Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Movie Land ✨ avatar
Movie Land ✨
Movie Land ✨ avatar
Movie Land ✨
Kung Fu Monster ( 2019 )

ဇာတ်လမ်းအညွှန်းလေးကတော့
မင်မင်းဆက်ခေတ်နှောင်းပိုင်းမှာ နန်းတွင်းမှာအာဏာကြီးနေတဲ့
မိန်းမစိုး စွေးယွိဟော့ဟာ အမွှေးမဲတွေဖုံးလွှမ်းနေတဲ့ မကောင်းဆိုးဝါး
တစ်ကောင်ကို လူသတ်လက်နက်အဖြစ်လေ့ကျင့်ပေးဖို့
သူ့ရဲ့ကိုယ်ရံတော်ခေါင်းဆောင် ဖုံးစေ့ဟိုင်ကို တာဝန်ပေးလိုက်ပါတယ်
ဒီမကောင်းဆိုးဝါးလေးရဲ့ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ဟန်ပန်လေးကို
တွေ့ပြီးမလေ့ကျင့်ပေးရက်တော့ပဲ လွှတ်ပေးလိုက်မိတယ်
ဒီလိုနဲ့ ဖုံးစေ့ဟိုင်နဲ့ မကောင်းဆိုးဝါးကောင်လေးကို ဆုတွေအများအပြား
ထုတ်ပြီး လိုက်လံဖမ်းဆီးခြင်းကိုခံရတာပေါ့
ဖုံးစေ့ဟိုင်အဖမ်းခံရတဲ့အခါမှာ သူ့ချစ်သူက သူ့ကိုကယ်တင်ဖို့
အဖွဲ့တစ်ဖွဲ့စုပြီး တော့ မကောင်းဆိုးဝါးကောင်လေးနဲ့ပါ
ပူးပေါင်းလိုက်ပါတယ်..ဒီလိုပုံစံမတူနဲ့အဖွဲ့နဲ့ မကောင်းဆိုးဝါလေးတို့
ပူးပေါင်းပြီး စွင်းယိဟော့ကိုဘယ်လိုရင်ဆိုင်ရကြမလဲ..
စိတ်ဝင်တစားစောင့်ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်သလို
Monster နဲ့ပတ်သတ်တဲ့တရုတ်ကားတွေထဲမှာတော့
ဒီကားလေးကိုအတော်လေးသဘောကျမိပါတယ်

ဇာတ်ကားlink📌
https://t.me/biscopei00/3689
Miracle in Cell No. 7 (2013)

မေတ္တာတရားတွေကို သေချာ ကြည့်မယ်ဆိုရင် ….. ၁၅၀၀ မေတ္တာ က ၅၂၈ မေတ္တာ ထက် သင်္ချာ အတိုင်းအတာ ပမာဏ အားဖြင့် များပြားတယ်လို့ထင်ရပေမဲ့ … တကယ်တမ်းတော့လေ အဖြူစင်ဆုံးသော တိုင်းတာ မရသော အနန္တမေတ္တာဆိုတာလေ ၅၂၈ ဆိုသော မိသားစု လေးကပေးတဲ့ ဖြူစင် သောမေတ္တာ လေးကသာ တန်ဖိုး အရှိဆုံးပါ…ဘယ်လို မိဘမျိုးဘဲ ဖြစ်နေပါစေ… သားသမီးအပေါ် လိုအင်ဟူသမျှကို ဖြည့်ဆည်းပေးချင်ကြပါတယ် … ဉာဏ်ရည်မမှီသော ဖခင်တစ်ယောက်က သူ့သမီးလေး လိုချင်သော အိတ်လေးတစ်လုံးကြောင့် အမှတ်မထင် အမှု့အခင်း ဖြစ်ပြီး အရမ်းလိမ္မာပြီး အလိုက်သိလွန်းတဲ့သမီးလေးကြောင့် သူ့ဘ၀ ကြီး နဲ့သမီးလေး ဘ၀ ကို ထပ်တူ ထားသော ဖခင် တစ်ယောက် ရဲ့ မေတ္တာ….. လောကမှာ တစ်ယောက်ထဲ ရှိတဲ့ သမီးလေးသေးဆုံးမှု့ ကြောင့် အရူးတစ်ယောက်လို ဖြစ်ခဲ့ရတဲ့ဖခင်တစ်ယောက်ရဲ့ခံစားချက် …… ဒီဖခင်၂ယောက်ရဲ့အကြားမှာ အားပြိုင်မှု့တွေက ဘာတွေဖြစ်လာမလဲ…


🔥Movie Link
https://t.me/moviecinema78/3389

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Eye in the Sky(2015)

ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲနောက်မှာပုံစံပြောင်းလာတဲ့ ဘက်ပေါင်းစုံစစ်ပွဲပုံစံတချို့ကိုပုံဖော်ထားပါတယ်ဗုံးခွဲမယ့်အကြမ်းဖက်သမားကို မောင်းသူမဲ့လေယဉ်ကနေစောင့်ကြည့်နေတာဟာ အခုခေတ်အတွက် မဆန်းပေးမယ့်သာမန်ထက်ပိုပြီးရှုပ်ထွေးတဲ့လုပ်ရိုးလုပ်စဉ်တွေဖြစ်တဲ့chain of command လို့ခေါ်တဲ့ဆင့်ကဲအမိန့်ပေးစနစ်တွေcommander in chief လို့ ခေါ်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေချစ်ကြည်ရေးနိုင်ငံအတွင်းမှာဖြစ်နေတဲ့အခါ…သံတမန်ရေးကိုသတိထားရသလို သတင်းမီဒီယာစစ်ကိုလဲမပေါ့ဆအောင် လုပ်ကိုင်ရတာကိုလဲတွေ့ရပါမယ်ဗုံးခွဲသမားကိုမြင်နေပေမယ့် သတင်းမီဒီယာဘက်ကပြန်တွေးရတာတွေဟာ စိတ်ဝင်စားသူအဖို့ အပန်းဖြေယုံသက်သက်မကတာတော့သေချာတယ် မီဒီယာစစ်ကိုလဲဒီရုပ်ရှင်ကိုယ်တိုင်ကပြန်သရုပ်ဖော်ထားပါတယ်ကလေးတယောက်အတွက်နိုင်ငံတကာအတွက် နိုင်ငံရေးတွေ မဟာမိတ်တွေအတွက်လဲထည့်သွင်းစဉ်းစားထားပါတယ် လူသားချင်းစာနာပါတဲ့ဆိုတဲ့ပြကွက်တွေကလဲ ဒီကားကိုယ်တိုင်က သတင်းစစ်ထဲပါနေတဲ့ အချက်တခုပါပဲသာမန်တိုက်တာခိုက်တာလောက်ကြည့်တဲ့သူအတွက်ကတော့အားရချင်မှအားရပေမယ့် ကြည့်သင့်တဲ့ကားတကားဖြစ်ကြောင်းညွှန်းလိုက်ရပါတယ်…….

ဇာတ်ကားlink📌
https://t.me/biscopei00/3666
Iris The Movie (2010)

အိုင်းရစ်ဆိုတဲ့ ဒရမ်မာလေးကို အတိုချုံ့ပြီး ပြန်ကြည့်ချင်သူများအတွက် movie version လေးရပါပြီ

NSS လို့ခေါ်တဲ့အေးဂျင့်အဖွဲ့အစည်းတစ်ခုကနေ အထူးအေးဂျင့်ဖြစ်တဲ့ ဟျွန်းဂျွန်းကိုမြောက်ပိုင်းကလူတစ်ဦးကို သတ်ဖို့အတွက်တာဝန်ပေးခဲ့ပါတယ်….

တာဝန်ပြီးမြောက်သွားသော်လည်း သရုပ်မှန်ပေါ်သွားတဲ့အတွက်ကြောင့်

NSS ဒါရိုက်တာဘဲ့ဆန်းကနေသူ့ကိုစွန့်ပစ်ဖို့အတွက် ဟျွန်းဂျွန်းရဲ့သူငယ်ချင်းဖြစ်သူ ဆာဝူကိုအမိန့်ပေးခဲ့ပါတယ်…

.အဲဒီကနေတဆင့် ဟျွန်းဂျွန်းတစ်ယောက် နာကျည်းမှုတွေစတင်ကာ မြောက်ကိုရီးယားနဲ့ပူးပေါင်းပြီးလက်စားချေဖို့စတင်ရင်း အိုင်းရစ် ဆိုတဲ့အဖွဲ့အစည်းတစ်ခုအကြောင်း တစ်စတစ်စသိလာတဲ့အခါမှာတော့….

တစ်ဖက်မှာလည်း မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားကိုနျူးကလီးယားလက်နက်နဲ့ ဗုံးဖောက်ခွဲဖို့စီစဉ်ရင်း ဘယ်လိုတွေဆက်ပြီး တောင်နဲ့မြောက် ပြဿနာလေးတွေ ဖြေရှင်းသွားမလဲ,,

,ဟျွန်းဂျွန်းသိထားတဲ့ အိုင်းရစ်အဖွဲ့ကရော ဘာတွေကြံစည်ပြီး ဘယ်လိုတွေလုပ်ဆောင်နေလဲဆိုတာကိုတော့


🔥Movie Link
https://t.me/moviecinema78/3378

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
King of Beggars 😍

ဇာတ်လမ်း အကျဉ်းလေးကတော့
ပညာမတတ် အပျော်အပါးလိုက်စားပြီး တချိန်လုံး သောက်စားယစ်မူးလိုက် မိန်းမပျက်တွေနဲ့ ပျော်ပါးလိုက် နေနေတဲ့ စတီဖင်ချောင် တစ်ယောက်
သူ့အဖေက တိုက်တွန်းလို့ သိုင်းသင်တန်းကျောင်း ဝင်ခွင့်ဖြေဆိုဖို့ ပီကင်းကိုရောက်လာပါတယ်
ရေးဖြေဖြေဆိုတော့ ကလိမ်ကကျစ်နဲ့ ခိုးချတာမိသွားပါတယ်
အဲ့ဒီမှာ ဘုရင်ကြီးက ကလိမ်ကကျစ်ကောင်ကို သူတောင်းစား အဖြစ် အပြစ်ပေးလိုက်တဲ့အခါမှာတော့ဉာဏ်နီဉာဏ်နက်များတဲ့ စတီဖင်ချောင်တစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ



Movie Link
https://t.me/biscopei00/3655
Top Gun: Maverick (2022)

