Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
စစ်သတင်း 🇱🇹🇱🇹🇱🇹 avatar
စစ်သတင်း 🇱🇹🇱🇹🇱🇹
စစ်သတင်း 🇱🇹🇱🇹🇱🇹 avatar
စစ်သတင်း 🇱🇹🇱🇹🇱🇹
ဒီသူခိုးအုပ်စုအကြောင်းမတင်တာကြာလို့ပြီးသွားပြိ မထင်နဲ့ ဒီကောင်တွေ သူများချွေးနည်းစာကို အလှူခံ ကိုယ်ကျိုးသုံးစွဲနေတာမရပ်မခြင်း ပြန်မတောင်းပန်မချင်း သတိပေးနေမယ် ။ ဒိီထက် လွန်ကျူးပြီး တပ်မတော်မိသားစုရပိုင်ခွင့်အလှူငွေဖြတ်စားရင် ဥပဒေပြင်ပ နည်းလမ်းတွေပါ သုံးကောင်း သုံးရလိမ့်မယ်
နည်းသေးတယ်
05.02.202513:36
နစက အာဏာမသိမ်းလို၍ ၂၀၀၈ ကို ထိန်းနေခြင်းဟု ပြော

CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅

နစကသည် အာဏာမသိမ်းချင်သောကြောင့် ၂၀၀၈ ‌အောက်မှာနေ၍ ထိန်းနေသည့် လမ်းကြောင်းကို သွားနေခြင်း ဖြစ်ကြောင်း အစိုးရအဖွဲ့အစည်းအဝေးတွင်ပြောကြားခဲ့သည်။

နစကသည် တာဝန်ထမ်း‌ဆောင်မှု ၄ နှစ်ပြည့်ပြီ ဖြစ်သော်လည်း တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့် အတွက် အရေးပေါ်ကာလ သက်တမ်း ၆ လ ထပ်မံတိုးမြှင့်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးမှ ကြေညာခဲ့သည်။

နစကသည် အာဏာမသိမ်းချင်၍ ၂၀၀၈ အခြေခံဥပဒေအောက်မှ ထိန်းနေခြင်းဖြစ်ပြီး နိုင်ငံရေးဘက်အား သွားနေ သည့်အတွက် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုလမ်းကြောင်းပေါ်တွင်သာ ဆက်ဆွဲကိုင်ထားမည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းထွန်းဦးက “မသိမ်းချင်လို့ကို ၂၀၀၈ အောက်ကနေ ထိန်းနေတယ်ဆိုတဲ့ လမ်းကြောင်းကို သွားထားတာ၊ သိမ်းချင်ရင် အစောကြီးထဲက သိမ်းထားပြီးပြီ၊ အဲလောက်ဆွဲလာပြီးကာမှ ဒီချိန်ကျမှ ထပ်သိမ်းရမယ်ဆိုတော့ အကြောင်းပြချက် ဘာလဲဆိုတာ အဲတာကိုယ်တိုင်ရှာကြည့်မှ ရမှာလေ၊ အခုချိန်က အဲဒီအကြောင်းပြချက်မှ မရှိတဲ့ ဥစ္စာကြီး၊ ဘယ်လိုလုပ်သွားပြောလို့ ရမှာတုန်း၊ နိုင်ငံရေးဘက်ကို သွားပြီးတော့ ပြင်နေတဲ့အတွက်ကြောင့် နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးမှု လမ်းကြောင်းပေါ်မှာပဲ သူက ဆက်ပြီးတော့ ဆွဲကိုင်ထားမှာပဲ၊ စစ်ရေးအပိုင်းကတော့ ဘယ်လို လာမလဲ ပြောဖို့ခဲယဥ်းတယ်၊ ဘာကြောင့်လဲဆို‌တော့ နောက်ပိုင်းတော့ အရင်တုန်းကဆို စစ်ရေးဆိုင်ရာနဲ့ ပတ်သက်လို့ တချို့သတင်းတွေ နည်းနည်းမြင်နိုင်တယ်၊ လှုပ်ရှားမှုတွေ တွေ့နိုင်တယ်၊ အခုကျတော့ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ သတင်းလည်း တော်တော်များများ မရဘူး၊ အထူးသဖြင့် ထိပ်တိုက်လက်နက်ကိုင်ချင်း ထိတွေ့နေတဲ့ အဖွဲ့အစည်းတွေ ဘက်ကတောင်မှ တချို့သတင်းတွေ တက်မလာတော့ဘူးဆို‌တော့ ဒါကျတော့လည်း ပြောရတာ ခက်သွားပြီ၊ အဲတော့ သေချာတာကတော့ အချိန်တစ်ခုစောင့်ပြီးမှပဲ ဒါတွေက ရလဒ် ထွက်လာပါလိမ့်မယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ အစိုးရတဖွဲ့လုံးကို ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။

ထို့နောက် နစကကို ဖွဲ့စည်း၍ အုပ်ချုပ်ခဲ့ရာ လက်နက်ကိုင် အင်အားစုများနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ များအပြင် အကြမ်းဖက် လူငယ်များက လက်နက်ကိုင်တော်လှန်ကာ ဖြုတ်ချနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

