Notcoin Community
Notcoin Community
Whale Chanel
Whale Chanel
Proxy MTProto | پروکسی
Proxy MTProto | پروکسی
Whale Chanel
Whale Chanel
Proxy MTProto | پروکسی
Proxy MTProto | پروکسی
iRo Proxy | پروکسی
iRo Proxy | پروکسی
Burmese Version avatar

Burmese Version

🎈မြန်မာ့အရေး၊ ကမ္ဘာ့အရေးနှင့် ကဏ္ဍပေါင်းစုံ သတင်းစုံ🎈
TGlist рейтингі
0
0
ТүріҚоғамдық
Растау
Расталмаған
Сенімділік
Сенімсіз
Орналасқан жері
ТілБасқа
Канал құрылған күніТрав 27, 2023
TGlist-ке қосылған күні
Лют 08, 2025
Қосылған топ

"Burmese Version" тобындағы соңғы жазбалар

ယူကရိန်းပြည်သူတွေရဲ့ နောင်တ…

💥
ရုပ်ရှင်မင်းသားဘဝကနေ နိုင်ငံအကြောင်းဘာမှ မသိဘဲ.. သမ္မတတက်လုပ်တော့ အကျိုးဆက်က ဒါပါဘဲ…ကိုယ်ရန်သူအကြောင်းမသိ.. မိတ်ဆွေအကြောင်းမသိ.. ပထဝီနိုင်ငံရေးအကြောင်းမသိဘဲ မြှောက်ပေးတိုင်းလုပ်တော့ အခုလိုအခြေအနေတွေ ဖြစ်လာရော…
အဲ့လိုလူကို သူ့ပြည်သူတွေကဘဲ တင်မြှောက်ခဲ့ကြတာလေ…
မနေ့က ရုရှား-အ​မေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေက သမ္မတတွေ မတိုင်ခင် အကြိုဆွေးနွေးကြတယ်.. ရုရှားက ယူကရိန်း ထဲကို ဘယ်နိုင်ငံခြားသားတပ်မှ ခြေချခွင့် မပေးနိုင်ဘူးလို့ အတိအလင်းကြေညာတယ်…​ဘာလို့ဆို နေတိုးက ဝင်ချင်​နေပီ..အကယ်၍ စစ်ပြီးရင် နယ်မြေပြန်လည်ထူထောင်ရေးလိုလို..ငြိမ်းချမ်းရေးစစ်သားလိုလိုတွေ ထပ်လာမှာစိုးလို့​နေမှာ​ပေါ့..
ဒီဆွေးနွေးပွဲက ကာယကံရှင် ယူကရိန်းမပါဘဲ လုပ်တော့ တရားမျှမှုရှိရဲ့လားဆိုတဲ့ မေးခွန်းတွေရှိလာတော့…ပြန်ထောက်တယ်.. ရုပ်ရှင်မင်းသားဟာ သူရဲ့သမ္မတသက်တမ်းက ဒိတ်လွန်နေပြီလေ..သမ္မတသက်တမ်းလွန်နေတဲ့ သူနဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးရင် Legitamacy ဖြစ်ပါ့မလားတဲ့…
ယူကရိန်းစစ်ပွဲ အပြီးသတ်ဖို့ ပထမဆုံး အမေရိကန်-ရုရှား သဘောတူခဲ့ကြတဲ့ ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုကို ချပြခဲ့တယ်..အဲ့တာက
၁) ceasefire
၂) ရုပ်ရှင်မင်းသားလုပ်မှာကြောက်နေတဲ့ ရွေးကောက်ပွဲနဲ့
၃) ရွေးကောက်ခံသမ္မတသစ်နဲ့ စစ်ရပ်စဲရေးလက်မှတ်ထိုးမယ်..
ပြီးရင် အမေရိကန်က ယူကရိန်စစ်ပြီတာနဲ့တပြိုင်နက် ရုရှားကို အနောက်နိုင်ငံတွေက ချထားတဲ့ ဆန်၇ှင်တွေ ရုပ်ပေးပေးရမယ် အနောက်အုပ်စုကို ပြောခဲ့တယ်....
အရင်က အမေရိကန်နဲ့အနောက်အုပ်စုက ရုပ်ရှင်မင်းသားကို ယူကရိန်းသမ္မတလုပ်ခိုင်းပြီး ရုရှားကို ကိုင်တွယ်နိုင်မယ်ထင်ခဲ့တာ.. ပူတင်က ခလေးမဟုတ်တော့.. ခံရတာပေါ့..
ကြားထဲက အမြတ်ထွက်ကြမှာကတော့ အမေရိကန်နဲ့ ရု၇ှားပါဘဲ..အနည်းဆုံးတော့ နှစ်နိုင်ငံလုံးက စစ်စတင်ခဲ့ချိန်က ရပ်ခဲ့ကြတဲ့ ဆက်ဆံရေးကို ပြန်လည်စတင်နိုင်ခဲ့တာပါဘဲ..
လက်ရှိ ယူကရိန်းသမ္မတ ဇာလန်းစကီးဟာ အပေါ်မှာ ကျွန်တော်ပြောခဲ့သလို့ နိုင်ငံအကြောင်း ဘာမှမသိဘဲ ကြိုးစွဲရာ ကခဲ့တာကနေ အခု နိုင်ငံ စစ်တလင်းဖြစ်ခဲ့ရပြီးပြီ..ပြည်သူတွေ ဒုက္ခရောက်ခဲ့ရတာကို လက်တွေ့မြင်ရပြီးတော့ ကျွန်တော်တို့ နိုင်ငံသားတွေလည်း သာဓကအနေနဲ့ အတုယူဆင်ခြင်နိုင်ကြမှာပါ.. ယူကရိန်းနိုင်ငံသားတွေက လည်း နောက်တခါရွေးကောက်ပွဲဖြစ်ခဲ့ရင် နိုက်ငံအ​ကြောင်းဘာမှမသိတဲ့ ရုပ်ရှင်မင်းသားလို သမ္မတမျိုး ထပ်ရွေးဖို့ကို စဉ်းစားကြရတော့မှာပါ..
​ခေတ်သစ်​ယောမင်းကြီး
#BurmeseVersion
#ယူကရိန်း#ရုရှား#အ​မေရိကန်
#BurmeseVersion
ဒီနိုင်ငံယဉ်ကျေးမှုတွေကို မြန်မာမှ မစောင့်ရှောက်ရင် ဘယ်သူစောင့်ရှောက်မှာလဲ…
💥
ဒီနိုင်ငံယဉ်ကျေးမှုတွေကို မြန်မာနိုင်ငံသားတွေမှ မစောင့်ရှောက်ရင် ဘယ်သူစောင့်ရှောက်ကြမှာလဲ…
ကျွန်တော်တိုနိုင်ငံက ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှုတွေ အလွန်ပေါပါတယ်.. အဲ့ဒီရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှု ဆိုတာလဲ ရာစုနှစ်ပေါင်းများစွားနဲ့ နှစ်ထောင်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့အမွေအနှစ်တွေပါ....အဲ့ဒီယဉ်ကျေးမှုတွေကို ခေတ်အဆက်ဆက်လက်ဆင့်ကမ်းလာရင်းနဲ့ ဒီနေ့ ဒီချိန်ထိ ထိန်းသိမ်းလာခဲ့ကာ တချို့ဆိုရင် ကမ္ဘာအမွေအနှစ်စာရင်းဝင်တွေအဖြစ် ကမ္ဘာကပါ အသိအမှတ်ပြု ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်လာခဲ့ပါပြီ..
ဒါပေမယ့် အဲဒီလို ယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ နေရာမျိုးမှာ ညောင်ဉီး Pdfဆိုတဲ့အဖွဲ့ကတော့ ဟိုတလောက ညောင်ဦးမှာ တိုက်ပွဲဖော်ဆောင်မယ်လို ကြေညာထားတော့ ဒီရက်ပိုင်းခပ်စိပ်စိပ် တိုက်ပွဲအသံတွေ ကြားလာရတယ်.. မြန်မာ့ယဉ်ကျေးမှုတွေ ပျက်စီးတာကို ထပ်ကြည့်ရအုမ်းမှာလားပေါ့..တွေးမိလို့ပါ..
ဒါ့အပြင် ညောင်ဦး၊ ပုဂံနယ်မြေရဲစခန်းက ရဲတပ်ဖွဲဝင်တွေ အပစ်ခံရတယ်ကြားလို ဒီနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ အများဆုံးရှိတဲ့ ပုဂံကို ပျက်စီးစေဖို လမ်းစဖြစ်လာပြီးလား.ဆိုတဲ့ စိုးရိမ်မှုတွေရှိလာပါတယ်...
ပုဂံဒေသဟာ ယူနက်စကိုမှတ်တမ်းဝင်ဒေသတစ်ခု ဖြစ်ပါတယ်.. ဗုဒ္ဓဘာသာတိုရဲ့ အထွဋ်အထိပ်ထားရာ ဘုရားစေတီ ပုထိုးတွေ အများကြီးရှိပြီးတော့ လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်းဆိုပြီး ဆိုရိုးတောင်ရှိခဲ့တာပါ...ဒါ့အပြင် တိုက်ပွဲတွေသာ ဖြစ်လာခဲ့ရင် ကမ္ဘာလှည့်ခရီးသွားလာပါဦးမလား....ဒီလိုကမ္ဘာ့အမွေအနှစ်ရှေးဟောင်းယဉ်ကျေးမှုတွေရှိတဲ့ နေရာမှာ တိုက်ပွဲဖော်ဆောင်မှုလုပ်တာဟာ culture genocide မြောက်ပါတယ်..
လက်ရှိ အကြမ်းဖက်တွေ တိုက်ပွဲဖော်ဆောင်တဲ့ နေရာတွေကိုဘဲကြည့်ပါ.. ဘယ်နေရာက အကောင်းအတိုင်းကျန်နေသေးလဲလို.. စစ်မီးဆိုတာက ကူးပါတယ်.
ဒီလိုပဲ ပုဂံဒေသမှမဟုတ်ဘူး ဗထူးတပ်မတော်ဆိုတဲ့ PDF အကြမ်းဖက်အဖွဲက ကိုယ်ကျိုးစီးပွားအတွက် စီးပွားရေးသမားတွေနဲ့ပူးပေါင်းပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်ထဲက မြိုဟောင်းကျေးရွာက နှစ်ပေါင်းတစ်ထောင်ကျော်သက်တမ်းရှိတဲ့ ထားဝယ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ သာဂရမြိုဟောင်းမြိုရိုးကို ဖြိုချဖျက်ဆီးကာ မြေကွက်ရိုက် ရောင်းချနေတယ်လိုလဲ သိရပါတယ်... အခုလိုလုပ်ရပ်ဟာ ထားဝယ်လူမျိုးစုတိုရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ အမျိုးသားရေးလက္ခဏာများကို အောက်တန်းကျစွာ ဖျက်ဆီးတဲ့လုပ်ရပ်ဖြစ်ပြီး ဒေသခံတွေအနေနဲ့ လုံးဝလက်မခံသင့်တဲ့ လုပ်ရပ်ပါပဲ..
ရှေးဟောင်းယဉ်ကျေးမှုဆိုတာ ဖြစ်ပြီးမှ ပြန်ပြင်လို ရတဲ့ တံတားတွေ တိုက်တာအဆောက်အဦး‌တွေ မဟုတ်ပါဘူး ..
အဲ့လိုယဉ်ကျေးမှုတွေကနေသာ မြန်မာလူမျိုးဆိုတာ ဘယ်ကနေဖြစ်တည်လာတယ်ဆိုတဲ့ သမိုင်းကို သိရပြီးတော့ လက်ရှိမှာ မြန်မာနိုင်ငံဆိုပြီး ရပ်တည်နိုင်နေခဲ့တာပဲ ဖြစ်ပါတယ်.
အဲ့တော့ မြန်မာနိုင်ငံမှာနေပြီးတော့ မြန်မာ့ယဉ်ကျေးမှုကို မပျက်စီးအောင်ကာကွယ်ထိန်းသိမ်းမလား.. ဒီယဉ်ကျေးမှုတွေ ဖျတ်ဆီးမလား. ဖျတ်ဆီးဖိုအားပေးမလား.. စဉ်းစားဖိုလိုပါပြီ…
ဘာလုပ်ရမလဲဆိုတာက ရှင်းပါတယ်.. စစ်ပွဲတွေကို မဖိတ်ခေါ်ပါနဲ့.. ဒါပါဘဲ…
​ ခေတ်သစ်​ယောမင်းကြီး..
#BurmeseVersion
#ပုဂံ#ယူနက်စကို
🤝 Riyadh တွင် 🇷🇺ရုရှား-🇺🇲အမေရိကန် ဆွေးနွေးပွဲ- အဓိက ပုဂ္ဂိုလ်များသည် စင်မြင့်ထက်သို့ တက်လာပါပီ.. သမ္မတနှစ်ဦးမတိုင်ခင် ကြိုတင်​ပြီး ဆွေး​နွေးအ​ကြောင်းအရာ​တွေ တိုင်ပင်​နေကြတဲ့ သ​ဘောဖြစ်ပါတယ်..

🇷🇺 ရုရှား၏ ပါဝါကစားသမားများ
🟠🇷🇺 နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov
🟠 🇷🇺သမ္မတ လက်ထောက် Yuri Ushakov

