Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Sitt Naing(69) avatar
Sitt Naing(69)
Sitt Naing(69) avatar
Sitt Naing(69)
မွန်ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်    မေ   ၁၀

မွန်ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် အဖွဲ့ဝင်များက ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်  အောင်ဆန်းခန်းမ၌ တွေ့ဆုံရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဝါရင့်အနုပညာရှင် သရုပ်ဆောင်၊ဒါရိုက်တာ ဦးမောင်မောင်မြင့်ကွယ်လွန်

မေ ၇

ဝါရင့်အနုပညာရှင် သရုပ်ဆောင်၊ဒါရိုက်တာ ဦးမောင်မောင်မြင့်သည် မေလ ၇ ရက်၊ နံနက်  ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကွယ်လွန်သွားကြောင်းသိရပါတယ်။

သရုပ်ဆောင်၊ဒါရိုက်တာ ဦးမောင်မောင်မြင့်သည် ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

၁၉၅၆ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်လာခဲ့သည့် ဝါရင့်အနုပညာရှင် ဦးမောင်မောင်မြင့်သည်  ကွယ်လွန်သွားပြီဖြစ်သည့် မင်းသား ပြေငြိမ်း၏ ဖခင်လည်း ဖြစ်ပါတယ်။

ဝါရင့်အနုပညာရှင် ဦးမောင်မောင်မြင့် ကျန်းမာရေးအခြေအနေကြောင့် ကုသမှုခံယူနေသည့် ဓာတ်ပုံများ လူမှုကွန်ယက်ပေါ်တွင် မျှဝေမှုများရှိပြီးနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံအနေဖြင့်  သီးသန့်ရန်ပုံငွေမှ ကျန်းမာရေးထောက်ပံ့ငွေများ ဧပြီလအတွင်းက သွားရောက်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
မိမိတို့ရည်မှန်းထားသည့် အနာဂတ်ဘဝသာယာလှပစေရေးကို မိမိတို့၏ ပညာရေးအဆင့်မြင့်မားအောင် ကြိုးစားအားထုတ်ခြင်းဖြင့် တည်ဆောက်ကြရမည်

နေပြည်တော် မေ ၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ လာမည့်ပညာသင်နှစ် ဇွန်လကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ဘာသာရပ်ဆိုင်ရာ အနီးကပ်သင်ယူနေမှုများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များကို မှာကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ညောင်ပင်သာအခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် မေ ၆

မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
22.04.202512:45
ယနေ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၁၂) သင်တန်းဖွင့်လှစ်။


#PMS
18.04.202516:21
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံ သား ၂၇၈ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့
++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော် ၊ ဧပြီ ၁၈ ရက်
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ အွန် လိုင်း လိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ကရင် ပြည်နယ်၊ မြဝတီမြို့ ကျောက်ခတ်နယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသား ၂၇၈ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူ များသည် သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ထိန်းသိမ်းစစ်ဆေး သည့် စာရင်းဇယား၊ အချက် အလက်များ မှန်ကန်ပြည့်စုံစေရေးနှင့် ၎င်းတို့၏ ကျန်းမာရေး၊ နေထိုင်စားသောက် ရေး၊ လုံခြုံရေး၊ ပြည်နှင်လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေး စနစ်တကျ ဆောင်ရွက်ထားရှိရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၁၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လ ာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၁၈ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ၇၂၈၈ဦးကို ထိုင်းနိုင်ငံ မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေး ခဲ့ပြီး ပြည်ပ နိုင်ငံသား ၁၇၂၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း နှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများအား ခြိမ်းခြောက်ထိခိုက်များ ရှိလာသည့် အွန်လိုင်းလိမ် လည်မှု၊ အွန်လိုင်းလောင်းကစားမှု အပါအဝင် အွန်လိုင်း ဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတ ကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက် နှိမ်နင်းပြီး ထိန်းသိမ်းစစ်ဆေး လွှဲပြောင်းပေးလျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် တာဝန်ရှိသူ အဆင့်ဆင့်တို့ကလည်း အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်း ကစားမှုအပါအဝင်အွန်လိုင်း ဒုစရိုက်မှုလုပ်ငန်းများမရှိစေရေးဖော်ထုတ်ခြင်း၊အရေးယူခြင်း တို့ကိုကိုင်တွယ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
08.05.202501:49
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေး

နေပြည်တော် မေ ၈

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ စဉ့်ကိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ချမ်းအေးသာစံမြို့ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် စခန်းသွင်းသင်ကြားလေ့ကျင့်နေသည့် တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများနှင့် အခြေခံပညာဆရာ ဆရာမများ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည် ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေးသည်။
07.05.202506:43
7-5-2025 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို တက်ရောက်ရန်
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ
သစ်စက်အတွင်း သစ်ခွဲသားအရွယ်အစားအလိုက် ခွဲစိတ်ခြင်းကို စနစ်တကျဆောင်ရွက်သွားရန်၊ သစ်အလေအလွင့်အနည်းဆုံးနှင့် ခွဲသားထွက်ရာခိုင်နှုန်းအများဆုံးဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်

နေပြည်တော် မေ ၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ် ကေတုမတီမြို့သစ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် (၈၉) သစ်စက်သို့ သွားရောက်၍ သစ်စက်အတွင်း သစ်ခွဲသားများခွဲစိတ် ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သစ်မျိုးအလိုက်၊ သစ်ခွဲသားအရွယ်အစားအလိုက် ခွဲစိတ်ဆောင်ရွက်ခြင်းကို စနစ်တကျဆောင်ရွက်သွားရန်၊ သစ်အလေအလွင့်အနည်းဆုံးနှင့် ခွဲသားထွက်ရာခိုင်နှုန်း အများဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၅
22.04.202512:13
#အားပြင်မြေငလျင်သတင်း
Edit downgrade to Magnitude 6.4
အင်ဒိုနီးရှားနိုင်ငံကမ်းလွန်
၂၂/၄/၂၀၂၅

ယနေ့ည‌နေခင်းမြန်မာစံတော်ချိန် ၄:၄၇ နာရီအချိန်က အငိုနီးရှားနိုင်ငံအရှေ့ဘက်ပိုင်း pulau kaburuang ကျွန်းအနီး၊ ဖိလစ်ပိုင်နိုင်ငံတောင်ဘက်ပိုင်းကမ်းလွန်၊ လူသူကင်းမဲ့သည့် ဖိလစ်ပိုင်ပင်လယ်ကြမ်းပြင်အောက်အနက် ၇၈ မိုင်မှ မဂ္ဂနီကျု ၆.၆ အဆင့်အားပြင်းမြေငလျင်လှုပ်ရှားခဲ့ပါသည်။


သတင်းတွေဖတ်ရန် နှိပ်ပါ
https://t.me/Newschannel11115
18.04.202514:11
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ရန် အတွက် ယာယီအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ဝန်ထမ်းမိသားစုများ ‌ရွှေ့ပြောင်းနေထိုင်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ရှိ ရုံးအမှတ် ၃၉၊ သစ်တောဦးစီးဌာနဝင်းအတွင်း အိပ်ဆောင်နှင့် ဝန်ထမ်းမိသားစုနေအိမ်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများ မေလမကုန်မီ အချိန်မီပြီးစီးရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ရေး စနစ်တကျစီစဉ်ဆောင်ရွက်သွားရန် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆောက်လုပ်ပြီးစီးသော နေအိမ်များတွင် ဝန်ထမ်း မိသားစုများ ရွှေ့ပြောင်းနေထိုင်နေမှု အခြေအနေနှင့် ဝန်ထမ်းအိမ်ရာများမှ ယာယီနေရာ ရွှေ့ပြောင်းထားသော ဝန်ထမ်းမိသားစုများအား တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးသည်။ ထို့နောက် ကားပါကင်ဝင်းရှိ အဆောက်အဦ၌ ယာယီရုံးခန်းဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ် ၂၈၊ ပြည်ထောင်စုဝန်ကြီးရုံးဝင်းအတွင်း ဝန်ထမ်းမိသားစုများနေထိုင်ရန် အဆောက်အအုံများ တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းအိမ်ရာမှ ယာယီရွှေ့ပြောင်းနေထိုင်နေသော ဝန်ထမ်းမိသားစုများအား တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
08.05.202501:47
(၁၇) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်