နစကသည် အာဏာထိန်းထားသော ကာလမှာပင် တည်ငြိမ်ရေးရရှိရန် ခက်ခက်ခဲခဲ လုပ်နေရသည့် အနေအထား ဖြစ်ပြီး အာဏာသိမ်းလိုက်မည်ဆိုပါက ဘက်ပေါင်းစုံတွင် ရင်ဆိုင်ရမည့် အရာများ ရှိနေကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF) မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဦးထက်အောင်ကျော်က “ကျနော်ြမင်တာကတော့ပေါ့ မသိမ်းနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူအခုလောလော ဆယ် ပြောထားတဲ့ အထဲမှာတောင်မှ အာဏာထိန်းတယ်ပေါ့လေ၊ အာဏာထိန်းတာတောင်မှ ဒီလောက် တော်တော်ကို တည်ငြိမ်အောင် ခက်ခက်ခဲခဲကို မနည်းလုပ်နေရတဲ့ အနေအထားရှိတာကိုး၊ ဒီအချိန်မှာ သူသိမ်း လိုက်မယ် ဆိုလို့ရှိရင် ပိုပြီးတော့မှ အခြေခံဥပဒေ မရှိတော့ဘူးဆိုရင် သူ့အတွက်က တောက်လျှောက်က နိုင်ငံတကာ အနေနဲ့ရော ဘာရော အကုန်လုံးသူ ဘက်ပေါင်းစုံကနေ ရင်ဆိုင်ရမယ့်ဟာတွေ ရှိတယ်ပေါ့နော်၊ အခုချိန်မှာ ထိန်းတာတောင် ဒီလောက်ဖြစ်တယ်ဆိုတော့ သိမ်းရင်တော့ ငါတော့မလွယ်ဘူးဆိုတဲ့ဟာမျိုး စဥ်းစား မယ်လို့ ထင်လို့ပေါ့လေ၊ ဒီအတွက်ကြောင့် မဖြစ်နိုင်ဘူးလို့တော့ ထင်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီးနောက် မြန်မာ့ တပ်မတော်သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် စစ်စခန်းပေါင်း ရာချီ ဆုံးရှုံးထားရသလို မြို့နယ်ပေါင်း ၉၀ ကျော်ကိုလည်း လက်လွှတ်ထားရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး အနိုင်ရ သည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။

တခြားတစ်ဖက်မှာတော့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများက နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ကြွေးကြော်ထားသည်။

လက်ရှိတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကြောင့် တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ကွန်ဖက်ဒရေးရှင်း သို့မဟုတ် သီးခြားလွတ်လပ်သော နိုင်ငံသစ်ထူထောင်ရေး ဆိုသည့် ရပ်တည်ချက်များအား ထုတ်ဖော်ပြောကြား လာခဲ့ကြသည်။
05.02.202509:05
ဝိုင်းကြေး ကျပ်သိန်းရာချီတဲ့အပျင်းပြေဖဲဝိုင်းနဲ့ လက်နက်ကိုင်အဖွဲ့တချို့ကြားက ပဋိပက္ခ

တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၅

လောင်းလုံးမြို့နယ်မှာ ပကဖက ဖဲဝိုင်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးချိန်မှာ ဖမ်းဆီးတာကိုလာရောက်ဟန့်တားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ ပစ်ခတ်လုနီးပါးအထိ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က လောင်းလုံးမြို့နယ်၊ ‌ဂေါ့အင်းရွာက နေအိမ်တစ်ဆောင်မှာဖဲဝိုင်းပြုလုပ်နေချိန် မြို့နယ် ပကဖ ရဲ့ ဒုတာဝန်ခံ ကိုကြွက်ဖြူ ဦးဆောင်တဲ့အဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီလိုဝင်ရောက်ဖမ်းဆီးနေချိန် Modern Punk ဆိုတဲ့လက်နက်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင် ကိုကြက်ဥ ဆိုသူရောက်လာပြီး အဲဒီဖဲဝိုင်းဟာ သူခွင့်ပြုထားတဲ့ဖဲဝိုင်းဖြစ်တယ်ဆိုပြီး ‌လာရောက်ဟန့်တားခဲ့တာဖြစ်ပါတယ်။

“ဒီဖဲဝိုင်း ငါ့ကိုဖုန်းဆက်ထားပြီးပြီ။ ပျင်းလို့ဖဲရိုက်ကစားဖို့တဲ့။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ရိုက်တာပဲ ရိုက်လို့ ငါပြောတယ်။ ငါတာဝန်ယူထားလို့ ငါလာတယ်။ နင်တို့လုပ်ချင်တိုင်းလုပ်လို့မရဘူး” လို့ လောင်းလုံး ပကဖက ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ထဲမှာ ကိုကြက်ဥက ပြောဆိုခဲ့ပါတယ်။

ကိုကြက်ဥဆိုသူနဲ့အတူ ကော်သူးလေတပ်မတော်က ကိုမြတ်သူ ဦးဆောင်တဲ့ ရဲဘော်ဟောင်းတချို့လည်းလက်နက်ကိုင်ပြီး လိုက်ပါလာခဲ့ပါတယ်။

ကိုမြတ်သူတို့အဖွဲ့ဟာ ပကဖအဖွဲ့ဝင်တွေရှိနေတဲ့ အိမ်ထဲကို သေနတ်မောင်းတင်ဝင်ရောက်လာတာဖြစ်ပြီး ရဲဘော်တွေကို ပစ်ဖို့အထိ အမိန့်ပေးထားတယ်လို့ လောင်းလုံးပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“သေနတ်တွေပါမောင်းတင်ပြီးတော့ ဝင်လာတာ။ ပစ်မိန့်ပေးတယ်ဆိုပြီးလည်း ပြောတယ်။ ဗီဒီယိုမှာလည်း ပါပါတယ်။ ကျနော်တို့ အဖွဲ့တွေကလည်း အထဲမှာရော၊ အပြင်မှာရောရှိတယ်။ ဒီကြားထဲကို ဝင်လာတာ။ ကျနော်တို့ကတော့ ပုံမှန်အတိုင်းဆက်လုပ်နေတယ်” လို့ လောင်းလုံးပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ပကဖ ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာလည်း ကိုမြတ်သူဦးဆောင်တဲ့အဖွဲ့က ပကဖအဖွဲ့ဝင်တွေရှိနေတဲ့ အိမ်ကိုဝိုင်းထားဖို့နဲ့ “ကို့ရိုကားရားလုပ်ရင် ပစ်” ဆိုပြီး အမိန့်ပေးနေတာကို တွေ့ရပါတယ်။