🇺🇸 US အဖွဲ့
🟠 🇺🇲နိုင်ငံခြားရေးဝန်ကြီး Marco Rubio
🟠 🇺🇲အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz
🟠 🇺🇲အရှေ့အလယ်ပိုင်း အထူးသံတမန် Steve Witkoff
ဒီလူမျက်နှာကိုမှတ်ထား ​နောင်တချိန်လက်ညှိုးထိုးလို့ရ​အောင်လို..
အာဂျင်တီးနားက မြန်မာကို တရားစွဲတဲ့ ကိစ္စ...
==============================
💥ပထမဆုံး​ပြောချင်တာက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုး လုံးဝမရှိပါဘူး..
မြန်မာတိုင်းရင်းသား ၁၃၅မျိုးမှာလည်း ရိုဟင်ဂျာလူမျိုးဆိုတာ မပါပါဘူး ခုနိုင်ငံ​ရေးမ​ကောင်းမှ ရိုဟင်ဂျာလူမျိုးက မြန်မာနိုင်ငံမှာ ရှိသ​ယောင်​ယောင် ပုံ​ပေါ်ဖို့မကြိုးစားပါနဲ့..
ဘင်္ဂလား​ဒေ့ရှိက ​ရွေ့​ပြောင်းလာတဲ့ ဘင်္ဂါလီ​တွေပါ..
ဖြစ်စဥ်က ဘင်္ဂါလီ ​တွေက မြန်မာအစိုးရရဲ့ တရားဝင်အဖွဲအစည်း​​တွေရဲ့ ရဲစခန်း​တွေကို ဝိုင်းတာ..အဲ့တာ​နဲ့ ​နောက်ဆက်တွဲ​တွေ ဖြစ်​ရော..
ဒီအ​ကြောင်းအရာနဲ့ ပတ်သတ်ပြီး​တော့ မြန်မာနိုင်ငံက ဘာ​​တွေ ဆိုးကြိုးရှိနိုင်မလဲ​ပေါ့..
အို​ကေ .ကျွန်​တော်တို့က.မြန်မာနိုင်ငံမှာ အခုထိ အဖွဲ့အစည်းနဲ့ individualကို ​ကောင်း​ကောင်းမခွဲခြားနိုင်​သေးဘူး.
Individualကို တစ်ခုခုလုပ်ချင်​ဇောကပ်ပြီး အင်စတီကျု တစ်ခုလုံး သိက္ခာကျတဲ့ အဖြစ်မျိုးထိ ဆွဲ​ခေါ်သွားတယ်..
အာဂျင်တီးနားလို နိုင်ငံအဆင့်က ဘာမှ​ထွေ​ထွေထူးထူးလုပ်လို့မရ​ပေမယ့် သူ့နိုင်ငံက​နေတဆင့် နိုင်ငံတကာ အဖွဲ့အစည်း​တွေဆီ ပို့မယ်ဆို​တော့ မြန်မာနိုင်ငံကို ကမ္ဘာ့အဆင့်သိက္ခာချပွဲကြီး လုပ်သလို​တောင်ဖြစ်တာ​ပေါ့...
ဆိုးတာက ဒီနိုင်ငံ သိက္ခာကျ​အောင်လုပ်ဖို့က ဒီနိုင်ငံသား​တွေကဘဲ ဦး​ဆောင်​နေတာဘဲ. ​
နောက်တချက်က နိုင်ငံတကာက လူ​တွေအမြင်.. ဒီနိုင်ငံကို ဘယ်လိုမြင်ကြလဲ..
စာ​ရေးသူနိုင်ငံခြားခရီး​တွေသွား​တော့ တက္ကစီငှားစီး​တော့.
ကားဆရာက မူစလင်.. ဘာ​မေးလဲဆို​​တော့ ဘယ်နိုင်ငံကလဲတဲ့ .. မြန်မာကလို့ ပြန်​ဖြေလိုက်တယ်.. ဘာလို ဘင်္ဂါလီ​တွေကို သတ်တာလဲတဲ့..အဲ့ဒါ နိုင်ငံရဲ့ ပုံရိပ်ဘဲ..မြန်မာဆိုတာနဲ့ ဒီလိုပါလားဆိုတဲ့ အမြင်ဖြစ်သွားတာ..ဒီပြသနာက နိုင်ငံတကာထွက်ဖူးတဲ့ သူတိုင်းသိကြမှာပါ....အဲ့ဒါဟာ ဆိုးကျိုးဘဲ..
နောက်ပိုင်း နိုင်ငံပြန်လည်းငြိမ်းချမ်းခဲ့ရင်​တောင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု​တွေ..နိုင်ငံတကာဆက်ဆံ​ရေးနယ်ပယ်​တွေမှာ စကား​ပြောလာလိမ့်မယ်.. (သူခိုးနဲ့​ပေါင်းပြီး သူခိုးအထင်မခံနိုင်ဘူးတို့)..ကြုံလာမှာပါ..
အဲ့ကျမှ ဟိုလူ့ကို လက်ညှိုးထိုး ..ဒီလူလိုလက်ညှိုးထိုးလုပ်ြြအုမ်းမယ်..
​ပြောချင်တာက ဒီလို ဆိုကျိုးမျိုးက အဖွဲ့အစည်းတစ်ခုထဲ ထိတာမဟုတ်ဘဲ မြန်မာနိုင်ငံသား အကုန်လုံး သိက္ခာကျတာဘဲ.ပြီး​တော့ နိုင်ငံက မီဒီယာအားနည်းခဲ့​တော့ .ဘာ​ကြောင့်ဆိုတဲ့ အ​ကြောင်းအရင်းက ဖုံးကွယ်သွားပြီး သူတို့လိုချင်တဲ့ view point ကို ချပြ ပုံကြီးချဲ့ပြီး​တော့ ဒီလိုအ​ခြေအ​နေထိ ဆွဲ​ခေါ်သွားတာဘဲ ...​​
ပြီး​တော့ အစိုးရအ​နေနဲ့ က ဒီကိစ္စက ဒီမှာတင်ပြီးမှာမဟုတ်ဘဲ ICCက ထရမ့်ကြိမ်းထားလို့ ​အာဂျင်တီးနားကို ရှေ့​ပြေး​လေးအ​နေနဲ့ လာတာ ဖြစ်နိုင်တယ်.. ICCအတွက်ပါကြိုတင်အ​ဖြေရှာထားသင့်တယ်..
​နောက်ဆုံး​ပြောချင်တာက ဒီနိုင်ငံ မြန်မာနိုင်ငံ သိက္ခာချဖို့ကြိုးစားတဲ့ ဘယ်အဖွဲ့အစည်းမဆို နိုင်ငံ့သစ္စာ​ဖောက်အဖြစ် သတ်မှတ်​ပြီး​တော့ .မြန်မာလူမျိုး​တွေအကုန်လုံးက ရှုံ့ချသင့်တယ် .. ဒီနိုင်ငံရဲ့အကျိုးစီးပွားကို​ကျော်ပြီး​တော့ တခြားနိုင်ငံရဲ့ အဖွဲ့အစည်းအတွက် လုပ်​နေတဲ့ အဖွဲအစည်း​တွေကိူ မြန်မာနိုင်ငံသားတစ်​ယောက်​အ​နေနဲ့လည်း လုံးဝ လက်ခံနိုင်စရာမရှိသလို့ အမုန်းတရားကို ​ရှေ့တန်းတင်ပြီး ကိုယ့်နိုင်ငံသိက္ခာကျမယ့်အ​ရေးကိုလျစ်လျူရှုလိုက်ရင်​တော့ ဒီနိုင်ငံသားဆိုတဲ့တာဝန် ဘယ်​ကျေတော့မလဲဗျာ..​ပျော်​နေတဲ့လူ​တွေ ဆက်ူာ​ပျော်ကြပါ...
#BurmeseVersion
https://t.me/Burmeseversion
“အာဂျင်တီးနားက မြန်မာကိုသိရဲ့လား? မြန်မာနိုင်ငံအစိုးရကတော့ Argentina ကိုသိပါတယ်။ တရားဥပဒေအရ မြန်မာကိုဝေဖန်ထောက်ပြချင်ရင် Argentina မှာ နိုင်ငံအတွင်းတရားစီရင်ရေးအတွက် လိုအပ်နေတဲ့။ လစ်လပ်နေတဲ့ တရားသူကြီး ရာထူးတွေကို အရင်ခန့်အပ်လိုက်ပါဉီးလို အကြံပြုချင်ပါတယ်” ပုံ/ ဗိုလ်ချုပ်ဇော်မင်းထွန်း
ထာဝရအကျိုးစီးပွားသာရှိတယ်ဆိုတာ သက်​သေပြတဲ့ အခင်းအကျင်းတစ်ခု..
လတ်တ​လော ဆီးရီးယားမှာ သမ္မတအာဆက်ကို ဖြုတ်ချခဲ့တဲ့ သူပုန်​ခေါင်းဆောင်က လက်ရှိ ဆီးရီးယားအစိုးရဖြစ်​နေတယ်.. သူတို့ HTSအဖွဲ့ ထိန်းချုပ်ထားတဲ့ ပတ်ဝန်းကျင်ကို အစိုးရတာ​ပေါ့..အဲ့​တော့ဆီးရီးယား အစိုးရ​ပေါ့ ..
ဆီးရီးယားက မြန်မာနိုင်ငံလိုဘဲ သူပုန်​ပေါတယ် ..
သူပုန်​ပေါ​တော့ ​နောက်ခံအမာခံ​တွေလည်း​ပေါတာ​ပေါ့..
အရင်ဆီးရီးယားအစိုးရက ရုရှား​နောက်ခံ.. အခုအစိုးရHTS ​ခေါင်း​ဆောင်က တူရကီ​နောက်ခံ ..​နောက်ထက် ကာဒ်လူမျိုးသူပုန်အဖွဲ့ရှိ​သေးတယ်..သူတို့က အ​မေရိကန်​နောက်ခံ..
အဲ့​တော့ တူရကီ​နောက်ခံ HTS ​သူပုန်​တွေက ရုရှား​နောက်​ခံ အာဆက်အစိုးရကိုဖြုတ်ချပြီး သမ္မတတတ်လုပ်​နေတယ်..
ဒါ​ပေမယ့် အခု ရုရှားက ဘာ​ကြေညာလဲဆို​တော့ ဆီးရီးယားအစိုးရအ​နေနဲ့ ဆီးရီးယားပြန်လည်ထူ​ထောင်​ရေးလုပ်တဲ့ ​နေရာမှာ လိုအပ်ရင် အကူအညီ​ပေးလို့ရပါတယ်တဲ့..
အဲ့​တော့ ဆိုရိုးတစ်ခုရှိတယ်.. "နိုင်ငံ​ရေးမှာအမြဲတမ်းရန်သူ..အမြဲတမ်းမိတ်​ဆွေဆိုပြီး မရှိဘူးတဲ့..အမြဲတမ်းအကျိုးစီးပွားဘဲရှိပါတယ်.."
ဆီရီးယားဆိုတာ ရုရှားအတွက် ဘယ်​​လောက်အ​ရေးကြီးလဲ? ဆိုရင်....
ရုရှားသူရဲ့ အ​နောက်ဘက်​ရေပိုင်နက်​တွေက စစ်သင်္ဘော​​တွေ..အထူးသဖြင့် ပင်လယ်နက်နဲ့ ​ဘောတစ်ပင်လယ်က သ​င်္ဘော​တွေက သွားတာလာတာအကန့်အသတ်ရှိတယ်..
အခုပင်လယ်နက်ကသင်္ဘော​တွေက တူရကီကပိတ်ဆို့ထားလို့ ထွက်လိုမရဘူး..​ဘောတစ်ကလည်း ​ရေပိုင်နက် အကန့်အသတ်ရှိတယ်.. ဒါ​ပေမယ့် ဆီးရီးယားမှာ ရုရှားက အရင်အစိုးရနဲ့ နှစ် ၅၀ ချုပ်ထားတဲ့ ဆိပ်ကမ်းရှိတယ် . အဲ့ဆိပ်ကမ်းမှာ ရုရှားက သူတို့ရဲ့ သင်္ဘော​တွေကို ​ထောက်ပံ့လုပ်​ပေးတယ် ဆီဖြည့်တာတို့ ရိက္ခာတင်တာတို့ လုပ်​ပေးတယ်..အဲ့​တော့ အဲ့ ဆိပ်ကမ်း စာချုပ်​တွေက အရင်အစိုးရနဲ့ချုပ်ထား​တော့ သိပ်အစိုးမရဘူး​ပေါ့..
လက်ရှိ HTS​ခေါင်း​ဆောင်က​တော့ ရုရှားအကျိုးစီးပွား​တွေကို မထိဘူးလို့​တော့ ​ပြောထားတယ်..
ဒါ​ပေမယ့် ရုရှားက ဆီရီးယားအရင်အစိုးရကို ကူညီ​ပေးထားတဲ့ စစ်လက်နက်​​တွေ ရှိတယ်.. အဲ့ဒါကို အာဆက်​ပြေး​တော့ သူ့စစ်သား​တွေက ဒီအတိုင်းထားခဲ့ကြ​တော့ ရုရှားက သူ့နည်းပညာ​တွေ ပြန်လိူချင်​နေတယ်ထင်တယ်..
အဲ့​တော့ ရုရှားက ဆီးရီးယားလက်ရှိအစိုးရကို နိုင်ငံ ပြန်လည်ထူ​ထောင်​ရေး​တွေမှာ ကူညီဖို့ အဆင်သင့်ဘဲလို့ ​ပြောလိုက်တာ..
အဲ့​တော့ သာဓကယူစရာက ​မြောက်တိုင်းကတတ်ပြီးအစွဲကြီးတဲ့ကိုယ်​တွေမြန်မာ​တွေဘဲ..ဒီနိုင်ငံ​ရေးမှာ ဒီနိုင်ငံလို နိုင်ငံ​တွေက ဘယ်လိုရှင်သန်ရမလဲဆိုတာ ကြိုးစား​​နေတဲ့အချိန်မှာ...​.စစ်​အေး​ခေတ်က ကျန်ခဲ့ စနစ်တစ်ခုအတွက် ဘယ်အချိန်ထိ​တော်လှန်​နေကြအုမ်းမှာလဲ..သူများနိုင်ငံ​တွေက ကိုယ့် အကျိုးစီးပွားအတွက်ဘဲကြည့်ပြီး ဆုံးဖြတ်​နေချိန်မှာ ကိုယ်​တွေ လူမျိူး​တွေလဲ ဒီနိုင်ငံရဲ့ အကျိုးစီးပွားအတွက်ဘဲ ကြည့်ပြီး အလုပ်လုပ်ကြမယ်ဆိူရင် ပြည်တွင်းပဋိပက္ခ​တွေပြီးမယ့် လမ်းစတစ်ခုကို အ​ဖြေရှာနိုင်မှာပါ...
ထာဝရအကျိုးစီးပွားသာရှိတယ်ဆိုတာ သက်​သေပြတဲ့ အခင်းအကျင်းတစ်ခု..
RFA ကရေးတဲ့ သတင်းမှာ ကျန်းမာရေးဝန်ထမ်း ၁၄၀ လောက်သေပြီး ရှစ်ရာလောက် အဖမ်းခံရတယ်လို့ ရေးတာ တွေ့ရတယ်။ တကယ်က ဒီထက်ပိုပြီး ဘဝပျက်သင့်တဲ့ သူတွေပါ။
------
ကိုဗစ် ဒုတိယ လှိုင်း ဖြစ်နေဆဲ ကာလမှာတင် အနတ္တမရွေး ကုပါမယ်လို့ သစ္စာ‌ဆိုထားကြသူတွေက ဆေးရုံတွေကို CDM လုပ်ပြီး စွန့်ခွာခဲ့ကြတာပါ။ ပြီးရင် တခြားသူတွေကိုပါ CDM မလုပ်လုပ်အောင် ဝန်ထမ်း အချင်းချင်းတောင် ခုထိ ဖောင်းထုလို့မဆုံး၊ အောက်ဖဲ လှန်လို့ မပြီးသေး၊ ဆေးကျောင်းတက်တဲ့ တက်သစ်စ လူငယ်တွေအပေါ်မှာတောင် အရှက်ခွဲကြတဲ့အထိ အောက်တန်းကျခဲ့တဲ့ လူတစ်စုလို့ ပြောရင်လည်း လွန်မယ် မထင်ဘူး။
-----
ပုဂ္ဂိုလ်စွဲနဲ့ အစိုးရ ဆေးရုံတွေကို လွယ်လွယ် စွန့်ပစ်နိုင်ကြပေမယ့် ငွေရတဲ့ အရပ်ဘက် ပုဂ္ဂလိက ဆေးရုံနဲ့ ဆေးခန်းတွေမှာ ၊ သို့တည်း မဟုတ် Team တွေ ဖွဲ့ပြီး ကိုဗစ်လူနာတွေကို အိမ်တိုင်ရာရောက် မတန်တဆ ဈေးနဲ့ ‌ဆေးခိုးကုကြတာလည်း ဒင်းတို့ပါပဲ။
-----
ဆရာဝန်နဲ့ ကျန်းမာရေး ဝန်ထမ်းအင်အား မလုံလောက်လို့ ကိုဗစ် ဒုတိယလှိုင်းမှာ ရန်ကုန်ဆေးရုံကြီးကို ပိတ်ချလိုက်ရတဲ့အထိ အကျိုးသက်ရောက်ခဲ့တာပါ။ ရန်ကုန်မြို့ရဲ့ ကိုဗစ်လူနာတွေကို အများဆုံး ကျားကန်ပေးခဲ့တာက မြောက်ဥက္ကလာပ ဆေးရုံ၊ တပ်မတော် ကုတင် ၁၀၀၀ နဲ့ တပ်မတော် တည်ခိုရေးရဲ့ ကိုဗစ် စင်တာ တွေကသာ နားရက်မရှိ ကျားကန်ပေးခဲ့ကြတာပါ။
-------
ဖောင်ကြီးမှာ ကိုဗစ် ကုသဖို့အတွက် လက်ရွေးစင်တွေ ထုတ်တော့လည်း တပ်မတော်သား ‌စစ်သား ဆရာဝန်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေကသာ မားမား မတ်မတ် ယှဉ်တွဲရပ်တာပါ။ တာချီလိတ်မှာ အရပ်သား ဆရာဝန်တွေ CDM လုပ်ကြတော့ စစ်သားဆရာဝန်တွေကပဲ အရောက်သွားခဲ့ရတာပါ။ နာဂနဲ့ ချင်းပြည်မှာ ရောဂါထူပြန်‌ တော့လည်း အပြင်အရပ်ဖက်က ဖဲကြိုးဝါတွေ ဖဲကြိုးနက် တွေဆိုပြီး ကမ်းပိန်းလုပ်ကြပေမယ့် တပ်က ဆရာဝန်တွေကတော့ ပေးတဲ့ အမိန့်အတိုင်း တသွေမတိမ်း ထမ်းရွက်ခဲ့ကြတာ ချည်းပါပဲ။
------
ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်း တွေဆိုတာ ကိုယ်ကြိုက်တဲ့ အစိုးရကိုပဲ မျက်နှာ ရွေးပြီး မူသင့်တဲ့ သူတွေ မဟုတ်ဘူး။ လူမျိုးဘာသာ မရွေး ကုသပါ့မယ်လို့ သစ္စာဆိုထားကြသူတွေက ကျန်းမာရေး ဝန်ထမ်းအင်အား ၃ ချိုး ၁ ချိုးကျော်အထိ CDM လုပ်ကြပြီး နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အသက်ကို မျက်နှာလွှဲ ခဲပြစ် လုပ်နိုင်ရက်ခဲ့ကြတယ်။ ကိုဗစ် ဒုတိယလှိုင်းမှာ သစ္စာ မရှိတဲ့ CDM က်ျးမာရေး ဝန်ထမ်းတွေ ကြောင့် မသေသင့်ဘဲ သေခဲ့ကြရတဲ့ ပြည်သူတွေ အများကြီးပဲ။ ယုံကြည်ချက်ကြောင့် CDM လုပ်တယ်ဆိုပေမဲ့ ခုချိန်ထိ CDM လုပ်တယ်ပြောပြီး ဆေးခိုးကုနေတဲ့ သူတွေလည်း အများကြီး ရှိနေဆဲပဲ။
------
သစ္စာ စူးကြဦးမယ့် သူတွေမို့ လွမ်းစရာကို မရှိတာပါ။


(နရီမိုး)
ညောင်ဦးကမ်းပါးပြိုတာနဲ့ အာဂျင်တီးနားက နွားမ ပေါင်ကျိုးသလား ?

