Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Ko Myo Win avatar
Ko Myo Win
Ko Myo Win avatar
Ko Myo Win
'' ငမျိုးရေ လိုအပ်ချက်တွေ အမျိုးမျိုးနဲ့ တို့ပြည်သူတွေ ကြုံနေရတာကို နမူနာပြောပြကြည့်စမ်းပါအုံး ဟ ''

ကွီးစိုး

'' ပြည်သူက ဒီလို မိန်းမနဲ့ ညားထားတဲ့ လင်လို ဖြစ်နေတာ ဗျ ''

ကွီးမျိုး
တချို့ စစ်သူကြီးတွေက မရှိကို အရှိဖြစ်အောင် ဟိတ်ဟန်အတွက် ဥာဏ်ကောင်းကြတယ်လေ ။

ရရှိကြောင်းပါတဲ့
=================

မနေ့က တင်လိုက်တဲ့ နမခစစ်တိုင်းထဲက ရိက္ခာမရတဲ့ ပြဿနာ ၄ ခုထဲက နံပါတ် ၂ ပေါက်မြို့တောင်ပိုင်းက ကျေးရွာ ၅ ရွာအတွက် Ari drop ချပေးသွားကြောင်း သတင်းကောင်း ကြားသိရပါတယ် ။

လုပ်မပေးတာ တင်ပြသလို လုပ်ပေးတာလည်း သတင်းပြန်တင်ပေးလိုက်ရပါတယ် ။ ကျန်ဒေသများကိုလည်း အမြန်ဆုံး ကူညီနိုင်ကြလိမ့်မယ်လို့ ယုံကြည်ချင်နေကြပါတယ် ။ ရာနှုံးပြည့်တော့မယုံရဲကြသေးပါဘူး ။ ခွဲမကုန်တဲ့ ဖရဲခင်းကြီးက ကြီးမားများပြားလွန်းလို့လေ ။

ကိုရွှေမျိုးဝင်း
06.05.202512:27
ပိုရင်နှုတ် လိုရင်ဖြည့်ကြပါ
=========================

အခုတလော မြင်းခြံမှာ အတော်လေး ပွဲချီစိတ်နေပါတယ် ။ ကိုယ်ရေးရင် အနဲနဲ့အများ ဖိအားဖြစ်နေမှာစိုးလို့ မရေးပဲ ထားတာ ကြာပြီ ။

တနေ့က ဂွေးပင်ရိုးရွာ တိုက်ပွဲ ဖြစ်တယ် ။ ပဒက်သိုက်ကို အုံလိုက်မြုံလိုက် အမြစ်က ဆွဲနှုတ်နိုင်ကြတယ် ။ မကြေပွဲ နွဲဖို့ ပဒက် ၃၀၀ လောက်နဲ့ ဂွေးပင်ရိုးကို ပြန်လာတိုက်ပေမယ့် ထုံးစံအတိုင်း ပဒက်တွေပဲ ပြန်ပြေးကြရတာပဲ ။

6 - 5 - 2025 ဒီနေ့က တံစိုး မလည် ရွာမှာ ပဒက်သိုက် အကြီးပိုင်းတွေ အစည်းအဝေးလုပ်တယ် ။ သတင်းအရ အချိန်ကိုက် လေတပ်က ဝင်ကြုံးတယ် ။ ပဒက် ၅၀ နဲ့ ၁၀၀ ကြား ကြွကုန်တယ်ဆိုတဲ့ မြေပြင်သတင်းက ၂ နေရာ ၃ နေရာက ကြားရတော့ မှန်လောက်ပါတယ် ။

အမှန်က ဒါကို သတင်းလို့တောင် မဆိုနိုင်ပါဘူး ။ မြင်းခြံနယ်မှာတော့ ပဒက်ဆိုတာ လက်နက်မဲ့ ပြည်သူကိုသာ အနိုင်ကျင့်ရဲတာပါ တပ်မတော်နဲ့ ပြည်သူ့စစ်ဆို ခွေးပြေး ဝက်ပြေး ပြေးနေကျ ။ ခွေးသေ ဝက်သေ သေနေကျလေ ။ လေလုံးထွား ဝါဒဖြန့်ရုံအဆင့်ပါပဲ ။


ကျနော်ပြောချင်တဲ့ သတင်းက အခုမှ လာမှာပါ ။ မြင်းခြံပြည်သူ့စစ်တွေ ယခုရက်ပိုင်းအတွင်း နိုင်ပွဲ ဆက်နေတာ အရေးကြီးတဲ့ အထောက်အပံ့ရှိနေတယ် ။

အဲဒါကတော့ မြင်းခြံသံမဏိ စက်ရုံက တပ်မတော် လုံခြုံရေးတပ်ဖွဲ့ပဲ ။ အရင်ပြောင်းသွားတဲ့ ဗိုလ်မှူးနေရာ ရောက်လာသော ဗိုလ်ကြီးသည် အလွန်အလုပ် လုပ်သူဖြစ်ပါတယ် ။

စက်ရုံနဲ့ စပ်ဆက်နယ်မြေတိုက်ပွဲတိုင်းကို သူဦးဆောင်ကူညီလေ့ရှိပါတယ် ။ ဖော်ပြမရတဲ့ အကြောင်းကတော့ သံမဏိစက်ရုံ လုံခြုံရေးအင်အားပါပဲ ။ ယခု တကယ်အလုပ်လုပ်သူ လက်ထက်မှာ ပေးပို့ထားတဲ့ အင်အားက ယခင် ဘာမှ မလုပ်တဲ့ အင်အားလောက် မများပါဘူး ။

ဗိုလ်ကြီးခမျှာ စက်ရုံလုံခြုံရေးအတွက် နောက်ဆံတင်းနေရတဲ့ အချက်တချက်လည်း ရှိနေပါတယ် ။ အကယ်၍ ယခင်အတိုင်း စက်ရုံလုံခြုံရေး အင်အား ပို့ဆောင်ပေးပါက ယခုထက် PDF နှိမ်နင်းရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ပါလိမ့်မယ် ။

ယခုအနေအထားက အရှိန်နဲ့ ပြေးမယ့်သူကို ဆာလာအိတ်စွပ် ပြေးလိုင်းသကဲ့သို့ ဖြစ်နေတယ်လို့ မြင်မိပါတယ် ။ PDF နှိမ်နင်းရေးအတွက် သံမဏိစက်ရုံ လုံခြုံရေးအင်အား ထပ်မံဖြည့်တင်းပေးနိုင်ပါရန် အကြံပြုပါတယ်ခင်ဗျား ။

သတ္တိရှိသော မသီတာယုမွန်တို့ ပြည်သူ့စစ်များအား အရည်အချင်းပြည့်ဝ၍ သစ္စာရှိသော တပ်မတော်အရာရှိများရဲ့ ဦးဆောင်မှုဖြင့် လက်တွဲညီညီ PDF နှိမ်နင်းရေး စဥ်ဆက်မပျက် ဆောင်ရွက်ပါက တနယ်လုံး အမြန်ဆုံး အေးချမ်းသွားလိမ့်မယ်လို့ ယုံကြည်လျှက်.....

ကိုရွှေမျိုးဝင်း
05.05.202504:01
မင်းတို့ရဲ့ ယုံကြည်ချက်ကြောင့် အသက်ပေးရမယ်ဆိုတဲ့ ပေါကြောင်ကြောင် မြှောက်လုံးတွေနဲ့ အသက်ပေးသင့် မပေးသင့် စဥ်းစားပေတော့ ။ မင်းတို့ အရမ်းအထင်ကြီးတဲ့ နိုဘယ်ဆုနဲ့ ပြန်ပိတ်ပေးလိုက်မယ် ။

'' ငါကတော့ ယုံကြည်မှုအတွက် ဘယ်တော့မှ အသက်မပေးဘူး ။ ငါ့ ယုံကြည်မှုဆိုတာကလည်း မှားယွင်းနိုင်တာပဲ လေ ''

( နိုဘယ်ဆုရှင် ဘာထရမ်ရပ်ဆဲ)

မင်းတို့ ယုံကြည်မှု မှားလား မှန်လား ပြန်တွေး ၊ အသက်ပေးသင့် မပေးသင့် ပြန်စဥ်းစား ။

ကိုရွှေမျိုးဝင်း
04.05.202502:36
အစုတ်အပြဲ ဘာနဲ့တဲမလဲ....?
=========================

"စစ်တိုက်တဲ့ နည်းပဲ ရှိတော့တာလား အခြားနည်း မရှိတော့ဘူးလားကွ ''

"ရှိတယ်လေ ရှိလို့ပဲ ဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားတာပေါ့ ကိုစိုးရာ ''

"ငါကတော့ အကွဲအပြဲကို အမာလိုင်းနဲ့ ဖာထေးတာထက် အပျော့လိုင်းနဲ့ ဖာထေးတာ ပိုကောင်းမယ်လို့ ယူဆတယ်ကွ ''

"အင်း ဟုတ်ပါပြီ ဘာကြောင့်အဲလို ထင်ရတာလဲ ကိုစိုးရ ''

"စဥ်းစားကြည့်ကွာ အဝတ်စတခု စုတ်နေတာကို အမာစားအပ်ချိတ် နဲ့ တွဲချိတ်ပြီး ဖာထေးစေ့ယူတာနဲ့ ပျော့ပြောင်းတဲ့ အပ်ချည်ကြိုးနဲ့ စနစ်တကျ ချုပ်ထားတာခြင်း ယှဥ်ကြည့်လေ သပ်ရပ်မှု စေ့စပ်မှုမှာ တခြားဆီပဲ ကွ ''

"သိပ်ကောင်းတဲ့ အတွေးအခေါ်ပါပဲ ကိုစိုးရေ တခုတော့ ခင်ဗျားမေ့နေဟန်ပဲ ဗျ ''

"ဘာမေ့နေတာလဲ ကွ ''

"ခင်ဗျားပြောတဲ့ ပျော့ပြောင်းသော ၊ စေ့စပ်သေချာစေသော ၊ သပ်ရပ်လှပသော အပ်ချည်ကြိုးလေး လိုရာခရီးရောက်ဖို့အတွက် သူ့ရှေ့က ချွန်သော ၊ စူးသော ၊ မာကျောသော အပ်ချောင်းလေး နဲ့ ဦးဆောင်ထိုးဖောက်ပေးဖို့တော့ လိုတယ်ဗျ ''

"ဟေ.....ဒါဆိုရင်......''

"ဒီကနေ့ ပြည်သူတွေ ဝေဖန်ထောက်ပြနေကြတာ အဲဒါပဲဗျ အကွဲအပြဲတွေကို ပျော့ပြောင်းတဲ့အရာနဲ့ သပ်ရပ်စွာ စေ့စပ်စွာ စပ်ဟပ်ဖာထေးနိုင်တာ ပိုကောင်းမှန်းသိကြပါတယ် သို့သော် အပ်ချည်ကြိုးသပ်သပ်နဲ့ အဝတ်စထိုးပြီး ချုပ်လို့မရတော့ဘူး ချွန်သောထက်သော အပ် နဲ့ ထိုးဖောက်ချုပ်လုပ်မှသာ ခရီးရောက်မယ်လို့ အကြံပြုနေကြတာဗျ ''

"အေး ငမျိုးရေ ပြည်တွင်းစစ် အတွေ့အကြုံ ၇၅ နှစ်ရှိနေတဲ့ တပ်မတော်အတွက် အဝတ်စကို အပ်ချည်ကြိုးသပ်သပ်နဲ့တော့ မိုက်မိုက်မဲမဲ ထိုးနေမှာ မဟုတ်ပါဘူး ကွာ အချိန်ကျလာရင် ဗေထိ သံလေးတွေ ကြားလာရမှာပါပဲ ''

"အင်း ဗေထိဆို ကိုယ်မကွဲတော့ လိုတာပေါ့ ကိုစိုးရာ ''

"အင်း ဒါလည်း အရေးကြီးတာပဲ ကွ ''

ကိုရွှေမျိုးဝင်း

( 9-5-22 တုန်းက ပို့စ် ဟောင်းလေးကို အနည်းငယ်ပြင်ဆင်ပြီး ပြန်တင်လိုက်တာပါ )
01.05.202517:31
ရင်ပူနေကြတဲ့ ဘင်္ဂလားအရေး
=========================

မန့်တွေနဲ့တမျိုး ဖုန်းဆက်ပြီး တဖုံ ဘင်္ဂလား နဲ့ ရခိုင်အရေး တယောက်ပြီး တယောက် လာမေးနေလို့ တင်ပြလိုက်ရပါတယ် ။

၁ ။ ယခင်က ပွထနေတဲ့ ဘင်္ဂလား တပ်မ ၃ ခု AA ကို လက်နက် ရိက္ခာထောက်ပံ့မယ် ၊ အမေရိကန်က နောက်က ပံ့ပိုးမယ်ဆိုတဲ့ သတင်းက တိုင်းပြည်ချင်း စစ်ခင်းရမယ့် ပြဿနာကြီးမို့ မဟုတ်နိုင်ကြောင်း တင်ပြခဲ့ပါတယ် ။

၂ ။ ယခု Hot ဖြစ်နေတဲ့ ဘင်္ဂလားကနေ တရုတ်နဲ့တွေ့ဆုံပြီး ရခိုင်ပြည်အား သီးခြားနိုင်ငံထူထောင်ခွင့်ရရန် တရုတ်မှ ကူညီဖို့ တောင်းဆို ။ ထွက်ပြေး ဘင်္ဂလီများအား ရခိုင်မှာ နေရာချထားပေးပြီး နယ်မြေပေးရမယ် ဘာညာပေါ့ ။

OK တောင်းဆိုတာမှန်တယ် ။ တောင်းဆိုတဲ့သူက ဂျမတ်အီအစ္စလာမ်မီ တဲ့ JI ပါတီဝင် ။ 28 - 4 - 2025 မှာ တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အဖွဲ့ကို ပြောဆိုခဲ့တာပါ ( တရုတ်အစိုးရကိုမဟုတ်ပါဘူး) ။ တွေ့ဆုံတာကလည်း ဟိုတယ်ဝက်အင် မှာတဲ့ ။

JI ပါတီဟာ ယခုကာလမှာ တရားဝင်ပါတီတောင် မဟုတ်တော့ပါဘူး ။ ဘာသာရေးလိုလို လူ့အခွင့်အရေးလိုလို အဖွဲ့အစည်းအဆင့်ပဲ ရှိပါတယ် ။ ဒီတော့ ဒီပြဿနာက ဘာသာရေးအစွန်းရောက် အဖွဲ့ရဲ့ လူပိန်းကြိုက်တောင်းဆိုမှု အဆင့်ပါပဲ ။

၃ ။ လက်ရှိ ဘငျ်ဂလားအဈိုးရကလညျး တောင်းဆိုကြပါတယ် ။ မြန်မာပြည်က ထွက်ပြေးလာတဲ့ ဘင်္ဂလီတွေကို လက်ခံဖို့ ဖိအားပေးပါတဲ့ ။ တရုတ်ကိုယ်စားလှယ်အဖွဲ့က ပြန်ပြောပါတယ် တရုတ်နိုင်ငံ ပေါ်လစီသည် သူတပါးပြည်တွင်းရေး ဝင်မစွက်ရဆိုတဲ့ မူကို လက်ကိုင်ထားလို့ မဖြစ်နိုင်ပါဘူးတဲ့ ။

၄ ။ ဘင်္ဂလားတွေက ရခိုင်ကို သူတို့မြေပုံထဲတောင် ထည့်ဆွဲထားတယ်ဆိုပြီး ဖွနေကြပြန်ပါတယ် ။ မှန်ပါတယ် အဲလို ဆွဲထားကြတာ ကြာပါပေါ့ဗျာ ။ ဘင်္ဂလီ Vs ရခိုင်အရေးအခင်း ကတည်းက ဆွဲထားတဲ့ မြေပုံတွေပါ ။ အခု အချိန်ကိုက် တကျော့ပြန် ဖွနေကြတာပါ ။

၅ ။ လူသားခြင်းစာနာမှု စင်္ကြန်တည်ဆောက်ရေး ဆိုတဲ့ ကုလရဲ့တောင်းဆိုမှု အပေါ် စိုးရိမ်ကြပြန်ပါတယ် ။ ကုလကတော့ မြန်မာအစိုးရကို အမြဲ ဒုက္ခပေးနေကြမို့ ရတဲ့ အပေါက်က ပေးဖို့ ကြံစည်တာပါပဲ ။ ဘင်္ဂလားဘက်ကတော့ နှစ်နိုင်ငံ မျက်နှာပျက်ရမယ့် ကိစ္စမို့ နစက နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပဲ လေသံပစ်နေပါတယ် ။ ဒီကိစ္စကလည်း ဘယ်လို အဆိုပြုပြု နစက ကနေ NO ဆိုတာနဲ့ ပွဲသိမ်းပါတယ် ။

ကျနော်ပြောချင်တာက ဒီသတင်းတွေကြောင့် စိတ်ပူရမှာ မဟုတ်ပါဘူး ။ ရခိုင်ကိစ္စက အမြဲတမ်း တွေးတောပူပန်ပြီး ထာဝရ ကြိုတင်ကာကွယ်ထားရမယ့် ကိစ္စဖြစ်ပါတယ် ။

ကဲ အခုပြောထားတဲ့ သတင်းတွေသာ မှန်ကန်ခဲ့မယ်ဆိုရင် CNN ၊ BBC တို့လို ထိပ်တန်း သတင်းဌာနတွေက အုံနဲ့ကျင်းနဲ့ ပြောနေပြီပေါ့ဗျာ ။ နိုင်ငံတခု နဲ့ တခု စစ်ခင်းရမယ့် သတင်းထက် ဘယ်သတင်းက ပိုကြီးအုံးမလဲ ။ ITTEFAQ ဆိုတဲ့ လူသူသိပိမသိတဲ့ ဒီဂျစ်တယ်မီဒီယာက ပဲ ရေးသားထားတာ တွေ့ရပါတယ် ။

အများက အရမ်းကြီးကို စိုးရိမ်တကြီး ပူပန်နေချိန်မှာ ကျနော်က ပြောလောက်အောင် မဟုတ်ပါဘူး ထပြောနေရတာ သိပ်တော့မကောင်းလှပါဘူး ။ လာပြီး မေးလွန်း ပြောလွန်း လို့သာ လေ့လာမိသလောက် ပြန်ဖြေပေးလိုက်တာပါ ။

အပူမီးတွေ တောက်လျှောက်လောင်ကျွမ်းနေရတဲ့ တိုင်းပြည်ချစ်သူတွေ အတွက် ချင့်ချိန်လောင်ကြဖို့ လေ့လာမိသလောက် မျှဝေလိုက်ခြင်း ဖြစ်ပါတယ် ။ ကမ္ဘာ့ သတင်းစာတွေမှာ ထိပ်သီးသတင်း အဖြစ် ဝေဝေဆာဆာ ဖော်ပြနေကြရင်ဖြင့် ခါးတောင်းကြိုက်ထားဖို့ အကြံပြုမိမှာပါပဲ ။

စိတ်ပူရမှာပေါ့ ကြိုတင်ပြင်ဆင်ရမှာပေါ့ ဆိုရင်လည်း မမှားပါဘူး ။ ကြိုတင်ပြင်ဆင်လောက်တဲ့ အင်အား ၊ ငွေကြေး ၊ အသိဥာဏ် ရှိဖို့ လိုအပ်တာလည်း သတိထားရမှာပါပဲ ။ အရေးကြီးတာ ကိုယ့်အင် ကိုယ့်အားလေးနဲ့ ချိန်ဆပြီး ဘာကို ဦးစားပေး လုပ်ကြမလဲဆိုတဲ့ ဆုံးဖြတ်ချက် မှန်ကန်ဖို့ပါပဲ ။


ခြုံထဲက မြွေထက် ခြေထောက်ခဲထားတဲ့ မြွေကို သတ်ဖို့က ပိုအရေးကြီးနေသလားလို့.....

