Україна Online: Новини | Політика

Телеграмна служба новин - Україна

Резидент

Мир сегодня с "Юрий Подоляка"

Труха⚡️Україна

Николаевский Ванёк

Лачен пише

Реальний Київ | Украина

Реальна Війна

Україна Online: Новини | Політика

Телеграмна служба новин - Україна

Резидент

Мир сегодня с "Юрий Подоляка"

Труха⚡️Україна

Николаевский Ванёк

Лачен пише

Реальний Київ | Украина

Реальна Війна

Україна Online: Новини | Політика

Телеграмна служба новин - Україна

Резидент

အိန္ဒိယရုပ်ရှင်များ (CH)
TGlist рейтинг
0
0
ТипАчык
Текшерүү
ТекшерилбегенИшенимдүүлүк
ИшенимсизОрду
ТилиБашка
Канал түзүлгөн датаDec 01, 2024
TGlistке кошулган дата
Dec 28, 2024Рекорддор
18.03.202521:06
100.7KКатталгандар28.02.202515:34
750Цитация индекси23.01.202521:05
8.2K1 посттун көрүүлөрү15.03.202523:59
4.5K1 жарнама посттун көрүүлөрү18.01.202523:59
5.45%ER23.01.202521:05
10.29%ERRӨнүгүү
Катталуучулар
Citation индекси
Бир посттун көрүүсү
Жарнамалык посттун көрүүсү
ER
ERR
Кайра бөлүшүлгөн:
Channel H (ရသစုံ)

16.04.202507:25
စက်ရုပ်မလေးရဲ့ ချစ်သူ (၂၀၂၄)
*
IMDb - 7.1/10
အားလုံးစောင့်မျှော်နေကြတဲ့ ဘတ်ဂျတ် ရူပီး ၇၅ကုဋေ အသုံးပြုထားပြီး
နှစ်ဆပြန်ဝင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။
အာယန်ဆိုတာ အိန္ဒိယရဲ့ အတော်ဆုံးပရိုဂရမ်မာတွေထဲက တစ်ယောက်ပေါ့။
မိခင်ဖြစ်သူရဲ့ အိမ်ထောင်ပြုဖို့ တဂျီဂျီနားပူနားဆာလုပ်သမျှ အကြောင်းအမျိုးမျိုးပြရှောင်နေရင်း ဇီဇာကြောင်တဲ့
လူပျိုကြီးဘ၀ကိုဖြတ်သန်းနေတဲ့သူ။ အမေရိကက အဒေါ်ဖြစ်သူပိုင်တဲ့ စက်ရုပ်ကုမ္ပဏီရဲ့ အိန္ဒိယရုံးခွဲတစ်ခုမှာ အလုပ်လုပ်နေတဲ့သူ။
တစ်ရက် ပရောဂျက်အသစ်တစ်ခုအတွက် အမေရိကကိုလာဖို့ အဒေါ်ဖြစ်သူကလှမ်းခေါ်တော့
အမေ့ရဲ့မိန်းမယူဖို့နားပူနားဆာလုပ်တဲ့ရန်က ဝေးပြီဆိုပြီး ဝမ်းသာအားရပြေးပါတယ်။
အဒေါ်ဖြစ်သူရဲ့ မန်နေဂျာဆိုသူ စီဖရာရဲ့ လုပ်ပုံကိုင်ပုံတွေကို
သဘောအကျကြီးကျရာကနေ သိလိုက်ရတာက စီဖရာက စက်ရုပ်မလေး ဖြစ်နေတယ်ဆိုတာပါပဲ။
ဒီကနေ အာယန်ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်တည်လာမယ်ဆိုတာကတော့
ဒီသိပ္ပံခေတ်လွန်ရုပ်ရှင်ကားကြီးမှာ စီးမျောခံစားကြပါဦး
Movie Link ⬇️⬇️⬇️
https://t.me/khanthtookyaw555/495