IMDb Rating – 8.6/10

တွမ်ခရုရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့တဲ့
တော့ပ်ဂန်းရုပ်ရှင်ရဲ့ အဆက် ထွက်လာပါပြီ။
ဒီရုပ်ရှင်ထဲမှာတော့ မက်ဗရစ်ရဲ့ မိတ်ဆွေကြီးအိုက်စ်တောင် ရေတပ်ဗိုလ်ချုပ်
ဖြစ်နေပါပြီ။ ဒါပေမဲ့ မက်ဗရစ်ကတော့ ပြဿနာတွေရှာလိုက် လူကြီး
တွေနဲ့ ငြိလိုက်နဲ့ သက်တမ်းရင့် ကပ္ပတိန် (ဗိုလ်မှူးကြီး) ဖြစ်နေတုန်းပါပဲ။ သူ့ကိုအပြီးသတ်
အနားပေးခါနီးမှာပဲ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ခုပေါ်လာပါတယ်။
အဲဒီစစ်ဆင်ရေးက အရမ်းခက်ခဲလွန်းတဲ့အတွက် တော့ပ်ဂန်း သင်တန်းဆင်း
အတော်ဆုံးလေယာဉ်မှူးတွေကို ပြန်ခေါ်ပြီး မက်ဗရစ်ကို နည်းပြအဖြစ်
တာဝန်ပေးလိုက်ပါတော့တယ်။
အဲဒီအဖွဲ့ထဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဂုစ်ရဲ့ သားပါလာပြီး သူက မက်ဗရစ်ကို
သူ့အဖေသေရတဲ့အတွက်မုန်းတီးနေတဲ့သူပါ။ သူတို့နှစ်ယောက်ကြားက
အမုန်းတွေကိုဘယ်လိုဖြေရှင်းပြီး မဖြစ်နိုင်တဲ့စစ်ဆင်ရေးတစ်ခုကို ဘယ်လို
ရအောင် တိုက်ခိုက်ကြမလဲဆိုတာ….ဒီရုပ်ရှင်မှာကြည့်ရှုရမှာဖြစ်ပါတယ်။


📌 Movie link 🍿
https://t.me/mmchnnell/440
Crazy, Stupid, Love (2011)

အရွယ်ရောက်လာတဲ့ယောက်ျားဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်တော်တော်များများမှာ
ပြီးပြည့်စုံတဲ့family lifeတစ်ခုဖန်တီးဖို့အိပ်မက်ရှိကြပါတယ်
ဒါကြောင့်အချစ်စစ်တစ်ခုရှာဖွေတယ်အိမ်ထောင်ပြုတယ်ဒါမှမဟုတ်သင့်တော်တဲ့သူလို့ထင်တဲ့သူနဲ့အိမ်ထောင်ပြုကြတယ်
ပြီးတော့.ကလေးတွေမွေးဖွားရင်း သိပ်တော်တဲ့ကလေးတွေအဖြစ်ပြုစုပျိုးထောင်ဖို့ကြိုးစားအားထုတ်ကြတယ်
အလုပ်တစ်ဖက်သားသမီးတစ်ဘက်နဲ့ဆိုတော့လင်မယားအကြားဆက်ဆံရေးကိုမေ့လျော့နေမိတတ်တယ်
အနုပညာမြောက်လှပါတယ်ဆိုတဲ့ဆိုတဲ့သီချင်းတစ်ပုဒ်တောင်ဖွင့်ဖန်များကြားရဖန်များလာရင်ညည်းငွေ့တတ်တဲ့သဘောရှိတယ်
ကျွန်တော်တို့ရဲ့နှစ်သက်ခြင်းကို နှစ်သက်ခြင်းကပဲဖျက်ဆီးသွားတတ်တယ်အိမ်ထောင်ရေးမှာလည်းဒီလိုပဲထင်ပါ့
တစ်ယောက်ရဲ့အပြုအမူတွေဟာ နှစ်သက်ခြင်းကြိမ်ဖန်များစွာဆောင်ခဲ့ပေမဲ့ကြာလာတော့ညည်းငွေ့တတ်တဲ့အဆင့်ရောက်သွားတယ်....

ဒီကားလေးက ကလေး ၃ယောက်ရှိတဲ့မိခင်နဲ့မိခင်ကြားအဆင်မပြေပုံတွေနဲ့
မြှာပွေတတ်တဲ့ကောင်လေးတစ်ယောက်အချစ်ကြောင့်ပြောင်းလဲသွားတတ်ပုံလေးကိုရိုက်ပြထားတာပါ

📌 Movie link 🍿
https://t.me/mmchnnell/457
Project Gutenberg ( 2018 )

ဇာတ်လမ်းအကျဉ်းလေးကတော့လွန်ခဲ့တဲ့ နှစ်တွေက ချစ်သူ ၂ယောက် …
အတူပန်းချီဆွဲကြတယ်..ကောင်မလေး က လက်ရာမှာပါရမီပါတယ်
ကောင်လေးကတော့ သူ့လောက်ပါရမီမထူးပေမယ့်
ပုံတူဆွဲနေတဲ့နေရာမှာလည်း သူက ပါရမီပါတယ်
ကံကြမ္မာလှည့်ကွက်တွေကြောင့်
၂ယောက်သားဝေးပြီးတော့ ပြန်လည်ဆုံတွေ့တဲ့အခါမှာတော့
ကောင်လေးက လူသတ်တရားခံအဖြစ်အဖမ်းခံထားရတယ်
ကောင်မလေးကတော့ နိုင်ငံတကာအသိအမှတ်ပြု
ပန်းချီပညာရှင်တစ်ယောက်….ရဲစခန်းက
ဟွကျားလို့ခေါ်တဲ့လူတစ်ယောက် အကြောင်းကို
ကောင်လေးကိုမေးတယ်..ကောင်မလေးပါတော့မှပဲ
ကောင်လေးက ဟွကျားအကြောင်းကိုဖွင့်ပြောတော့တယ်
ကောင်မလေးနဲ့ဝေးပြီးတဲ့နောက် ကောင်လေးဟာ
ဟွကျားဦးဆောင်တဲ့ ငွေတုဂိုဏ်းတခုကိုရောက်သွားတာကနေ
အစပြုပြီး မြုပ်ကွက်များစွာပါဝင်တဲ့ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာပါတော့တယ်
ထိုင်ရာကမထချင်ပဲ အဆုံးထိ စိတ်ဝင်စားပြီး
စောင့်ကြည့်သွားရမယ့် ဇာတ်ကားမျိုးဖြစ်လို့
ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်

ဇာတ်ကားlink📌
https://t.me/biscopei00/3679
Кайра бөлүшүлгөн:
Platinum Club MM avatar
Platinum Club MM
🤩🤩🤩🤩🤩🤩🤩🤩