ဒီနေ့ BBC က တက်လာတဲ့သတင်းအရ အာဂျင်တီးနားနိုင်ငံက လက်ရှိတပ်မတော်ဦးစီးချုပ်အပါအဝင် စစ်ခေါင်းဆောင်(၂၃)ဦးကို ဖမ်းဝရမ်းထုတ်တယ်လို့ တွေ့ရပြီး အကြောင်းရင်းကတော့ ရိုတွေကို မျိုးဖြုတ်နေလို့ပါတဲ့။

အာဂျင်တီးနားတရားရုံးမှာ တရားစွဲထားတာကတော့ ၂၀၁၉ ခုနှစ်ကတည်းက တရားစွဲတဲ့သူက ရိုဟင်ဂျာညီအစ်ကို ယူကေဆိုတဲ့အဖွဲ့က စွဲတာ၊ အခုမှ အမိန့်ချတဲ့သဘော။

အဲဒီ ရိုအဖွဲ့တွေက စစ်တပ်ဘက်ကိုတင် တင်ထားတာမဟုတ်ဘူးနော်၊ မနှစ်ကလည်း AA အဖွဲ့ကို ICC မှာ ရိုတွေကို မျိုးဖြုတ်လို့ဆိုပြီး BBC မှာပဲ သတင်းတက်လာသေးတယ်။

BBC ကို တော်လှန်ရေးသတင်းတွေ ဖော်ပြနေလို့ သူ့ဘက်ကိုယ့်ဘက် အမှန်တရားဘာညာ ထင်မနေနဲ့၊

ကမ္ဘာမှာ မြန်မာ့အရေးဆိုတာ အာရုံစိုက်လောက်စရာ ကိစ္စ မဟုတ်ဘူး။ ရိုကိစ္စလည်းမဟုတ်ဘူး။ ရိုတွေနောက်က ရှိတဲ့ အရှေ့အလယ်ပိုင်းက မာမူကြီးတွေရဲ့ဒင်္ဂါးတွေကသာ အမှန်တရားပဲ။

ပြောချင်တာက အာဂျင်တီးနားကိစ္စ။ အာဂျင်တီးနားဆိုတာ မြန်မာနဲ့အဆက်အစပ် ဘာဆိုဘာမှကို မရှိတာ။

ကိုယ့်နိုင်ငံကလူတွေကို ဖမ်းဝရမ်းထုတ်ပြီးတော့ ဘာလုပ်ဖို့လဲလို့ စဉ်းစားတဲ့အခါမှာ အာဂျင်တီးနားရဲ့ လက်ရှိနိုင်ငံရေး၊ စီးပွားရေးကို ထည့်တွက်ရတယ်။

အာဂျင်တီးနားနိုင်ငံဟာလည်း အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တဲ့နိုင်ငံ၊ ၁၉၈၃ မှာ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးတယ်ဆိုပေမယ့် နိုင်ငံရေး မတည်ငြိမ်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ အာဂျင်တီးနားနိုင်ငံရဲ့ စီးပွားရေးဟာလည်း ကောင်းမွန်ခြင်း မရှိဘူး။

အခုလက်ရှိမှာ အာဂျင်တီးနားဟာ စီးပွားရေးကပ်ကို ကြုံနေရပါတယ်။ နိုင်ငံမှာသုံးစွဲတဲ့ ပီဆိုဟာ ငွေကြေးဖောင်းပွမှု ၂၀၀ % ရှိနေပြီး နိုင်ငံဟာလည်း ကြွေးမြီပမာဏ အလွန်များပြားပါတယ်။

အခုအချိန်မှာ မြန်မာကျပ်ငွေက ပီဆိုထက် ပိုပြီး ခိုင်မာပါတယ်၊ ဆန်ရှင်တွေ ရှိနေပေမယ့် မြန်မာနိုင်ငံ စီးပွားရေးက အာဂျင်တီးနားလောက် မဆိုးသေးပါဘူး။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကနေ ချေးယူထားတာ ဒေါ်လာ ၄၄ ဘီလီယံရှိနေပြီး ပြန်ဆပ်နိုင်ဖို့ကို အသည်းအသန်ကြိုးစားနေရတဲ့အခြေအနေမျိုး၊ အကြွေးမဆပ်နိုင်လို့ လျှော်ခဲ့ရတာ ၉ ခေါက်ရှိခဲ့ပြီး ဒီတစ်ခေါက်သာ ထပ်လျှော်ပေးရမယ်ဆိုရင် ၁၀ ကြိမ်မြောက်ဖြစ်လာမှာပါ။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေက အယုံအကြည်မရှိအဆိုနဲ့ အကုန်ထွက်ကုန်ရင် အလုပ်လက်မဲ့တွေ များလာပြီး အစစအရာရာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေပါ များလာပါလိမ့်မယ်။

ဒီအတွက် သမ္မတ မီလိန် က နိုင်ငံတကာအကူအညီတွေရရှိဖို့ အစွမ်းကုန်ကြိုးစားနေရပြီး ထရမ့်ကို မျက်နှာလုပ်ဖို့ WHO ကနေ ထွက်မယ်လို့ ထုတ်ပြောထားပါတယ်။

သူများနိုင်ငံကို ဖမ်းဝရမ်းထုတ်နေတာ၊ သူ့ကိုလည်း အင်တာပိုမှာ ဗင်နီဇွဲလားက တိုင်ထားတယ်။

ဆိုတော့ကာ အာဂျင်တီးနားရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရားရုံးဆုံးဖြတ်ချက်ဟာ ကမ္ဘာ့အလယ်မှာ၊ လူ့အခွင့်အရေးမှာ အရေးတယူရှိပါတယ်လို့ မျက်နှာဝင်ယူရုံသက်သက်ပါပဲ။ နောက်ကွယ်ကနေ OIC တို့ ၊ ဦးဦးမာမူတို့ရဲ့ အထောက်အပံ့တွေကိစ္စလည်း ရှိရင်ရှိမှာပေါ့။

သိစေချင်တာက ဒါဟာ မြန်မာ့အရေးကို စိတ်ဝင်စားလို့လည်း မဟုတ်ဘူး၊ ရိုအရေးကိုစိတ်ဝင်စားလို့လည်းမဟုတ်ဘူးဆိုတာကိုပါ။

ICJ တို့ ICC တို့ ဆိုတာလည်း ထို့အတူပါပဲ။ ဘယ်သူမှ အဖက်လုပ်ကြတာ မဟုတ်ဘူး။ သူတို့ပြောသလိုသာ အခွင့်အာဏာရှိတယ်ဆိုရင် အီရတ်မှာ လူပေါင်း ၂၀၀၀၀ ကျော် စတေးခဲ့တဲ့ ပွကြီးတို့အဖွဲ့ကျတော့ ဘယ်သူမှ တရားမစွဲရဲဘူး မဟုတ်လား။

ဒါပါပဲ။ နိုင်ငံတကာဆိုတာ သူတို့လုပ်ချင်ရာသာ လုပ်ကြတာပါ။ နိုင်ငံငယ်လေးတွေဆိုရင်တော့ ဆိုင်ဆိုင် မဆိုင်ဆိုင် ဆန်ရှင်ချရတာနဲ့၊ အရေးယူရတာနဲ့။

အခုလည်း ဒီလိုပါပဲ၊ ညောင်ဦးက ကမ်းပါးပြိုတာနဲ့ အာဂျင်တီးနားက နွားမကြီး ပေါင်ကျိုးသွားတာ ဘာဆိုင်လို့လဲလေ။

ဆိုင်ဆိုင် မဆိုင်ဆိုင် မြိုင်အောင်လို့ဆိုရင်တော့ ကိုယ့်အလှည့်လည်း ရောက်လာ ပါလိမ့်ဦးမယ်။

crd# ပိုင်စိုး
ရန်ကုန်မှာ ဆေးရုံတွေ အပိတ်ခံရတဲ့ကိစ္စ…
ရန်ကုန်မှာ ဆေးရုံတွေ ယာယီအပိတ်ခံရ/ အပြီးပိတ်ခံရတယ်ကြားပါတယ်..CDMဆရာဝန်တွေနဲ့ cdmကျန်းမာရေးဝန်ထမ်းတွေကို လက်ခံထားခဲ့လိုတဲ့..အရင်က မြောက်ဒဂုံက ပင်လုံဆေးရုံက ၂လ ယာယီအပိတ်ခံရပြီးတော့ ပြန်ဖွင့်ခွင့် ရခဲ့တယ်..
ဒီနိုင်ငံရေးစဖြစ်ကထဲက အကုန်ပိတ်လိုက်သင့်တာ… အခုအချိန်သုံးလအတွင်း ပြန်လည်စိစစ်မယ်တဲ့..
…ဒီနိုင်ငံရေးစဖြစ်တဲ့အချိန်မှာ CDM မလုပ်သင့်တဲ့ ဌာနတွေရှိတယ်.. အဲ့ဒါက ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆရာမတွေဘဲ.. ကျန်တဲ့ဝန်ကြီးဌာနတွေလုပ်ရင် လူမှုပတ်ဝန်းကျင်အတွက် သိပ်အဖက်မဖြစ်ပေမယ့် ဆရာဝန်တွေနဲ့ ဆရာမတွေကတော့ ဒီနိုင်ငံရဲ့ ကျန်းမာရေးကွင်းဆက်နဲ့ အသိပညာကွင်းဆက်တွေကို ကျန်းမာဖွံဖြိုးတိုးတက်အောင်စောင့်ကြည့်ပေးရမှာ ဖြစ်တဲ့အတွက် လုံးဝအဆက်ပြတ်လိုမဖြစ်တဲ့ ဌာနတွေဖြစ်ပါတယ်..
ဆရာဝန်တွေ CDMလုပ်တော့ အဲ့အချိန်က ကိုဗစ်ကာလကြီး.. မှတ်မိပါသေးတယ်.. ရန်ကုန်ဆေးရုံကြီးမှာ ဆရာဝန်တွေ မရှိတော့ဘဲ အခြေခံလူတန်းစားလူနာတွေ ပုံပြီးရောက်လာတာ. အဲ့အဖြစ်အပျက်ကို မျက်လုံးထဲ မြင်ယောင်ကြည့်လိုက်.. အခြေခံလူတန်းစားများတဲ့ ဒီနိုင်ငံမှာ အစိုးရဆေးရုံးတွေမှာ ဆရာဝန်မရှိတဲ့ ဒုက္ခက မသေးဘူးနော်…နောက်ပိုင်းးတပ်မတော်စစ်ဆေးရုံတွေက ဆရာဝန်တွေ ရောက်လာတော့ အနည်းအကျဉ်း အဆင်ပြေသွားလို အဲ့ CDM လုပ်တဲ့ ဆရာဝန်တွေရဲ့ အပြစ်တွေပေါ့လျော့ သွားသလိုဖြစ်သွားတာ..
ဆရာဝန်တွေက လူနာတွေရဲ့ မျက်နှာမကြည့်ဘဲ နိုင်ငံရေးထဲ ဝင်ယောင်လိုက်ပြီးတော့ အစိုးရဆေးခန်းတွေမှာ မထိုင်ဘဲ ပိုက်ဆံရတဲ့ အရပ်ဘက်ဆေးခန်းတွေကျသွားထိုင်တယ်..
ရန်ကုန်ဆေးရုံကြီးက အခြေခံလူတန်းစား လူနာတွေရဲ့ ငိုသံတွေ အခုထိ မတိတ်သေးဘူး..
ကိုဗစ်ကာလမှာ ပိုက်ဆံရှိတဲ့လူတွေက အစိုးရဆေးရုံတွေ ဘာမှန်းမသိပေမယ့် အဲ့အချိန်အဲ့ကာလမှာ အခြေခံလူတန်းစားအတွက်က အစိုးရဆေးရုံတွေက ရွေ ဘဲ..
အဲ့တော့ အဲ့လိုဆရာဝန်တွေကို လက်ခံတဲ့ ဆေးရုံတွေက အဆိပ်ပင်ရေလောင်းတာကို လုပ်ခဲ့ကြတယ်.အခုအဲ့ဆေးရုံတွေ ပိတ်ပစ်တော့ ဝမ်းမနည်းဘူး..
ပြီးတော့ရှိသေးတယ်..CDM ဆရာဝန်တွေရဲ့ ကိစ္စကဘယ်လောက်ကြီးလဲဆိုတော့ CDMကို သူတိုစခဲ့တာလို ပြောရမယ်.. ဆရာဝန်တွေ CDM လုပ်တော့ အခုချိန်ထိ ခေတ်စားနေတဲ့ ဗီဒီယိုတွေ၇ှိတယ်လေ.. အူဝဲတို တမျိုးလုံး မိုက်ကြီးနဲ့..
“ဆရာဝန်တွေတောင် CDM လုပ်နေပြီး ကျန်တဲ့သူတွေ မလုပ်ကြသေးဘူးဘား..
CDM ဝန်ထမ်းတွေကို ဘယ်လို ထောက်ပံ့ပေးမှာ ဘာမှ မပူပါနဲ့” ဆိုတာလေ..
အဲ့နောက်ပိုင်းကနေစပြီး အကုန်အုတ်ရောရော ကျောက်ရောရော CDM တွေ လုပ်ကြတာ..အဲ့နောက် အောက်ခြေဝန်ထမ်း CDM တွေအကုန် ဘဝပျက်ကုန်ရော…
ကိုဗစ်ကာလတုန်းက ကျခဲ့ရတဲ့ အစိုးရဆေးရုံကိုဘဲအားကိုးနေရတဲ့ အခြေခံလူတန်းစားတွေရဲ့ မျက်ရည်တွေ အသက်တွေအတွက် CDM ဆရာဝန်တွေကို လက်ခံပြီး ဆေးရုံတွေဖွင့်ခဲ့ကြတဲ့ အဲ့လိုဆေးရုံတွေက ပိတ်ပစ်လိုက်တာက နည်းများနည်းနေသလားလို..
ပိုစတာကြီးတွေနဲ့ ဒီဆရာဝန်.. ဒီဆေရုံတွေက နိုင်ငံဒုက္ခရောက်နေတဲ့အချိန်မှာ သစ္စာဖောက်ခဲ့ကြတာ. လူနာတွေကို ဆေးရုံမှာ ပစ်ထားပြီး ဆရာဝန်အလုပ်မလုပ်တဲ့လူတွေကို ဆေးရုံတိုင်းမှာ ပြထားရမှာ…
ဒါ့အပြင်....အခုလို ဆေးရုံ စံနမူနာပြပိတ်သလို ဆေးရုံမှာလုပ်ခဲ့ကျတဲ့ CDMဆရာဝန်တွေကိုလည်း စံနမူနာပြလုပ်သင့်တယ်လို့ထင်တယ်..
လက်ရှိ အစိုးရအနေနဲ့က လက်ရှိပြည်သူ့ကျန်းမားရေးကဏ္ဍအရ CDM တွေ လုပ်ခဲ့ကြတာကြောင့် ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေအများကြီး လိုအပ်နေပေမယ့် ဒီလိုအရပ်ဖက်ဆေးရုံတွေပိတ်သွားရင် ဆေးရုံမှာ၇ှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အစိုးရဆေးရုံတွေမှာ နေရာတစ်နေရာစာတော့ အလုပ်ပေးပြီး အခွင့်အရေးပေးသင့်တယ်..ပြီးရင် အစိုးရဆေးရုံးတွေရဲ့ အခန်းကဏ္ဍကို ပြန်ပြီး မြင့်တင်သင့်တယ်..