ကိုရွှေမျိုးဝင်း
09.05.202510:42
မဆုံးနိုင်တဲ့ ပြုပြင်စရာများ
========================

ဖတ်ရသူတွေ စိတ်ပျက်စေမယ့် ကိစ္စတွေ မရေးချင်ပေမယ့် အနာဂါတ် တပ်မတော်အတွက် မဖြစ်မနေ ပြင်ဆင်သင့်တဲ့ ကိစ္စတွေမို့ ရေးပြပါအုံးမယ် ။

လွန်ခဲ့တဲ့ နှစ်များစွာတုန်းက စပြီး ကြားခဲ့မိတာပါ ။ ငါ့ညီရေ ပြောရင် မင်းယုံမှာတောင် မဟုတ်ဖူး ငါတို့ စစ်တပ်က ရှေ့တန်းထွက်ဖို့ လက်နက် ခဲယမ်း သွားထုတ်ရင်ကို လာဘ်ပေး လာဘ်ယူ လုပ်နိုင်မှ ကောင်းကောင်းကန်းကန်း ရှောရှောရှူရှူ ထုတ်လို့ ရတာဗျာ တဲ့ ။

ပင်စင်စား စစ်သားကြီးက အဲသလို ပြောခဲ့ပေမယ့် ကျနော်မယုံကြည်ခဲ့ပါဘူး ။ ယုံစရာမှ မဟုတ်တာလေဗျာ ဘယ်တိုင်းပြည်ရဲ့ တပ်မတော်မှာမှ မကြားဖူးတဲ့ ကိစ္စကြီးလေ ။

အဲဒါ တနေ့ကမှ ဒီစကားပြန်ကြားရပြီး အံ့သြလွန်းလို့ ပြောပြချင်မိလာပြန်တယ် ။ ဒီတခါ ကကနက် နဲ့ စကားများရအုံးမယ် ထင်ပါရဲ့ ။

ကကနက် ဆိုတာ ကပစ တွေဆီက လက်နက်အသစ်တွေ ခဲယမ်းအသစ်တွေ လက်ခံမယ် ။ တိုက်ခိုက်ရေး တပ်တွေကို ပြန်လည်ဖြန့်ဝေပေးရတဲ့ အလုပ် လုပ်ကြရတယ်ပေါ့ဗျာ ။

ပထမဆုံး ကကထုတ် ( ကပစ) တွေ လက်နက်လာအပ်ရင် လက်ခံတယ် ။ အဲဒီ အဆင့်မှာ ချောချောမွေ့မွေ့ လက်ခံဖို့ ( မရစ်ဖို့) သူတို့မှာတာ လက်ဆောင်စပေးရပါပြီ ။ အနည်းဆုံး ညီလေးရေ အထပ်သား ၁၀ ချပ်လောက်ကွာ ဆိုတဲ့ တောင်းဆိုချက်က စတတ်ပါတယ် ။

ကပစ တွေက အပ်နှံတဲ့ လက်နက်အတွက် အပြည့်အစုံ အပ်နှံပေးကြပါတယ် ။ ဥပမာ သေနတ် ၅ လက်ဆိုရင် သေနတ်ထည့်တဲ့ သေတ္တာ ၁ လုံးနှုံးရယ် ၊ သေနတ်တလက်ခြင်း အတွက် သန့်ရှင်းရေးလုပ်ရမယ့် ရေနံဆီ ဘာညာ အစ ပြည့်စုံအောင် ပူးတွဲထည့်ပေးရပါတယ် ။

ကဲ လာပါပြီ တိုက်ခိုက်ရေးတပ်တွေ လက်နက်ထုတ်မယ့် အလှည့် ။ သေနတ်ကို သေတ္တာနဲ့ ကျကျနန အထိအခိုက်မရှိ လိုချင်သလား လာထား သေတ္တာတလုံး ၂၀၀၀၀ ( ဥပမာ) ၊ သေနတ်အတွက် သန့်ရှင်းရေးပစ္စည်း အကုန်လိုချင်လား လာထား ၂၀၀၀၀ ( ဥပမာ) ။

လာပြီးထုတ်တဲ့ တာဝန်ခံရဲဘော်ခမျှာ ဘယ်ကပိုကိဆံအပို ပါမလဲလေ ။ ဒီတော့ သေနတ်သေတ္တာမယူတော့ဘူး ၊ ပါလာတဲ့ ပုဆိုးနဲ့ ထုပ်ယူမယ် ။ သန့်ရှင်းရေးအတွက် အပျိုပစ်စညျး ၅ လက်စာကို ၂ လက်အတွက်ပဲ ပေးလည်း ယူလာရတာပဲ ။

ဒီတော့ ဘာဖြစ်သလဲ နောက်ဆက်တွဲဆိုးကျိုးကြည့်ပါ ။ သေတ္တာနဲ့ စနစ်တကျ သယ်ရမယ့် သေနတ်က ပုဆိုးနဲ့ စုထုပ်သယ်လာတော့ တခုနဲ့တခု ဖိမိ ထိမိ တိုးမိပြီး ကျည်ဘောက်တွေ၊ သေနတ်က ကျည်ဘောက်အိမ်တွေ ရွဲ့စောင်း ပိန်လိန်သွားနိုင်ပါတယ် ။ မိုးထဲရေထဲ ကျည်ဘောက် ချောင်တာ ကြပ်တာ ဖြစ်ပြီး သောက်ကျိုးနည်းရပါလိမ့်မယ် ။

ဒီလောက် အနုစိတ် အသေးစား ပြဿနာတွေ ( တကယ်တမ်းကျတော့ အင်မတန်ကြီးမားတဲ့ ပြဿနာပါ) ကို ဟိုးးးအပေါ်ကလူတွေ မသိနိုင်လောက်ဘူးဗျ ။ တပ်ထဲမှာ အထပ်သားတောင်းတာ နဲ့ သောင်းဂဏန်းလောက် တောင်းတာ အသေးအဖွဲလို့ ယူဆနေကြဟန်ပါပဲ ။ အောက်မှာပဲ အလွယ်တကူ ဖျောက်ဖျက်ထားကြလို့ အသံသိပ်မထွက်တာခင်ဗျ ။

ရိက္ခာ ထောက်ပံ့ရေး ပြဿနာလိုပဲ လက်နက်ထောက်ပံ့ရေး ပြဿနာကလည်း အင်မတန် အရေးကြီးပါတယ် ။ ရိက္ခာ ထုတ်လုပ်ရေး / ဖြန့်ချီရေး ၊ လက်နက် ခဲယမ်း ထုတ်လုပ်ရေး / ဖြန့်ချီရေး ဆိုတာ တပ်မတော်တရပ်အတွက် အသက်ပါပဲ ။

စတန်းဒက် Army အတွက် ကကြီး ခခွေး အဆင့် ဒီ ၂ ဆင့်ကိုပဲ အမြန်ဆုံး စတင် ပြုပြင်ပြောင်းလဲသင့်ပါကြောင်း......

ကိုရွှေမျိုးဝင်း
07.05.202512:36
ဖောင်းပြင်မြို့က တောင်းဆိုသံများ
06.05.202503:51
ကဲ မဲဘယ်လိုခိုးလဲကြည့်လို့ရပြီ ။ မဲခိုးထားတဲ့ 10482116 ( 28.17%) ဆိုတဲ့ လူဦးက ဒီမှတ်ပုံတင် နံပါတ်နဲ့ ဒီလူတွေပဲ ဟိုမြို့ပါလိုက် ဒီမြို့ပါလိုက် ဖြစ်နေတာ ။ မဲလက်မှတ်ယူတဲ့ စာရင်းထဲမှာ ဒီလူတွေပဲ စစ်ဆေးတွေ့ရှိထားကြတာလေ ။

လက်သန်း မင်တို့ရတာဟုတ်တယ် ၊ တခြားမြို့မှာလည်း အဲဒီအမည်နဲ့ မင်တို့ပေးနေပြန်ပြီလေ ။ မဲ ပုံးလိုက်လဲကြတယ် ပိုလျှံမဲ ဆိုတာ အဲသလို ၊ တကယ်လက်မှတ်ထုတ်ထည့်ထားတာ လူ ၁၀၀၀ ဆိုရင် မဲပုံးလိုက် လဲလိုက်တာ လူ ၁၅၀၀ ဖြစ်နေရော ( နိုင်ငံလင်း အဲသလို ခိုးလို့ လူတွေ ပိုကုန်တာ)

မဆန့်မပြဲ မဲခိုးထားလို့ ဘယ်လိုမှ ဖြေရှင်းမရတော့လို့ ဖင်ပိတ်ငြင်းရင်း အာဏာအထိမ်းခံရတာ ။ ကဲ မဲ ဘယ်လိုခိုးသလဲ မြင်ပြီလား..? မဲ ရုံထဲက အပေါက်စောင့် အဆင့် ၊ တံမျက်စည်းလှဲအဆင့် ၊ မင်အိုးကိုင်အဆင့်တွေ သိမယ်ထင်နေကြသလား... ?


မဲ လက်မှတ်ကို မှတ်ပုံတင်ပြနိုင်မှ ထုတ်ပေးရမှာကို ရပ်ကျေး လက်မှတ်နဲ့ ထုတ်ပေးခဲ့တာ ( မှတ်ပုံတင်မလိုပဲ) မဲခိုးဖို့ဟ ။ ကြိုတင်မဲတွေ ပြောမနေနဲ့တော့ လုပ်ချင်တိုင်းလုပ်ထားကြတာလေ ။

လူ ၂ ယောက်တည်း တခန်းထဲနေကြတယ် ။ တယောက်က ပစ္စည်းပျောက်တယ် ။ အတူနေသူရဲ့ သေတ္တာထဲ မသင်္ကာ လို့ရှာချင်တယ် ။ ဟိုလူက အရှာမခံဘူး ပစ္စည်းက သူသေတ္တာထဲမှာလေ ။ ဒီတော့ အရှာမခံလို့ကို သူခိုးဆိုတာ သေချာနေတာပေါ့ ။ သေတ္တာရိုက်ချိုးရှာတော့ ခိုးရာပါပစ္စည်း တွေ့တာပဲ ။

အခု ဖြစ်နေတဲ့ မဲသူခိုးမှုက အဲသလိုပဲ ။ ခိုးမထားရင် သေတ္တာပါ မှောက်ချပြပြီး စွတ်စွဲသူကို နရင်းအုပ်မှာပေါ့ကွာ ။ သူခိုးမို့ အရှာမခံနိုင်တာပေါ့ ။ ရှင်းနေတာကို ရှုပ်အောင်လုပ်ပြီး စောက်မှုပွေနေသူတွေပါကွာ ။

အခုပြောထားတဲ့ စာရင်းတွေကို တရားဝင် သွားကြည့်လို့ရတယ် ။ မဲသူခိုးလှသိန်းတို့ လုပ်ထားတဲ့ စာရင်းတွေအတိုင်းပဲနော် ။ နိုင်ငံတကာက ပညာရှင်တွေ လေ့လာပြီးပြီ ။


မဲခိုးမှု ဖြစ်စဥ်ကြီး မှန်လွန်းမက မှန်နေလို့ မဲသူခိုးခေါင်ချုပ် ဒေါ်စုကြည်ကို လွှတ်ပေးဖို့ သိက္ခာရှိတဲ့သူဆို ဘယ်သူကမှ ပြင်းပြင်းထန်ထန် မတောင်းဆိုရဲကြတော့ဘူး ။ ဟုတ်မဟုတ် ပြန်လေ့လာကြ ကိန်းဂဏန်းတွေ ဖြစ်စဥ်တွေကို ဥာဏ်မမှိတာနဲ့ ဖင်ပိတ်ငြင်းမနေနဲ့တော့ ။

ကိုရွှေမျိုးဝင်း
05.05.202504:01
အသက်ပေး ယုံကြည်မှုတဲ့လား....?
=============================

လူဆိုတာ ယုံကြည်မှုအတွက်ဆို အသက်ပေးရဲသတဲ့ ။ အဲသလို ဖြစ်အောင်လည်း နည်းမျိုးစုံနဲ့ ဝါဒမှိုင်းစွဲအောင် ဖန်တီးပြီး လုပ်ဆောင်နေကြလေရဲ့ ။ ဒီတော့ ယုံကြည်မှုကို ပြန်လေ့လာကြဖို့ မလိုဘူးလားဗျာ ။

ဒီနေရာမှာ ကမ္ဘာကျော် နိုဘယ်ဆုရှင် ဒဿနပညာရှင် ရော သင်္ချာပညာရှင်ကော ဖြစ်တဲ့ ဘာထရမ်ရပ်ဆဲက စကားက စဥ်းစားစရာပေးလာတာ တွေ့ရပါတယ် ။

'' ငါကတော့ ယုံကြည်မှုအတွက် ဘယ်တော့မှ အသက်မပေးဘူး ။ ငါ့ ယုံကြည်မှုဆိုတာကလည်း မှားယွင်းနိုင်တာပဲ လေ '' တဲ့ ။

အသေအချာ တွေးကြည့်လေ သဘောကျလေပါပဲ ။

- ကျနော်တို့ ၅ နှစ်သားတုန်းက အမှန်တရားလို့ ယုံကြည်ခဲ့တာတွေက ဆယ်ကျော်သက်အရွယ်မှာ ရီစရာတွေ ဖြစ်ပြီ ။

- ဆယ်ကျော်သက်အရွယ်က ယုံကြည်တာတွေဟာ အသက် ၃၀ လောက်ဆို သောက်တလွဲတွေမှန်း သိလာရပြီ ။

- ၃၀ အရွယ်က ယုံကြည်မှုတွေက ၅၀ / ၆၀ မှာ ဘယ်လိုအမှားတွေ ရောထွေးနေသလဲ သိလာရပြီ ။

ငါရဲ့ ယုံကြည်မှုက ဘယ်တုန်းကမှ မပြောင်းလဲဘူးကွ ဆိုရင်ဖြင့် ဆေးစစ်ကြည့်ဖို့ အကြံပြုချင်ပါတယ် ။ ဒေါင်းဆင်းဒရုန်း ကလေးလို ဥာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းတဲ့ ရောဂါအနုစား ရနေသလားလို့ပေါ့လေ ။

ဒီနေ့ ဖြေရှင်းနေရတဲ့ ပြဿနာတွေထဲက PDF ပြဿနာက အဲဒီ ယုံကြည်မှုကို အသက်ပေးမယ်ဆိုတဲ့ ပြဿနာပါပဲ ။ မင်းကိုနိုင်တို့ ဒေါ်စုကြည်တို့ ၊ နိုင်ငံရေးလုပ်စားကလိမ်ကကျစ်တွေ ၊ စာရေးဆရာတွေ ထည့်ပေးထားတဲ့ ယုံကြည်မှု အမှားတွေကြောင့် ဖြစ်လာကြရတာပါ ။

လူ့အခွင့်အရေးတဲ့ ၊ တပ်မတော်က တိုင်းပြည်ကို ဖျက်ဆီးသတဲ့ ၊ ပညာရေးကို ဖျက်ဆီးသတဲ့ ၊ ပြည်သူကို နှိပ်စက်သတဲ့ ၊ သံယံဇာတတွေကို ခိုးသတဲ့ ၊ တိုင်းပြည်ကို ရောင်းစားသတဲ့......အဲဒါတွေကြောင့် တော်လှန်ကြတာ မှန်သတဲ့ ။ အသက်ပေးတော်လှန်ရမတဲ့... ။ ကိုင်းးးးကြည့်ကြစို့......

- တပ်မတော်က ဝေဖန်တဲ့သူကို ( ဝေဖန်ရုံသက်သက်ဆိုရင်) တရားစွဲထောင်ချတယ် ။ ဒါမျိုး NLD လည်း လုပ်တာပဲ { ၅၀၅ လိုပုဒ်မ အရင်တုန်းက ထောင်ဒဏ် ၂ နှစ် NLD ကျမှ ၃ နှစ်ပြောင်းတယ် ၊ ၁၂၄ ( က) ဆိုတာ ထောင်တသက်ထိချလို့ရတဲ့ ပုဒ်မ ၊ ဦးသိန်းစိန်လက်ထက် ဝေဖန်သူတွေကို အဲဒီပုဒ်မနဲ့ တရားမစွဲခဲ့ဘူး မှတ်မိသလောက် NLD လက်ထက်မှာ စကြားဖူးတာပဲ } ။ NUG နဲ့ PDF သောင်းကျန်းနေတဲ့ ခုခေတ် ဝေဖန်ရင် သတ်ပစ်တဲ့အထိ ယုတ်မာ ရိုင်းစိုင်းနေတာ ငြင်းကြမလား...? ကဲ လူ့အခွင့်အရေး ဘယ်သူက ပိုလေးစားသလဲ....?

- တပ်မတော်အုပ်ချုပ်စဥ်ကာလတလျှောက်လုံး လမ်း တံတား ဆည်မြောင်း တာတမံ သင်္ဘောဆိပ် လေဆိပ် ရေအားလျှပ်စစ် ဆေးရုံ စာသင်ကျောင်း မရေတွက်နိုင်အောင် တည်ဆောက်ခဲ့ကြတယ် ။ ကဲ တပ်မတော်ကို တိုင်းပြည်ဖျက်ဆီးပါတယ် ဝေဖန်ပြီး တော်လှန်နေတဲ့ PDF တွေ ဘာလုပ်ကြသလဲ.... ? လမ်း တံတားဖျက်တယ် ၊ လျှပ်စစ်ဓာတ်အားပေးစနစ် ဖျက်တယ် ၊ စာသင်ကျောင်းမီးရှို့ ဗုံးခွဲတယ် ၊ ဆေးရုံဆေးခန်း ပိတ်ခိုင်းတယ် ၊ ကိုင်း တိုင်းပြည်ကို ဘယ်သူက တည်ဆောက်ပြီး ဘယ်သူက ဖျက်နေလဲ မြင်အောင်ကြည့်လေ ။

- စာသင်ကျောင်းတွေ ၊ တက္ကသိုလ်တွေ အများကြီးဖွင့်လှစ်ပြီး ကလေးတွေ ကျောင်းတက်ဖို့ ကျိုးစား ဆောင်ရွက်နေတဲ့ တပ်မတော်ကို ပညာရေးအားမပေးဘူး ၊ ပညာရေးဖျက်ဆီးသတဲ့.... အဲဒါမကျေနပ်လို့ တော်လှန်တဲ့ သူတွေက ကျောင်းမတက်နဲ့ကျောင်းထွက်ဆိုပြီး ကျောင်းသားတွေသတ် ကျောင်းသူတွေ မုဒိန်းကျင့် ၊ ဆရာ ဆရာမတွေ အကြမ်းဖက် သတ်ဖြတ် ကိုင်းး ဘယ်မလဲ မင်းတို့ ပညာရေးအားပေးတာ ဒါလားကွ... ?