🤩🤩🤩🤩 🤩🤩

😀လစဥ် အရှုးပြန်ပေး 5% ပေးနေပါပြီရှင့်⭐️

🔔မြန်မာနိုင်ငံရဲ့ ငွေသွင်းငွေထုတ် စိတ်အချရဆုံး website တိုက်ရိုက်💯
🌐 www.platinumclubmm.com မှာကစားလိုရအောင်မိတ်ဆက်ပေးချင်လိုပါ

စိတ်ချရလို ဂိမ်းချစ်သူများအတွက် အဆင်ပြေမှာသေချာပါတယ်ရှင့်👍

💵 50% အကောင့်သစ်ဘောနပ် ပေးနေပါတယ်
💵သူငယ်ချင်းမိတ်ဆက်ဘောနပ် 20%
💵လစဥ်အရှုးပြန်ပေး 5%

💰 10,000 သွင်း 15,000 ရမှာဖြစ်ပြီး
💰 20,000 သွင်း 30,000 ရမဲ့ အခွင့်အရေး ရမဲ့အပြင်

📌ငွေသွင်း-ငွေထုတ် အကန့်သတ်မရှိ မြန်ဆန်စိတ်ချရတဲ့
အကောင်းဆုံးဝဘ်ဆိုဒ်တစ်ခုပါရှင့်

🔽ဆက်သွယ်ကစားလိုသူများအနေနဲ့ 🔽

📱 @ptclubmm
📱 09 666 938 666
📱 https://msng.link/o?ptclubmm=ln
📱 Platinum Club MM
https://www.facebook.com/Platinummmclub

#platinumclubmm
#onlinegame
#slot #livecasino #fishinggame
#football
☄️မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေ ၊ နာမည်ကြီး‌ဖော၊က်ထွ၊င်း၊ဝိ၊ဇ္ဇာ၊အဖွဲ့ကြားထဲထားရှိတဲ့ အချင်းချင်းသစ္စာရှိမှုတွေ ဒါမျိုး‌တွေကိုမှ ကြည့်ချင်ရင်တော့ ဒီကားလေးက အကောင်းဆုံးဖြစ်ပါလိမ့်မယ် က၊င်ဝူဘင်ရဲ့ အကောင်းဆုံးကားတွေထဲကတခုလို့ဆိုရမှာဖြစ်ပြီး ဇာတ်လမ်းတခုလုံးမြုပ်ကွက်အပြည့်နဲ့မို့ အတော်လေးကြည့်ရတာအရသာရှိစေမှာပါ ဇာတ်လမ်းအကျဉ်းကိုဆက်ရရင် Professional ကျကျ၊ဖော၊က်၊ထွ၊င်း၊ခို၊းယူတတ်တဲ့ အဖွဲ့တဖွဲ့ပေါ့ လက်ရာပိရိလှတဲ့အပြင် သ၊က်၊သေ၊တခုမှ မကျန်တဲ့အတွက် ရဲတွေအတွက်ပါ ခေါင်းခဲစရာဖြစ်လာပါတော့တယ် ဒီလိုနဲ့ တရက်မှာတော့ သူတို့အဖွဲ့ကို သူဌေးကြီးတစ်ယောက်က အလုပ်အပ်ရင်းက မမျော်လင့်ထားတာတခုကိုကြုံတွေ့လိုက်ရပါတော့တယ် ဇာတ်လမ်းတခုလုံး ထိုင်ရာက မထစေရအောင်ဆွဲဆောင်မှုရှိတာဖြစ်လို့ အချိန်ကုန်ရကျိုးနပ်စေမိမှာပါ


Movie Link
https://t.me/biscopei00/3658
Кайра бөлүшүлгөн:
Platinum Club MM avatar
Platinum Club MM
🤩🤩🤩🤩🤩🤩🤩🤩

🤩🤩🤩🤩 🤩🤩

😀လစဥ် အရှုးပြန်ပေး 5% ပေးနေပါပြီရှင့်⭐️

🔔မြန်မာနိုင်ငံရဲ့ ငွေသွင်းငွေထုတ် စိတ်အချရဆုံး website တိုက်ရိုက်💯
🌐 www.platinumclubmm.com မှာကစားလိုရအောင်မိတ်ဆက်ပေးချင်လိုပါ

စိတ်ချရလို ဂိမ်းချစ်သူများအတွက် အဆင်ပြေမှာသေချာပါတယ်ရှင့်👍

💵 50% အကောင့်သစ်ဘောနပ် ပေးနေပါတယ်
💵သူငယ်ချင်းမိတ်ဆက်ဘောနပ် 20%
💵လစဥ်အရှုးပြန်ပေး 5%

💰 10,000 သွင်း 15,000 ရမှာဖြစ်ပြီး
💰 20,000 သွင်း 30,000 ရမဲ့ အခွင့်အရေး ရမဲ့အပြင်

📌ငွေသွင်း-ငွေထုတ် အကန့်သတ်မရှိ မြန်ဆန်စိတ်ချရတဲ့
အကောင်းဆုံးဝဘ်ဆိုဒ်တစ်ခုပါရှင့်

🔽ဆက်သွယ်ကစားလိုသူများအနေနဲ့ 🔽

📱 @ptclubmm
📱 09 666 938 666
📱 https://msng.link/o?ptclubmm=ln
📱 Platinum Club MM
https://www.facebook.com/Platinummmclub

#platinumclubmm
#onlinegame
#slot #livecasino #fishinggame
#football
လူမိုက်တွေကိုဆုံးမဖို့ဖြစ်လာတဲ့ခါးပတ်နက်ကျောင်းဆရာမ

