Notcoin Community
Notcoin Community
Proxy MTProto | پروکسی
Proxy MTProto | پروکسی
Proxy MTProto | پروکسی
Proxy MTProto | پروکسی
iRo Proxy | پروکسی
iRo Proxy | پروکسی
Thae Thae🇲🇲🇲🇲🇲🇲 avatar
Thae Thae🇲🇲🇲🇲🇲🇲
Thae Thae🇲🇲🇲🇲🇲🇲 avatar
Thae Thae🇲🇲🇲🇲🇲🇲
Мөөнөт
Көрүүлөрдүн саны

Цитаталар

Посттор
Репостторду жашыруу
23.02.202508:42
နရသီဝပ်လေဆိပ်တွင် ဝန်ကြီးချုပ်ဟောင်းသက်ဆင် ကားဗုံးပေါက်ကွဲ

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅

နရသီဝပ်လေဆိပ်အနီးရပ်ထားတဲ့ မီးသတ်ဌာနသုံး ပစ်ကပ်ထရပ်ကားဟာ သက်ဆင်ရဲ့လေယာဥ် ဆင်းသက်မလာခင်လေးမှာပဲ ပေါက်ကွဲခဲ့ပါတယ်။ လူထိခိုက်ဒဏ်ရာရခြင်းတော့ မရှိခဲ့ပါဘူး။

၂၂ရက်နေ့ည ၈ နာရီခန့်ကလည်း ယာလာခရိုင်၊ ဘန်နန်စတာမြို့မှာ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ထိုင်းစစ်တပ်ရဲ့ စစ်ဆင်ရေးစခန်းတစ်ခုနဲ့ မီတာ ၃၀၀ ခန့်အကွာမှာရှိပြီး အရပ်သား ၁ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒဏ်ရာရသူ ၁၁ ဦးထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးနဲ့ အရပ်သား ၄ ဦးပါတယ်လို့ဆိုပါတယ်။

အာစီယံဥက္ကဌမလေးရှာရဲ့ အကြံပေးအဖြစ်ဆောင်ရွက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ
တောင်ပိုင်းနယ်စပ်မြို့တွေကို လှည့်လည်မှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းအတွက်တော့ တောင်ပိုင်းဒေသတွေကို အနှစ်၂၀အတွင်း ပထမဆုံးအကြိမ် ပြန်ရောက်ခြင်းပဲလို့ ဆိုကြပါတယ်။

Ref...The Repoters
Кайра бөлүшүлгөн:
Ko Myo Win avatar
Ko Myo Win
23.02.202503:40
1980 မိုးမိတ် ဗျူဟာမှူးကို လွမ်းတယ်
=============================

ပလောင်ဆိုတာ မွန်ခမာ အနွယ်ဝင် ။ ရှမ်းမြောက် နမ့်ဆန်မှာ အခြေစချခဲ့ပြီး မြန်မာပြည်ထဲကို အစောဆုံးရောက်နေတဲ့ အုပ်စုထဲမှာ ပါတယ် ။

မွန် ခမာ ဘာသာစကား ပြောကြတယ် ။ ဗုဒ္ဓဘာသာများတယ် ၊ ရိုးရာနတ်လည်း ကိုးကွယ်ကြပါတယ် ။.စီးပွားရေးက လက်ဖက်ခြောက် အဓိကထုတ်လုပ်တယ် ။ အခြားသီးနှံ လိမ္မော် ၊ ဒညင်း ၊ ထောပတ် ၊ သနပ်ဖက် အစရှိတဲ့ သီးနှံတွေ စိုက်ကြတယ် ။

ပဒေသရာဇ်ခေတ်မှာ ဗမာဘုရင်တွေရဲ့ လက်အောက်ခံ ရှမ်းစော်ဘွားများထံမှာ ခစားကြရတယ် ။ သစ္စာရှိ လူမျိုးတော့ မဟုတ်ဖူး စော်ဘွားတွေ သြဇာကျ ပါဝါနိမ့်ပြီဆိုရင် ရတဲ့ အပေါက်က သစ္စာဖောက်ကြတယ် ။ ပုန်ကန်ကြတယ်ပေါ့ဗျာ ။

အင်းဝက မြန်မာဘုရင် မဟာဓမ္မရာဇာဓိပတိမင်းကို မွန်တွေ ဖမ်းသွားပြီး အင်းဝပျက်တော့ ရှမ်းစော်ဘွားတွေလည်း အားနည်းသွားတယ်ပေါ့ ။ အဲဒါ အခွင့်ကောင်း ယူပြီး ပလောင်တွေက ပုန်ကန်ရုံမကဘူးဗျ မတန်မရာ နဲ့ ကျုပ်တို့ ဦးအောင်ဇေယျကို သူတို့ဆီ သစ္စာခံရမယ် ဆိုပြီး လာဖိန့်ပါရောလား ။

ဦးအောင်ဇေယျက ခပ်အေးအေးပါပဲ စဥ်းစားအုံးမယ် ဆိုပြီး ပြန်လွှတ်လိုက်တယ် ။ ဘဝင်မြင့်ပြီး ပြန်သွားမှ တယောက်မကျန် သတ်ပစ်လိုက်တယ် အေးရော ။ သူလည်း ဘုရင်ဖြစ်ရော မတန်မရာ လာခဲ့ကြတဲ့ ပလောင်တွေ အသားကုန် ဗျင်းချက်ကတော့ သီပေါမင်းလက်ထက်ထိ မလှုပ်နိုင်တော့ဘူး ။

သမိုင်းထဲမှာ ပါတဲ့ ကွေ့ ဂုဏ္ဏအိမ် ဆိုတာ အဲဒီ ပလောင်တွေပဲ ဗျ ။ ဘယ်လောက်ထိ ငြိမ်သွားသလဲ ဆိုရင် သီပေါမင်းပါတော်မူပြီးနောက်ကို ရှမ်းစော်ဘွားတွေ အောက်မှာ ပြားပြားဝပ်ပေါ့ ။ ရပ်စောက်စော်ဘွားကြီး ဆောဆောစိတ် ဆိုရင် ပလောင်မလေးတွေကို သူ့လယ်ယာမြေတွေမှာ လုပ်အားပေး အလကားခေါ်ခိုင်းတာ ။ လူကြိုက်ရင် ဗျင်း လိုက်သေးတာ ။

လွတ်လပ်ရေးရပြီးခေတ်မှာ မလှုပ်ကြသေးဘူး ။ 1963 ကျတော့ ပြည်မမှာ ပြဿနာလည်း ဖြစ်နေရော ပလောင်လွတ်မြောက်ရေး တပ်မတော် ( T S L A) ဆိုပြီး ဇောင်းထလာတယ် ။

တကယ်တမ်းကျတော့ SSA ရဲ့ နောက်မြှီးဆွဲ ထင်းခွေ ရေခပ် အဆင့်ပါပဲ ။ အဲလို ကျွန်ခံမှ SSA က သေနတ်အစုတ်လေးတွေ ငှားပေးတာ ( အပိုင်မဟုတ်ဖူးနော်) ။ 19980 တုန်းက မန္တလေး မိုးကုတ်လမ်းမှာ ဒပြတိုက်စားတာ အဲဒီကောင်တွေပဲ ။

ပဏ္ဏဝ ၊ ကာဝိန္ဒ ၊ ခမ်းပတ် ဆိုတဲ့ ပလောင်ဒမြတွေ တုတ်ပြီး ဒါးပြီး ဘာညာ နဲ့ ဖိန့်လုံးနဲ့ လုပ်စားနေချိန်ပေါ့ ။ ဦးနေဝင်းက မိုးမိတ်ဗျူဟာမှူးကို အဲဒီကောင်တွေ သတင်း ငါ မကြားချင်တော့ဘူး ကြည့်လုပ်ကွာ ဆိုပြီး ခိုင်းပါရော ။

မိုးမိတ်ဗျူဟာမှူးကလည်း ရှင်းတယ် နောက်ထပ် မကြားရအောင် အကုန် အပျောက်ရှင်းတယ် ။ ဒါတင်မကဘူး သေနတ်ငှားပေးနေတဲ့ SSA ဗိုလ်မှူး စိုင်းခုံးကို မင်းတို့လည်း နမ့်ပယ်ချောင်း ဝန်းကျင် မမြင်ချင်ဘူး လို့ ရှင်းပစ်တယ် ၊ နောက်ကွယ်ကကောင်ပါ ရှင်းပစ်တာ ဗျူဟာမှူး အဆင့်နဲ့နော် ။

ဒီတော့ ဒမြပါတိုက်မရတော့တဲ့ ပလောင်တွေ မိုးကုတ်မှာ ကျောက်လိမ်စားကြပြန်ပါရော ။ အခုတော့ အားလုံးသိတဲ့ အတိုင်းပဲ NLD လက်ထက်မှာ KIA ကနေ TNLA ဆိုပြီး သင်တန်းပေး လက်နက်ပေးလိုက်တယ် ။ အခုဆို တိုင်းပြည်ကို ဘယ်လောက်တောင် ဒုက္ခပေးနေပြီလဲ မြင်ကြတဲ့ အတိုင်းပဲ ။

TNLA ရဲ့ ဇာတိသရုပ် အကျင့်ယုတ်က ကြည့်အုံး ။ အင်အားလည်း တောင့်လာရော သူတို့ ကျေးဇူးရှင် ဆရာလို့ ပြောရမယ့် KIA လည်း ပြန်ပြီး ရန်လုပ်တာပဲ ။ သခင်ဟောင်း ရှမ်းတွေဆိုတာကတော့ ပြောမနေနဲ့ အနိုင်ကျင့်ချင်တိုင်း ကျင့်နေကြလေရဲ့ ။

လက်ဝေခံ ဗမာ PDF ကျွန် ပဒက်တွေဆိုရင်တော့ ခြံစောင့်ခွေးလောက်တောင် တန်ဖိုးမထားမှာ သေချာတယ် ။ ဒီလို စောက်ကျင့် နဲ့ ဒီလို စောက်ဆင့်လောက်ကို ကူမင်းမှာ ကစထမှူး အဆင့်က တန်းတူ ဆွေးနွေးခဲ့ကြရတာ ယနေ့ စစ်ဦးစီးတဖွဲ့လုံး အတွက်တော့ အင်မတန် ရှက်စရာကောင်းလေရဲ့ ။

1980 က မိုးမိတ် ဗျူဟာမှူး တယောက်ရဲ့ အရည်အချင်းကို စတန်းဒက်အာမီကြီး လိုက်မမှီသေးပဲ TNLA ကို မျိုးဖြုတ် မပစ်နိုင်ရင်တော့ တနိုင်ငံလုံးဆို...........???

