Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Инсайдер UA
Инсайдер UA
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Инсайдер UA
Инсайдер UA
ရွှေနေကြာ avatar

ရွှေနေကြာ

ဗုဒ္ဓံ ဓမ္မံ သံဃံ
TGlist рейтинг
0
0
ТипАчык
Текшерүү
Текшерилбеген
Ишенимдүүлүк
Ишенимсиз
Орду
ТилиБашка
Канал түзүлгөн датаFeb 09, 2022
TGlistке кошулган дата
Sep 19, 2024

Рекорддор

03.04.202511:50
13.2KКатталгандар
29.03.202512:04
175Цитация индекси
10.02.202504:42
5.8K1 посттун көрүүлөрү
20.02.202506:39
10.1K1 жарнама посттун көрүүлөрү
09.03.202508:41
12.50%ER
09.02.202523:59
33.55%ERR
Катталуучулар
Citation индекси
Бир посттун көрүүсү
Жарнамалык посттун көрүүсү
ER
ERR
OCT '24JAN '25APR '25

ရွှေနေကြာ популярдуу жазуулары

🙏🙏🙏
Кайра бөлүшүлгөн:
တိုက်ပွဲသတင်းစုံ avatar
တိုက်ပွဲသတင်းစုံ
တပ်မတော်မှ အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက်တိုက်ခိုက်သော သူပုန်များ၏ ယုတ်မာသည့်လုပ်ရပ်များ (ဧပြီ ၂၃ ရက်)

(၁) နန့်မွန်း (ကချင်ပြည်နယ်)

ဧပြီလ ၂၃ ရက် မနက်ပိုင်းအချိန်က ကချင်ပြည်နယ်၊ နန့်မွန်းမြို့အနီးရှိ တပ်စခန်းတစ်ခုအား အကြမ်းဖက် KIA ၄၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် စစ်သည် ၁ ဦး ကျဆုံးပြီး ပြည်သူ့စစ် ၁ ဦး ဒဏ်ရာရရှိကာ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် KIA ၂ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) 4 Channel Jammer ၁ ခု

တို့အား သိမ်းဆည်းရရှိခဲ့။
-
(၂) ဗန်းမော်

ဧပြီလ ၂၃ ရက် ညနေပိုင်းအချိန်က ဗန်းမော်မြို့ရှိ တပ်ရင်းဌာနချုပ်တစ်ခုအား အကြမ်းဖက် KIA အဖွဲ့က လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့၍ မှီခိုသား/သမီး ၂ ဦး၊ အရပ်သားဝန်ထမ်း(ထမင်းချက်) ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါသည်။
-
(၃) မူဆယ်

ဧပြီလ ၂၃ ရက် နေ့လည်အချိန်က ကောင်းမှုတုံရပ်ကွက်၊ ဖူလီလိုက်လမ်းတွင် လူသတ်/ပြန်ပြေးဆွဲနေသည့် အကြမ်းဖက် သမားများရောက်ရှိနေကြောင်း ဒေသခံများ၏ သတင်းပေးမှုကြောင့် သွားရောက်ရှင်းလင်းရာ ထိတွေ့မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA (ယူဆရသူ) ၂ လောင်း
(၂) M-16 သေနတ် ၁ လက်
(၃) ပစ္စတို ၁ လက်
(၄) ကျည်အိမ်/ ခဲယမ်းများ

သိမ်းပိုက်ရရှိခဲ့ပါသည်။
-
(၄) ကျောက်ဂူ

ဧပြီလ ၂၃ ရက် မွန်းလွဲအချိန်က ကျောက်ဂူရွာအနီးရှိ တပ်စခန်းတစ်ခုအား အကြမ်းဖက် DPLA ၄၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် DPLA ၃ လောင်း
(၂) သေနတ်မျိုးစုံ ၃ လက်
(၃) ကျည်အိမ်/ ကျည်ဆန်များ
(၄) လက်ပစ်ဗုံး ၁၁ လုံး
(၅) အိုင်ကွန် ၁ လုံး
(၆) စိတ်ကြွဆေးပြား ၂၂ ပြား