အဲဒီနောက် လောင်းလုံးပကဖအဖွဲ့ရဲ့ ဒုတာဝန်ခံ ရဲဘော်ကြွက်ဖြူနဲ့ ကော်သူးလေတပ်မတော်က ကိုမြတ်သူတို့ အချင်းချင်းစကားပြောဆိုပြီးနောက် ပကဖဘက်က ရွာထဲကထွက်ခွာသွားတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

ပကဖအဖွဲ့ဝင်တွေမထွက်ခွာခင် ဖဲဝိုင်းကသိမ်းဆည်းထားတဲ့ ပိုက်ဆံအိတ်ကို ကိုကြက်ဥနဲ့ ကိုမြတ်သူတို့ကပြန်ယူခဲ့ပြီး ဖဲဝိုင်းကအမျိုးသမီးတွေဆီ ပြန်ခွဲပေးခဲ့တာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။

အဲဒီရုပ်သံဖိုင်မှာပဲ ဖဲဝိုင်းမှာပါဝင်နေတဲ့ အမျိုးသမီးတချို့က သူတို့ဟာ အမျိုးသမီးငါးယောက် အနည်းအကျဥ်း ဖဲကစားနေတာဖြစ်တယ်လို့ဆိုပြီး ပကဖဘက်က ဖဲဝိုင်းနဲ့မဆိုင်တဲ့ အိမ်ထဲ တခြားပိုက်ဆံတွေကိုပါ သိမ်းဆည်းခဲ့တယ်လို့ ‌ပြောဆိုပါတယ်။

အဲဒီဖဲဝိုင်းဟာ အပျင်းပြေရိုက်တဲ့ဖဲဝိုင်းဖြစ်တယ်လို့ ကိုကြက်ဥဆိုသူက ပြောပေမယ့် လောင်းလုံး ဒေသခံအမျိုးသားတစ်ဦးကတော့ အဲဒီအမျိုးသမီးတွေဟာ အနည်းအကျဥ်းကစားနေတာမဟုတ်ဘဲ ကြေးကြီးကစားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

"သိန်းရာနဲ့ချီတဲ့ဝိုင်းက အပျော်ရိုက်တာဖြစ်မလားဗျ။ သိန်းတစ်ရာပါလာတယ်တို့၊ ဆယ့်ရှစ်သိန်းတို့ သိန်းနှစ်ဆယ်တို့လေ။ ဒီရွာမှာငါလူကြီးဆိုပြီး သဘောရှိလုပ်လို့လည်းမရဘူးပေါ့" လို့ လောင်းလုံးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖဲဝိုင်းကိုဖမ်းဆီးချိန်မှာ ဖဲဝိုင်းအပြင်ကပိုက်ဆံတွေကို သိမ်းဆည်းတာနဲ့ ပတ်သက်ပြီး လောင်းလုံးပကဖ ဘက်ကတော့ အခုလိုဖြေရှင်းပါတယ်။

“ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ ဝိုင်းထဲကပိုက်ဆံတွေကို နီးတဲ့နေရာပစ်သွင်းတာ။ ဒါကဖြစ်ရိုးဖြစ်စဥ်ပဲ။ ဒါကြောင့် အိပ်ရာတွေထဲမှာ ပြန်ကြဲနေတာတွေ၊ ဖရိုဖရဲဖြစ်နေတဲ့ပိုက်ဆံတွေကို သိမ်းတာပါ။ ဗီဒီယို မှတ်တမ်းတွေမှာလည်း မြင်ရလိမ့်မယ်။ လက်ရာမပျက်ပဲ သိမ်းထားတာတွေဆိုရင် ထိလို့မရဘူး။ တကယ်တမ်းပိုက်ဆံဆိုတာလည်း လူတိုင်းက စနစ်တကျပဲသိမ်းထားကြတာလေ” လို့ လောင်းလုံးပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Modern Punks အဖွဲ့ကတော့ ဂေါ့အင်းရွာထဲမှာ လောင်းလုံး ပကဖ ဇုန် (၄)အဖွဲ့က ပြည်သူတွေဆီမှာ ဓားပြလာတိုက်တာကြောင့် ကျနော်တို့အဖွဲ့က ဆုံးမလိုက်တယ်ဆိုပြီးပြောဆိုနေတဲ့ ရုပ်သံဖိုင်အပါအဝင် ဖဲဝိုင်းဖမ်းဆီးတာကို တားဆီးနေတဲ့ ရုပ်သံဖိုင်တချို့ကို လူမှုကွန်ရက်မှာ တင်ထားပါတယ်။

Modern Punks အဖွဲ့ဟာ တော်လှန်ရေးရန်ပုံငွေဆိုပြီး ငွေကြေးကောက်ခံတာနဲ့ လောင်းလုံးမြို့နယ်ပကဖနဲ့ ပအဖ တာဝန်ရှိသူတချို့ကို လူမှုကွန်ရက်ကတစ်ဆင့် ပုတ်ခတ်ပြောဆိုတာတွေကြောင့် ပြီးခဲ့တဲ့နှစ်မေလမှာ ထားဝယ်ခရိုင်ပကဖ က လက်နက်ဖြုတ်သိမ်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

