Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
K Lovers Myanmar(Series) avatar

K Lovers Myanmar(Series)

Видеолор
ကြော်ငြာများထည့်သွင်းလိုပါက
@hhh97456
ကိုဆက်သွယ်လို့ရပါတယ်။
TGlist рейтинг
0
0
ТипАчык
Текшерүү
Текшерилбеген
Ишенимдүүлүк
Ишенимсиз
Орду
ТилиБашка
Канал түзүлгөн датаFeb 06, 2025
TGlistке кошулган дата
Aug 10, 2024
Тиркелген топ

Рекорддор

27.09.202423:59
252.3KКатталгандар
31.10.202423:59
2700Цитация индекси
22.08.202412:42
8.9K1 посттун көрүүлөрү
13.08.202423:59
8.4K1 жарнама посттун көрүүлөрү
30.09.202423:59
2.56%ER
22.08.202412:42
3.54%ERR
Катталуучулар
Citation индекси
Бир посттун көрүүсү
Жарнамалык посттун көрүүсү
ER
ERR
OCT '24JAN '25APR '25

K Lovers Myanmar(Series) популярдуу жазуулары

GOT7 အဖွဲ့ဝင် idol & မင်းသား Park Jin young က မြန်မာငလျင်ဒဏ်ကြောင့် ထိခိုက်မှုရှိခဲ့တဲ့ ကလေးသူငယ်များအတွက် Save the Children ကနေတဆင့် ဝမ် သန်း (၃၀) လှူဒါန်းခဲ့ပါတယ်

#KLoversMyanmar
Weak Hero Class 2 (2025)

https://t.me/kloversmyanmarseries2/6013

ယွန်းရှီအွန်း (Park JiHoon) ဟာ တန်ပြန်တိုက်ခိုက်ပေမဲ့ ကျရှုံးခဲ့ရတဲ့ သူ့အတိတ်က ရက်စက်ဖွယ်ကောင်းတဲ့
သင်ခန်းစာဒဏ်ရာတွေကို သယ်ပိုးရင်း အွန်းဂျန်အထက်တန်းကျောင်းကို ပြောင်းလာခဲ့ပါတယ်။
ရှေ့တစ်ခေါက်ကလိုမျိုး သူငယ်ချင်းနောက်တစ်ယောက် ထပ်မဆုံးရှုံးဖို့ ဆုံးဖြတ်ထားခဲ့တဲ့သူဟာ
ဘတ်ဟူမင်း(Ryeo Un), ‌ဆောဂျွန်းထယ်(Choi Min Yeong), ဂိုဟျွန်းထက် (Lee Min Jae)တို့နဲ့အတူ
အဖွဲ့ကျသွားခဲ့ပါတယ်။ သို့သော်လည်း ယုတ်မာတဲ့ နာဘဲ့ဂျင်း (Bae Na Ra) ဦးဆောင်တဲ့ဂိုဏ်းက
သူတို့ သူငယ်ချင်းအုပ်စုကို မျက်စိကျသွားတဲ့အခါ မထင်မှတ်ဘဲ ရှီအွန်းတစ်ယောက် တိုက်ပွဲတစ်ခုမှာ
ရှင်သန်နိုင်ဖို့အတွက် သူ့ကိုယ်သူ သူကန့်သတ်ထားတဲ့အတိုင်းအတာ အလွန်ကို တွန်းပို့နေမိတဲ့အခါ.....
ရှေ့တုန်းက ရင်ဆိုင်ခဲ့ဖူးသူတွေထက် ပိုအားကောင်းပြီး သနားညှာတာမှုကင်းမဲ့တဲ့ ရန်သူနဲ့ ရင်ဆိုင်တွေ့ဆုံရတဲ့
အလျောက် သူ့ဘေးမှာရှိတဲ့သူတွေကို ကာကွယ်နိုင်သွားမလား ဒါမှမဟုတ် သူချစ်ခင်ရတဲ့သူတွေ ကျရှုံးတာကိုမတတ်နိုင်ဘဲ ထိုင်ကြည့်နေရမလားဆိုတာကို Class 1 ပရိသတ်ကြီးတွေ အကြိုက်တွေ့ဦးမှာ အသေအချာပဲမို့ ကြည့်လိုက်ကြပါဦး...
The Haunted Palace (2025)