အိုလံပစ်ချန်ပီယံလောင်းဖြစ်ခဲ့ပေမယ့် ပြဿနာတစ်ခုကြောင့် အားကစားလောကကနေ နှုတ်ထွက်လိုက်တဲ့ ဆိုရှီမင်(Shin Hye Sun) ဟာ
မူယောင်းအထက်တန်းကျောင်းမှာ အချိန်ပိုင်းစာရိတ္တဆရာမအနေနဲ့ ခက်ခက်ခဲခဲအလုပ်ရခဲ့ပါတယ်။ ကျောင်းမှာလည်း မိဘကျောထောက်နောက်ခံနဲ့ ဆိုးချင်တိုင်းဆိုး ရမ်းကားချင်တိုင်းရမ်းကားလွန်းတာကြောင့် ဆရာတွေပါမကျန် တစ်ကျောင်းလုံးရဲ့ ရွံကြောက်ဖြစ်နေတဲ့ ကျောင်းသားဟန်ဆူဂန်းတို့အဖွဲ့က အနိုင့်ကျင့်စိုးမိုးနေတာပါ။
အချိန်ပြည့်ဆရာမဖြစ်ဖို့အတွက် ကျောင်းမှာဖြစ်နေတဲ့ မတရားမှုတွေအကုန်လုံးကို မျက်စိကိုမှိတ် နားကိုပိတ်ပြီး မသိချင်ယောင်ဆောင်ဖို့ပဲ ဆုံးဖြတ်ခဲ့ပေမယ့်
ကိစ္စတစ်ခုကြောင့် ဟန်ဆူဂန်းနဲ့ ထိပ်တိုက်တိုးမိသွားတဲ့အခါ. . . . .
ဆရာမဆိုဂျီမင်တစ်ယောက် တကယ်ပဲ မတရားမှုကိုမသိချင်ယောင်ဆောင်သွားနိုင်မလား
အချိန်ပြည့်ဆရာမဖြစ်လာနိုင်ပါ့မလားဆိုတာကတော့. . . . .



🔥Movie Link
https://t.me/moviecinema78/3370

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Кайра бөлүшүлгөн:
Platinum Club MM Football Channel avatar
Platinum Club MM Football Channel
03.05.202510:22
PLATINUM CLUB MM

မန်ဘာများအတွက် Be@rBrick ကံစမ်းပေးမဲ့ ပထမဆုံး ဘောလုံးနဲ့ကာစီနို တိုက်ရိုက်ဝဘ်ဆိုက်ကြီး မှကြိုဆိုလိုက်ပါတယ် 🚨

လာမဲ့ မေလ 4.5.25 ရက်နေ့မှာထိပ်တိုက်တွေ့ဆုံမဲ့ အသင်းကြီး2သင်းဖြစ်တဲ့
ချယ်လ်ဆီး VS လီဗာပူးလ် ပွဲစဥ်လေးကို ခန့်မှန်းရင်း Be@rBrick အရုပ်ကြီးကို ပိုင်ဆိုင်လိုက်ရအောင် 💰

မေးခွန်းလေးတွေကတော့ (3) ခုရှိပါတယ်
1အနိုင်ရရှိမယ့်အသင်း
2 ဂိုးရလဒ်
သရေထင်ရင်လဲ သရေနဲ့ ဂိုးရလဒ် သရေက ဘယ်လောက်ဆိုတာပါ ဖြေပေးရပါမယ်။

အဖြေ (3)ခုစလုံးမှန်ခဲ့မယ်ဆိုရင်တော့ Be@rBrick အရုပ်ကြီးကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ🤍 ပထမဦးဆုံး အဖြေမှန်သူ (1)ယောက်သာ )

ပထမအဖြေမှန်သူ (3) ဦးကို နှစ်သိမ့်ဆုအနေနဲ့ (၂၀,၀၀၀) ယူနစ်ပေးသွားမှာဖြစ်ပါတယ်

⚠️စည်းကမ်းချက်⚠️

‼️Platinum Club MM မှာ ၁၀ ရက်အတွင်း active မန်ဘာဖြစ်မှ ဆုကြေးကိုခံစားခွင့်ရှိမှာဖြစ်ပါတယ်
🔔🔔အဖြေကို မိမိမန်ဘာအကောင့်နဲ့ အတူ ကောမန့်မှာဖြေဆိုရင်း be@brick ကြီးကို အပိုင်ယူဖို ကံစမ်းသွားကြပါအုံးနော် Platinum မန်ဘာအပေါင်းတို

🔖မှတ်ချက် Telegram channel မှာသာ Comment ပေးရန်

(1) Telegram Channel ကို Subscribes လုပ်ရန်
(2) Telegram channel ရဲ့ Comment မှာသာ ခန့်မှန်းအဖြေ မန့်ရန်
(3) ၁၀ရက်အတွင်း Active Member ဖြစ်ရပါမယ်
(4) အဖြေမှန်ကန်ခဲ့ပါက တစ်ရက်အတွင်း ကောမန့်အဖြေမန့်ထားတဲ့ Screenshot နဲ့တကွလာရောက်ထုတ်ယူရန်

🔔ပွဲမစခင် ၁ နာရီအလိုမှာ မန့်ပိတ်မှာဖြစ်ပါတယ်နော်

🌐 www.platinumclubmm.com
📱 Telegram : @ptclubmm
📱 Viber : 09 666 938 666
📱 Line : https://msng.link/o?ptclubmm=ln

#ဘောလုံးလောင်းရန် #ဂးပေါင်းလောင်းရန်
#မောင်းလောင်းရန် #ဘောလုံးပေါက်ကြေး
#ဘောလုံးခန့်မှန်းချက်များ #ဘောလုံးပွဲကြိုသုံးသပ်ချက် #ပကြိုခန့်မှန်း #အနလငးဂိမ်း
#ဘောလုံးသတင်းစုံ #ဂးခန့်မှန်းလိဂ်ကြီးအစုံကစားနိုင်တယ်။
Cyborg She (2008)

