Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
KO CHIT (MDY) avatar
KO CHIT (MDY)
KO CHIT (MDY) avatar
KO CHIT (MDY)
06.05.202502:27
📌(၆.၅.၂၀၂၅) နေ့ တွင် ရန်ကုန်-မော်လမြိုင်
လမ်းပိုင်း နှင်းပုလဲဘူတာ နှင့် တောင်စွန်းဘူတာကြား
မိုင်တိုင် ၁၁၂/ ၁၀- ၁၁ကြား တံတားအမှတ် ၆၅
ပေ၈၀ တံတားအား အကြမ်းဖက်သောင်းကျန်းသူ
သူပုန်အဖွဲ့မှ မိုင်းထောင်ဖျက်ဆီး သွားပါ၍
ရထားလမ်းတံတား ပျက်ဆီးမှုဖြစ်ပွားခဲ့ပါသည်။

📌 သို့ဖြစ်ပါ၍ ယနေ့ (၆.၅.၂၀၂၅) နေ့
မော်လမြိုင်ဘူတာကြီး မှထွက်ခွာမည့် အမှတ် ၈၂
အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီးမှ
ထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင်
ရထားခရီးစဥ် (၂) ခု အား ယာယီဖျက်သိမ်းထားပြီး

ဝယ်ယူထားပြီးသော ရထားလက်မှတ်ခများအား
မော်လမြိုင်ဘူတာကြီး နေ့ချင်း လက်မှတ်ရုံ၌
ခရီးသွားပြည်သူများအားပြန်အမ်းပေးနေပြီဖြစ်ပါကြောင်း
အသိပေးအကြောင်းကြားအပ်ပါသည်။
မန္တလေးငလျင်ကြီးဘေးသင့်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော် မေ ၅

အင်အားပြင်းမန္တလေးငလျင်ကြီး ဘေးသင့်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မုန်းဝန်းဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးသီဟလွင် ဦးဆောင်သည့်အဖွဲ့ဝင်များက ငွေကျပ်သိန်း ၂၀၀ ကို ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်
05.05.202512:42
RIP Skype

တစ်ချိန်က လူသုံးများခဲ့တဲ့ Skype ဟာ ဒီကနေ့မှာတော့ အားလုံးကိုနှုတ်ဆက်ခဲ့ပါပြီ။ လူသားတို့ရဲ့ ဆက်သွယ်ရေးမှာ ဗီဒီယို ခေါ်ဆိုမှုနဲ့ နှစ် ၂၀ ကျော်လောက် ဝန်ဆောင်မှုပေးခဲ့ပေမယ့် ခုတော့ Microsoft ရဲ့ အစိတ်အပိုင်းတစ်ခုဟာ ရပ်ဆိုင်းသွားခဲ့ပါပြီ။ Skype နဲ့ ပတ်သက်တဲ့ ဒေတာတွေကတော့ download ဆွဲလို့ရပါအုံးမယ်။
#SkypeShutdown
#VideoCalling
#MobileGuide
05.05.202511:30
မော်စကိုမြို့သို့ ဦးတည်ပျံသန်းနေသည့် ဒရုန်းများကို ရုရှားကပစ်ချခဲ့

မေ ၅

ရုရှားနိုင်ငံ မြို့တော် ရင်ပြင်နီတွင် စစ်ရေးပြ ချီတက်ပွဲ ပြုလုပ်ရန် နိုင်ငံရပ်ခြား ခေါင်းဆောင်များ မစုဝေးကြမီ ရက်ပိုင်းအလိုတွင် မော်စကိုမြို့သို့ ဦးတည်သွားနေသည့် ဒရုန်း ၄ စင်းကို ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပစ်ချခဲ့ကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ပိုဒိုလ်စခ် ခရိုင်ရှိ ကာကွယ်ရေးတပ်ဖွဲ့များသည် မော်စကိုမြို့သို့ ဦးတည်ပျံသန်းနေသည့် ဒရုန်းလေးစင်း၏တိုက်ခိုက်မှုကို တုံ့ပြန်နိုင်ခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂျီဆိုဘီယန်နင်က တယ်လီဂရမ် တွင် ရေးသားဖော်ပြခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာ၌ ပျက်စီးမှု သို့မဟုတ် အ‌ေ-သအပျောက်များ မရှိကြောင်း ကနဦးသတင်းထုတ်ပြန်ချက်တွင် ဆိုဘီယန် က ပြောကြားပြီး အရေးပေါ် ဝန်ဆောင်မှု ကျွမ်းကျင်သူများသည် အခင်းဖြစ်ပွားရာနေရာ၌ လုပ်ဆောင်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားပိုင်နက်ကို ပစ်မှတ်ထားသော ယူကရိန်း မောင်းသူမဲ့ ဒရုန်း စုစုပေါင်း ၂၆ စင်း သည် ညတွင်းချင်း ပျက်စီးသွားကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောကြားခဲ့ပါသည်။