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
(၅) လေးမျက်နှာ

ဧပြီလ ၂၃ ရက် မနက်ပိုင်းအချိန်က လေးမျက်နှာမြို့၏ အနောက်တောင်ဘက် မီတာ ၂၀၀၀၀ ခန့်အကွာတွင် လခရစစ်ကြောင်းနှင့် အကြမ်းဖက် ၁၅ ဦးတို့ ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် ၂ လောင်း
(၂) လက်နက်မျိုးစုံ ၃ လက်
(၃) ဖုန်း ၄ လုံး
(၄) ကျည်အိမ်/ ကျည်ဆန်များ

သိမ်းပိုက်ရရှိခဲ့ပါသည်။
-
(၆) တုံးတံတား (ကရင်ပြည်နယ်)

ဧပြီလ ၂၃ ရက် နေ့လည်ပိုင်းအချိန်က ကရင်ပြည်နယ်ရှိ တုံးတံတားစခန်းအား အကြမ်းဖက် KNLA ၂၀ ဦးခန့်က တိုက်ခိုက်ရန် ချဉ်းကပ်လာသဖြင့် စတင်ပစ်ခတ်ခဲ့ရာ ထိတွေ့တိုက်ပွဲ အနည်းငယ် ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် KNLA ၂ လောင်း
(၂) လက်နက်မျိုးစုံ ၂ လက်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
အထက်ဖော်ပြပါဖြစ်စဉ်များသည် အကြမ်းဖက်သူပုန်များအနေနဲ့ ငလျင်ကယ်ဆယ်ရေးလုပ်ငန်း အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ရန် တပ်မတော်မှ အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပါသည်။
-
လာရောက်တိုက်ခိုက်သည့်ရန်သူများအား တုံ့ပြန်ရန်အခွင့်အရေးအရ တန်ပြန်ချေမှုန်းခြင်းသာ ဖြစ်ပါသည်။ တပ်မတော်မှ စတင်တိုက်ခိုက်ခြင်းမျိုး မရှိပါ။
-
တိုက်ပွဲသတင်းစုံ
15.05.202501:40
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ RT ကို မကြာခဏ ကြည့်ရှုပြီး ၎င်းတို့၏ သတင်းတင်ဆက်မှုများကို သဘောကျကြောင်း ပြောဆိုခဲ့ပါတယ်။

RT သည် ရုရှားနှင့် မြန်မာကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှတ်ချက်ပြုခဲ့ပါတယ်။
18.05.202508:58
ဗန်းမော်တိုက်ပွဲမှ အရှင်ဖမ်းဆီးရမိ အကြမ်းဖက်သမားများ (အပိုင်း-၁)

