက်ဝန်ထမ်များကို ဖမ်းဆီးထိန်းသိမ်းဖို့ လိုမယ်ထင်ပါတယ်။
ည ၊ သို့မဟုတ် နံနက်ပိုင်း စစ်တောင်းလမ်းဟောင်း၊ တံတားဟောင်းနဲ့ လမ်းသစ်တံတားဘက်ကနေ ဝင်ပါလိမ့်
မယ်
။
crd***
အမဲလိုက်မုဆိုးကြီး
#JBT
121
2
0
25.02.2025
09:14
ရိပ်သာ နံရံကြီးတွင် အပြည့်ရှိနေသော စွမ်းရည်ဘွဲ့တံဆိပ်ရသူများ၏ အမည်စာရင်းကြီးသည်ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ပါ၏ဟူသော သစ္စာကိုဖော်ဆောင်နေပါသည်။
ကျွန်တော်တော့ ဤမျှ မစွမ်းခဲ့။သို့သော် အစဉ်အဆက် သမိုင်းမရိုင်းအောင်တော့စောင့်ထိန်းခဲ့နိုင်ပါသည်။အချိန်တန်လျင် အိမ်ပြန်ရသည်မှာ သဘာဝ။
ရှေးလူတွေလည်း ဟောင်းသွားကြပြီ။နောက်လူတွေလည်းဟောင်းကြရအုန်းမည်။ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေဝေသည်မှာ လောကဓမ္မတာ။
အပင်မှ မျိုးစေ့ ၊မျိုးစေ့မှအပင် ။ကြက်ဥနှင့်ကြက်မ ဘယ်ကစ၍ ဘယ်မှာဆုံးမည် မသိ။သံသရာကား လည်နေပေလိမ့်မည်ကား အသေအချာတည်း။
ကျန်းမာချမ်းသာကြပါစေ
crd***A Myint Oo
#JBT
271
0
0
25.02.2025
09:14
အဟောင်း အသစ်
ခမရ ၁၀၁ အင်းတကော်၏ ပထမဆုံး တပ်ရင်းမှူး သည် ကြည်း ၃၅၉၇ ဗိုလ်မှူး မောင်မောင်။ တာဝန်ထမ်းဆောင်သွားသည့်ကာလသည် ၁၅.၅.၅၇ မှ ၂၂.၆.၅၉ အထိ ဟူ၍တွေ့ပါသည်။
၈ ဆက်မြောက် တပ်ရင်းမှူး ကြည်း ၈၇၄၇ ဒုဗိုလ်မှူးကြီး သန်းတင့် လက်ထက်တွင် ခမရ ၁၀၁ သို့ ကျွန်တော်တို့တစ်သိုက်ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။
တပ်ရင်းမှူး ဗိုလ်မှူးကြီး သန်းတင့်သည် ၉.၁၂.၈၁ မှ ၁၇.၁၂.၈၄ အထိ တာဝန်ထမ်းဆောင်သွားခဲ့ပါသည်။ ၉ ဆက်မြောက်တပ်ရင်းမှူးသည် ကြည်း ၁၀၃၀၂ ဒုဗိုလ်မှူးကြီး ဘိုအေး။
ထိုတပ်ရင်းမှူး ၂ ယောက်လုံး၏ မတူညီသော ကွပ်ကဲ အုပ်ချုပ်မှုဖြင့် စစ်မြေတွင် ကျွန်တော်တို့ကျင်လည်ခဲ့ ကြပါသည်။တစ်ယောက်က စိတ်မြန် လက်မြန်။ တစ်ယောက်က လေသံလည်းအေး လူလည်းအေး၏။
တပ်ရင်းကြီး၏ရှေးအစဉ်အလာ စစ်ရေးစွမ်းရည် အုပ်ချုပ်မှုစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်တို့ကို သူ့တို့နည်း သူတို့ဟန်ဖြင့်ထိန်းသွားကြပါသည်။ သူတို့ သမိုင်း မရိုင်းခဲ့ကြပါ။
ကျွန်တော်တို့သည်လည်းကျွန်တော်တို့ နည်းလမ်းအတိုင်း ဒရွတ်ဆွဲလိုက်ရင်း ကိုယ့်သမိုင်းကိုယ်ရေးခဲ့ကြပါသည်။တပ်ရင်းမှူးများ၏ သမိုင်းသည် ကျွန်တော်တို့၏ သမိုင်းလည်း ဖြစ်ပါသည်။