#ခေတ်သစ်ယောမင်းကြီး
#BurmeseVersion #analysenews
စာတွေ နေ့တိုင်ဖတ်ချင်ရင် ဒီလင့်လေးရှိတယ်နော်>> https://t.me/Burmeseversion
ထရမ့်ရဲ့ ဒုတိယအကြိမ် အိမ်ဖြူတော်ခရီးစဉ်က ယခင်ထရမ့်အဆက်က ရန်ဖက်တွေဖြစ်တဲ့ အီရန်နဲ့ တရုတ်ကတော့ သိပ်ကြိုက်မှာမဟုတ်ဘူး..ထရမ့်ကလည်း အရှေ့အလယ်ပိုင်ရေးထုတ်ပြန်ချက်တွေ စိတ်လာတယ်..
အဲ့တော့ အရှေ့အလယ်ပိုင်းမှာ အီရန်နဲ့ ဆက်စပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေပါ မျက်ခုံးလှုပ်တာပေါ့
(ယီမင်က ဟူသီသူပုန်၊ လက်ဘနွန်က ဟစ်ဇဘိုလာတို့)
လက်ရှိအရှေ့အလယ်ပိုင်းမှာ အမေရိကန်တွေအင်အားစုပုံနေပြီးတော့ သူရဲ့ မဟာမိတ် အစ္စရေးကို အလုံးစုံထောက်ခံပေးဖို့လုပ်နေတာ အစ္စရေးကလဲ ဒေသတွင်း အီရန်နဲ့က ဖိုက်ချင်နေတာဆိုတော့ ဒုတိယ ထရမ့်သက်တမ်းက အရှေ့အလယ်ပိုင်းမှာ စစ်မီးတောက်လိမ့်မယ်.ထင်တယ်.
အမေရိကန်ကလည်း ပါရှန်းပင်လယ်ကွေ့ထွက်ပေါက်ကို ချုပ်ထားတဲ့ အီရန်ကို ဖိဖို့ လုပ်နေတယ်...တချိန်ချိန် စစ်ဖြစ်လာရင် ပင်လယ်ကွေ့ကိုပိတ်ပစ်မယ့် အီရန်ကို တော်တော်လှန့်နေကြတဲ့ပုံဘဲ.. အဲ့လမ်းကြောင်းက ရေနံတင်ပို့တဲ့ အကြီးဆုံးလမ်းကြောင်းကြီးကို..
ပြီးတော့ အီရန်ကလည်း သူ့ဘာသူ အစွမ်းကုန်ပြင်ဆင်နေတဘ်.. သူ့ရဲ့ လက်နက်တွေကို ထုတ်ကြွားနေတာ..အဲ့လက်နက်တွေက အမေရိကန်လေယာဉ်တင်သင်္ဘောတွေကို ဒုက္ခပေးလို့ရတဲ့ဟာချည်းဘဲ.. အီရန်ဒရုန်းက ဘယ်လောက်အဆင့်မြင့်လဲ သိတယ်မလား..
အခု နောက်ဆုံး 6 th generation လေယာဉ်ပုံစံတ္ပေပါ ထုတ်ပြနေပြီ..အောင်မြင်ပြီလို့လည်းပြောတယ်.
ပြီးတော့ အရှေ့အလယ်ပိုင်းအရေး ခြေဝင်ရှုပ်နေတဲ့အမေရိကန်က အခု အစ္စရေး-ပါလက်စတိုင်း အရေးထဲက ဂါဇာကို ထိန်းသိမ်းထားပြီး ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေကို ဘေးအိမ်နီးချင်းနိုင်ငံတွေကို ရွေ့ထားမယ်တဲ့..အဲ့တော့ ဒေသတွငး အာရပ်နိုင်ငံတွေက ဘယ်ကြိုက်ပါ့မလဲ..အဲ့အပြင်ကို ဟူသီတို့ကပါ တိုက်ဖို့ပြင်နေပီ ဂါဇာကို..
ဒါနဲ့ ဂါဇာက ဘာရှိလို့ အသည်းအသန်လိုချင်နေကြတာလဲ??ပေါ့.
ဂါဇာမှာမတူးရသေးတဲ့ သဘာဝဓာတ်ငွေ့ ဒေါ်လာဘီလီယံ ၅၀၀ဖိုးလောက်ရှိပါတယ်တဲံ.. အမေရိကန်ဟာ ရာစုနှစ်နီးပါးလောက် အင်အားနည်းပြီးတော့သဘာဝသယံဇာတ ထွက်တဲ့နိုင်ငံတွေကို မတည်ငြိမ်အောင်ပြုလုပ်တဲ့ မူဝါဒက ဘယ်အစိုးရတက်တက် ပျောက်မှာမဟုတ်ပါဘူး.. ကိုယ်တွေ မြန်မာနိုင်ငံဘဲကြည့်..
ပြီးရင် အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ နိုင်ငံကြီးတွေ ဘယ်လောက်စွတ်ဖက်လဲကြည့်..(အာရပ်နွေဉီးတို့)
လစ်ဗျားဆိုရင် ဆဒန်ဟူစိန်လက်ထက်သူ့ဟာသူကောင်းနေတာကို ဖြုတ်ချတာ…
နိုင်ငံတစ်နိုင်ငံကို အမေရိကန်က ဒီမိုကရေအကြောင်းပြပြီး ဝင်ရောက်စွပ်ဖက်နေပြီး
သေချာတယ် အဲ့နိုင်ငံမှာ သူတို့ လက်လွှတ်ချင်တဲ့ တစ်ခုခုရှိနေပြီ…
အခုလည်း အီရန်ကို နျူထုတ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်မှာ..စိုးတာက အီရန်-ရုရှားက မဟာမိတ်ဆိုတော့ ပူတင်ကိုလန့်နေတာလည်းပါမယ် ..
အရင်က အီရတ်ကို အဲ့လိုဘဲ အကြောင်းပြပြီး ဝင်တိုက်သေးတယ်..အဲ့တုန်း အီရတ်တစ်နိုင်ငံထဲဆိုတော့ အခုက ချိတ်နဲ့အီရန်ထိရင် ရုရှားအဲ့ နောက်မှာ မြောက်ကိုရီးယား.တရုတ်တို့က  စောင့်ကြည့်နေတာဆိုတော့.. ဒီတစ်ခေါက်တွေ့မယ့် ထရမ့်နဲ့ ပူတင်တွေ့ပြီးရင် အဖြေတစ်ခုထွက်လာမယ်ထင်တယ်. 
ထိန်းထိန်းသိမ်းသိမ်းတွေမလုပ်ရင် စစ်ပွဲတွေက အရှေ့အလယ်ပိုင်းတစ်ခွင်လုံး ပြန့်လာပြီးတော့ စစ်ပွဲက ကြီးလိမ့်မယ်…နောက်ကနိုင်ငံတွေပါပါလာရင် ကမ္ဘာစစ်အဖြစ်ပြောင်းလိမ့်မယ်..

#ခေတ်သစ်ယောမင်းကြီး
#BurmeseVersion #analysenews
စာတွေ နေ့တိုင်ဖတ်ချင်ရင် ဒီလင့်လေးရှိတယ်နော်>> https://t.me/Burmeseversion
Жазылушылар
Цитата индексі
1 хабарламаның қаралымы
Жарнамалық хабарлама қаралымы
ER
ERR
09 ЛЮТ '2516 ЛЮТ '2523 ЛЮТ '25

Burmese Version танымал жазбалары

15.02.202504:00
ထာဝရအကျိုးစီးပွားသာရှိတယ်ဆိုတာ သက်​သေပြတဲ့ အခင်းအကျင်းတစ်ခု..
10.02.202511:23
စိတ်ကူးယဥ်မြန်မာ့ DOGE
==========================

အမေရိကန်မှာ ထရမ့် တက်လာပြီးနောက် အီလွန်မတ် ကို DOGE ဆိုတဲ့ အဖွဲ့ ဖွဲ့စည်းစေပြီး တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးမရှိတဲ့ လုပ်ငန်းတွေကို ရပ်တံ့ပစ်ဖို့ စီစစ်ကြပါတယ် ။

DOGE အီလွန်မတ်ကနေ သြဇာအာဏာ လုပ်ပိုင်ခွင့် ခွဲပေးထားတဲ့ လူငယ်တွေဟာ အသက် ၂၅ နှစ်သားကနေ ၁၉ နှစ်သားအထိ လူငယ်လေးတွေဟာ ရေပန်းစားနေကြလေရဲ့ ။

တသက်လုံးက ပေါက်ကရ ခေါင်းစဥ်တွေ နဲ့ တိုင်းပြည်ဘဏ္ဍာသုံးဖြုန်းနေကြတဲ့ ခေါင်းစဥ်အမျိုးမျိုးအောက်က စားဖားကြီးတွေ ကား နေကြတာပေါ့ ။

FBI / CIA နဲ့ ပင်တာဂွန်ကိုပါ ချမ်းသာမပေးတဲ့ DOGE အဖွဲ့ကြောင့် ပြည်သူတွေကြား အလွန်ရေပန်းစားနေကြပါတယ် ။ ပေါက်ကရ လုပ်ခဲ့ကြတာတွေလည်း ကြည့်အုံးလေ....

- ပြေးစက်ပေါ်မှာ ပုဇွန်ဆိတ်က ဘယ်လောက်ပြေးနိုင်မလဲ သိရဖို့ သုတေသန လုပ်တာ ဒေါ်လာ ၃ သန်း တို့ ၊ တိရိစ္ဆာန်တွေကို လိင်ပြောင်းတာ ဒေါ်လာ သန်းပေါင်းများစွာ ကုန်တယ်တို့လို ပေါက်ကရ အလုပ်တွေ အများကြီးကိုးဗျ ။

ကျနော်ပြောချင်တာ ထရမ့်ရဲ့ သူ့တိုင်းပြည်အတွက် ပြောင်းလဲရေး လုပ်ငန်းစဥ်ကို တွေးကြည့်စေချင်တာပါ ။ သူတို့ စစ်ဆေးချင်တဲ့ လုပ်ငန်းတွေကို AI မှာ မေးကြည့်ကြတယ် ။ အဖြေကို YES or NO နှစ်မျိုးပဲ ပေးပါလို့ တောင်းဆိုပြီး မေးတာ ။

ဥပမာ USAID သည် အမေရိကန်အား အကျိုးရှိစေသလား.. ? အဖြေက NO ဆိုရင် အဲဒါ ဖျက်သိမ်း ။ ပြည်ပမီဒီယာလုပ်ငန်းတွေကို ထောက်ပံ့နေတာ အမေရိကန်အတွက် အကျိုးရှိပါသလား ..? အဖြေက No ဒါဆို ဖျက်သိမ်း .... အဲသလို ပြတ်ပြတ်သားသား ဆော်ပစ်တာဗျ ။

တာဝန်ပေးတော့လည်း ကြည့်အုံး အိုကြီး အိုမ စားနေကြ ကြောင်ဖားဝန်ထမ်းကြီးတွေကို တာဝန်မပေးဘူး ။ အထက်ကရေးခဲ့တဲ့ လူငယ် ပညာတတ်လေးတွေကို တာဝန်ပေးတယ် ။ မလိုအပ်တဲ့ ဝန်ထမ်း ကွန်ပြူတာနဲ့ ရှာတယ် တွေ့ရင် အလုပ်ထွက်ဖို့ နို့တစ်ပေးတယ် ၊ ငဖြူ ငညို မခွဲဘူး သူတို့အလုပ်ကိုသူတို့က တိတိကျကျ လုပ်ကြတယ် ။.

ကဲ အဲသလိုများ ကျုပ်တို့ တိုင်းပြည်မှာ မြန်မာ့ DOGE ဆိုပြီး လူငယ်တွေအများစု နဲ့ အဖွဲ့ ဖွဲ့မယ် ။ ပြီးရင် အားမနာတမ်း စစ်ဆေးကြပ်မက် ဆော်လိုက်ကြစို့ ဆိုရင်တော့...

- လက်တွေ့အသုံးချ အကျိုးရှိမယ့် နည်းပညာရလာဒ် လက်ဆုပ်လက်ကိုင် မပြနိုင်ကြတဲ့ သုတေသန ဌာနပေါင်းစုံ ( ပြနိုင်သူများ မပါ)

- ပြည်သူ့အကျိုးအတွက် လက်တွေ့ အလုပ် မလုပ်ပြနိုင်ပဲ ဟန်ပြ ဖွဲ့ရုံဖွဲ့ထားကြတဲ့ ကော်မတီ ပေါင်းစုံ

- တိုင်မှ အရေးယူပါ့မယ် ဆိုတဲ့ လာဘ်ပေး လာဘ်ယူတိုက်ဖျက်ရေးကော်မရှင်
( ပြည်သူ့အကျိုးအတွက် ဒါမျိုးတော့ အသွင်ယူ စုံစမ်း အရေးယူဖို့ ထိုးထွင်း မကြံစည်ပဲ ရုံးပေါ်ကပဲ ငုတ်တုတ်ထိုင် အမှုမျှော်နေတဲ့ အပျင်းကြီး တွေပေါ့ဗျာ)

- စာတိုက်လုပ်ငန်း ၊ စီးပွားကူးသန်း ၊ သမဝါယမ ၊ မီးရထား ၊ အစရှိတဲ့ လူအင်အားလျှော့လို့ ရမယ့် ဌာနတွေ ...


အမြဲလူရှုပ် အလုပ်ရှုပ် နေကြရတဲ့ လဝက / စည်ပင် / ပက်စ်ပို့ / ယာဥ်လိုင်စင်ဌာန. တွေကို ထိရောက်မြန်ဆန်အောင် အဆင့်မြင့် ကွန်ပြူတာတွေထပ်တပ်မလား...မလိုပဲ ရစ်လို့ရတဲ့ ကြိုးနီစနစ် ဖျက်သိမ်းမလား... မလိုပဲ ရစ်စိန်လုပ်နေတဲ့ ဝန်ထမ်းဖြုတ်မလား ......