ဒီဇာတ်ကားလေးကတော့ စိတ်ကူးယဉ်သိပ္ပံအချစ်ဇာတ်ကားလေးပဲဖြစ်ပြီး ဒီကားထဲကမင်းသားဟာ မွေးနေ့မှာတောင် သူ့ကိုယ်သူလက်ဆောင်ပြန်ပေးတဲ့အထိ အထီးကျန်နေရသူတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းစတာကတော့ မင်းသားက ဒီနှစ်သူ့မွေးနေ့မှာ အရင်နှစ်တွေတုန်းကလို သူ့ကိုယ်သူမွေးနေ့ဂုဏ်ပြုပေးနေရင်း အနာဂတ်ကလာတဲ့ကောင်မလေးဆိုသူက သူ့ဆီရောက်ရှိလာပြီး ကောင်မလေးက သူ့ကောင်လေးက သူ့အပေါ်ဘယ်လိုမကောင်းကြောင်း မကျေနပ်ချက်တွေ မင်းသားကိုဖွင့်ပြောပြီး အနာဂတ်ကိုပြန်သွားခဲ့ပါတယ်။ တစ်နှစ်အကြာ သူ့မွေးနေ့ပြန်ရောက်တဲ့အခါ ဒီကောင်မလေးပဲ ကောင်လေးဆီပြန်ရောက်လာခဲ့ပေမဲ့ ဒီတစ်ခါမှာတော့ သူဟာစက်ရုပ်ဖြစ်ပြီး အနာဂတ်က မင်းသားကိုယ်တိုင်ကပဲ အတိတ်ကသူ့ကိုကာကွယ်ဖို့ စေလွှတ်လိုက်တာဆိုပြီး ပြောပါတယ်။ ဖြစ်ချင်တော့ စက်ရုပ်ဖြစ်နေတဲ့အတွက် ရောက်ရောက်ချင်းမှာတော့ ဘာအသိစိတ် ခံစားချက်မှမရှိ ကာကွယ်ရမယ်ဆိုတဲ့တာဝန်တစ်ခုကိုပဲဆောင်ရွက်ခဲ့ပေမဲ့ အတူတူနေရင်းနဲ့ စက်ရုပ်နဲ့လူတို့အကြား ဘယ်လိုတွေသံယောဇဉ်တွယ်လာပြီး သူတို့ရဲ့အချစ်ရေး ဘာဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျာ။

📌 Movie link 🍿
https://t.me/mmchnnell/453
Unknown (2011)

မာတင် ဟာဆိုရင် ပညာရှင် တစ်ဦးဖြစ်ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ကွန်ဖရင့်တက်ဖို့ခရီးထွက်လာခြင်းဖြစ်ပါတယ်။ဒီကွန်ဖရင့်မှာ မင်းသားတစ်ပါးဟာ မာတင်တို့နဲ့ အတူတွဲလုပ်နေတဲ့ သုတေသန အကြောင်းကို ကြေငြာမှာ ကြောင့်တက်လာတာပါ။ ဒီလိုနဲ့ သူတို့တည်းခိုရမဲ့ ဟိုတယ်လ် ကိုရောက်တဲ့အခါမှာ လက်ဆွဲအိတ်ကျန်ခဲ့လို့ကျန်ခဲ့တဲ့ အတွက် မာတင်ဟာ တက္ကစီတစ်စီး ငှားပြီး ပြန်ယူပါတော့တယ်။လမ်းမှာ တက္ကစီဟာ အက်ဆီးဒန့်ဖြစ်ပြီး မာတင် တစ်ယောက် ဆေးရုံရောက်သွားပါတယ်။ လေးရက်လောက် သတိမေ့နေပြီး သတိပြန်ရတဲ့အချိန်မှာတော့ သူဟာ တစ်ချို့ အရာတွေ ကိုမမှတ်မိတော့ပါဘူး။ သူ့ဇနီးကို မှတ်မိ ဟိုတယ် ကို မှတ်မိပြီး ဟိုတယ် ကိုပြန်ခဲ့ ပါတယ်။ ဒါပေမဲ့ ဟိုတယ်လ် ကိုရောက်တဲ့ အခါ ထူးဆန်းတာက သူ့ဇနီးကလည်း သူ့ကိုမမှတ်မိပါဘူး။ ပိုဆိုးတာတစ်ခုက သူပြောတဲ့ အထောက် အထားကို စစ်ကြည့်တဲ့အခါထူးဆန်းစွာနဲ့ မာတင်ဟဲရစ် ဆိုတာ သူနဲ့ ရုပ်မတူတဲ့ တစ်ခြားတစ်ယောက်ဖြစ်နေပါတယ်။သူ့ဇနီးကလည်း အဲ့လူ နဲ့ တွဲသွားတွဲလာအပြင် ယာဉ်မောင်းလိုင်စင် အစရှိတဲ့အထောက်အထားခိုင်လုံစွာပြနိုင်ပါ

📌 Movie link 🍿
https://t.me/mmchnnell/449
😶‍🌫️ တကားလုံး ရီနေရချင်ရင်တော့ မင်းသားကြီး Stephen Chow ရဲ့
Royal Tramp သာ ကြည့်လိုက်ပါ


အူတက်အောင် ရီနေရမှာကတော့ ပြောဖိုလိုမယ် မထင်ပါဘူး



Movie Link
https://t.me/biscopei00/3656
မင်းသား ထယ်စောက်လို့ လူသိများတဲ့ မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ
ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ်
မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက်
သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး..သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ်
ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ်
ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီး ကလေးမလေးကို ရေဆုံးမြေဆုံးအထိ လိုက်ကယ်ပါတော့တယ်
ထယ်စောက် ဝင်ရှင်းခဲ့ရတဲ့ ဇာတ်ရှုပ်က ဘာတွေများဖြစ်မလဲ၊ ကိုယ်တွေရဲ့ အရိုမင်းသားကြီး ဘယ်လိုတွေ ဂေါ်နေမလဲဆိုတာကိုတော့
ကိုရီးယား အကယ်ဒမီပေးပွဲမှာလဲ ဆုတွေတစ်သီကြီးရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်