သံလွင်အနောက်ခြမ်းသည် ရန်သူ့အုပ်ကြီးများနောက် ထပ်ချပ်လိုက်စစ်ဆင်ခဲ့ရသည်။ရန်သူနှင့်တိုက်ပွဲမဖြစ်မချင်း ဖိအားက တရစပ်။ ကျွန်တော်သည် ရန်သူကို မကြောက်။ ဆက်သွယ်ရေးစက်ကိုကြောက်၏။
ဆက်သွယ်ရေးစက်က နာရီဝက်တစ်ကြိမ် မပေါ်မဖြစ် ပေါ်ရပါသည်။ ဟုတ်ကဲ့ ၃၁ ပါရော့ ဗိုလ်ကြီး ဟူသော အသံနှင့် ဆက်သွယ်ရေးစစ်သည် ကမ်းပေးသော hand set သည် မလိုချင်ဆုံးအရာတည်း။
ဘာအပြစ်ရမယ် မသိဆရာ့ စိတ်ထဲမှာ ရှိဟူသော နည်းပြဆရာ၏ ဆုပေး မလိုလို ဒါဏ်ပေး မလိုလို ဟိုလိုလို ဒီလိုလို အသံလေးကို မြင်အောင် ကြားယောင် စွမ်းဆောင်နိုင်စေပါ၏။
သေမှာ မကြောက်သည့်ကျွန်တော်တို့ ဘာကိုကြောက်ကြသနည်း။ နံနက်ချိန်ခါ သံသာချိုအေး မင်္ဂလာတေးသည် ငါ ဒီနေ့ တိုက်ပွဲဖြစ်သံ ကြားချင်တယ်ဟူသော တပ်မမှူး၏ ခပ်မာမာအသံ ခပ်ပြတ်ပြတ်အသံ ။
ရန်သူ့ကျည် အနားက ဖြတ်နေလည်း ကျွန်တော် မတွန့်။နည်းဗျူဟာမှူး တပ်မမှူးတို့၏ ဆက်သွယ်ရေးစက်ပေါ်ကနေ ခေါ်သံကြားက ဆံပင်ထောင်ထောင်သွားရသည်။
ဤလိုနှင့်ကျွန်တော်တို့သည် စစ်ဆင်ရေး တစ်ပတ်ပြီးတစ်ပတ်၊ သံယောဇဉ်လည်း တစ်ထပ်ပြီး တစ်ထပ်။ သူတိုက်ပွဲဖြစ်လိုက် ကိုယ် ဝိုင်းပတ် တိုက်ခိုက်လိုက်။ ကိုယ် တိုက်ပွဲဖြစ်လိုက် သူဝိုင်းပတ် တိုက်ခိုက် လိုက်နှင့် ။
ကျွန်တော်တို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် တိုက်ပွဲဝင်ခဲ့ကြသည်။ စိတ်ညစ်လိုက်ကြပျော်လိုက်ကြနှင့် အချိန်တွေက ကြာသလိုလို မြန်သလိုလို။ဤလိုနှင့် ရင့်လာခဲ့ကြသည်။
အင်းတကော် ရာသီဥတုသည် ပူ၏။ရှမ်းပြည်ရာသီဥတုကအေး၏။ လူကလည်း ပူလိုက်အေးလိုက်။အခုတော့လည်း လွမ်းစရာတွေချည်း။လူ့ ပြည် လူ့ရွာ လူ့လောကကြီးတွင် မရှိသူလည်း မရှိကြတော့။
ရှိသူတွေ ရှိကြသေးသည်။ ကျန်းမာသူ ချမ်းသာသူ သူ့အကျိုးပေးနှင့်သူ။ မည်သို့ဆိုဆို သံယောဇဉ်ကတော့ တင်းနေလေကြဆဲ။ လူတွေလည်း အိုသွားကြပြီ။ဟောင်းလည်းဟောင်းသွားကြပြီ။
အိုသွားဟောင်းသွားလည်း မပြောင်းလဲသည်မှာ ရဲဘော်ရဲဘက်စိတ်။ တပ်ရင်းကြီးကို ချစ်သည့်စိတ်၊တပ်မတော်ကို ချစ်မြတ်နိုးသည့်စိတ်။ တိုက်စိတ် ခိုက်စိတ် အောင်စိတ်။
သံလွင်အရှေ့ခြမ်း မော်ဖဒေသ မဆုတ်တမ်း ခံစစ် ပေ ၆ဝဝဝ ကျော်ကုန်းကြီးများတွင်တော့ နှင်းတွေ မြူတွေတောင်ခိုးတွေဝေ အုံ့ဆိုင်း မှိုင်းရီနေပြီ ထင်ပါလေရဲ့။