မော်စကိုသို့ ချဉ်းကပ်လာသော ဒရုန်းများကို ပစ်ချခြင်းအပြင် ဗရီအန်စ် ဒေသတွင် ဒရုန်း ၁၇ စင်းနှင့် ကာလုဂါ ဒေသတွင်ဒရုန်း ၅ စင်းကို ဖျက်စီးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက တယ်လီဂရမ် တွင် ရေးသားဖော်ပြထားသည်။

အရှေ့မြောက်ဘက်တွင် မော်စကိုဒေသနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကာလုဂါ ဒေသ၏ အုပ်ချုပ်ရေးမှူးများနှင့် ယူကရိန်းနယ်စပ်ရှိ ဗရီအန်စ် ဒေသတွင် ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် ပျက်စီးမှုမရှိကြောင်း လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ရင်ပြင်နီတွင် စစ်ရေးပြ ချီတက်ပွဲနှင့် ဒုတိယကမ္ဘာစစ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မေလ ၉ ရက်နေ့တွင် သမ္မတ ဗလာဒီမာပူတင်က မိန့်ခွန်းပြောကြားမည် ဖြစ်ပါသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် ဘရာဇီးသမ္မတ လူအီဇ် အင်ဆီယို လူလာ ဒါ စီဗလား တို့ တက်ရောက်မည်ဖြစ်ပြီး နိုင်ငံရပ်ခြားမှခေါင်းဆောင်များ ပါဝင်တက်ရောက်မည်ဖြစ်သည်။

ယူကရိန်းပဋိပက္ခ၌ မော်စကို နှင့် ယူကရိန်းတို့၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်းနှင့် ရုရှားနိုင်ငံမြို့တော်မော်စကိုရှိ လူနေမှုအခြေအနေများမှာ တဖြည်းဖြည်း ဆိုးရွားလာ‌နေသည်။

ယူကရိန်းသည် ယခင်က မော်စကိုကို ပစ်မှတ်ထားခဲ့သော်လည်း ပြင်းထန်စွာ ‌ေ-သစေနိုင်သော တိုက်ခိုက်မှုများမှာ ရှားပါသည်။

မြို့တော်တဝိုက်တွင် ၉၁ စင်းအပါအဝင် နိုင်ငံတစ်ဝန်း “ကြီးမားသော” တိုက်ခိုက်မှုတွင် ဒရုန်း ၃၃၇ စင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ်လတွင် ပြောကြားခဲ့သည်။

Ref: ရိုက်တာ
05.05.202506:34
၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့က မိုးဗြဲမြို့၊ လယ်တီကျောင်းတိုက်အတွင်းရှိ အကြမ်းဖက်သူပုန်စခန်းအား သိမ်းပိုက်ရရှိတဲ့ ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။ 🏆🏆🏆
-
တိုက်ပွဲသတင်းစုံ
05.05.202505:29
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တပ္ပဝတီရပ်၊ ပန်းတဥ်းတန်း ရပ်ကွက်က ဂက်စ်ဆိုင်တခု ဒီကနေ့ မေလ ၅ ရက်နေ့ ၁၁ နာရီ ဝန်းကျင်ခန့်က မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
06.05.202502:25
မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်၊ မေ ၆
မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
မင်္ဂလာရှိသောနံနက်ခင်းလေးပါခင်ဗျာ။
ကောင်းခြင်းမင်္ဂလာနှင့်ပြည်စုံပါစေ၊
မိသားစုအားလုံး ကျန်းမာချမ်းသာပြီး အသက်ရှည်၍ ဘေးရန်ဟူသမျှကင်းစင်ဝေးပါစေ၊
ကောင်းကျိုးချမ်းသာများရရှိခံစားရပါစေ၊
အလုပ်အကိုင်များ အဆင်ပြေချောမွေ့အောင်မြင်ပြီးချမ်းမြေ့ပျော်ရွှင်ပါစေကြောင်း
ဆုတောင်း မေတ္တာပို့သပါတယ်ခင်ဗျာ။
05.05.202512:37
သူပုန်နဲ့ဝေးရာနေ ဘာမှမဖြစ်ဘူး
05.05.202505:54
5-5-2025 မန္တလေး
74-118 လမ်း မာလာ