ကိုရွှေမျိုးဝင်း
18.02.202509:10
"TNLA ဘယ်လမ်း ရွေးမလဲ "
======
လက်ရှိ TNLA သိမ်းထားတာ ၁၂ မြို့ရှိတဲ့ အထဲမှာ တရားဝင်တာက ၂ မြို့ပဲ ပါတယ်။ နမ်ဆန်နဲ့ မံတုံ။ စစ်နိုင်ရင် နယ်မြေပိုင်ကြေးလို့ ပလောင်တွေ ယူဆရင်.....တပ်က လေကြောင်းတိုက်ခိုက်တဲ့အချိန်မှာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လာတိုက်ခိုက်တာလို့ ဆိုမရတော့ဘူး။ စစ်ပွဲဆိုတာက တဖက်ဖက်က မနိုင်တော့လို့ အရှုံးပေးပါပြီလို့ ပြောမှသာ အရှုံး၊ အနိုင်ရှိတာ။ ခုက ရေတို စစ်ပွဲမဟုတ်ဘူး။ ပလောင်လူမျိုးစု အနေနဲ့ ပြည်ထောင်စု တပ်မတော်ကို ရေရှည်အားဖြင့် ဘတ်ဂျက်ရော ၊ လူအင်အားအရ ရော တနေ့နေ့မှာ အနိုင်ရနိုင်တယ်လို့ ယူဆရင်တော့ တဆုံးထိ တိုက်ကြပေါ့။
----
ဒီနေရာမှာ တပ်မတော်ရဲ့ သည်းခံမှု အတိုင်းအတာပဲ။ နမ်ဆန်မှာ စကခ ထိုင်တယ်။ ၁၀၂၇ ဖြစ်တော့ တပ်မမှူး ဆိုသူက အဖမ်းခံရတယ။ မန်တုံမှာ ခြေလျင် တပ်ရင်း တရင်းနဲ့ နမ္မတူမှာ ခြေလျင် တပ်ရင်း တရင်းရှိခဲ့တယ်။ ဒီတပ်ရင်းတွေ ဆုံးရှုံးခဲ့တာတောင်မှ နမ်ဆန့်မြို့ပေါ် ဗုံး တလုံး မကျဲသေးဘူး။ နမ်ဆန်မှာ ဗုံးကြဲ စရာ ပစ်မှတ် များများ စားစား မရှိဘူး။ လွှတ်တော်အဆောက်အဦ၊ ဆေးရုံနဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံက Google က ကြည့်ရင်တောင် ထင်းနေတာပဲ။ လူပိန်းနည်းနဲ့ တွေးမယ်ဆိုရင်တောင် ပလောင်အများစု နေတဲ့ နမ်ဆန်နဲ့ မန်တုံ ပတ်ချာလည်ကို မီး လောင်တိုက် သွင်းရင်တောင် လက်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်က ရှေ့ပြေး ပလောင်တွေ အကုန်နောက်ပြန်ဆုတ်ကြလိမ့်မယ်။
-----
ခု လက်ရှိ တပ်မတော်က လေကြောင်း တိုက်ခိုက်မှု လုပ်နေတာက မိုးကုတ်လည်း ကျောက်တွင်း လုပ်ကွက်နားပဲ။ တချိန်ချိန်တော့ သပိတ်ကျင်းဘက်က စစ်ကြောင်းတွေ အားကောင်းလာခဲ့ရင်၊ တောင်ခမ်းက ရှေ့တိုးလာပြီး နောင်ချိုလောက် ရခဲ့ရင်....ဘန့်ဘွေးဘက်ကနေ အင်အား ထပ်ဖြည့် တဲ့ စစ်ကြောင်း တွေ ပူးပေါင်း နိုင်ရင်တော့ နောင်ချိုက မကြာလောက်တော့ပါဘူး။
-----
ပြည်နယ်ဆိုတဲ့ သတ်မှတ်ချက်က စစ်နိုင်တိုင်း တောင်းလို့မရဘူး ဆိုတာကို တာဘုန်းကျော်တို့ သဘောပေါက်ပုံ မရဘူး။ တပ်မတော်ကလည်း ဒီနယ်မြေတွေကို ပေးပိုင်ခွင့်မရှိဘူး။ ၂၀၀၈ ခြေဥ တည်တံ့နေသမျှ ပလောင် နယ်မြေမှာ နမ်ဆန်နဲ့ မန်တုံ ၂ မြို့နယ်ပဲ အကျုံးဝင်တယ်။ ပြည်နယ်အဆင့် ရချင်ရင် ....လွှတ်တော်မှာတောင်း၊ ဒေသခံ ပြည်သူတွေ ပလောင်အုပ်ချုပ်ခံ နယ်မြေထဲ ပါချင်၊ မပါချင်ကို စာရင်းကောက်ခံ။ လုပ်ရမဲ့ လုပ်ထုံး လုပ်နည်းတွေအများကြီး ရှိနေတဲ့အထဲကနေ လွယ်လွယ်နဲ့ ဒီမြို့နယ်တွေ ပေးပါ၊ ပြည်နယ် ဖွဲ့ပါရစေတော့ လုပ်လို့မရဘူး။ လုပ်ခွင့်ပြုတဲ့သူကလည်း သမိုင်း တရားခံ ဖြစ်မှာပဲ။
-------
TNLA အနေနဲ့ ရွေးချယ်စရာ များများ မရှိဘူး။ ခု တပ်မတော်က ဗုံးကြဲနေတာတောင် ယာယီလက်လွှတ်ထားရတဲ့ မြို့တွေ ပြန်ရဖို့လောက်သာ တပ်မတော်က အားထုတ်နေလို့။ ပလောင်မြို့တော်ဖြစ်တဲ့ နမ်ဆန်မြို့နဲ့ မံတုံ က ခံသာနေတယ်ဆိုတာ သဘောပေါက်ဖို့ကောင်းတယ်။
----
ဆိုတော့ TNLA အနေနဲ့ ဘယ်လမ်းရွေးမလဲ စဉ်းစားပေါ့။

" ကူမင်းဆွေးနွေးပွဲ မျှော်လင့်ချက်" ဆိုတဲ့အပိုင်းကို ဒီအပါတ် ထွက်မဲ့ Trend news Journal မှာ အကျဉ်း သုံးသပ်ထားပါတယ်။


(နရီမိုး)
Кайра бөлүшүлгөн:
Ko Myo Win avatar
Ko Myo Win
15.02.202514:55
ဝန်ကြီး မှာ သား သမီး ၆ ယောက်ရှိပါတယ် ။ အကြီးဆုံး သမီးက မခင်ဆွေဦး တဲ့ ။ မခင်ဆွေဦးက ဝန်ကြီးရဲ့ စိတ်နေစိတ်ထားကို ပိုမိုတောက်ပြောင်အောင် လုပ်ပြခဲ့တဲ့ သမီးဆိုလည်း မမှားဘူး ခင်ဗျ ။ နောက်ပြီး ဒီနေ့ခေတ်ထိ ပေါ်ပေါက်ခဲ့တဲ့ ရိုမန့်တစ်ဆန်လှပါတယ်ဆိုတဲ့ စိတ်ကူးယဥ် အချစ်ဇာတ်လမ်းတွေထက် သာလွန်မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်လည်း ဖြစ်ခဲ့ပါတယ် ။

ဝန်ကြီးက သမီးဦးမို့ အချစ်ဆုံးဖြစ်ဟန် တူပါတယ် ။ ဝန်ကြီးက သူမကို ငယ်ငယ်လေးထဲက သွားလေရာ ခေါ်ခဲ့ပုံပါပဲ ။ သူမ အပျိုဖြစ်စမှာ ဝန်ကြီးက ဗျူဟာမှူးရာထူးပေါ့ ။ မိသားစု မောင်းမကန်ကို အလည်သွားကြပါရော ။

ထားဝယ်မှာ လုံခြုံရေးက သိပ်မကောင်းသေးတဲ့ ကာလဆိုတော့ နယ်ခံတပ်က အရာရှိတယောက်ပါ တပ်ခွဲကို လုံခြုံရေးလိုက်ပါဆောင်ရွက်စေခဲ့ပါတယ် ။ အရာရှိအမည်က ဗိုလ်ကြီးမောင်ဇော် တဲ့ ။

တိုတိုပြောရရင် မခင်ဆွေဦး နဲ့ ဗိုလ်ကြီးတို့ လူငယ်သဘာဝအရ ချစ်ကြိုက်သွားကြပါရော ။ ဒီလိုနဲ့ ဝန်ကြီးတို့ မိသားစု နိုင်ငံခြားခရီးထွက်သွားကြပါတယ် ။ အဲဒီ အချိန်မှာ ဗိုလ်ကြီး မောင်ဇော်က ရှေ့တန်းထွက်ရပါတယ် ။ ရှေ့တန်းမှာ ဗိုလ်ကြီးမောင်ဇော် မိုင်းထိပြီး ခြေထောက် ၂ ဖက်လုံး ဖြတ်ပစ်လိုက်ရပါတယ် ။

ဒီတော့ ဗိုလ်ကြီးမောင်ဇော်က သူ့ သူငယ်ချင်းကို သူကျသွားပြီလို့ စာရေးခိုင်းတယ် ။ ဒုက္ခိတဘဝမို့ မိမိချစ်သူကို နစ်နာမှာစိုးလို့ ရင်နာနာနဲ့ စွန့်လွတ်ဖို့ ဆုံးဖြတ်ပြီး လိမ်ညာ သတင်းပို့ခိုင်းလိုက်ရတာပါ ။

အဲဒီစာ နိုင်ငံခြားထိ ရောက်သွားတော့ အားလုံး စိတ်မကောင်းဖြစ်ကြရတာပေါ့ ။ ကာယကံရှင် မခင်ဆွေဦးကတော့ တငိုငို တရီရီ ဖြစ်နေရပေမယ့် သူမ စိတ်ထဲမှာ သူမချစ်သူ ဗိုလ်ကြီး မသေဘူးလို့ပဲ ယူဆနေမိပါသတဲ့ ။ မသိစိတ်က နှိုးဆော်နေဟန်ပါပဲ ။ သို့သော် ပြည်ပ ရောက်နေလို့ ဘာမှ မတတ်နိုင်ပဲ နေ့စဥ် ပူဆွေးဝမ်းနည်း နေရတာပါပဲ ။

ဒီလိုနဲ့ သူမလည်း မြန်မာပြည်ပြန်လာရော တပ်မတော်ဆေးရုံကို သွားပြီး ဗိုလ်ကြီးမောင်ဇော် ကိုယ်ပိုင်အမှတ် ဘယ်လောက် ကျပြီဆိုတာ ဟုတ်သလား သွားမေးပါရော ။ သူမကလည်း တပ်ထဲမွေး တပ်ထဲကြီးလာတဲ့ အရာရှိကြီး သမီးဆိုတော့ လမ်းကြောင်းတွေကို သိပြီးသားကိုး ။

ဒီလို စုံစမ်းတော့ ပေါ်တာပေါ့ဗျာ ။ မသေဘူး ခြေ ၂ ဖက် ဖြတ်လိုက်ရတယ် ။ ဘယ်မှာ ရောက်နေတယ် ဆိုတာတွေကိုပါ သိလိုက်ရပါတော့တယ် ။ မေတ္တာတရား ကြီးမားတဲ့ မခင်ဆွေဦးဟာ သူ့ကို ငဲ့ညာပြီး သေပြီလို့ လိမ်ညာခဲ့တဲ့ ဗိုလ်ကြီးမောင်ဇော်နောက်ကို လိုက်သွားပါတယ် ။

၂ ယောက်သား ပြန်အတွေ့ ဝ မ်းမြောက်ဝမ်းသာ ဖြစ်ကြရပုံကတော့ အပျိုကြီး လူပျိုကြီးတွေ မသိနိုင်ပေမယ့် ကျန်သူတွေ ခံစားလို့ ရနိုင်ကြမှာပါပဲ ။ ချစ်ခြင်းမေတ္တာကြောင့် ပြန်တွေ့ကြရတဲ့ ချစ်သူ ၂ ဦးဟာ မြန်မြန်ဆန်ဆန်ပဲ လူကြီးမိဘတွေကို အသိပေးပြီး လက်ထပ်ခွင့် တောင်းကြပါတယ် ။

အချစ်ဆုံး သမီးကို ဒုက္ခိတ တယောက် နဲ့ သဘောတူကြည်ဖြူဖို့ဆိုတာ မိဘနေရာကနေ အစားဝင်ကြည့်ရင် အတော်မလွယ်တဲ့ အလုပ်ကြီးတခုပါပဲ ။

သို့သော် စစ်သားကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးချစ်ဆွေကတော့ တိုင်းပြည်အတွက် ခြေ ၂ ဖက် ပေးဆပ်ခဲ့ရတဲ့ ဗိုလ်ကြီးမောင်ဇော်ကို မငြင်းဆန်ပါဘူး ။ ကြည်ဖြူစွာပဲ သဘောတူပေးစားခဲ့ပါတယ် ။ ဆွေမျိုးတွေကတော့ ကန့်ကွက်ကြတာပေါ့လေ သို့သော် အရေးကြီးဆုံး မခင်ဆွေဦး နဲ့ ဖခင်ကိုယ်တိုင် သဘောတူနေမှတော့ ကြားလေသွေးလို့ မဝေးကြတော့ပါဘူး ။

အဲဒီလိုနဲ့ နဝတခေတ် နောက်ပိုင်း ဦးသန်းရွှေတပ်ချုပ်ကြီး ဖြစ်လာတော့ နဝတ အဖွဲ့ဝင်တွေကို ခဏခဏ ပြောလေ့ရှိတဲ့ စကားရှိပါတယ် ။ တိုင်းပြည်အပြောင်းအလဲ ကာလမှာ စီးပွားရေး သမားတွေ မင်းတို့ဆီကို အဝင်အထွက် လုပ်လာလိမ့်မယ် သတိထားကြ ။ အထူးသဖြင့် နောက်ဖေးပေါက်ကနေ မိသားစုတွေကတဆင့် လာကြလိမ့်မယ်လို့ သတိပေးလေ့ရှိသတဲ့ ။

ဗိုလ်ချုပ်ကြီးချစ်ဆွေကလည်း သူ့မိသားစုတွေကို တပ်ချုပ်ကြီးစကားတွေ ပြန်ပြောပြထားပါတယ် ။ တနေ့ ဗိုလ်ချုပ်ကြီး ချစ်ဆွေ နဲ့ ဦးသန်းရွှေတို့ သစ်လုံးတွေ သဘော်ပေါ်တင်နေကြတာ ကြည့်ပြီး ဦးသန်းရွှေက ပြောပါတယ်......