တောင်ထိပ်ကနေ ရှုမျှော် လိုက်တိုင်း မြစ်ကြီးပမာ တရွေ့ရွေ့ရစ်ခွေနေသည့် ဖြူလွလွ တိမ်ပင်လယ်ကြီး၏ အလှကို ထိုအချိန်က ခံစားရကောင်းမှန်း မသိခဲ့။ စစ်ရေးသည် အဓိက။ကျန်တာ သာမည။
အအေးဒါဏ်ကို မီးလှုံ အံတု ခဲ့ရသည့်ဘဝ။ လူမိုက်တွေ လူမိုက်တွေ ဟု လူကြီးသူမများ စကားသာကြားယောင်မိရသည်။ချစ်လို့ မိုက်ခဲ့တယ်ဗျ ဆိုရမည့် အရွယ် မဟုတ်၍ ဝဋ်ကြွေး ကိုသာ လွှဲချရပါသည်။
ထိုဒေသတွင်လည်း ကျွန်တော်တို့တပ်ရင်းက အများအပြား အသက်ပေးခဲ့ကြရသည်။ဗိုလ်မှူး မောင်ရီ(ကျဆုံး)ကတော့ သီဟသူရဘွဲ့ ရခဲ့ပါ၏။ လူတိုင်းပေးလို့ မရ၍ အချို့ကား ကံ မပါ မရ။
တကယ်တော့ သူရဲကောင်းတွေချည်း။ ပွိုင့် ၆၀၂၈ ပွိုင့် ၆၀၀၀ စသော ကုန်းကြီးများသည်ရှေးသူရဲကောင်းများ၏ အသက်တွေ သွေးတွေချွေးတွေ မျက်ရည်တွေ ဆိုသည်ကို နှောင်းလူတွေ သိနိုင်ကောင်းပါစေ။
ကိုအောင်နိုင်ဦး( တေဇ ၁၁ )ကိုစိန်မော်( တေဇ ၁၁) ကိုဌေးအောင်( ဗသက )ကိုထွန်းထွန်း (စတသ ၂၉) ကိုစိုးမြင့် (စတသ၂၄ )တို့၏ ကြိုးစား အားထည့်မှုကြောင့်တွေ့ဆုံပွဲကြီး ၇ ကြိမ်တိုင်ခဲ့ပြီ။
ယခုနှစ် ၇ ကြိမ်မြောက်အတွက် အခမ်းအနား အစီအစဉ်လေးတွေ ကျွန်တော့ထံ မမေ့မလျော့ အလေးထားပေးပို့လာကြပါသည်။ကျေးဇူးတင်ပါသည်။အားလည်းရပါသည်။ဂုဏ်လည်းယူပါ၏။သာဓုလည်းခေါ်၏။
အသစ်အသစ်တို့သည် ကျွန်တော်တို့၏မျှော်လင့်ချက်။ အဟောင်းအဟောင်းတို့၏ စေတနာသည် နည်းသည်ဖြစ်စေ မနည်းသည်ဖြစ်စေ အသစ်အသစ်တို့အတွက် အားဖြစ်ပါစေ။
ရှေးက စစ်သားကြီးတွေသည်လည်း ဤတပ်ရင်းကြီး၏ ဂုဏ်ကိုဆောင်သွားကြသည်။ရှေးက သွေးချွေးအသက်တွေနှင့်တည်ဆောက်သွားသည့် ဤတပ်ရင်းကြီး၏ဂုဏ်ကို ကျွန်တော်တို့လည်း ဆက်ခံခဲ့သည်။
181
0
0
25.02.2025
08:05
စစ်သွေးကြွ KIA ခေါင်းဆောင်နဲ့
ဒေသခံ စစ်သွေးကြွ PDF ခေါင်း
ဆောင်များတက်ရောက်သည့်
မြိုင်တောင်ပိုင်း၊ ကျောက်ခွက်ရေ
နံမြေအနီးရှိ စစ်သွေးကြွ PDF
ခေါင်းဆောင် မင်္ဂလာဆောင်ကို
ဗုံးကြဲရှင်းလင်း။
=======
ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မကွေးတိုင်း၊ မြိုင်မြို့နယ်(တောင်
ပိုင်း)၊ ကျောက်ခွက်ရေနံမြေဧရိ
ယာအနီး ဆုံကုန်းရွာဘုန်းကြီး
ကျောင်း၌ ကျင်းပနေသည့် စစ်
သွေးကြွ PDF ခေါင်းဆောင် မင်္ဂ
လာဆောင်ကို လေကြောင်းဖြင့် ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။
crd***PM
#JBT
757
2
0