ဘန်ဒါဆရီ ဘီဂါဝမ် (ဘရူနိုင်း) မေ ၈

(၁၇) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (17th ASEAN Ministers’ Responsible for Information and its related Meetings-17th AMRI) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့ The Empire Brunei ဟိုတယ် Indera Samudra Grand Hall ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အကြီးအကဲတို့ကို လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၇

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး (UNRC/HC a.i.) ဖြစ်သူ Mr. Marcoluigi Corsi နှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid တို့ကို ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် အင်အားပြင်း မန္တလေးငလျင်ကြီး ဖြစ်ပွားခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ကျောင်းပြန်လည်ဖွင့်လှစ်ရာတွင် စာသင်ခန်း၊ လက်တွေ့ခန်းနှင့် ကွန်ပျူတာခန်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း

နေပြည်တော် မေ ၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့နံနက် ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးရှိ မြန်မာသတင်း အချက်အလက်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မန္တလေး)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗာတီကန်မြို့ပြနိုင်ငံ (Holy See) ၏ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

နေပြည်တော်၊ ဧပြီ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗာတီကန်မြို့ပြနိုင်ငံ (Holy See) ၏ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ခြင်းအတွက် ဗာတီကန်မြို့ပြနိုင်ငံ၊ အစိုးရအဖွဲ့အကြီးအကဲ ဘုန်းတော်ကြီး (His Eminence Cardinal Pietro Parolin) ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့သည်။

အဆိုပါ သဝဏ်လွှာတွင် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဗာတီကန်မြို့ပြနိုင်ငံ၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားသည်ဟု ကြားသိရသည့်အတွက် အလွန်ပင် စိတ်မကောင်းဖြစ်ရကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စားလည်းကောင်း၊ မိမိကိုယ်စားလည်းကောင်း ကိုယ်တော်နှင့် ဗာတီကန်မြို့ပြနိုင်ငံပြည်သူများထံသို့ ဝမ်းနည်း ကြေကွဲကြောင်း ဖော်ပြလိုကြောင်း ပါရှိသည်ဟု သတင်းရရှိသည်။
21.04.202514:33
သီတဂူဆရာတော်ဘုရားကြီးအား
မိုင်းဖုန်းဆရာတော် အမှူးပြု၍ တပည့် ဒကာ၊ ဒကာမများမှ စစ်ကိုင်းတောင်ရိုး ငလျင်ဒဏ်ကြောင့်ပြိုပျက်သွားသော ဘုရားစေတီများပြုပြင်မွမ်းမံရန်နှင့် ငလျင်ဒဏ်သင့် ရဟန်း၊ သာမဏေ၊ သူတော်၊ သီလရှင်တို့အတွက် ငွေကျပ် သိန်း(၃၃၀)၊  ရိက္ခာအထုပ်(၅၀၀)၊ ဆန်အိတ်(၂၅၀)၊ ဆီ၃ပိဿာပုံး (၂၅၀)နှင့် ဖိနပ်အရံ(၃၀၀)တို့ကို လှူဒါန်းပါသည်။
Қайта жіберілді:
Tun Htet Oo (DuWonKyal) avatar
Tun Htet Oo (DuWonKyal)
18.04.202513:57
မြန်မာ့ရိုးရာအတာသကြင်္န်အပေါ်  ဦးခင်ရီ၏ ရှုမြင်သုံးသပ်ချက် ။

#ukhinyi #ChairmanofUSDP #USDP #Myanmar #NayPyiTaw #MyanmarWaterFestival #Thingyan #WorldHeritage #Donation #Wish #HappyNewYear


Connect with U Khin Yi:

Tik Tok: www.tiktok.com/@chairmanofusdp

Telegram : https://t.me/chairmanofUSDP

Facebook : https://www.facebook.com/ukhinyimyanmar?mibextid=LQQJ4d
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကျောင်းကုန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား Biometric ကောက်ယူမှုနှင့် ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနေမှု ကြည့်ရှုအားပေး