လက်နက်ဖြုတ်သိမ်းခံရပြီး တစ်လခန့်အကြာ ပြီးခဲ့တဲ့နှစ် ဇွန်လအစမှာတော့ ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ ကော်သူးလေတပ်မတော်နဲ့ Modern Punks အဖွဲ့ပူးပေါင်းပြီး စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ခဲ့တယ်။ အဲဒီနောက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ လောင်းလုံးမြို့နယ်ကို ပြန်ရောက်လာပြီး အခြေစိုက်လှုပ်ရှားခဲ့တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
05.02.202506:29
မြဝတီမြို့တွင် ယနေ့ နေ့လည် စက်သုံးဆီ ဆိုင်များအားလုံး ပိတ်သွားပါပြီ။
13.02.202513:16
ညစ်ညမ်းစာပေဆိုပြီး
အရေးယူရာတွင်
အမျိုးသမီးများသာဖြစ်နေခြင်း
မန္တလေး
မကွေး
နေပြည်တော်မှဖြစ်နေခြင်းတို့မှာထူးခြားသည်။
စာရေးသူ
ထုတ်ဝေသူ
ပုံနှိပ်သူ
တယောက်တည်းပဲလား။
အိုင်ဆေးကိုနှင်းမောင်။
ကျွန်ုပ်ကိုလက်တို့ပါဦး။
ကျွန်ုပ်တို့ငယ်စဉ်က
ညစ်ညမ်းစာပေရေးသား‌ေသာဆရာကြီးသည်
နောင်အခါသက်ကြီးစာပေကန်တော့ခံအဖြစ်
တွေ့ဖူးခြင်းကြောင့်
လက်ရှိညစ်ညမ်းစာပေရေးသားသူများသည်
နောင်တခေတ်တွင်
အကန်တော့ခံများဖြစ်လာလေမည်လားဟု
တွေးနေမိပါတော့သည်။
သို့ဖြစ်ခြင်းကြောင့်
ညစ်ညမ်းစာပေရေးသားသူများကို
ကြည်ညိုနိုင်ရန်
ဓါတ်ပုံနှင့်တကွ
မြင်တွေ့ရသော်
အဟောဝတကောင်းလေစွတည့်။
05.02.202513:59
ထိုင်းမီးဖြတ်​​​သော်လည်း တရုတ်ကျားဖြန့်များ စိုးရိန်ရန် မလို

ထိုင်းအစိုးရက မြဝတီမြို့နယ်သို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သော်လည်း အင်းကြင်းမြိုင်ဒေသရှိ KK Parkတွင် မီးစက်များထွန်း၍ မီးထွန်းအသုံးပြုနေသည်ကို ယနေ့(​ဖေ​ဖော်ဝါရီ ၅ရက်) ညဦးပိုင်း၌ မြင်တွေ့ရသည်။

ယနေ့နံနက် ၈နာရီခွဲကစ၍ ထိုင်းအစိုးရက မြဝတီမြို့၌ နှစ်နေရာ၊ မွန်ပြည်နယ်၌ တစ်နေရာနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ နေရာနှစ်ခုတို့ဆီ ပို့ပေးနေသည့် လျှပ်စစ်မီးပေးပို့မှုဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာဘက်ခြမ်းမှ ကျားဖြန့်လုပ်ငန်းများကို ထိန်း
ချုပ်ရန်အတွက် နိုင်ငံတော်လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို ထိုင်းအစိုးရက ယမန်နေ့က လျှပ်စစ်မီးအပြင် အင်တာနက်လိုင်းနှင့် စက်သုံးဆီပေးပို့ခြင်းများအား ဖြတ်တောက်မည်ဟု ဆုံးဖြတ်ခဲ့သည်။

ထိုင်းနိုင်ငံက မြဝတီဒေသသို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သဖြင့် မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အောက်ဆီဂျင်စက်ရုံလည်ပတ်မှုရပ်ဆိုင်းပြီး လုပ်ငန်းလည်ပတ်မှု စတင်ထိခိုက်နေသည်ဟု အဆိုပါမြို့ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

လျှပ်စစ်မီး စတင်ဖြတ်တောက်လိုက်ပြီးနောက် မြဝတီမြို့ဒေသခံများသည် စက်သုံးဆီကြိုတင်ဝယ်ယူစုဆောင်းများ လုပ်ဆောင်နေကြသည်။
05.02.202509:05
ဖဲဝိုင်းဖမ်းဆီးတာနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ ရုပ်သံကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ လောင်းလုံးပကဖက ထုတ်ပြန်ပြီး ညဘက်မှာတော့ ကော်သူးလေတပ်မတော်က ကိုမြတ်သူတို့အဖွဲ့က လောင်းလုံးမြို့နယ်ထဲကနေ ပြောင်းရွှေ့သွားတယ်လို့ ပကဖဘက်က ပြောပြချက်အရ သိရပါတယ်။

ကော်သူးလေတပ်မတော်ရဲ့ တပ်ဖွဲ့တွေဟာ အရင်က လောင်းလုံးမြို့နယ်မှာ အခြေစိုက်လှုပ်ရှားတာမရှိပေမဲ့ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာ KNU တပ်မဟာ ၄ ဘက်နဲ့ တိုက်ပွဲတွေဖြစ်ပြီးနောက် အခုနှစ်အစကမှာ လောင်းလုံးမြို့နယ်ကို ကိုမြတ်သူဦးဆောင်တဲ့ တပ်စိပ်တစ်ခုပြောင်းရွေ့လာတာလို့ ဒေသခံတွေက ဆိုပါတယ်။