25.02.2025
08:01
လုံခြုံရေးစစ်ကြောင်းနှင့် အကြမ်း
ဖက်သောင်းကျန်းသူများ
၃၅ မိနစ်
ခန့် ထိတွေ့တိုက်ပွဲ
များဖြစ်ပွားခဲ့ပြီး TNLA/PDF အဖွဲ့များကျဆုံးဒဏ်
ရာရ၊ အလောင်းများအား ဆွဲယူပြီး
လက္ကောင်းကြီးကျေးရွာမြောက်
ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့
ပါသည်။
-
တိုက်ပွဲဖြစ်ပွားသည့်နေရာအား အ
သေးစိတ်ရှင်းလင်းခဲ့ရာ-
(၁) TNLA ၃ လောင်း
(၂) PDF ၁ လောင်း
(၃) လက်နက်မျိုးစုံ ၁၀ လက်
(၄) ဒရုန်း ၁ စီး
(၅) ကျည်အိမ် ၅ ခု
သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ
စစ်
သည် ၁ ဦး မစိုးရိမ်ရ
ဒဏ်ရာ ရရှိခဲ့သည်။
-
မတ္တရာမြို့အနီးရှိ ကျေးရွာများတွင် TNLA + PDF အကြမ်းဖက်သမား
များက
ရိက္ခာများ၊ ဆက်ကြေးငွေ
များ
အား အတင်းအဓမ္မတောင်းခံမှု
များကြောင့် ၎င်းတို့အပေါ် ဒေသခံ
များက
ရွံရှာမုန်းတီလျက်ရှိပြီး
အ
ကြမ်းဖက်သမားများ၏ အခြေပြု
နေရာများနှင့် တပ်လှုပ်ရှားမှုသတင်းများအား စစ်ကြောင်းများထံ ပေးပို့
လာသဖြင့် ယခုရက်ပိုင်းအတွင်း
မတ္တရာအနီးတစ်ဝိုက်တွင် တိုက်ပွဲ
များဖြစ်ပွားခဲ့ကာ TNLA ၊ PDF အ
ဖွဲ့များထိခိုက်သေဆုံးမှု များပြားနေကြောင်း သိရပါသည်။
-
Congratulations ပါ မတ္တရာမှ Fighter ကြီးများ?
crd***combat news
#JBT
758
0
0
25.02.2025
07:02
ယူကရိန်းစစ် ဘယ်တော့မှ ရပ်မလဲ
- နော်ဝေက ယူကရိန်းကာကွယ်ရေးစက်ရုံတွေလည်ပတ်ဖို့၊ လက်နက်ထုတ်ဖို့နဲ့ဝယ်ဖို့အတွက် ယူရို သန်း ၃၀၀ ထောက်ပံ့တယ်
- ဂျာမဏီက ယူကရိန်းတပ်မတော်အတွက် အမြောက်ဆံ ၃၇၀၀၀၀ ကို ၂၀၂၅ ခုနှစ်အတွင်းထောက်ပံ့မယ်
- ရုရှားတို့ရဲ့ ဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုကာကွယ်ဖို့ အိုင်ယာလန်က ယူကရိန်းကို Giraffe Mark IV ရေဒါစနစ်တွေထောက်ပံ့တယ်
- စပိန်က ယူကရိန်းကို ယူရို ၁ ဘီလီယံတန်ကြေးရှိတဲ့ စစ်ရေးအကူအညီပေးတယ်
- Baltic နဲ့ Scandinavian နိုင်ငံတွေက ယူကရိန်းတပ်တွေကို စစ်ရေးလေ့ကျင့်ပေးတယ်
- ကနေဒါက ယူကရိန်းကို LAV III ခြေလျင်တိုက်ခိုက်ရေးယာဉ်၊ အက်ဖ်-၁၆ ဆင်မြူလေတာစနစ်နဲ့ ခဲယမ်းစနစ်တွေထောက်ပံ့ပေးတယ်
(ဒီစာရင်းတွေက လတ်တလောစာရင်းတွေပါ၊ ဇီးသီးဗန်းမှောက်ရင်တော့ မသိဘူး)
crd***1984
#JBT
61
0
0
25.02.2025
07:01
"ယူကရိန်းစစ်ကပေးတဲ့ သင်ခန်းစာ"
===