28.03.202515:10
Ma*ana*adu [2021]
IMDB Rating 9.1/10 တဲ့
ဒူဘိုင်းမှာအလုပ်လုပ်နေတဲ့ အဗ္ဗဒူ ခါလစ်ဟာ သူများမင်္ဂလာဆောင်ကနေ သူငယ်ချင်းဖြစ်သူ မိန်းမဖြတ်ခုတ်ပြေးရာမှာ ကူညီဖို့အတွက်အိန္ဒိယကိုပြန်လာခဲ့ပါတယ်၊
လေယာဉ်ပေါ်မှာ သူနဲ့.မင်္ဂလာဆောင်တစ်ခုတည်းတူတူသွားမယ့် ဆီသာလက်ချမီးနဲ့တွေ့ဆုံခဲ့ပါတယ်၊
ထိုမှတဆင့် မင်္ဂလာပွဲကိုရောက်၊ သတို့သမီးကို ဖြတ်ခုတ်အပြီး ထွက်ပြေးလာတဲ့လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ခိုးပြေးတဲ့တစ်ဖွဲ့လုံးရဲဖမ်းခံလိုက်ရပါတယ်၊
ဒါပေမဲ့ ရဲတွေကပုံမှန်မဟုတ်ဘဲ လျှို့ဝှက်တဲ့
အကြံအစည်တစ်ခုကို ကြံနေကြတာပါ၊
ဒါကတော့ ၁၂ကြိမ်မြောက် အာဏာရပါတီနှစ်ပတ်လည်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ အစီအစဉ်ပါ
နဂိုစီစဉ်ထားတဲ့ လုပ်ကြံရေးသမားဟာ အဗ္ဗဒူတို့ကားနဲ့တိုက်မိပြီး သေသွားလို့ အဗ္ဗဒူကိုခြိမ်းခြောက်ပြီး ကိုယ်စားလုပ်ကြံခိုင်းခဲ့ပါတယ်၊
အဗ္ဗဒူအနေနဲ့ လုပ်ကြံမှုအောင်မြင်ခဲ့ပေမယ့် အခင်းဖြစ်တဲ့နေရာမှာပဲ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်၊
ဒါပေမဲ့ တကယ်မသေခဲ့ဘဲ ဆီသာနဲ့ ပထမဆုံးတွေ့ခဲ့တဲ့ လေယာဉ်ပေါ်မှာ လန့်နိုးလာခဲ့ပါတယ်၊
စစဖြစ်ချင်းမှာတော့ဝေဝါးနေပေမဲ့ သူ့ကိုယ်သူ အချိန်ထပ်တလဲလဲ ဖြစ်နေကြောင်း သေချာသွားတဲ့နောက် သူငယ်ချင်းဖြစ်သူရဲ့ မိန်းမခိုးပြေးတဲ့ကိစ္စကို လမ်းကြောင်းတွေ အဖြစ်အပျက်တွေ အမျိုးမျိုးပြောင်းပြီး စမ်းသပ်ခဲ့ပေမဲ့ နောက်ဆုံးမှာ အဗ္ဗဒူသေပြီး လေယာဉ်ပေါ် ပြန်နိုးလာတဲ့အဖြစ်နဲ့ပဲ အဆုံးသတ်နေတဲ့အခါ
အဗ္ဗဒူခါလစ်အနေနဲ့ ဒီ Time-loopဘာကြောင့် ဖြစ်နေလဲဆိုတာကို ရှာဖွေဖော်ထုတ်ရင်း ပြည်နယ်ဝန်ကြီးလုပ်ကြံမှုနောက်ကွယ်က လျှို့ဝှက်ချက်ကိုပါ တပါတည်းအဖြေရှာဖို့ ကြိုးစားပါတော့တယ်၊
ဘာကြောင့် ရဲတွေက ဝန်ကြီးကိုသတ်ချင်နေကြတာလဲ၊ ဝန်ကြီးရဲ့ လုပ်ကြံမှုနဲ့ အဗ္ဗဒူရဲ့ Time-loopက ဘယ်လိုဆက်သွယ်နေတာလဲ၊အဲဒီပုစ္ဆာတွေကို အဗ္ဗဒူဖြေရှင်းနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် Tamil Sci-fic Action, Drama ကားသစ်ပဲ ဖြစ်ပါတယ်
Movie Link 👇
https://t.me/khanthtookyaw555/258

19.04.202515:21
Co*urt – St*ate vs. A No*bo*dy (2025)
“အညတရလူတစ်ယောက်အတွက်”
တေလဂူးစကားပြော တရားခွင် ရုံကားအသစ်ဖြစ်ပြီး ၆၆.၇၅ ကုဋေအထိ ရုံတင်ငွေ ရရှိထားတဲ့ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်
တေဂျာဟာ ရှေ့နေပေါက်စတစ်ယောက်ဖြစ်ပြီးသူတို့ရှေ့နေရုံးခန်းက ဆရာကြီးနဲ့တကွ စီနီယာရှေ့နေတွေကျေးဇူးကြောင့်အလုပ်သက်တမ်း ၃ နှစ်အတွင်း အမှုတစ်ခုမှ ကိုယ်တိုင်မကိုင်ဖူးသေးဘဲစိတ်ပျက်လျက်ရှိပါတယ်
ကံအကြောင်းဖန်လာတော့ လေးရက်နေရင် စီရင်ချက်ချတော့မယ့်အားလုံးကလက်လျှော့ထားတဲ့ ၁၉ နှစ်အရွယ်တရားခံကောင်လေးနဲ့ပတ်သက်သူတွေက အကူအညီတောင်းလာတဲ့အခါတရားလိုက ၁၇ နှစ်အရွယ်မိန်းကလေးရဲ့ အကောင်ကြီးကြီး အသိုင်းအဝိုင်းဖြစ်နေတာကြောင့်ရယ် အချိန်လည်းမရှိတော့တဲ့ဒီကောင်လေးအတွက် တေဂျာတစ်ယောက်ကယ်တင်ရှင်ဖြစ်လာနိုင်မလား ခံစားကြည့်ရှုပေးပါဦး
အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe Yan ~ ToMo ~ Cherry ~ Yunni မှ ဖြစ်ပါတယ်
Movie Link ⬇️⬇️⬇️
https://t.me/khanthtookyaw555/531