ဗန်းမော်တိုက်ပွဲများအတွင်း အကြမ်းဖက် KIA/PDF များ အလဲလဲအကွဲကွဲဖြင့် သေဆုံးမှု ၇၀၀ ကျော်ခန့်ရှိပြီး ဒဏ်ရာရရှိသူ အများအပြားရှိပါသည်။ သေဆုံး/ဒဏ်ရာရသူအများစုမှာ ဗမာ PDF များဖြစ်ပြီး အချိုးအားဖြင့် ၇၀ % ခန့်ရှိကြောင်း တွေ့ရှိရပါသည်။
-
KIA သကသအဖွဲ့များသည် တပ်စခန်း၊ တပ်ဌနခတို့အား တိုက်ခိုက်ရာတွင် ဗမာ PDF များကို မူးယစ်ဆေးကျွေးပြီး ရှေ့ဆုံးမှ အသေခံတိုက်ခိုင်းကာ ၎င်းတို့က နောက်ကလိုက်ကြကြောင်း ကိုလည်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့အပြင် PDF များအား ဖုန်းသုံးခွင့်မပြုသည့်အပြင် ကျည်ဆန်များကိုလည်း လုံလုံလောက်လောက် မထုတ်ပေးထားကြောင်း၊ တိုက်ပွဲအတွင်း ကျဆုံး/ဒဏ်ရာရမှုတွေကိုလည်း ဓာတ်ပုံရိုက်ခွင့်မရှိကြောင်း သိရှိရပါသည်။
-
ပြန်ဆုတ်ပြေးသည့်အခါတွင်လည်း သေဆုံး KIA အဖွဲ့ဝင်များ၏ အလောင်းများကိုသာ ဆွဲထုတ်ပြေးကြပြီး PDF ရုပ်အလောင်းများအား ပြန်ဆွဲယူခွင့်မရှိဘဲ သေဆုံးရာနေရာတွင်ပင် ပစ်ထားခဲ့ရကြောင်း၊ KIA တမဟာမှူးအထက်သူများ၏ အလောင်းများကို လိုင်ဇာ၊ မိုင်ဂျာယန်သို့ သယ်ယူပြီး အောက်အဆင့် သေဆုံး KIA အဖွဲ့ဝင်များကို အဆင်ပြေရာ တောတွင်းနေရာတစ်ခုခုတွင် မီးသဂြိုလ်ပြီး အရိုးပြာကို KIA နောက်တန်းဌာနချုပ်များသို့ ပြန်လည်ပို့ဆောင်ကြောင်း စစ်ဆေးသိရှိရပါသည်။
-
ယခုဖမ်းဆီးခံရသူများသည်လည်း ရှေ့ဆုံးမှ တိုက်နေသူများဖြစ်ပြီး နောက်ပိုင်းအဖွဲ့က အသိမပေးဘဲ ဆုတ်ခွာထွက်ပြေးသွားသဖြင့် ယခုလို အရှင်ဖမ်းဆီးရရှိခြင်း ဖြစ်ပါသည်။ နောက်ထပ်အရှင်မိသူ အများအပြားရှိပြီး သင့်လျှော်သည့်အချိန်တွင် ပုံနှင့်တကွ ဖော်ပြပေးပါမည်။
-
အစိုးရတပ်မတော်အနေဖြင့် အရှင်ဖမ်းဆီးရမိသည့် အကြမ်းဖက်သမားများကို သူပုန်များ ကျင့်သုံးနည်းကဲ့သို့ နှိပ်စက်၊ သတ်ဖြတ်ခြင်းမျိုးမရှိဘဲ ကောင်းမွန်စွာစောင့်ရှောက်ထားပြီး တရားဥပဒေနှင့်အညီ အရေးယူသွားမှာ ဖြစ်ပါကြောင်း ဖော်ပြလိုက်ပါသည်။ (ပုံများ ဆက်လက်ဖော်ပြပါမည်)

-
တိုက်ပွဲသတင်းစုံ
29.04.202512:48
အကြမ်းဖက် TNLA ၏ စခန်း ၂ ခု သိမ်းပိုက်ရရှိ

ဧပြီ ၂၉ ရက် မနက်ပိုင်းအချိန်တွင် တောင်ခမ်းဒေသ၊ နောင်ချိုမြို့အနီးရှိ တပ်မတော်စစ်ကြောင်းအား အကြမ်းဖက် TNLA အဖွဲ့က စတင်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဆုတ်ခွာရန်သူ့နောက် ထပ်ကြပ်လိုက်လံရှင်းလင်းပြီး ရန်သူ့စခန်းကုန်း ၂ ခု အား မွန်းလွဲပိုင်းအချိန်တွင် စီးနင်းသိမ်းပိုက်ရရှိခဲ့ပါသည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA ၅ လောင်း
(၂) လက်နက်မျိုးစုံ ၄ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) ပစ်ကျင်း/ဘန်ကာများ
သိမ်းပိုက်ရရှိခဲ့ပါသည်။
-
ကိုယ့်ကိုလာထိရင် အဆုံးထိပြန်ဆော်တတ်တဲ့ တောင်ခမ်းစစ်သည်တော်များ ဒီထက်မက အောင်မြင်ပါစေ။ Congratulations ပါ။ 🏆🏆🏆
-
တောင်ခမ်း = ပလောင်ခမ်း 👌
-
တိုက်ပွဲသတင်းစုံ
04.05.202513:53
အကြမ်းဖက် TNLA သူပုန်စခန်းကုန်း ၂ ခု သိမ်းပိုက်ရရှိ (နောင်ချို)