'' ကို ချစ်ဆွေရေ......''

ကိုရွှေမျိုးဝင်း
15.02.202513:20
အာဂျင်တီးနား😁
24.02.202508:02
.

☯️


Elon Musk ရဲ့ Starlink က အာကာသဆက်သွယ်ရေးကွန်ယက်နဲ့ ကမ္ဘာကြီးကိုထိမ်းချုပ်ထားတယ်၊

အခု ဥရောပက IRIS-2 ကို ကွယ်ယက်နဲ့ပဲစတင်လိုက်ပါပြီ၊ Starlink ထက် (၂) ဆပိုမြန်တယ်၊ ကုန်ကျငွေသက်သာတယ်၊ နေရာတိုင်း လက်လှမ်းမှီစေတယ်လို့ဆိုပြီး၊ Starlink မလိုအပ်တော့ဘူး... ဆိုတဲ့အဆင့်အထိ ကြေငြာလာခဲ့ပါပြီ။

.Nay Zin Latt
Кайра бөлүшүлгөн:
KO CHIT (MDY) avatar
KO CHIT (MDY)
သင်းအုပ်ဆရာက KIA နဲ့အတော်လေးနီးစပ်တယ်ရှင့် သူကအနေအေးပေမဲ့ မဟုတ်မခံတဲ့ စိတ်လေးရှိတယ်
ပကဖ နဲ့ ဝက်လက် pdf နဲ့သိပ်အဆင်မပြေဘူး ဟိုတလောက မကြာသေးဘူး pdf က မုဒိန်းမှု့လေ .. လိုင်းပေါ်မှာလည်းကြားမှာပါ အဲဒါကို ဆလန်ကပါး သွားတိုင်လို့ ဗမာပီဒီအက်က မကြေနပ်လို့ သတ်လိုက်တာ”


အခုတော့ ပီဒီအက် ၂၀ လောက်ဖမ်းထားတယ်လို့တော့သိရတယ်

ဖြစ်တဲ့နေရာက ရွှေဘို နဲ့ ဝက်လက်ကြား ဝက်လက်နဲ့ပိုနီးတယ် အဲဒီနေရာတွေက စစ်တပ်မရှိဘူး pdf တွေပဲရှိတာ “
Кайра бөлүшүлгөн:
Ko Myo Win avatar
Ko Myo Win
15.02.202514:55
သူလို လူ ( ၂)
=============

'' ကိုချစ်ဆွေ ကားတွေ အများကြီး သွင်းလာတာ ဘာဖြစ်လို့လဲ ဗျ ''

ဒီတော့ ဝန်ကြီးကလည်း သူ့ရည်ရွယ်ချက်ကို ရှင်းပြလိုက်ပါတယ် ။ ပြည်သူ့အတွက် စဥ်းစားပြီး မြန်မြန်ဆန်ဆန် လုပ်ပြတဲ့ ဝန်ကြီးကို အတွင်းရေးမှူး ၂ ကလည်း အင်မတန် သဘောကျသွားပါတယ် ။ သူကလည်း ပြည်သူကို မျက်နှာမူတတ်တဲ့ ဗိုလ်ချုပ်ကြီးကိုးဗျ ။

ဒါ နဲ့ ခင်ဗျားရည်ရွယ်ချက် နဲ့ လုပ်ဆောင်ချက် အရမ်းကောင်းတယ် ။ ဒါပေမယ့် ခင်ဗျားရဲ့ သမဝါယမအသင်း သေးသေးလေးကနေ ပြည်သူအတွက် လုပ်တာထက် မထသ လက်အောက်ကနေ လုပ်တာ ပိုပြီး ထိရောက်မယ် ထင်တယ်ဗျ ဆိုပြီး အကြံပေးပါတယ် ။

ဒီတော့ ဝန်ကြီးက ဟာ ဟုတ်တယ် မထသကို လွဲပေးတာ ရန်ကုန်လူထုအတွက် ပိုပြီးထိရောက်မှာပဲ ဆိုပြီး မထသကို လွဲပေးလိုက်ပါတယ် ။ ကုန်ကျငွေကို မထသမှ ပြန်ယူပြီး မိခင်ဌာနစာရင်းထဲ ပြန်သွင်းရတာပေါ့ ။

ဒီနေရာမှာ ချီးကျူးစရာကောင်းတာက ဗိုလ်ချုပ်ကြီးချစ်ဆွေရဲ့ စိတ်ထားပဲ ။ ရန်ကုန်ပြည်သူတွေ သွားလာရေးခက်ခဲနေတာ ငါ ကိစ္စလို့ ခံယူထားတာ ပထမအချက် ။ သူ့တာဝန်နဲ့ ဘာမှ မဆိုင်ပေမယ့် နဝတ အဖွဲ့ဝင် ဆိုတော့ ပြည်သူ့ ဒုက္ခ သူ့ ဒုက္ခလို့ ပြတ်ပြတ်သားသား ခံယူထားတဲ့စိတ်ပါ ။ (တိုင်မှ အရေးယူမယ် ၊ တိုင်လည်း အရေးမယူဘူး ၊ တိုင်တဲ့သူ အရေးယူမယ် ဆိုတဲ့ လူညံ့ လူဖျင်း လူယုတ် တွေနဲ့တော့ ကွာပါ့ )

အကောင်အထည် ပေါ်လာပြီး နာမည်ရနိုင်တဲ့ ကိစ္စပေမယ့် ကိုယ့်ထက် ပြည်သူ့အကျိုး လုပ်ပေးနိုင်မယ့် သူတွေဆီ ချက်ခြင်း လွှဲပြောင်းပေးနိုင်တဲ့ အတ္တမဲ့ စေတနာနဲ့ လုပ်ရပ် ။ ငါ့ အတွက် ၊ ငါဝန်ကြီးဌာန အတွက် ဆိုပြီး ကြက်ယက်သလို အကြံအဖန် လှည့်ရှာလုပ်နေတဲ့ သူတွေနဲ့တော့ ဆီ နဲ့ ရေ ပေါ့ခင်ဗျာ ။

ဝန်ကြီးဗိုလ်ချုပ်ကြီးချစ်ဆွေက အဲသလို ကိုယ်နဲ့မဆိုင်ပေမယ့် ပြည်သူ့အကျိုးအတွက် လုပ်ပေးချင်တဲ့ နာမည်ကျော် ကိစ္စတခု ရှိပါသေးတယ် ။ အဲဒါက ရုပ်ရှင်လောကသားတွေ ကိစ္စပါပဲ ။ 1989 မှာ ရုပ်ရှင် ဖလင်တွေ ပြတ်နေတဲ့ ကာလမှာဖြစ်ခဲ့တာပါ ။

အဲဒီကာလမှာ နိုင်ငံတော်အဆင့် ပွဲတခုကို ဝန်ကြီးလည်း တက်ရတာပေါ့ ။ ဖျော်ဖြေရေးပွဲကို အသွား အံ့ကျော်က ဝန်ကြီးကိုမြင်လိုက်ရတာနဲ့ သူ့ထုံးစံအတိုင်း ကွမ်းစားထားရင်း ဝမ်းခေါင်းသံကြီးနဲ့...

'' ဟာ အဖေကြီး ကယ်ပါအုံး ကျနော်တို့ကို ကျနော်တို့တော့ ဒုက္ခရောက်နေပါပြီ ''
( အသံပြဲကြီးနဲ့ အော်ပြောလိုက်တော့ သူ့အနားက ရုပ်ရှင်လောကသားတွေလည်း တိုင်ပင်ထားကြသလိုပဲ ဝိုင်းတိုးလာပြီး ကြည့်နေကြပါရော ဒီတော့ ဝန်ကြီးက... )

'' ခင်ဗျားတို့က ဘာဖြစ်နေလို့လဲ ကျနော် ဘာလုပ်ပေးမလဲ ပြောပါ ''

''ရုပ်ရှင် ဖလင် မရှိတော့ဘူး အဘ ဖလင်မရှိရင် ကျနော်တို့ အလုပ်မရှိကြတော့ဘူးလေ အကုန် ငတ်ကုန်လိမ့်မယ် ခင်ဗျ ''

'' သြော် ဘယ်လောက် လိုနေကြလို့လဲ ''

'' တနှစ်လုံးစာ ဆိုရင် ဇာတ်ကား ၇၀ စာလောက် လောက် လိုပါတယ် ၊ မရနိုင်ရင်လည်း ၅၀ လောက်ဆိုလည်း အဆင်ပြေပါတယ် ဒါဆို ဗိုလ်ချုပ်တို့ ရိုက်ချင်တာရှိလည်း ရိုက်ပေးပါ့မယ် ''

'' အေးဗျာ နားလည်သူတွေနဲ့ ကျနော် တိုင်ပင်ပြီး ကြည့်လုပ်ပေးပါ့မယ် ''

အဲသလို မယုတ်မလွန် အဖြေပေးပြီး ဝန်ကြီးလည်း ပထမဆုံး စီးပွားကူးသန်း ဝန်ကြီး ဗိုလ်မှူးချုပ်အေဘယ်ကို လိုက်ရှာတယ် ။ နောက်မှ မဟုတ်သေးဘူး ဒါ ပြန်ကြားရေးဝန်ကြီးက ပိုသိမယ် ဆိုပြီး ဗိုလ်ချုပ်မျိုးသန့်ကို ထပ်ရှာတာပေါ့ ။

လူကြီးတွေနား ရှိနေတာမို့ ထသွားပြီး ချက်ခြင်းမေးမြန်းဖို့ မသင့်တော်တာမို့ အောင့်အီးပြီး နေခဲ့ရပါတယ် ။ နောက်နေ့ မနက်လင်းတာနဲ့ ဝန်ကြီးတပည့်တွေလည်း မနေရဘူး အကုန်ပတ်ပြီး ရုပ်ရှင်ဖလင် ကိစ္စ စုံစမ်းကြရတော့တာပါပဲ ။ နောက်ဆုံး ရုပ်ရှင်အစည်းအရုံးက ဦးအေးမြင့် ရောက်လာပြီး ရှင်းပြမှ ရုပ်ရှင်ဖလင် ဘယ်လို ဝယ်ရမလဲ သိကြရသတဲ့ ။