18.04.202515:04
JATT (2025) မြန်မာစာတန်းထိုး
===========
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အကျင့်ပျက်ရဲတစ်ယောက်ဟာ အိန္ဒိယနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့ ပြည်ပကရာဇဝတ်သားလေးယောက်ဆီက လာဘ်စားပြီး ဒီလူလေးယောက်ကို နိုင်ငံအတွင်းခိုလှုံခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရာနာသွန်ဂါခေါင်းဆောင်တဲ့ အဲဒီရာဇဝတ်သားလေးယောက်ဟာ သူတို့ခိုလှုံရာနယ်မြေတစ်ဝိုက်မှာ အကြောက်တရားကြီးစိုးစေပြီး အဲဒီနယ်တွေမှာ သူတို့ရဲ့အာဏာစက်ကိုဖြန့်ကျက်ထားခဲ့ပါတယ်။
ဒီနေ့မှာတော့ ရာနာသွန်ဂါတို့ရဲ့ပိုင်နက်ထဲကို မဟုတ်မခံစိတ်ရှိတဲ့ ဂျာ့ဒ်လူမျိုးတစ်ယောက်ရောက်ရှိလာပါတယ်။ တောင်းပန်စကားတစ်ခွန်းအတွက် ကောင်းကင်ထိတက်မဲ့ဒီလူဟာ မတရားမှုတွေကို မျက်မြင်တွေ့ရတဲ့အချိန်မှာတော့ ဒီအရှုပ်အထွေးတွေကြားမှာ ဝင်ပါဖို့ဖြစ်လာပါတော့တယ်။
ဒီဇာတ်ကားလေးက မနေ့ကမှထွက်ရှိထားတဲ့ ရုံတင်ကားအသစ်စက်စက်လေးဖြစ်ပြီး အားလုံးကိုကြည့်စေချင်လို့ အစောကြီးဘာသာပြန်ပြီးတင်ပေးထားတာမို့ အက်ရှင်ကားကောင်းလေးတစ်ကားကြည့်ရင်း ဘဝအမောတွေပြေကြပါစေခင်ဗျာ။
Movie Link 👇
https://t.me/khanthtookyaw555/446

31.03.202514:20
Sikandar (2025)
***
မနေ့ကမှရုံတင်တဲ့ Sikandar ဇာတ်ကားမှာဆိုရင် rashmika လေးကတော့ မိဖုရားနေရာကနေအဓိကပါဝင်ထားပီး ဘုရင်ကြီးဆိုသူက ကျနော်တို့ရဲ့ လူပျိုသိုးကြီးပေါ့ဗျာ။
ဇာတ်လမ်းအစ
လေယာဉ်ပေါ်မှာ နိုင်ငံရေးသမား တစ်ဉီးရဲ့သားက ခလေးအမေကို ဓာတ်ပုံရိုက်ကာ DeepFake လုပ်ပီး အဲ့ဒီ Video ဖိုင်နဲ့ အကြပ်ကိုင် ပီး ထိကပါးရိကပါး လုပ်ဖို့ကျိုးစားရာကနေ လူတစ်ယောက်က ဝင်ပီး ဆုံးမပေးလိုက်ရာကနေ စတဲ့ဇာတ်လမ်းက ကျူးလွန်သူကို အပြစ်မပေးပဲ ကယ်တင်သူကို မှ ဖမ်းချင်နေတဲ့ အင်စပတ်တာက အိမ်ကိုလိုက်သွားတဲ့အခါ ဘုရင်ကြီးဖြစ်နေမှန်းသိတာတောင် လက်မလျှော့သေးတဲ့ ရဲကို မိဖုရားကလဲ ခတ်ချေချေပဲလေ
အဲ့ဒီအချိန် ဘယ်ထဲကရောက်နေမှန်းမသိတဲ့လူအုပ်ကြီးက ရဲကားကို ဖျတ်စီးပီး ဆန္ဒပြပေးလိုက်တော့ သူလဲမကျေမနပ်နဲ့ စခန်းပြန်ခဲ့ရတာပေါ့ ဟိုရောက်တော့ ဘုရင်ကြီးနဲ့တွေ့ပီး ဘယ်လို မကျေပွဲတွေဆက်ဖြစ်လာမလဲ... ပီးတော့ အဲ့ဒီနောက်ကွယ်မှာ ဘာတွေရှိနေအုံးမလဲဆိုတာကိုတော့........
Movie Link 👇
https://t.me/khanthtookyaw555/292
***
မြန်မာစာတန်းထိုးရပါပြီ

