Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
တိုက်ပွဲသတင်းစုံ avatar
တိုက်ပွဲသတင်းစုံ
တိုက်ပွဲသတင်းစုံ avatar
တိုက်ပွဲသတင်းစုံ
26.02.202505:51
နယ်မြေရှင်းလင်းခြင်း(ချောင်းဦး)

ဖေ ၂၅ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် နွယ်ခွေကျေးရွာအနီးသို့အရောက် အကြမ်းဖက်အင်အား ၄၀ ဦးခန့်နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူသည် အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် ၂ လောင်း
(၂) အမ်အေ(၃) ၁ လက်
(၃) ကျည် ၁၀၀ ၊ ကျည်အိမ် ၂ ခု

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
တိုက်ပွဲသတင်းစုံ
25.02.202514:42
ဗန်းမော်မှာတော့ KIA တွေ စမုန်တုန်းနေပြီ
-
တိုက်ပွဲသတင်းစုံ
နယ်မြေရှင်းလင်းခြင်း(သပိတ်ကျင်း)

ဖေ ၂၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းဒေသအတွင်း နယ်မြေရှင်းလင်းစဉ် TNLA/အကြမ်းဖက် ၁၅ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူတောင်အရပ်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် စစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) TNLA ၃ လောင်း
(၂) အမ်အေ(၁၀) ၁ လက်
(၃) ဒုံးသီး ၃ လုံး
(၄) ကျည်အိမ် ၃ ခု၊ ကျည် ၈၇ တောင့်
(၅) လက်ပစ်ဗုံး ၁ လုံး
(၆) ကျည်ကာအင်္ကျီ ၁ ထည်

တို့အားသိမ်းဆည်းရရှိခဲ့။ (ပုံများအား ထပ်မံဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ
မန်တုံမှာရှိတဲ့ KIA စခန်း ၃ ခုအား .. TNLA အဖွဲ့မှ ဝင်စီးပြီး KIA အဖွဲ့ဝင်တွေကို လက်နက်သိမ်းဆည်းခြင်း၊ ထိုးကြိတ်ခြင်းများ ရှိနေ
-
ပလောင်က KIA အပေါ် သိပ်စွာတယ်ဟ
-
တိုက်ပွဲသတင်းစုံ
Breaking News
-
(မကြာမီ ပုံတွေ တင်ပေးပါမယ်)
-
တိုက်ပွဲသတင်းစုံ
နယ်မြေရှင်းလင်းခြင်း (ကန့်ဘလူ)

ဖေ ၂၃ ရက် နေ့လည်ပိုင်းက ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာအနီးဝန်းကျင်တွင် နယ်မြေရှင်းလင်းရာ အကြမ်းဖက် ၂၀ ဦးတို့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ရန်သူ မြောက်အရပ်သို့ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ -
(၁) အကြမ်းဖက် ၁ လောင်း
(၂) သေနတ် ၁ လက်

သိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများ ထပ်မံဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ
နယ်မြေရှင်းလင်းခြင်း (ရွှေဘို)

ဖေ ၂၅ ရက် နံနက် ၆ နာရီခွဲခန့်က ရွှေဘိုမြို့နယ်တွင် နယ်မြေရှင်းနေသည့် လုံခြုံရေးအဖွဲ့များသည် ညောင်ကန်ကျေးရွာအနီး ရောက်ရှိစဉ် မိုင်းထောင်နေသည့် အကြမ်းဖက်သမား ၁ ဦးအား ပစ်ခတ်ဖမ်းဆီးရာ -
(၁) အကြမ်းဖက် PDF ၁ လောင်း
(၂) လက်လုပ်မိုင်း ၆ လုံး

တို့အား သိမ်းဆည်းရရှိသည်။
-
တိုက်ပွဲသတင်းစုံ
အားရကျေနပ်ပါတယ် .. တစ်ကောင်မှ မလွတ်စေရဘူး .. မကြာမီတင်ပေးပါမယ်
-
တိုက်ပွဲသတင်းစုံ
နယ်မြေရှင်းလင်းခြင်း(ပေါက်ခေါင်း)