- တပ်မတော်က လက်နက်အားကိုးနဲ့ ပြည်သူကို နှိပ်စက်သတဲ့ ။ စုန်းပြူးလဲ ရှိမှာပါ ဒါပေမယ့် တရားနည်းလမ်းကျကျ တိုင်တတ်ရင် တရားမျှတမှု ရှာပေးတဲ့ သာဓကတွေ အများကြီးရှိပါသေးတယ် ။ အဲဒါကိုအကြောင်းပြု တော်လှန်နေပါသော PDF တွေကရော ပြည်သူကို လက်နက်ပြ လူသတ် ဓားပြတိုက် မုဒိန်းကျင့် ဆက်ကြေးကောက် ဘယ်သူက အရေးယူနေလဲ... ? ဘယ်သူက ပြည်သူကို ပိုပြီးနှိပ်စက်နေလည်း တွေးကြည့်လေ....

- သယံဇာတတွေကို တပ်မတော်က ခိုးသတဲ့ ၊ အမှန်က စာရင်းဇယားနဲ့ အတိအကျပြန်အပ်ရတဲ့ လုပ်ငန်းသဘာဝနားမလည်ပဲ လူယုတ်မာတွေ လော်သမျှ အော်နေရတဲ့အဖြစ် ( ခိုးချင်တိုင်းခိုးမရပါဘူး ယိုပေါက် ဟာပေါက်ကလေ ခိုးယူသူတွေတော့ ရှိမှာပါပဲ) တော်လှန်သူတွေ ဘာလုပ်နေလဲ ကြည့်လိုက် ယူလို့ရတဲ့ သယံဇာတ အားလုံးယူကြတယ် ။ တကျပ်တပြားတောင် ပြည်သူအတွက် ပြန်မသုံးဘူး ၊ တိုင်းပြည်ရဲ့ ရတနာဆင်တွေတောင် ရောင်းစားပစ်တဲ့ PDF ကိုင်း ဘယ်မလဲ မင်းတို့ပြောနေတဲ့ သယံဇာတထိမ်းသိမ်းမှု.....

- တိုင်းပြည်ကို ရောင်းစားလို့ တော်လှန်သတဲ့ ။ တပိမတော်သက်တမ်းတလျှောက် မြေပုံအနားစွန်းက အတွန့်လေးတခုတောင် ပဲ့မပါဖူးသေးပါဘူး ။ NUG ကတော့ အာဏာငမ်းဖမ်းပြီး ရခိုင်ကိုတောင် ဘင်္ဂလီလက်ထဲပေးပါ့မယ် တိုင်းရင်းသားစာရင်းသွင်းပေးပါ့မယ်ဆိုပြီး ရောင်းစားတာ မဟုတ်ဖူး အလကားပေးနေတာ သိကြရဲ့လား... PDF တိုရေ.မင်းတို့ ကိုးကွယ်နေတဲ့ NUG က ပိုဆိုးနေတာ မြင်အောင်ကြည့်ကြဟ ။

ကိုင်း ပြောထားတဲ့ အချက်တွေ ဟုတ်မဟုတ်ကတော့ ပုဂံရာဇဝင်လည်း မဟုတ်ဖူး ၊ ကုန်းဘောင်ရာဇဝင်လည်း မဟုတ်ဖူး လက်တွေ့မျက်မြင်ကိစ္စတွေချည်းပဲ ။
03.05.202507:15
သူခိုးဂျပိုး စာနာစိတ်
=================

ကျနော်အင်းစိန်ထောင်မှာ နေခဲ့ရစဥ် တွေ့ကြုံခဲ့ရတာတွေကို အမှန်အတိုင်း ရေးပြမယ်ဆိုပြီး တွေ့ကြုံခဲ့ရသမျှ မှတ်သားခဲ့တယ် ။ ဝါရင့်ထောင်သားတွေကို အင်တာဗျူးခဲ့တယ် ။ အကြိမ်ကြိမ်ထောင်ကျနေတဲ့ နိုင်ငံရေးသမားတွေကို ဗျူးတယ် ။

ဒီတော့ တနေ့ရေးပြမယ်ပေါ့လေ တေးထားတယ် ။ သို့သော်...ကျနော်ရေးဖို့ စဥ်းစားလေတိုင်း ဒီလို အချက်တွေကြောင့် ခုထိမရေးနိုင်ခဲ့ဘူး ။

- ထောင်က ထွက်ထွက်ခြင်း လူငယ်အိပ်ဆောင် အခန်း ၃ ထဲက တန်းစီး နဲ့ စည်းကမ်းထိမ်း တို့ရဲ့ မတော်မတရားမှုကို ချက်ခြင်း အရေးယူပါ ၊ မယူရင် အင်းစိန်ထောင်ရဲ့ လုပ်ကွက် စားပေါက်တွေကို ကျကျနန ဖော်ထုတ်မယ် ဆိုပြီး ပထမဆုံး ပို့စ် အနေနဲ့ တင်လိုက်တယ် ။ အဲဒါ ထောင်အာဏာပိုင်တွေက ၃ ရက်အတွင်း စစ်ဆေးပြီး အရေးယူအပြစ်ပေးခဲ့လို့ ကျနော့်ကတိအတိုင်း မရေးသင့်ဘူး ဆုံးဖြတ်မိတာ တချက်....... ။

- နောက်တချက်က ကိုယ်ရေးလိုက်ရင် ဝန်ထမ်းငယ်တွေ အနေအစားကြပ်ပြီး မိသားစု စားဝတ်နေရေးပါ ထိခိုက်ကုန်မှာ တချက်...

ထောင်ထဲရောက်နေသူ 95 % က မကောင်းတဲ့ ဒုစရိုက်သမားတွေမို့ ဝဋ်ပြန်လည်တာ ဖြစ်သင့်တယ်လို့ ယူဆမိတာတချက်...

အဲဒါတွေကြောင့် မရေးမိတာပါ ။ ရေးမှရေးရင်လည်း မခြွင်းမချန် ရေးရမှာကိုးဗျ ။ ဒါဆိုရင် ဘာပဲ ပြောပြော ကိုယ့်အပေါ် ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ PDF အကြမ်းဖက် နိုင်ငံရေး သမားတွေလည်း ( သူတို့ကတော့ ၅၀၅ ဆိုတော့ အတူတူလို့ ယူဆမှာပေါ့) အနေအစားကြပ်ကုန်မှာ သေချာတယ် ။ PDF ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တလုပ်စားဖူး သူ့ကျေးဇူးမို့ အဲသလိုလဲ မဖြစ်စေချင်ဘူးလေ ။

အခုကတော့ တွေးချင်စရာ အတွေ့အကြုံလေးတော့မျှဝေချင်လာလို့ ဘယ်သူ့မှ မထိခိုက်မယ့် အပိုင်းလေးတွေခွဲပြီး ရေးပြချင်ပါတယ် ။


လူတိုင်းမှာ စာနာစိတ်ရှိတယ် ဆိုရင် ရုတ်ချည်း လက်ခံလို့ ရမယ်မထင်ဘူးဗျ ။ ဟာကွာ လူသတ် ဓားမြတိုက် ခိုးဝှက်နေတဲ့ ကောင်တွေမှာ စာနာစိတ် ရှိပါ့မလား မရှိလို့ လုပ်နေတာပေါ့ ဆိုပြိး တွေးစရာပေါ့လေ ။

မှန်တယ်ဗျ အဲသလိုလူတွေမှာ စာနာစိတ် အင်မတန်နည်းပါးပါတယ် ။ လုံးလုံးမရှိတာလည်း မဟုတ်ဖူးခင်ဗျ ။ သူတို့ကလည်း စာနာတတ်ပါတယ် ။ ဘယ်သူ့အပေါ် စာနာသလဲ ဆိုရင် သူတို့လို သူခိုးဂျပိုးခြင်းကြတော့လည်း စာနာကြပြန်ရောဗျ 😂😂

ဥပမာ တန်းစီးက ဆေးမှု ဆိုပါတော့ ။ အဲဒီ အခန်းထဲမှာ ဆေးမှုနဲ့ကျလာတဲ့ အကျဥ်းသား ဦးစားပေးသဗျ ။ လူသတ်မှုနဲ့ကျထားတဲ့ တန်းစီးဆိုရင် လူသတ်သမားတွေကို ဦးစားပေးသဗျ ။ သူခိုးဆိုရင် ခိုးမှုနဲ့ အရင်ရောက်သူက စောင့်ရှောက်သဗျ ။ ပုဒ်မတူခြင်း ကူညီကြတာ များလှပါတယ် ။

ဒီတော့ ကျနော်လည်း ထောင်ထဲမှာ စာဖတ်တဲ့ အလုပ် ချက်ထိုးတဲ့ အလုပ်ကလွဲရင် ဘာမှ မလုပ်ရတော့ တွေးချိန်တွေ အများကြီးမို့ လျှောက်တွေးမိတာပေါ့ဗျာ ။

'' သြော် တို့တိုင်းပြည်မှာ အောက်တန်းစား သူခိုး ဂျပိုးတွေတောင် သူ့လိုင်းနဲ့သူ စာနာစိတ်လေးတွေနဲ့ ကူညီနေကြပါလား ၊ ဒါဆို အထက်တန်းစား သူခိုးဂျပိုးကြီးတွေကရော အခြင်းခြင်း စာနာစိတ်နဲ့ ကာကြ ဖာကြမှာ သေချာတယ် ၊ ဒီလိုနဲ့ သူတို့အောက်က သူခိုးဂျပိုးတွေကို ကာကွယ်ရင်း တိုင်းပြည်လည်း စုတ်ပြတ်နေရတာပဲ ''

ဆိုတဲ့ မထော်မနန်း အတွေး ထောင်ထဲမှာ တွေးမိတယ်ဗျ ။ အဲဒါဟုတ်မဟုတ် အခုဖြစ်ပျက်နေတာတွေနဲ့ ချိတ်ပြီး ဒီလိုတွေးမိတယ်ဗျ ။

- စစ်မှုထမ်းပြဿနာ ဗန်းပြ ငွေတောင်းနေတာ အရေးယူမတဲ့ ဒုချုပ်ပြောသွားလေရဲ့ ခုထိ ငွေတောင်းသံ သောင်းသောင်းညံပါလျှက် အရေးယူမှု တခုမှ ထပ်မံ မကြားရသေး....

- သယံဇာတ တူးတဲ့နား မနေကြနဲ့ ဆိုပြီး တပ်ချုပ်ကြီး ကြုံးဝါးတယ် ၊ မြင်သာထင်သာ သဖန်းဆိပ် ဆည်ကြီးထဲက ရွှေတူးနေတာ တိုင်းမှူးကြီး မှိန်းကြည့်နေပြီး တပ်ချုပ်ကြီးစကား နာခံနေကြပုံများကတော့.... ရေနံ ၊ ကျောက်မျက် ၊ ကျောက်စိမ်း ၊ မြေရှား အတူတူပါပဲ တပ်ချုပ်ကြီး ပြောစကားအလကားကို ဖြစ်လို့....( သူပုန်လေးတွေအပေါ်-----ကြီးတွေရဲ့ စာနာမှု)

- ဂိတ်မျိုးစုံဖွင့် PDF နဲ့ လက်ဝါးခြင်းရိုက် ၊ နယ်မြေတည်ငြိမ်ရေး ဘာတခုမှ မလုပ် ၊ လောင်စာ လက်နက် ကြိုက်သလိုသယ် ဂိကြေးကောက် ငွေရှာ ကြိုက်သလောက်တိုင် မပြုတ်တဲ့ တပ်မှူးတွေ ဒုနဲ့ဒေး... ( PDF ဓားပြလေးတွေ အပေါ်----ကြီးတွေရဲ့ စာနာမှု)

ဒီလို ပေါက်ကရလုပ်နေတာတွေကို သူတို့အထက်ကလူတွေ မသိလို့လား.. ? မကြားလို့လား..? ဆိုပြီး တွေးမိပေမယ့် အထက်က သူခိုးဂျပိုး စာနာစိတ် ကြောင့် ဖြစ်ဖို့ များပါတယ် ဗျာ ။ ပို့ဆွမ်းက တယ်စွမ်းသကိုးဗျ ။

သံဃာအတွက် ပို့ဆွမ်းက အထက်တက်ဖို့ အထောက်အကူပေါ့ဗျာ ။ ဒီလိုပို့ဆွမ်းကတော့ ပြောင်းပြန်အချိုး ငရဲနက်နက် ကျဖို့ အထောက်အကူဆိုတာ သိဖို့ကောင်းလှပါပြီ ။

လူသားခြင်း စာနာစိတ်ထားတာ အင်မတန်တန်ဖိုးကြီးပေမယ့် ဒီလို သူခိုးဂျပိုးခြင်း စာနာစိတ်ကျတော့လည်း ပြည်ဖက်မယ့် အကုသိုလ်စာနာမှုမို့ မရှိလေ ကောင်းလေလို့ ယူဆမိပါရဲ့ ။ သူခိုးဂျပိုး စာနာစိတ်များ ထားကြခြင်းမှ ကင်းဝေးကြပါစေဗျာ ။

ကိုရွှေမျိုးဝင်း
01.05.202512:54
ဗိုလ်ချုပ်မောင်လှစကားသည်ကား ရှင်းလင်း၏ ။ ပြက်သား၏ ။ တိကျ၏ ။ တပည့်ဖြစ်သူ ကလည်း အတူတူပါပဲ ။ စစ်ကြောင်း ၂ ကြောင်းလုံးက တပ်ခွဲမှူးတွေ ခေါ်လိုက်တယ် ။

'' ၁၈ ရက်နေ့ တိုက်ပွဲကတော့ အရဲရင့်ဆုံး တိုက်ပွဲပဲ ။ စွန့်စားခဲ့ကြပေမယ့် မအောင်မြင်ပဲ ငါတို့အထိနာခဲ့တယ် ။ ဗိုလ်ချုပ်မောင်လှက ငါတို့ကို နားလည်တယ် လုံးဝအပြစ်မတင်ဘူး ။ ငါတို့ကြိုက်တဲ့နည်းနဲ့ ထပ်တိုက်ဖို့ ခွင့်ပြုပေးတယ် ။ လူကြီးရဲ့ စေတနာကို ငါတို့လေးစားရမယ် ၊ ဒီတော့ အံ့ကျော်ကုန်းကို မရ ရအောင်ချမယ် ။ မင်းတို့ရော ဘယ်နှယ့်လဲ ''

'' အံ့ကျော်ကုန်းကို မရ ရအောင်တိုက်မယ် ''

ပူပူနွေးနွေး ထိခိုက်ကျဆုံးမှုတွေ ဖြစ်ထားကြတဲ့ တပ်ခွဲတိုင်းက ကြောက်ရွံ့ခြင်း ကင်းစွာနဲ့ မရ အရတိုက်ဖို့ပဲ ဆန္ဒပြုကြပုံကတော့ လေးစားအံ့အားသင့်လောက်ပါပေတယ် ။ အဲဒီအချိန်က စစ်ခြောက်တို့အတွက် နေရာရှိပုံမပေါ်သေးတာ ကြည်နူးစရာပါပဲ ။

တိုက်ပွဲ အစီအစဥ်ကို ဆက်လက်ပြောကြားရာမှာ....

'' အမှတ် ၁ အမြှောက်တပ်ရင်းမှူး ဗိုလ်မှူးအောင်ဝင်းကိုယ်တိုင် မျက်မြင်ကြည့်ပြီးပြီ ။ အကဲကြည့်အဖြစ် ဗိုလ်ကြီးသိန်းထွဋ်က ပြင်ဆင်ချက်ပေးလိမ့်မယ် ။ အမြှောက်တပ်က တတောင့်ခြင်း ထိရောက်အောင်ပစ်ဖို့ လုပ်ထားပြီးပြီ ။ ပစ်ကူအဖွဲ့နဲ့လည်း ညှိပြီးပြီ ကဲ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ကြတော့ ဒီနေ့ အံ့ကျော်ကုန်းကို ရအောင်တိုက်မယ် ''

'' ရအောင်တိုက်ကြမယ် ''

အားလုံးပြင်ဆင်ပြီး မနက် 10:30 မှာ အမြှောက်ပစ်ကူစပါပြီ ။ စနစ်ကျတဲ့ ပစ်ချက်တွေအောက်မှာ တိကျစွာ ပေါက်ကွဲနေပါပြီ ။ 75 mm ကြီးကို ရန်သူ့ရှေ့ ကိုက် ၅၀၀ အကွာထိ ဆွဲယူလာပြီး တိုက်ရိုက်ပြောင်းထိုးပစ်ရာ ဘန်ကာတို့လည်း ဖွာလန်ကြဲကုန်ပါတယ် ။

KNU တိုဘက်ကလည်း ဘိန ၊ ကဆာနလီ နဲ့ အံ့ကျော်ကုန်း ၃ နေရာလုံးမှ ပြန်ပစ်ပါနေပါတယ် ။ စစ်ကြောင်း ၂ ရဲ့ ချေမှုံးရေးကို ဗိုလ်ကြီးထွန်းတင့်စိုး၏ တပ်ခွဲ ၃ နဲ့ ဗိုလ်ကြီးတင်ထွန်းအောင်ရဲ့ တပ်ခွဲ ၄ တို့က တာဝန်ယူပါတယ် ။

တပ်ခွဲ ၄ က ရန်သူနဲ့ ကိုက် ၅၀ အကွာမှာ တိုက်ပွဲစကြပါတယ် ။ ကျားတက်ထိုးတာ ၃ ကြိမ်လုံး ပြန်လန်ကျပါတယ် ။ ဗိုလ်တင်အောင်နဲ့ တပ်စိတ် ၂ စိတ်က ၄ ကြိမ် ကျားတက်ထိုးပြန်တယ် ။ မရသေးပါဘူး ။

တပ်ခွဲ ၃ ကတော့ ကဆာနလီက ဆင်းလာတဲ့ ရန်သူ ၁၀၀ ရယ် ၊ အံ့ကျော်ကုန်းက ဆင်းလာတဲ့ ရန်သူ ၆၀ ရယ် ညီပ်တိုက်ခံရလို့ အပြင်းအထန် ပြန်တိုက်နေဆဲပါပဲ ။

ချေမှုံးရေးတပ်တွေ တန့်နေမှန်း သိသွားတဲ့ တပ်ရင်းမှူးက စက်ပေါက်ပြီး..