တစ်ရက်တည်း ၂ ကြိမ်ရှိပါပြီ

ပထမမီးက

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တပ္ပဝတီရပ်၊ ပန်းတဥ်းတန်း ရပ်ကွက်က ဂက်စ်ဆိုင်တခု ဒီကနေ့ မေလ ၅ ရက်နေ့ ၁၁ နာရီ ဝန်းကျင်ခန့်က မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
05.05.202505:28
​တောင်ဥက္ကလာတွင်တရားခံ​ပြေးမှပစ်ခတ်သဖြင့်ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရ

NOM၊​မေ၅၊၂၀၂၅

​တောင်ဥက္ကလာပမြို့နယ်၊(၁၄)ရပ်ကွက်၊သံသုမာလမ်းနှင့်သစ္စာလမ်းဆုံတွင်​မေလ၂ရက်ည​နေ၄း၅၅နာရီအချိန်ကလုံခြုံ​ရေးအဖွဲ့ကို​သေနတ်ဖြင့်ခုခံပစ်ခတ်​သောတရားခံ​ပြေးကိုရဲတပ်ဖွဲ့ကပြန်လည်ပစ်ခတ်ဖမ်းဆီးလိုက်​ကြောင်းသိရသည်။

ရန်ကင်းရဲစခန်းတွင်ရာဇသတ်ကြီးပုဒ်မ၃၈၀ဖြင့်အမှုဖွင့်ထားသူ​ကျော်နန္ဒ(ခ)သိန်းသန်းကိုသတင်းအရရဲတပ်ဖွဲ့မှသူ​မောင်းလာ​သောကားအားပိတ်ဆို့ဖမ်းစဥ်ရဲတပ်ဖွဲ့ဝင်များအားသူကိုင်​ဆောင်ထား​သောColts  ပစ္စတိုဖြင့်ပစ်ခတ်ထွက်​ပြေး၍ရဲတပ်ဖွဲ့ကပြန်လည်ပစ်ခတ်ဖမ်းဆီးရာ​ပေါင်တွင်ကျည်​ဖောက်ဝင်ဒဏ်ရာဖြင့်ဖမ်းမိခဲ့​ကြောင်းသိရသည်။တရားခံ၏ပစ်ခတ်မှု​ကြောင့်ဒုရဲမှူးတစ်ဦး​ညာလက်ဖျံတွင်ကျည်​ဖောက်ဝင်ဒဏ်ရာရခဲ့သည်။တရားခံ​ကျော်နန္ဒ(ခ)သိန်းသန်း(၄၈နှစ်)ကိုColts ပစ္စတိုတစ်လက်၊ကျည်ကပ်တစ်ခု၊ကျည်၆​တောင့်တို့နှင့်အတူသူ​မောင်းနှင်လာ​သော3N/1733 Wishကား​ပေါ်တွင်ဖမ်းဆီးရမိ​ကြောင်းသိရသည်။
06.05.202502:02
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
နေပြည်တော်   မေ   ၄
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်  အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း   မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်နေ့တွင်    အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “Lwin Han Ko” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မင်းပြင်ကျေးရွာနေ လှမင်းဦး(ခ)လှကြီးအား မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် သစ်ပုတ်ပင်နယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
05.05.202514:55
-
▪️PDF အမည်ခံအကြမ်းဖက်သမားများ၏ ပြန်ပေးဆွဲဖမ်းဆီးခြင်းခံထားရသည့် သားအမိ ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံစွာ ပြန်လည်ကယ်တင်နိုင်ခဲ့၊ အကြမ်းဖက်သမား ၆ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်သမား ၃ ဦးအား အသေဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၅
စောင်သူခိုး .. ကချင်ပိန်းအုတွေ
-
အေးသာဖဲ
05.05.202505:39
၅-၅-၂၀၂၅ (၁၁:၂၀)

ကျောက်မဲ ✈️✈️✈️ ကျဲ
Қайта жіберілді:
Ko Thet avatar
Ko Thet
PDF ထဲမှာလည်း ဒီလိုအမှန်မြင်တတ်တဲ့သူတွေရှိတယ်
-
မူရင်းပို့စ်
https://www.facebook.com/permalink.php?story_fbid=pfbid0s1juGHXjknGweBtVXo5NuastRQEGkFwfdgFTaDL3tQC9ZgikTfwRyXmdBMF9vMBzl&id=100010249420837
မင်းတို့ဟာဂ လိမ်မယ်ဆိုလည်းပိပိရိရိလုပ်ကွာ
ခိုးတာကိုက ပင်နီရောင်လေးနဲ့

😜
05.05.202511:48
၅.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(B)အဆောင်၊ (C) အဆောင်နှင့် (D)အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ (C)အဆောင်မှ ၁၇ ၁၀ အချိန်တွင် ကျား(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ပါသည်။

