Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Channel H (အိန္ဒိယရုပ်ရှင်သီးသန့်) avatar

Channel H (အိန္ဒိယရုပ်ရှင်သီးသန့်)

TGlist рейтингі
0
0
ТүріҚоғамдық
Растау
Расталмаған
Сенімділік
Сенімсіз
Орналасқан жері
ТілБасқа
Канал құрылған күніApr 18, 2025
TGlist-ке қосылған күні
Aug 09, 2024

Рекордтар

22.04.202523:59
137.8KЖазылушылар
10.08.202423:59
1000Дәйексөз индексі
31.01.202511:57
9.4K1 жазбаның қамтуы
31.01.202511:57
9.4KЖарнамалық жазбаның қамтуы
08.12.202423:59
9.38%ER
31.01.202511:12
6.95%ERR

Channel H (အိန္ဒိယရုပ်ရှင်သီးသန့်) танымал жазбалары

Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
L2 Empuraan (2025)
=================
စတီဖင် နက်ဒွန်ပါလီဆိုတာဘယ်သူလဲ။

ဟိန္ဒူဘာသာ၀င်တွေအတွက်တော့  နတ်ဆိုးဘုရင် ရာဗာနာရဲ့သားတော် မာဟီရာဗာနာ

အစ္စလာမ်ဘာသာအရဆိုရင် အီဘလီစ်ဆိုတဲ့ နတ်ဆိုး

ခရစ္စယာန်တွေအတွက်တော့ သူဟာ လူစီဖာ(စေတန်) လို့ပြောရလောက်တဲ့အထိကို

ဆိုးသွမ်းကြမ်းတမ်းပြီးအာဏာရှိတဲ့ လူတစ်ယောက်

နိုင်ငံရေးပါတီတွေပြိုင်ဆိုင်ကြရင်း နိုင်ငံရေးအတွက် ဘာသာရေးကိုပါ ရောယှက်အသုံးချလာကြတဲ့အခါ အဓိကရုဏ်းတွေဖြစ် လူတွေသွေးကဲ သေကြေကုန်ကြတာတွေကို အမှန်တရားဘက်တော်သားတွေ ဘယ်လိုရင်ဆိုင်တားဆီးသွားမလဲဆိုတာကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။


Movie Link 👇
https://t.me/khanthtookyaw555/268
Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
Dragon (2025) "နဂါးလေးရာဂါဗန်"
***

လက်ရှိမှာ ၂၀၂၅ ခုနှစ်အတွက် ၀င်ငွေအကောင်းဆုံး တမီလ်စကားပြောရုပ်ရှင်အဖြစ်ရော
စတုတ္ထမြောက်၀င်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်အဖြစ်ပါ စံချိန်တင်ထားတဲ့
အချစ်-ဒရာမာ-ဟာသဇာတ်လမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လူတစ်ယောက်တကယ်ပြောင်းလဲချင်ရင် စက္ကန့်ပိုင်းပဲ ကြာတယ်ဆိုတဲ့စကားကို
ကြားဖူးမှာပါ။ ဘာမဟုတ်တဲ့ကိစ္စလေးက လူတစ်ယောက်ကို
အကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ဒီလိုပါပဲ။

ဒီရာဂါဗန်ဆိုတဲ့လူငယ်လေးဟာ ၁၂ တန်းကို ထူးထူးချွန်ချွန်အောင်မြင်ပြီး
အင်ဂျင်နီယာကျောင်းကောင်းကောင်းကို ၀င်ခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ သူဆုရတဲ့နေ့မှာပဲ သူကြိုက်နေတဲ့သူငယ်ချင်းကောင်မလေးကို
ဖွင့်ပြောမိရာကစလို့ သူ့ဘ၀ကြီးလုံး၀ပြောင်းလဲသွားရဖို့ ဖြစ်လာပါတယ်။

စာတော်ပြီးလိမ္မာရင် မိန်းကလေးတွေကြိုက်ကြမယ်လို့ အထင်ရှိခဲ့တဲ့
လူလိမ္မာလေးရာဂါဗန်တစ်ယောက် သူချစ်တဲ့မိန်းကလေးက
ကျောင်းကလူဆိုးလူပေကိုမှ ကြိုက်နေတာကို သိသွားပါတယ်။
အဲဒီကစလို့ ရာဂါဗန်ဟာ စာတော်တဲ့လူလိမ္မာကျောင်းသားလေးဘ၀ကို တစ်ခန်းရပ်ပစ်လိုက်ပါတယ်။