'' မင်းတို့နဲ့အတူ ငါရှိနေတယ် ၊ ငါကိုယ်တိုင် မင်းတို့နဲ့အတူ တက်တိုက်မယ် ''

လို့ ပြတ်သားစွာ ခွန်အားဖြည့်စကားပြောပြီး ချက်ခြင်း ရှေ့တန်းကို တက်လာပါတော့တယ် ။ မွန်းတည့် ၁၂ နာရီမှာ 84 mm နဲ့ အတူ ရန်သူ့ရှေ့ ၇၅ ကိုက် အကွာထိ ချည်းကပ် တိုက်ခိုက်ကြပါတယ် ။


တပ်ရင်းမှူးကို မြင်ရတဲ့ စစ်သည်တွေဟာ အားမာန်များ များစွာနိုးကြားတက်ကြွလာပြီး ရင်ဘောင်တန်း ဖြန်တက် ပစ်ခတ်လာတဲ့အထိ ရဲရင့်တက်ကြွလာပါတော့တယ် ။ ဇွဲမာန်ကြီးလှတဲ့ မြန်မာ့တပ်မတော် ခမရ ၇ ရဲ့ ရဲရင့်မှုကို နာမည်ကျော် အံ့ကျော်ကုန်းခံစစ်ကြီး ဒူးထောက်လိုက်ပါပြီ ။ ညနေ ၄ နာရီမှာ ကျက်သရေရှိလှတဲ့ နိုင်ငံတော်အလံကြီး အံ့ကျော်ကုန်းမှာ တလူလူလွှင့်နေပါပြီ ။

အံ့ကျော်ကုန်းအတွက် ခမရ ၇ မှ အရာရှိ စစ်သည် ၄၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ် ။ ဗိုလ်ချုပ်မောင်လှရဲ့ မဲသဝေါ ရည်မှန်းချက်ကြီးကတော့ လက်တလှမ်းသာ လိုပါတော့တယ် ။ ခက်ခဲလှတဲ့ လက်တလှမ်းကို ဘယ်လို ပိုင်ပိုင်တိုက်ပြမလဲ ဆိုတော့......

ကိုရွှေမျိုးဝင်း
09.05.202503:03
ကဲ..ကဲ..လူတော်ကြီးတွေ လုပ်ရပ်
===========================

ဦးမျိုးရေ..ဦးမျိုးရဲ့ဓာတ်ခွဲ၃အတွက်တင်တဲ့ပိုစ့်ကြောင့်ခုဓာတ်ခွဲတွေကိုဒုလယ်ပြပြောင်းပေးမယ်လေသံထွက်လာပါပြီ..ဒါပေမဲ့ထီပေါက်ပြီးထီလက်မှတ်ပျောက်နေပါတယ်..ဆရာဖြစ်သင်တန်းပြီးရမယ်တဲ့ဘယ်တုန်းကမှတက်ခွင့်မပေးခဲ့တဲ့မဆယ..လဆယနဲ့ပြန်ပိတ်ထားပြန်ပြီ.တကယ်စေတနာရှိရင်ဒုလယ်ပြအရင်ပြောင်းပေး..ပြီးမှမဆယ.လဆယတက်ခိုင်းလို့ရတာကို..ရက်စက်လွန်းပါတယ်ဗျာ..ဓာတ်ခွဲဘယ်သူမှသင်တန်းမရှိတာကို.အဲလိုခေါ်တယ်တဲ့ဆရာကျလွန်းပါတယ်ဗျာကူညီပြောပေးပါဦး🙏
--------------------------------------------------------------

ကျနော့်ကို လာမန့်ထားတာလေးပါ ။ အဲသလို ပေးကားပေး၏ မရ ဆိုသလို ဖြစ်နေအောင် တမင်လုပ်နေကြတာ ပညာရေးလောကရဲ့ ထုံးစံပဲ ။ တိုးပြောင်း ကိစ္စမပြောနဲ့ ဒီလိုမျိုး သာမန်အခွင့်အရေးလေးကိုတောင် ထွက်မရအောင် ပိတ်ဆို့ပြီးမှ တိုးထွက်ခဲ့တော့ဆိုတဲ့ လုပ်ပေါက်တွေကို မြင်ကြရဲ့လားဗျ ။

တနေ့က မိတ်ဆွေတယောက် မန့်ထားပါတယ် ။ G 12 ပြန်ဖြေကိစ္စနဲ့ ပတ်သက်ပြီး ပညာတတ်ကြီးတွေ စီမံနေတာ မဝေဖန်ပါနဲ့တဲ့ ။ သူတို့က ထိုက်တန်လို့ ခင်ဗျားထက် တော်လို့ ဒီနေရာ ရထားကြတာ ဆိုပဲ ။

ထားတော့ လက်ခံပါတယ် သူတို့တွေ စာကြိုးစားခဲ့ကြတာ တော်ခဲ့ကြတာတွေကို ။ သို့သော် ကျုပ်တို့ ရေးနေ အော်နေကြတာတွေက အဲသလို ပညာ တော်ခြင်း ညံ့ခြင်းကြောင့် မဟုတ်ဖူးမိတ်ဆွေကြီးရေ ။

တရားခြင်း မတရားခြင်း ၊ မျှတခြင်း မမျှတခြင်း အတွက် လူမုန်းခံ အော်နေကြရတာဗျ ။ G 12 ကိစ္စ ပြန်ကြည့် အဆင့်အတန်းတွေ အမှတ်တွေ အကြောင်းပြတယ် ၊ ဟုတ်မှာပါ အခြားနည်းမှ မစဥ်းစားတတ်ကြတာပဲလေ 😂

အခု လုပ်ပေးနေတာတွေ ထောက်ပံ့နေတာတွေ စခန်းသွင်းလေ့ကျင့်နေတာ ၊ ပါမောက္ခတွေ လာသင်နေတာ ကျွေးမွေးနေတာ အစရှိသည်တွေပေါ့ ။ အဲဒါတွေ ဘာကြောင့် လုပ်ပေးနေသလဲ သိလားဗျ ။ မီဒီယာတွေကနေ ကလေးတွေနဲ့ မိဘတွေရဲ့ အခက်အခဲတွေကို ဝိုင်းအော်ပေးနေလို့ လုပ်ပေးနေကြရတာ ။

ဖြစ်သင့်တာက စာမေးပွဲ ပြန်ဖြေဖို့ ပညာရေးဝန်ကြီးဌာနကနေ ဒါတွေ စီစဥ်ကူညီပေးပါ့မယ် ၊ ပြန်မဖြေရင် ဆိုးကျိုးက ဒီလို ၊ ပြန်ဖြေရင် ကောင်းကျိုးက ဒါမျိုးဆိုတာကို ပြည်သူအား အရင်ဆုံး လူရာသွင်း ရှင်းပြကြရမှာ မဟုတ်လား ဗျ ။

ထားပါလေ ပြီးပြီသား ကိစ္စ ။ ပညာတတ်ပါတယ်ဆိုတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ဖိနှိပ်မှုတွေ ၊ နိုင်စားမှုတွေ ၊ လာဘ်စားမှုတွေ အများကြီးပဲ ။ တနိုင်ငံလုံးက ဆရာ ဆရာမတွေ အသံနားထောင်ကြည့်ပေတော့ ။

အဲဒီ ပညာတတ် စာတော်သူကြီးတွေ ဘယ်လောက် လုပ်စားနေကြလဲ ဥပမာပြောအုံးမယ် ။ ကျောင်းဝတ်စုံကို ရှမ်းကန်သား နဲ့ ချုပ်ဝတ်ရမယ် ၊ တော်ကြာ ချည်သားနဲ့ပဲ ချုပ်ရမယ်ဆိုပြီး ကျောင်းအုပ်တွေက သတ်မှတ်နေသတဲ့ ။

လာမန့်ထားတာ ၂ ယောက် တွေ့ရပါတယ် ။ ဘယ်မြို့ ဘယ်ရွာ မပါဘူး ၊ အထက်ဝန်ကြီးဌာနကအမိန့်လား တနိုင်ငံလုံး အကြုံးဝင်လား မသိဘူး ။ ( လာပြီး ရေးခိုင်းနေတဲ့ မန့်ပိုင်ရှင်များရေ တိတိကျကျ လုပ်ကြပါ ဒါမှ တာဝန်ရှိသူကို By name နဲ့ ထုတ်ဖော်နိုင်ပါ့မယ်)

ဒီလို ပြဿနာကတော့ အခုဝန်ကြီးလက်ထက်မှ ကြားဖူးတာပဲ ။ ဝန်ကြီးမသိပါဘူးဆိုလည်း အဲဒီမထော်မနန်း စည်းမျဥ်းထုတ်နေတဲ့ ကျောင်းအုပ်တွေအတွက် တာဝန်ခံရမှာပါပဲ သူက ဝန်ကြီးလေ တာဝန်အရှိဆုံးလူကြီးပဲ ။

အဖြူအစိမ်းပါဆို ဘယ်ပိတ်စနဲ့ချုပ်ချုပ် အဖြူ အစိမ်း ဖြစ်နေဖို့ လိုရင်းမဟုတ်ဖူးလား ။ အခုဟာက အထည်သည်နဲ့ ပေါင်းပြီး လုပ်စားနေကြတာလေ ။

လူတော်တွေ ညစ်ပြီဆိုရင် ပိုဆိုးသဗျ ။ ပညာရှိ ယုတ်မာမှုမျိုးနဲ့ လုပ်တတ်ကြတာကိုး ။ ကျုပ်ထက် တော်တဲ့ တတ်တဲ့သူတွေ နေရာရထားကြတာလည်း လက်ခံပါတယ် ။ သေချာတာက အခုလိုတွေ ရေးနေရတာက..

- သိပ်တော်တဲ့သူတွေ တာဝန်မဲ့နေကြတာ ( သိပြီး မပြောရဲတဲ့ ပညာတတ်အကြီးစားများ နှုတ်ဆိတ်နေတယ်လေ)

- ဝန်ထမ်းငယ်တွေ မချိမဆန့် အနိုင်ကျင့်ခံနေကြလို့...

- ကျုပ်ကိုယ်တိုင်ကလည်း မတရားမှုကို ချီးထက်ရွံလို့..

လူမိုက်ရှားတဲ့ လောကကြီးမှာ လိုအပ်နေတဲ့ ကွက်လပ်ကို တတ်နိုင်တဲ့ဘက်ကနေ ဖြည့်ပေးရင်း လူမိုက်လုပ်နေရတာလေ ။


ကျုပ်လူမိုက်လုပ်လို့ မဟုတ်တဲ့သူတွေ မုန်းကြမလား..? သောက်ဂရုမစိုက်ဘူးဆိုတာ ယုံ...

ကျုပ် လူမိုက်လုပ်လို့ နစ်နာနေသူတွေ အဆင်ပြေသွားသလား.. တယောက်အဆင်ပြေရင် တယောက်စာ ၊ တရာအဆင်ပြေရင် တရာစာ ပီတိဖြစ်ရတယ် ။ ဒီလို ပီတိက ဘာနဲ့မှ မလဲနိုင်ဘူး ။ လူတိုင်းက ကိုယ့်သမိုင်းကိုယ် ရေးနေကြတာပါပဲ လေ ။

ကိုရွှေမျိုးဝင်း
07.05.202512:33
နမခ တိုင်းမှူးကြီး သို့
====================

လွန်ခဲ့တနှစ်ကျော်ကာလတုန်းက လောက်ကိုင်တိုက်ပွဲမှာ ဒကစမှူး အခြောက်တွေက လက်နက်ချဖို့ ဆွေးနွေးကြသတဲ့ ။ အဲဒီအချိန်မှာ သူတို့လက်အောက်က စကခ မှူး ၄ ယောက်က လက်နက်မချဘူး ပြန်တိုက်မယ်လို့ တင်ပြကြတယ် ။

သို့သော် အတင်းအကျပ် စစ်မိန့်ပေး လက်နက်ချခိုင်းလို့ ချခဲ့ရတဲ့ စကခမှူး ၄ ယောက်ရှိခဲ့ပါတယ် ။ အဲဒီထဲက စကခ ၁၄ ရဲ့ တပ်မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးလည်း ပါခဲ့သတဲ့ ။ အဲဒါကြောင့် ပြနိလည်စစ်ဆေးပြီး အပြစ်မရှိ သတ္တိရှိလို့ နမခ တိုင်းမှူး တာဝန်ပေးခဲ့ပါတယ် ။

ဒီဖြစ်စဥ်အရ သူရသတ္တိအရာမှာ နမခတိုင်းမှူးသည် ခေသူမဟုတ်ဆိုတာ သိထားကြရပါပြီ ။ ယခု ကျနော် တင်ပြမယ့် ကိစ္စရပ်များကို ဟုတ် မဟုတ် တိုင်းမှူးကြီး အသိဆုံးဖြစ်ပါလိမ့်မယ် ။

၁ ။ ယောနယ်ဘက်မှာ ပြည်သူ့စစ်တွေက ရန်သူကို တိုက်ခိုက်ဖို့ လက်နက်တောင်းဆိုတယ် ။ တိုင်းမှူးကြီးကလည်း ချက်ခြင်း လက်နက်တွေ တပ်ဆင်ပေးလိုက်ပါတယ် ။ သို့သော် ယင်းနယ်မြေခံ အရာရှိက....

'' အဘ ပြည်သူ့စစ်တွေ အလကားပါ တိုက်ရဲ မတိုက်ရဲပါဘူး '' ဆိုတဲ့ အစီရင်ခံစာအရ ဒါဆို ငါ့လက်နက်တွေ ပြန်ပေးဆိုပြီး တိုင်းမှူးကြီးဘက်က ကာယကံရှင် ပြည်သူ့စစ်တွေဆီကို သတင်းအတည်ပြုခြင်း မရှိပဲ လက်နက်တွေ ပြန်သိမ်းယူခဲ့တဲ့ ဖြစ်စဥ် ဖြစ်ခဲ့ဘူးပါတယ် ။

အမှန်က အဲဒီ အစီရင်ခံစာ တင်ခဲ့တဲ့ အရာရှိက စစ်ခြောက်မို့ လိမ်ခဲ့တာပါဆိုတဲ့ သတင်း တိုင်းမှူးကြီး သိစေချင်ပါတယ် ။ ပြည်သူ့စစ်တွေက တိုက်ချင်ပြီး သူက မတိုက်ချင်လို့ပါ ။

၂ ။ ပေါက်မြို့နယ် တောင်ဘက်ပိုင်းက ပြည်သူ့စစ်ရွာ ၅ ရွာရှိတယ် ။ အရာရှိတဦးဦးဆောင်ပြီး ပြည်သူ့စစ်တွေနဲ့ ကာကွယ်နေရတယ် ။ ပတ်ချာလည်က PDF ရွာတွေချည်းပဲ ။ ထုံးစံအတိုင်း အတိုက်ခံရတယ် ။ ရိက္ခာပြတ်တယ် ။ တနှစ်ကျော်ထိ ပစ်ထားခံကြရတဲ့ ရွာတွေပဲ ။

မီဒီယာ အမျိုးသား ဆယ်လီတယောက်ဆီ အကူညီတောင်းတယ် ( မပေးဘူး) ၊ အမျိုးသမီး ဆယ်လီ တယောက်ဆီ အကူညီထပ်တောင်းတယ် ကောင်မလေးက တိုင်းမှူးဆီ တင်ပြပေးတယ် ။ ရဟတ်ယာဥ်နဲ့ ရိက္ခာ ခဲယမ်း ပို့ပေးပါ အဘ ဆိုတော့ တိုင်းမှူးကြီး ဘာမှ မပြောခင် G1 က ငါ့တူမ ဒါမျိုီ တိုင်းမှူးကြီးဆီ အကူညီမတောင်းပါနဲ့ ၊ ရဟတ်ယာဥ်ပျက်ကျရင်ိ တိုင်းမှူးပြုတ်လိမ့်မယ်လို့ ပိတ်ပင်ခဲ့လို့ ဘာအကူညီမှ မရခဲ့ပြန်ပါဘူး ။

အဲဒီ ပြဿနာ ကျနော့်ဆီရောက်လာပြီး အကူညီတောင်းကြပြန်တယ် ။ ကျနော်လည်း လူကြီးတွေဆီပဲ တိုက်ရိုက် တိုင်ကြားပေးလိုက်ပါတယ် ။ ဘာထူးလဲ မေးတော့ တိုင်းမှူးရုံးက ဖုန်းဆက်မေးလာလို့ အခက်အခဲတွေတော့ ပြောလိုက်တယ်တဲ့ ။ အကူညီ ရ မရ အဆက်အသွယ်မရှိတော့လို့ မသိတော့ပါဘူး ။

၃ ။ ရွှေဘိုတပ်နယ်ထဲက ပျဥ်ထောင်ရွာလေးလည်း ငတ်ပြတ်နေတာ ကြာပါပြီ ။ ပစ်မထားပါနဲ့ဆိုပြီး ဒေသခံ ပြည်သူ့စစ်တွေ တိုင်းမှူးကြီးထံ တိုက်ရိုက်တင်ပြကြပါတယ် ။ တုပ်တုပ်မလှုပ်လို့ ကျနော့်ဆီရောက်လာပြန်တယ် ။ မီဒီယာကနေ ရေးသားတင်ပြခဲ့တယ် ။ တနေ့ကထိ သူတို့ဆီ ဘာမှ ရောက်မလာပဲ ငတ်နေဆဲပါဆိုပြီး ဖုန်းဆက်ငိုကြွေးနေကြဆဲပါပဲ ။

ဒါတွေက နမခတိုင်းမှူးကြီး အသိဆုံး ကိစ္စတွေပါပဲ ။ အခု နောက်ထပ် လာပြန်ပါပြီ ။ ဖောင်းပြင်မြို့ထဲက ပြည်သူတွေ ငတ်နေကြပြန်ပါပြီ ။ PDF က မြို့ကို ၅ မိုင် ပတ်ချာလည်ထိ စိုးမိုးထားပြီး ကုန်းကြောင်း ရေကြောင်း ပိတ်ဆို့ထားလို့ ဒုက္ခရောက်နေပြန်ပါပြီ ။

ယခင်က တပ်မမှူးလက်ထက်မှာ ဘယ်သူမှ ကပ်မရပါဘူး ။ ယင်းစွမ်းဆောင်ရည်ကောင်းသော တပ်မမှူးက ယခုအခါ မိုးဗြဲမှာ လက်စွမ်းပြတိုက်ခိုက်နေတဲ့ ဗိုလ်မှူးကြီးကျော်ဇောပါ ။ လက်ရှိ တပ်မမှူးကတော့ ရန်သူ့သတင်း သွားပေးတာတောင် အလုပ်မလုပ်လို့ ယခုဆိုရင် ၅ မိုင်အကွာထိ ရန်သူစိုးမိုးထားပြီး ပိတ်ဆို့ထားခြင်း ခံကြရတာပါ ။

ယခုအခါ ဘုန်းကြီးများပါ မနေသာပဲ မြို့ကို ကူညီကယ်တင်ပေးပါရန် စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုနေပါပြီ ။ တိုင်းမှူးကြီးထံ စာရောက် မရောက်တော့ မသိပါဘူး ။ ယနေ့ 7 - 5 - 2025 နေ့မှာ လက်မှတ်တွေ စုဆောင်းနေတာတော့ သေချာပါတယ် ။ ( ပူးတွဲ တင်ပြလိုက်ပါတယ်)