အဲဒီကျမှ ပေါ့စတစ် ဖလင် ၊ နဂ္ဂတစ်ဖလင် အသံဖလင် အစရှိသည်ဖြင့် ရုပ်ရှင်ဖလင်ရဲ့ သဘော သဘာဝတွေ သိသွားရပါတယ် ။ ဒီတော့လည်း ချက်ခြင်း ရုပ်ရှင် ၁၅ ကားစာ ဝယ်ပေးပါတယ် ။ မလောက်ငလို့ မဲ နှိုက်ပြီး ယူကြရပါတယ် ။


ကဲ မိမိရဲ့ လုပ်ပိုင်ခွင့်ကို လိုအပ်သူအတွက် မဆီမဆိုင် ကူညီပေးခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး ကို ဘယ်လို ပြောကြရမလဲဗျာ ။ ငါနဲ့ မဆိုင်ဘူး ဆိုပြီး မိမိရုံးတွင်း စားပွဲ တခုနဲ့ တခုကြားတောင် မကူညီချင်တဲ့ ဝန်ထမ်းတွေနဲ့ နှိုင်းယှဥ်ပြီး စစ်သားဆိုတိုင်း မကောင်းဘူး အမြင် ရိုက်သွင်းခဲ့ကြတဲ့ နိုင်ငံရေးသမားတွေကို စက်ဆုပ်မိတာ မဆန်းပါဘူး နော ။


ဝန်ကြီးသမီး အဆိုတော် စန္ဒီချစ်ဆု ဆိုတာ သဘောကောင်းသူ အဖြစ် အနုပညာအသိုင်းအဝိုင်းက အသိအမှတ် ပြုကြလေရဲ့ ။ ဆက်ဆံဖူးသူတိုင်း ချစ်ခင်ရတဲ့ မာနမဲ့ အဆိုတော်တယောက်လို့ ဆိုစမှတ်ပြုကြပါတယ် ။
15.02.202512:51
ကက်သလစ်ဘုန်းတော်ကြီးကို ဓားနဲ့ခုတ်သတ်တဲ့ ဒေသကာကွယ်ရေးအဖွဲ့ကို ရွှေဘိုခရိုင်တပ်ရင်း ၅ ကဖမ်းဆီးထား

ရွှေဘို၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာက ကက်သလစ်ခရစ်ယာန်ဘုန်းကြီးတပါး ဓားနဲ့ခုတ်သတ်ခံရပြီး သတ်ဖြတ်သူတွေကို ဖမ်းမိထားတယ်လို့ ဒေသတာဝန်ရှိသူဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီခန့်မှာ ရွှေဘိုမြို့နဲ့ ကျောက်မြောင်းမြို့ကြား ကန်ကြီးတောကျေးရွာက ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းထဲ ဝင်ရောက်သတ်ဖြတ်ခဲ့သူ ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

"ရွာခံတွေကနေ လာတိုင်လို့ သင်းအုပ်ဆရာ(ဘုန်းကြီး)ကိုပေါ့ ဓားတွေနဲ့လည်းခုတ်ပြီးသတ်ထားတယ်ဆိုတော့ ကျနော်တို့သွားကြည့်တော့ Deadbody ပဲကျန်ခဲ့တယ်။ အဲမှာစုံစမ်းပြီးတော့ သတ်သွားတဲ့အဖွဲ့ကို ၉ နာရီကျော်လောက်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်။"လို့ ဒေသတာဝန်ရှိသူက ပြောပါတယ်။

သတ်ဖြတ်မှုကျူးလွန်သူတွေဟာ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရတဲ့အတွက် ခေါင်းဆောင် တိုက်ကော အပါ ၁၀ဦးကို ရွှေဘိုခရိုင် PDF တပ်ရင်း ၅က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဖမ်းမိချိန် သေနတ် ၅ လက်၊ ဓားရှည် ၁ လက်ကိုလည်း သိမ်းဆည်းရမိထားပြီး အဖွဲ့ဝင်တွေမှာ အရက်နံ့တွေလည်းရတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၄ ရက် ည ၇ နာရီခန့်မှာ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းမှာ အသက် ၄၄ နှစ်အရွယ် ဖာသာရ်ဒေါနယ်မာတင် (Fr. Donald Martin) တပါးတည်းရှိနေချိန် လက်နက်ကိုင်ထားသူ ၁၀ ဦး ကျောင်းထဲဝင်လာပြီး ဒူးထောက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

"သတ်တဲ့သူတွေပြောတာကတော့ ဝင်ဝင်ချင်း ဒူးထောက်ခိုင်းတာကို "ငါက သင်းအုပ်ဆရာ ဘာလို့ဒူးထောက်ရမှာလဲ ပြောလို့" ဓားနဲ့ တန်းခုတ်လိုက်တယ်လို့တော့ပြောတယ်။ သေနတ်တောင် တချက်မှ ဖောက်မသွားဘူး။ ဓားရှည်တလက်တည်းနဲ့ပဲ ခုတ်ထားတာလို့ပြောတယ်။"လို့ ဒေသတာဝန်ရှိသူက ပြောပါတယ်။

ဖာသာရ်ဒေါနယ်မာတင်ကို သတ်တဲ့အဖွဲ့ ကျောင်းထဲကနေ ပြန်လည်ထွက်သွားခဲ့ပြီး ခဏအကြာ ဒေသခံတွေ ဘုရားကျောင်းထဲလာကြည့်ရာမှ လည်ဂုတ်နဲ့ ရင်ဘတ်တွေမှာ မသေမချင်းခုတ်ဖြတ်ထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ သိရပါတယ်။

ဖာသာရ်ဒေါနယ်မာတင်ကို သတ်ဖြတ်သူတွေဘက်က သူတို့အဖွဲ့က သတ်တဲ့အကြောင်းဝန်ခံထားပြီး မြို့နယ် ပလဖဆီ လွှဲပြောင်းဖို့စီစဉ်ထားကာ ဘာကြောင့်သတ်ဖြတ်တယ်ဆိုတာကိုတော့ သေချာမစစ်ဆေးရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ Fr. Donald Martin ရဲ့ ရုပ်ကလာပ်ဟာ ရွှေဘိုမြို့ကတဆင့် ပြင်ဦးလွင်မြို့ကို ရောက်ရှိပြီးမနက်ဖြန် နေ့လယ် သင်္ဂြိုဟ်မှာဖြစ်တယ်လို့ သိရပါတယ်။

ခုလို သတ်ခံလိုက်ရတာနဲ့ပတ်သတ်ပြီး သေဆုံးသူ ဖာသာရ်ဒေါနယ်ရဲ့သူငယ်ချင်း ဘုန်းကြီးတပါးက "ဖာသာရ်ဒေါနယ်ဟာ ကျောင်းသားဘဝကတည်းကအစ၊ ကိုရင်ဘဝတလျှောက်လုံး၊ ယခု ဘုန်းကြီးဘဝတလျှောက်လုံး မှန်မှန်ကန်ကန် နေထိုင်သူ၊ ဖြောင့်မတ်သူ ဖြစ်ပါတယ်။" လို့ ဆိုပါတယ်။

အမှန်တရားအတွက်ဆို အကြီးအကဲလည်း ပြန်ပြောဝံ့သူမို့ နောင်တော်ကိုရင်တွေက သဘောကျကြ လေးစားကြရတဲ့ ဘုန်းကြီးတပါးဖြစ်ပြီး ရဟန်းသိက္ခာခံပြီးနောက် စဉ့်ကိုင်မြို့နယ်၊ ဇော်ဂျီကျေးရွာမှာ ကျောင်းထိုင်အဖြစ် တာဝန်ကျခဲ့ကာ ကျောင်းထိုင်အဖြစ် အကောင်းဆုံး တာဝန်ကျေသူဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိတာဝန်ကျတဲ့ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းမှာ သာသနာ့တာဝန်ထမ်းဆောင်နေတာ ၂ နှစ်နီးပါးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ကျော်ကြီး၊ စာတည်း - ဈာန်မြင့်

#မြေလတ်အသံ
#ရွှေဘို #ကက်သလစ်ဘုန်းတော်ကြီး #သတ်ဖြတ် #ဖမ်းဆီး #လူသတ်မှု

Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။
BREAKING!
အကယ်၍ ငြိမ်းချမ်းရေးရမည်ဆိုလျင်
သမ္မတရာထူးမှ နှုတ်ထွက်ရန် အသင့်
ဖြစ်နေကြောင်း (သို့မဟုတ်) ယူကရိန်း
နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ခွင့် ရရှိပါက
ရာထူးမှ နှုတ်ထွက်မည် ဖြစ်ကြောင်း၊
ယူကရိန်းသမ္မတဇလန်းစကီးက
စစ်ပွဲ၃နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင်
ထုတ်ဖော်ပြောကြားလိုက်သည်။

“I am ready to step down if it brings peace. Or trade it for NATO” — Zelensky at a press conference marking the third anniversary of the war.

https://x.com/KyivPost/status/1893672560195260548?t=AdLbJXLIIg6xgQgMDFZGeA&s=19
#Yang Aung
23.02.202507:08
KNU ပါဝင်ပတ်သက်နေပြီးဖြစ်တယ်ဆိုတာက ထင်ရှားနေပေမယ့်
တရုတ်အစိုးရရဲ့ကျား​နြ့်ဦးတည်ဆောင်ရွက်မှု
ထိုင်းအစိုးရရဲ့ဦးတည်ဆောင်ရွက်မှုတွေသာမက
ဗြောင်ကျကျ ပုတ်ခတ်ပြောဆိုခံနေရတဲ့ နစက ကိုယ်တိုင်
KNU ရဲ့အကြောင်းအရာတွေကို နှုတ်ဆိတ်နေတာက တမျိုးပါပဲ။

ဒါကြောင့်လဲ ကျားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့
KNU ဖက်က လူလဲ ပြစ်တင်စွပ်စွဲတာတွေလုပ်လာကြပေမယ့်
အခုအချိန်ထိ ကျားဖြန့်အစာကွင်းဆက်ကနေ လွတ်နေသေးတာပါပဲ

အစကတော့ BGF ကစောချစ်သူရဲ့ချမ်းသာကြွယ်ဝမှုနဲ့
ပါဝင်ပတ်သက်မှုအကြောင်း ရေးလက်စဖြစ်နေတုန်းမှာပဲ
KNU ကနောက်တယောက် သမိန်ထွန်းထပ်ပေါ်လာပြတော့
KNU ရဲ့စာချုပ်တွေအပါအဝင် ကျားဖြန့်မှာပါနေတဲ့အကြောင်းကို
ဒီညနေလောက်မှာ ရေးလို့ပြီးမယ်ထင်ပါတယ် ။

တကယ်၍ ဒီ Platform ကနေဖြုတ်ချရင်တော့
Youtube နဲ့ Telegram မှာဆက်ပြီးတင်ဖြစ်ပါမယ် ။
Youtube Video က ညနေ (၄)နာရီမှာနားဆင်နိုင်ပါမယ် ။

ပြောရရင်
KNU ဘာကြောင့် ကွင်း လုံး ကျွတ် လွတ် နေ တာ လဲ

#HMM
#UnionPoliticsNews
#23februar2025
23.02.202503:39
#လက်_တည့်_စမ်း_ခံနေရတဲ့_နစကရဲ့_အကြီးဆုံးရေတပ်စခန်း
_____________________________________________

စစ်တွေတိုက်ပွဲကို ဖေဖော်ဝါရီ (၁၇)ရက်နေ့က
မနက် (၁၁)နာရီအချိန် အမြင့်ကျွန်း မင်းချောင်းတံတားကို
AA က လနကြီးနဲ့ပစ်ပြီး စတင်ခဲ့သလို