ဒီရာ‌ဂါဗန်ဆိုတဲ့နာမည်ကိုလည်း နဂါးလေးလို့ သူ့ကိုယ့်သူပြောင်းမှည့်ပြီး
အင်ဂျင်နီယာကျောင်းမှာ ကမ်းကုန်အောင်ဆိုးပါတော့တယ်။
သူ့ရဲ့ဆိုးမိုက်မှုတွေကြောင့်ဘွဲ့ရခါနီးမှ ကျောင်းတန်းလန်းနဲ့
ဟိုမရောက်ဒီမရောက် ဖြစ်သွားပါတယ်။ ဘွဲ့မရ အလုပ်မရှိနဲ့
ဘ၀ကိုအချိန်ဖြုန်းလေလွင့်နေပေမဲ့ မိဘတွေကိုတော့
အလုပ်ရှိသယောင် လုပ်ဇာတ်ခင်းထားတာပါ။

ဒီလိုနဲ့တစ်နေ့တော့ ၆ နှစ်ကြာအောင် သူ့ရဲ့ဆိုးမိုက်မှုဒဏ်ကို
သည်းခံပေးလာတဲ့ ချစ်သူမိန်းကလေးကပါ သူ့ကို ထားသွားဖို့အကြောင်းဖန်လာတဲ့အခါ...

လေလွင့်‌နေတဲ့ ရာဂါဗန်တစ်ယောက် နောင်တရလာမှာလား၊
သူ့ဘ၀ပြောင်းလဲလာပါဦးမလား၊ သူ့မိဘတွေနဲ့ရော
ဘယ်လိုရှေ့ဆက်စခန်းသွားမလဲဆိုတာကို အချစ်နဲ့ဒရာမာမှာ
ဟာသလေးပါနှောပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။

Movie Link 👇
https://t.me/khanthtookyaw555/180
Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
သင်္ကြန် ပိတ်ရက်လေးမှာကြည့်ရတော့မယ့် ဘာဟုဗလီမင်းသားရဲ့ ဇာတ်ကားသစ်

The Raja...saab (2025)

ဒီရုပ်ရှင်ကို 2025 ဧပီလ 10ရက်နေ့မှာရုံတင်ပြသမှာဖြစ်ပီး ဟော်ရာ ဟာသ ရိုမန့်တစ် ရသမျိုးစုံဖြင့်
Tamil
Telugu
Hindi
Malayalam ဘာသာစကား၎မျိုးနဲ့ထွက်ရှိမှာဖြစ်ပါတယ်

ပုံမှန်ဆိုရင် Prabhasရဲ့အနုပညာကြေးဟာ Rs 150 crore ထပ်မနည်းရှိပေမဲ့ ဒီရုပ်ရှင်မှာတော့
Rs 100 crore နဲ့သာသရုပ်ဆောင်ကြေးလျှော့ယူထားပါတယ်။

ဘာကြောင့်လဲဆိုရင် 2023တုန်းကထွက်ရှိခဲ့တဲ့ Adipurush ဇာတ်ကားမှာ အမြတ်မရခဲ့တဲ့အပြင် ဘတ်ဂျက်ရဲ့ ရူပီး100 crore ကျော်ဆုံးရှုံးနစ်နာခဲ့တာကြောင့် အဲ့ဒီပြဇာတ်ကိုဝယ်ယူခဲ့တဲ့ ဒီ The Rajasaab ရဲ့ ပရိုဂျူဆာ TG Vishwa Prasad ကို ပြန်လည် Respect ပေးတဲ့အနေနဲ့ အနုပညာကြေး ရူပီး100 crore နဲ့သာရိုက်ကူးပေးခဲ့ပါတယ်
ဒါကြောင့် ပရိုဂျူဆာတွေဖက်ကလဲ ဒီရုပ်ရှင် ရုံတင်တဲ့အခါ အမြတ်စွန်းများရရှိခဲ့ရင်လဲ Prabhas ကိုထပ်ပေးအုံးမယ်လို့သိရပါတယ်

ကျနော်တို့လို ကြည့်ရှု့သူတွေအနေနဲ့ကတော့ The Rajasaabရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ကြရတဲ့အခါမှာ ကြောက်ရမလား ရယ်ရမလား အချစ်ခန်းလေးတွေကိုမြင်တွေ့ရမလားဆိုတာ.......

