Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
ကဗျာ | စာတို | သီချင်း avatar

ကဗျာ | စာတို | သီချင်း

Admin >>> @Ne_Xuu_Ko
TGlist рейтинг
0
0
ТипАчык
Текшерүү
Текшерилбеген
Ишенимдүүлүк
Ишенимсиз
Орду
ТилиБашка
Канал түзүлгөн датаSep 15, 2023
TGlistке кошулган дата
Nov 11, 2024
Тиркелген топ

Рекорддор

18.04.202523:59
13.1KКатталгандар
28.02.202523:14
2500Цитация индекси
01.04.202523:59
4251 посттун көрүүлөрү
01.04.202523:59
4251 жарнама посттун көрүүлөрү
26.03.202523:59
13.11%ER
01.04.202523:59
3.39%ERR
Катталуучулар
Citation индекси
Бир посттун көрүүсү
Жарнамалык посттун көрүүсү
ER
ERR
DEC '24JAN '25FEB '25MAR '25APR '25

ကဗျာ | စာတို | သီချင်း популярдуу жазуулары

08.04.202504:34
ကျွန်တော်မတတ်နိုင်ဘူးမမ ။
အချစ်လည်းမရပ်နိုင်ဘူး ။
စွဲလမ်းမှုလည်းမဖြတ်နိုင်ဘူး ။

ကံပါသလောက်ပေါ့ မမရယ် ။
မွှေးသောပန်းကိုသာပန်ဆင်ပါလေ ။

- သူဇာ
- ခွန်းစာမပြန်တာသုံးရက်မြောက်တဲ့နေ့ ( ၂ )
18.04.202505:54
လုံလုံလောက်လောက် အချစ်ခံရတဲ့နောက် ကိုယ်က
လူပါး၀လာတယ်
ရန်လိုစိတ်များလာတယ်
အတ္တများလာတယ်
တစ်ခုခုဆို လွှတ်ချတတ်လာတယ်။
ဘယ်လိုနေနေ ဒီလက်ကို ဒီလူကို ထားမသွားတာ လွှတ်မချတာ သေချာသိရှိခဲ့တာပေါ့။
ကိုယ်သိပ်ချစ်တဲ့ ဗဒင်သီချင်းထဲကလို "သေချာတဲ့နေရာက ရှိခဲ့ပြီ"မလား

-နိုရှီ
03.04.202505:30
ဘယ်သူ့ကို ဘယ်သူကမှ
နှုတ်ဆက်စရာမလိုပဲ

မင်းရော ကိုယ်ပါ
အိပ်လို့ပျော်ပြီဆိုရင်

ကိုယ်တို့ဝေးသွားတာ
သေချာပြီ။

- နွေသစ်ငြိမ်း

@myanmarmusiczuko 👍
30.03.202505:55
အချစ်မှာ ငါက
တိုက်ပွဲ ခဏခဏ ကျတဲ့ရန်သူ

အချစ်မှာ ငါက
ခွင့်ပြုချက်မရသေးပဲ
ဆေးရုံက ဆင်းပြေးတဲ့လူနာ ။

ရန်ကုန်ဟာ ကျဥ်းပါတယ်
ဒါပေမယ့် မဆုံနိုင်တော့ဘူး ။

ဘဝဟာ
" ကျွန်မ မရှိမှသိမယ် "
ဒီစကားဟာ မှန်ပါတယ် ။

သံပန်းတွေဟာ
လှပေမယ့် မာကျောမှန်း ငါသိပါတယ် ။

- ဝင်းမြင့်


“ မြန်မာသီချင်းကောင်းလေးများ ”

@musicspoem
24.03.202502:03
ဝန်ခံပါတယ်
မင်းမရှိတဲ့အခါ သူတို့နဲ့
စကားလေးဘာလေးပြောဖြစ်ပါတယ်
ဒါပေမယ့် ပြောနေရင်းနဲ့
မင်းအကောင့်လေး မီးစိမ်းလား မစိမ်းလား
သတိတရ သွားသွားကြည့်တတ်ပေမယ့်

မင်းနဲ့ပြောနေတဲ့ အခါကျ
သူတို့အားလုံးကို မေ့နေတာမျိုး
လာပြောရင်တောင် ပြန်ပြီး reply မလုပ်မိတာမျိုးနဲ့
ငါ့မှာ ချစ်ခြင်းမေတ္တာဘက် အားသာခဲ့ပြီး
လူမှုရေးဘက် အားနည်းခဲ့ပါတယ် ။

- လင်းမာအို


“ မြန်မာသီချင်းကောင်းလေးများ ”

@musicspoem 🖤🖤
26.03.202501:11
မောင်
ကျွန်မတို့နှစ်ယောက်
ပန်းတစ်ပွင့် အတူတူစိုက်ရအောင်
ကျွန်မပဲ ရေလောင်း
ကျွန်မပဲ နေရောင်ပြမယ် ။

မောင်လား
ပွင့်လာလို့ ကျွန်မ ပန်တဲ့အခါ
သိပ်လှတာပဲလို့
ပြောပေးရုံပါ မောင် ။  ။

- ကြည်အေး

“ သီချင်းကောင်းများ ”