လောင်းလုံးပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုဖြစ်စဥ်နဲ့ပတ်သက်လို့ အုပ်ချုပ်ရေးအပိုင်းကရော၊ ဝန်ကြီးဌာန အောက်ကတာ၀န်ရှိအဖွဲ့အစည်းတွေကပါ ပြဿနာဖြစ်လာတဲ့အပေါ်မှာ ချက်ချင်းကာကွယ်ပေးနိုင်တာ၊ အာမခံပေးနိုင်တာမရှိလို့ ကိုယ်ဖြစ်ကိုယ်ခံ ကိုယ့်ဟာကိုယ်ပဲရင်ဆိုင်ရမယ့်အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့်လည်း နောက်ထပ် အရပ်ဖက်ကိစ္စတွေမှာ လောင်းလုံး ပကဖအနေနဲ့ တော်ရုံတန်ရုံပါဝင်ပတ်သက်တာမျိုးမလုပ်တော့ဘဲ စစ်ရေးတစ်ခုတည်းကိုပဲ အာရုံစိုက်လုပ်ဆောင်တော့မယ်လို့ တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

လောင်းလုံးမြို့နယ်မှာ လောင်းကစားဝိုင်းတွေရှိနေတာကြာပြီဖြစ်ပေမဲ့ လောင်းလုံးပကဖအနေနဲ့ ဖမ်းဆီးတာမရှိသလို နေရာရွေးပြီးမှဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေကြားမှာ ပြောဆိုတာတွေရှိနေပါတယ်။

ပကဖဘက်ကတော့ ပြီးခဲ့နှစ်ဒီဇင်ဘာလ နောက်ဆုံးပတ်မှာဖြစ်ခဲ့တဲ့ ကျောက်နီမော်တိုက်ပွဲ မတိုင်ခင်ကတည်းက လောင်းကစားဝိုင်းတွေရှိနေတာကိုသိပေမဲ့ စစ်ရေးအပိုင်းကိုလုပ်ဆောင်နေတာကြောင့် မဖမ်းဆီးတာဖြစ်တယ်လို့ ဆိုပါတယ်။

“လွှတ်ပေးထားတဲ့ သဘောမျိုး မဟုတ်ဘူး။ ကျောက်နီမော်ရွာတိုက်ပွဲပြီးတဲ့အချိန်မှာလည်း လုပ်ငန်းစဥ်တွေ တောက်လျှောက်လုပ်ရတာ အများကြီးရှိတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှ ဖမ်းလို့ရတယ်။ အဲဒီမတိုင်ခင်ကတော့ လုပ်သွားတဲ့ နတ်ပွဲတွေ၊ ကစားဝိုင်းတွေ အများကြီးရှိတယ်” လို့ ပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူက တုန့်ပြန်ပါတယ်။

ငွေကျပ်သိန်းရာချီတဲ့ လောင်းကစားဝိုင်းတွေဟာ လက်ရှိအချိန်မှာလည်း လောင်းလုံးမြို့နယ်အတွင်းမှာ အများအပြားကျန်ရှိနေသေးတယ်လို့ လောင်းလုံးပကဖ ဘက်ကဆိုပါတယ်။

တနင်္သာရီတိုင်းအတွင်းက မြို့နယ်အများစုမှာ ဖဲ၊ အနီထောင်၊ အံဂလုံ၊ လေးကောင်ဂျင်နဲ့ ကြက်ဝိုင်းစတဲ့ လောင်းကစားဝိုင်းတွေအများအပြားရှိပြီး တော်လှန်ရေးတပ်ဖွဲ့တွေကဖမ်းဆီးတာရှိသလို ခွင့်ပြုပြီး လုပ်ကိုင်ခွင့်ပြုထားတာတွေလည်း ရှိပါတယ်။
မင်္ဂလာ ညလေးဖြစ်ပါစေ
တပ်မတော်သားစစ်သည်တဦးနဲ့ ၎င်း၏ ညီအရင်း အကြမ်းဖက် PDF တပ်သားတစ်ဦး တိုက်ပွဲ အတွင်းပြန်ဆုံဆည်းသည့် မှတ်တမ်း
12.02.202502:49
တောင်တွင်းကြီး ၊ ရွာလေးကုန်း ( တရုတ်ကောအုပ်စု ) က
ဦးမြင့်ဦး ခင်ဗျာ

စစ်မှုထမ်း ပါသွားတဲ့ ဦးလေးသား ဟာ မနေ့က ကရင်ပြည်နယ် အာရှလမ်း တနေရာမှာ ကွယ်လွန်သွားပါပြီ။

တပ်က ဘာပြောမယ် / ဘာမှ မပြောမယ် မသိပေမယ့်

ဦးတို့ မိသားစုဝင် အတွက် မြေကျဆွမ်းသွတ်လို့ ရပါပြီဗျ။

တပြေတည်းသား အချင်းချင်း အမှန်တကယ် စိတ်မကောင်းပါဘူး။
05.02.202509:11
ခြံအမှတ် ၅၄ တတိယအကြိမ် လေလံပွဲ ဝယ်သူ မရှိ
------------------------