https://t.me/kloversmyanmarseries2/5949

Yoon Gab(Yook Sung-Jae) ဟာ ဂုဏ်သိက္ခာရှိပြီးတော့ ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရ
အမှုထမ်းတစ်ဦးပါ .. ။ တစ်နေ့မှာတော့ ဂန်ချောလ်လို့ အမည်ရတဲ့ ..
ကောင်းကင်ပေါ်ကို တက်ဖို့ကြိုးစားနေတဲ့ အီမူဂီ (ခေါ်) ဒဏ္ဍာရီလာသတ္တဝါဟာ Yoon Gab ရဲ့
ခန္ဓာကိုယ်ကို အပိုင်ရယူသွားပါတယ်။ အဲဒီနောက် Yoon Gab ဟာလည်း အပြုအမူတွေလည်း
စတင်ပြောင်းလဲလာပြီး လူတွေဆီကနေ အကြည်ညိုပျက်ခံလာရပါတော့တယ် .. ။

Yoon Gab နဲ့ အတိတ်တုန်းက အချစ်ဦးတွေဖြစ်ခဲ့ကြတဲ့ Yeo-Ri (Bona)ကတော့ နာမည်ကြီး
နတ်ဝင်သည်ရဲ့ တစ်ဦးတည်းသော မြေးမလေးဖြစ်ပြီး .. ဝိညာဉ်ရေးရာ ပါရမီတွေကိုလည်း
အမွေဆက်ခံထားရသူတစ်ဦးပါ။

အဲဒီလိုနဲ့ တစ်ရက်မှာတော့ စွမ်းအားပြင်း အမျိုးသမီးဝိညာဉ်တွေ၊ နတ်ဆိုးတွေနဲ့ ပြည့်နေတဲ့
နန်းတော်ထဲကို ဝင်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် .. ။
တစ်ဖက်မှာလည်း တိုင်းပြည်ကို တိုးတက်ပြောင်းလဲ‌စေဖို့အတွက် စိတ်အားထက်သန်လှတဲ့ ဘုရင်
Lee Sung(Kim Ji-Hoon)…
နန်းတွင်းထဲမှာ ထူးဆန်းပြီး မယုံနိုင်စရာကောင်းတဲ့ ဝိညာဉ်ရေးရာပြဿနာတွေဖြစ်လာတဲ့အခါမှာ...
Baeksang Art Awards 2025 ရဲ့ ဆန်ကာတင် Best Actress List

Go Minsi - The Frog

Kim Taeri - JeongNyeon - The star is born

Kim Hyeyoon - Lovely Runner

IU - When Life Gives you Tangerines

Jang Nara - Good Partner

#BaeksangArtAwards2025
The Divorce Insurance (2025)

https://t.me/kloversmyanmarseries2/5769

နောက်ဆုံးတော့ မင်းသား Lee Dong-Wook ရဲ့ Rom-Com ဒရမ်မာသစ်လေး ထွက်ရှိလာပြီဖြစ်ပါတယ်။

နိုဂီဂျွန်း (Lee Dong-Wook) က အာမခံကုမ္ပဏီမှာ လုပ်ကိုင်နေသူဖြစ်ပါတယ်။ အပြင်ပန်းမှာတော့
အရည်အချင်းရှိပြီး ပြီးပြည့်စုံသူတစ်ဦးလို့ ထင်ရပေမဲ့ တကယ်တမ်းက သုံးကြိမ်တိတိတောင် ကွာရှင်းထားပြီး
ဇနီးဟောင်းတွေကို တစ်နှစ်စာ လုပ်အားခနီးနီးရှိတဲ့ မယားစရိတ်တွေ ပေးလိုက်ရတာဖြစ်လို့ မွဲပြာကျနေသူပါ။
ဒါကြောင့်လည်း ဂီဂျွန်းက ကွာရှင်းခြင်းဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ မမျှော်လင့်ဘဲ ဝင်လာတတ်တဲ့
ဘေးအန္တရာယ်တစ်ပါးလို့ ယူဆပြီး ကွာရှင်းမှုနှုန်းတွေ မိုးထိုးတက်နေတဲ့ကာလမှာ ကွာရှင်းအာမခံမူဝါဒသစ်ကို
ရေးဆွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ဂီဂျွန်းက ဂန်ဟန်ဒူ (Lee Joo-Bin)၊ အန်ဂျွန်မန် (Lee Kwang-Soo)၊
ဂျွန်နာရယ် (Lee Da-Hee) တို့နဲ့အတူ ကွာရှင်းအာမခံအဖွဲ့ကို ဖွဲ့စည်းဖြစ်သွားတဲ့အခါမှာတော့...
အရိုတစ်လိုင်းကိုမှ ဟာသလေးနှောပြီး အာမခံအကြောင်းကိုပါ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့
အပတ်စဉ် တနင်္လာ ၊ အင်္ဂါနေ့တိုင်း စောင့်ကြည့်ကြစို့နော်။
Karma (2025)