🔥Movie Link
https://t.me/moviecinema78/3373

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
The White Storm 2: Drug Lords ( 2019 )

The White Storm ကားရဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့
ဟောင်ကောင်မြို့မှာအကြီးဆုံးမူးယစ်ရာဇာဖြစ်လာတဲ့
တိကျန့်ဟာဟောင်ကောင်မူးယစ်ဈေးကွက်ကိုအုပ်စိုးဖို့ ကြိုးစားနေသူပါ..
တစ်ဖက်မှာလည်း ဟောင်ကောင်မူးယစ်နှိမ်နင်းရေးအဖွဲ့က ဒါရိုက်တာယွီစွင့်ထျန်းဟာ
မူးယစ်ရာဇာတွေအားလုံးကိုဖြိုခွဲဖို့ကြိုးစားလာတဲ့အခါ
ဘယ်လိုတွေထိပ်တိုက်ရင်ဆိုင်ကြမလဲ…သူတို့ကြားမှာ
ဘယ်လိုအငြိုးတရားတွေရှိနေတာလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်

ဇာတ်ကားlink📌
https://t.me/biscopei00/3645
Khun Pan 2 (2018)

၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Khun Pan 1 ရဲ့ sequel ဖြစ်တဲ့
Khun Pan 2 ကို ပြန်လည်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။
Khun Pan 1 မှာ တုတ်ပြီး ဓားပြီး သေနတ်ပြီး တောပုန်းဓားပြကြီး အဟာဝီရလူနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့
လူစွမ်းကောင်းရဲအရာရှိကြီး ခွန်ဖန်ရဲ့ တောပုန်းဓားပြရေစက်ကတော့မဆုံးနိုင်အောင်ပါပဲ။
ဒီ Khun Pan 2 မှာလည်း မြေပြန့်အလယ်ပိုင်းမှာသောင်းကျန်းနေတဲ့
တောပုန်းဓားပြ “ဖိုင်” နဲ့ “ဘိုင်” ဦးဆောင်တဲ့ “ရှပ်နက်ဝတ် တောပုန်းဓားပြဂိုဏ်း” ကိုနှိမ်နင်းဖို့အကြောင်းဖန်လာပြန်ပါတော့တယ်။
ဒီတစ်ခေါက်စစ်ဆင်ရေးမှာရော လူစွမ်းကောင်းကြီး ခွန်ဖန်တစ်ယောက် အောင်ပန်းဆွတ်နိုင်မှာလား ..
မထင်မှတ်ထားတဲ့ဘယ်လိုအတွေ့အကြုံထူးတွေ ကြုံတွေ့ရဦးမှာလဲဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါတော့။

ဇာတ်ကားlink📌
https://t.me/biscopei00/3684
💭 မျှော်လင့်ချက်ဆိုတာ ကောင်းတဲ့အရာပါ... အကောင်းဆုံးထဲက အကောင်းဆုံးပေါ့ အဲ့လိုအရာတွေက ဘယ်တော့မှ ပျက်စီးသွားမှာမဟုတ်ဘူး ❞

IMDb rating အများဆုံးရရှိထားတဲ့ကားဖြစ်သလို လူတိုင်းရဲ့ ဘဝမှာ တကြိမ်တခါလောက် ကြည့်သွားသင့်တဲ့ရုပ်ရှင်တခုပါ



Movie Link
https://t.me/internmovie/3488
The Hitman's Bodyguard 1(2017)

ဘီလာရုသမ္မတဟောင်းဗလာဒီဆလက်ဒူကိုဗစ်ချ်ကို
နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ
သူ့ကိုအပြစ်ရှိကြောင်းသက်သေထွက်ဆိုမယ့်သူမရှိပါဘူး။
ဒူကိုဗစ်ချ်ရဲ့လူတွေကသက်သေမှန်သမျှကိုလိုက်ပြီးနှုတ်ပိတ်နေလို့ပါ။
ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ်ကင်ကိတ်ကတော့
နောက်ဆုံးမှာအပေးအယူလုပ်ပြီး သက်သေထွက်ဖို့သဘောတူလိုက်ပါတော့တယ်။အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့အေသုံးလုံးအဆင့်အထူးသက်တော်စောင့်
မိုက်ကယ်ဘရိုက်စ်ကိုအကူအညီတောင်းရတဲ့အခါမှာလူသတ်သမားနဲ့သက်တော်စောင့်ရန်သူဟောင်းကြီးနှစ်ယောက်အတူလက်တွဲရပါတော့တယ်။သူတို့အတိတ်မှာပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ပဲရန်တစောင်စောင်နဲ့ထောင်ကနေတရားရုံးခရီးကို
ဒူကိုဗစ်ချ်ရဲ့လူသတ်သမားများစွာကို ဖြတ်ကျော်ပြီးအရောက်သွားရတဲ့အခါ သက်တော်စောင့်ဘရိုက်စ်ဟာအရာရာကိုတွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊
ကင်ကိတ်ကတော့တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းကပိုကောင်းတယ်ယူဆသူ၊
သူတို့နှစ်ယောက်ရဲ့အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကိုတစ်ကားလုံးအလန်းစားသရုပ်ဖော်ထားတာ
ပါ။