20.04.202514:29
ရိုက်သမျှထဲမှာ မကောင်းတဲ့ကား မရှိသလောက်ကိုရှားတဲ့ မင်းသားကြီး မာဒေဗန်းရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။
ဒီရုပ်ရှင်ဟာဆိုရင် လက်တွေ့မှာလည်း အများကြီးတွေ့နေရတဲ့
ဘဏ်တွေရဲ့ ရိုက်စားကွက်တွေကို ပညာသားပါပါ တင်ဆက်ပြထားတာပါ။
၅၀ တန်သကြားလုံးနဲ့ လဲယူလိုက်ရတဲ့ ၁၀၀ တန် အမ်းငွေ၊
ဘဏ်စာရင်းတွေထဲမှာ အစပျောက်သွားတတ်တဲ့ ကျပ်စွန်း ပြားစွန်း၊
စပါယ်ရှယ်အကောင့်ဖွင့်လိုက်လို့ ဘယ်တော့မှ ပြန်ထုတ်မရတော့တဲ့ ပိုက်ဆံ ၁၀၀၀၀၊
အဲဒီလို အစွန်းထွက်ငွေတွေကို ပမာဏနည်းနည်းလေးပါဆိုပြီး
ဘယ်သူကမှ အရေးတယူမလုပ်ကြပါဘူး။
ဒါပေမဲ့ အဲဒီိိလို ၁၀၀၀၀ တွေ အများကြီးပေါင်းသွားရင်၊
ကျပ်စွန်းပြားစွန်းလေးတွေ အဆပေါင်းများစွာပေါင်းသွားရင်
လူတစ်ယောက်ကို ဘဝပြောင်းစေနိုင်လောက်တဲ့ ပမာဏဖြစ်လာပါတယ်။
ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရာဒီကတော့ စတိုးဆိုင်မှာ သကြားလုံးအကြွေ
ပြန်အမ်းတာကအစ ဘဏ်စာရင်း ပြားစွန်းထွက်တာအထိကို စာရင်းတွက်တတ်တဲ့ အင်မတန်တိကျတဲ့သူပါ
၁၀ တန် ဆယ်ရွက်ပေါင်းရင် ၁၀၀ ဖြစ်တာသိတဲ့ ရာဒေးဟာ အဲဒီလို ကျပ်စွန်းပြားစွန်းတွေဖြတ်ပြီး လူညွန့်ခူးစားနေတဲ့ ဘဏ်သူဌေးနဲ့ ထိပ်တိုက်တွေ့ပြီး
Movie Link ⬇️⬇️⬇️
https://t.me/khanthtookyaw555/540

23.03.202515:52
Dragon (2025) "နဂါးလေးရာဂါဗန်"
***
လက်ရှိမှာ ၂၀၂၅ ခုနှစ်အတွက် ၀င်ငွေအကောင်းဆုံး တမီလ်စကားပြောရုပ်ရှင်အဖြစ်ရော
စတုတ္ထမြောက်၀င်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်အဖြစ်ပါ စံချိန်တင်ထားတဲ့
အချစ်-ဒရာမာ-ဟာသဇာတ်လမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
လူတစ်ယောက်တကယ်ပြောင်းလဲချင်ရင် စက္ကန့်ပိုင်းပဲ ကြာတယ်ဆိုတဲ့စကားကို
ကြားဖူးမှာပါ။ ဘာမဟုတ်တဲ့ကိစ္စလေးက လူတစ်ယောက်ကို
အကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ဒီလိုပါပဲ။
ဒီရာဂါဗန်ဆိုတဲ့လူငယ်လေးဟာ ၁၂ တန်းကို ထူးထူးချွန်ချွန်အောင်မြင်ပြီး
အင်ဂျင်နီယာကျောင်းကောင်းကောင်းကို ၀င်ခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ သူဆုရတဲ့နေ့မှာပဲ သူကြိုက်နေတဲ့သူငယ်ချင်းကောင်မလေးကို
ဖွင့်ပြောမိရာကစလို့ သူ့ဘ၀ကြီးလုံး၀ပြောင်းလဲသွားရဖို့ ဖြစ်လာပါတယ်။
စာတော်ပြီးလိမ္မာရင် မိန်းကလေးတွေကြိုက်ကြမယ်လို့ အထင်ရှိခဲ့တဲ့
လူလိမ္မာလေးရာဂါဗန်တစ်ယောက် သူချစ်တဲ့မိန်းကလေးက
ကျောင်းကလူဆိုးလူပေကိုမှ ကြိုက်နေတာကို သိသွားပါတယ်။
အဲဒီကစလို့ ရာဂါဗန်ဟာ စာတော်တဲ့လူလိမ္မာကျောင်းသားလေးဘ၀ကို တစ်ခန်းရပ်ပစ်လိုက်ပါတယ်။
ဒီရာဂါဗန်ဆိုတဲ့နာမည်ကိုလည်း နဂါးလေးလို့ သူ့ကိုယ့်သူပြောင်းမှည့်ပြီး
အင်ဂျင်နီယာကျောင်းမှာ ကမ်းကုန်အောင်ဆိုးပါတော့တယ်။
သူ့ရဲ့ဆိုးမိုက်မှုတွေကြောင့်ဘွဲ့ရခါနီးမှ ကျောင်းတန်းလန်းနဲ့
ဟိုမရောက်ဒီမရောက် ဖြစ်သွားပါတယ်။ ဘွဲ့မရ အလုပ်မရှိနဲ့
ဘ၀ကိုအချိန်ဖြုန်းလေလွင့်နေပေမဲ့ မိဘတွေကိုတော့
အလုပ်ရှိသယောင် လုပ်ဇာတ်ခင်းထားတာပါ။
ဒီလိုနဲ့တစ်နေ့တော့ ၆ နှစ်ကြာအောင် သူ့ရဲ့ဆိုးမိုက်မှုဒဏ်ကို
သည်းခံပေးလာတဲ့ ချစ်သူမိန်းကလေးကပါ သူ့ကို ထားသွားဖို့အကြောင်းဖန်လာတဲ့အခါ...
လေလွင့်နေတဲ့ ရာဂါဗန်တစ်ယောက် နောင်တရလာမှာလား၊
သူ့ဘ၀ပြောင်းလဲလာပါဦးမလား၊ သူ့မိဘတွေနဲ့ရော
ဘယ်လိုရှေ့ဆက်စခန်းသွားမလဲဆိုတာကို အချစ်နဲ့ဒရာမာမှာ
ဟာသလေးပါနှောပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။
Movie Link 👇
https://t.me/khanthtookyaw555/180