စစ်ပွဲဟာ ဘယ်စစ်ပွဲမဆို အချိန်ကြာလာတာနဲ့အမျှ ကဏ္ဍ ပေါင်းစုံကို ထိခိုက်စေတော့တာပါပဲ။ ဥပမာ ယူကရိန်းစစ်ကြောင့် ယူကရိန်း နိုင်ငံသား သန်းပေါင်းများစွာ နေတိုး နိုင်ငံတွေထဲ ခိုဝင်ကြရတယ်။ အရွယ်ရောက်သူတိုင်းဟာ တိုင်းပြည်အတွက် မဖြစ်မနေ စစ်မှုထမ်းရတယ်။ ဒါက လက်တွေ့မြင်နိုင်တဲ့ အရှိတရားပါ။ ကြားထဲ စီးပွားရေးအရ ဆုတ်ယုတ်တာ၊ စစ်ကြောင့် ပျက်စီးသွားတဲ့အရာတွေ ပြန်လည် ထူထောင်ရေး လုပ်ဖို့ ဆိုတဲ့ ကိစ္စတွေ မပါသေးဘူး။ နှစ်ပေါင်းများစွာ အချိန်ပြန်ယူရမဲ့ အရာတွေက ဒီစစ်ပွဲတွေကြောင့်ပါပဲ။
----
အမေရိကန်နဲ့ ရုရှား တွေ့ဆုံမှု အပြီးမှာ ဇလန်စကီးကို ဖြုတ်ချချင်တော့ ယူကရိန်းနိုင်ငံရဲ့ ရွေးကောက်ပွဲအရ သမ္မတရာထူး ကန့်သတ်ချက်ကို အပြစ်ရှာလာခဲ့ကြတာ တွေ့ရတယ်။ ဒါကလည်း အကျိုးစီးပွားပါပဲ။ နေတိုးနိုင်ငံထဲ ဝင်လာချင်သူကို နည်းမျိုးစုံနဲ့ ထောက်ပံ့ကြပေမယ့် စစ်မှန်တဲ့ ကူညီမှုတော့ မဖြစ်နေပြန်ပါဘူး။ ဒါ့ကြောင့်လည်း စစ်ပွဲအတွင်း ထောက်ပံ့ခဲ့တဲ့ ကုန်ကျစရိတ် သန်း ၃၀၀ အစား ယူကရိန်းက မြေရှား သတ္တုကို အလိုရှိကြောင်း ဒေါ်နယ်ထရမ့်က ဒဲ့တောင်းဆိုခဲ့တာပါ။ တဖက်မှာ ဒီလို ဆိုရတာကလည်း အကြောင်းရှိပါတယ်။ ဥရောပမှာ ရုရှားနိုင်ငံပိုင် ဒေါ်လာတွေကို ဥရောပနိုင်ငံတွေက ထိန်းသိမ်းထားတာရှိပါသေးတယ်။ ဒီငွေတွေကိုလည်း ဒေါ်နယ်ထရမ့်တယောက် မျက်စိကျပုံပါပဲ။
------
လောလောဆယ်တော့ ဇလန်းကီးရဲ့ သမ္မတ ရာထူးဟာ အတော်လေး လှုပ်ခတ်လာခဲ့ပါပြီ။ တနေ့က လုပ်တဲ့ ယူကရိန်းပါလီမန် မဲခွဲမှုမှာ ဇလန်စကီးအတွက် လိုအပ်တဲ့ ထောက်ခံမှု မရခဲ့ဘူးလို့ ဆိုတာ တွေ့ရတယ်။ လုံခြုံရေးကောင်စီမှာ လုပ်တဲ့ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှု မဲခွဲတဲ့ကိစ္စမှာလည်း အမေရိကန်က ရုရှားနဲ့အတူ ကန့်ကွတ်မဲ ပေးတယ်လို့ သိရတယ်။ အိန္ဒိယနဲ့ တရုတ်ကတော့ ကြားနေသတဲ့။ ဆိုတော့ ဘယ်လောက် ဒီမိုကရေစီနိုင်ငံ ပါဆိုဆို၊ အင်အားကြီးတဲ့ နိုင်ငံတွေမှာလည်း ကိုယ့်ပြဿနာ ကိုယ်စီကြောင့် နှာစေးနေကြတာလည်း အံ့ဩစရာတော့ အကြောင်း မရှိပါဘူး။
------
ဒါ့ကြောင့် ယူကရိန်း စစ်က ပေးတဲ့ သင်ခန်းစာမှာ ဘယ်နိုင်ငံမှ စေတနာပါလို့ ကူတယ်ဆိုတာ မရှိဘူးဆိုတာပါပဲ။ အားလုံးဟာ အကျိုးစီးပွားတွေကိုပဲ အခြေခံကြတယ်ဆိုတာ ထင်ရှားပါတယ်။ စစ်ပွဲဟာ ကြာလာတာနဲ့အမျှ လူထု ထောက်ခံမှုလည်း ကျဆင်းလာတယ်ဆိုတဲ့ အချက်ရယ်၊ ကိုယ့်နိုင်ငံအချုပ်အခြာအတွက် ဘယ်နိုင်ငံမှ စေတနာ အပြည့်ကူတာ မရှိဘူးဆိုတဲ့ သင်ခန်းစာတွေ ဖော်ထုတ်ရတာတော့ အမှန်ပါပဲ။