အဲသလို အချက်အလက်မှန်တွေ သိနိုင်ဖို့ အပျံစား AI လိုမယ်မထင်ပေါင် ။ ရလာဒ်တွေနဲ့သာ ပိုင်းဖြတ်လိုက် ။ ဥပမာ အကြမ်းဖက် တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးကြည့် ၊၊ ဘယ်မြို့တွေ သင်တန်းပေးပြီးပြီလဲ ၊ ဘာလက်နက်တွေ တပ်ဆင်ထားလဲ မေးကြည့် ထိထိရောက်ရောက် မရှိတာ တွေ့ရလိမ့်မယ် ။ လိမ်နေကြတာ ခပ်တည်တည်ပဲ ။


အမေရိကန်ရဲ့ DOGE လိုမျိုး မြန်မာက အတုခိုးပြီး ဖွဲ့စည်း စီစစ်ကြည့်လိုက်ပါ အကောင်းဖက်တော့ ရွေ့လာမှာ သေချာတယ်ဗျ ။ စိုးရိမ်စရာရှိတာက. ဆော်ရင်း ဆော်ရင်း နဲ့ အဆောက်အဦး နဲ့ ပရိဘောဂလောက် ကျန်နေရင် ဘာလုပ်ရမလဲ ကြိုတွေးဖို့တော့ လိုမယ်ထင်တာပဲ ဗျို့ ။

ကိုရွှေမျိုးဝင်း
12.02.202509:58
အာရှမှာ ထိပ်တိုက်​လာတွေ့​နေရတဲ့ F35 နဲ့ Su 57..
ရုရှားနဲ့ အ​မေရိကန်ပိုင်တဲ့ ပဥ္စမ​မြောက်မျိုးဆက် ဖိုက်တာတွေ ဒီနှစ်အိန္ဒိယ airshowမှာ ပထမဆုံးအတူတူ ပြသခဲ့တယ်တဲ့..
ဘာလိုဆို အိန္ဒိယဟာ သူ့ရဲ့ မျိုးဆက်သစ်​လေယာဥ်ကို ကာလရှည်တီထွင်စမ်းသပ်​နေပြီး​တော့ ခုထိ ရာနှုန်းပြည့် ​အောင်မြင်ခြင်းမရှိ​သေးတဲ့ အချိန်မှာ သူ့ဟာ​တွေ မပြနိုင်တော့ အခုလို​တွေ ရုရှားဖိုက်တာနဲ့ အ​မေရိကန်ဖိုက်တာကို ပွဲတည်​ပေးလိုက်တာဖြစ်ပါတယ်..
ဘာလို့အဲ့လို​တွေ လုပ်တာလဲ???
သိပ်မကြာခင်က အိမ်နီးချင်းနဲ့ မဟာပြိုင်ဘက် တရုတ်က သူရဲ့ Zhuhai airshowမှာ ပဥ္စမမျိုးဆက် ဖိုက်တာနှစ်စီးအပြင် ဆဌမမျိုးဆက်ပုံစံကိုပါ ​ရှေ့​ပြေးပြသခဲ့​တော့ အိန္ဒိယက ဒီနှစ်သူ့ airshowမှာ ကြံမိကြရာ​တွေ ကြံကုန်တာထင်တယ်...အဲ့တာထက် မြန်မာအ​ရေးနဲ့ပတ်သတ်ပြီး အိန္ဒိယနဲ့ တရုတ်က လှုပ်လှုပ်ရွရွဖြစ်​နေတယ်..( ဒီ​မြေဒီ​ရေက ဘယ်​လောက်အ​ရေးကြီးလဲသူတို့ သိကြတာ​ပေါ့..)..
အိန္ဒိယက မြန်မာ-အိန္ဒိယ-ဘင်္ဂလား​ဒေ့ရှ် သုံး​နေရာဆုံတဲ့​နေရာကို ဒုတိယ ​ရွှေတြိဂံ​​ဒေသဖြစ်လာနိုင်တယ်ဆိုပြီး​တော့ သူရဲ့ အ​ရှေ့စွန်းမြန်မာနယ်စပ်က မီဇိုရမ်ပြည်နယ်မှာရှိတဲ့ ​လေဆိပ်ကို အိန္ဒိယ​လေတပ်IAFကို လွှဲ​ပေးဖို့​ပြော​နေတယ်..
​ဒေသခံ​တွေက​တော့ ခုထိလက်မခံ​သေးဘူး..

​ပထမ​ရွှေတြိဂံ​နေရာက သိတယ်မလား... အရင်မူး-ယ-စ်​ဆေး​တွေနဲ့ နာမည်ကြီးပြီး​တော့ အခု​တော့ ကျားဖြန်ကိစ္စ​တွေနဲ့ နမည်ကြီး​နေတာ..အခုဒုတိယ​ရွှေတြိဂံက​တော့ ဘာ​ကြောင့် နမည်ကြီးလဲဆို​တော့ ရခိုင်က AA​တွေရဲ့ မူးယစ်လမ်း​ကြောင်း​တွေများလာတယ် ​မှောက်လမ်း​ကြောင်း​တွေ​ပေါတာကအစဘဲ .. AA​တွေရဲ့ ​အဓိက ​ထောက်ပံ့​ငွေ​တွေကဘယ်ကရလဲဆိုရင် အဲ့က ရတာဘဲ..အစိုးရထိန်းချုပ်မှုကလည်း လွတ်​နေတာဆို​တော့ ပိုစိုးတာ​ပေါ့ ..
​နောက်ပိုင်း အိန္ဒိယက​တောင် ရှမ်း​မြောက်မှာ ကျားဖြန့်ပြပြီး တရုတ်လိုကြီး မြန်မာလို ဝင်လာရင် .....???
အဓိကအ​ကြောင်းအရင်းက အိန္ဒိယက သူရဲ့ ညီမ ၇​ ဖော်ကို တရုတ်စနက်​ကြောင့် ခွဲထွက်မှာရယ် ထိန်းချုပ်မှု​အောက်ကလွတ်မှာရယ်ကို ​ကြောက်​နေတာ..ညီအမ ၇​ဖော်က အရင်ထဲက အိန္ဒိယ ဗဟိုက​နေ လွတ်​နေတာကြာပြီ..ညီအမ ၇ ​ဖော်ဆိုတာ မြန်မာ-အိန္ဒိယနယ်စပ်က အိန္ဒိယရဲ့ ကွဲထွက်​နေတဲ့ ပြည်နယ် ၇ ခု (မီဇိုရမ်တို့ မဏိပူရတို့ နာဂလန်းတို့ ..) အိန္ဒိယ-မြနိမာ ကုလားတန်စီမံကိန်းက သူတို့အတွက်​​လေ..ထားပါ​တော့..
ဒီ​​ဒေသတွင်း အားပြိုင်​နေတဲ့ နှစ်နိုင်ငံဆို​တော့ ..မြန်မာနိုင်ငံ​ရေးအခင်းအကျင်း​တွေကြည့်ပြီး​တော့ အချင်းချင်း ​ခြေမြင်​နေကြပြီထင်တယ်..
ကျွဲနှစ်​ကောင်ခတ်တဲ့ကြားမှာ ​မြေဇာ ဖြစ်မယ့် ကျွန်​တော်တို့ နိုင်ငံ​လေးက ဘယ်​လောက်မျက်နှာငယ်ဖို့​ကောင်းလိုက်မလဲ.
.အိမ်နီးချင်း​တွေက အားကိုးမရတဲ့အပြင် အဖက်ဖက်က လက်ညှိုးဝိုင်းထိုးနေတဲ့ ဒီနိုင်ငံမှာ ​ဘေးနိုင်ငံ​တွေက တခုခုလှုပ်ရှားလာရင် သတိထားတတ်​နေလို့ ဒီသတင်း​တွေဖတ်​မိတော့ . ဘာအကွက်​တွေ ​ရွေ့​နေကြလဲ စိတ်ဝင်စားလာလို့..
တစ်ဖက်မှာ အ​မေရိကန်အလုပ်ရှုပ်​နေတဲ့ အချိန်မှာ ဘာ​တွေ ကြံစည်​နေကြလဲ.. ဥပမာ-အ​မေရိကန်နဲ့ သင့်မြတ်​နေတဲ့ ထိုင်း​တောင် တရုတ်ကိုသွားပြီး BRIစာချုပ်​တွေ လက်မှတ်ထိုးပစ်တာ)
15.02.202502:43
RFA ကရေးတဲ့ သတင်းမှာ ကျန်းမာရေးဝန်ထမ်း ၁၄၀ လောက်သေပြီး ရှစ်ရာလောက် အဖမ်းခံရတယ်လို့ ရေးတာ တွေ့ရတယ်။ တကယ်က ဒီထက်ပိုပြီး ဘဝပျက်သင့်တဲ့ သူတွေပါ။
------
ကိုဗစ် ဒုတိယ လှိုင်း ဖြစ်နေဆဲ ကာလမှာတင် အနတ္တမရွေး ကုပါမယ်လို့ သစ္စာ‌ဆိုထားကြသူတွေက ဆေးရုံတွေကို CDM လုပ်ပြီး စွန့်ခွာခဲ့ကြတာပါ။ ပြီးရင် တခြားသူတွေကိုပါ CDM မလုပ်လုပ်အောင် ဝန်ထမ်း အချင်းချင်းတောင် ခုထိ ဖောင်းထုလို့မဆုံး၊ အောက်ဖဲ လှန်လို့ မပြီးသေး၊ ဆေးကျောင်းတက်တဲ့ တက်သစ်စ လူငယ်တွေအပေါ်မှာတောင် အရှက်ခွဲကြတဲ့အထိ အောက်တန်းကျခဲ့တဲ့ လူတစ်စုလို့ ပြောရင်လည်း လွန်မယ် မထင်ဘူး။
-----
ပုဂ္ဂိုလ်စွဲနဲ့ အစိုးရ ဆေးရုံတွေကို လွယ်လွယ် စွန့်ပစ်နိုင်ကြပေမယ့် ငွေရတဲ့ အရပ်ဘက် ပုဂ္ဂလိက ဆေးရုံနဲ့ ဆေးခန်းတွေမှာ ၊ သို့တည်း မဟုတ် Team တွေ ဖွဲ့ပြီး ကိုဗစ်လူနာတွေကို အိမ်တိုင်ရာရောက် မတန်တဆ ဈေးနဲ့ ‌ဆေးခိုးကုကြတာလည်း ဒင်းတို့ပါပဲ။
-----
ဆရာဝန်နဲ့ ကျန်းမာရေး ဝန်ထမ်းအင်အား မလုံလောက်လို့ ကိုဗစ် ဒုတိယလှိုင်းမှာ ရန်ကုန်ဆေးရုံကြီးကို ပိတ်ချလိုက်ရတဲ့အထိ အကျိုးသက်ရောက်ခဲ့တာပါ။ ရန်ကုန်မြို့ရဲ့ ကိုဗစ်လူနာတွေကို အများဆုံး ကျားကန်ပေးခဲ့တာက မြောက်ဥက္ကလာပ ဆေးရုံ၊ တပ်မတော် ကုတင် ၁၀၀၀ နဲ့ တပ်မတော် တည်ခိုရေးရဲ့ ကိုဗစ် စင်တာ တွေကသာ နားရက်မရှိ ကျားကန်ပေးခဲ့ကြတာပါ။
-------
ဖောင်ကြီးမှာ ကိုဗစ် ကုသဖို့အတွက် လက်ရွေးစင်တွေ ထုတ်တော့လည်း တပ်မတော်သား ‌စစ်သား ဆရာဝန်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေကသာ မားမား မတ်မတ် ယှဉ်တွဲရပ်တာပါ။ တာချီလိတ်မှာ အရပ်သား ဆရာဝန်တွေ CDM လုပ်ကြတော့ စစ်သားဆရာဝန်တွေကပဲ အရောက်သွားခဲ့ရတာပါ။ နာဂနဲ့ ချင်းပြည်မှာ ရောဂါထူပြန်‌ တော့လည်း အပြင်အရပ်ဖက်က ဖဲကြိုးဝါတွေ ဖဲကြိုးနက် တွေဆိုပြီး ကမ်းပိန်းလုပ်ကြပေမယ့် တပ်က ဆရာဝန်တွေကတော့ ပေးတဲ့ အမိန့်အတိုင်း တသွေမတိမ်း ထမ်းရွက်ခဲ့ကြတာ ချည်းပါပဲ။
------
ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်း တွေဆိုတာ ကိုယ်ကြိုက်တဲ့ အစိုးရကိုပဲ မျက်နှာ ရွေးပြီး မူသင့်တဲ့ သူတွေ မဟုတ်ဘူး။ လူမျိုးဘာသာ မရွေး ကုသပါ့မယ်လို့ သစ္စာဆိုထားကြသူတွေက ကျန်းမာရေး ဝန်ထမ်းအင်အား ၃ ချိုး ၁ ချိုးကျော်အထိ CDM လုပ်ကြပြီး နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အသက်ကို မျက်နှာလွှဲ ခဲပြစ် လုပ်နိုင်ရက်ခဲ့ကြတယ်။ ကိုဗစ် ဒုတိယလှိုင်းမှာ သစ္စာ မရှိတဲ့ CDM က်ျးမာရေး ဝန်ထမ်းတွေ ကြောင့် မသေသင့်ဘဲ သေခဲ့ကြရတဲ့ ပြည်သူတွေ အများကြီးပဲ။ ယုံကြည်ချက်ကြောင့် CDM လုပ်တယ်ဆိုပေမဲ့ ခုချိန်ထိ CDM လုပ်တယ်ပြောပြီး ဆေးခိုးကုနေတဲ့ သူတွေလည်း အများကြီး ရှိနေဆဲပဲ။
------
သစ္စာ စူးကြဦးမယ့် သူတွေမို့ လွမ်းစရာကို မရှိတာပါ။


(နရီမိုး)
12.02.202506:31
မဂ်ဂဇင်းကြီးတစ်စောင်မှာ ဆွစ်ဇာ
လန်နိုင်ငံအကြောင်း ဆောင်းပါးရေး
ဖို့ဖြစ်လာပါတယ်။ လေ့လာတော့မှ
မဝင်မနေရစစ်မှုထမ်းခြင်းမှ ကင်း
လွတ်နိုင်တဲ့အခွန်တော် Military Service Excemption tax ကို
ပြဌာန်းထားတာသိလိုက်ရပါတယ်။
အခုအခါမှာ ဒေသအာဏာပိုင်နဲ့ လူ
ထုအတွင်း ပြဿနာတွေ၊ မကျေနပ်
မှုတွေကို တွေ့လာရပါတယ်။ ဒီ့အ
တွက်အကြံပေါ်ပြီး ပြည်သူ့စစ်မှု
ထမ်းအခွန်တော်ကို အရစ်ကျ၊ ဆိုင်း
ငံ့၊ အပေါင်အာမခံထားနိုင်ဘို့ ရေးဆွဲထားပါတယ်။

ကျွန်တော်အမတ်ဖြစ်ရင် လွှတ်
တော်မှာ တင်ဘို့ဆိုသော်လည်းတိုင်းပြည်အတွက် အသုံးတဲ့လို့
အခုပေးဆိုရင်လည်း ပေးပါမယ်။
ရင်းနှီးတဲ့မိဘများ အခွန်က တာဝန်
မယူရပါ။ ထွေအုပ်နဲ့စစ်ရေးချုပ်ရုံး
ကထိမ်းသိမ်းပြီး စစ်သည်လောင်း
များအတွက် ထောက်ပံ့ကြေးပေး
ဘို့၊ ဆွဲဆောင်ဘို့ဘဲ သုံးရမှာဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ဥပဒေစာမူကြမ်းကို
ကြားသိရတဲ့မိဘများ၊ လူငယ်များ
က ဝိုင်းဝန်းသာဓုခေါ်ကြတယ်လို့
သိရပါတယ်။ ရဲဝန့်စွန့်စား professional ဆန်တဲ့ လူငယ်များကတော့ ထောက်ပံ့ကြေးနဲ့ပျော်ရွှင်
စွာ ချီတက်ကြပါမယ်။ ဝါသနာမပါ
သူတွေနဲ့ အခြေအနေအရ မဝင်နိုင်
သေးတဲ့လူငယ်တွေ၊ သက်ဆိုင်သူ
မိဘတွေအတွက်ကိုလည်း အခွန်
တော်ကို အရစ်ကျ၊ ဆိုင်းငံ့၊ အပေါင်အာမခံထားနိုင်ဘို့ ရေးဆွဲထားပါ
တယ်။ ကျွန်တော်အမတ်ဖြစ်ရင်လွှတ်တော်မှာတင်ဘို့ဆိုသော်လည်းတိုင်းပြည်အတွက် အသုံးတဲ့လို့
အခုပေးဆိုရင်လည်း ပေးပါမယ်။ရ
င်းနှီးတဲ့မိဘများကတော့သိတဲ့အခါ
မှာ တအားနှစ်သက်ကြပါတယ်။
ဒေသန္တရအာဏာပိုင်တွေရဲ့အဂတိ
ကိုတားဆီးနိုင်မည့်အပြင် ကျပ်ငွေ
တန်ဘိုးပြန်တက်ပြီး စီးပွါးရေးပါ
နာလန်ထူမဲ့စွမ်းအင်တွေကို ဒီဥပ
ဒေမှာမှော်ဝင်ပြီးဖြစ်ပါတယ်။