ကျောက်ဖြူကိုလဲ ဖေဖော်ဝါရီ (၂၁)ရက်နေ့ ညပိုင်းမှာပဲ
AA က လနကြီးနဲ့ ပစ်ပြီး Thway တိုးစမ်းတာတွေလုပ်ခဲ့တယ်

ပြောရရင် ကျောက်ဖြူမှာရှိတဲ့ ဓညဝတီရေတပ်စခန်းက
AA အတွက် အဟန့်အတားတခုဖြစ်နေတာကြောင့် အခုလို
Pစ်ခတ်တာတွေ လုပ်လာတာဖြစ်ပြီး မနေ့က ဖေဖော်ဝါရီ (၂၁)ရက်
တိုက်ခိုက်မှုကတော့ တတိယအကြိမ်မြောက်ဖြစ်ပါတယ် ။

ဓညဝတီရေတပ်စခန်းကို ပြီးခဲ့တဲ့
(၂၀၂၄)ခုနှစ်အတွင်းAA က လက်တည့်စမ်း Pစ်ခတ်တဲ့
ဖြစ်စဥ်တွေရှိခဲ့ပြီး (၂၀၂၄)ခုနှစ် ဇန်နဝါရီ (၈)ရက်နေ့နဲ့
(၂၀၂၃)ခုနှစ် ဇွန် (၁၇)ရက်နေ့တွေမှာ Thway တိုးစမ်းခဲ့ရဖူးပါတယ် ။
လက်ရှိ တိုက် ခိုက် ခံ ရမှုကတော့ တတိယအကြိမ်ပါပဲ ။

ဒါဟာ နစက
ကိုယ်ပျောက်သဘော်ကြီးတွေရဲ့စွမ်းရည်ကိုစိန်ခေါ်တာပါပဲ
ပြောရရင် ဓညဝတီရေတပ်စခန်းဆိုတာ ရခိုင်ကမ်းရိုးတန်းမှာ
အင်အားအတောင့်တင်းဆုံး ရေတပ်စခန်းကြီးအဖြစ်ရပ်တည်ပါတယ်။

ဒါပေမယ့် First Lady ကြီးရဲ့ဇာတိမြေ သံတွဲမှာရှိတဲ့
မောင်ရွှေလေးရေတပ်စခန်းကိုတော့ အကာအကွယ်မပေးနိင်ခဲ့ပါဘူး ။
အခုလဲ ဓညဝတီရေတပ်စခန်းက စစ်ရေး Pစ်မှတ်ဖြစ်ပြန်ပါတယ်။

On Paper Rank တွေအရ နစက လက်ထက်
Military Power က အဆင့် (၃၈)ကနေ (၃၇)အထိ အဆင့်
(၁)ဆင့်တက်လာပေမယ့် လက်တွေ့မှာအလုပ်မဖြစ်လှပါဘူး ။

အထူးသဖြင့်
Joint Operation တွေမှာခြေစွမ်းမပြနိုင်တာက နစကရဲ့
ဟန်သာရှိပြီး အဆံမရှိတဲ့ ရေတပ်ကြီးက ထိပ်ဆုံးမှာရှိနေပါတယ် ။
တကယ်တော့ ရခိုင်ကမ်းရိုးတန်း Fleet Exercise တွေမှာ
Frigate တွေ Destroyer တွေ Navy Seal တွေသာမက
ရေငုပ်သဘော်တွေပါ ပါဝင်လေ့ကျင့်ခဲ့ဖူးပါတယ် ။

အနီးစပ်ဆုံးပြောရရင်
ရခိုင်ကမ်းရိုးတန်း Fleet Exercise ကို (၂၀၂၂) ခုနှစ်
ဇူလိုင်မှာ ရေငုပ်သဘော်တွေပါဝင်ပြီးလေ့ကျင့်ခဲ့ဖူးပါတယ်
ဒါပေမယ့် ရခိုင်မှာ ငုတ်တုတ်ကြီးတံတွေးဆွတ်ခံနေရပါတယ် ။

ဘယ်တော့မှ လက်ဦးမှုမယူတတ်တဲ့
နစကဟာ ထွေးကန်ကြီးလိုဖြစ်လာတာကို သိပုံလဲပေါ်ပါဘူး
ပြောရရင် မနေ့က ဓညဝတီ လက်တည့်စမ်းခံရပေမယ့်
ဘေးပတ်လည်က AA စုဖွဲ့နေရာတွေကို Counter မဝင်နိုင်ပါဘူး ။

ဒီပုံစံအတိုင်းဆက်သွားရင်တော့
ဓညဝတီလဲ မောင်ရွှေလေးသွားတဲ့လမ်းကို လိုက်ရမှာလို့ပဲ
မဦးမချွတ် အားမနာတမ်း ပြောရပါလိမ့်မယ် ။

မြန်မာရေတပ်ရဲ့ ကိုယ်ပျောက်သဘော်ကြီးတွေက
တကယ်ပဲ ရေပြင်မှာ ပျောက်နေသလား
လမ်းပျောက်နေသလား မေးရမလိုဖြစ်နေပါပြီ ။တကယ်တော့
နစကရဲ့ Navy Strength ခပ်ညံ့ညံမဟုတ်ပါဘူး

ရေတပ်တည်ဆောက်မှုအင်အားက
ရေယာဥ်အမျိုးအစားအစုံ (၁၆၀)ကျော်ရှိပြီး
တိုက်ပွဲဝင်နိုင်တဲ့အရေအတွက်က (၁၄၀)ကျော်ရှိပါတယ် ။
နတ်မြစ်ဝမှာ ကျောက်ချပြီးငါဖမ်းရုံလောက်ပဲ အစွမ်းအစရှိတယ်
ကိုယ့်အင်အားကို ငါးခိုးသဘော်တွေကို
ဖမ်းဖို့အတွက်ပဲ အသုံးချတတ်ရင်တော့လဲ မပြောတတ်ဘူး ။

စစ်တွေပြီး ကျောက်ဖြူတဲ့လား
ခင်ဗျားတို့မရှက်ကြဘူးလား လို့လဲမေးချင်တယ်
မေးလိုက်ပြီးမှ
အင်း မရှက်တတ်ဘူးလို့ပြန်ဖြေရင် မခက်ပေဘူးလား

#HMM
#UnionPoliticsNews
#22February2025
Кайра бөлүшүлгөн:
Ko Myo Win avatar
Ko Myo Win
15.02.202514:56
လုပ်ငန်းများ ပြီးပြတ်မှသာ မြန်မာပြည်ကို အမြန်ဆုံး ပြန်လာပါတယ် ။ သူ့ရဲ့ အိမ်ကို ရောက်တဲ့ အချိန်မှာပဲ ဗိုလ်ချုပ်မှူးကြီးသနိးရွှေတို့လည်း သူ့အိမ်ရောက်နေပါတယ် ။ တပ်ချုပ်ကြီးကို မြင်တာနဲ့ ဝမ်းသာအားရ အမေရိကန်က လုပ်ငန်းက ဘယ်လို အဆင်ပြေတယ် ၊ ဂျပန်ကလည်း ဘယ်လိုအဆင်ပြေတယ် နဲ့ ပါးစပ်အစီရင်ခံစာ တင်နေပါရော ။

အလုပ်ပက်သပ်ရင် အားလုံးမေ့ပြီး အားတက်သရော အစီရင်ခံနေတဲ့ ဝန်ကြီးကို ဦးသန်းရွှေက ဂရုဏာသက်စွာနဲ့....

'' ကိုချစ်ဆွေ အဲဒါတွေ နောက်မှ ပြောပါ လောလောဆယ် နားပါအုံး ''

အဲလို သတိပေးလိုက်မှ သြော် ငါ့သမီး နဲ့ သမက် နာရေးရှိနေတာပါလားလို့ သတိပြန်ရသွားပါတယ် ။ သူ့မိန်းမ နဲ့ သားသမီးတွေကို အားပေးစကားပြောရင်း
ငါ့ သမီးကြီးက ငါ့စကားကို နားမထောင်လို့ ဖြစ်သွားတာ ဆိုပြီး ညည်းညူပြောဆိုလိုက်ပါတယ် ။


သမီးကြီးရဲ့ စက်ရုံက ဝင်ငွေလည်း မရသေးတော့ ကျန်တဲ့ မောင်နှမတစုက ဆက်လုပ်ကြရပါတယ် ။ အရင်းငွေတွေလည်း ဝင်ထားကြတာကိုး ။ မူလကတည်းက လာဘ်မစားတဲ့ ဝန်ကြီးဆိုတော့ ချမ်းသာခြင်းမရှိရှာပါဘူး ။ လက်စနဲ့မို့သာ ရှိသမျှ လက်ဝတ်လက်စားလေးတွေ ရောင်းချ ဆက်လုပ်ကြရတာကိုး ။

လုပ်ငန်းက မကျွမ်းကြင်တာလည်း ပါမှာပါ နောက်ဆုံး အိမ်ပေါင်ပြီး ထည့်ဝင်ရတဲ့ အထိ အခြေအနေ ဆိုးဝါးလာပါရော ။ ဝန်ကြီးကတော်က နင်တို့ အဖေကို လုံးဝ မပြောနဲ့ သူ စိတ်ဆင်းရဲ လိမ့်မယ်ဆိုပြီး ဖြစ်တဲ့နည်းနဲ့ ကျိုးစားဖြေရှင်းနေတာပေါ့ ။

ဒီလိုနဲ့ ၁၉၉၇ မှာ ဝန်ကြီးလည်း အငြိမ်းစားယူပါပြီ ။ ဒီအချိန်မှာ ဂျပန်ကုမ္ပဏီကို ပေးဖို့ငွေကျန် သိန်း ၃၆၀ ကို မပေးရင် တရားစွဲမယ် ဘာညာ လုပ်လာပြန်ပါပြီ ။ ဒီတော့ မတတ်သာတဲ့ အဆုံး ဝန်ကြီးဆီကို အကြီးဆုံးသားမက်က ဖွင့်ပြောလာပါတယ် ။

မောင်နှမ ၅ ယောက် တယောက်ကို ၂ သိန်း နှုံးနဲ့ လစဥ် အတိုးသပ်နေရကြောင်း ၊ ဒါကြောင့် အဖေကြီး ကယ်နိုင်ရင် ကယ်ပါအုံး ဆိုပြီး ဖွင့်ပြောလာရပါတယ် ။ မင်းတို့ ဘာလို့ အစက ငါ့ကို မပြောကြတာလဲ ဆိုတော့ အမေကြီးက မပြောဖို့ တားလို့ပါပေါ့ ။

ဝန်ကြီးက ငါလည်း ဝန်ကြီးမဟုတ်တော့ဘူး ဒီတော့ အကူညီသွားတောင်းလည်း ပေးချင်ကြမှာ မဟုတ်တော့ဘူး ။ ပြီးတော့ ငါ့မှာ ငွေလည်း မရှိဘူး ။ ဒါပေမယ့် လောကမှာ အစားပေးနိယာမဆိုတာ ရှိတယ် ။ လောကကြီးမှာ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ် မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ် ဆိုတဲ့ နိယာမက ရပ်မနေဘူး အချိန်ပြည့် လုပ်နေတာ ဖြစ်တယ် ။ ငါ့ ဘဝမှာ တတ်နိုင်သမျှ သူတပါးကို ကူညီခဲ့တာချည်းပဲ ၊ ဒီနိယာမအရ တရားစီရင်တာကိုပဲ ငါတို့ ထိုင်ပြီးစောင့်ကြစို့ ငါတော့ ဘာမှ မတတ်နိုင်ဘူး လို့ ပြောပါတယ် ။