crd***(နရီမိုး)
#JBT
61
0
0
25.02.2025
07:00
"ယူကရိန်းစစ်က ပေးတဲ့ သင်ခန်းစာ" (နရီမိုး)
👇👇👇👇👇
0
0
0
25.02.2025
06:59
" စစ်ပွဲဟူသည် နှစ်ဖက်သော တပ်မှူးများ၏ ခိုင်မြဲသော၊ ပြင်းပြသော အောင်စိတ်သာဖြစ်သောကြောင့် စစ်ပွဲတစ်ခု၌ အခြေအနေသည် မိမိလည်း မနိုင်၊ သူလည်း
မရှုံးဖြစ်နေချိန်တွင် အနိုင်မခံအရှုံး
မပေးသော အောင်စိတ် သာလွန်ပြင်းထန်သည့် စစ်ဗိုလ်ချုပ်ကြီးက
အနိုင်ရစမြဲဖြစ်သည်။ "
ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ
General Bernard Law Montgomery
#JBT
31
0
0
25.02.2025
06:55
ဖမ်းဆီးရမိတဲ့ ဘိန်းဖြူထုတ်တွေ
ကို တပ်မ(၈၈) တပ်မမှူးဖြစ်သူဗိုလ်မှူးကြီး သန်းရွှေရှေ့မှာ လက်တဖက်ထဲနဲ့ ကိုင်ပြတယ်။
သူ့ကြည့်တော့ ဗိုလ်ကြီးအဆင့်
ရုပ်ကလဲ စပ်ဖြဲဖြဲနဲ့။
နောက်က လူတွေလဲ ရီရီမောမောပဲ။
ဘယ်သူ့မှာမှ Attention မရှိသလို
ဘယ်သူမှလဲ ကြောက်မနေကြဘူး။
ခါးပတ်ကြီးကလဲ အမေရိကန် ခါး
ပတ်နဲ့။ မျက်မှန်ကြီးနဲ့။ သိုင်းကြိုးက
မပါဘူး။
ရှေ့ကစားပွဲမှာ စားပွဲခင်းကို
စောင်ကြားနဲ့ခင်းပြီး အဆင်ပြေသလိုလေး ထားတယ်။
ပြောချင်တာလေးတွေက
အခုမှ လာမှာပါ။
အရင်က တပ်မတော်ဟာ တပ်နေ
ပျော်၍ စစ်တိုက်တော်ကြတယ်။
အဆင့်တန်းအားလုံး ကိုယ့်အလုပ်ကိုယ်လုပ်ပြီး Brotherly တာဝန်
ထမ်းဆောင်ကြတယ်။ အထက်ကလည်း သိပ်မကြပ်ဘူး။ အဆင့်
တိုင်းမှာ သူ့တန်ဖိုး၊ သူ့တာဝန်နဲ့သူ ကျေပွန်စွာ ထမ်းဆောင်ကြတယ်။
crd***မိုးဆွေ
#JBT
.
123
0
0
25.02.2025
06:47
တခါကတခါက ပင်လယ်ပြင်ကြီးထဲ
မှာ ကော်ပိုရေးရှင်းကြီး တစ်ခုအ
တွက် ကုန်ပစ္စည်းတွေတင်လာတဲ့
ကွန်တင်နာသင်္ဘောကြီးတစ်စီး
ကျောက်ဆောင်နဲ့ တိုက်မိတော့
ဝမ်းဗိုက်မှာ ပေါက်သွားလို့ဆိုပြီး
သတင်းဝင်လာတော့....
ပင်လယ်ရေကြောင်းပို့ဆောင်ရေး
ကို ကိုင်တွယ်ရတဲ့ တာဝန်ရှိသူလူ
ကြီးတွေ ခေါင်းတွေပါကြီးပြီး
အသဲအသန်အစည်းအဝေးထလုပ်
ပြီး ထွက်လာတဲ့အဖြေက
သင်္ဘောနောက်တစ်စီးနဲ့ ကွန်တင်
နာတွေကဲ့ယူဖို့ ဆုံးဖြတ်ချက်ချဖို့
လုပ်နေတုန်း
အလုပ်ဝင်တာ မကြာသေးတဲ့..
အလုပ်သင်လေးက ကော်ဖီလာ
ချပေးရင်းအခြေမနေကို မြင်လိုက်တော့.