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ခြံအမှတ် ၅၄ ကို ကျပ် ၂၉၇ ဘီလီယံ နဲ့ တတိယအကြိမ် လေလံတင် ရောင်းချပွဲကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်၊ မနက် ၁၀ နာရီကျော်လောက်က ပြုလုပ်ခဲ့ရာ ဝယ်ယူမယ့်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။

တတိယအကြိမ် လေလံပွဲမှာတော့ ခရိုင်တရားရုံး အရာရှိက လေလံဝယ်ယူမယ့်သူ ရှိပါသလားလို့ သုံးကြိမ် သုံးခါ မေးမြန်းခဲ့ပေမယ့် ဝယ်ယူမယ့်သူ တစ်ယောက်မှ မရှိခဲ့တာပါ။

လေလံပွဲကိုတော့ ပြည်တွင်း ပြည်ပ မီဒီယာတွေ နဲ့ စိတ်ဝင်စားသူ ပြည်သူတွေ လာရောက်တာ တွေ့ရပါတယ်။

တတိယအကြိမ် လေလံတင်ရောင်းချမှုနဲ့ ပတ်သက်လို့ဖေဖော်ဝါရီ ၆ ရက်မှာ ကမာရွတ်ခရိုင်တရားရုံး ကို အစီရင်ခံစာ ပြန်တင်သွင်းရမှာ ဖြစ်တယ်လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေက ပြောပါတယ်။

ခြံအမှတ် ၅၄ ကို တတိယအကြိမ် လေလံကြမ်းခင်းဈေး ကျပ် ၂၉၇ ဘီလီယံ နဲ့ လေလံတင် ရောင်းချဖို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် ရုံးချိန်းမှာ ကမာရွတ်ခရိုင်တရားရုံးက သတ်မှတ်ခဲ့တာပါ။

ခြံအမှတ် ၅၄ ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်က ကျပ် ၃၁၅ ဘီလီယံ နဲ့ ပထမအကြိမ် လေလံတင် ရောင်းချခဲ့ရာ ဝယ်တဲ့သူ တစ်ယောက်မှ မရှိခဲ့သလို ဩဂုတ် ၁၅ ရက်ကလည်း ကျပ်ဘီလီယံ ၃၀၀ နဲ့ ဒုတိယအကြိမ် လေလံ တင် ရောင်းချခဲ့ရာမှာ ဝယ်တဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။

ခြံအမှတ် ၅၄ ဟာ ဧရိယာအနေနဲ့ ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းတယ်လို့လည်း သိရပါတယ်။
စစ်မှုထမ်းစာရင်းပါလျှင်ရှောင်ပြေးမည်မဟုတ်ဟု ထွဋ်မြတ်သူ(ခ) မဟာပညာကျော်ကြေညာ

နာမည်ကြီး မော်ဒယ်သရုပ်ဆောင်ရွှေအိမ်စည် ၏ မောင်ဖြစ်သူ အမျိုးသားရေးသမား ပညာတတ် သမိုင်းသုတေသီပညာရှင် ထွဋ်မြတ်သူ(ခ) မဟာပညာကျော်ဟာ
တိုင်းပြည်နဲ့လူမျိုးအတွက် အင်္ဂလန်နိုင်ငံမှ ပြန်လာပြီး နောက် စစ်မူထမ်းစာရင်းပါပါက ရှောင်ပြေးမည်မဟုတ်ကြောင်း ကြေငြာထားသည်။

”မဟာပညာကျော်” က မိမိ၏အဘိုးသည် BIAခေတ်က သူရဘွဲ့ရရှိခဲ့သည် စစ်သားတစ်ဦးဖြစ် ကြောင်း ထို့အတူ မိမိသည်လည်း နိုင်ငံအတွက်တထောင့်တနေရာမှ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းသိရသာည်။ထို့အတူ လူငယ်များအတွက်စံပြဖြစ်စေရန် မိမိအသက်ကို တိုင်းပြည်အတွက်ပေးအပ်ထားကြောင်းလည်း ”ပြောကြားခဲ့သည်။ထို့နောက်ဆက်လက်ပြောကြားရတွင် မိမိတာဝန်ထမ်းဆောင်ပါကလည်း လက်ရုံးတပ်များတွင် မထမ်းလိုဘဲ ရှေ့တန်း တိုက်ခိုက်ရေး တပ်မ များ တွင်သာ တာဝန်ထမ်းဆောင်လိုကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ရွှေညောင်တွင် စစ်မှုထမ်းစာရင်းပါတဲ့ လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး
==================
ဖေဖော်ဝါရီ ၄

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရေနံဝန်း ၊ ဝန်ထမ်းလိုင်းခန်းမှ စစ်မှုထမ်းစာရင်းပါသည့် လူငယ်တစ်ဦး ရွှေညောင် စလီဗာတုံး စက်ရုံအနီး ညောင်ပင်တွင် ကြိုးဆွဲချသေကြောင်းကြံခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက် မနက်ပိုင်း ၇ နာရီခွဲ အချိန်အကြောင်း ကြားလာသဖြင့် ရပ်ကွက်နေပြည်သူများက သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ခမ်းသားငေါဝ်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ထိုလူငယ်သည် အသက် ၁၉ နှစ်ရှိပြီး ဖေဖော်ဝါရီလ ၁၅ ရက်တွင် စစ်မှုထမ်း သွားရမည်ဖြစ်တယ်လို့ ၎င်း၏ မိဘများထံကသိရပါတယ်။
ရွာကလူတွေ တစ်ယောက်ပြီးတစ်ယောက်ဖုန်းတွေဆက်နေတယ် ကိုင်လိုင်ရင် " ပြည်သူ့စစ်မှုထမ်း " ကိစ္စပဲ မစဖ နဲ့ရပ်ကျေးအုပ်ကြီးတွေ လုပ်တတ်ရင်လွယ်လွယ်လေး ပါ