လောက်ကိုင်ရဲ့ စစ်သမိုင်းဆိုးထဲကနေ သမိုင်းကောင်းရေးထိုးနိုင်ခဲ့တဲ့ နမခ တိုင်းမှူးကြီးဟာ ရောက်ခါစ အချိန်များတုန်းက အလွန်တက်ကြွစွာ လုပ်ခဲ့တဲ့ ကိစ္စတွေလည်း တွေ့ဖူးပါတယ် ။

နောက်ပိုင်းမှာတော့ တိုင်းမှူးကြီးလည်း ယခင်တိုင်းမှူးဟောင်းလိုပဲ နားလေးလာတယ်ဗျ ။ မိမိအရာရှိများရဲ့ အစီရင်ခံစာ ၊ အကြံပြုချက်များကိုပဲ နားတဖက်ထဲ ကြားသိ ဆုံးဖြတ်လုပ်ကိုင်နေတဲ့ အနေအထားတွေ တွေ့လာရပါတယ် ။

သယံဇာတထွက်ရာ ဒေသမို့ PDF တို့နဲ့ အပေးအယူလုပ်ပြီး ပေါင်းစားတတ်နေပြီလားလို့ ဌာနေပြည်သူတွေ သံသယဖြစ်နေကြပါတယ် ။ မိမိအနီးကပ် အရာရှိတွေရဲ့ အစီရင်ခံစာ ၊ အကြံဥာဏ်တွေအစား ကိုယ်တိုင်ကွင်းဆင်း ဒေသခံတွေရဲ့ ခံစားချက်တွေ လိုလားချက်တွေကို လက်တွေ့လေ့လာသင့်ပါပြီ ။
06.05.202503:51
မဲခိုး မခိုးလေ့လာခြင်း
====================

NLD မဲခိုးလား မခိုးဘူးလား ဆိုတာ ယနေ့ထိ နီတုံးတို့ ဖင်ပိတ်ငြင်းနေကြဆဲ ရွံစရာကောင်းလှပါ၏ ။ ရွေး / ကော် မဲသူခိုးတို့ ဘယ်လိုခိုးမလဲ လေ့လာကြည့်ပါ ။

လုပ်ငန်းစဥ်အရ ဆန္ဒမဲ လက်မှတ် အရေအတွက် ထုတ်လုပ်သော တိုင်းပြည် ၊ ထုတ်လုပ်သူ ၊ အရေအတွက် တရားဝင်ထုတ်ပြန်ရပါတယ် ။ ဥပမာ မဲပေးခွင့် ရှိသူ ၃၈ သန်း ဆန္ဒမဲ ရိုက်နှိပ်တာ သန်း ၅၀ ဆိုပါစို့ ။ အပျက်အစီးများအတွက် အရေးပေါ်လိုလာရင် သုံးဖို့ ပိုရိုက်ထားရပါတယ် ။


ရွေးကောက်ပွဲပြီးရင် မဲလာပေးတာ သန်း ၃၀ ဆိုပါစို့ ။ အပိုမဲ သန်း ၂၀ ပြနိုင်ရပါတယ် ။ သို့မှသာ မဲခိုးမှု ဖြစ်စဥ်ထိမ်းချုပ်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ် ။


အဲလို မဲလက်မှတ် စစ်ဆေးမှာ စိိုးရိမ်ပြီး မဲသူခိုးလှသိန်းတို့က မဲလက်မှတ် ဘယ်နိုင်ငံမှာ ထုတ်တယ် ၊ အရေအတွက် ဘယ်လောက်ဆိုတာ ထုတ်ပြန်ကြေညာခြင်း လုံးဝမရှိပါဘူး ။ မေးတာတောင် မဖြေကြတဲ့ မျက်နှာပြောင်တိုက် မဲသူခိုးတွေပါ ။

ကောင်းပြီ မဲပေးနိုင်သူ အမည်စာရင်းနဲ့ အရေအတွက် ကြေညာတယ် ။ ရပ်ကျေးတွေမှာ လုံးဝနေထိုင်ခြင်း မရှိသူတွေ ပါဝင်နေလို့ ဆူညံလာတော့ နောက်တကြိမ်ထပ်ပြင်တယ် ။ ရွေ့ပြောင်းလုပ်သားကို ၆ လ နေပြီးမှ ရောက်ရာအရပ် ကနေ မဲထည့်ရမယ့် ဥပဒေကို ၃ လ နေရင် ထည့်လို့ရမယ်ဆိုပြီး ပြင်ဆင်တယ် ။ အကြံအဖန်တကွက် မြင်အောင်ကြည့် ။

ဒုတိယအကြိမ် မဲစာရင်း ပြင်ပြီး ကြေညာတယ် ။ မှားတုန်းပဲ ဆိုတော့ တတိယအကြိမ်ထပ်ပြင်တယ် ။ အမတ်လောင်းအချို့တောင် တတိယအကြိမ်ပြင်တဲ့ မဲစာရင်းကြည့်ခွင့်မရခဲ့ကြဘူး ။ အချိန်ကလည်းကပ်နေပြီလေ ။ မဲစာရင်းက မရိုးမသားမှားတာမို့ လှသိန်းတို့ ကြည့်ခွင့်မရအောင် တမင်လုပ်ထားကြတာပါ ။

နိုင်ငံတကာဆိုတဲ့စကားလုံး ဖင်ကွဲအောင် အော်လေ့ရှိတဲ့ NLD ဘယ်နိုင်ငံက လေ့လာရေးအဖွဲ့မှ ဝင်ခွင့်မပေးခဲ့ပါဘူး ။ ပွင့်လင်းမြင်သာမှု ZERO ပါ ။ အခြေခံမဲစာရင်း နဲ့ မဲလက်မှတ်အရေအတွက်တောင် မကြေညာရဲတဲ့ ရွေးကော်မျိုးက မဲခိုးလိမ့်မယ်ဆိုတာ တွက်လို့ရနေပေါ့ ။

ကြံ့ခိုင်ရေး ဦးတင်အေးတုန်းက ကြိုက်တဲ့နိုင်ငံတကာလာခဲ့ပါ စီစစ်ပါ မေးမြန်းပါ ဖိတ်ခေါ်ခဲ့တယ် ။ မဲစာရင်း ၊ မဲလက်မှတ်ထုတ်ပုံ အရေအတွက် အားလုံးကြေညာခဲ့တယ် ။ လှသိန်းလက်ထက် ဘာတခုမှ မကြေညာဘူး ။

ပြောင်ပြောင်တင်းတင်း မဲခိုးကြပြီ ။ ဦးကျော်ဇေယျ တောင်ပြောသေး သူ့မဲရုံ မှာ သူပေးတဲ့မဲတောင် မရပဲ ZERO တဲ့ ခိုးချက်က လက်လှန်တယ် ။ ရှိပါသေးတယ် ဘာတဲ့ နိုင်ငံလင်း ဆိုလားဗျာ လက်ကျိုးကြီးနဲ့ ပြိုင်တဲ့အမတ် သူနိုင်တဲ့ အရေအတွက်က ကြေညာထားတဲ့ လူဦးရေထက်များနေလို့ မဲဘယ်လောက်ခိုးထားသလဲဆိုတာ ဖုံးဖိမရဘူးလေ ။

ပွဲပြီးသွားတော့ ရွေးကော်က သတင်းစာရှင်းလင်းပွဲလုပ်တယ် ။ 10 - 11 - 2020 မှာ မဲပေးနိုင်သူ 37.2 သန်း တဲ့ ။ အဲဒီစာရင်းအတိုင်း ဟိုကထောက်ပြ ဒီကထောက်ပြနဲ့ ဘယ်လိုမှ မကိုက်ညီတော့ဘူး ။ ရထားတဲ့ မဲ အရေအတွက်က အဆမတန်များနေတော့ကား ( ခိုးထားတာကိုး) 30 - 11 - 2020 မှာ ထပ်ကြေညာတယ် ။ မဲပေးနိုင်သူ 38.2 သန်းတဲ့ 😂 လွယ်ထာ လူ ၁ သန်းတိုးလိုက်တာများ😂😂😂

တနိုင်ငံလုံး မဲခိုးသံတွေ သောင်းသောင်းညံနေပါပြီ ။ ဒီတော့ တပ်မတော်ကို တိုင်ကြတယ် မဲခိုးမှုများအား စီစစ်ပေးပါရန်ဆိုပြီးပေါ့ ။ တပ်မတော်ကလည်း အာဏာကို မတော်မတရားနည်းလမ်းဖြင့် ရယူသူများထံမှ ကာကွယ်ရန် တာဝန်ရှိသည်ဆိုတဲ့ ခြေဥပုဒ်မအရ ဖြေရှင်းပေးဖို့ NLD ကို တောင်းဆိုတယ် ။

မချိမဆန့် မဲခိုးထားလို့ မဖြေရှင်းဘူး ။ ပထမဆုံး တပ်မတော်က သူတို့မဲပေးခဲ့ရတဲ့ မြို့နယ်ပေါင်း 195 မြို့နယ်ကို စစ်ဆေးတယ် ။

ထပ်နေသော မဲစာရင်း: 1,833,550 (တစ်ဦးထက် ပိုမိုမဲပေးခွင့်ရစေနိုင်သော မှားယွင်းမှု)
- မဲမသမာမှုဖြစ်နိုင်သော မဲစာရင်း: 2,725,281
- စုစုပေါင်း အမှားအယွင်းများ: 4,558,831

အဲသလို တွေ့ကြရပြီ ။ ထုတ်ပြန်ကြေညာပြီး မဲခိုးမှု ဖြေရှင်းဖို့ အကြိမ်ပေါင်း ၃၀ လောက် တောင်းဆိုတယ် အရေးမလုပ်ဘူး ။ ဘယ်လုပ်မလဲ ရှင်းမရအောင် ခိုးထားကြတာ လက်လွန်နေပေါ့ ။

ဒီတော့ သက်တမ်းကျန်နေတဲ့ လွှတ်တော်ကနေ ရှင်းဖို့ တပ်မတော်က ကြိုးစားတယ် ။ ကိုဗစ်အကြောင်းပြပြီး လွှတ်တော်လည်းခေါ်မပေးခဲ့ဘူး ။ ဒီတော့ လူလိုပြောတာ နားမထောင်လို့ တပ်ချုပ်ကြီးကိုယ်တိုင် ဒေါ်စုကြည်ဆီကို လက်ရေးမူနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုတယ် ။ တုပ်တုပ်မလှုပ်ဖူး ။

ဒီတော့ လုပ်စရာတခုပဲ ရှိတော့တယ် ။ အကုန်ဖမ်းပြီး စာရင်းတွေ စစ်ဆေးကြတယ် ။ ကဲ ကြည့်ထား....

စစ်ဆေးခဲ့သော မြို့နယ်အရေအတွက်: 315 မြို့နယ်
- မဲဆန္ဒရှင်စုစုပေါင်း: 37,197,785 ဦး
- မဲမသမာမှုပြုနိုင်ဖြစ်နိုင်သော မဲစာရင်း: 10,482,116 ဦး (28.17%)

လက်ကျန် မဲသူခိုးစာရင်းက...

ကော်မရှင်ထုတ်ပြန်ချက်: 2,559,264 ဦး
- တပ်မတော်စိစစ်ချက်: 2,467,991 ဦး
- ထပ်နေသော မဲစာရင်း: 229,134 ဦး
- မဲမသမာမှုဖြစ်နိုင်သော အခြားမဲစာရင်း: 374,980 ဦး
04.05.202518:49
ကျနော် ခပ်ညံ့ညံ့ပါ
===================

လိုင်းပေါ်မှာ စာတွေရေးခဲ့တာလည်း ၁၀ နှစ်ကျော်ပါပြီ ။ တချို့က စာဖတ်ပြီး အထင်ကြီးကြတယ် ။ တချို့က လူကြီးလူကောင်း စာရင်းသွင်းချင်ကြသေးတယ် 😂😂

အဲဒါကြောင့် ကျနော့်ရဲ့ ငယ်ဘဝ အကြောင်းကို ပြန်ရေးပြခဲ့ပါတယ် ။ သူလို ကိုယ်လို အလွန်ဗရုတ်ကျတဲ့ သာမန်လူရှုပ်လေးသာ ဖြစ်ကြောင်း ၊ စာဖတ်ဝါသနာပါကြောင်း ၊ လူကြီးလူကောင်းမဆန်ကြောင်း ဖော်ကျူးခဲ့ပါတယ် ။

အရွယ်ရောက်တော့ ကျောင်းဆရာဘဝ အတိုအစလေးတွေ ၊ မလေးရှားအတွေ့အကြုံ ၊ သစ်ကုမ္ပဏီ မန်နေဂျာဘဝ ၊ ဂန္ဘီရပစ္စည်း အလိမ်အညာလောက အတွေ့အကြုံ ၊ သတ္တုလုပ်ငန်း အတွေ့အကြုံလေးတွေ ရေးပြခဲ့တာ စုံနေပါပြီ ။

နိုင်ငံရေးအကြောင်းကိုတော့ NLD လက်ထက်မှာ မထော်မနန်းတွေ ဖော်ထုတ်ရေးသားရင်း ANTI NLD ဖြစ်လာပါတယ် ။

ပြဿနာအားလုံးရဲ့ ဇစ်မြစ်ကို လေ့လာတော့ အရပ်ဖက် တပ်ဖက် ဆက်ဆံရေးအားနည်းခဲ့လို့ နားလည်မှုတွေ လွဲနေကြတာလို့ တွက်ဆမိပါတယ် ။ အဓိက တရားခံတွေက စာရေးဆရာတွေ ၊ မင်းကိုနိုင် ကိုကိုကြီး တို့လို ရှစ်ပူးတွေက တပ်မတော်မုန်းတီးရေး တစိုက်မတ်မတ် လုပ်နေကြပြီး အဆိပ်ခပ်နေလို့ပဲဆိုတာ ပြတ်ပြတ်သားသား ရှုမြင်လာပါတယ် ။

အဲဒါကြောင့် တပ်မတော်ရဲ့ သမိုင်းမှန်တွေကို ရနိုင်သလောက် ဖော်ထုတ်တယ် ။ သူတို့တွေ အခက်အခဲပေါင်းစုံကြားက ဘယ်လောက်ရုန်းကန်ခဲ့ရသလဲဆိုတာ တတ်နိုင်သလောက် ဖော်ကျူးခဲ့တယ် ။ ရည်ရွယ်ချက်က အရပ်ဖက် တပ်ဖက် နားလည်မှု အပြန်အလှန်လေးစားမှု ရှိလာစေဖို့ ရည်ရွယ်ပါတယ် ။

ကျောင်းဆရာဘဝမှာ ခပ်ညံ့ညံ့ ခပ်ဆိုးဆိုး ကျောင်းသားဘဝက လာခဲ့တော့ ခပ်ညံ့ညံ့ကျောင်းသား ခပ်ပေပေ ကျောင်းသားကို ဘယ်လို ကိုင်တွယ်သင်ကြားမယ်ဆိုတာ သူများတွေထက် ပိုသိခဲ့တယ် ။ ဒါကြောင့် ဆရာဘဝမှာ ကျောင်းသားအများစု လက်ခံတဲ့ ဆရာအဖြစ် သတ်မှတ်ခံခဲ့ရပါတယ် ။

ဒီလိုပါပဲ ဆိုရှယ်မီဒီယာမှာ စာရေးတော့လည်း သူလိုကိုယ်လို လူတွေ အမှတ်တမဲ့ သိသလိုလိုနဲ့ မသိခဲ့တာလေးတွေ သိစေချင်လို့ ရေးတယ် ( ကိုယ်လည်း ချောင်ကြိုချောင်ကြားက စာတိုပေစလေးတွေ ဖတ်မိမှ သိတာမျိုးလေးတွေပါ ) ။


နောက် ပညာရှင်တွေ ရေးတဲ့ အကြောင်းအရာတွေထဲက အင်မတန်ကောင်းတဲ့ စာတွေတွေ့တယ် ။ သူက ပညာရှင်အစစ်ဆိုတော့ သုံးနှုံးတဲ့ စကားလုံးတွေက ပညာရပ်ဆိုင်ရာတွေဆိုတော့ နားရှင်းအောင် မနည်းဖတ်ရတယ် ။

ဒီတော့ ငါတောင် မနည်းစဥ်းစားရတာ ငါ့လို အချိန်မပေးနိုင် ၊ မစဥ်းစားနိုင်တဲ့ ခပ်ညံ့ညံ့လူတွေ ရှိအုံးမှာပဲ သူတို့အတွက် ပြန်ရေးမယ်ဆိုပြီး မူရင်းရေးသူနဲ့ ချိတ်ဆက် ခွင့်တောင်း ပြန်ရေးပါတယ် ။

အဲသလို ရေးနေတာကို နှစ်သက်သူ ရှိသလို မနှစ်သက်သူတွေလည်း ရှိတယ်ဗျ ။ အံ့သြစရာက တပ်မတော်တိုက်ပွဲတွေ အကြောင်းရေးရင် အရာရှိဟောင်း စာရေးဆရာအချို့က မကြိုက်ဘူးဗျ ။

ဘယ်အချက်မကိုက်ညီဘူး မှားနေတယ် ထောက်ပြဝေဖန်ရင် ဖတ်သူတွေလည်း အကျိုးများမှာပါ ။ အရပ်သားရေးတာမို့ မယုံနဲ့ဆိုရင်ဖြင့် အချက်အလက်က စစ်သာဟောင်းကြီးတွေက ရထားတာမို့ တွေးကြည့်ပေါ့ဗျာ 😂


ကျနော်ကတော့ စစ်သုံးဝေါဟာရတွေ တတ်နိုင်သလောက်ရှောင်တယ် ။ ကျနော့်ပစ်မှတ် သာမန်အရပ်သားတွေ အတွက် ရည်စူးရေးသားလို့ မထည့်တာဗျ ။ ကိုယ်ကလည်း ခပ်ညံ့ညံ့ဆိုတော့ လူပိန်းကြိုက်ပဲ ရေးတတ်သလောက် ရေးရတာကိုး...

နောက်ပြီး နိုင်ငံရေးရှုဒေါင့်တွေ သုံးသပ်ချက်တွေ ရေးတော့လည်း အမြင်မတူ ရှုဒေါင့်မတူရင် တဖက်တည်း ရပ်တည်နေလည်း ကွဲပြားမှာပဲ ဗျ ။ ရေးနေတာတော့ တိုင်းပြည်အတွက်ပဲ ။ ရံဖန်ရံခါ အပေါ်ကို ပင့်တွန်းရသလို ( စိတ်ဓာတ်ရေးရာတိုက်ပွဲအတွက်) တခါတရံ အပုပ်ဖော်ရတတ်ပါတယ် ( ပြုပြင်ဖာထေးနိုင်ရန် အလို့ငှာ)...