https://t.me/kloversmyanmarseries2/5797

“ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပဲ့တင်လာလိမ့်မည်” ဆိုသလိုကိုယ်ပြုတဲ့ကံရဲ့နောက်ဆက်တွဲအကျိုးဆက်ဆိုးတွေကို ခံစားကြရမဲ့ကြမ္မာတူ လူ၆ ဦးရဲအကြောင်းကိုရှုစားရမှာပါ။
ပဟေဠိဆန်ဆန် မတော်တဆမှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်ခဲ့ပြီး ပြန်ပြောင်းလဲလို့ မရတော့တဲ့
အပေးအယူတစ်ခုကိုလုပ်မိခဲ့တဲ့ “မျက်မြင်သက်သေ” တစ်ယောက်.. ဆရာဝန်တစ်ယောက်
ဖြစ်လာသည့်တိုင်အောင် ကလေးဘဝက စိတ်ဒဏ်ရာကနေ မလွတ်မြောက်နိုင်သေးသူ “ဂျူယွန်း”..
ဘဝကြီးကို ပြောင်းလဲပစ်ချင်လို့ ငွေတိုးချေးစားတဲ့သူတွေဆီကနေ ပိုက်ဆံချေးပြီး ရင်းနှီးမြှုပ်နှံမိရာကနေပိုက်ဆံတွေဆုံးရှုံးလိုက်ရတဲ့ “ဒုက္ခသည်တစ်ယောက်”..
မတရားသဖြင့် အလုပ်ဖြုတ်ခံလိုက်ရပေမဲ့ တစ်ဖက်မှာကျ ပိုက်ဆံတွေပုံပေးပြီး အလုပ်တစ်ခုလုပ်ပေးဖို့ကမ်းလှမ်းတာကိုခံလိုက်ရပြန်တဲ့ “ဂီယုံး”..
ဂန်နမ်မှာ အောင်မြင်နေတဲ့ဆေးခန်းတစ်ခုကို ဦးစီးနေရာကနေ မတော်တဆမှုတစ်ခုကို ကျူးလွန်လိုက်မိတဲ့”မျက်မှန်နဲ့လူတစ်ယောက်” နဲ့ ရည်းစားဖြစ်သူ “ယူဂျောင်း”..
ကိုယ်စီကိုယ်စီ ဘဝပေးအခြေအနေတစ်မျိုးစီအခက်အခဲတစ်မျိုးစီနဲ့ ဒီလူ ၆ ယောက်မွေးရာပါကံကြမ္မာရဲ့အလှည့်စားခံရပြီးအကျိုးဆက်ဆိုးတွေနဲ့ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါ ..။
High School King of Savvy (2014)