15.04.202513:51
၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ရှယ်ကောင်းတဲ့တောင်ပိုင်းကားလေးပါ။
Box office မှာကုဋေ ၂၀၀ အထိဝင်ငွေကြမ်းခဲ့ပြီး ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယမြောက် ဝင်ငွေအကြမ်းဆုံးကားဆိုလည်း ဟုတ်တယ်ဗျ။
Box Office မှာ ၂၀၂၁ ခုနှစ်မှာ ဒုတိယဝင်ငွေအများဆုံးဖြစ်ရတဲ့ အကြောင်းကိုပြောပါဆို နာမည်ကြီးဝါရင့်သရုပ်ဆောင် Nandamuri ပါတာရယ်
မင်းသမီးချောနှစ်လက်ဖြစ်တဲ့ Pragya နဲ့ Shamna တို့ပါတာကြောင့်လည်းပါတယ်ပေါ့ဗျာ။
အဲလိုပြောလို့ Red Notice လိုနာမည်ကြီးသရုပ် ဆောင်တွေနဲ့ထိန်းသွားတဲ့ ကားလားဆိုရင်တော့လည်း မဟုတ်ပြန်ဘူးဗျ။ ဇာတ်လမ်းဇာတ်ကွက်က
ကုလားကားဆန်ဆန်ရိုက်ချက်တွေပါနေတာကလွဲရင်(ကုလားကားကိုးဗျ) ရှယ်ကိုကောင်းနေတာမျိုးဗျ။
မျောပြီးကြည့်နေရင်းကြက်သီးထရလောက်တဲ့စကားမျိုးတွေထပြောလေ့ပြောထရှိတဲ့တောင်ပိုင်းကားတွေရဲ့ဗီဇကိုသိပြီးပြီဆိုရင်တောင် ဒီကားထဲက ကြက်သီးထစရာဇာတ်ဝင်စကားတွေက
တစ်ခြားတွေနဲ့ကိုမတူတာအမှန်။ ကြည့်ရင်းမျောရင်း၊ မျောရင်းကြည့်ရင်း အဆုံးကိုဘယ်လိုရောက်လို့ရောက်သွားမှန်းမသိမယ့်ကားကောင်းမျိုးဗျ။
ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောပြရမယ်ဆိုရင် ရွှေကျေးညီနောင်ပေါ့ဗျာ။
ကျေးညီနောင်နှစ်ကောင်ဟာ တစ်ကောင်က ကောင်းရာအရပ်ရောက်ပြီး ကျေးလိမ္မာဖြစ်သွားပေမဲ့ တစ်ကောင်ကတော့ ဆိုးရာအရပ်ရောက်ပြီး
ကျေးမိုက်ဖြစ်သွားသလိုမျိုးပဲပေါ့။ ဒါပေမဲ့ မတူတဲ့အချက်ကတော့
ဒီဇာတ်ကားထဲက ညီအစ်ကိုနှစ်ယောက်ကိုကျ မွေးကတည်းကဘုရားလူကြီးက နိမိတ်ဖတ်သွားတာပဲ။ ဒီတစ်ယောက်ဟာ
သဘာဝတရားနဲ့ တူလိမ့်မယ်၊ ဒီတစ်ယောက်ဟာ သဘာဝဘေးဆိုးနဲ့တူလိမ့်မယ်ဆိုပြီး
သဘာဝတရားကိုချစ် သဘာဝဘေးဆိုးကို စွန့်ပစ်ခိုင်းခဲ့တာမျိုးပေါ့။ ဒီတော့ဗျာ
ညီအစ်ကိုနှစ်ယောက်ထဲက သဘာဝတရားဖြစ်တဲ့တစ်ယောက်က ပြည်နယ်အုပ်ချုပ်ရေးမှူးချောချောလေးနဲ့ တစ်စခန်းသွားတော့မယ်အချိန်မှာ
သဘာဝဘေးဆိုးဖြစ်တဲ့တစ်ယောက်ကကျ ဘယ်လိုအရပ်ရောက်ပြီး ဘယ်လောက်တောင်ဆိုးနေမယ် ညီအစ်ကိုနှစ်ယောက် ဘယ်လိုပြန်တွေ့ကြမယ်ဆိုတာမျိုးပေါ့။
ဒီလိုသဘောတရားဇာတ်လမ်းတွေရှိပေမဲ့ ဒီကားလောက်တော့ ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်ကွက်ဇာတ်ပြောင်းမကောင်းနိုင်တာသေချာတယ်ဗျ။ ဒီတော့ တောင်ပိုင်းကားဖန်တွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါ
Movie Link 👇
https://t.me/khanthtookyaw555/474