ဝန်ကြီးဟာ သူယုံကြည်တဲ့ အစားပေးနိယာမရဲ့ တုန့်ပြန်မှုကို ထိုင်စောင့်နေပါတယ် ။ အံ့သြစရာကောင်းတာ လာပါပြီ ။ သူအရာရှိပေါက်စ ဘဝ တုန်းက ကယားပြည်နယ်က ဦးဘူးရယ် ဆိုတဲ့ မိတ်ဆွေကြီး ရှိပါတယ် ။ ဦးဘူးရယ်က ကယားပြည်နယ်ကို အမတ်ချုပ်ကြီးလို့ ခေါ် ကြပါတယ် ။ အင်မတန်ရင်းနှီးကြတဲ့ မိတ်ဆွေရင်းချာတွေဖြစ်ပါတယ် ။

သူ ဝန်ကြီးဖြစ်လာတော့ ဦးဘူးရယ်က သူ့ဆီကို ကောင်လေး ၂ ယောက် ခေါ်လာပြီး ဝန်ကြီး ဒါက ကျနော့်သား ခူးရယ် ၊ ဒါက ကျနော့်တူ မောင်ကြည်စိန်ပါဆိုပြီး မိတ်ဆက်ပါတယ် ။ ကလေးတွေကို ကြည့်ရှုပါ စောင့်ရှောက်ပေးပါ ဆိုပြီး အပ်နှံခဲ့ပါတယ် ။

ဝန်ကြီးလည်း သူ့ထုံးစံအတိုင်း သူတတ်နိုင်တာ ကူညီခဲ့တာပေါ့ ။ သူအနားယူချိန်မှာ သူ့မိတ်ဆွေ ဦးဘူးရယ် က ကျန်းမာရေးချို့တဲ့နေပါပြီ ။ သူက သူ့သား နဲ့ သူ့တူကို မသေခင် မှာခဲ့တယ် ။ ငါ့မိတ်ဆွေကြီး ဝန်ကြီးဘဝကနေ အနားယူသွားပြီ မင်းတို့ တတ်နိုင်တာကို သွားပြီး ကူညီကြအုံး လို့ မှာသွားပါတယ် ။


ယခု အစားပေးနိယာမကို ထိုင်စောင့်နေတဲ့ ဝန်ကြီးဆီ တိုက်တိုက်ဆိုင်ဆိုင် ကိုကြည်စိန် ရောက်လာပါရော ။ သူက ကယားဖူး ဆိုတဲ့ ကုမ္ပဏီနဲ့ ချမ်းသာနေပါပြီ ။ အဘ အကူအညီလိုရင် ပေးလိုက်ပါလို့ ဦးဘူးရယ်က မှာသွားပါတယ် အကူညီလိုရင် ပြောပါဆိုပြီး ရောက်လာပါရော ။

ဝန်ကြီးက ငါ့ ကိုယ်ရေးကိုယ်တာတော့ မရှိပါဘူး ငါ့ မိသားစုကတော့ ဒီလို အခက်အခဲ တွေ့နေရတယ်လို့ ပြောလိုက်ပါတယ် ။ ကိုကြည်စိန်က ချက်ခြင်းပဲ စိတ်ချအဘ ကျနော်ကူညီပါ့မယ် ဆိုပြီး အားလုံးပြေလည်အောင် ကူညီဆောင်ရွက်ပေးသွားပါတယ် ။

ဒါတွေကတော့ နိုင်ငံရေးသမားတွေ တချိန်လုံး ပြောနေကြတဲ့ ဗိုလ်ချုပ်တွေအားလုံး သူခိုးတွေချည်းပဲ ဆိုတဲ့ မဟုတ်တမ်းတရားကို ချေပ ပေးနေတဲ့ နမူနာကောင်း စံပြ ဗိုလ်ချုပ်ကြီးချစ်ဆွေ အကြောင်းပါပဲ ဗျာ ။

ကိုရွှေမျိုးဝင်း
15.02.202513:55
15.02.202505:06
RFA ကရေးတဲ့ သတင်းမှာ ကျန်းမာရေးဝန်ထမ်း ၁၄၀ လောက်သေပြီး ရှစ်ရာလောက် အဖမ်းခံရတယ်လို့ ရေးတာ တွေ့ရတယ်။ တကယ်က ဒီထက်ပိုပြီး ဘဝပျက်သင့်တဲ့ သူတွေပါ။
------
ကိုဗစ် ဒုတိယ လှိုင်း ဖြစ်နေဆဲ ကာလမှာတင် အနတ္တမရွေး ကုပါမယ်လို့ သစ္စာ‌ဆိုထားကြသူတွေက ဆေးရုံတွေကို CDM လုပ်ပြီး စွန့်ခွာခဲ့ကြတာပါ။ ပြီးရင် တခြားသူတွေကိုပါ CDM မလုပ်လုပ်အောင် ဝန်ထမ်း အချင်းချင်းတောင် ခုထိ ဖောင်းထုလို့မဆုံး၊ အောက်ဖဲ လှန်လို့ မပြီးသေး၊ ဆေးကျောင်းတက်တဲ့ တက်သစ်စ လူငယ်တွေအပေါ်မှာတောင် အရှက်ခွဲကြတဲ့အထိ အောက်တန်းကျခဲ့တဲ့ လူတစ်စုလို့ ပြောရင်လည်း လွန်မယ် မထင်ဘူး။
-----
ပုဂ္ဂိုလ်စွဲနဲ့ အစိုးရ ဆေးရုံတွေကို လွယ်လွယ် စွန့်ပစ်နိုင်ကြပေမယ့် ငွေရတဲ့ အရပ်ဘက် ပုဂ္ဂလိက ဆေးရုံနဲ့ ဆေးခန်းတွေမှာ ၊ သို့တည်း မဟုတ် Team တွေ ဖွဲ့ပြီး ကိုဗစ်လူနာတွေကို အိမ်တိုင်ရာရောက် မတန်တဆ ဈေးနဲ့ ‌ဆေးခိုးကုကြတာလည်း ဒင်းတို့ပါပဲ။
-----
ဆရာဝန်နဲ့ ကျန်းမာရေး ဝန်ထမ်းအင်အား မလုံလောက်လို့ ကိုဗစ် ဒုတိယလှိုင်းမှာ ရန်ကုန်ဆေးရုံကြီးကို ပိတ်ချလိုက်ရတဲ့အထိ အကျိုးသက်ရောက်ခဲ့တာပါ။ ရန်ကုန်မြို့ရဲ့ ကိုဗစ်လူနာတွေကို အများဆုံး ကျားကန်ပေးခဲ့တာက မြောက်ဥက္ကလာပ ဆေးရုံ၊ တပ်မတော် ကုတင် ၁၀၀၀ နဲ့ တပ်မတော် တည်ခိုရေးရဲ့ ကိုဗစ် စင်တာ တွေကသာ နားရက်မရှိ ကျားကန်ပေးခဲ့ကြတာပါ။
-------
ဖောင်ကြီးမှာ ကိုဗစ် ကုသဖို့အတွက် လက်ရွေးစင်တွေ ထုတ်တော့လည်း တပ်မတော်သား ‌စစ်သား ဆရာဝန်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေကသာ မားမား မတ်မတ် ယှဉ်တွဲရပ်တာပါ။ တာချီလိတ်မှာ အရပ်သား ဆရာဝန်တွေ CDM လုပ်ကြတော့ စစ်သားဆရာဝန်တွေကပဲ အရောက်သွားခဲ့ရတာပါ။ နာဂနဲ့ ချင်းပြည်မှာ ရောဂါထူပြန်‌ တော့လည်း အပြင်အရပ်ဖက်က ဖဲကြိုးဝါတွေ ဖဲကြိုးနက် တွေဆိုပြီး ကမ်းပိန်းလုပ်ကြပေမယ့် တပ်က ဆရာဝန်တွေကတော့ ပေးတဲ့ အမိန့်အတိုင်း တသွေမတိမ်း ထမ်းရွက်ခဲ့ကြတာ ချည်းပါပဲ။
------
ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်း တွေဆိုတာ ကိုယ်ကြိုက်တဲ့ အစိုးရကိုပဲ မျက်နှာ ရွေးပြီး မူသင့်တဲ့ သူတွေ မဟုတ်ဘူး။ လူမျိုးဘာသာ မရွေး ကုသပါ့မယ်လို့ သစ္စာဆိုထားကြသူတွေက ကျန်းမာရေး ဝန်ထမ်းအင်အား ၃ ချိုး ၁ ချိုးကျော်အထိ CDM လုပ်ကြပြီး နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အသက်ကို မျက်နှာလွှဲ ခဲပြစ် လုပ်နိုင်ရက်ခဲ့ကြတယ်။ ကိုဗစ် ဒုတိယလှိုင်းမှာ သစ္စာ မရှိတဲ့ CDM က်ျးမာရေး ဝန်ထမ်းတွေ ကြောင့် မသေသင့်ဘဲ သေခဲ့ကြရတဲ့ ပြည်သူတွေ အများကြီးပဲ။ ယုံကြည်ချက်ကြောင့် CDM လုပ်တယ်ဆိုပေမဲ့ ခုချိန်ထိ CDM လုပ်တယ်ပြောပြီး ဆေးခိုးကုနေတဲ့ သူတွေလည်း အများကြီး ရှိနေဆဲပဲ။
------
သစ္စာ စူးကြဦးမယ့် သူတွေမို့ လွမ်းစရာကို မရှိတာပါ။


(နရီမိုး)
23.02.202513:18
#နစကလား_ကရော်_ကရော်
____________________

KIA လနကိုင်အဖွဲ့ရဲ့
ပေါ်တာဆွဲတာကိုခံရတဲ့ အပြစ်မဲ့ ပြည်သူလူထုစာရင်းမှာ
အရပ်သားအယောက် (၄၀)ကျော်ပါသွားတာတွေ့ရပါတယ်

ဘာကိုပြနေသလဲဆိုတော့ ဗန်းမော်ကိုရရှိရေး
လက် ပူ တိုက် သင်တန်းပေးပြီး အသုံးချဖို့အတွက်ဖြစ်ပါတယ် ။
ဒါတွေက အရပ်သားပြည်သူလူထု စစ်စစ်တွေကိုခေါ်သွားတာချည်းပါ။

ဒီကြားထဲမှာ စစ်ကိုင်းက တောသား
ပဒက်တပ်ရင်း (၃)ရင်း ခေါ်သွားတဲ့ စာရင်းမပါသေးဘူး
သိပိတ်ကျင်းက မန္တလေး
အ ညာ သား ပဒက် (၂၀၀)ကျော်ခေါ်သွားတာမပါသေးဘူး
ပြီးတော့ ဖားကန့် လုံးခင်းဖက်က
ကချင် ပဒက် တပ်ရင်း (၂) ၊ တပ်ခွဲ (၃)ကအဖွဲ့တွေမပါသေးဘူး။

ဒီကိန်းဂဏန်းတွေက ဘာကိုပြနေသလဲဆိုတော့
ဗန်းမော်ကိုပို့နေတဲ့ KIA ရဲ့ LoC က ချိတ်ဆက်မှုရှိသေးတယ်ဆိုတာပဲ
တဖက်မှာတော့ နစက က LoC ဖြတ်တောက်ခံထားရတယ် ။

ဒီတော့KIA ​က
နစကStandard Army ကြီးက ဝယ်ထားတဲ့
CH-3 တွေ နဲ့ CH-4 တွေက အစုတ်တွေလား ဆိုပြီး
ဗန်းမော်အတွက်လိုအပ်နေတဲ့ မြေပြင် စ စ် ကူ ​ကို
တံခါးမရှိ Darr မရှိ စိတ်ကြိုက် ပို့နေတော့တာပဲ ။

သေချာလဲ မေးကြည့်ပါဦး
CH-3 , CH-4 တွေက မောင်းလို့ရော ရရဲ့လားလို့

#HMM
#UnionPoliticsNews
#23februar2025
23.02.202507:08
#KNU_ဘာကြောင့်_ကွင်းလုံးကျွတ်_လွတ်နေသလဲ
______________________________________