ရွာတစ်ရွာမှာ ပြည်သူ့စစ်မှုထမ်းအရည်အချင်းသတ်မှတ်ချက် ကိုက်ညီသူဘယ်နှစ်ယောက်ရှိလဲ ရပ်ကျေးစာရေးတွေသိတယ်

စာရင်းဆွဲထုတ်လိုက် ၃၅ နှစ်အထိဆိုတော့ ၃၀ နဲ့ ၃၅ကြား ကိုက်ညီသူတွေအရင် စဥ်

ဘာလို့လဲဆိုတော့ အခုခေါ်ထည့်နေတာ ၂၀ ဝန်းကျင်တွေများတယ် ၃၅ နီးသူတွေ လွတ်သွားလိမ့်မယ်
ကြီးစဥ်နဲ့စာရင်းပြုစုပြီး

တစ်လ ၂ ယောက်အစဥ်လိုက်ထည့်ပေးလိုက် ပြီးပြီ

ဆင့်ခေါ်လို့မလာရင် မိဘတွေကိုတရားဥပဒေအရအရေးယူမယ် ဆိုတာ ဥပဒေထဲမှာ ပါပြီးသား
အသည်းအသန်လိုက်ဖမ်းနေစရာမလိုပါဘူး

ဘာတွေလုပ်နေကြမှန်းမသိဘူး နားရွက်ပတ်ကိုင်နေတဲ့လူတွေ

အခုတော့ အစိုးရရဲ့မူဝါဒအပေါ် ပြည်သူတွေကအထင်လွဲပြီး ပြည်သူ့စစ်မှုထမ်း ဆိုတာနဲ့ လူငယ်တွေက ထွက်ပြေးချင်နေကြတယ်

တိုင်း ၊ ခရိုင် ၊ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ ဖတ်မိကြပါစေ

မြတ်သူဟိန်း🇲🇲
3-2-2025
မင်္ဂလာသတင်းလေးနဲ့ မင်္ဂလာနံနက်ခင်းလေးပါ။
05.02.202513:36
မြန်မာနိုင်ငံသမိုင်းတွင် ၁၉၆၀ ပြည့်နှစ်က ရွေးကောက်ပွဲလုပ်ပေးပြီးနောက် ၁၉၆၂ ခုနှစ်မှာတော့ ဦးနေဝင်းက အာဏာသိမ်းခဲ့ဖူးသည့် သမိုင်းရှိခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၌ ကျင်းပရန် ကြိုးပမ်းနေသော ရွေးကောက်ပွဲ ပြင်ဆင် မှုမှာ အခြေအနေတစ်ခုခုကြောင့် အာဏာသိမ်းနိုင်ရေး လမ်းကြောင်းပေါ် တွန်းတင်ပေးသကဲ့သို့ ဖြစ်လာမည်ကို လည်း တချို့က စိုးရိမ်နေကြသည်။

ပုံ - နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
05.02.202507:55
လွန်ခဲ့တဲ့ ၂ ပါတ်လောက်က
ကြားသတင်းက UWSA တွေဟာ
uniform ပြောင်းဝတ်ပြီး အတွင်းလမ်းကနေ မိုင်းလားထဲ ဝင်ရောက်နေရာယူထားပြီဖြစ်သလို
အထူးဒေသ၂ ဖြစ်တဲ့ မိုင်းတုံ မိုင်းဆတ် ပုံပါကျင်ဖက်မှာပါ အင်အားဖြည့်ထားပြီ...တဲ့

‌ခုရက်ထဲ ရလာတဲ့သတင်းတခုကတော့
ပန်ဆန်း မိုင်းပေါက် ကနေ
မိုင်းညှင်းမှတဆင့် ကျိုင်းတုံနယ်ထဲ
လက်နက်ခဲယမ်းတွေ ခိုးသွင်းနေပြီလို့
ကြားလာရတော့
တသခ အနေနဲ့ ပေါ့ဆနေလို့ မရတော့ပါဘူး

ဒီသတင်း ၂ ခုကို ဆက်စပ်
တွေးကြည့်လိုက်မယ်ဆိုရင်တော့
တပ်မတော် ခက်ခဲနေချိန်မှာ
မိတ်ဆွေဟန်ဆောင်ထားတဲ့ ရန်သူက သူ့ရည်မှန်းချက်အတိုင်း
ဆက်လက် အကောင်အထည်
ဖော်သွားဖို့ ဝန်လေးနေမည် မထင်

1027 မစခင် ကာလထဲက
ပန်ဆန်းအစပ် ဖြစ်တဲ့
မိုင်းဖျန် မိုင်းပေါက်ဖက်က
မြန်မာအလုပ်သမားတွေကို
နှင်ထုတ်ထားပြီး နယ်စပ် ဧရိယာထဲက
ရာဘာတောတွေထဲမှာ
ဘန်ကာတွေဆောက်
ဆက်သွယ်ရေးမြောင်းတွေတူး
တောင်ကုန်းတွေပေါ်မှာ လေယာဉ်ပစ်တွေ လက်နက်ကြီးတွေ တပ်ဆင်ထားကြောင်း
နောက်ဆုံးမှ ထွက်လာရတဲ့ မြန်မာအလုပ်သမား အချို့က ပြောပြသွားပါတယ်