ဒီတော့လည်း ခင်ဗျား ဟိုအကြောင်း မရေးပါနဲ့ ဒီအကြောင်းမရေးပါနဲ့ လာပြန်ရောဗျ ။ ခင်ဗျား ဒီဟာ မသိပါဘူး ၊ ဟိုဟာနားမလည်ပါဘူး အစရှိသည်ဖြင့်ပေါ့ဗျာ ။

ဖြစ်သင့်တာက ခင်ဗျားရေးထားတဲ့ ဒီအချက်အလက်က မှားနေတယ် ဆိုပြီး ထောက်ပြကန့်ကွက်ရမှာလေ ။ ဒါမှ ကျနော်လည်း မှားနေရင် ပြင်လို့ရမှာပေါ့ ။ အဲသလို ထောက်မပြနိုင်ပဲ မရေးပါနဲ့ ပြောလေ ရေးချင်လာလေ ပဲ ( စိတ်ဓာတ်က ခပ်ညံ့ညံ့ပါဆို 😂)


လိုင်းစုံရေးနေတော့ အမြင်ကပ်သူတွေက နေရာတကာဆရာကြီး လုပ်တယ် ဝေဖန်ကြပြန်ရော ။ ကဲ ဒါဆို ရေးတာအများကြီး ဘယ်အချက်က အကြောင်းအကျိုး မညီညွှတ်ပဲ မှားနေသလဲ ထောက်ပြပါဆိုတော့လည်း Reply ပြန်မလာတော့ဘူး ။

တကယ်တမ်းတော့ ကျနော် ဆရာကြီးလုပ်နေတာ မဟုတ်ပါဘူး ။ ကျနော့်အရည်အချင်းကိုက ခပ်ညံ့ညံ့ပါ ။ ကိုယ်က ညံ့တော့ မသိခဲ့တာတွေ အရမ်းများခဲ့ပါတယ် ။ သိလာချိန်မှာ ကိုယ့်လို ခပ်ညံ့ညံ့လူတွေကို မျှဝေချင်လာမိတယ် ။ ရေးမိတော့ ဆရာကြီးလုပ်တယ် ပြောပြန်ရော ။

ကဲ ကျနော် ခပ်ညံ့ညံ့ပါ လို့ ဝန်ခံပါတယ် ဆရာ့ ဆရာကြီးများခင်ဗျာ ။ ကျနော်ရေးသမျှသည် သူလိုကိုယ်လို လူပိန်းများအတွက်သာ ရည်စူးပါသဖြင့် မျက်စိနောက်ပါက ကျော်လွှားသွားနိုင်ပါရန် တင်ပြလိုက်ရပါတယ် ။

ကိုရွှေမျိုးဝင်း
03.05.202501:23
ရိက္ခာစို ရိက္ခာခြောက်
===================

တပိမတော်အတွက် မဆလ ခေတ်တုံးက စလာခဲ့ရတဲ့ ပြဿနာက အခုထိ ပြန်မဖြီရသေးတာ ရှိတယ် ။ ဒီတော့ အရင်ရှေးခေတ် မြန်မာ့တပ်မတော်သားတွေ အတွက် ရိက္ခာစို ၊ ရိက္ခာခြောက် ဘယ်လိုရခဲ့သလဲ ပြန်လေ့လာကြည့်ပါ ။

ရိက္ခာစို အဖြစ် အမဲသား ၊ ကြက် / ဘဲ ၊ ငါး ၊ ကြက်ဥ / ဘဲဥ တမျိုးမျိုးကို နေ့စဥ်ပေးတယ် ။ ပေါ့တော့တော့ ပေးကြတာတော့ မဟုတ်ဘူး အသားထုတ်မယ့် တိရိစ္ဆာန်ကို ကျန်းမာရေးစစ်ဆေးပြီးမှ လတ်လတ်ဆတ်ဆတ် ပေးဝေကြတာပါ ။ အသီးအရွက်ကတော့ နေ့စဥ်မဟုတ်ပေမယ့် ရက်ခြားရတတ်ပါတယ် ။

ရိက္ခာခြောက်အဖြစ် ဆန် ၊ ဆီ ၊ ဆား ၊ လက်ဖက်ခြောက် ၊ ဗူးနို့ဆီ ၊ သကြား ၊ ကုလားပဲ အစုံရကြပါတယ် ။ နောက်ဆုံး လောင်စာထင်းကိုတောင် ပေးခဲ့ပါတယ် ။

ပြဿနာက ဘယ်အချိန်စလာလည်း ဆိုတော့ မဆလပါတီရဲ့ လွှတ်တော် အစည်းအဝေးမှာ နိုင်ငံခြားငွေ အသုံးလျှော့ဖို့ နဲ့ အခြားအသုံးစရိတ်တွေ ချွေတာဖို့ အမျိုးသမီး အမတ်တဦးက အဆိုတင်သွင်းပြီး ထောက်ခံကြပါရော ။

ဒီဆုံးဖြတ်ချက်အရ တပ်ကို စံပြအဖြစ် ရိက္ခာခွဲတမ်းတွေ လျော့ချလာပါရော ။ နေ့စဥ်ပေးနေတဲ့ ရိက္ခာစိုအစား ငွေကြေး မဖြစ်စလောက် သတ်မှတ်ပြီး ရိက္ခာစို ဖြတ်တောက်လိုက်တယ် ။

နောက် ရိက္ခာခြောက်ကို လေ့လာကြည့်ပါ ။ ပြည်ပက ဝယ်နေရတဲ့ ဗူးနို့ဆီတွေ ဖြတ်တောက်ပြီး အစားထိုးအဖြစ် ပြည်တွင်းချက်နို့ဆီတွေကို ပလပ်စတစ်အိတ်လေးတွေနဲ့ ပေးဝေလာပါတယ် ။ ချက်ခြင်း အချဥ်ပေါက် ပျက်စီးတတ်တဲ့ နို့ဆီမို့ တပ်မတော်သားတွေ အတွက် အသုံးမဝင်ပါဘူး ။

ပဲဆီ နှမ်းဆီ နေရာမှာ ဝါစေ့ဆီတွေ အစားထိုးပေးခဲ့ကြပါတယ် ။ အရေအတွက်တွေ လျော့ပေးလာပါတယ် ။ ဆန်ကတော့ မြန်မာပြည်ရဲ့ အညံ့ဆုံးဆန်ကြမ်းပဲ ပေးဝေပါတယ် ။ ရီစရာမဟုတ်ပါဘူး ကြက်ဥ ဘဲဥ နေရာမှာ ငုံးဥအစားထိုးပေးတဲ့ အထိ ဖြစ်ခဲ့ဘူးပါတယ် ။

အမှန်က ရိက္ခာစို ၊ ရိက္ခာခြောက်ဆိုတာ လူတယောက် တနေ့တာ ပြန်ဖြည့်ရမယ့် ကယ်လိုရီကို အသေအချာ တွက်ချက်ပြီးမှ ပေးဝေခဲ့ကြတာပါ ။ မိသားစုအတွက်လည်း အပိုဆောင်း ပေးဝေရပါတယ် ။ အဲဒါကို ဦးနေဝင်းက ပြည်သူတော့ ဝေစုမလျော့စေနဲ့ ငါတို့ တပ်မတော်သားတွေပဲ အနစ်နာခံကြရမယ်ဆိုပြီး လိုအပ်ချက်အရ လုပ်ခဲ့ရတာမျိုးကို အဲသလို တွေ့ခဲ့ရပါတယ် ။

ခေတ်ကာလအရ ( ကြက်သား ဝက်သား ဧည့်သည်လာမှ စားရတဲ့ အချိန်) ရိက္ခာ ဝိတ်လျော့ခဲ့ရပြီး မစို့မပို့ ငွေကြေးအစားထိုးပေးနေခဲ့တာ မဆလ ခေတ်ကနေ ဒီကနေထိပါပဲ ။ ရိက္ခာစိုဖိုး တနေ့ ၇၅၀ ပေးတယ် ဆိုတာ ရှက်စရာပါပဲ ။ အမဲသား ၁၀ သား ၃၀၀၀ ကျပ် ကာလမှာ ၃ ကျပ်သားဖိုးလောက် ပေးနေတာ သဘာဝမကျတော့ပါဘူး ။

စားရေရိက္ခာဆိုတာ အခုခေတ်မှာ အင်မတန်ပေါများနေပါပြီ ။ ဟိုဘက်ခေတ်ကလိုပဲ ရဲဘော်တဦးခြင်းအတွက် ( မိသားစုအပါ) စနစ်တကျ တွက်ချက်ထားသော စကေးအတိုင်း ပြန်လည် ပေးဝေဖို့ ကောင်းနေပါပြီ ။ ၇၅၀ သည်ကား မူလတန်းကလေး မုန့်ဖိုးတောင် မရှိတော့ပါဘူး ။

မိမိစစ်သည်တို့ ခွန်အားပြည့်ဝစေရန် ယခင်တုန်းကလို ( မဆလ ခေတ်ရှေ့ ကဲ့သို့) ပြန်လည် ထောက်ပံ့သင့်ပါပြီ ။ ထောက်ပို့တပ်များကိုလည်း ပေးဝေသမျှ ပစ္စည်းမှန် ၊ အလေးချိန်မှန်စေဖို့ စဥ်ဆက်မပျက် စစ်ဆေးကြီးကြပ်ဖို့ အရေးကြီးပါတယ် ။

လက်ရှိ ယနေ့တပ်မတော်မှာ ထောက်ပံ့နေသော ပြုတ်မနူး ကုလားပဲ ပြဿနာ ကြီးထွားနေတယ်လို့ ကြားရပါတယ် ။ ပြုတ်မနူး အညံ့စား ကုလားပဲက မြန်မာပြည်က မထွက်ပါဘူး ။ စျေးကွက်မှာ မြန်မာကုလားပဲထက် ညံ့သော အိန္ဒိယ ကုလားပဲများအား စျေးသက်သက်သာသာနဲ့ ရတယ်လို့ ကြားရပါတယ် ။

ထုံးစံအတိုင်း အကောင်းနဲ့အညံ့ လဲလှယ်ပေးဝေနေသလားဆိုတာ စီစစ်သင့်ပါတယ် ။ စစ်သား နဲ့ ပဲ လင်မယားလို နေကြရတာမို့ ကုလားပဲ ပြဿနာကိုလည်း ကိုင်တွယ်သင့်ပါတယ် ။

စတန်းဒက် Army အော်နိုင်ဖို့ မိမိစစ်သည်များအတွက် အရည်အသွေးကောင်း ရိက္ခာစို ရိက္ခာခြောက်များ ပြည့်ဝစွာရရှိရေး ဦးစားပေးဆောင်ရွက်သင့်ပြီလို့ ယူဆမိပါတယ် ။ တပ်မတော်သားများအတွက် မဆလခေတ်ရဲ့ ဆိုးမွေတခုကို ချန်ထားသင့်ပါပြီ ။

ကိုရွှေမျိုးဝင်း
01.05.202512:54
မဲသဝေါ မှ သူရဲကောင်း စိတ်ဓာတ်များ (6)
===============================

18 - 12 - 1988 မနက် 10:30 မှာ အံ့ကျော်ကုန်း နဲ့ ကဆာနလီကို ပွှိုင့် ၉၆၂ ပေါ်ကနေ 81 mm 7 လက် ၊ 60 mm စိန်ပြောင်းများနဲ့ နည်းဗျူဟာ ၄၄၂ မှ အမြှောက်ပစ်ချက်များနဲ့ စတင် ဖွင့်လှစ်လိုက်ပါတယ် ။

ဒုတိယဗိုလ်မှူးကြီး မြင့်မောင်ကတော့ KNU တို့ အထူးကြောက်ရွံ့သော 84 mm ( ဂါးလ်ဂူးစတပ်) နဲ့ အံကျော်ကုန်းအား အနီးကပ်ပစ်ခတ်စေပါတယ် ။ ထိုအချိန်မှာ ချေမှုံးရေးတပ်တွေက ဆက်သွယ်ရေးတူးမြောင်းမှ တိတ်တိတ်လေး ချီတက်နေကြပါတယ် ။

နေ့လည်မှာ ရန်သူရဲ့ မိုင်းပဒေသာပေါက်ကွဲပြီး စစ်သည်အများအပြား ကျဆုံး ဒဏ်ရာရခဲ့ပါတယ် ။ ငြိမ်သက်နေတဲ့ ရန်သူတွေလည်း မိုင်းကွဲသံကြားရာသို့ စုပြုံပစ်ခတ်ပါတယ် ။ အံ့ကျော်ကုန်းမှ 57 mm ဖြင့် တိုက်ရိုက်ပစ်ခတ်သော်လည်း ခမရ ၇ စစ်ကြောင်း ၂ သည်ကား အင်္ဂတေကိုင်ထားတဲ့ ကျောက်ဆောင်ကဲ့သို့ နောက်မဆုတ်တမ်း ခြေကုတ်ယူထားပါတယ် ။

ဘရာဇီယာကုန်းနှင့် ပွှိုင့် ၁၇၇၈ တို့မှ မိမိစစ်သည်များကတော့ အော်ဟစ်အားပေးနေကြပါတယ် ။ အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြရင်း ဗိုလ်သွင်ကိုကို ရဲ့ တပ်စုဟာ ခြံစည်းရိုးထိ ရဲရင့်စွာ ဇွတ်တိုးကပ်ပြီး ဘန်ဂလိုများအား ဖောက်ခွဲခြင်း ၊ လက်ပစ်ဗုံးများ ပစ်သွင်းခြင်းတို့ကို လုပ်ကြပါတယ် ။

စစ်သည်များက အတင်းဝင်တိုးကြရာ ရန်သူမှ ရှေ့ထွက်မိုင်းများ တပြိုင်နက်တည်း ဖောက်ခွဲလိုက်ရာ အများအပြား ကျဆုံးဒဏ်ရာ ရရှိကြပါတယ် ။ ဗိုလ်မှူးသိန်းထွန်းအောင်က ဒဏ်ရာရသူတွေ နောက်ပြန်ပို့ပြီး လှံစွပ်တက်ထိုးကြပြန်ပါတယ် ။

အင်အားအပြည့်နဲ့ ရန်သူတွေဟာ လှံစွပ်ထိုးတာကိုလည်း လန်ကျအောင် ခုခံနိုင်ခဲ့သောကြောင့် နေ့ ၁၂ နာရီ ထိုးစစ် မအောင်မြင်ပါဘူး ။ လက်မလျှော့တဲ့ တပ်မတော်ဟာ အနားယူ ကျည်ဖြည့်ပြီး ညနေ 3:30 မှာ ထပ်တိုးပါတယ် ။ ပိတ်ပိတ်ပိန်းနေတဲ့ သိပ်သည်းလှသော ခံစစ်ကြောင့် မရပြန်ပါဘူး ။

ဗိုလ်မှူးသိန်းထွန်းအောင်ဟာ အမာစား စစ်မှူးပီပီ ညနေ 4:10 မှာ တတိယအကြိမ် တက်ထိုးတယ် ။ အပေါ်စီးက ရန်သူကို တိုးမရပါဘူး ။ မှောင်စပျိုးတဲ့ ညနေ 6 နာရီမှာ မလျော့စတမ်း ထပ်ထိုးပြန်ပါတယ် ။ မအောင်မြင်ပါဘူး ။

18 - 12 - 1988 မှာ တရက်တည်း ၄ ကြိမ် တိုးကြသော်လည်း မအောင်မြင်တဲ့ အတွက် ဗိုလ်မှူးသိန်းထွန်းအောင်ဟာ နောက်ဖက်ကို ကိုက် ၂၀၀ ခန့်ဆုတ်ပြီး ခြေကုတ်ယူထားပါတယ် ။ သူ့တပ်ခွဲက စစ်သည်တို့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာအတွက် များစွာ ပေးဆပ် ခဲ့ကြရပါတယ် ။

ဗိုလ်ကြီးနေဝင်းမြင့်ရဲ့ တပ်ခွဲ ၅ ကလည်း ညဘက်မှ အံ့ကျော်ကုန်းကို ဘေးဖက်မှပန်းပြီး တိုက်ခိုက်ပါတယ် ။ ဗိုလ်စိုးမြင့်အောင်ရဲ့ လက်ရွေးစင်တပ်က ဘန်ဂလိုတွေ ဖောက်ခွဲပြီး ခြံစည်းရိုးထဲထိ ဝင်တိုးကြပါတယ် ။

ခြံစည်းရိုး ၂ ထပ်အတွင်း ရောက်လာတော့ ရန်သူ ၁၀၀ ခန့်မှ ပြင်းပြင်းထန်ထန် ပစ်ခတ်တားဆီးကြပါတယ် ။ စစ်ကြောင်း ၁ ၊ ၂ နှစ်ကြောင်းလုံးရဲ့ တပ်ရင်းအကူများကလည်း တပ်ရင်းမှူးကိုယ်တိုင် ဦးစီးပြီး ရန်သူနဲ့ ကိုက် ၃၀၀ အကွာထိ မီးကုန်ယမ်းကုန် ပစ်ကူပေးလာကြပါတယ် ။

ရဲရင့်တဲ့ ဗိုလ်စိုးမြင့်အောင်တပ်ကို စိုးရိမ်လို့ ဗိုလ်ကြီးနေဝင်းမြင့်ရဲ့ ခွဲ ၅ ကလည်း အတင်းကျားတက်ထိုး ကူညီကြပါတယ် ။ အဲဒါတောင် လက်ရွေးစင်တပ်စုမှ တပ်စိတ် ၂ စိတ်ခန့် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ် ။

နောက်တကြိမ် ဗိုလ်ဇော်အောင် တပ်စု ကျားတက်ထိုးတယ် မရဘူး ။ တတိယအကြိမ် ဗိုလ်ကြီးနေဝင်းမြင့် ကိုယ်တိုင်ကျားတက်ထိုးတယ် မရပြန်ဘူး ။ အဲဒီ အချိန်မှာ ကဆာနလီမှ ရန်သူ ၁၅၀ ကလည်း နောက်ကျောကနေ ဝင်တိုက်ပါတယ် ။ တပ်ခွဲ ၅ က စစ်နှစ်ဖက် ညှပ်တိုက်ခံရလို့ ပြန်ဆုတ်ပြီး စစ်ကြောင်း ၂ နဲ့ ပူးပေါင်းထားရပါတယ် ။

18 - 12 - 1988 တနေ့လုံး တညလုံး မိမိတို့ဘက်မှ အကောင်းဆုံး အရဲရင့်ဆုံး တိုက်ခိုက်ခဲ့ကြသလို KNU ဘက်မှလည်း အပြင်းထန်ဆုံး အမာကျောဆုံးသော ခုခံစစ် ဆင်နွဲနိုင်ခဲ့တယ်လို့ မှတ်တမ်းတင်ရတဲ့ တိုက်ပွဲဝင် နေ့ပဲ ဖြစ်ပါတယ် ။

19 - 12 - 1988 တိုက်ပွဲမရှိဘူး ။ မိမိဘက်က လူသူ ခဲယမ်း ဖြည့်စွက်ရေးဆောင်ရွက်နေရလို့ ဖြစ်ပါတယ် ။

20 - 12 - 1988. မနက်စောစောမှာ ဗိုလ်ချုပ်မောင်လှ နဲ့ ခမရ ၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမြင့်မောင်တို့ တွေ့နေကြပါပြီ ။ ဗိုလ်ချုပ်မောင်လှက...