KNU - ကျားဖြန့်ဆက်စပ်မှုနဲ့အတူ စာချုပ်တွေ ၊
ပါဝင်ပတ်သက်သူတွေ ၊ရယူထားတဲ့ငွေကြေးပမာဏတွေ ၊
နေထိုင်ခွင့် နဲ့ ဝင်ငွေခွန်ကောက်တာတွေပါ အကုန်ချရေးရင်
Acc က ဘာမှန်းမသိတဲ့ Community Std နဲ့ ညိဦးမှာ ။

ဒါပေမယ့် KNU (ဗဟို)အမြဲတမ်းကော်မတီဝင်
စောသမိန်ထွန်းရဲ့ ပြောပုံဆိုပုံကိုမြင်တော့ KNU အနေနဲ့
ဘာကြောင့် ဒီလောက်အထိ
အကြောတင်းနေတာလဲ ဆိုတာပိုပြီးစိတ်ဝင်စားလာမိတယ်။

တရုတ်အစိုးရကော ထိုင်းအစိုးရကော
BGF KNA စောချစ်သူကိုပဲ တည်ကြက်ထားနေကြပေမယ့်
မြဝတီကျားဖြန့်ကဝင်ပေါက်က ထိုင်းဖြစ်သလို
ကျားဖြန့်အဆောက်အဦးတွေရဲ့ Raw ကို
ရောင်းပေးတာလဲ နိုင်ငံကနေဖြစ်နေတယ်ဆိုတာ ဖုံးဖိထားကြတယ်။

စောချစ်သူရဲ့ ရွှေကုက္ကိုလ်မှာ ဝမ်ရှင်းရောက်ခဲ့လို့
ရွှေကုက္ကုလ်က Pစ်မှတ်ဖြစ်လာတယ်ဆိုရင်လဲ ထားတော့
ဒါပေမယ့် တရုတ်ရဲ့ (၂၀၂၅)ခုနှစ် နိုင်ငံရေးမျှော်မှန်းချက်က
တရုတ်နိုင်ငံပြင်ပရောက်နေတဲ့ ရာ Z ဝတ်သားတွေနဲ့
သူတို့လုပ်ကိုင်နေတဲ့ ကျားဖြန့်ကို အပြီးတိုင်နှိမ်နှင်းရေး

ဒါကြောင့် Priority အရ SKK တခုတည်းအတွက်မဟုတ်ပြန်ဘူး
တခြား ထိုင်း-လာအို ၊ ထိုင်း-ဗီယက်နမ် ၊ ထိုင်း-ကမ္ဘောဒီးယား
နှစ်နိုင်ငံနယ်စပ်ကကျားဖြန့်တွေကိုထည့်တွက်ဘူးဆိုရင်တောင်

မြဝတီကျားဖြန့်မှာပါဝင်နေတာက
KNU တပ်မဟာ (၆) မယ်ထော်သလေးက KK Park
KNA ရွှေကုက္ကိုလ်မြိုင်ကျေးရွာအနီးက SKK Project
DKBA ကျော့ခါ့ကျေးရွာအနီးက ကျောက်ခတ် Project တွေနဲ့
လနကိုင် (၃)ဖွဲ့ပါဝင်နေတာက ငြင်းလို့မရတဲ့ အချက်တွေပါပဲ

ဒါပေမယ့် တပ်မဟာ (၆)နယ်မြေထဲက ကိစ္စကို
ဆင်တကောင်လုံးတွေနေရပြီး ဘာ ကောင်ကြီးမှန်းမသိဘူးဆိုတဲ့
အချိုးတွေနဲ့ မှိန်းနေတာက သိပ်ပြီးယုတ္တိမရှိဘူးတာကတမျိုး

KNU တပ်မဟာ (၆)နယ်မြေမှာ KK Park ကမိန့်မိန့်ကြီး
ထိုင်နေတာမြင်ရပြီးကျားဖြန့်ဆိုတာက BGF လုပ်တာပါတို့ ၊
ကျားဖြန့်မှာ နစက က အခရာတို့ဆိုတာ စောတာနီး ၊ ကွယ်ထူးဝင်း ၊
စောဂျော်နီအပြင် သမိန်ထွန်းတို့ကပါ လက်ညှိုးထိုးနေတော့
ဘယ်လောက်အထိ မျက်နှာပြောင်တိုက်လဲ မြင်နေရတယ် ။

(၃)လနဲ့ မြဝတီကျားဖြန့်ကိုအပြီးတိုက်မယ်ဆိုတဲ့
တရုတ်ရဲ့ရည်မှန်းချက်ကို တချက်တော့စောင့်ကြည့်ရပါမယ် ။
KNU တပ်မဟာ (၆)က KK Park ကို တရုတ်က
ဘယ်အချိန်ထိ မျက်နှာလွဲပေးထားမလဲဆိုတာကိုပေါ့ ။

ပြောရရင်
KNU ကျားဖြန့်က KNA ထက် (၃)နှစ်နောက်ကျတယ်
တနည်း KNA မှာကျားဖြနိ့က KNU ထက် (၃)နှစ်စောတယ်
အဲဒီ့ (၃)နှစ်အတွင်းမှာ Yulong Bay Resort နဲ့ Apollo Park ထဲမှာ
စောချစ်သူရဲ့သား စောထူးအယ်မူးသာမက KNU/KNLA က
စစ်ဦးစီးချုပ်စောဂျော်နီရဲ့သား စောဒို့စိုးတို့လဲ ရှယ်ယာပါသေးတယ်။

ဒါတင်မက KNU တပ်မဟာ (၇)ဘားအံက တပ်မှုးတွေ
KNU တပ်မဟာ (၄)ထားဝယ်က တပ်မှုးတွေပါ Shadow အနေနဲ့
သူ့ထက်ငါ အရင် ရင်းနှီးမြှပ်နှံခဲ့ထားခဲ့တာချည်းပါပဲ ။

မြဝတီတိုက်ပွဲဖြစ်နေတုန်းကတောင် ဗမာ Pdf တွေကို
KK Park အနီး စစ်ရေးလှုပ်ရှားမှုမလုပ်ဖို့ KNU (ဗဟို)က
စာမထုတ်ရုံတမယ် သတိပေးခဲ့​ရသေးတဲ့ဖြစ်စဥ်လဲရှိခဲ့တယ် ။

KNU အနေနဲ့ ဒီလိုပါဝင်ပတ်သက်နေတာတွေကြောင့်ပဲ
(၁၇)ကြိမ်မြောက် KNU ကွန်ဂရက်မှာ
အုတ်အော်သောင်းနင်း ပွက်လောတွေရိုက်ခဲ့တာမှတ်မိပါသေးတယ်
(၂၀၂၃) ဖေဖော်ဝါရီ (၂၃)ရက်နေ့က ကရင်လူမှုအဖွဲ့အစည်း
(၆၈)ခုက KNU တပ်မဟာမှုးတွေနဲ့ ထိပ်ပိုင်းတွေကိုအရေးယူပေးဖို့
တောင်းဆိုနေတဲ့ကြားက စောကွယ်ထူးဝင်း ဥက္ကဌ ဖြစ်လာတာပဲ။

တကယ်တော့ KNU အဖွဲ့ထိပ်ပိုင်းတွေကကျားဖြန့်မှာ
ပါဝင်ပတ်သက်နေလို့ အရေးယူပေးဖို့တောင်းဆိုခဲ့ကြပေမယ့်
စောကွယ်ထူးဝင်းကိုယ်တိုင်က ပါဝင်နေတာဆိုတော့ တောင်းဆိုမှုကို
လျစ်လျူခဲ့ပြီးတော့ (၂၀၂၃)ခုနှစ် ဧပြီ (၂၇)ရက်နေ့မှာ
ဟန်ပြအနေနဲ့ စုံစမ်းစစ်ဆေးပါမယ်လို့စာထုတ်ခဲ့ပေမယ့်
ဒီနေ့အထိ ဘာသံမှမကြားရတော့တာပါပဲ ။

ကျားဖြန့်မှာ KNU ပါဝင်ပေမယ့်
ကရင်လူမျိုးတွေသိက္ခာကျမှာစိုးလို့ကရင်အဖွဲ့အစည်းတွေက
အချင်းချင်းသစ္စာရှိရှိနဲ့ ရေငုံနှုတ်ဆိတ်နေခဲ့ကြတာကလဲ KNU ကို
အခုလိုမျိုး ပို​ပြီး Jo ကြွစေတာလို့ပြောရမှာပါ ။

မြဝတီကျားဖြန့်မှာ KNU ပါဝင်ဖို့အတွက်
(၂၀၂၉)ခုနှစ်ကတည်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်ဆိုတာကို
KNU ရဲ့ မုလအိအလင်း ကုမ္ပဏီထူထောင်ခဲ့တဲ့ မှတ်တမ်း
Huanya International ကုမ္ပဏီထူထောင်ခဲ့တဲ့ မှတ်တမ်းတွေက
သိသာထင်ရှားရုံမက မြင်သာစေတယ်လို့ ပြောနိုင်ပါတယ် ။

KNU က ကျားဖြန့်လုပ်ငန်းကိုစတင်ဖို့အတွက်
မုလအိအလင်း ကုမ္မဏီရော Huanya International Co.,Ltd ရော
(၂၀၁၉)ခုနှစ်ထဲမှာ အချိန် (၁)ပတ်ပဲခြားပြီးတည်ထောင်ခဲ့ပါတယ်။

ကုမ္မဏီတွေကို DICA မှာ Register လုပ်ထူထောင်ပြီးတဲ့နောက်
(၆)လအကြာမှာ KK Park ကို ပထမဆုံးစာချုပ်ချုပ်ပြီးစတင်ခဲ့ပါတယ်။
အဲဒိ့စာချုပ်ချုပ်တဲ့နေ့က KNU
ကာကွယ်ရေးဝန်ကြီး ပဒိုစောရော်ဂျာခင်ကိုယ်တက်ရောက်ခဲ့သလို

KNU (ဗဟို)ဘဏ္ဍာရေးကော်မတီအဖြစ် အခုလက်ရှိ
KNU ဥက္ကဌ စောကွယ်ထူးဝင်းကိုယ်တိုင် လက်မှတ်ထိုးခဲ့တာပါ
ဒါက ကနဦးအစပဲရှိပါသေးတယ် ။ဒီအကြောင်းတွေက ရှေ့မှာလဲ
အက်ကြောင်းထပ်အောင် ရေးသားခဲ့ဖူးပါတယ် ။

ဆိုတော့ကာ မြဝတီကျားဖြန့်လို့ဆိုလိုက်တာနဲ့
.