21.04.202506:18
Da*ve*ed [ 2/0/2/5 ] မြန်မာစာတန်းထိုး
အာရှစ် အာဘူက လက်ဝှေ့ပါရမီရှင်တစ်ဦးပါ။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့်
သူ့ရဲ့တောက်ပခဲ့တဲ့ အတိတ်နေ့ရက်တွေကို မေ့လျော့လို့ သာမန်ဘဝမှာ အေးဆေးသက်သာစွာ နေထိုင်နေလေရဲ့။
အာဘူ စားဝတ်နေရေးအတွက် လုပ်နေတဲ့အလုပ်ကတော့ အခမ်းအနား
ပွဲတွေမှာ လူရမ်းကားတွေကိုဆွဲထုတ်ဖို့ ဘော်ဒီဂတ်လိုမျိုး အလုပ်ပါ။
ဘဝရည်မှန်းချက် ဦးတည်ရာမရှိ ပုံမှန်ဝင်ငွေမရှိနဲ့ သူ့မိန်းမအပေါ်ပဲ လုံးလုံးလျားလျား မှီခိုနေသူပေါ့။
သူ့နေ့ရက်တွေကိုတော့ သူတို့ရဲ့သမီးလေးကို တုန်နေအောင်ချစ်ရင်းပဲ ကုန်ဆုံးစေပါတယ်။
တစ်ခါတစ်လေတော့လည်း အိမ်နားက ကန်လေးမှာ ငါးမျှားတာက သူ့အလုပ်တွေထဲက တစ်ခုပေါ့လေ။
တစ်နေ့ သူ့အလုပ်မှာ နာမည်ကြီးရုပ်ရှင် စတားတစ်ယောက်လာတာမို့ လူတွေကိုရှင်းလင်းပေးရင်း
တွန်းတိုက်ရင်း နာမည်ကြီးနေတဲ့ တူရကီလက်ဝှေ့သမားတစ်ယောက်ကို သွားလို့ရန်စမိပါတော့တယ်။
မမြင်ရတဲ့ ကံကြမ္မာ အလှည့်အပြောင်းအနေနဲ့ အာဘူတစ်ယောက် သူ့ရဲ့လက်ဝှေ့သမားဘဝကို
ဘယ်လိုပြန်လည်ရောက်ရှိလာမလဲ၊ သူဒီဘဝက ထွက်လာခဲ့ရတဲ့
အကြောင်းရင်းက ဘာလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုခံစားကြည့်ရင်း အဖြေထုတ်ရမှာပဲ ဖြစ်ပါတယ်။
Movie Link⬇️⬇️⬇️
https://t.me/khanthtookyaw555/554

20.04.202512:15
Ra*ks*ha*sa (2025) ဇာတ်ကားသစ်
အသစ်ထွက် တေလဂူး သည်းထိပ်ရင်ဖို Horror ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်
ချိူလာနန်းဆက်ကာလမှာ ဘုရင့်သမီးတော်ကို ဒုက္ခပေးခဲ့တဲ့ မိစ္ဆာကောင်ဟာ ဂုရုတစ်ပါးရဲ့ ဆုံးမခြင်းခံရပြီးနောက် ဘူးတစ်ဘူးထဲ ပိတ်လှောင်ဖမ်းချုပ်ခံခဲ့ရပါတယ်
မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အဆိုပါဘူးကို ထိန်းသိမ်းလာခဲ့ရာမှာ တစ်ကွေ့မှာတော့ ဘူးပျောက်သွားခဲ့ပြီး မိစ္ဆာဝိညာဉ်လွတ်သွားတဲ့အခါရဲစခန်းကို ရောက်လာတဲ့ ဒီဘူးထဲက မိစ္ဆာနဲ့ ဘုမသိဘမသိ ရဲအရှိ ဆတ်တယာတို့
ထိပ်တိုက်တွေ့ကြရင်း ဘာတွေဆက်ဖြစ်လာမလဲ ခံစားကြည့်ရှုကြပါဦး
Movie Link ⬇️⬇️⬇️
https://t.me/khanthtookyaw555/538