'' တွေဝေမနေနဲ့ ၊ စိတ်ညစ်မနေနဲ့ မြင့်မောင် ။ စစ်တိုက်တယ်ဆိုတာ ဒီလိုပဲကွ ။ မင်းရဲ့ တပ်နဲ့ပဲ အံ့ကျော်ကုန်းကို မရ ရအောင်တိုက်ယူမယ် ။ လက်နက်ကြီးပစ်ကူတွေ မနေ့ကထက် ထိရောက်အောင် ပြင်စမ်း ။ ပစ်မှတ်ကို တိတိကျကျ ထိအောင်ပစ်ကြ ။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ နဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို မင်းတို့ကြောင့် မကျစေနဲ့ ။ ငါတို့ တပ်မတော်ရဲ့ အောင်မြင်မှုကို ကမ္ဘာက သိအောင်ပြကြ ။ မင်းဘာသာ ကြိုက်သလိုတိုက် ၊ ကြိုက်တဲ့နည်းသုံး ၊ ငါလိုချင်တာ အံ့ကျော်ကုန်း ရဖို့ပဲ ။ နားလည်လား မြင့်မောင် နားလည်ရင် မင်းစိတ်ကြိုက် ဆက်လုပ် ''
08.05.202522:46
ပြန်နွေးအုံးမယ်
==============

တပ်ချုပ်ကြီး ရုရှားသွားတာကို ဝယ်ထားတဲ့ ကိုယ်ပိုင်လေယာဥ်နဲ့ သွားတယ် ဘာဘာညာညာ နဲ့ အော်နေသံ ကြားနေရပေမယ့် ပေါက်ကရတွေမို့ ဂရုမစိုက်ခဲ့ပါဘူး ။ သို့သော် ပန်ဆယ်လိုသူခိုးမက ဂယောင်ခြောက်ခြားနဲ့ ဒေါ်စုကြည်ကို ရဟတ်ယာဥ်ဝယ်ခဲ့လို့ တရားစွဲတဲ့ ကိစ္စနဲ့ ဆက်နွယ် တိုက်ခိုက်နေလို့ ပြောချင်လာပြန်ပါတယ် ။


ရဟတ်ယာဥ်ကို လူကယ်ပြန် ခေါင်းစဥ် နဲ့ လွှတ်တော်လည်း မတင်ပြပဲ သူ့သဘောနဲ့သူ ဝယ်ပြီးမှ မခိုးမခန့် အကြောင်းကြားလာတယ် ။ အစိုးရအဖွဲ့ ( သူတို့ပဲ) တွင်း ဆွေးနွေးထားတဲ့ အစည်းအဝေးမှတ်တမ်းတောင် မရှိဘူး ။


နောက်ပြီး လေထဲပျံသန်းမယ့်ရဟတ်ယာဥ် ( စစ်ဆေးရခက်ခဲ) ဝယ်ယူဖို့ဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဘောတူညီချက် မဖြစ်မနေ တောင်းရမယ် ။ ဒါလည်း ဂရုမစိုက်ဖူး လုပ်ချင်သလို လုပ်ခဲ့ကြတယ် ။

ဝယ်ယူတဲ့ တန်ကြေးကြည့်အုံး ဒေါ်လာ ၁၄ သန်းကျော် ( ကျပ်သန်းပေါင်း ၂၃၀၄၈ သန်း) တဲ့ ။ ဒါပဲလား မဟုတ်သေးဘူး ငွေမချေခင် ငှားသုံးခဲ့တဲ့ ကုန်ကျစရိတ်က ဒေါ်လာ 3.5 သန်း တဲ့ ။


ကယ်ဆယ်ရေး အကြောင်းပြပြီး ဇိမ်ခံရဟတ်ယာဥ်ကြီးကို ပြည်သူ့ငွေနဲ့ ကလေးကစားစရာ အရုပ်တရုပ်လို ဝယ်ချလာတာလေ ။ ဘဏ္ဍာရေးစည်းမျဥ်းဆိုတာ ပြဌာန်းပြီးသား ဗျ ။ အစိုးရငွေကို ဘဏ်မအပ်ပဲ သတ်မှတ်ချိန်ထက် ကျော်လွန် ထိမ်းသိမ်းထားရင်တောင် ယာယီအလွဲသုံးစား နဲ့ တရားစွဲ ထောင်ချပါတယ် OK ။

တကယ်တမ်း ကယ်ဆယ်ရေး ရဟတ်ယာဥ်စျေးနှုံးက ဒေါ်လာ ၁ သန်းတန်ဆို အသုံးတဲ့လှပါပြီ ။ အမေရိကန်တောင် အခုထိ သုံးနေကြတုန်းပဲ ။ ဗီယက်နမ်စစ်ပွဲသုံး ဘဲလ် ရဟတ်ယာဥ်တွေလေ ။ ပြည်သူကို ကယ်ချင်ရင် ဘဲလ်ရဟတ်ယာဥ် ၁၈ စီးလောက် ဝယ်လို့ရတဲ့ ပမာဏကို ဖင်ဇိမ်ခံဖို့ တစီးထဲ သုံးပစ်တာ မြင်အောင်ကြည့် ။

အဲသလို ပြည်သူ့ငွေကို ဥပဒေမဲ့ ပေါက်ပန်းသေးလုပ်ရပ်တွေကြောင့် ဒေါ်စုကြည် ၊ ဦးဝင်းမြင့် နဲ့ ဝင်းမြတ်အေးတို့ ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မ ၅၅ နဲ့ ကမ္ဘာသိ တရားစွဲခဲ့တာပါ ။

အာဏာမရခင်က....

'' ပြည်သူတွေ ဆင်းရဲနေချိန်မှာ ကားအကောင်းစားကြီး စီးရမှာ ကျမရှက်တယ် ''

ဆိုတဲ့ ဒေါ်စုကြည်လေ 😂😂😂 အဲဒီစကားပြောတုန်းက သူက သူများငှားပေးထားတဲ့ ကားစုတ်လေးပေါ်ကနေ တရာဖိုး ၃ ခုလောက် ရတဲ့ မိုက်အစုတ်လေးနဲ့ တရားလှည့်ဟော သောက်တင်းတုတ်နေရတဲ့ ဘဝ ကိုးဗျ ။ မနာလိုစိတ်နဲ့ ပြောခဲ့တာ အသိသာကြီး ။

သူကသာ သောက်တင်းတုတ်နေတာပါ အဲဒီ အချိန်တုန်းက ဝန်ကြီးတွေဆို သာမန်ဇိမ်ခံကား ဆေးနက်သုတ် စီးနေကြရတာပါ ။ မာစီးဒီးတွေ အစီး တထောင်ကျော် ဝယ်ထားပြီး နိုင်ငံတကာက ဧည့်သည်တွေအတွက် သိမ်းထားကြတယ်လေ ။


မိမိတိုင်းပြည်နဲ့လူမျိုးကို အထင်သေးမှာ စိုးလို့ ကားအကောင်းစားတွေ ဥ ထားပြီး ကိုယ်တိုင်ကားစုတ်စီးနေတဲ့ ဦးသိန်းစိန်တို့ကြတော့ ပြောလိုက်ကြတာ ရစရာမရှိဘူး ။

2016 ဒေါ်စုကြည်လည်း အာဏာရကော တိုင်းပြည်အတွက် အသစ်ဝယ်ယူအားဖြည့်ဖို့ အသာထား ဦးသိန်းစိန် ဥ ထားတဲ့ မာစီးဒီးတွေပါ ဝေငှစီးကြပါရောလား.. ။ ကိုင်း ပြည်သူတွေ ဆင်းရဲချိန် ကျမကားအကောင်းစားကြီး စီးရမှာ ရှက်တယ်ဆိုတာ ကြည့်ထားနော် ။ 2016 မှာ ပြည်သူတွေ ချမ်းသာကုန်ပြီလား မေးလိုက်ပါရစေ ။

ဒါတွေက ဘာမှ မကြာသေးပါဘူး အားလုံးသိပြီးသားတွေပါ ။ နီတုံးလေးတွေ နဲနဲမှ စပ်ချင် စပ်ကြပါစေဆိုပြီး ပြန်နွေးပြလိုက်တာပါ ။

ကိုရွှေမျိုးဝင်း
07.05.202512:33
ပြည်သူ့စစ်ခေါင်းဆောင်တွေရဲ့ သတင်းစကားတွေကို ဘယ်လောက် ဥပေက္ခာပြုထားတယ်ဆိုတာ တိုင်းမှူးကြီး အသိဆုံးပါ ။ နားတဖက်ထဲဖွင့်ပြီး အလုပ်လုပ်နေတာကို စွန့်လွတ်သင့်ပါပြီ ။ ပြည်သူ့စစ်ဆိုတာ တိုင်းပြည်ကို ချစ်လို့ အသားလွတ် အသေခံစွန့်စားနေကြရတာပါ ။ လာဘ်စားမယ့် အရာရှိထက် တိုင်းပြည်ကို ပိုပြီး ချစ်ကြပါတယ် ။

သမိုင်းကောင်းပြီး သတ္တိရှိသော နမခတိုင်းမှူးကြီးမှ မိမိလက်အောက်ခံ ပြည်သူ့စစ်ရွာများရဲ့ ဒုက္ခတွေကို စာနာမှုဖြင့် အချိန်မှီ ထောက်ပံ့ကူညီနိုင်ပါရန် တောင်းဆိုလိုက်ရပါတယ် ။

ကိုရွှေမျိုးဝင်း
05.05.202512:30
သဘောကျလို့ ပြန်ဖြေမယ်
=======================
၁ - ဘယ်အာဏာရှင်ပဲလာလာ ဘယ်အာဏာရှင်ဘယ်လိုအုပ်ချုပ်ချုပ် ကိုယ့်နိုင်ငံတိုးတက်ဖို့ သူများနိုင်ငံနဲ့ရင်ဘောင်တန်းဖို့ လုပ်ပေးနိုင်ရင် ဘာပြဿနာမှမရှိဘူး ။

၂ - အုပ်ချုပ်လာတာ ရာစုနှစ်တောင်ဝင်ဝော့ာမယ် နိုင်ငံတကာနဲ့မနှိုင်းနဲ့အုံး ASEANမှာတင် မင်းပြောတဲ့အဲ့အာဏာရှင်တွေနဲ့ ယှဉ်ချလိုက်အုံး ဘယ်လောက်တိုးတက်လို့လဲ..

၃ - ယှဉ်ချပြရင် သာတူညီမျှ အကုန်ယှဉ်ချပြရတယ်..လိုရာကွက်ပဲ ယှဉ်ချပြရင် တိုင်းချစ်ပြည်ချစ်လို့ မခေါ်ဘူး။ "ဘောမ"လို့ခေါ်တယ် ဆိုတာ လူလိုသိထားသင့်တယ်လို့ မထင်ဘူးလား ။
---------------------------------------------------------------
၁ ။ ။ မဆလ ခေတ်ကနေ နဝတ ခေတ်ပြောင်းတော့ စနစ်တခုလုံး ချိန်းပစ်ကြတယ် ။ စျေးကွက်စီးပွားရေးစနစ် စလုပ်တော့ ဗီယက်နမ်ဆို အိပ်ကောင်းတုန်း ၊ တရုတ်ဆို ရင်ပြည်သူ့ရင်ပြင်မှာ ဆန္ဒပြတဲ့ ကျောင်းသားတွေကို တင့်ကားနဲ့ကြိတ်ကောင်းတုန်းကာလတွေပေါ့ ။

ကိုကာကိုလာ ၊ ပက်စီ ကနေ ဂျေဒိုးနပ် ၊ KFC ဟန်ဘာဂါတို့ အုပ်လိုက်ရောက်လာချိန် တိုင်းပြည်စီးပွားရေး ထွန်းတောက်လာပြီ ၊ စက်ရုံ အလုပ်ရုံတွေ အလွန်များလာပြီး အလုပ်လက်မဲ့ရှားသွားပြီ ။ ဒီကာလတွေက 1990 ကနေ 1996 ထိ ရွှေရောင်ကာလတွေပဲ ။

ပြည်သူတွေလည်း ကျေနပ်နေကြပြီ ။ အဆင်ပြေနေကြတာကိုး ။ တိုင်းပြည်တခုလုံး ကျေနပ်နေချိန်မှာ မကျေနပ်တဲ့ သူတွေက လူယုတ်မာ NLD တွေပဲ ။ ဒေါ်စုကြည် ဦးဆောင်ပြီး စီးပွားရေးပိတ်ဆို့ပါလို့ တောင်းဆိုလိုက်တယ် ။

စက်ရုံအလုပ်ရုံတွေ ပိတ်ကုန်တယ် ။ ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှပ်နှံမှုတွေ ပြန်ဆုတ်ခွာသွားတယ် ။ နောက်ဆုံး ဆေးဝါးကအစ ပြတ်လပ်ပြီး AIDS တွေ သေကြတာ သောက်သောက်လဲ ။ နယ်က အလုပ်သမလေးတွေ KTV ရောက် မာဆတ်ရောက် ဖာဖြစ် လမ်းဆုံးသွားတယ် ။

ကဲ သူများနဲ့ရင်ဘောင်တန်းနိုင်အောင် လုပ်ပြနိုင်ပေမယ့် လူယုတ်မာ အတိုက်အခံတွေ ရှိနေရင်လည်း ပြည်သူတွေပဲ ခံကြရတာ မြင်အောင်ကြည့်နော်... မိမိအာဏာရရေးအတွက် တိုင်းပြည်ကို စုတ်ပြတ်သွားအောင် လုပ်သွားတာ ဒေါ်စုကြည်ဆိုတာ သူမသေသေးပါဘူး မေးကြည့်ကြပေါ့ ။

၂ ။ ။ ASEAN နဲ့ ယှဥ်ကြည့်အုံးတဲ့ ။ ကဲ ပြောကြည့်ပါအုံး ASEAN ထဲမှာ NLD လောက် အောက်တန်းကျယုတ်မာတဲ့ အတိုက်အခံရှိတဲ့ တိုင်းပြည် ရှိသလား..?
ဘယ် ASEAN နိုင်ငံမှာ သူပုန်အဖွဲ့ ၁၀၀ ကျော်ရှိနေသလဲ....? မင်းကိုနိုင် ၊ ကိုကိုကြီး ၊ မြအေး တို့လို ဘာလုပ်လုပ် စောက်တင်းတုတ် ကန့်လန့်တိုက်နေတဲ့ ပြည်ပကျွန် ဂဏန်းတွေ များတဲ့တိုင်းပြည်တွေ့ဖူးလား.. ?

အဲသလောက် အဖျက်အမှောက်များနေတဲ့ တိုင်းပြည် ဘယ်သူနဲ့မှ ယှဥ်မရတာ ဆန်းသလား.. ? အစိုးရညံ့တာ 30 % ဆိုရင် အဖျက်အမှောင့်တွေ ယုတ်မာတာ 70 % ကြောင့်ပဲလေ ။ တိုင်းပြည်ပျောက်မသွားတာ ကံကောင်း.....

၃ ။ ။ ကိုင်း သာတူညီမျှ ယှဥ်ကြည့်ဆိုတော့လည်း ယှဥ်တာပေါ့ ။ မြန်မာလူငယ်တွေ အရက်သောက် ဖဲရိုက် ဖာချနေချိန်မှာ တိုင်းတပါးက လူငယ်တွေ လုပ်ငန်းဂွင်ထဲ ရောက်နေကြပြီ ။


တနေ့ ၈ နာရီကနေ ၁၁ နာရီထိ သူတို့ ပြင်းပြင်းထန်ထန် လုပ်နေချိန်မှာ ကိုယ်တွေက ဂယောင်လိုက်ကောင်းနေတုန်း ။ အလုပ်ပြီးစီးနှုံး ယှဥ်ကြည့် သူတို့တဝက် ကိုယ်မပြီးဘူး ။ ဒီတော့ လုပ်အားခက မဖြစ်သလောက်ရကြတယ် ။

မဖြစ်စလောက်လုပ်အားခလေး အရက်သောက် ကွမ်းစား ဆေးလိပ်သောက် ၂ လုံး ၃ လုံးထီုး ဘောလုံးပါမချန်လောင်ကစားအကုန်လုပ် ဘယ်မလဲ ကြီးပွားးလောက်တဲ့ စွမ်းဆောင်ရည် ၊ အောင်မြင်လောက်တဲ့ ကိုယ်ကျင့်တရား ။

နိုင်ငံ့ဝန်ထမ်းတဲ့ ပါတီကျွန်တွေ လာဘ်စားတယ် ၊ သစ္စာဖောက်တယ် ၊ ဆွေစဥ်မျိုးဆက် ဝန်ထမ်းလုပ်စားပြီး ခိုးလို့ရတာ အကုန်ခီုး ၊ ဘာမှ ခိုးမရရင် အချိန်ခိုး လုပ်အားခိုး လခွမ်း ဒီတိုင်းပြည် ဘယ်လို ကြီးပွားပါ့မလဲ စဥ်းစား ။

အစိုးရ အဆက်ဆက် မှေးစား ပေါင်းစား ပစ်ထား ကြလို့ အစိုးရတွေမှာလည်း တာဝန်ရှိတယ် ။ ဒီ ဝန်ထမ်းဆိုး ပြဿနာအတွက် မဆလခေတ်ကလွဲရင် ဦးသန်းရွှေ ၊ ဦးသိန်းစိန် ၊ ဒေါ်စုကြည် ၊ အခု ဦးမင်းအောင်လှိုင် အထိ အကုန်ညံ့ခဲ့ကြတယ် ။ ညံ့နေကြဆဲပဲ ။

ကဲ မင်းပြောတဲ့ တိုင်းပြည်မဖွံ့ဖြိုးရရခြင်း အကြောင်းက ဒါတွေပဲ ။ တံတားချိုး ၊ ကျောင်းမီးရှို့ ၊ ဆေးရုံဗုံးခွဲ ၊ ဖုန်းတာဝါတီုင် ဖြှိုချ ၊ လျှပ်စစ်စက်ရုံဖျက်ဆီး မီးတိုင်ဖောက်ခွဲ ၊ ရထားလမ်းမိုင်းထောင် အဲသလို လူယုတ်မာတွေ နဲ့ မင်းတို့လို လူယုတ်မာအားပေးတွေကြောင့် တိုင်းပြည်ရှေ့မရောက်တာလို့ ပြောရင် ဘာငြင်းကြအုံးမလဲ သိချင်ပါရဲ့ ။

ကိုရွှေမျိုးဝင်း

( မနက်က ပို့စ်မှာ လာမန့်ထားတာ သဘောကျလို့ reply ပြန်လိုက်ပါတယ်)
(အမာ နဲ့ အပျော့ ဟန်ချက်ညီပူးပေါင်းတတ်ပါမှ ပိပိရိရိ သပ်ရပ်လှပတဲ့ ပန်းတိုင်ရောက်ပါ့မယ် ၊ ဒီလိုဖြစ်ဖို့ ချွန်ထက်မာကျောမှုက ဦးဆောင်ရပါ့မယ်)
02.05.202513:16
မဲသဝေါ မှ သူရဲကောင်း စိတ်ဓာတ်များ (7)
===============================