☯️


( ရက်စက်မှကြေကွဲ )


ဇလန်စကီးအနေနဲ့ မြေရှားသတ္ထုကိစ္စကိုလက်မှတ်မထိုးဘူးဆိုရင် ယူကရိမ်းကို Starlink နဲ့ ဖြတ်တောက်ပစ်မယ်လို့ ထရမ့်ကအကြပ်ကိုင်လိုက်တယ်၊

ယူကရိမ်းစစ်ပွဲမှာ ယူကရိမ်းကို Starlink ကအများကြီးအထောက်အပံ့ပေးထားပါတယ်၊ Starlink ပြတ်တောက်သွားမယ်ဆိုခြင်းဟာ စစ်ပွဲရလဒ်နဲ့ တိုက်ရိုက်အချိုးကျနေပါတယ်၊

ထရမ့်ရဲ့ ရက်စက်ချက်
( ယူတတ်ရင်သင်္ခန်းစာတွေချည့်ပါပဲ )



BaMg ☯️


.Nay Zin Latt
Кайра бөлүшүлгөн:
Ko Myo Win avatar
Ko Myo Win
15.02.202514:55
သူလိုလူ (၃)
============

'' ကိုချစ်ဆွေရေ ကျုပ်တို့ဆီက ရေနံတွေ သဘာဝဓာတ်ငွေ့တွေ ထွက်လာရင်တော့ သစ်တွေကို ဒီအတိုင်း မရောင်းတော့ဘူးဗျာ အချောထည် လုပ်ပြီးမှ ရောင်းကြစို့ လောလောဆယ်တော့ မတတ်သာလို့ ရောင်းရအုံးမှာပဲ ''

အဲလို ပြောခဲ့တဲ့ အတွက် ဝန်ကြီးရဲ့ အာရုံထဲမှာ သစ်အချောထည် စက်ရုံက ရောက်လာပြန်ပါတယ် ။ ဒီအချိန်မှာ ဝန်ကြီးက မိသားစုကို ငါ့ရဲ့ အရိပ်အာဝါသအောက်ကနေ ဘာစီးပွားရေးမှ မလုပ်ရဘူး လို့ ပြောထားပါတယ် ။

ပတ်ဝန်းကျင်က အသိမိတ်ဆွေတွေကတော့ မခင်ဆွေဦး နဲ့ ဗိုလ်ကြီးမောင်ဇော်တို့ကို စီးပွားရေးလုပ်ဖို့ ပြောဆို တိုက်တွန်းကြပါတယ် ။ နင်တို့အဖေ ရိုးအပုံနဲ့ဆိုရင် ဘာစီးပွားမှ ဖြစ်ထွန်းမှာ မဟုတ်ဖူး ဘာညာ ပေါ့ ။

ဒီတော့ မခင်ဆွေဦးက သူ့အဖေကို ပြန်ပြောတယ် ။ အဖေ မိတ်ဆွေတွေက သမီးတို့ကို စီးပွားရေး တခုခု လုပ်ကြဖို့ တိုက်တွန်းနေကြတယ် အဖေက ရိုးအလို့ စီးပွားဖြစ်ထွန်းမှာ မဟုတ်ဖူးလို့ အကြံပေးကြတယ် လို့ ပြောပါတယ် ။ ဒီတော့ ဝန်ကြီးက....

'' အေး ဟုတ်တယ် မင်းတို့ စီးပွား ဖြစ်ချင်မှ ဖြစ်လိမ့်မယ် ၊ ဒါပေမယ့် မင်းတို့ တသက်လုံး နာမည်မပျက်ဖူး ၊ အဲဒါကို အဖေ အာမခံတယ် ''

အဲသလို ဖြစ်နေတဲ့ ကာလမှာပဲ ဗိုလ်ကြီးမောင်ဇော် နဲ့ မခင်ဆွေဦးတို့က မြန်မာပြည်မှာ ပထမဆုံး သစ်အချောထည် စက်ရုံထောင်ဖို့ ဂျပန်တွေနဲ့ ချိတ်ဆက်မိသွားပါတယ် ။ အဲဒီ အလုပ်ကို အလွန်လုပ်ချင်နေကြတဲ့ အတွက် ဂျပန် နဲ့ ရှယ်ယာထည့်ဝင် လုပ်ကြဖို့ စီစဥ်ပါတော့တယ် ။

နိုင်ငံခြားနဲ့ ဖက်စပ်လုပ်ငန်းဆိုတော့ MIC ကို လျှောက်လွှာတင်ရပါတယ် ။ MIC က ခွင့်ပြုမိန့်ကျမှသာ လုပ်ကြရမှာပါ ။
MIC ဥက္ကဌ ဒေါ်ခိုင်ခိုင်က လျှောက်လွှာဖတ်ပြီးတော့ ဒါကတော့ ဝန်ကြီးဦးချစ်ဆွေ သမက် နဲ့ သမီးပဲ ။ ဒါကို ဝန်ကြီးလည်း သိသင့်တယ် ဆိုပြီး သစ်တောဝန်ကြီးမှ သဘောထားမှတ်ချက် ပေးပါရန် ဆိုပြီး လျှောက်လွှာကြီး ပို့ လိုက်ပါရော ။

ဝန်ကြီးကလည်း လျှောက်လွှာပါ အကြောင်းအရာတွေကို ဖတ်ပြီး အလွန် အားရနေသတဲ့ ။ ဦးသန်းရွှေလုပ်ချင်နေတဲ့ သစ်အချောထည် လုပ်ငန်းကြီး ဖြစ်နေတာကိုး ။ ဒါနဲ့ လျှောက်ထားသူနေရာက ဓာတ်ပုံ မြင်တော့ ငါမြင်ဖူးပါတယ်ပေါ့ ။ နာမည်ကြည့်မှ သူ့သမက် ဖြစ်နေပါရော ။

တိုင်းပြည်အတွက် အင်မတန် လိုအပ်နေတဲ့ လုပ်ငန်းမို့ သဘောတူဖို့ စိတ်ကူးခဲ့ပေမယ့် တပ်ချုပ်ကြီးရဲ့ နောက်ဖေးပေါက်ကလာမယ့် စီးပွားရေးလုပ်ငန်းတွေ သတိထားဖို့ ဆိုတာလည်း နားထဲ စွဲနေတော့ ဆုံးဖြတ်ရခက်နေတာပေါ့ ။ ဒါပေမယ့် နာမည် ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ လူကြီးလူကောင်းမို့ ဒီလျှောက်လွှာကို လုံးဝ ကန့်ကွက်ပါတယ် ဆိုပြီး သဘောထားမှတ်ချက် ပေးပြီး လက်မှတ်ထိုးပို့လိုက်ပါတယ် ။
( ယခုအချိန်ထိ အဲဒီ လျှောက်လွှာပေါ်က သဘောထားမှတ်ချက်ကို MIC ရုံးမှာ လေ့လာနိုင်ပါသေးတယ်)

သို့သော် MIC ကတော့ တကယ်လည်း လိုအပ်နေတဲ့ လုပ်ငန်းအဖြစ် သုံးသပ်တာရော မခင်ဆွေဦး တဂျီဂျီလုပ်ပုံရတာကြောင့်ရော လုပ်ငန်းလိုင်စင် ချပေးလိုက်ပါတယ် ။

မှော်ဘီမှာ စက်ရုံတည်ပြီး လုပ်ငန်းလုပ်ကြတာပေါ့ ။ ကလေး ၂ ယောက်ရနေကြပါပြီ ။ တရက် မှော်ဘီက စက်ရုံဆီ သွားကြတော့ အိပ်နေတဲ့ ကလေး ၂ ယောက်ကို ထားခဲ့ပြီး လင်မယား ၂ ယောက်ထဲ ကားနဲ့ ထွက်လာကြပါတယ် ။ မခင်ဆွေဦး ကပဲ မောင်းရတာပါ ဗိုလ်ကြီးက ခြေထောက်မှ မပါတာကိုး ။

ဘယ်ဘက်ခြမ်းက မှော်ဘီစက်ရုံထဲ ချိုးမယ်ဆိုပြီး ဘယ်ဘက်က အချက်ပြမီး ဖွင့်ကာ ချိုးချလိုက်ပါတယ် ။ အဲဒီ အချိန်မှာ နောက်က ကပ်ပါလာတဲ့ သဲကားက ဘယ်ဘက်မီး အချက်ပြတာကို သူ့ကို ကျော်တက်ဖို့ အချက်ပြတာပဲ ဆိုပြီး အရှိန်နဲ့ ကျော်အတက် ကားက အကွေ့ ဆိုတော့ အရှိန်ပြင်းစွာ အတိုက်ခံရပြီး လေး ငါး ခြောက် ပတ် လိမ့်နေအောင် လွှင့်စင်မှောက်ကျသွားပါတော့တယ် ။

စိတ်မကောင်းစရာပါပဲ 20 - 3 - 1994 နေ့မှာ မခင်ဆွေဦးကတော့ နေရာမှာပဲ သေဆုံးခဲ့ရပြီး ဗိုလ်ကြီးကလည်း ဆေးရုံအသွား ထောက်ကြံ့အရောက်မှာပဲ ဆုံးပါးခဲ့ရပါတယ် ။ တုနှိုင်းမဲ့ မေတ္တာရှင် နှစ်ဦးကတော့ တမလွန်ခရီးအထိ အတူလက်တွဲ သွားကြတယ်လို့ ဆိုရမလိုပါပဲ ။

ကားတိုက်မှု ဖြစ်ချိန်မှာ ဝန်ကြီးက ပြည်ပခရီးစဥ် အဖြစ် အမေရိကန်ကို ရောက်နေပါတယ် ။ ပြီးရင် ဂျပန်ကို ဆက်ကူးရမှာပါ ။ သမီး နဲ့ သားမက်တို့ရဲ့ အဖြစ်ဆိုးကြောင့် ဦးသန်းရွှေက အမြန်ပြန်လာဖို့ ခေါ်ယူခဲ့ပါတယ် ။

ဝန်ကြီးက သမီးနဲ့သားမက်တို့ရဲ့ သတင်းကို ကြားပေမယ့် ဦးသန်းရွှေ ခိုင်းလိုက်တဲ့ အလုပ်ကိုပဲ အပြီးသပ်အောင် လုပ်ပါတယ် ။ ပြန်လာရန်ညွှန်ကြားချက် ရပေမယ့် ဂျပန်နိုင်ငံကို ဆက်လက်သွားရောက်ပြီး မိမိလုပ်ငန်း ပြီးသည်အထိ ဆောင်ရွက်ခဲ့ပါတယ် ။
15.02.202513:53
## တောင်ခမ်း ##

ကျနော်တို့မျှော်လင့်ထားသလိုဘဲ

တနေ့က ကမ္ဘောဇရပြီးတဲ့နောက်…..

နားရှိုးရွာဒီနေ့ရပါတယ်..။

မန်မော်ကုန်းနဲ့ ဆယ်တောင်ပြည့်မှာရှိနေတဲ့ရ-/သ-တွေ

ပြေ-:ဖို့ပြင်နေပြီ။

ဗမာပဒ-တ်လေးတွေရဲ့မိဘတွေ

ကိုယ့်သားသမီးကို ဖုန်းဆက်ပြီး မိဘဝတ္တရားကျေကြစေလိုတယ်။

#ကိုခိုင်ဇော်

၁၇:၅၀

ဖေဖေါ်ဝါရီ(၁၅) ၂၀၂၅
လူမျိုးလိမ် လော်ဘီ ဗီအိုအေ သတင်းဌာန၏ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ တုန့်ပြန်ချက်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
ဘင်္ဂါလီများကို လူမျိုးလိမ်အမည်ဖြင့် ရေးသားဖော်ပြလေ့ရှိသည့် VOA သတင်းဌာနမှ ICC ကိစ္စနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက "Argentia က မြန်မာကိုသိရဲ့လား? မြန်မာနိုင်ငံအစိုးရကတော့ Argentia ကိုသိပါတယ်။ တရားဥပဒေအရ မြန်မာကိုဝေဖန်ထောက်ပြချင်ရင် Argentiaမှာ နိုင်ငံအတွင်း တရားစီရင်ရေးအတွက် လိုအပ်နေတဲ့ လစ်လပ်နေတဲ့ တရားသူကြီးရာထူးတွေကို အရင်ခန့်အပ်လိုက်ပါဦး လို့အကြံပြုချင်ပါတယ်။" ဟု ဖြေကြားထားသည်။
လူမျိုးလိမ်လော်ဘီ VOA သတင်းဌာန အပါအဝင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာများတွင် တပ်မတော် ခေါင်းဆောင်များကို ICC က ဖမ်းဝရမ်းထုတ်လိုက်သည်ဟူသော သတင်းနှင့် ပတ်သက်၍ အခြေခံ၍ မေးမြန်းလာသည့်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်း က တုန့်ပြန်ထားခြင်းဖြစ်သည်။

#News #MNP
https://t.me/MyanmarNationalPost
Көрсөтүлдү 1 - 24 ичинде 196
Көбүрөөк функцияларды ачуу үчүн кириңиз.