ကြည့်ရန် 👇
https://t.me/khanthtookyaw555/252
Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
ဆစ်ကန်ဒါ (၂၀၂၅)
***

အိန္ဒိယရဲ့ ယိုယွင်းနေတဲ့ စနစ်ကြီးကို “ရရင်ရ မရရင်ချ” ဆိုတဲ့နည်းနဲ့ ရှင်းမယ့် ဒဏ္ဍာရီလာ အက်ရှင်မင်းသား ဆယ်လ်မန်းခန်း ရဲ့ ဇာတ်ကားသစ်

ရာ့ဂျ်ကွတ်ရဲ့ဘုရင်ဖြစ်တဲ့ မင်းသားရာ့ဂျ်ဆဘ်ဟာ မိဖုရားကြီး မတော်တဆသေဆုံးခဲ့ရတဲ့နောက် ကြေကွဲနောင်တတွေနဲ့ ဇနီးအတွက်နောက်ဆုံးအနေနဲ့လုပ်ပေးနိုင်တာရှိမလား ရှာကြံရင်း…..
မိန်းမဖြစ်သူက မဆုံးခင်ကိုယ်တွင်းအင်္ဂါလှူခဲ့တာမို့
အဆုတ်၊ နှလုံး နှင့် မျက်လုံးတို့ လက်ခံယူထားတဲ့သူတွေဆီ နောက်ကြောင်းလိုက်စောင့်ရှောက်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ အဲဒီမှာ လူနာတွေ ဒီရောဂါဖြစ်ရတဲ့အကြောင်းဟာ လူမှုပတ်ဝန်းကျင်တစ်ခုလုံးကိုဖျက်စီးနေတဲ့အရာဖြစ်နေတော့ အဲဒီအရာကို ရရရင်ရ မရရင်ချ” လုပ်ကြမယ့် အနုအရွဇာတ်အစုံနဲ့ ဒီမှာ ကြည့်နိုင်ပါပြီ

ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw2233/15
Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
JATT (2025) မြန်မာစာတန်းထိုး
===========

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အကျင့်ပျက်ရဲတစ်ယောက်ဟာ အိန္ဒိယနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့ ပြည်ပကရာဇဝတ်သားလေးယောက်ဆီက လာဘ်စားပြီး ဒီလူလေးယောက်ကို နိုင်ငံအတွင်းခိုလှုံခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရာနာသွန်ဂါခေါင်းဆောင်တဲ့ အဲဒီရာဇဝတ်သားလေးယောက်ဟာ သူတို့ခိုလှုံရာနယ်မြေတစ်ဝိုက်မှာ အကြောက်တရားကြီးစိုးစေပြီး အဲဒီနယ်တွေမှာ သူတို့ရဲ့အာဏာစက်ကိုဖြန့်ကျက်ထားခဲ့ပါတယ်။

ဒီနေ့မှာတော့ ရာနာသွန်ဂါတို့ရဲ့ပိုင်နက်ထဲကို မဟုတ်မခံစိတ်ရှိတဲ့ ဂျာ့ဒ်လူမျိုးတစ်ယောက်ရောက်ရှိလာပါတယ်။ တောင်းပန်စကားတစ်ခွန်းအတွက် ကောင်းကင်ထိတက်မဲ့ဒီလူဟာ မတရားမှုတွေကို မျက်မြင်တွေ့ရတဲ့အချိန်မှာတော့ ဒီအရှုပ်အထွေးတွေကြားမှာ ဝင်ပါဖို့ဖြစ်လာပါတော့တယ်။

ဒီဇာတ်ကားလေးက မနေ့ကမှထွက်ရှိထားတဲ့ ရုံတင်ကားအသစ်စက်စက်လေးဖြစ်ပြီး အားလုံးကိုကြည့်စေချင်လို့ အစောကြီးဘာသာပြန်ပြီးတင်ပေးထားတာမို့ အက်ရှင်ကားကောင်းလေးတစ်ကားကြည့်ရင်း ဘဝအမောတွေပြေကြပါစေခင်ဗျာ။

Movie Link 👇
https://t.me/khanthtookyaw555/446
Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
DEVA (2025) ဇာတ်ကားသစ်
***

IMDB - 7.7/10

ကျွမ်းကျင်ပေမဲ့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ ရဲသားဒေ့ဗ်ဟာ

အကြမ်းဖက်တတ်လွန်းတဲ့သူ့စိတ်ကြောင့် ရဲယူနီဖောင်းဂုဏ်လေး ညှိုးနွမ်းသွားမှာစိုးရိမ်လို့