မေလ ၄ ရက် (ယနေ့)တွင် နောင်ချိုဒေသအတွင်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ပြီး မိမိစစ်ကြောင်းများကို နှောင့်ယှက်ပစ်ခတ်နေတဲ့ အကြမ်းဖက် TNLA စခန်းကုန်းများအား သိမ်းပိုက်ရရှိခဲ့သည်။
-
ရန်သူ့ စခန်းကုန်း(၁) အား နေ့လည် ၁ နာရီတွင်လည်းကောင်း၊ ရန်သူ့စခန်းကုန်း (၂) အား ညနေ ၄ . ၃၀ နာရီတွင် လည်းကောင်း အောင်မြင်စွာသိမ်းပိုက်ရရှိခဲ့သည်။ စခန်းကုန်းရှိရန်သူမှာ မိမိစစ်ကြောင်းများကို ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိတော့ဘဲ ၎င်းတို့သေဆုံး/ဒဏ်ရာရများကို ဆွဲယူကာ စခန်းကုန်းမှ ထွက်ပြေးကြပါသည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ကျော်ဟိန်းထိပြီး ရန်သူ့စခန်းကုန်းမှ -
(၁) အကြမ်းဖက် TNLA ၂ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) အမ်-၂၂ကျည် ၃၂၇ တောင့်
(၄) အမ်-၂၂ ကျည်အိမ် ၃ ခု
(၅) လက်ပစ်ဗုံး ၅ လုံး
(၆) လက်လုပ်မိုင်း ၄ လုံး
(၇) ကွန်ကရစ်ဘန်ကာ ၂ လုံး
(၈) သဲအိတ်ဘန်ကာ ၁၅ လုံး
(၉) မြေခွေးကျင်း ၁၂ ကျင်း
(၁၀) တစ်ယောက်ပစ်ကျင် ၈ ကျင်း
(၁၁) ဆက်သွယ်ရေးမြောင်း ပေ ၉၅၀ ခန့်
တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။
-
နောင်ချို = ပလောင်ငို
-
Congratulations ပါ တောင်ခမ်းဖိုက်တာကြီးများ 🏆🏆🏆
-
တိုက်ပွဲသတင်းစုံ
Кайра бөлүшүлгөн:
Ko Thet avatar
Ko Thet
19.05.202516:14
ဒီ Waveful app လေးက tiktok လိုပဲ .. အထဲမှာလည်း မြန်မာတွေ အများကြီးပဲ .. အဲဒီ Waveful အကောင့်မှာလည်း သတင်းလေးတွေ တင်ပေးပါမယ်။ သူများထက် အရင်ဝင် သုံးထားတော့ follower များများရတာပေါ့ 👍

(app ကို down မယ်ဆိုရင် Vpn ကို us region သုံးပြီးမှ ဒေါင်းပါ။ Install ပြီးသွားရင် Vpn မလိုတော့ပါ)
-
https://invites.waveful.app/aChm
15.05.202523:18
ပျောက်ကျားဝတ်စုံများဝတ်ဆင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ကာ ဓားပြတိုက်၊ လုယက်မှုများ ကျူးလွန်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး နှစ်ဦး ပါဝင်သော ဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ🙏🙏🙏
MDY-PDF အကြမ်းဖက်အဖွဲ့အတွင်းက PDF တွေ တော်တော်များများ စိတ်ဓာတ်ကျနေကြသလို ဘက်လိုက်မှုတွေ၊ မညီမျှမှုတွေကြောင့်လည်း စိတ်ပျက်နေကြတယ်လို့ သိရပါတယ်... အထူးသဖြင့် ခွင့်ပြန်တဲ့ကိစ္စနဲ့ပတ်သက်ပြီး MDY-PDF အဖွဲ့အတွင်းမှာ ဟိုလူ့ကိုတော့ ခွင့်ပေးပြန်တယ်၊ ဒီလူ့ကိုတော့ ခွင့်ပေးမပြန်ဘူးဆိုပြီး ဖြစ်လာတာကြောင့် PDF တွေကြားမှာ စိတ်ပျက်နေကြတာဖြစ်ပါတယ်...