https://t.me/webdramabyklovers/3447

သာမန်အထက်တန်းကျောင်းတစ်ခုမှာ သာမန်ကျောင်းသားဘဝလေးနဲ့ ဘဝကို ဖြတ်သန်းနေတဲ့
တက်သစ်စ ဟော်ကီကစားသမား အီမင်ဆော့။
သူဟာ သွေးစပ်တဲ့ မိသားစုဝင်ဆိုလို့ သူနဲ့တစ်ထေရာတည်း ရုပ်ဆင်တဲ့အစ်ကိုတစ်ယောက်ပဲရှိတယ်။
အစ်ကိုဖြစ်သူကတော့ သူနဲ့ ရုပ်သာတူပြီး ဉာဏ်ရည်ချင်းမတူတဲ့အတွက် ဂျာမနီမှာ ပညာတော်သင်
ထွက်နေတဲ့ ပညာတတ် ဉာဏ်ကြီးရှင်တစ်ယောက်ပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့  အစ်ကိုဖြစ်သူ
အီဟျောင်းဆော့က ကိုရီးယားကို ပြန်လာတဲ့လမ်းမှာ ပျောက်ဆုံးသွားတယ်ဆိုတဲ့ သတင်းကို
ကြားလိုက်ရတဲ့ မင်ဆော့ဟာ ဇဝေဇဝါဖြစ်မှုတွေနဲ့အတူ ပျောက်သွားရခြင်း အကြောင်းရင်းကို
ရှာနေတဲ့ အချိန်မှာပဲ အစ်ကိုဖြစ်သူထံက ဖုန်းဝင်လာခဲ့တယ်။
“မင်း ငါ့ကိုယ်စား အလုပ်တက်ပေးစမ်းပါ.. နောက်မှ ရှင်းပြပါရစေ.. မင်းမျက်နှာပဲ သွားပြရင်ရပြီ..
ကျန်တာ ငါကြည့်လုပ်ပေးမယ်” တဲ့.. အံ့ဩမှင်သက်သွားတဲ့ ကျောင်းသားလေး မင်ဆော့ဟာ
ပျောက်ဆုံးနေတဲ့ အစ်ကိုဖြစ်သူရဲ့ ထူးဆန်းတဲ့ တောင်းဆိုချက်ကို စဉ်းစားပြီးနောက်
လက်ခံဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ….။
Baeksang Art Awards 2025 ရဲ့ ဆန်ကာတင် Best Drama များ

Lovely Runner (tvN)
The Tale of Lady Ok (JTBC)
Doubt (MBC)
The Trauma Code: Heroes on Call (Netflix)
When Life Gives You Tangerines (Netflix)

#BaeksangArtsAwards2025
Sixth Sense: City Tour

စ/ဆုံး

https://t.me/kvarietyshowss/2978
Crypto Man (2025)

https://t.me/kloversmyanmarmovies/2233

ဒီဇာတ်ကားဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့မင်းသား Song Jae Rim ရဲ့ နောက်ဆုံးဇာတ်ကားဆိုလည်း ဟုတ်ပါတယ်။

ဉာဏ်ကြီးရှင် အဖြစ် အများက သတ်မှတ်ထားတဲ့ ဒိုဟျွန်းဟာ ချီးကျူးခံရတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီဖို့ရာအတွက်ဘယ်နည်းနဲ့မဆို အောင်မြင်အောင် ကြိုးစားနေထိုင်ပါတယ်။ အောင်မြင်မှု သရဖူဆောင်းရမယ်ဆိုတဲ့ ရည်မှန်းချက်
ကြီးမားတဲ့ ဒိုဟျွန်းတစ်ယောက် တစ်နေ့မှာတော့ စွန့်ဦး တီထွင် လူငယ်တွေ အတွက် နိုင်ငံတော်ကနေ
ထောက်ပံ့ကြေးရရှိခဲ့ပြီး အဲဒီထောက်ပံ့ကြေးဟာ လုပ်ငန်းတည်ထောင်လိုသူတွေနဲ့ လုပ်ငန်းဒေဝါလီခံသွားရတဲ့
သူတွေအတွက် ရည်ရွယ်တဲ့ ထောက်ပံ့ကြေးဆိုတာကို သိသွားတဲ့ နောက်မှာတော့ ဒိုဟျွန်းက သူ့လုပ်ငန်းကို
တမင်တကာ ထပ်ခါတလဲလဲ အရှုံးပေါ်အောင် လုပ်ပါတော့တယ်။ အဲဒီ နောက်မှာတော့ ရင်းနှီးမြှုပ်နှံသူ ကယ်ဗင်ရဲ့
အကူအညီနဲ့ MOMMY COIN ဆိုတဲ့ ဒီဂျစ်တယ်ငွေကြေးစနစ်ကိုပါ တီထွင်သွားနိုင်ပါတော့တယ်။
အချီကြီး အောင်မြင်သွားပေမဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ ဒိုဟျွန်းတစ်ယောက်
အဆုံးထိ အောင်မြင်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက် ရှုစားပေးကြပါဦး။
Heo's Diner (2025)