ယူနီဖောင်းမ၀တ်ဘဲ အရပ်၀တ်နဲ့တာ၀န်ထမ်းဆောင်တဲ့ တာ၀န်သိရဲတစ်ယောက်ဖြစ်ပါတယ်။

သူဟာ ပရာဟက် ဂျာဒေ့ဆိုတဲ့ ရာဇ၀တ်သားရဲ့အမှုကို လိုက်လံစုံစမ်းနေရင်းကနေ အကုန်သိသွားတဲ့အချိန်မှ

ရုတ်တရက် မတော်တဆဖြစ်ပြီး အတိတ်မေ့သွားခဲ့ပါတော့တယ်။

အဲဒီကနေမှ အမှုကို ဘယ်လိုပြန်လိုက်ကြမလဲ၊ ဘယ်လိုသဲလွန်စတွေ ပြန်ရှာဖွေသွားမလဲ၊

အမှုကကောဖော်ထုတ်နိုင်သွားမလားဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw555/499
Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
စက်ရုပ်မလေးရဲ့ ချစ်သူ (၂၀၂၄)
*

IMDb - 7.1/10

အားလုံးစောင့်မျှော်နေကြတဲ့ ဘတ်ဂျတ် ရူပီး ၇၅ကုဋေ အသုံးပြုထားပြီး
နှစ်ဆပြန်ဝင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။
အာယန်ဆိုတာ အိန္ဒိယရဲ့ အတော်ဆုံးပရိုဂရမ်မာတွေထဲက တစ်ယောက်ပေါ့။
မိခင်ဖြစ်သူရဲ့ အိမ်ထောင်ပြုဖို့ တဂျီဂျီနားပူနားဆာလုပ်သမျှ အကြောင်းအမျိုးမျိုးပြရှောင်နေရင်း ဇီဇာကြောင်တဲ့
လူပျိုကြီးဘ၀ကိုဖြတ်သန်းနေတဲ့သူ။ အမေရိကက အဒေါ်ဖြစ်သူပိုင်တဲ့ စက်ရုပ်ကုမ္ပဏီရဲ့ အိန္ဒိယရုံးခွဲတစ်ခုမှာ အလုပ်လုပ်နေတဲ့သူ။
တစ်ရက် ပရောဂျက်အသစ်တစ်ခုအတွက် အမေရိကကိုလာဖို့ အဒေါ်ဖြစ်သူကလှမ်းခေါ်တော့
အမေ့ရဲ့မိန်းမယူဖို့နားပူနားဆာလုပ်တဲ့ရန်က ဝေးပြီဆိုပြီး ဝမ်းသာအားရပြေးပါတယ်။
အဒေါ်ဖြစ်သူရဲ့ မန်နေဂျာဆိုသူ စီဖရာရဲ့ လုပ်ပုံကိုင်ပုံတွေကို
သဘောအကျကြီးကျရာကနေ သိလိုက်ရတာက စီဖရာက စက်ရုပ်မလေး ဖြစ်နေတယ်ဆိုတာပါပဲ။

ဒီကနေ အာယန်ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်တည်လာမယ်ဆိုတာကတော့
ဒီသိပ္ပံခေတ်လွန်ရုပ်ရှင်ကားကြီးမှာ စီးမျောခံစားကြပါဦး

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw555/495
Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
Dragon (2025) "နဂါးလေးရာဂါဗန်"
***

လက်ရှိမှာ ၂၀၂၅ ခုနှစ်အတွက် ၀င်ငွေအကောင်းဆုံး တမီလ်စကားပြောရုပ်ရှင်အဖြစ်ရော
စတုတ္ထမြောက်၀င်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်အဖြစ်ပါ စံချိန်တင်ထားတဲ့
အချစ်-ဒရာမာ-ဟာသဇာတ်လမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လူတစ်ယောက်တကယ်ပြောင်းလဲချင်ရင် စက္ကန့်ပိုင်းပဲ ကြာတယ်ဆိုတဲ့စကားကို
ကြားဖူးမှာပါ။ ဘာမဟုတ်တဲ့ကိစ္စလေးက လူတစ်ယောက်ကို
အကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ဒီလိုပါပဲ။

ဒီရာဂါဗန်ဆိုတဲ့လူငယ်လေးဟာ ၁၂ တန်းကို ထူးထူးချွန်ချွန်အောင်မြင်ပြီး
အင်ဂျင်နီယာကျောင်းကောင်းကောင်းကို ၀င်ခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ သူဆုရတဲ့နေ့မှာပဲ သူကြိုက်နေတဲ့သူငယ်ချင်းကောင်မလေးကို
ဖွင့်ပြောမိရာကစလို့ သူ့ဘ၀ကြီးလုံး၀ပြောင်းလဲသွားရဖို့ ဖြစ်လာပါတယ်။