ကျုံပျော်အထောင်က မိဘတွေနဲ့
တေဇညီငယ် ဗိုလ်မှူးစောသန်းနိုင်
တို့ဆီက သိရတဲ့လူထုရဲ့တုံ့ပြန်မှု
ကြောင့် ဒီဥပဒေမူကြမ်းကို သုံးချင်
တဲ့အာဏာပိုင်ကိုပေးပါမယ်။ လွှတ်တော်အထိ မစောင့်တော့ပါ။ဒေါက်တာအောင်မျိုးလို့ ဖြစ်လာ
အောင်ပြုစုခဲ့တဲ့ကျွန်တော့ရဲ့အား
ထုတ်မှု။ သင်ပုန်းကြီးစပေးတဲ့
ဦးပန်ဏိတ၊ ဦးကေတုမာလာ၊
ဆရာအဆက်ဆက်။ အာစရိယဂုရုဒေါက်တာသန်းထွန်း၊ ဒေါက်တာ
မျိုးမြင့်၊ ဒေါက်တာတိုးလှတို့ရဲ့
ပညာညဏ်ကို တန်ဘိုးထားသောအားဖြင့် တောင်းရင် ပေးပါမည်။
ဈေးပေါပေါနဲ့တော့ face book
တွင် မတင်ပါခင်များ။

crd***Dr Aung Myo
Қайта жіберілді:
နရီမိုး avatar
နရီမိုး
ဘယ်လမ်း ရွေးကြမလဲ???
=========
ရွှေကုက္ကိုလ်နဲ့ KK Park မှာ ရှိတဲ့ လုပ်ငန်းစုတွေကို တစ်စုံတစ်ယောက်က သို့တည်းမဟုတ် တဖွဲ့ဖွဲ့က အစိုးရ ရှေ့နေပုံစံလုပ်ပြီး ဝန်ခံမလား။ ဒါက ဒီနယ်မြေမှာရှိတဲ့ လက်နက်ကိုင်အားလုံးကို ရည်ရွယ်တာ။

------
ဘယ်လက်နက်ကိုင်မှ ဝန်မခံဘူး။ အိုကေ။ BGFနဲ့ DKBA က အစိုးရ၊ တပ်မတော်နဲ့ ပူးပေါင်းပြီး နိုင်ငံတော်ကို မျက်နှာမူပြီး ပူးတွဲ ရှင်းထုတ်မလား။ ဒါကလည်း သူတို့ သစ္စာ ရှိမရှိက လိုသေးတယ်။
-------
ဒါမှမဟုတ် NCA ကို သစ္စာဖောက်ထားတဲ့ KNU ကို အမေရိကန်ရဲ့ CIA က တဖက်လှည့်သုံးသွားမလား။
--------
အောက်က ပုံကတော့ ထိုင်းတပ်ချုပ်က ထိုင်း-မြန်မာ နယ်စပ်နေရာအထိ အရောက်လာပြီး အနီးကပ် ကိုင်တွယ်နေပါတယ်ဆိုတဲ့ ပုံစံမျိုး ယူသွားတယ်။ အင်တာဗျူးတွေ ဖြေရုံနဲ့ ဒီပြဿနာက ဖြေရှင်းလို့မရဘူးဆိုတာ လက်နက်ကိုင်ထားကြသူတွေ ပိုသိကြမှာပါ။


(နရီမိုး)
14.02.202511:10
ညောင်ဦးကမ်းပါးပြိုတာနဲ့ အာဂျင်တီးနားက နွားမ ပေါင်ကျိုးသလား ?

ဒီနေ့ BBC က တက်လာတဲ့သတင်းအရ အာဂျင်တီးနားနိုင်ငံက လက်ရှိတပ်မတော်ဦးစီးချုပ်အပါအဝင် စစ်ခေါင်းဆောင်(၂၃)ဦးကို ဖမ်းဝရမ်းထုတ်တယ်လို့ တွေ့ရပြီး အကြောင်းရင်းကတော့ ရိုတွေကို မျိုးဖြုတ်နေလို့ပါတဲ့။

အာဂျင်တီးနားတရားရုံးမှာ တရားစွဲထားတာကတော့ ၂၀၁၉ ခုနှစ်ကတည်းက တရားစွဲတဲ့သူက ရိုဟင်ဂျာညီအစ်ကို ယူကေဆိုတဲ့အဖွဲ့က စွဲတာ၊ အခုမှ အမိန့်ချတဲ့သဘော။

အဲဒီ ရိုအဖွဲ့တွေက စစ်တပ်ဘက်ကိုတင် တင်ထားတာမဟုတ်ဘူးနော်၊ မနှစ်ကလည်း AA အဖွဲ့ကို ICC မှာ ရိုတွေကို မျိုးဖြုတ်လို့ဆိုပြီး BBC မှာပဲ သတင်းတက်လာသေးတယ်။

BBC ကို တော်လှန်ရေးသတင်းတွေ ဖော်ပြနေလို့ သူ့ဘက်ကိုယ့်ဘက် အမှန်တရားဘာညာ ထင်မနေနဲ့၊

ကမ္ဘာမှာ မြန်မာ့အရေးဆိုတာ အာရုံစိုက်လောက်စရာ ကိစ္စ မဟုတ်ဘူး။ ရိုကိစ္စလည်းမဟုတ်ဘူး။ ရိုတွေနောက်က ရှိတဲ့ အရှေ့အလယ်ပိုင်းက မာမူကြီးတွေရဲ့ဒင်္ဂါးတွေကသာ အမှန်တရားပဲ။

ပြောချင်တာက အာဂျင်တီးနားကိစ္စ။ အာဂျင်တီးနားဆိုတာ မြန်မာနဲ့အဆက်အစပ် ဘာဆိုဘာမှကို မရှိတာ။

ကိုယ့်နိုင်ငံကလူတွေကို ဖမ်းဝရမ်းထုတ်ပြီးတော့ ဘာလုပ်ဖို့လဲလို့ စဉ်းစားတဲ့အခါမှာ အာဂျင်တီးနားရဲ့ လက်ရှိနိုင်ငံရေး၊ စီးပွားရေးကို ထည့်တွက်ရတယ်။

အာဂျင်တီးနားနိုင်ငံဟာလည်း အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တဲ့နိုင်ငံ၊ ၁၉၈၃ မှာ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးတယ်ဆိုပေမယ့် နိုင်ငံရေး မတည်ငြိမ်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ အာဂျင်တီးနားနိုင်ငံရဲ့ စီးပွားရေးဟာလည်း ကောင်းမွန်ခြင်း မရှိဘူး။

အခုလက်ရှိမှာ အာဂျင်တီးနားဟာ စီးပွားရေးကပ်ကို ကြုံနေရပါတယ်။ နိုင်ငံမှာသုံးစွဲတဲ့ ပီဆိုဟာ ငွေကြေးဖောင်းပွမှု ၂၀၀ % ရှိနေပြီး နိုင်ငံဟာလည်း ကြွေးမြီပမာဏ အလွန်များပြားပါတယ်။

အခုအချိန်မှာ မြန်မာကျပ်ငွေက ပီဆိုထက် ပိုပြီး ခိုင်မာပါတယ်၊ ဆန်ရှင်တွေ ရှိနေပေမယ့် မြန်မာနိုင်ငံ စီးပွားရေးက အာဂျင်တီးနားလောက် မဆိုးသေးပါဘူး။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကနေ ချေးယူထားတာ ဒေါ်လာ ၄၄ ဘီလီယံရှိနေပြီး ပြန်ဆပ်နိုင်ဖို့ကို အသည်းအသန်ကြိုးစားနေရတဲ့အခြေအနေမျိုး၊ အကြွေးမဆပ်နိုင်လို့ လျှော်ခဲ့ရတာ ၉ ခေါက်ရှိခဲ့ပြီး ဒီတစ်ခေါက်သာ ထပ်လျှော်ပေးရမယ်ဆိုရင် ၁၀ ကြိမ်မြောက်ဖြစ်လာမှာပါ။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေက အယုံအကြည်မရှိအဆိုနဲ့ အကုန်ထွက်ကုန်ရင် အလုပ်လက်မဲ့တွေ များလာပြီး အစစအရာရာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေပါ များလာပါလိမ့်မယ်။

ဒီအတွက် သမ္မတ မီလိန် က နိုင်ငံတကာအကူအညီတွေရရှိဖို့ အစွမ်းကုန်ကြိုးစားနေရပြီး ထရမ့်ကို မျက်နှာလုပ်ဖို့ WHO ကနေ ထွက်မယ်လို့ ထုတ်ပြောထားပါတယ်။

သူများနိုင်ငံကို ဖမ်းဝရမ်းထုတ်နေတာ၊ သူ့ကိုလည်း အင်တာပိုမှာ ဗင်နီဇွဲလားက တိုင်ထားတယ်။

ဆိုတော့ကာ အာဂျင်တီးနားရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရားရုံးဆုံးဖြတ်ချက်ဟာ ကမ္ဘာ့အလယ်မှာ၊ လူ့အခွင့်အရေးမှာ အရေးတယူရှိပါတယ်လို့ မျက်နှာဝင်ယူရုံသက်သက်ပါပဲ။ နောက်ကွယ်ကနေ OIC တို့ ၊ ဦးဦးမာမူတို့ရဲ့ အထောက်အပံ့တွေကိစ္စလည်း ရှိရင်ရှိမှာပေါ့။

သိစေချင်တာက ဒါဟာ မြန်မာ့အရေးကို စိတ်ဝင်စားလို့လည်း မဟုတ်ဘူး၊ ရိုအရေးကိုစိတ်ဝင်စားလို့လည်းမဟုတ်ဘူးဆိုတာကိုပါ။

ICJ တို့ ICC တို့ ဆိုတာလည်း ထို့အတူပါပဲ။ ဘယ်သူမှ အဖက်လုပ်ကြတာ မဟုတ်ဘူး။ သူတို့ပြောသလိုသာ အခွင့်အာဏာရှိတယ်ဆိုရင် အီရတ်မှာ လူပေါင်း ၂၀၀၀၀ ကျော် စတေးခဲ့တဲ့ ပွကြီးတို့အဖွဲ့ကျတော့ ဘယ်သူမှ တရားမစွဲရဲဘူး မဟုတ်လား။

ဒါပါပဲ။ နိုင်ငံတကာဆိုတာ သူတို့လုပ်ချင်ရာသာ လုပ်ကြတာပါ။ နိုင်ငံငယ်လေးတွေဆိုရင်တော့ ဆိုင်ဆိုင် မဆိုင်ဆိုင် ဆန်ရှင်ချရတာနဲ့၊ အရေးယူရတာနဲ့။

အခုလည်း ဒီလိုပါပဲ၊ ညောင်ဦးက ကမ်းပါးပြိုတာနဲ့ အာဂျင်တီးနားက နွားမကြီး ပေါင်ကျိုးသွားတာ ဘာဆိုင်လို့လဲလေ။

ဆိုင်ဆိုင် မဆိုင်ဆိုင် မြိုင်အောင်လို့ဆိုရင်တော့ ကိုယ့်အလှည့်လည်း ရောက်လာ ပါလိမ့်ဦးမယ်။