16.04.202515:41
DEVA (2025) ဇာတ်ကားသစ်
***
IMDB - 7.7/10
ကျွမ်းကျင်ပေမဲ့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ ရဲသားဒေ့ဗ်ဟာ
အကြမ်းဖက်တတ်လွန်းတဲ့သူ့စိတ်ကြောင့် ရဲယူနီဖောင်းဂုဏ်လေး ညှိုးနွမ်းသွားမှာစိုးရိမ်လို့
ယူနီဖောင်းမ၀တ်ဘဲ အရပ်၀တ်နဲ့တာ၀န်ထမ်းဆောင်တဲ့ တာ၀န်သိရဲတစ်ယောက်ဖြစ်ပါတယ်။
သူဟာ ပရာဟက် ဂျာဒေ့ဆိုတဲ့ ရာဇ၀တ်သားရဲ့အမှုကို လိုက်လံစုံစမ်းနေရင်းကနေ အကုန်သိသွားတဲ့အချိန်မှ
ရုတ်တရက် မတော်တဆဖြစ်ပြီး အတိတ်မေ့သွားခဲ့ပါတော့တယ်။
အဲဒီကနေမှ အမှုကို ဘယ်လိုပြန်လိုက်ကြမလဲ၊ ဘယ်လိုသဲလွန်စတွေ ပြန်ရှာဖွေသွားမလဲ၊
အမှုကကောဖော်ထုတ်နိုင်သွားမလားဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Movie Link ⬇️⬇️⬇️
https://t.me/khanthtookyaw555/499

17.04.202515:16
Ra*ch*ri*ka*m [ 2/0/2/5 ] ဇာတ်ကားသစ်
တလေဂူးနိုင်ငံရေးအက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။
ရာချာကွန်ဒါဆိုတဲ့ရွာမှာ ဝန်ကြီးဖြစ်ချင်နေတဲ့ ရွာလူကြီး ရာဂျာရတ်ဒီ။ ပထမတစ်ယောက်မွေးတုန်းက
မိန်းကလေးမို စပါးစေ့ခွံသတ်ပြီး ဒုတိယတစ်ယောက်ကို သားယောကျ်ားလေးဖြစ်ဖို မျှော်လင့်နေတဲ့သူ။
နောက်တစ်ယောက်မွေးတဲ့အချိန် မိန်းကလေးပဲဖြစ်နေပြီး သတ်ဖိုလုပ်တုန်းမှာ
ဝန်ကြီးနေရာရဖိုအတွက်ပါတီကနေဖုန်းဆက်လာတာမို မသတ်ဘဲထားခဲ့တယ်။
သုံးခါဆက်တိုက် ရွေးကောက်ပွဲနိုင်ပြီး သတ်ဖြတ်မှုတွေနဲ့အတူ ဝန်ကြီးနေရာကို
ရာဂျာရတ်ဒီတစ်ယောက် ထိန်းသိမ်းထားနိုင်ခဲ့တာပေါ့။
သမီးဖြစ်သူအရွယ်ရောက်လို ပေးစားထားတဲ့ သားမက်ကလည်း ရက်စက်ယုတ်မာလှတဲ့အပြင် သားဖြစ်သူကလည်း
အဖေ့ခြေရာနင်းပြီး နိုင်ငံရေးလောကထဲကို အလောင်းတွေပုံနေအောင်သတ်ဖြတ်ပြီး ဝင်လာတဲ့အခါ…။
တချိန်က သူ့အတွက်သေဆုံးခဲ့ရတဲ့တပည့်ဖြစ်သူရဲ့သား ဇာတ်လိုက်ကျော် ရှီဗာက
ရာဂျာရတ်ဒီရဲ့ နေရာကို ခြိမ်းခြောက်လာတဲ့အခါ…
Movie Link 👇
https://t.me/khanthtookyaw555/508

22.04.202514:20
Pr*avi*nko*odu Sha*ppu (2025)”မိုးသည်းကြားက ဇိုးဘဲများ”
=============================================
အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြာ သည်းထိတ်ရင်ဖို မှုခင်းဟာသ
ရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။
နယ်မြို့လေးတစ်မြို့ရဲ့ မိုးတွေသည်းနေတဲ့ ညလေးတစ်ညမှာပေါ့။
အဲဒီမြို့လေးထဲက ဘုံဆိုင်လေးတစ်ခုဟာ အပြင်မှာဆိုင်ပိတ်ထားပေမဲ့ ဆိုင်ထဲမှာတော့
သောက်နေကျဖောက်သည်တွေဟာ ရှက်ကီထုရင်း ဖဲရိုက်နေကြပါတယ်။
အဲဒီလိုလို အေးအေးလူလူ သောက်ရိုက်လုပ်နေတုန်း.. ဝုန်းဆို ဟိုဘက်အခန်းကနေ အသံကြားရလို့သွားကြည့်ကြတဲ့အချိန်မှာ ဆိုင်ရှင်ဖြစ်သူဟာ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေဆုံးနေတာကို အားလုံး တွေ့လိုက်ကြပါတယ်။
ဒါကို အစက သာမန် သဝာ်သေမှုလို့ ထင်ခဲ့ကြပေမဲ့ ရှက်ဘဲတွေထဲက လူရည်လည်သူတစ်ယောက်က
ဒါ သဝာ်သေတာမဖြစ်နိုင်ဘူး၊ လူသဝာ်မှုပဲဖြစ်မယ်၊ တရားခံက ဆိုင်ထဲမှာပဲရှိမယ်လို့
အာချောင်ပြီး ရဲစခန်းကို ဖုန်းဆက်တိုင်လိုက်ပါတယ်။
အဲဒီလို အာချောင်လိုက်တဲ့အတွက် အမှုဖော်တဲ့နေရာမှာ အင်မတန်တော်ပေမဲ့ ငယ်ဘဝက စိတ်ဒဏ်ရာကြောင့်
အရက်နံ့မခံနိုင်တဲ့ အင်စပက်တာဇာတ်လိုက်က အရက်ဆိုင်တွင်း လူသဝာ်မှုအတွက် ဝေလေလေ
ရှက်ကီဘဲတွေကြားကနေ တရားခံဖော်ဖို့ကြိုးစားပုံကို ဒီရုပ်ရှင်လေးထဲမှာ
အတည်ပေါက်ဟာသတွေနဲ့အတူ စိတ်ဝင်စားဖွယ် မြင်တွေ့ခံစားကြည့်ရှုကြရမှာပဲဖြစ်ပါတယ်…။
Movie Link ⬇️⬇️⬇️
https://t.me/khanthtookyaw555/570