စာတော်ပြီးလိမ္မာရင် မိန်းကလေးတွေကြိုက်ကြမယ်လို့ အထင်ရှိခဲ့တဲ့
လူလိမ္မာလေးရာဂါဗန်တစ်ယောက် သူချစ်တဲ့မိန်းကလေးက
ကျောင်းကလူဆိုးလူပေကိုမှ ကြိုက်နေတာကို သိသွားပါတယ်။
အဲဒီကစလို့ ရာဂါဗန်ဟာ စာတော်တဲ့လူလိမ္မာကျောင်းသားလေးဘ၀ကို တစ်ခန်းရပ်ပစ်လိုက်ပါတယ်။

ဒီရာ‌ဂါဗန်ဆိုတဲ့နာမည်ကိုလည်း နဂါးလေးလို့ သူ့ကိုယ့်သူပြောင်းမှည့်ပြီး
အင်ဂျင်နီယာကျောင်းမှာ ကမ်းကုန်အောင်ဆိုးပါတော့တယ်။
သူ့ရဲ့ဆိုးမိုက်မှုတွေကြောင့်ဘွဲ့ရခါနီးမှ ကျောင်းတန်းလန်းနဲ့
ဟိုမရောက်ဒီမရောက် ဖြစ်သွားပါတယ်။ ဘွဲ့မရ အလုပ်မရှိနဲ့
ဘ၀ကိုအချိန်ဖြုန်းလေလွင့်နေပေမဲ့ မိဘတွေကိုတော့
အလုပ်ရှိသယောင် လုပ်ဇာတ်ခင်းထားတာပါ။

ဒီလိုနဲ့တစ်နေ့တော့ ၆ နှစ်ကြာအောင် သူ့ရဲ့ဆိုးမိုက်မှုဒဏ်ကို
သည်းခံပေးလာတဲ့ ချစ်သူမိန်းကလေးကပါ သူ့ကို ထားသွားဖို့အကြောင်းဖန်လာတဲ့အခါ...

လေလွင့်‌နေတဲ့ ရာဂါဗန်တစ်ယောက် နောင်တရလာမှာလား၊
သူ့ဘ၀ပြောင်းလဲလာပါဦးမလား၊ သူ့မိဘတွေနဲ့ရော
ဘယ်လိုရှေ့ဆက်စခန်းသွားမလဲဆိုတာကို အချစ်နဲ့ဒရာမာမှာ
ဟာသလေးပါနှောပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။

Movie Link 👇
https://t.me/khanthtookyaw555/180
Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
Sat*yam*eva Jay**ate [2018]
====================

"အမှန်တရားသည်သာ အောင်နိုင်ရာ၏" တဲ့။

အမွန္တရားဟာ အမြဲအနိုင်ရတယ်။

အမှန်တရားအတွက် တိုက်ပွဲဝင်နေသူတွေ ရှိသလိုအမှန်တရားကို ထိန်ချန်ထားကြတာလည်း ရှိတယ်။
f
တခါတေလ ကြင်နာသနားတတ်တဲ့ ခေါင်းဆေင်ကောင်းလိုအပ်တယ်။

တခါတေလ ရက်စက်ကြမ်းတမ်းတဲ့ အပြစ်ပေးသူ လိုအပ်တယ်။

" အညွှန်း "

ဒီဇာတ္ကားထဲမွာ ရဲအရာရှိတွေကိုမှ မီးရှို့သတ်တတ်တဲ့ လူသတ်သမားတစ်ဦးနဲ့ရဲအရာရှိတစ်ဦးတို့ကို တွေ့မြင်ရမှာပါ။

ရဲအရာရှိ တော်တော်များများကို သဲလွန်စပေးပြီးသတ်တဲ့ လူသတ်သမားဟာဘာကြောင့်များ ခုလို သတ်ရတာလဲ?

ဒီအမှုကို ကိုင်တွယ်မယ့် ရဲအရာရှိဟာလူသတ်သမားဆီက ဖုန်းခေါ်ဆိုမှု တစ္ခု ရရှိခဲ့ပါတယ်။

ရဲအရာရှိကို ယခုအမှုမှာ ဝင်မပါဖို့ တားမြစ်ခဲ့ပါတယ်။

တနေ့မှာတော့...

လူသတ်သမားနဲ့ ရဲအရာရှိတို့ မျက်နှာချင်းဆိုင် တွေ့ခဲ့ကြပါတယ်။

လူသတ်သမားဘက္က သိနေပေမဲ့ရဲအရာရှိကရော လူသတ်သမားဟာ ဘယ်သူဘယ်ဝါဆိုတာကို သိနေမလား?