အံ့ကျော်ကုန်း နဲ့ တချိန်တည်း အခြားတောင်ကုန်း ၂ ခုကို တိုက်ခိုက်ခဲ့ရတဲ့ တပ်ကတော့ ခလရ ၈၁ ဖြစ်ပါတယ် ။ သူတို့လည်း တောင်ကုန်းပေါ်က ဖိပစ်နေတဲ့ KNU တွေကို အပေါ်လှန်တက်ပစ်ခတ် တိုက်ခိုက်ကြရပါတယ် ။


တဖက်က ခမရ ၇ သည် အံ့ကျော်ကုန်းကို မရ အရ တိုက်နေသလို ခလရ ၈၁ ကလည်း အပြိုင်အဆိုင် အနိုင်ရရေးအတွက် သက်စွန့်ကျိုးပမ်း တိုက်ခဲ့ကြတာပါပဲ ။ ခလရ ၈၁ စစ်သည်တွေလည်း အံ့ကျော်ကုန်းရခဲ့တဲ့ အချိန်မှာပဲ တာဝန်ကျေပွန်စွာနဲ့ ကုန်း ၂ ကုန်းစလုံး သိမ်းပိုက်နိုင်ခဲ့ကြပါတယ် ။

မဲသဝေါ ဒေသရှိ ကျန်ရှိနေသေးသော စခန်းတွေကို တိုက်ခိုက်ရာမှာတော့ တပ်မတော်က သိသာတဲ့ အထက်စီးကနေ စိုးမိုးတိုက်ခိုက်လို့ ရသွားပါပြီ ။ ဒီနေရာမှာ အသိသာဆုံးကတော့ အမြှောက်တပ်ရဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ် ။


ရန်သူကို နေ့ရော ညပါ ထိမ်းချုပ်ပစ်ခတ်နေလို့ ရန်သူတွေဟာ မောရဝတီလို တောင်ကျောကို လုံးဝ ရန်မပြုနိုင်တော့ပဲ ခံစစ်လုံးလုံး ဖြစ်သွားကြရပါတယ် ။ ဒီအချက်ကြောင့်ပဲ ရန်သူအတွက် အဓိက ထောက်ပံ့ရေးလမ်းကြောင်းကြီး ဖြစ်သော သံလွင်မြစ်ကိုပါ မောရဝတီ လက်နက်ကြီးတပ်ဖွဲ့က ထိမ်းချုပ် ပစ်ခတ်နှောက်ယှက်လာနိုင်ပါတယ် ။


ဒီလိုနဲ့ ရန်သူရဲ့ စက်လှေတွေ များစွာပျက်စီးပြီး ထောက်ပံ့ရေးလမ်းကြောင်း ကြပ်တည်းလာပါပြီ ။ ရန်သူနဲ့ ပြောင်းပြန်အဖြစ် မိမိရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကတော့ ပိုမိုကောင်းမွန် ချောမွေ့လာရပါပြီ ။

အံ့ကျော်ကုန်းရပြီးတာနဲ့ နောက်တရက် 21 - 12 - 1988 မှာပဲ မဲသဝေါပင်မစခန်းရဲ့ အနောက်ဖက်လမ်းဆုံကို ခမရ ၄ တို့ ရောက်လာပါပြီ ။ သူတို့ နဲ့ အတူ ခလရ ၇၆ က တပ်ခွဲ တခွဲလည်း ပါလာပါတယ် ။

လမ်းဆုံနားက တောင်ကုန်း ၂ ခုကို ညနေ 3 နာရီမှာ ဝင်တိုးကြပါပြီ ။ ရန်သူကလည်း မီးကုန်ယမ်းကုန် ပြင်းထန်စွာ ခုခံကြပါတယ် ။ နေမဝင်ခင် တောင်ကုန်းတခုကို သိမ်းပိုက်ရရှိပေမယ့် နောက်တကုန်းကိုတော့ မသိမ်းနိုင်သေးပါဘူး ။ ရန်သူက ကဆာနလီ နဲ့ ပင်မစခန်းကြီးမှ KNU များ ဆုတ်ခွာနိုင်ရန် အသေခံ ခုခံနေကြတာကြောင့် ဖြစ်ပါတယ် ။

22 - 12 - 1988 မှာတော့ အသေခံခုခံနေတဲ့ တောင်ကုန်းကို ခမရ ၄ စစ်ကြောင်းက ညက်ညက်ကျေအောင်ချေမှုံးနိုင်ပါပြီ ။ ဒီတော့မှ အဓိကပစ်မှတ် ကဆာနလီသို့ ချည်းကပ်ပါတော့တယ် ။

တိုက်စစ်စီမံချက်အတိုင်း ဟန်ချက်ညီ လုပ်ကိုင်ဖို့ ဗိုလ်မှူးထွန်းမြင့်ရဲ့ ခလရ ၇၆ စစ်ကြောင်း ၁ ကလည်း သူတို့ရဲ့ စခန်းဟောင်း ပင်မစခန်းဆီကို ချီတက်နေကြပါပြီ ။

ပင်မစခန်းကြီးဆီကို ခလရ ၇၆ စစ်ကြောင်း ရောက်ရှိချိန်မှာတော့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မိမိတို့ စခန်းဟောင်းကြီးက ခုခံသူမရှိ သခင်အစစ်တို့ကို စောင်ကြိုနေတာ တွေ့လိုက်ရပါတော့တယ် ။ 22 - 12 - 1988 ညနေ ၄ နာရီ အချိန်မှာတော့ KNU တို့ရဲ့ လွတ်မြောက်နယ်မြေ အိပ်မက်တို့ ဆုံးခမ်းတိုင်သွားရပါပြီ ။

ကဆာနလီ နဲ့ ပင်မစခန်းကြီးတို့ တပ်မတော်လက်ထဲ ပိုင်ပိုင်ကိုင်ပြီးချိန်မှာတော့ ဘေးနားက အကြွင်းအကျန်များကိုပါ တံပျက်စီးလှည်းကြရပါသေးတယ် ။

23 - 12 - 1988 မှာ ခလရ ၇၅ စစ်ကြောင်း ၂ မှ တပ်ခွဲ ၂ ခွဲက ပွှိုင့် ၂၉၀ တောင်ကုန်းကို သိမ်းပိုက်ပါတယ် ။ 24 - 12 - 1988 မှာ နောက်ထပ်ကုန်း ၂ ကုန်း ထပ်သိမ်းပါတယ် ။ ၂၄ ရက်နေ့ တရက်တည်းမှာပဲ ခလရ ၇၆ စစ်ကြောင်း ၂ တပ်ခွဲ တခွဲက ပွှိုင့် ၁၆၀၁ ကို ပြန်သိမ်းပိုက်ရင်း KNU တို့ကို အစာပိတ် လက်စားချေပြခဲ့ပါတယ် ။


သမိုင်းဝင်း မဲသဝေါ တိုက်ပွဲတွင် တပ်မတော်မှ အရာရှိ ၁၂ ဦး စစ်သည် ၂၄၅ ဦး ကျဆုံးခဲ့ရပါတယ် ။ အရာရှိ ၉၆ ဦး စစ်သည် ၁၄၂၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ် ။ အရာရှိ ၂ ဦး စစ်သည် ၉ ဦး ပျောက်ဆုံးခဲ့ရပါတယ် ။

ရန်သူ့အလောင်း ၂၀၄ လောင်းရရှိခဲ့ပါတယ် ။

ထိုကာလများက တပ်မတော်ခေါင်းဆောင်ကြီးများရဲ့ စွမ်းဆောင်ရည် ၊ ဦးဆောင်နိုင်စွမ်း နဲ့ ထောက်ပံ့မှုများဟာ ယနေ့ထိ စစ်သည်တော်ဟောင်းများအကြား တသသ ပြောနေကြရဆဲပါပဲ ။ ကွန်မန်ဒါအဆင့် အရာရှိများရဲ့ သူရသတ္တိ နဲ့ အရည်အချင်းများကတော့ ဖတ်ရှုကြရတဲ့ အတိုင်း ကြက်သီးထလောက်တဲ့ သူရဲကောင်းများပါပဲ ။ ရဲဘော်စစ်သည်တို့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ် ၊ မွန်မြတ်တဲ့ အမိန့်နာခံမှု ၊ မိမိအရာရှိများအပေါ် ယုံကြည်လေးစားတတ်မှုတွေကတော့ ချီးမွမ်းမကုန်ပါပဲ ။

88 မြန်မာ့တပ်မတော်၏ အားလုံးသော ထက် လယ် အောက် စုစည်း ညီညွှတ်မှု ၊ စာနာထောက်ထားမှု ၊ အမိန့်နာခံမှုများအား လက်ရှိ တပ်မတော်အတွင်းရှိ တာဝန်ထမ်းဆောင်နေရပါသော ဆိုင်ရာပုဂ္ဂိုလ်ကြီးများ နမူနာယူ၍ မြန်မာ့တပ်မတော်၏ အောင်မြင်မှုများ ၊ သမိုင်းကောင်းများကို ဆက်လက်ထိမ်းသိမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလျှက်....


ကိုရွှေမျိုးဝင်း
01.05.202504:03
မဲသဝေါ မှ သူရဲကောင်း စိတ်ဓာတ်များ (5)
===============================


ဗိုလ်မှူးကြီးဆီက တိုက်မိန့်ကျလာတာနဲ့ ဗိုလ်မှူးရွှေမန်းတို့ရဲ့ ပင်မစစ်ကြောင်းက နေ့လည် ၁၁ နာရီမှာ မြောက်ဖက်အရပ်မှ ပတ်ဝှိက်ချီတက်ပါတယ် ။ ဗိုလ်စောမြသောင်းအဖွဲ့ကတော့ ရန်သူထင်မထားတဲ့ နောက်ဖက်ကနေ ကျားကုတ်ကျားခဲ တွယ်ဖက်တက်နေပါတယ် ။

ဗိုလ်မှူးရွှေမန်းတို့က 84 mm ၂ လက်ဖြင့် စခန်းရှေ့မျက်နှာသာမှ ပြောင်ပြောင်တင်းတင်း ရဲရဲဝင့်ဝင့် ပစ်ခတ်တိုက်ခိုက်ပါပြီ ။ ဗိုလ်ကြီးဉာဏ်လင်းမြင့် ရဲ့ ရှေ့ပြေးတပ်ခွဲက သောသောညံနေတဲ့ ရန်သူ့သေနတ်သံကြားထဲကို အတင်းထိုးတက်ကြရာ ဗိုလ်မျိုးတင့်ဦးစီးသော ရှေ့ဆုံးတပ်စုသည် 11:30 ခန့်မှာ ရန်သူနှင့် အနီးကပ် ပြင်းပြင်းထန်ထန်တိုက်နေပါပြီ ။

သတ္တိကောင်းလှတဲ့ ဗိုလ်မျိုးတင့်တို့ ရှေ့ပြေးတိုက်ခိုက်ရေးတိုက်ခွဲဟာ...

'' တပ်မတော်ကွ '' '' တပ်မ ၄၄ ကွ ''
'' ခမရ ၆. ကွ '' '' တက် တက် တက် ''
'' ကျားးး'' '' ကျားး ''

ဆိုတဲ့ ဟိန်းထွက်နေတဲ့ ဝမ်းခေါင်းသံကြီးတွေနဲ့ တပြိုင်နက် အော်ဟစ် ပြေးဆောင့်ချိန်မှာ ရန်သူ KNU တို့လည်း တုန်လှုပ်ခြောက်ခြားစွာနဲ့ ကာကင်းစခန်းအား စွန့်ခွာဆုတ်ပြေးကြရပါပြီ ။ အချိန်က နေ့လည် 12:30 ရောက်ပါပြီ ။ ရန်သူဆွဲမပြေးနိုင်တဲ့ ၆ လောင်းရရှိခဲ့ပါတယ် ။

ပွှိုင့် ၁၇၇၈ ရဲ့ ပင်မကုန်းကို သိမ်းဖို့ ဗိုလ်မှူးရွှေမန်းရဲ့ စစ်ကြောင်း ဆက်တက်ကြပါတယ် ။ ဗိုလ်ကြီးဥာဏ်လင်းမြင့်တို့က ရှေ့ဆက်တိုးဖို့ အလွန်ခက်တဲ့ မြေပြင်အနေအထားရောက်နေပါပြီ ။ အံ့ကျော်ကုန်းမှ ပစ်ကွင်းမှီတဲ့ နေရာမို့ ကျားတက်ထိုး ဇွတ်သိမ်းတာတောင် ကိုက် ၃၀ ခန့်ပဲ တက်နိုင်ပါတော့တယ် ။

ညနေ ၃ နာရီလောက်ကနေ ရင်ဆိုင်ထားရာ ကိုယ်လည်းရှေ့တက်မရ ၊ သူလည်း ခွာချမရ ဖြစ်နေပါပြီ ။ အဲဒီအချိန်မှာ တိတ်တဆိတ် ချီတက်နေသော လမ်းကြမ်းဆီမှ ဗိုလ်စောမြသောင်းတို့ တပ်စုကတော့ ကြိုးစားပမ်းစား ပင်ပန်းကြီးစွာ ချီလာကြရာ ညနေ ၄ နာရီတွင် ရန်သူ့ခြံစည်းရိုးနဲ့ ၁၀ ကိုက်အကွာထိ ခရီးပေါက်ခဲ့ပါပြီ ။

KNU တို့ကတော့ ဗိုလ်မှူးရွှေမန်းရဲ့ ပင်မစစ်ကြောင်းကိုပဲ မဲသဲပစ်ခတ်နေကြပါတယ် ။ ဗိုလ်စောမြသောင်းတို့လည်း ပါလာတဲ့ ယမ်းဘီလူးတွေကို စနစ်တကျ အတွဲလိုက် တပ်ဆင်လိုက်ပါပြီ ။ ဒု တပ်ကြပ် အေးလွင်က အဲဒီ ယမ်းဘီလူးအတွဲကြီးကို ခြံစည်းရိုးအတွင်းရောက်အောင် သွားထည့်ပြီး ဖောက်ခွဲလိုက်ပါတယ် ။

'' ဝုန်း '' ကနဲ ခြံစည်းရိုးကြီး ပေါက်ကွဲပျက်စီးသွားချိန်မှာတော့ ဗိုလ်စောမြသောင်းတို့က ကျားတက်ထိုးရင်း ဘန်ဂလိုတွေထဲ လက်ပစ်ဗုံးတွေ ပစ်သွင်း ၊ ရှေ့ဘက်က ပင်မစစ်ကြောင်းကလည်း ကျားထိုးရင်း ဝင်ပစ်ဆောင့် ကြပါတယ် ။

'' ကျားးးကျားးးကျားးးး'' '' တက် တက် တက် '' '' ၄၄ ကွ '' '' ခမရ ၆ ကွ ''

ဆိုတဲ့ ခြောက်ခြားဖွယ် ကြိမ်းဝါးသံများကြားမှာ မာကျောလှပါတယ်ဆိုတဲ့ ပွှိုင့် ၁၇၇၈ က KNU တို့ စနေနှစ်ခိုင်ကုန်း နဲ့ ဘရာဇီယာကုန်းတို့ကတဆင့် အံ့ကျော်ကုန်းထိ ခွေးပြေးဝက်ပြေး ပြေးကြရပါတော့တယ် ။

ညနေ 4:15 မိနစ်မှာပဲ ပွှိုင့် ၁၇၇၈ ကုန်းပေါ်မှာ မြန်မာနိုင်ငံတော်အလံ တလူလူတက်လာပါတော့တယ် ။

ဗိုလ်ချုပ်မောင်လှရဲ့ တိုက်စစ်စီမံချက်အတိုင်း ပွှိုင့် ၁၇၇၈ ထိုးစစ်နဲ့ တပြိုင်နက်တည်း တိုက်ကြရတာ စနေနှစ်ခိုင်ကုန်း နဲ့ ဘရာဇီယာကုန်းတွေပါပဲ ။ တိုက်စစ်ကို အချိန်ကွာဟထားပြီး စနေနှစ်ခိုင်အတွက် ညနေ 3:30 သတ်မှတ်ထားပါတယ် ။ ( ပွှိုင့် ၁၇၇၈ တိုးမရ ဖြစ်နေသေးတဲ့ အချိန်)

စနေနှစ်ခိုင်ကုန်းကို ခမရ ၇ စစ်ကြောင်း ၂ က ဝင်တိုက်ရပါတယ် ။ ရန်သူရဲ့ ဘိနစခန်း နဲ့ ပွှိုင့် ၁၆၀၁ ကုန်းတို့မှာ ရှိနေတဲ့ လက်နက်ကြီးစခန်းတွေကို ခမရ ၇ တပ်ရင်းမှူး ဒု မှူးကြီး မြင့်မောင်ရဲ့ စစ်ကြောင်း ၁ က ဦးနှိမ် ပစ်ခတ်ပေးထားပါတယ် ။

ခမရ ၇ စစ်ကြောင်း ၂ ကို ဗိုလ်မှူးမြင့်ငွေဦးစီးပြီး တပ်ခွဲ ၂ ခွဲ ပါဝင်ပါတယ် ။ ပွှိုင့် ၁၇၇၈ ရဲ့ ခြံစည်းရိုးပြိုချိန်လောက်မှာပဲ ဝင်တိုက်ကြတာပါ ။ ခွဲ ၅ ကို ဗိုလ်ကြီးနေဝင်းမြင့် ဦးစီးပါတယ် ။ လက်ရွေးစင်အုပ်စုကို ဗိုလ်စိုးမြင့်အောင် ဦးဆောင်ပြီး ခြံစည်းရိုးပေါက်အောင် စွမ်းဆောင်ခဲ့ပါတယ် ။


ခွဲ ၂ ကို ဗိုလ်မှူးသိန်းထွန်းအောင် ဦးစီးပြီး လက်ရွေးစင်တပ်ဖွဲ့ကို ဒု ဗိုလ်မြင့်စိုးဦးစီးတိုက်ခိုက်ပါတယ် ။

ခြံစည်းရိုးက ၃ ထပ် ၊ ဆူးညှောင့် ၊ မိုင်း တွေနဲ့ အခက်အခဲ ၊ ရန်သူ ၁၀၀ ရဲ့ ပစ်အားတို့ကြောင့် အခက်အခဲတွေ တွေ့နေကြရပါတယ် ။ ဒီအချိန်မှာ ပွှိုင့် ၁၇၇၈ က ထွက်ပြေးလာသူတွေလည်း အံ့ကျော်ကုန်ဆီ ပြေးခွင့်သာသွားတာ တွေ့ရပါတယ် ။

ခမရ ၇ စစ်ကြောင်းလည်း ခမရ ၆ ရဲ့ အောင်ပွဲ သတင်းကြောင့် ခွန်အားတိုးလာကြပြီး ကဲ တပွဲတလမ်း ထပ်စမ်းကြစို့ ငါတို့ ခမရ ၇ အစွမ်း ပြကြစို့ဆိုတဲ့ စစ်သားမာန် နဲ့ အားကြိုးမာန်တက် အသက်စွန့်ဆံဖျား တိုက်ခိုက်ကြရာမှာ ရန်သူတို့ လက်မြောက်ထွက်ပြေးကြရပြန်ပါပြီ ။ အချိန်က ညနေ 5:30 ခန့် ရှိပါပြီ ။
Көрсетілген 1 - 24 арасынан 638
Көбірек мүмкіндіктерді ашу үшін кіріңіз.