https://t.me/webdramabyklovers/3335

ဂျိုဆွန်းခေတ်မှာ အရာရာကို လွတ်လပ်တဲ့အတွေးအမြင်တွေနဲ့ တွေးခေါ်တတ်ပြီး အဆင့်အတန်းခွဲခြားမှုမရှိဘဲ လူတိုင်းတန်းတူညီမျှနေထိုင်နိုင်မဲ့လူ့အသိုင်းအဝိုင်းတစ်ခုကိုထူထောင်ချင်တဲ့အိပ်မက်ပိုင်ရှင် “ဟောဂယွန်း” ဟာဆိုရင် ဂျိုဆွန်းပြည်ရဲ့ပြဿနာအိုးလေး ဖြစ်လို့နေပါတော့တယ်။ တစ်နေ့မှာတော့ သူ့ရဲ့သူမတူတဲ့
စိတ်ကူးစိတ်သန်းတွေကြောင့်ပဲ မလိုသူတချို့ရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံရဖို့ ဖြစ်လာရာကနေ အနာဂတ်ကို
နှစ်ပေါင်း ၄၀၀ စာအချိန်ခရီးသွားမိသွားပြီး ၂၀၂၄ ခုနှစ်ရဲ့ ဆိုးလ်မြို့ပေါ်ကို ရောက်လာပါတော့တယ်။
ဒီလိုနဲ့ စားသောက်ဆိုင်ရှေ့မှာ ဆာလောင်ငတ်မွတ်နေရှာတဲ့ အချိန်ခရီးသွားလေး “ဟောဂယွန်း” ကို
စားသောက်ဆိုင်ပိုင်ရှင် “ဘုံးအွန်းရှီ” ရဲ့ အမေ နဲ့ “ဘုံးအွန်းရှီ” တို့က ကူညီကယ်တင်ထားလိုက်ရာကနေ
“ဘုံးအွန်းရှီ” နဲ့အတူတူ သူ့အမေရဲ့ စားသောက်ဆိုင်ကို ဦးစီးဖို့ဖြစ်လာပါတော့တယ်။
အချိန်သစ် နေရာသစ်မှာ “ဟောဂယွန်း” တစ်ယောက် အလွယ်တကူအသားကျနိုင်ပါ့မလား..
သူ့ကိုသတ်ဖို့ ကြိုးစားခဲ့တဲ့သူတွေကရော ဘယ်သူတွေဖြစ်မလဲ...
မမျှော်လင့်ထားတဲ့ ဘယ်လိုအလွဲတွေဖန်တီးပြီး ခွီရဦးမလဲဆိုတာကိုတော့
Streaming (2025)

https://t.me/kloversmyanmarmovies/2247

ကိုရီးယားမှာ ရေပန်းအစားဆုံးသော မှုခင်းရုပ်သံလိုင်းကို ထုတ်လွှင့်သူ Woo Sang ကWAG ဆိုတဲ့ Streaming ပလက်ဖောင်းမှာ မဖြေရှင်းရသေးတဲ့ အမှုတွေကို ခွဲခြမ်းစိတ်ဖြာတဲ့
Profiler တစ်ယောက်အနေနဲ့ ကျော်ကြားသလို Subscriber အများဆုံး နံပါတ် ၁ နေရာမှာ
ရှိနေတဲ့သူဆိုလည်း မမှားပါဘူး။
တစ်နေ့မှာတော့ သူ့ ထုတ်လွှင့်မှုကြောင့် အငြင်းပွားမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး သူ့ နာမည်လည်း
တစ်ဟုန်ထိုး ကျသွားပါတော့တယ်။
Woo Sang လည်း သူ့ရဲ့ မူလထိပ်တန်းနေရာကို ပြန်လည်ရောက်ရှိဖို့ရန်အတွက် နာမည်ဆိုးနဲ့
ကျော်ကြားနေတဲ့ ကွင်းဆက် လူသတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်ပြီး
စုံစမ်းစစ်ဆေးခြင်းကို စတင်ခဲ့တယ်။
ဒီလိုနဲ့ သဲလွန်စတွေကို တစ်စတစ်စ လိုက်ရှာရင်း လူသတ်သမားရဲ့ နာမည်ကို ဖော်ထုတ်နိုင်ဖို့
တဖြည်းဖြည်း နီးစပ်လာခဲ့သလို လူသတ်သမားကလည်း သူ့ရဲ့ လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေခဲ့ရာ...
ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့
Cornell's Box (2025)