ဘယ်သူက သားကောငျ? ဘယ်သူက မုဆိုးဖွစျမလဲ?

ဘယ်သူက ခြေးတစ်လှမ်းသာမလဲ?

ဘယ်သူက ခြေတစ်လှမ်း နောက်ကျမလဲ?

စသဖြင့် အပြိုင်အဆိုင် ယှဉ်ပြိုင်ရင်း.... လူသတ်မှုတွေ အများကြီး ဖြစ်ပြီးချိန်မှာတော့....

လူသတ်သမားဟာဘယ်လို အရာရှိမျိုးကိုမှ ရွေးချယ်သတ်တာလဲ?

သူ သတ်ကွင်းထဲက ဘာဖြစ်လို့ဒီစီပီကို ပ,ထုတ်ခဲ့တာလဲ?

ဘယ္လို အကြောင်းမျိုးတွေကြောင့်ခုလို ဆက်တိုက် သတ်နေရလဲဆိုတာကိုတော့

ခံစားလိုက်ပါဦးဗျာ။

................................................
(အညွှန်းအပြည့်အစုံကို ရေးပြဖို့ မဖြစ်နိုင်လို့ ဒီမှာတင် ရပ်ကြရအောင်ဗျာ)

လူသတ်သမားကြီး ဗီးရ်အဖြစ် John Abraham

ဒီစီပီ ရှီဗန်ရှ် အဖြစ် Manoj Bajpayee တို့အပြင် ...

ရှီခါ အဖြစ် မင်းသမီးချောလေး Aisha Shama တို့ကအထူးပါဝင် သရုပ်ဆောင်ထားပါတယ်။

Movie Link 👇
https://t.me/khanthtookyaw555/242
Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
Ra*ch*ri*ka*m [ 2/0/2/5 ] ဇာတ်ကားသစ်

တလေဂူးနိုင်ငံရေးအက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။
ရာချာကွန်ဒါဆိုတဲ့ရွာမှာ ဝန်ကြီးဖြစ်ချင်နေတဲ့ ရွာလူကြီး ရာဂျာရတ်ဒီ။ ပထမတစ်ယောက်မွေးတုန်းက
မိန်းကလေးမို စပါးစေ့ခွံသတ်ပြီး ဒုတိယတစ်ယောက်ကို သားယောကျ်ားလေးဖြစ်ဖို မျှော်လင့်နေတဲ့သူ။
နောက်တစ်ယောက်မွေးတဲ့အချိန် မိန်းကလေးပဲဖြစ်နေပြီး သတ်ဖိုလုပ်တုန်းမှာ
ဝန်ကြီးနေရာရဖိုအတွက်ပါတီကနေဖုန်းဆက်လာတာမို မသတ်ဘဲထားခဲ့တယ်။
သုံးခါဆက်တိုက် ရွေးကောက်ပွဲနိုင်ပြီး သတ်ဖြတ်မှုတွေနဲ့အတူ ဝန်ကြီးနေရာကို
ရာဂျာရတ်ဒီတစ်ယောက် ထိန်းသိမ်းထားနိုင်ခဲ့တာပေါ့။
သမီးဖြစ်သူအရွယ်ရောက်လို ပေးစားထားတဲ့ သားမက်ကလည်း ရက်စက်ယုတ်မာလှတဲ့အပြင် သားဖြစ်သူကလည်း
အဖေ့ခြေရာနင်းပြီး နိုင်ငံရေးလောကထဲကို အလောင်းတွေပုံနေအောင်သတ်ဖြတ်ပြီး ဝင်လာတဲ့အခါ…။
တချိန်က သူ့အတွက်သေဆုံးခဲ့ရတဲ့တပည့်ဖြစ်သူရဲ့သား ဇာတ်လိုက်ကျော် ရှီဗာက
ရာဂျာရတ်ဒီရဲ့ နေရာကို ခြိမ်းခြောက်လာတဲ့အခါ…

Movie Link 👇
https://t.me/khanthtookyaw555/508
Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
Maa***ran (2022)

အခုလောလောလတ်လတ်ကမှထွက်ရှိလာတဲ့

အိန္ဒိယတောင်ပိုင်းအက်ရှင်ကားတစ်ကားကို

CM ကနေအမြန်ဆုံးကြိုးစားပြီးတင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဥ်း –