ဖေ ၂၄ ရက် ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်သူအင်အား ၇ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် ၁ လောင်း
(၂) လက်လုပ်တူမီး ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့်
(၄) လက်ပစ်ဗုံး ၁ လုံး

သိမ်းဆည်းရမိခဲ့။
-
တိုက်ပွဲသတင်းစုံ
24.02.202513:43
စစ်တီးဝိုင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား 🏆🏆🏆
-
(က)အဆင့်
(ပထမဆု) ကက(ရေ) 🏆
(ဒုတိယဆု) မြန်မာနိုင်ငံရဲ 🏆
(တတိယဆု) ကက(လေ) 🏆
-
(ခ)အဆင့်
(ပထမဆု) နေပြည်တော် 🏆
(ဒုတိယဆု) ရန်ကုန်တိုင်း 🏆
(တတိယဆု) မန္တလေးတိုင်း 🏆
-
အထူးဆု
စစ်တက္ကသိုလ်စစ်တီးဝိုင်း 🏆
-
တိုက်ပွဲသတင်းစုံ

https://www.tiktok.com/@kothet8888888/video/7474979182208961810?is_from_webapp=1&sender_device=pc&web_id=7402886078983980545
(ပုံရလို့ ထပ်မံဖော်ပြပါသည်)
=======
နယ်မြေရှင်းလင်းခြင်း (သပိတ်ကျင်း)

ဖေ ၂၃ ရက် ညနေပိုင်းအချိန်က သပိတ်ကျင်းဒေသအတွင်း နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် TNLA ၃၀ ဦးတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) TNLA အလောင်း ၄ လောင်း
(၂) Type-81 သေနတ် ၄ လက်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
တိုက်ပွဲသတင်းစုံ
နယ်မြေရှင်းလင်းခြင်း (မြောက်စမ်း)

ဖေ ၂၃ ရက် နေ့လည်ပိုင်းက မြောက်စမ်း၏ အနောက်ဘက် မီတာ ၁၀၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းနှင့် အကြမ်းဖက် AA ၂၀ ဦးခန့်နှင့် ထိတွေ့မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ -
(၁) AA အလောင်း ၂ လောင်း
(၂) သေနတ် ၂ လက်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများအား ထပ်မံဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ
🙏🙏🙏
နယ်မြေရှင်းလင်းခြင်း (မတ္တရာ)

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းရှိ TNLA နှင့် PDF အကြမ်းဖက်သမားများအား နယ်မြေရှင်းလင်း၍ချေမှုန်းနေသော လုံခြုံရေးစစ်ကြောင်းအား လက္ကောင်းကြီးကျေးရွာမှ တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ TNLA နှင့် PDF အကြမ်းဖက် ပူးပေါင်းအင်အား ၃၀ ဦးခန့် ခိုအောင်းနေသော နေရာတစ်ခုကို ဖေဖော်ဝါရီလ ၂၄ ရက် နံနက်ပိုင်းက သွားရောက်ရှင်းလင်း တိုက်ခိုက်ခဲ့သည်။
-
လုံခြုံရေးစစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများ ၃၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး TNLA/PDF အဖွဲ့များ ကျဆုံးဒဏ်ရာရ အလောင်းများအား ဆွဲယူပြီး လက္ကောင်းကြီးကျေးရွာမြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။
-
တိုက်ပွဲဖြစ်ပွားသည့်နေရာအား အသေးစိတ်ရှင်းလင်းခဲ့ရာ-
(၁) TNLA အလောင်း ၃ လောင်း
(၂) PDF အလောင်း ၁ လောင်း
(၃) လက်နက်မျိုးစုံ ၁၀ လက်
(၄) ဒရုန်း ၁ စီး
(၅) ကျည်အိမ် ၅ ခု

သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ စစ်သည် ၁ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်။
-
မတ္တရာမြို့အနီးရှိ ကျေးရွာများတွင် TNLA+PDF အကြမ်းဖက်သမားများက ရိက္ခာများ၊ ဆက်ကြေးငွေများအား အတင်းအဓမ္မတောင်းခံမှုများကြောင့် ၎င်းတို့အပေါ် ဒေသခံများက ရွံရှာမုန်းတီလျက်ရှိပြီး အကြမ်းဖက်သမားများ၏ အခြေပြုနေရာများနှင့် တပ်လှုပ်ရှားမှုသတင်းများအား စစ်ကြောင်းများထံ ပေးပို့လာသဖြင့် ယခုရက်ပိုင်းအတွင်း မတ္တရာအနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကာ TNLA ၊ PDF အဖွဲ့များ ထိခိုက်သေဆုံးမှု များပြားနေကြောင်း သိရပါသည်။
-
Congratulations ပါ မတ္တရာမှ Fighter ကြီးများ?
-
တိုက်ပွဲသတင်းစုံ
အပြစ်မဲ့ပြည်သူများအား PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်

ဖေ ၂၄ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးရွာမှ အမျိုးသမီး ၃ ဦးသည် ၎င်းတို့၏ လယ်ထဲတွင် ပေါင်းနုတ်နေစဉ် အကြမ်းဖက် PDF ၃၀ ဦးခန့်က သေနတ်ဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့။ ထိုသို့ပစ်ခတ်မှုကြောင့် -
(၁) မသန္တာထွေး (၁၇)နှစ်၊ (စိုးရိမ်ရ)
(၂) ဒေါ်သန်းသန်းစိုး (၃၈)နှစ်၊ (မစိုးရိမ်ရ)
(၃) ဒေါ်ပပဦး (၄၆)နှစ်၊ (မစိုးရိမ်ရ)

ဒဏ်ရာအသီးသီးရရှိပြီး ရွှေဘိုပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိ။ အကြမ်းဖက်သမားများ နောက်သို့ လခရအဖွဲ့များမှ လိုက်လံရှင်းလင်းလျက်ရှိ။
-
အကြမ်းဖက် PDF များအနေဖြင့် အပြစ်မဲ့ပြည်သူများအား မကြာခဏ အကြမ်းဖက်တိုက်ခိုက်လေ့ရှိပြီး အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရပါသည်။ ထို့ကြောင့် အကြမ်းဖက်သမားများ၏ သတင်းများကို လျှို့ဝှက်စွာပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။
-
တိုက်ပွဲသတင်းစုံ
နယ်မြေရှင်းလင်းခြင်း (သပိတ်ကျင်း)

ဖေ ၂၃ ရက် ညနေပိုင်းအချိန်က သပိတ်ကျင်းဒေသအတွင်း နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် TNLA ၃၀ ဦးတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) TNLA အလောင်း ၄ လောင်း
(၂) Type-81 သေနတ် ၄ လက်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများ ထပ်မံဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ
ဖေ ၂၃ ရက်နေ့က လမိုင်းမြို့နယ်၊ ကနင်ကမော့ရွာအရှေ့ဘက်ရှိ ရန်သူဝင်ရောက်ရာ နေအိမ်အား Drop Bomb ဖြင့်တိုက်ခိုက်ချေမှုန်းခဲ့။ ရန်သူ ၆ ဦးသေ ဆုံးပါကြောင်း။
-
Drone တွေ များများသုံးရင် လူကိုယ်တိုင်တောင် သွားစရာမလိုပါဘူး။ 👌
-
တိုက်ပွဲသတင်းစုံ
Кайра бөлүшүлгөн:
Ko Thet avatar
Ko Thet
25.02.202516:41
ကိုယ်တွေကလည်း အ ကုသိုလ်အတော်ကြီးတယ်လို့ ပြောရမယ် .. ရန်သူ့ အလောင်း/လက်နက်တွေရရင် ပျော်လို့ရွှင်လို့ .. ဝမ်းသာအားရတင်တယ်
-
စိတ်ပြန်ဖြေမိတယ် .. သူတို့ဆို ကိုယ်တွေထပ်တောင် ပိုတင်ကြသေးတာမို့ 🙄
-
KT
တိုက်ပွဲသတင်း(ကလေး)