သတင်းတွေဖတ်ရန် နှိပ်ပါ
🇲🇲🇲🇲🇲🇲
https://t.me/ckkmdy969
05.05.202507:14
ကျွန်တော့်ရဲ့ တစ်တော့လေးပါ

https://www.tiktok.com/@chit.ko.ko.mdy?_t=ZS-8w606PRbl9r&_r=1
05.05.202505:36
တပ်နှင့်ပူးပေါင်းတပ်များ နန့်ယားကိုကျော်ပြီး ကပ်မှော်ရွာထဲရောက်ရှိနေပြီဟု ကချင်သတင်းများမှ ဆိုလာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ဘက်ကို ထိုးစစ်ဝင်နေတဲ့ တပ်နှင့်ပူးပေါင်းအဖွဲ့ဟာ နန့်ယားကျေးရွာကိုကျော်ပြီး ကပ်မှော်ရွာထဲထိရောက်ရှိနေပြီလို့ ကချင် သတင်းများက အထူးသတင်းအနေဖြင့် ဖေါ်ပြလာကြပါတယ်။

တပ်မှစစ်ကြောင်းဟာ ဧပြီလ ၂ ရက်နေ့ နန့်ယားကျေးရွာရောက်လာပြီး KIAပူးပေါင်းတပ်က ပိတ်ဆို့ထားနိုင်တယ့် အခြေနေကနေ မေလ ၅ ရက်နေ့မှာတော့ ကပ်မှော်ရွာထဲထိရောက်ရှိနေပြီလို့ KIA နဲ့နီးစပ်တဲ့ဒေသခံ ခုလိုပြောလာတာပါ။

မေလ ၅ ရက်နေ့ ဒီမနက် ၅ နာရီဝန်းကျင်မှာတော့ နန့်ယားကျော်ပြီး ကပ်မှော်ရွာထဲဝင်ရောက်လာကာ ကချင်နှစ် ခြင်းခရစ်ယာန်ဘုရား ကျောင်းဝင်းထဲရောက်လာကြပြီး ဝင်ရောက် နေရာယူကုန်တာလို့ ဒေသခံတွေက ပြောပါတယ်။

ထိုတပ်စစ်ကြောင်းဟာ ဧပြီလ ၂၃ ရက်စပြီး အင်းတော်ကြီးဒေသဘက်နဲ့ တနိုင်းလီဒိုလမ်းမ၊ လဝါးကျေးရွာကနေ ကားမိုင်း- ဖားကန့်ဒေသဘက်ကို ဦးတည်ပြီးထိုးစစ်ဆင်ဝင်လာတာကနေ KIA/PDF ပူးပေါင်းအဖွဲ့တွေက မအူပင်ရွာနဲ့ ကျောက်ထုရွာကြားမှာ ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပေမယ့် အခုမှာတော့ မအူပင်ကနေ၊နန့်ယား၊ကပ်‌မှော်အထိ ထပ်ပြီးကျော်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖားကန့်သွားလမ်းပေါ်က နန့်ယားကျေးရွာအပါ ဆိုင်းဖရာနဲ့ ကပ်မှော်ဒေသတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်ကျော်အတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီး KIO ယန္တရားလည်ပတ်နိုင်တာ တစ်နှစ် ပြည့်ချိန် တပ်ပူးပေါင်းအဖွဲ့က အခုလို တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။

ဖားကန့်ဘက် ထိုးစစ်ဝင်လာနေတဲ့ ပူးပေါင်းတပ်အဖွဲ့မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့က အများဆုံးပါဝင်ပြီး လေတပ်မှလေကြောင်းပစ်ကူနဲ့ဟန်ချက်ညီညီဝင်လာတယ့်အတွက် KIAပူးပေါင်းအဖွဲ့များမှ မပိတ်ဆို့နိုင်တော့တာလို့သိရပါတယ်။
ရန်ကုန်ကိုသယ်ဆောင်မယ့် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဧပြီလ ၂၉ ရက်နေ့ ည ၈ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် အောင်ပန်းမှ ရန်ကုန်သို့ တင့်ဇော်လင်း(ခ)တင့်ဇော် မောင်းနှင်ပြီး မဇာနည်လင်း လိုက်ပါလာသည့် MITSUBISHI FUSO ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ တင်ဆောင်ပေးသူ ရဲသွေးအောင်(ခ)ဖိုးလပြည့် အား အောင်ပန်းမြို့၊ ဗိုလ်ချုပ်ကွင်းရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Көрсетілген 1 - 24 арасынан 2 050
Көбірек мүмкіндіктерді ашу үшін кіріңіз.