ဆက်သီမိုသီဟာရိုးသားတဲ့မှုခင်းဂျာနယ်သမား

တစ်ယောက်ဖြစ်ပြီး အမှန်တရားကိုဖော်ထုတ်မိတဲ့

အတွက်လုပ်ကြံခံခဲ့ရပါတယ်။ သူလုပ်ကြံခံရတဲ့

အချိန်မှာပဲ သူ့မိန်းမကလည်းဆေးရုံမှာသူ့သမီးလေးကို

မီးဖွားရင်းကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့

ဆက်သီမိုသီရဲ့သားအကြီးလေးဖြစ်တဲ့မတ်သီမာရန်ကပဲ

သူ့ညီမလေးကိုအုပ်ထိန်းပျိုးထောင်ဖို့ဖြစ်လာပါတော့တယ်။

အဲဒီနောက်မှာတော့ သူကိုယ်တိုင်လည်းဂျာနယ်သမားတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့အဖေလိုပဲ

အန္တရာယ်တွေကြားကအမှန်တရားတွေကိုဖော်ထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့…။

နှစ်နာရီကျော်လောက်နစ်မြောသွားစေမယ့်

Action/drama ကားမျိုးဖြစ်တဲ့အပြင် IMDb ရိတ်တင်ကောင်းကောင်းရရှိထားတာကြောင့်

သာမန်ကာလျှံကာမဟုတ်တာတော့ကျိန်းသေပါပဲ။

ယနေ့ခေတ် သတင်းမီဒီယာလောကကို သရော်ထားတဲ့အပြင် ဇာတ်ညွှန်းကောင်းကောင်းနဲ့

သေသပ်တဲ့ရိုက်ချက်တွေကြောင့် သိပ်မကြာခင်မှာ

လူပြောများလာမယ့်ဇာတ်ကားမျိုးဖြစ်လာနိုင်ပါတယ်။

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw555/343
Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
Me***rsal ( 2017 )

Mer*sal  ဇာတ်ကားဟာ
၂၀၁၇ ခုနှစ်မှာဖြန့်ချိခဲ့တဲ့
အိန္ဒိယဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်

IMDB Rating 8.8/10 ရရှိထားပြီး
သရုပ်ဆောင်များအနေနဲ့

မင်းသား Vijay/Samantha/
Nithya Menon တို့ပါ၀င်သရုပ်ဆောင်ထားသောသဲထိတ်ရင်ဖိုအက်ရှင်ကားဖြစ်ပါတယ်

ဒေါက်တာ Marran တစ်ယောက် ဆေးပညာရပ်နှီးနှောဖလှယ်ပွဲတစ်ခုတက်ရင်း အခြားဆရာ၀န်
တစ်ယောက်ဖြစ်တဲ့ Arjun နဲ့မသင့်
မမြတ်ဖြစ်ခဲ့ပါတယ်

ထို့နောက် Arjun နဲ့လက်ထောက် Anu Pallavi တို့ကို့ မျက်လှည့်ပြပွဲကြည့်ရန်ဖိတ်ခေါ်ခဲ့ပါတယ်

မျက်လှည့်ပြနေစဉ် ဒေါက်တာ Arjun တစ်ယောက် အသတ်ခံလိုက်ရတဲ့အခါ......

တရားခံအစစ်အမှန်ကဘယ်သူလဲ

နောက်ကွယ်မှာဘယ်သူတွေရှိနေလဲဆိုတာ.......

စိတ်၀င်စားဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်......

Movie Link 👇
https://t.me/khanthtookyaw555/226
Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
Sikandar (2025)
***

မြန်မာစာတန်းထိုးရပါပြီ


မနေ့ကမှရုံတင်တဲ့ Sikandar ဇာတ်ကားမှာဆိုရင် rashmika လေးကတော့ မိဖုရားနေရာကနေအဓိကပါဝင်ထားပီး ဘုရင်ကြီးဆိုသူက ကျနော်တို့ရဲ့ လူပျိုသိုးကြီးပေါ့ဗျာ။

