Yaiba:Samurai Legend
ဒီAnimeဟာWITstudioကနေပြီး 1993April ကနေ 1994 April အတွင်းထုတ်လွင့်ခဲ့ဖူးတဲ့ Yaiba Animeရဲ့ Remakeအနေနဲ့2025April 4ရက်နေ့မှာ ထုတ်လွင့်ပြသသွားမှာပဲ ဖြစ်ပါတယ်
ဇာတ်လမ်းအကျဥ်း
Yaiba Kuroganeဆိုတဲ့ကောင်လေးတစ်ယောက်ဟာ တစ်နေ့ကျရင် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်တဲ့ Samurai တစ်ယောက်ဖြစ်လာဖို့ တောထဲမှာ လေ့ကျင့်နေခဲ့ပါတယ် တစ်နေ့မှာတော့ ကံကြမ္မာရဲ့ လှည့်ကွက်တစ်ချို့ကြောင့်ဂျပန်ကိုပြန်ပြီးသူ့အဖေ Kenjuro ရဲ့မိတ်ဆွေဖြစ်တဲ့ Mine မိသားစုဆီမှာနေရဖို့ အကြောင်းဖန်လာခဲ့ပြီးMine ရဲ့သမီးဖြစ်တဲ့ Sayaka နဲ့ သူငယ်ချင်းတွေဖြစ်သွားကြပါတယ် တစ်နေ့မှာတော့ Sayaka နဲ့အတူကျောင်းသွားတက်တဲ့အခါမှာ ကျောင်းမှာ Takeshi Onimaru ဆိုတဲ့ Kendo ဓားသိုင်းဆရာနဲ့ဆုံံခဲ့ကြပါတယ်
အဲ့ဒီနောက်မှာတော့Onimaru နဲ့ Yaiba တို့နှစ်ယောက်သား ဓားရေးကျွမ်းကျင်လာဖို့အတွက် လေ့ကျင့်ရင်းနဲ့ပဲ တစ်နေ့မှာFujinkenဆိုတဲ့ လေနတ်ဘုရားရဲ့ ဓါးနဲ့ Raijinken ဆိုတဲ့မိုးကြိုးနတ်ဘုရားရဲ့ဓားဆိုတဲ့ ဓားနှစ်လက်ဟာ အစွမ်းတွေရုတ်တရက်နိုးထလာကြပါတော့တယ် အဲ့ဒီဓားတွေရုတ်တရက် အစွမ်းတွေနိုးထလာရတဲ့ နောက်ကွယ်ကအကြောင်းအရင်းက ဘာများလဲဆိုတာကိုတော့ Anime လေးကိုစောင့်ကြည့်ရင်း အဖြေရှာကြရအောင်ဗျာ