@movieplus_three 👍
22.03.202502:15
မိုးရွာထဲ လမ်းလျှောက်ရတာကို ကြိုက်တယ်
ငါငိုနေတာ ဘယ်သူမှ မသိလို့
ဆိုတဲ့စကားရဲ့ ပိုင်ရှင်က ချာလီချက်ပလင်တဲ့
ဘယ်လောက်ရက်စက်လိုက်တဲ့ ဟာသလဲ ။

- စစ်ငြိမ်း
22.03.202509:57
တကယ်လို့များ
နည်းနည်းလေး ပြစ်ထားရင်
အများကြီး ဝမ်းနည်းနေတတ်ပြီး
နည်းနည်းလေး အချစ်ခံရရင်တောင်
အကြီးကြီး ပျော်ရွှင်နေတတ်တဲ့
မရင့်ကျက်တဲ့ အပြုမူနဲ့
စိတ်ခံစားမှုများတဲ့ လူသားတစ်ယောက်ကိုပြပါဆို
ကျွန်တော့်ကို လက်ညှိုးထိုးပါ ။

- လင်းမာအို
02.04.202503:24
ငါ့ညီရေ
ဒီတစ်ခေါက်တော့
ကော်ဖီတစ်ခွက်ပဲချကွာ

မင်းအစ်မက အစ်ကို့ကို
စိတ်ဆိုးနေပုံရတယ်

''တစ်သက်လုံးဘယ်တော့မှ
ပြန်မလာတော့ဘူး'' တဲ့

- အလင်းသင်


“ မြန်မာသီချင်းကောင်းလေးများ ”

@musicspoem 👍
16.04.202504:12
ချစ်တဲ့လာနာ

ချစ်တဲ့ မိန်းမတစ်ယောက်နဲ့
လမ်းခွဲချိန်တိုင်းမှာ
သစ်ရွက်တွေသာ သေသွားကြတယ်

ဒါပေမဲ့ ငါက မသေဘူး
ဘယ်အနှေးပြကွက်တွေမှလည်း
မလာဘူး

ရုပ်ရှင်ပိုစတာတိုင်းကို ဆွဲဖြဲပြီး
လီးပဲလို့ အော်ဆဲခဲ့တယ် ။

- ဆစ်ခ်
25.03.202505:47
ကျွန်တော့်ကို
မငြိတွယ်တတ်တဲ့
ဆေးလေးတွေထိုးပေးပါ ဒေါက်တာ

ကျွန်တော့်မှာ
နာကျင်စရာတွေများပါတယ် ။

- စစ်နိုင်

“ သီချင်းကောင်းများ ”

@soelinaung2002 👍
27.03.202504:16
ချစ်စရာ ကောင်းကောင်း
မကောင်းကောင်း
ချစ်စရာ ရှိရှိ မရှိရှိ
ချစ်ချင်လို့ ချစ်နေတာကမှ "အချစ်"

- မောင်လှမျိုး

“ သီချင်းကောင်းများ ”

@soelinaung2002 👍
24.03.202512:02
ကိုယ့်နံရိုးလေးကိုတော့ တွေ့ခဲ့ပါရဲ့
တစ်ပါးသူရင်ခွင်ထဲမှာမို့ နူတ်မဆက်ဖြစ်ဘူး
ဖန်ဆင်းရှင်ဟာ နမော်နမဲ့နိုင်လွန်းတယ် ။

သောတပန်မဖြစ်ရင်
စုန်းမဖြစ်ချင်တယ် ။

ပြုစားပစ်မယ် မေမေရယ်
သမီးဒီလောကကို မချစ်ဘူး ။

- စောနန္ဒာခိုင်


“ မြန်မာသီချင်းကောင်းလေးများ ”

@musicspoem 🖤🖤
27.03.202510:41
ဘယ်သူ့ကို ဘယ်သူကမှ
နှုတ်ဆက်စရာမလိုပဲ

မင်းရော ကိုယ်ပါ
အိပ်လို့ပျော်ပြီဆိုရင်

ကိုယ်တို့ဝေးသွားတာ
သေချာပြီ။

- နွေသစ်ငြိမ်း

ကဗျာစာတိုလေးတွေဖတ်ချင်ရင် join

https://t.me/+kYI4RvdPTVtjZTll
04.04.202502:53
လူတွေဟာ
သူတို့ထပ်ချစ်ချင်တဲ့ အသစ်တစ်ခုကို‌ တွေ့တဲ့အခါ
တစ်ဖက်က ကျန်နေခဲ့မယ့်လူကို
ဘာကိုမှ ထပ်ပြီးမချစ်နိုင်တော့အောင်အထိ
Trauma တွေ ပေးသွားခဲ့တယ် ။

ဖောက်ပြန်ကြသူတွေ များလာတဲ့ကမ္ဘာမှာ
တကယ်ချစ်ခဲ့ကြသူတွေ အကျအဆုံးများလာတယ် ။
ငါကိုယ်တိုင် အပါအဝင်ပဲ ။

- လင်းညီ

“ သီချင်းကောင်းလေးများ ”

@myanmar_audio_songs_zuko 👍
Көбүрөөк функцияларды ачуу үчүн кириңиз.