crd# ပိုင်စိုး
15.02.202504:00
ထာဝရအကျိုးစီးပွားသာရှိတယ်ဆိုတာ သက်​သေပြတဲ့ အခင်းအကျင်းတစ်ခု..
လတ်တ​လော ဆီးရီးယားမှာ သမ္မတအာဆက်ကို ဖြုတ်ချခဲ့တဲ့ သူပုန်​ခေါင်းဆောင်က လက်ရှိ ဆီးရီးယားအစိုးရဖြစ်​နေတယ်.. သူတို့ HTSအဖွဲ့ ထိန်းချုပ်ထားတဲ့ ပတ်ဝန်းကျင်ကို အစိုးရတာ​ပေါ့..အဲ့​တော့ဆီးရီးယား အစိုးရ​ပေါ့ ..
ဆီးရီးယားက မြန်မာနိုင်ငံလိုဘဲ သူပုန်​ပေါတယ် ..
သူပုန်​ပေါ​တော့ ​နောက်ခံအမာခံ​တွေလည်း​ပေါတာ​ပေါ့..
အရင်ဆီးရီးယားအစိုးရက ရုရှား​နောက်ခံ.. အခုအစိုးရHTS ​ခေါင်း​ဆောင်က တူရကီ​နောက်ခံ ..​နောက်ထက် ကာဒ်လူမျိုးသူပုန်အဖွဲ့ရှိ​သေးတယ်..သူတို့က အ​မေရိကန်​နောက်ခံ..
အဲ့​တော့ တူရကီ​နောက်ခံ HTS ​သူပုန်​တွေက ရုရှား​နောက်​ခံ အာဆက်အစိုးရကိုဖြုတ်ချပြီး သမ္မတတတ်လုပ်​နေတယ်..
ဒါ​ပေမယ့် အခု ရုရှားက ဘာ​ကြေညာလဲဆို​တော့ ဆီးရီးယားအစိုးရအ​နေနဲ့ ဆီးရီးယားပြန်လည်ထူ​ထောင်​ရေးလုပ်တဲ့ ​နေရာမှာ လိုအပ်ရင် အကူအညီ​ပေးလို့ရပါတယ်တဲ့..
အဲ့​တော့ ဆိုရိုးတစ်ခုရှိတယ်.. "နိုင်ငံ​ရေးမှာအမြဲတမ်းရန်သူ..အမြဲတမ်းမိတ်​ဆွေဆိုပြီး မရှိဘူးတဲ့..အမြဲတမ်းအကျိုးစီးပွားဘဲရှိပါတယ်.."
ဆီရီးယားဆိုတာ ရုရှားအတွက် ဘယ်​​လောက်အ​ရေးကြီးလဲ? ဆိုရင်....
ရုရှားသူရဲ့ အ​နောက်ဘက်​ရေပိုင်နက်​တွေက စစ်သင်္ဘော​​တွေ..အထူးသဖြင့် ပင်လယ်နက်နဲ့ ​ဘောတစ်ပင်လယ်က သ​င်္ဘော​တွေက သွားတာလာတာအကန့်အသတ်ရှိတယ်..
အခုပင်လယ်နက်ကသင်္ဘော​တွေက တူရကီကပိတ်ဆို့ထားလို့ ထွက်လိုမရဘူး..​ဘောတစ်ကလည်း ​ရေပိုင်နက် အကန့်အသတ်ရှိတယ်.. ဒါ​ပေမယ့် ဆီးရီးယားမှာ ရုရှားက အရင်အစိုးရနဲ့ နှစ် ၅၀ ချုပ်ထားတဲ့ ဆိပ်ကမ်းရှိတယ် . အဲ့ဆိပ်ကမ်းမှာ ရုရှားက သူတို့ရဲ့ သင်္ဘော​တွေကို ​ထောက်ပံ့လုပ်​ပေးတယ် ဆီဖြည့်တာတို့ ရိက္ခာတင်တာတို့ လုပ်​ပေးတယ်..အဲ့​တော့ အဲ့ ဆိပ်ကမ်း စာချုပ်​တွေက အရင်အစိုးရနဲ့ချုပ်ထား​တော့ သိပ်အစိုးမရဘူး​ပေါ့..
လက်ရှိ HTS​ခေါင်း​ဆောင်က​တော့ ရုရှားအကျိုးစီးပွား​တွေကို မထိဘူးလို့​တော့ ​ပြောထားတယ်..
ဒါ​ပေမယ့် ရုရှားက ဆီရီးယားအရင်အစိုးရကို ကူညီ​ပေးထားတဲ့ စစ်လက်နက်​​တွေ ရှိတယ်.. အဲ့ဒါကို အာဆက်​ပြေး​တော့ သူ့စစ်သား​တွေက ဒီအတိုင်းထားခဲ့ကြ​တော့ ရုရှားက သူ့နည်းပညာ​တွေ ပြန်လိူချင်​နေတယ်ထင်တယ်..
အဲ့​တော့ ရုရှားက ဆီးရီးယားလက်ရှိအစိုးရကို နိုင်ငံ ပြန်လည်ထူ​ထောင်​ရေး​တွေမှာ ကူညီဖို့ အဆင်သင့်ဘဲလို့ ​ပြောလိုက်တာ..
အဲ့​တော့ သာဓကယူစရာက ​မြောက်တိုင်းကတတ်ပြီးအစွဲကြီးတဲ့ကိုယ်​တွေမြန်မာ​တွေဘဲ..ဒီနိုင်ငံ​ရေးမှာ ဒီနိုင်ငံလို နိုင်ငံ​တွေက ဘယ်လိုရှင်သန်ရမလဲဆိုတာ ကြိုးစား​​နေတဲ့အချိန်မှာ...​.စစ်​အေး​ခေတ်က ကျန်ခဲ့ စနစ်တစ်ခုအတွက် ဘယ်အချိန်ထိ​တော်လှန်​နေကြအုမ်းမှာလဲ..သူများနိုင်ငံ​တွေက ကိုယ့် အကျိုးစီးပွားအတွက်ဘဲကြည့်ပြီး ဆုံးဖြတ်​နေချိန်မှာ ကိုယ်​တွေ လူမျိူး​တွေလဲ ဒီနိုင်ငံရဲ့ အကျိုးစီးပွားအတွက်ဘဲ ကြည့်ပြီး အလုပ်လုပ်ကြမယ်ဆိူရင် ပြည်တွင်းပဋိပက္ခ​တွေပြီးမယ့် လမ်းစတစ်ခုကို အ​ဖြေရှာနိုင်မှာပါ...
14.02.202503:35
ကရင်ခေါင်းဆောင်တွေနဲ့ ကျားဖြန့်ကိစ္စ...
ကျားဖြန်နဲ့ ပတ်သတ်ပြီးတော့ ကရင်ခေါင်းဆောင်တွေ သတိကြီးကြီးထားနေတာတွေ့ရတယ်.. ရှမ်းမြောက်သာဓကတွေက မျက်စိရှေ့မှာတက်ဖြစ်ထားတော့ သတိထားရမှာပေါ့..
ဘယ်သူတွေ အမြတ်ထွက်မလဲ?..ဘယ်သူတွေ ကြားညှပ်မလဲ?.. ဘယ်သူတွေဆုံးရှုးမလဲ?..
ကရင်ပြည်နယ်ဆိုတာ စစ်ပွဲတွေသာမရှိရင် အာရှလမ်းမကြီးကနေ တဆင့် ထိုင်း….ပြီးတော့ ထိုင်းကနေ ဆက်စပ်ပြီးတော့ အာဆီယံ ချိတ်ဆက်ပြီး ကုန်သွယ်လိုကောင်းတဲ့ လမ်းကြောင်းကြီးဖြစ်ပါတယ် ..
EUနိုင်ငံတွေက တစ်နိုင်ငံပတ်စပိုနဲ့ နိုင်ငံစုံအောင်visa freeသွားလိုရတယ်. အာဆီယံဆိုတာလဲ ဒုတိယ EUလို နိုင်ငံတွေချိတ်ဆက်ပြီး သွားလိုရအောင် စီစဥ်နေကြပြီ..
ထိုင်းကနေ လာအို အခုတရုတ်၊ ထိုင်းကနေ ဗီယက်နမ်.တဖြည်းဖြည်းချိတ်ဆက်နေပြီ.. အဲ့တော့ ကိုယ်တွေ ကရင်၊ ကယားကအဖွဲတွေ စစ်ပွဲတွေသာမဖြစ်ခဲ့ရင်အခုလောက်ဆို နယ်စပ်ဖြတ်ကျော် ပူးပေါင်းတာတွေနဲ့ မြန်မာပါချိတ်ဆက်လာတော့မှာ..
ကဲ့ အခုစစ်ပွဲတွေထက်ဆိုးတာ လာပြီ..
အခုနမည်ကြီးနေတဲ့ ကျားဖြန်နဲ့ ပတ်သတ်ပြီး ထိုင်းက ဗမက စောချစ်သူကို ဖမ်းဝရမ်းထုတ်မယ်ကြားတော့ စိတ်မကောင်းဘူးပေါ့.. ဒါပြီးရင် ဦးကွယ်ထူးဝင်းတိုလည်း ပါတော့မှာ CIAအခံလေးရှိနေလို လွှတ်နေတာ ဘာလိုဆို ထိုင်းဘက်က အမေရိကန်ပေးတဲ့ ဘက်ဂျက်တွေနဲ့ လုပ်စားရအုမ်းမှာလေ အဲ့တော့ သူလုပ်လို ရတဲ့ နစကလူ ဗမက စောချစ်သူကို ထိုးကျွေးဖိုချောင်းနေတာ ထိုင်းက..ဒီလိုကိစ္စမျိုးဆိုတာ အဲ့နယ်မြေကနေချိတ်ဆက်လိုက် အကုန်ပါတယ် ထိုင်းခေါင်းဆောင်တွေလဲ ပါတယ်..
အဓိက ကြားညှပ်မှာက DKBAဘဲ..အဲ့ဒါကြောင့် အကုန်လိုက်ဖမ်းပေးနေတာ..လွှဲ ပေးနေတာ
ကြားထဲက တရုတ်-ထိုင်း BRIကပါလာတော့ ထိုင်းဝန်ကြီးချုပ်မလေးပြတဲ့ တစ်ကွက်ကြောင့် ကျားဖြန့်က နမည်ပိုကြီးသွားတာ..
နောက်ဆုံး ဘယ်သူကအခံဘက်ကလဲ ..ကိုယ်တွေ မြန်မာနိုင်ငံဘဲပေါ့ အဖက်ဖက်က နိမ့်ကျနေတဲ့ အချိန် ရေနစ်သူ ဝါးကူထိုးဖိုချောင်းနေတဲ့ ထိုင်းး.. အဖေကိုသ-တ်ဖိုချောင်းနေတဲ့ အဇာတသတ် ကရင်ခေါင်းဆောင်တွေနဲ့ ..ကိုယ်တွေ မြန်မာနိုင်ငံတော့ ဘယ်အချိန် မှ ပြန်နလံထူနိုင်ပါအုမ်းမလဲ..
ပြီးတော့ ထိုင်းအစိုးရက မြန်မာကို အကုန်လွဲချတာ..အထူးသဖြင့်...ကရင်လက်နက်ကိုင်တွေအပေါ်...ပုံချတာ...
ကျားဖြန့်နှိမ်နင်းရေးနေလုပ်တာ ကရင်လက်နက်ကိုင်တွေနဲ့ BGF ကြောင့်အခက်အခဲဖြစ်တာပါတဲ့ ..အဲ့တော့ ဗမကစောချစ်သူလောက်ကို မရှင်းခိုင်းဘဲ နစကအစိုးရကိုယ်တိုင်ထွက်ရှင်းသင့်တယ် .ဒါပေမယ့်လည်း...ဗမကစောချစ်သူကလည်း..BGF ကနေ..KNA အဖြစ်..ပြောင်းလဲမယ်လို...အသံထွက်ထားတော့.....နစကအနေနဲ့...စဉ်းစားနေတယ်ထင်တယ်....ဗမကစောချစ်သူ...ဘယ်ဘက်ရွေးမလဲပေါ့.....မီးက ထိုင်းကပေးတာကတော့ ပြောပီးပီ..
လူတွေက ထိုင်းပတ်စပိုနဲ့ လာတာ..ထိုင်းဗီဇာနဲ့လာတာ..
ဖမ်းဝရမ်းက ဘာလို တစ်ဖက်ထဲ..တစ်ယောက်ထဲ ထုတ်တာလဲတို
ပြန်ပြောသင့်တယ်.. ထားပါတော့..
အဲ့တော့ကရင်ခေါင်းဆောင်တွေအနေနဲ့ ဘာဆက်လုပ်မှာလဲ..
သူတိုခေါင်းဆောင်တွေကောင်းစားရေးဘဲ လုပ်နေတော့မှာလား.. ကရင်လူမျိုးကောင်းစားရေး ကရင်ပြည်နယ်ကောင်းစားရေး မလုပ်တော့ဘူးလား ကရင်ပြည်နယ်ကြီး ကနေ့ အာဆီယံကို ချိတ်ဆက်ပြီး ကုန်သွယ်တာတွေ မလုပ်ချင်ကြတော့ဘူးလား..
ဘယ်ချိန်ထိ ကရင်လူမျိုးတွေကို ထိုင်းရဲ့ အောက်ခြေလုပ်သားတွေ(ထွန်းကြိုင်)အဖြစ်ပိုပေး နေကြအုမ်းမှာလဲ..ကရင်နဲ့ ဗမာစစ်ဖြစ်တာ ကရင်လည်းေ-သ .ဗမာလည်းကျေ.. ဒီအတိုင်းဆက်သွားနေရင် ကရင်တို့ မပေါ့ရော့ကြနဲ့ လူမျိုးပါပျောက်လိမ့်မယ်…
#ခေတ်သစ်ယောမင်းကြီး
#BurmeseVersion #analysenews
စာတွေ နေ့တိုင်ဖတ်ချင်ရင် ဒီလင့်လေးရှိတယ်နော်>> https://t.me/Burmeseversion
16.02.202503:22
အာဂျင်တီးနားက မြန်မာကို တရားစွဲတဲ့ ကိစ္စ...
==============================
💥ပထမဆုံး​ပြောချင်တာက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုး လုံးဝမရှိပါဘူး..
မြန်မာတိုင်းရင်းသား ၁၃၅မျိုးမှာလည်း ရိုဟင်ဂျာလူမျိုးဆိုတာ မပါပါဘူး ခုနိုင်ငံ​ရေးမ​ကောင်းမှ ရိုဟင်ဂျာလူမျိုးက မြန်မာနိုင်ငံမှာ ရှိသ​ယောင်​ယောင် ပုံ​ပေါ်ဖို့မကြိုးစားပါနဲ့..
ဘင်္ဂလား​ဒေ့ရှိက ​ရွေ့​ပြောင်းလာတဲ့ ဘင်္ဂါလီ​တွေပါ..
ဖြစ်စဥ်က ဘင်္ဂါလီ ​တွေက မြန်မာအစိုးရရဲ့ တရားဝင်အဖွဲအစည်း​​တွေရဲ့ ရဲစခန်း​တွေကို ဝိုင်းတာ..အဲ့တာ​နဲ့ ​နောက်ဆက်တွဲ​တွေ ဖြစ်​ရော..
ဒီအ​ကြောင်းအရာနဲ့ ပတ်သတ်ပြီး​တော့ မြန်မာနိုင်ငံက ဘာ​​တွေ ဆိုးကြိုးရှိနိုင်မလဲ​ပေါ့..
အို​ကေ .ကျွန်​တော်တို့က.မြန်မာနိုင်ငံမှာ အခုထိ အဖွဲ့အစည်းနဲ့ individualကို ​ကောင်း​ကောင်းမခွဲခြားနိုင်​သေးဘူး.
Individualကို တစ်ခုခုလုပ်ချင်​ဇောကပ်ပြီး အင်စတီကျု တစ်ခုလုံး သိက္ခာကျတဲ့ အဖြစ်မျိုးထိ ဆွဲ​ခေါ်သွားတယ်..
အာဂျင်တီးနားလို နိုင်ငံအဆင့်က ဘာမှ​ထွေ​ထွေထူးထူးလုပ်လို့မရ​ပေမယ့် သူ့နိုင်ငံက​နေတဆင့် နိုင်ငံတကာ အဖွဲ့အစည်း​တွေဆီ ပို့မယ်ဆို​တော့ မြန်မာနိုင်ငံကို ကမ္ဘာ့အဆင့်သိက္ခာချပွဲကြီး လုပ်သလို​တောင်ဖြစ်တာ​ပေါ့...
ဆိုးတာက ဒီနိုင်ငံ သိက္ခာကျ​အောင်လုပ်ဖို့က ဒီနိုင်ငံသား​တွေကဘဲ ဦး​ဆောင်​နေတာဘဲ. ​
နောက်တချက်က နိုင်ငံတကာက လူ​တွေအမြင်.. ဒီနိုင်ငံကို ဘယ်လိုမြင်ကြလဲ..
စာ​ရေးသူနိုင်ငံခြားခရီး​တွေသွား​တော့ တက္ကစီငှားစီး​တော့.
ကားဆရာက မူစလင်.. ဘာ​မေးလဲဆို​​တော့ ဘယ်နိုင်ငံကလဲတဲ့ .. မြန်မာကလို့ ပြန်​ဖြေလိုက်တယ်.. ဘာလို ဘင်္ဂါလီ​တွေကို သတ်တာလဲတဲ့..အဲ့ဒါ နိုင်ငံရဲ့ ပုံရိပ်ဘဲ..မြန်မာဆိုတာနဲ့ ဒီလိုပါလားဆိုတဲ့ အမြင်ဖြစ်သွားတာ..ဒီပြသနာက နိုင်ငံတကာထွက်ဖူးတဲ့ သူတိုင်းသိကြမှာပါ....အဲ့ဒါဟာ ဆိုးကျိုးဘဲ..
နောက်ပိုင်း နိုင်ငံပြန်လည်းငြိမ်းချမ်းခဲ့ရင်​တောင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု​တွေ..နိုင်ငံတကာဆက်ဆံ​ရေးနယ်ပယ်​တွေမှာ စကား​ပြောလာလိမ့်မယ်.. (သူခိုးနဲ့​ပေါင်းပြီး သူခိုးအထင်မခံနိုင်ဘူးတို့)..ကြုံလာမှာပါ..
အဲ့ကျမှ ဟိုလူ့ကို လက်ညှိုးထိုး ..ဒီလူလိုလက်ညှိုးထိုးလုပ်ြြအုမ်းမယ်..
​ပြောချင်တာက ဒီလို ဆိုကျိုးမျိုးက အဖွဲ့အစည်းတစ်ခုထဲ ထိတာမဟုတ်ဘဲ မြန်မာနိုင်ငံသား အကုန်လုံး သိက္ခာကျတာဘဲ.ပြီး​တော့ နိုင်ငံက မီဒီယာအားနည်းခဲ့​တော့ .ဘာ​ကြောင့်ဆိုတဲ့ အ​ကြောင်းအရင်းက ဖုံးကွယ်သွားပြီး သူတို့လိုချင်တဲ့ view point ကို ချပြ ပုံကြီးချဲ့ပြီး​တော့ ဒီလိုအ​ခြေအ​နေထိ ဆွဲ​ခေါ်သွားတာဘဲ ...​​
ပြီး​တော့ အစိုးရအ​နေနဲ့ က ဒီကိစ္စက ဒီမှာတင်ပြီးမှာမဟုတ်ဘဲ ICCက ထရမ့်ကြိမ်းထားလို့ ​အာဂျင်တီးနားကို ရှေ့​ပြေး​လေးအ​နေနဲ့ လာတာ ဖြစ်နိုင်တယ်.. ICCအတွက်ပါကြိုတင်အ​ဖြေရှာထားသင့်တယ်..
​နောက်ဆုံး​ပြောချင်တာက ဒီနိုင်ငံ မြန်မာနိုင်ငံ သိက္ခာချဖို့ကြိုးစားတဲ့ ဘယ်အဖွဲ့အစည်းမဆို နိုင်ငံ့သစ္စာ​ဖောက်အဖြစ် သတ်မှတ်​ပြီး​တော့ .မြန်မာလူမျိုး​တွေအကုန်လုံးက ရှုံ့ချသင့်တယ် .. ဒီနိုင်ငံရဲ့အကျိုးစီးပွားကို​ကျော်ပြီး​တော့ တခြားနိုင်ငံရဲ့ အဖွဲ့အစည်းအတွက် လုပ်​နေတဲ့ အဖွဲအစည်း​တွေကိူ မြန်မာနိုင်ငံသားတစ်​ယောက်​အ​နေနဲ့လည်း လုံးဝ လက်ခံနိုင်စရာမရှိသလို့ အမုန်းတရားကို ​ရှေ့တန်းတင်ပြီး ကိုယ့်နိုင်ငံသိက္ခာကျမယ့်အ​ရေးကိုလျစ်လျူရှုလိုက်ရင်​တော့ ဒီနိုင်ငံသားဆိုတဲ့တာဝန် ဘယ်​ကျေတော့မလဲဗျာ..​ပျော်​နေတဲ့လူ​တွေ ဆက်ူာ​ပျော်ကြပါ...
#BurmeseVersion
https://t.me/Burmeseversion
19.02.202506:00
ယူကရိန်းပြည်သူတွေရဲ့ နောင်တ…