ဇာတ်လမ်းအစ

လေယာဉ်ပေါ်မှာ နိုင်ငံရေးသမား တစ်ဉီးရဲ့သားက ခလေးအမေကို ဓာတ်ပုံရိုက်ကာ DeepFake လုပ်ပီး အဲ့ဒီ Video ဖိုင်နဲ့ အကြပ်ကိုင် ပီး ထိကပါးရိကပါး လုပ်ဖို့ကျိုးစားရာကနေ လူတစ်ယောက်က ဝင်ပီး ဆုံးမပေးလိုက်ရာကနေ စတဲ့ဇာတ်လမ်းက ကျူးလွန်သူကို အပြစ်မပေးပဲ ကယ်တင်သူကို မှ ဖမ်းချင်နေတဲ့ အင်စပတ်တာက အိမ်ကိုလိုက်သွားတဲ့အခါ ဘုရင်ကြီးဖြစ်နေမှန်းသိတာတောင် လက်မလျှော့သေးတဲ့ ရဲကို မိဖုရားကလဲ ခတ်ချေချေပဲလေ
အဲ့ဒီအချိန် ဘယ်ထဲကရောက်နေမှန်းမသိတဲ့လူအုပ်ကြီးက ရဲကားကို ဖျတ်စီးပီး ဆန္ဒပြပေးလိုက်တော့ သူလဲမကျေမနပ်နဲ့ စခန်းပြန်ခဲ့ရတာပေါ့ ဟိုရောက်တော့ ဘုရင်ကြီးနဲ့တွေ့ပီး ဘယ်လို မကျေပွဲတွေဆက်ဖြစ်လာမလဲ... ပီးတော့ အဲ့ဒီနောက်ကွယ်မှာ ဘာတွေရှိနေအုံးမလဲဆိုတာကိုတော့........

Movie Link 👇
https://t.me/khanthtookyaw555/292
Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
K.G.F: Chapter 1+2 [2018]+[2022]

==========================

K.G.F 3 မထွက်ခင် ဒီကားတွေ ပြန်ကြည့်ထားကြပါ
လုံးဝ_အကြမ်းစားကြီးကို ၁+၂ ပါ တပြိုင်တည်း
ထိုင်ကြည့်လိုက်တော့ ပို ကြည့်လို့ကောင်းသွာယော။

𝐊.𝐆.𝐅: 𝐂𝐡𝐚𝐩𝐭𝐞𝐫 1+𝟐 (2018+ 𝟐𝟎𝟐𝟐 )မြန်မာစာတန်းထိုး

Google Users 97%
IMDB Rating 9.7/10 အထိ ရရှိထားတဲ့ မင်းသား Yash ရဲ့
K.G.F: Chapter 1+ 2 နှစ်ကားစလုံးကို တင်ဆတ်ပေးလိုက်ပါပီ

Movie Link 👇
https://t.me/khanthtookyaw555/398
Қайта жіберілді:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
JATT (2025) မြန်မာစာတန်းထိုး
===========

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အကျင့်ပျက်ရဲတစ်ယောက်ဟာ အိန္ဒိယနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့ ပြည်ပကရာဇဝတ်သားလေးယောက်ဆီက လာဘ်စားပြီး ဒီလူလေးယောက်ကို နိုင်ငံအတွင်းခိုလှုံခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရာနာသွန်ဂါခေါင်းဆောင်တဲ့ အဲဒီရာဇဝတ်သားလေးယောက်ဟာ သူတို့ခိုလှုံရာနယ်မြေတစ်ဝိုက်မှာ အကြောက်တရားကြီးစိုးစေပြီး အဲဒီနယ်တွေမှာ သူတို့ရဲ့အာဏာစက်ကိုဖြန့်ကျက်ထားခဲ့ပါတယ်။

ဒီနေ့မှာတော့ ရာနာသွန်ဂါတို့ရဲ့ပိုင်နက်ထဲကို မဟုတ်မခံစိတ်ရှိတဲ့ ဂျာ့ဒ်လူမျိုးတစ်ယောက်ရောက်ရှိလာပါတယ်။ တောင်းပန်စကားတစ်ခွန်းအတွက် ကောင်းကင်ထိတက်မဲ့ဒီလူဟာ မတရားမှုတွေကို မျက်မြင်တွေ့ရတဲ့အချိန်မှာတော့ ဒီအရှုပ်အထွေးတွေကြားမှာ ဝင်ပါဖို့ဖြစ်လာပါတော့တယ်။

ဒီဇာတ်ကားလေးက မနေ့ကမှထွက်ရှိထားတဲ့ ရုံတင်ကားအသစ်စက်စက်လေးဖြစ်ပြီး အားလုံးကိုကြည့်စေချင်လို့ အစောကြီးဘာသာပြန်ပြီးတင်ပေးထားတာမို့ အက်ရှင်ကားကောင်းလေးတစ်ကားကြည့်ရင်း ဘဝအမောတွေပြေကြပါစေခင်ဗျာ။

Movie Link 👇
https://t.me/khanthtookyaw555/446
Көбірек мүмкіндіктерді ашу үшін кіріңіз.