ဖေ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အောင်သာယာကျေးရွာ၊ ဆိုလာစက်ရုံအနီးတွင် အကြမ်းဖက် ၁၅ ဦးခန့်နှင့် နယ်မြေရှင်းစစ်ကြောင်းတို့ ထိတွေ့မှုဖြစ်။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ ရန်သူ့ထံမှ -
(၁) အမ်(၂၂) ၁ လက်
(၂) ကျည်အိမ် ၁ ခု၊ ကျည် ၁၈၂ တောင့်
(၃) ကျည်ကာဦးထုပ် ၃ လုံး
(၄) လက်ပစ်ဗုံး ၂ လုံး

တို့အားသိမ်းဆည်းရမိခဲ့ပါသည်။ (ပုံများ ထပ်မံဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ
🙏🙏🙏
နယ်မြေရှင်းလင်းခြင်း (မတ္တရာ)

ဖေ ၂၄ ရက် (ယနေ့) မနက်ပိုင်းတွင် မတ္တရာမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းသည် မြောင်းသစ်ကုန်းရွာအနီးတွင် အကြမ်းဖက် PDF ၃၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် PDF များသည် ၎င်းတို့၏ အလောင်းများဆွဲယူကာ မြောက်အရပ်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ မဆွဲနိုင်ဘဲ ကျန်ရစ်ခဲ့သည့် -
(၁) အကြမ်းဖက် PDF ၃ လောင်း
(၂) လက်နက်မျိုးစုံ ၆ လက်
(၃) ကျည်အိမ် ၆ ခု၊ ကျည်ဆန်များ
(၄) ကျည်ကာဦးထုပ် ၁ လုံး

တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ပြီး ဆုတ်ခွာရန်သူနောက်သို့ စစ်ကြောင်းများမှ ထပ်ကြပ်လိုက်လံချေမှုန်း လျက်ရှိ။
-
ယခု ရက်ပိုင်းအတွင်းတွင် မတ္တရာမြို့နယ်အတွင်း နေရာ ၃ နေရာတွင် ထိတွေ့မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF ၆ လောင်း၊ သေနတ် ၁၇ လက် ရရှိထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။
-
Congratulations ပါ မတ္တရာမှ တပ်မတော်သားများ၊ လခရအဖွဲ့များ၊ ပြည်သူ့စစ်များ 👍👍👍
-
တိုက်ပွဲသတင်းစုံ
နယ်မြေရှင်းလင်းခြင်း (ဖလမ်း)

ဖေ ၂၃ ရက်နေ့ ညပိုင်းအချိန်က ဖလမ်းမြို့အတွင်း နယ်မြေရှင်းလင်းစစ်ကြောင်းသည် အကြမ်းဖက် ၂၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် ၂ လောင်း
(၂) သေနတ် ၂ လက်
(၃) ကျည်အိမ် ၂ ခု၊ ကျည် ၄၁ တောင့်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများ ထပ်မံဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ
24.02.202503:01
ဖေ ၂၃ ရက် (မနေ့)တုန်းက လမိုင်းမြို့နယ်၊ မြို့ဟောင်းဘုရားကုန်းမှာရှိတဲ့ ရန်နိုင်ဦးစီး (ရေး PDF)အဖွဲ့ စခန်းချနေရာအား Drop Bomb ချ တိုက်ခိုက်ခဲ့။ ၁ ဦးသေ ၁ ဦး ဒဏ်ရာရကြောင်း သိရ။
-
Drone တွေ များများသုံးရင် ဘယ်သူပုန်မှ မခံနိုင်ပါဘူး။ 👌
-
တိုက်ပွဲသတင်းစုံ
Көрсөтүлдү 1 - 24 ичинде 701
Көбүрөөк функцияларды ачуу үчүн кириңиз.