https://t.me/kloversmyanmarmovies/2263

လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိမှု သိမ်ငယ်မှုတွေကသူ့ကို ဘယ်လောက်ထိ ဆွဲချသွားနိုင်လဲဆိုတာကို သည်းထိပ်ရင်ဖိုစွာနဲ့
ပဟေဠိဆန်ဆန် ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြတဲ့ ထယ်အီနဲ့ အွန်ဝူးဟာ ပန်းချီကို ချစ်မြတ်နိုးသူတွေဖြစ်ကြပြီး
ယခုလက်ရှိမှာလည်း ပန်းချီပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ကြိုးစားနေသူတွေပါ။
ဒါပေမဲ့လည်း အွန်ဝူးရဲ့ ပန်းချီလက်ရာတွေဟာ ထယ်အီ့ထက် အမြဲတမ်း သာလွန်နေခဲ့တာကြောင့်
ထယ်အီဟာ အွန်ဝူးနဲ့ယှဉ်လိုက်ရင် သိမ်ငယ်နေခဲ့ရတာပေါ့။
တစ်ရက်... ထယ်အီ့ရဲ့ ရည်းစားဖြစ်သူ ယူဂျင်းဟာ ရုတ်တရက် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။
ဒါကို လက်မခံနိုင်တဲ့ ထယ်အီနဲ့ ယူဂျင်းရဲ့ညီမဖြစ်သူ ယူရင်းတို့ဟာ ယူဂျင်းရဲ့ အဆုံးစီရင်ခဲ့ရတဲ့
အကြောင်းပြချက်နဲ့ အမှန်တရားကို အတူတူ လိုက်လံစုံစမ်းကြပါတော့တယ်။
သူတို့တွေ ဖော်ထုတ်လေလေ ယူဂျင်းရဲ့အတိတ်နဲ့ပက်သက်ပြီး ကိစ္စတွေဟာ ပိုပြီး နက်နဲလာခဲ့ပြီးတော့
အဆုံးမှာတော့ ဘယ်လိုအကြောင်းအရာတွေရှိနေမလဲဆိုတာကို လျှို့ဝှက်နက်နဲပြီး စိတ်ဝင်စားဖို့လည်း
ကောင်းတာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။
The Seasons Season 7: Cantabile of Park Bo Gum (2025)

https://t.me/kvarietyshowss/3097

သီချင်းလေးတွေ နားထောင်ရင်း စိတ်အပန်းဖြေကြည့်လို့ရမယ့်
The Seasons show လေးကတော့ MC အသစ်လေးနဲ့ တစ်ဖန်
ပြန်လည် ရောက်ရှိလာပါပြီ။
ဒီတစ်ခါတော့ သရုပ်ဆောင်ပိုင်းမှာသာ ထူးချွန်ရုံမက ဂီတဘက်မှာပါ
ပါရမီပါတဲ့ အားလုံးချစ်ခင်နှစ်သက်ရတဲ့ မင်းသား Park Bo Gum က
MC အနေနဲ့ တင်ဆက်သွားမှာပါ။
အပိုင်းတိုင်းမှာ မတူညီတဲ့ နာမည်ကြီး guests တွေနဲ့ စကားတွေပြောကြရင်း
နာမည်ကြီးတေးသီချင်းများစွာကို ဘယ်လိုတွေသီဆိုသွားကြမလဲဆိုတာကိုစိတ်အပန်းဖြေ အနားယူရင်း The Seasons လေးကို ကြည့်လိုက်ကြပါဦးနော်။
Cinderella Game

အပိုင်းသစ် ၈၈

https://t.me/+1AhgNXG6eW8wNDdl
Көбүрөөк функцияларды ачуу үчүн кириңиз.