ပြီးခဲ့တဲ့ရက်က PDF ရဲဘော်တစ်ယောက် မိသားစုကျန်းမာရေးကြောင့် ခွင့်တင်တာကို ခွင့်မပေးတဲ့အတွက် အကြီးအကျယ် စိတ်ဓာတ်ပျက်နေတယ်တဲ့...PDF တွေကို ခွင့်ပေးပြန်ရင် ပြန်မလာတော့ဘဲ ထွက်ပြေးသွားတဲ့သူတွေရှိနေတာကြောင့် MDY-PDF အဖွဲ့က PDF ရဲဘော်တွေကို ခွင့်ပေးမပြန်တာလို့လည်း သိရပါတယ်...

ဒါကိုကြည့်ရင် PDF တွေ တောထဲမှာဒုက္ခရောက်ပြီး မညီမျှမှုတွေ၊ ဘက်လိုက်မှုတွေ၊ ဆင်းရဲဒုက္ခခံနေရမှုတွေကြောင့် စိတ်ဓာတ်ပျက်နေကြပြီ... NUG အကြမ်းဖက်အုပ်စုက ဝရမ်းပြေးတွေက ပြည်ပမှာ အေးအေးဆေးဆေး မိသားစုနဲ့ သွားချင်တဲ့နေရာကို သွားချင်တဲ့အချိန် စိတ်ကြိုက်သွားလာလို့ရနေတဲ့အချိန်မှာ တောထဲက PDF တွေကတော့ မိသားစုကျန်းမာရေးကြောင့် ခွင့်ပြန်ဖို့ ခွင့်တောင်းတာတောင် မပြန်ရဘူးဆိုတော့ ဘယ်လောက်တောင် ရင်နာဖို့ကောင်းလိုက်သလဲ...
အိမ်ကထည့်ပေးလိုက်တဲ့ ထမင်းချိုင့်နဲ့
အားငယ်နေတဲ့ မျက်နှာလေး
အော် နိုင်ငံမှားပြီးမွေးလာတဲ့ကြယ်ပွင့်လေးတွေ ။

နိုင်ငံကျော် ဘောလုံးသမားလေးဖြစ်ပါစေ ညီလေးရေ💪💪💪
Кайра бөлүшүлгөн:
Truth Media🇲🇲🇲🇲 avatar
Truth Media🇲🇲🇲🇲
▪️ဗန်းမော်ကင်သတင်း

ဗန်းမော်မှာအထိနာဆုတ်ခွာထွက်ပြေးတဲ့KIA/AA/PDF အကြမ်းဖက်တွေကိုတပ်မတော်စစ်ကြောင်းများကလိုက်လံချေမှုန်းသုတ်သင်နေပြီးKIA/AA/PDFအလောင်းလက်နက်များစွာရရှိအချို့အလောင်းများပုပ်ပွနေသည်အထိဖြစ်နေကြောင်းသိရပါတယ်။

KIA/AA/PDFအလောင်းပုံတွေတင်ရဦးမလားလဖွတ်နွေဦး4CC😂
လူငယ်တွေ ဘုရားမသိ တရားမသိ သံဃာမသိ မိဘ ဆရာမသိအောင်
အကွက်ကျကျမှိုင်းတိုက်ခဲ့တာများသိပ်ကြောက်ဖို့ကောင်းတယ်

နိုင်ငံရေးအတ္တတွေကို ရှေ့တန်းတင်ပြီး
လူငယ်တွေကို ဘာသာတရားမသိအောင် အကွက်ကျကျဆောင်ရွက်ခဲ့တာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLDပဲဆိုတာ အဖြေကရှင်းနေတာပဲ
18.05.202505:01
ဗန်းမော်အနေထားကတော့

ရန်သူဟာ ယခင်ကာလတွေကလို အင်အားအလုံးအရင်းနဲ့ မီးကုန်၊ယမ်းကုန် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပါဘူး။