📌 Movie link 🍿
https://t.me/mmchnnell/446
မျက်နှာမြင်ရုံနဲ့တင် ရီချင်စရာကောင်းလှတဲ့ သစ်ကုလားအုပ်ကြီး လီဂွမ်ဆူရဲ့ကားတိုင်းလိုလို အူတက်အောင်ရီနေရမှာကတော့ ပြောစရာမလိုပါဘူး
𝐑𝐮𝐧𝐧𝐢𝐧𝐠 𝐌𝐚𝐧 ပရိသတ်တွေရဲ့ အချစ်တော်ကြီးဖြစ်သလို ဒီတခါမှာလဲ စုံထောက်ဟက်ကာရူး ဂွမ်ဆူရဲ့ ဟာသဇာတ်ကားကောင်းလေးကို ညွန်းပေးလိုက်ပါရစေ အဓိကဇာတ်ကောင်မဟုတ်ပေမဲ့ ပါသမျှအခန်းတိုင်းလိုလို အလွဲလွဲအချော်ချော်တွေဖြစ်တတ်တဲ့ဟက်ကာကြီး Hopper အနေနဲ့ မြင်ရမှာဖြစ်ပြီး သူ့ဆီအကူအညီလာတောင်းတဲ့ အပျော်တမ်းစုံထောက်နှစ်ယောက်ရဲ့အမှုကို ကူပေးရာက သူပါ အမှုထဲ ဝင်ပါရလေတော့တယ် စိတ်ညစ်ရတဲ့ တစ်နေ့တာမှာစိတ်ပြေလက်ပျောက်ပေါ့ပေါ့ပါးပါးဟာသဆန်ဆန်ကားလေး ကြည့်ချင်ရင်ကြည့်ကို ကြည့်သင့်တဲ့ ကားလို့သာ အကြုံပြလိုက်ပါရစေ



🔥Movie Link
https://t.me/moviecinema78/3376

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
The White Storm 3: Heaven or Hell ( 2023 )

The White Storm ရဲ့တတိယမြောက်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့
ဟောင်ကောင်ရဲ့မူးယစ်ရာဇာကြီးခန်းစုချိုင်းဟာ ဟောင်ကောင်မှာ
မရှုမလှနှိမ်နင်းခံရတဲ့အတွက် အသက်ဘေးလွတ်မြောက်အောင်ပြေးရင်း
ရွှေတြိဂံဒေသ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေရပါတယ်။
နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် လက်နက်ကိုင်တပ်ကကြီးစိုးတဲ့ဘိန်းချက်တဲ့ရွာမှာပဲ လုပ်ကိုင်နေရင်း ရွှေတြိဂံဒေသကိုကြီးစိုးနိုင်ဖို့ ကြံစည်ပါတယ်။ထိုင်းကိုလွတ်မြောက်သွားတဲ့ မူးယစ်ရာဇာကြီးကိုဘယ်လိုပြန်ဖမ်းကြမလဲဆိုတာကို
တင်ဆက်ပြထားတာပဲဖြစ်ပါတယ်။ မင်းသားကြီးတွေရဲ့ အက်ရှင်တွေ
အိုက်တင်တွေကပြောစရာမရှိအောင်ပါပဲဆိုတဲ့အတွက်
မူးယစ်ဂိုဏ်းသူလျိုကားတွေကိုကြိုက်နှစ်သက်တဲ့
အက်ရှင်ပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်ကားlink📌
https://t.me/biscopei00/3651
Rob-B-Hood (2006)

ဂျက်ကီချန်းရဲ့ အောင်မြင်တဲ့ကားတွေထဲက တစ်ကားဆိုလည်းမမှားပါဘူး..
ဂျက်ကီချန်းရဲ့ကားတွေထုံးစံအတိုင်း အက်ရှင်ခန်းတွေဝေဝေဆာဆာနဲ့
ကြည့်ရင်းနဲ့လည်း ရယ်ရတဲ့အခိုက်အတန့်ဖြစ်လာရသလို သံယောဇဉ်ဆိုတာ ဖြတ်တောက်ဖို့မလွယ်ဘူးဆိုတာကို
ကလေးတယောက်ကို ချစ်တဲ့ သူခိုးကြီး၂ယောက်အသွင် သရုပ်ဆောင်ပြသွားပါတယ်..
.
Thongs (ဂျက်ကီချန်း)နဲ့ Octopus(Louis Koo)တို့က Professional သူခိုးတွေပါ… ဒါမေယ့် သူတို့သူခိုးမှာလည်း ထားတဲ့ သစ္စာဆိုတာရှိပါတယ်… သူခိုးပေမဲ့ လူမသတ်ဘူး.. သူများသားမယားမဖျက်စီးဘူး. .ပြီးတော့ သက်မဲ့ပစ္စည်းပဲ ခိုးကြတာပေါ့ ..
.
တစ်နေ့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူတို့၂ယောက် နူးညံ့တဲ့ကလေးတယောက်ကို ရုတ်တရက်ကြီး ပြန်ပေးဆွဲဖြစ်သွားတဲ့ အခါ………
.
သံယောဇဉ်နဲ့မေတ္တတရားရယ်လို့ မသိခဲ့တဲ့ လူကြမ်းကြီးနှစ်ယောက် လသားအရွယ်ကလေးလေးကိုထိန်းရင်း ဘယ်လိုဒုက္ခရောက်ခဲ့ရတယ်ဆိုတာကို ဟာသနှောပြီး ရိုက်ပြထားသလို … ကလေးလေးနဲ့ ခွဲရမယ့်အခါမှာလဲ မျက်ရည်လည်လောက်အောင် ဇာတ်လမ်းဆင်ပေးထားပါတယ်


🔥Movie Link
https://t.me/moviecinema78/3369

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Көрсөтүлдү 1 - 24 ичинде 370
Көбүрөөк функцияларды ачуу үчүн кириңиз.