ပါးစပ်ကနေ လွှတ်ကနဲထွက်သွား
တယ်။ ပေါက်တာဆိုတော့ ဖာလို့
မရဘူးလားတဲ့။
အဲဒီအချိန်မှာ အလုပ်သင်ရဲ့မန်နေ
ဂျာက ထငေါက်ပါလေရော
လူကြီးတွေ ဆွေးနွေးနေတာကို..
ကလေးအတွေးတွေ လာမပြောနဲ့
ပေါ့။
ဒါပေမယ့် အစည်းအဝေးထဲက
ဒါရိုက်တာတစ်ယောက်က သင်္ဘော ကုမ္ပဏီကို ချက်ချင်းဖုန်းကောက်
ခေါ်ပြီး..ဖာလို့ရလားမေးတော့
ရဟတ်ယာဉ်နဲ့ ဖာမယ့်လူရယ်ပစ္စည်းရယ်ပို့ပေးရင် တစ်ရက်နဲ့ပြီးနိုင်တယ်
တဲ့။
အဓိက ဘာကိုပြောချင်တာလဲဆို
တော့ ဝန်ထမ်းတွေကို ပိုက်ဆံပေး
ပြီးခေါ်ထားတာက အားနေတဲ့အ
ချိန် ..ဖုန်းထိုင်ပွတ်ဖို့မဟုတ်ပါဘူး။
သူတို့ဆီမှာ
လက်တွေ့လုပ်ရင် ကောင်းမယ့်
အကြံတွေအများကြီးရှိနိုင်ပါတယ်..
သူတို့ဆီက ဘယ်လိုယူရင် ရမလဲ
ဆိုတဲ့စနစ်တစ်ခုတော့ ကိုယ့်လုပ်
ငန်းမှာ တည်ဆောက်ထားနိုင်မှ
ရမှာပါ။
crd***GRE_Series
#JBT
182
0
0
25.02.2025
06:37
စစ်အောင်နိုင်ရာသောအကြောင်းများထဲမှာ လေကြောင်းအရေးသာမှု ပါဝင်ပါတယ်။တပ်မတော်ဘက်က လေကြောင်းအရေးသာမှု တဖက်သတ်အသာစီးရထားတာဖြစ်လို့ မိမိအားသာချက်ကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့လိုပါတယ်။
ယခင်ကလေကြောင်းပစ်ကူယူရတဲ့ တိုက်ပွဲတွေဟာ PC 6,PC7 လောက်သာ ဖြစ်ပေမယ့်ထိရောက်တဲ့ ပစ်ကူတွေဖြစ်လို့ လေယာဥ်သံကြားတာနဲ့ရန်သူဆုတ်ခွာကြရတာများပါတယ်။
ဒီကနေ့ခေတ်မီတိုက်လေယာဥ်တွေပိုင်ဆိုင်ထားတဲ့ တပ်မတော် ဖြစ်နေချိန်မှာ ပြိုင်ဘက်ကင်း တစ်ဖက်သတ်ဝေဟင်စိုးမိုးအသာစီးရထားတဲ့အခွင့်အရေးကို စွမ်းအားအပြည့်အဝ အသုံးချနိုင် ရင် မြေပြင်မှာ ဘယ် လောက်မာတဲ့ ရန်သူဖြစ်စေစိတ်ဓာတ်ခြောက်ခြားသွားအောင်လုပ်နိုင်ပါတယ်။
မြို့တွေ ရွာတွေသူပုန်သိမ်းထားပေမယ့် မြို့ပြ အုပ်ချုပ်ရေးစနစ်တည်ဆောက်လို့မရကြောင်းလေ ကြောင်း တစ်ခုတည်းနဲ့ ထိန်းချုပ်ပြထားလို့ရပါတယ်။ အခုမြေပြင်မှာ ရန်သူသိမ်းပိုက်ထားတဲ့မြို့တွေ ကိုတစ်ခါတစ်ရံ လေကြောင်းတိုက်ခိုက်မှု လုပ်ပေးနေရုံနဲ့ အုပ်ချုပ်ရေးတည်ဆောက်လို့မရဘဲ ကျီးလန့်စာစား ဖြစ်နေကြတာ ဖြစ်လို့ ထိထိမိမိအဆက်မပြတ်သာ လုပ်ပေးနိုင်ရင် ရန်သူစိတ်ဓာတ်ပျက်ပြားလာပါလိမ့်မယ်။
ရန်သူကို လေကြောင်းရန်ကာကွယ်ရေးလေ့ကျင့်ခန်း လုပ်ပေးသလို မစို့မပို့ မထိတထိ သွားလုပ်နေတာမျိုး မဟုတ်ဘဲ တစ်ကြိမ်ဆိုတစ်ကြိမ် ဆိုသလောက် ထိတ်လန့်တုန်လှုပ်သွားအောင် ထိထိရောက်ရောက်ပြင်းပြင်း ထန်ထန်လုပ်ပြနိုင်ရင် ရန်သူ စိတ်ဓာတ်ခြောက်ခြားပျက်ပြားသွားမှာ ဖြစ်ပါတယ်။လက်ရှိ သူပုန်တွေ စိုးရိမ်ပူပန်ကြောက်လန့်နေတာ ကလည်း လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။