နေပြည်တော် မေ ၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျောင်းကုန်းမြို့နယ် ဦးစီးမှူးရုံးတွင် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ရရှိပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း ၁၀ လုံးပါ(Unique ID) နံပါတ်ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း Modular(prefabricated) office များရောက်ရှိလာမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၇

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ ဦးမျိုးမြင့်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှတစ်ဆင့် မီးရထားအတွဲ ၅၄ တွဲဖြင့် သယ်ဆောင်လာသည့် Modular (prefabricated) office ၁၀၈ လုံး ရွာတော်ဘူတာသို့ ရောက်ရှိလာမှုကိုသွားရောက် ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် Modular (prefabricated) office များအား ကရိန်းများဖြင့် မော်တော်ယာဉ်များပေါ် စနစ်တကျတင်ဆောင်ပြီး ဝန်ကြီးဌာနရုံးများ၌ ယာယီရုံးအဆောက်အအုံများအဖြစ် အသုံးပြုနိုင်ရန် ဖြန့်ခွဲပို့ဆောင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

နေပြည်တော်   မေ  ၇

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ခုနှစ်၊   တိုင်းမှူးဒိုင်း   သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက် ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊  ဗထူးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့်  တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊   ပြိုင်ပွဲဝင်အသင်းများ   တက်ရောက်ကြသည်။
ဆုပေးပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက် ဆုရရှိကြ သူများနှင့်    ဒိုင်းဆုရရှိသော တောင်ကြီးတပ်နယ်အသင်းတို့အား တိုင်းမှူး နှင့်တာဝန်ရှိသူများက ဒိုင်းဆုနှင့်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
22.04.202514:30
မိုင်းဖုန်းဆရာတော်ကြီး နေပြည်တော်ရှိ မာရဝိဇယဘုရားသို့ ကြွရောက်ပြီး အနေကဇာတင်လှူ

ဧပြီလ ၂၂

ငလျင်ဒဏ်သင့်ဒေသတွေကို ကူညီထောက်ပံ့လှူဒါန်းခြင်းခရီးစဉ်ကြွရောက်နေတဲ့ မိုင်းဖုန်းဆရာတော်ကြီးဟာ ဧပြီ၂၂ရက်၊ ည၇နာရီခွဲက နေပြည်တော်ရှိ မာရဝိဇယဘုရားကြီးကို ကြွရောက်တော်မူပြီး အနေကဇာတင်လှူပူဇော်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဖုန်းဆရာတော်ကြီးကို ဒေသခံအများအပြား လာရောက်စာင့်ဆိုင်းပြီး ဖူးမြော်ကြည်ညိုကြတာကိုလည်း တွေ့ရပြီး ဆရာတော်ကြီးက အဆောင်လက်ဖွဲ့တွေ စွန့်ကြဲခဲ့ပါတယ်။

မိုင်းဖုန်းဆရာတော်ကြီးဟာ နေပြည်တော်ကနေ ရန်ကုန်မြို့ကိုလည်း ကြွရောက်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။
#ဂုဏ်ပြုနေ့လည်စာဖြင့်တည်ခင်းဧည့်ခံကျွေးမွေးမည်

မြန်မာတစ်နိူင်ငံလုံး မှ နေပြည်တော် သို့

ငလျင်ဘေး အတွက် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရန် ရောက်ရှိနေသော

မီးသတ်တပ်ဖွဲ့ဝင် အင်အား(၆၀၀)ခန့် အား

ဂုဏ်ပြုနေ့လည်စာဖြင့်တည့်ခင်းဧည့်ခံကျွေးမွေးမှာဖြစ်ပါသည်။


ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း
18.04.202513:12
ယနေ့ (၁၈-၄-၂၀၂၅) ညပိုင်းအထိ
နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုများ။
Көрсетілген 1 - 24 арасынан 115
Көбірек мүмкіндіктерді ашу үшін кіріңіз.