09.04.202510:59
Sar*ipod*haa San*ivaa*ram (2024)ဇာတ်ကားသစ်ကြီးရှယ်ကြမ်း
"စနေကောင်"
IMDB 7.6
တောင်းဆိုမှုလေးတစ်ချို့ရှိနေတဲ့
တေလဂူးအက်ရှင်ကားအသစ်စက်စက်ကို
အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်
ယင်ကောင်မင်းသား ခေါ်ကြတဲ့ Nani ရဲ့ ဈေးအကြီးဆုံးရုပ်ရှင်ဖြစ်ပြီး
ရီဗျူးကောင်းလေးတွေလည်း အသင့်အတင့် ရထားတာပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ ဆူယာခေါ် စနေကောင်ဟာ
"ဒေါသအင်မတန်ကြီးသူပါ ဒါကိုသိတဲ့ သူ့အမေက
ဒေါသထိန်းချုပ်နည်းတစ်ခုကို သင်ပေးခဲ့တယ်
ဘယ်လိုလဲဆိုတော့ တစ်ပတ်မှာခြောက်ရက် ဒေါသအတိုင်း
စိတ်လိုက်မာန်ပါမလုပ်ဘဲ ဒေါသထွက်ရတဲ့အကြောင်းရင်းကို ရေးမှတ်ထားပြီး
စနေနေ့မှာမှ အဲဒီလူကို ဒေါသထွက်နေတုန်းပဲဆိုရင် ကြိုက်တာသာလုပ်ပါလို့ သူ့အမေက ပြောခဲ့တာပါ
ဒီလိုနဲ့ သူ့အမေသေပြီးနောက်ပိုင်း အဲဒီလမ်းစဥ်အတိုင်းလိုက်နာလာခဲ့ရာမှာ
သူငယ်ငယ်က ချစ်ရတဲ့ကောင်မလေးကလည်း ရဲမေအဖြစ် ပြန်ရောက်လာပြီး
သူတို့နယ်က အကျင့်ပျက်ရဲတစ်ယောက်ကို သူတို့ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ ဆိုတာကတော့……
Movie Link 👇
https://t.me/khanthtookyaw555/414

30.03.202515:08
St*r*ee 2 (2024)
***
ဒီကားလေးကတော့ သရဲကားကိုမှ ဟာသလေးနှော ပြီး ရိုက်ကူးထားတဲ့ horror comedy ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်
ဒီကားကို ကုဋေ ၆၀ အကုန်အကျခံ ရိုက်ကူးခဲ့ပြီး ရုံတင်ပြပြီးချိန်မှာတော့ ကုဋေ ၆၀၀ ကျော်ကို ရရှိထားပြီး ဖြစ်ပါတယ်
Amuar Kaushik က ရိုက်ကူးထားပြီး ရက်ကူမာရိုလ် က အပ်ချုပ်သမား ဗစ်ကီအဖြစ် သရုပ်ထားသလို ရှဒီနာကပူးလ် က စုန်းမလေး အဖြစ် သရုပ်ဆောင်ထားပါတယ်
ဒီဇာတ်ကားကို ဟင်ဒီ ဘာသာတစ်မျိူးတည်းနဲ့ပဲ ပြသထားပေမယ့်လို့ trailer စပြတည်းကပင် ၀က်၀က်ကွဲ အားပေးမှုကို ခံထားရတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်
ဗစ်ကီက သူငယ်ချင်းဖြစ်သူရဲ့ ကောင်မလေး ရုတ်တရတ်ပျောက်ဆုံးသွားတာကို လိုက်စုံစမ်းပေးရင်း မကောင်းဆိုးဝါးတွေ အကြောင်းသိပြီး နှိမ်နင်းရဖို့ အကြောင်းဖန် လာခဲ့ပါတယ်
အဲ့အချိန်မှာပဲ သူ့ရဲ့ချစ်သူ စုန်းမလေး ပါ ရောက်လာခဲ့ပြီး သူငယ်ချင်းတွေ တစ်သိုက်နဲ့ မကောင်းဆိုးဝါး နှိမ်နင်းကြပုံကို ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ ဘောလီဝုဒ် ဇာတ်ကားကောင်းလေး တစ်ကားပါ
Movie Link 👇
https://t.me/khanthtookyaw555/276

Көбүрөөк функцияларды ачуу үчүн кириңиз.