ခြေလျင်တပ်သည်သာစစ်ဘုရင်ဖြစ်လို့ မြေပြင်မှာ ခြေလျင်တပ် မရောက်နိုင်သမျှ သိမ်းပိုက်နိုင်ပြီပြောမရပေမယ့် မြေပြင်ထိုးစစ်မဆင်နိုင်မီ ကြားကာလမှာ ရန်သူ့မြို့ပြအုပ်ချုပ်ရေးစနစ်တည်ဆောက်လို့မရအောင်လေ ကြောင်း တိုက်ခိုက်မှု တွေအဆက်မပြတ် အပြင်းထန်ဆုံး လုပ်ပေးနေခြင်းကသာလျှင် ရန်သူကို စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ တအိအိပြိုကျလာစေမယ့် အကောင်း ဆုံးထိုးနှက်ချက် ဖြစ်ပါတယ်။
ပစ်မှတ်တိကျပြင်းထန်အားမြင့်မားတဲ့ အဆင့်မြင့်ဗုံးသုံးလေ ကုန်ကျစရိတ်ပိုများလေ ဖြစ်ပေမယ့် အနုမြူဗုံးရဖို့ မြက်စားရင်စားရပါစေလို့ပြောပြီးလုပ်ခဲ့တဲ့ပါကစ္စတန်ခေါင်းဆောင်အလီဘူတိုလိုပဲ မလိုတဲ့နေရာတွေကိုခြိုးခြံချွေတာပြီး ဒီနေရာအတွက် သုံးရပါမယ်။
တိုင်းပြည်အချုပ်အခြာအာဏာ၊ပြည်သူလူထုကံကြမ္မာ၊
တပ်မတော်ဂုဏ်သိက္ခာအတွက်မဖြစ်မနေ ပြတ်ပြတ် သားသားအနိုင်ရဖို့ လိုအပ်နေတဲ့ ဒီစစ်ပွဲအတွက် အခြားကုန်ကျမယ့်အသုံးစရိတ်အကုန်လုံး ကို စစ်နိုင်ရေး မှာစုပုံသုံးကြဖို့ သင့်ပါတယ်။
crd***သောင်းလွင်ဟိန်း
#JBT
302
0
0
Бардык посттор
Рекорддор
25.02.2025
23:59
7.6K
Катталгандар
21.02.2025
15:40
67
Цитация индекси
18.01.2025
23:59
1.8K
1 посттун көрүүлөрү
25.02.2025
18:34
0
1 жарнама посттун көрүүлөрү
04.02.2025
04:32
167.74%
ER
18.01.2025
23:59
31.11%
ERR
Көрсөтүү көбү
Telegram каналы Jamadar Ba Thein статистикасы
Толугураак
Катталгандар
7 572
24 саат
333
4.6%
Жума
1 464
24%
Ай
1 874
32.9%
Цитация индекси
8
Эскерүүлөр
1
Каналдарда бөлүштү
0
Каналдарда эскерүүлөр
1
1 посттун орточо көрүүлөрү
1 159
12 саат
994
27.7%
24 саат
1 159
22.9%
48 саат
942
64%
Катышуу (ER)
3.59%
Кайра посттошту
1
Комментарийлер
0
Реакциялар
22
Көрүүлөр боюнча катышуу (ERR)
19.99%
24 саат
6.98%
Жума
2%
Ай
12.87%
1 жарнама посттун орточо көрүүлөрү
0
1 саат
0
0%
1 – 4 саат
0
0%
4 - 24 саат
0
0%
Көрсөтүү көбү
Толугураак
Биздин ботту каналыңызга кошуп, анын аудиториясынын жынысын билүү.
Акыркы 24 саатта бардык посттор
29
Динамика
7
Өнүгүү
Толугураак
Катталуучулар
Citation индекси
Бир посттун көрүүсү
Жарнамалык посттун көрүүсү
ER
ERR
DEC '24
JAN '25
FEB '25
Толугураак