မိမိဘက်ကတော့ ယခင်ကထက်ပိုပြီး စုစည်းမှုကောင်းလာတယ်။ နေသားတကျဖြစ်လာပါတယ်။

မိမိတို့ရဲ့ ဗန်းမော်ခံစစ်အနေအထားဟာ တောင်ခမ်းရဲ့ ခစစ်အနေအထားနဲ့ တော်တော်ကြီးထပ်တူနေတာလည်းတွေ့ရပါတယ်။

ပြောရမယ်ဆိုရင် ဗန်းမော်ရဲ့ခံစစ်ကပိုပြီး ထုနဲ့ထည်နဲ့ရှိပြီး မာကျောမှုပိုခဲ့ပါတယ်။

ရန်သူထောင်နဲ့ချီပြီး အကျများသွားတာကလဲ အဲဒီလို ထုနဲ့ထည်နဲ့မာကျောမှုပိုခဲ့ခြင်းကြောင့်ဘဲဖြစ်ပါတယ်။

တပ်မတော်ရဲ့ဒရုံးတပ်ဖွဲ့နဲ မြေပြင်အဖွဲ့တွေလုပ်ရပ်တွေဟာ အတော်ကောင်းမွန်ခဲ့တယ်၊ ကောင်းမွန်နေဆဲပါလို့လဲသိရပါတယ်။

ပြောရမယ်ဆိုရင် ဗန်းမော်မှာ ရန်သူရဲ့ လုပ်ကိုင်နိုင်စွမ်းကုန်သွားပါပြီ။

ပြင်းထန်တဲ့ တိုက်စစ်အဟုန်လည်း ကျသွားပြီး ရန်သူဟာ အကျဆုံးများစွာနဲ့စစ်အီနေပါပြီ။

မကြာခင်အခြေအနေကောင်းတွေ ဆက်တိုက်ကြားလာရဦးမယ်ထင်ပါတယ်။

ဒီနေ့တော့ ကိုရွှေခီးနဲ့မိတ်ဆွေများက

ခေါက်ဆွဲခြောက် ၅၀ ဖါ

SUNDAY TEA    ၁၀ ဖါ

ငါးပိလက်ဘက်  ၁၁ ဖါ အပါအဝင်

ကိုသက်နဲ့ကျနော်တို့က .

ဇလုံကြီးဟင်းအနှစ်ထုတ် ၁၀ဖါ

ဆေးလိပ် အလိပ်(၁၅၀၀၀) ၃ဖါ

ပုဇွန်ခြောက်ကြော် (၁၀၀) ပိဿာ

အမျိုးသမီးလစဉ်သုံးများကို ရှမ်းတဲလေတပ်စခမ်းကနေတဆင့် ပေးပို့ကူညီပေးခဲ့ဖြစ်ပါတယ်။

နောက်တစ်ခုက .

နောင်ချိုရခဲ့ရင်သိန်း(၅၀၀)ဆိုတာရှိခဲ့တဲ့အတွက်

ဗန်းမော်ရခဲ့ရင်လည်း

သိန်း(၅၀၀)ဆိုတာတွေလည်း

ထပ်ပြီးရှိလာနိုင်ပါသေးတယ်။

crd
Кайра бөлүшүлгөн:
တိုက်ပွဲသတင်းစုံ avatar
တိုက်ပွဲသတင်းစုံ
17.05.202515:52
ဗန်းမော်မြို့ မြောက်ဘက်ခြမ်း နမ့်ဖားရွာအနီးရှိ အကြမ်းဖက် KIA/AA/PDF များ အခြေပြုနေရာအား မင်းခေါင်စစ်ကြောင်းက Drone ဖြင့် ရှင်းလင်းသုတ်သင်ခြင်း (17-5-2025)
-
KIA ဆိုတာ ဗန်းမော်မှာ အရုပ်ရေးပြမှ ရတော့မယ်။ 👌
-
Fighting ပါ မင်းခေါင်စစ်သည်တော်များ 👍
-
တိုက်ပွဲသတင်းစုံ
Көбүрөөк функцияларды ачуу үчүн кириңиз.