တသခ အနေနဲ့ မပေါ့ဆသင့်ပါ

လျှော့မတွက်သင့်ပါ

ကျိုင်းတုံ ရသွားရင် ဝပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းဟာ တဆက်ထဲ ဖြစ်သွားပါပြီ

ဝ တွေ လွတ်လပ်စွာ ကူးလူးသွားလာနိူင်ပါပြီ

တာချီလိတ် ဆိုတာက
တိုက်စရာမလိုတော့ဘူး
မူဆယ်လို ဖြစ်သွားနိူင်တာမို့
ပြည်သူတယောက်အနေနဲ့ စိတ်ပူမိတာ အမှန်ပါ

ငပိသည်က အိပ်နေပြီး ဆားသည်က
ခွေးထမောင်းနေရတဲ့ အဖြစ်မျိုး
ဖြစ်သွားရင်လည်း
နားလည်ပေးပါ

ဖွင့်ပြောမရတဲ့ သတင်းရင်းမြစ်တွေကလည်း
စိုးရိမ်စရာ အဆင့် ရောက်နေပါပြီ

ကူမင်းဆွေးနွေးပွဲ မစခင်အချိန်မှာပဲ
ရှမ်းမြောက် ဟိုပန်မှာ UWSA က ဦးစီးပြီး
EAOS အားလုံးရော
PDF အဖွဲ့အစည်းခေါင်းဆောင်တွေပါ
1027 တတိယလှိုင်း ဖွင့်ဖို့ ဆွေးနွေးတိုင်ပင်
ထားပြီးသားပါ
KNU တဖွဲ့ပဲ online ကနေ အစည်းအဝေးတက်တာပါ
ကျန်အဖွဲ့အစည်းအားလုံး တက်ရောက်ကြပါတယ်
ဒီအကြောင်းလည်း တင်ထားဖူးပါတယ်

ထပ်ပြောပြချင်တာကတော့
ရှမ်းရှေ့ကို မတိုက်လောက်ပါဘူးလို့
တွက်မထားသင့်ပါ

ဟိုတိုက်မယ် ဒီတိုက်မယ်လို့ ဆိုက်ဝါးတွေသုံးပြီး
ရှမ်းရှေ့ဝင်တိုက်သွားရင်
ငုတ်တုတ်မေ့ရမဲ့အဖြစ်ပါ
04.02.202510:51
မြဝတီကို ချက်ချင်းမီးဖြတ်ရန် ထိုင်းဝန်ကြီးချုပ် အမိန့်ပေး

ထိုင်းဝန်ကြီးချုပ် ပေတောင်တန် ရှင်နာဝပ်က မြန်မာ-ထိုင်း နယ်စပ်တွင် လုပ်ကိုင်နေသော ကျားဖြန့် ငွေလိမ်လုပ်ငန်းများအား လျှပ်စစ်မီးနှင့် လောင်စာဆီ ချက်ချင်းဖြတ်တောက်ရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်း သတင်းများတွင် ဖော်ပြသည်။

အဆိုပါ လိမ်လည်သူများသည် ထိုင်းနိုင်ငံမှ ပေးသွင်းသော လျှပ်စစ်မီးနှင့် လောင်စာဆီများကို အသုံးပြုနေကြောင်း သက်သေထင်ရှားပါက ချက်ချင်းဖြတ်တောက်နိုင်ကြောင်း ယနေ့တွင် ပြောကြားခဲ့သည်။

မြန်မာ-ထိုင်း နယ်စပ်ရှိ မြန်မာပြည်သူများက ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးနှင့် လောင်စာဆီကို အားထားနေရသည်။

"ကျမတို့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရမယ်" ဟု ဝန်ကြီးချုပ်က ဆိုသည်။

အဆိုပါဂိုဏ်းများ၏ လုပ်ရပ်သည် ထိုင်းပြည်သူများနှင့် နိုင်ငံ၏ ပုံရိပ်အပေါ် ကြီးမားသည့် သက်ရောက်မှု ရှိနေ၍ ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ လိုအပ်နေကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကို ယနေ့ စတင် လုပ်ဆောင်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phutham Wechayachai သည် အမျိုးသားလုံခြုံရေးကို ထိခိုက်စေပါက ပြည်နယ်လျှပ်စစ်အာဏာပိုင်အဖွဲ့အနေဖြင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားပေးသွင်းမှုကို ချက်ချင်း ဖြတ်တောက်နိုင်ကြောင်း ပြောခဲ့သည်။

၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ထိုင်းနိုင်ငံသား ၅၀၀,၀၀၀ ကျော်သည် လိမ်လည်မှုများ၏ သားကောင်ဖြစ်ခဲ့ရပြီး ဘတ်ငွေ ၆၀ ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
DKBA တပ်သက်သာချောင်ချိရေး ဂိမ်းဆိုင်နှင့် Our Day ဆိုင်များအပြီးတိုင် ပိတ်သိမ်းရန် ဗဟိုကော်မတီမှ​ အကြောင်းကြား

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်( DKBA) က ဇန်နဝါရီလ(၃၁)ရက်နေ့ရက်စွဲဖြင့် မြ၀တီမြို့ အနီးတဝိုက်ဖွင့်လှစ်ထားသော တပ်သက်သာချောင်ချိရေး  ဂိမ်းဆိုင်များ၊ Our Day ဆိုင်များကို ပိတ်သိမ်းရန် အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ လက်အောက်ခံကွပ်ကဲရေး၊ ဗျူဟာအဆင့်ဆင့် သို့ ညွန်ကြားစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Көрсетілген 1 - 24 арасынан 309
Көбірек мүмкіндіктерді ашу үшін кіріңіз.