💥
ရုပ်ရှင်မင်းသားဘဝကနေ နိုင်ငံအကြောင်းဘာမှ မသိဘဲ.. သမ္မတတက်လုပ်တော့ အကျိုးဆက်က ဒါပါဘဲ…ကိုယ်ရန်သူအကြောင်းမသိ.. မိတ်ဆွေအကြောင်းမသိ.. ပထဝီနိုင်ငံရေးအကြောင်းမသိဘဲ မြှောက်ပေးတိုင်းလုပ်တော့ အခုလိုအခြေအနေတွေ ဖြစ်လာရော…
အဲ့လိုလူကို သူ့ပြည်သူတွေကဘဲ တင်မြှောက်ခဲ့ကြတာလေ…
မနေ့က ရုရှား-အ​မေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေက သမ္မတတွေ မတိုင်ခင် အကြိုဆွေးနွေးကြတယ်.. ရုရှားက ယူကရိန်း ထဲကို ဘယ်နိုင်ငံခြားသားတပ်မှ ခြေချခွင့် မပေးနိုင်ဘူးလို့ အတိအလင်းကြေညာတယ်…​ဘာလို့ဆို နေတိုးက ဝင်ချင်​နေပီ..အကယ်၍ စစ်ပြီးရင် နယ်မြေပြန်လည်ထူထောင်ရေးလိုလို..ငြိမ်းချမ်းရေးစစ်သားလိုလိုတွေ ထပ်လာမှာစိုးလို့​နေမှာ​ပေါ့..
ဒီဆွေးနွေးပွဲက ကာယကံရှင် ယူကရိန်းမပါဘဲ လုပ်တော့ တရားမျှမှုရှိရဲ့လားဆိုတဲ့ မေးခွန်းတွေရှိလာတော့…ပြန်ထောက်တယ်.. ရုပ်ရှင်မင်းသားဟာ သူရဲ့သမ္မတသက်တမ်းက ဒိတ်လွန်နေပြီလေ..သမ္မတသက်တမ်းလွန်နေတဲ့ သူနဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးရင် Legitamacy ဖြစ်ပါ့မလားတဲ့…
ယူကရိန်းစစ်ပွဲ အပြီးသတ်ဖို့ ပထမဆုံး အမေရိကန်-ရုရှား သဘောတူခဲ့ကြတဲ့ ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုကို ချပြခဲ့တယ်..အဲ့တာက
၁) ceasefire
၂) ရုပ်ရှင်မင်းသားလုပ်မှာကြောက်နေတဲ့ ရွေးကောက်ပွဲနဲ့
၃) ရွေးကောက်ခံသမ္မတသစ်နဲ့ စစ်ရပ်စဲရေးလက်မှတ်ထိုးမယ်..
ပြီးရင် အမေရိကန်က ယူကရိန်စစ်ပြီတာနဲ့တပြိုင်နက် ရုရှားကို အနောက်နိုင်ငံတွေက ချထားတဲ့ ဆန်၇ှင်တွေ ရုပ်ပေးပေးရမယ် အနောက်အုပ်စုကို ပြောခဲ့တယ်....
အရင်က အမေရိကန်နဲ့အနောက်အုပ်စုက ရုပ်ရှင်မင်းသားကို ယူကရိန်းသမ္မတလုပ်ခိုင်းပြီး ရုရှားကို ကိုင်တွယ်နိုင်မယ်ထင်ခဲ့တာ.. ပူတင်က ခလေးမဟုတ်တော့.. ခံရတာပေါ့..
ကြားထဲက အမြတ်ထွက်ကြမှာကတော့ အမေရိကန်နဲ့ ရု၇ှားပါဘဲ..အနည်းဆုံးတော့ နှစ်နိုင်ငံလုံးက စစ်စတင်ခဲ့ချိန်က ရပ်ခဲ့ကြတဲ့ ဆက်ဆံရေးကို ပြန်လည်စတင်နိုင်ခဲ့တာပါဘဲ..
လက်ရှိ ယူကရိန်းသမ္မတ ဇာလန်းစကီးဟာ အပေါ်မှာ ကျွန်တော်ပြောခဲ့သလို့ နိုင်ငံအကြောင်း ဘာမှမသိဘဲ ကြိုးစွဲရာ ကခဲ့တာကနေ အခု နိုင်ငံ စစ်တလင်းဖြစ်ခဲ့ရပြီးပြီ..ပြည်သူတွေ ဒုက္ခရောက်ခဲ့ရတာကို လက်တွေ့မြင်ရပြီးတော့ ကျွန်တော်တို့ နိုင်ငံသားတွေလည်း သာဓကအနေနဲ့ အတုယူဆင်ခြင်နိုင်ကြမှာပါ.. ယူကရိန်းနိုင်ငံသားတွေက လည်း နောက်တခါရွေးကောက်ပွဲဖြစ်ခဲ့ရင် နိုက်ငံအ​ကြောင်းဘာမှမသိတဲ့ ရုပ်ရှင်မင်းသားလို သမ္မတမျိုး ထပ်ရွေးဖို့ကို စဉ်းစားကြရတော့မှာပါ..
​ခေတ်သစ်​ယောမင်းကြီး
#BurmeseVersion
#ယူကရိန်း#ရုရှား#အ​မေရိကန်
#BurmeseVersion
12.02.202503:15
ထရမ့်က သမ္မတအဖြစ် စတက်လာကထဲက က​နေဒါကို အ​မေရိကန်ရဲ့ ၅၁ပြည်နယ်​မြောက် ပြည်နယ်အဖြစ်သိမ်းယူမယ်လို့ ကြုံးဝါးခဲ့ပြီး​တော့ အခုသမ္မတသက်တမ်း ၃ပတ်​လောက်မှာ​တော့ သူစကား​တွေက စ​နောက်​နေတာမဟုတ်ဘူးတဲ့ ..
အ​မေရိကန်နဲ့ က​နေဒါဆိုတာ မဟာမိတ်​တွေ ​နေတိုးအဖွဲ့ဝင်​တွေ.. အရင်အဆက်တုန်းက တရုတ် Haweiရဲ့လူကိုပါ ဖမ်း​ပေးခဲ့တာ..
ထရမ့်မတက်ခင်တုန်းက နိုင်ငံတကာသုံးသပ်သူ​တွေက ထရမ့်သာ သမ္မတဖြစ်လာရင် အရင်အဆက်က ရန်​ကြွေးရှိတဲ့ တရုတ်တို့...အီရန်တို့​တော့ ​နေစရာ​နေရာမရှိဘူးဆိုပြီးသုံးသပ်ခဲ့ကြရာက​နေ ခုတကယ်လည်းဖြစ်​ရော
အခု အိမ်နီးချင်း​တွေဖြစ်တဲ့ က​နေဒါနဲ့ မက္ကဆီကိုအပြက် ​ဒေသတွင်းက ပနားမားတို့ကို အရင်ကိုင်တွယ်​နေတာ​တွေ့ရပါတယ်..
ဘာလို့ အခုလို​တွေ လုပ်​နေတာလဲ???
ထရမ့်က MAGAကို​လေး​ပေးတဲ့ ​နေရာမှာ စီပွား​​ရေးနဲ့ ယှဥ်ထိုးပြီးတွက်ချက်တယ်..
ပြီးရင် မဟာဗျူဟာ​တွေကို ယှဥ်ထိုးပြီးတွက်ချက်တယ်..
လက်ရှိ ကမ္ဘာရဲ့ မဟာဗျူဟာ ကုန်ပစ္စည်း​တွေဖြစ်တဲ့ rare earthတို့ သံမဏိတို့ကို ကိုင်ပြီး​တော့ MAGAကို ပြန်တည်​ဆောက်ချင်​နေပုံရတယ်..
တစ်ခု​ပြောပြမယ်.ပါဝါနိုင်ငံကြီး​တွေတိုင်းမှာ မဟာဗျူဟာထွက်​ပေါက်​​တွေရှိတယ် ..ရုရှားဆို ​ရေနံအပြင် ခုဆို ယူကရိန်းဆီက သိမ်းထားတဲ့ နယ်​မြေဆီက rare earth​တွေ.. တရုတ်ဆို တခြားမကြည့်နဲ့အုမ်း..
ဘာလို့ဆို တရုတ်က rare earth ၉၅ရာခိုင်နှုန်း​လောက်ကို ကိုင်ထားတာ..
ခု​နောက်ပိုင်းက နည်းပညာ​တွေ ​ခေတ်မီလက်နက်​တွေ အပြိုင်အဆိုင်တီထွင်​နေကြ​တော့ အ​ခြေခံလိုအပ်ချက်ဖြစ်တဲ့ သံမဏိနဲ့ rare earthsက မဟာဗျူဟာ ပစ္စည်း​တွေ ဖြစ်လာ​တော့ အ​မေရိကန်က အဲ့ဒါ​တွေကြွယ်ဝတဲ့ က​နေဒါကိုသိမ်းမယ်..
ဂရင်းလန်းကိုသိမ်းမယ် ဖြစ်လာ​ရော..
က​နေဒါဆိုတာ ဘာတွင်းထွက်​တွေ ထွက်လဲဆို ပိုစိတ်ဝင်းစားဖို့​ကောင်းသွားပီ.. က​နေဒါမှာ ​​စော​စောက​ပြောတဲ့ rare earth နဲ့ သံမဏိအပြင် ဒီဘက်​ခေတ်ရဲ့ အလိုအပ်ဆုံးတွင်းထွက် ယူ​ရေနီယမ်ပါ ထွက်တာ .. ယူ​ရေနီယမ်ကို နည်းနည်းထွက်တာမဟုတ်ဘူး​နော် ကမ္ဘာ့ယူ​ရေနီယမ်အထွက်ဆုံး နိုင်ငံ​တွေ ထဲက တစ်ခု..
အဲ့​လောက်ဆို ထရမ့်ဘာလို့ က​နေဒါကိုသိမ်းချင်လဲ ​ပေါက်​လောက်ပါပြီ.. ထရမ့်​ပြောတဲ့ က​နေဒါဆီမှာ တစ်နှစ်ကိူ ဘီလီယံ ၂၀၀ ဆုံးရှုံး​နေရပါတယ်တို့ အဲ့ဒါ​တွေက ​နောက်မှ..

ထရမ့်နဲ့ အရင်အစိုးရဘိုင်ဒင်နဲ့ က နိုင်ငံ​ရေး​နောက်ခံမတူဘူး
ဘိုင်ဒင်က သံခင်းတမန်ခင်းနဲ့ သွားတယ် နိုင်ငံ​ရေးကို ဦးစား​ပေးတယ်  ပါဝါအ​ပျော့ဘက်သွားတယ်
ထရမ့်က​တော့ ြခိမ်း​ခြောက်တယ်လို့​ပြောလို့ရမလားမာဖီးယားဆန်တယ် သူတို့ကို ​ကောင်းတဲ့သူဘဲ​ကောင်းမယ်..
ပါဝါအမာဘက်ကိုသွားတယ် ဘာနဲ့ ခြိမ်း​ခြောက်လဲဆိုရင် သူကျွမ်းကျင်တဲ့ စီးပွား​ရေးနဲ့​ပေါ့ အဲ့​တော့ မတူဘူး​ပေါ့
ထရမ့်က စည်းကျပ်ခွန်​တွေ ချတာဘဲကြည့် .. စီးပွား​ရေးနဲ့ ပတ်သတ်ပြီး သိပ်မကြာခင်မှာ အ​ရွေ့တစ်ခု ဖြစ်လာလိမ့်မယ်..
ကို​ယ်​တွေ မြန်မာနိုင်ငံလိုမျိုးနိုင်ငံ​ရေး​လောကထဲကို ​နောက်​ဖေး​ပေါက်ကဝင်ပြီး နိုင်ငံ​ရေးဝင်လုပ်​နေကြတာမဟုတ်​တော့ နိုင်ငံအတွက် ဘယ်အချိန်မှာ မဟာဗျူ​ဟာ နည်းဗျူဟာ​တွေချမှတ်ရမယ်..သတိထားရမယ်ဆိုတာ သိကြတယ်..
​နောက်ဆုံး​ပြောချင်တာက သူများနိုင်ငံ​တွေက ကိုယ့်နိုင်ငံ​ကောင်းကျိုးအတွက်ဘဲ ကိုယ်လုပ် ကိုယ့်အကျိုးစီးပွားအတွက်ဘဲ ကိုယ်လုပ်​နေတဲ့အချိန်မှာ ....
ကိုယ်​တွေနိုင်ငံမှာ​တော့ ဘယ်နိုင်ငံ ဘယ်စနစ်​ကောင်းစားဖို့ အသက်​တွေ ​ပေး​နေကြမှာလဲ..နိုင်ငံအကျိုးစီးပွားကို ​ရှေးရှူဖို့ကို  ဘယ်အချိန်မှ ကြိုးစားကြမှာလဲ...​ပေါ့ ​နောက်ပြီး ဘယ်အစိုးရအထိ နိုင်ငံအကျိုးစီးပွားအတွက်မလုပ်ရဘဲ ဒီပြည်တွင်း​တွေထဲမှာ လုံးလည်ချာလည်လိုက်​နေရအုမ်းမှာလဲ....
ဒီ​လောက်ပါဘဲ...
#ခ​လေးအ​တွေး
#burmese_Version
11.02.202507:11
ပြည်တွင်းရေးအကြောင်း တွေးမိတာလေး.. လက်ရှိ MSMEဆိုတာဘာလဲ..
လက်ရှိနိုင်ငံရဲ့ စီးပွားရေးကို မြင့်တင်ပေးနိုင်မယ့် သောချက်ဆိုရင်လည်း မမှားဘူး.
MSME လူတိုင်းက စက်မှုလုပ်ငန်းကိုဘဲ ပြေးမြင်ကြတယ် တကယ်က အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းတွေကို ပြောတာပါ စက်မှုရော လက်မှုရော ပါတယ်….
ကိုယ်တွေနိုင်ငံမှာတောင် ကိုယ်ကိုတိုင် MSME လုပ်ငန်းရှင်မှန်း မသိတဲ့သူတွေ တော်တော်များတယ်..အဲ့လိုမသိတော့ ဘာဖြစ်လဲဆိုတော့ အဲ့လုပ်ငန်းတွေအတွက် “ အထောက်အပံ့တွေ ချေးငွေတွေ” အဲ့ဒီ အခွင့်အလမ်းတွေ အများကြီးဆုံးရှုံးသွားတယ်
ကျွန်တော်သိသလောက်လေး ပြောပြရရင်..
MSMEမှာ အသေးစားဆိုတာက ရင်းနှီးမြုပ်နှံမှု သိန်း ၅၀၀၀ဆို အလတ်စား သိန်း ၅၀၀၀နဲ့ ၁၀၀၀၀ကြားဆို အကြီးစား သိန်း၁၀၀၀၀အထက်ဆို အကြီးစားဆိုပြီး ရှိတယ်
MSMEမှာဘာတွေပါလဲဆိုရင် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ လုပ်သားအခြေပြု ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ အခုခေတ်စားနေတဲ့ လက္ကားရောင်းဝယ်ရေးတွေ၊ လက်လီရောင်းဝယ်ရေးတွေ.ပြီးတော့
ဝန်ဆောင်မှုလုပ်ငန်းတွေ…ပါတယ်.. အထူးသဖြင့် အပေါ်မှာပြောထားတဲ့ ငွေကြေးအတိုင်း တရားဝင်ရင်းနှီးမြုပ်နှံမှုတွေ ပါတယ်…
ဒီထဲမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းဆိုရင် ကျွန်တော်တို့ တစ်ပိုင်တစ်နိုင် ထုတ်လုပ်တဲ့ လုပ်ငန်းတွေအကုန်ပါတယ်..
ဘာလို့မြန်မာနိုင်ငံ စီးပွားရေးကို ထွက်ပေါက်လို့ဘာလို့ ပြောလဲဆိုတော နိုင်ငံရဲ့ ၉၀ရာခိုင်နှုန်း လောက်က အသေးစား လုပ်ငန်းတွေဘဲ ဖြစ်နေကြတာ အချို့ဆ်ို ၅၀ ပတ်ချာလည် ၁၀၀ ပတ်ချာလည်ဘဲ..
ဒါပေမယ့် အာရှရဲ့ စီးပွားရေးတစ်ခုလုံးရဲ့ ၉၆ရာခိုင်နှုန်းလွှမ်းမိုးထားတာ SMEဘဲ
အင်ဒိုမှာဆို SME လုပ်ငန်းရှင်ပေါင်း ၆၂သန်းလောက်ထိရှ်ိပြီးတော့ လက်ရှိအင်ဒိုရဲ့ စီးပွားရေးအင်အားကို ကြည့်ရင်သိနိုင်ပါတယ်.. ထိုင်းမှာဆိုရင် SME လုပ်ငန်းကို တော်တော်အားပေးတဲ့ နိုင်ငံလို့ ပြောရမယ် SME လုက်ငန်းပေါင်းက ၃သန်းကျော်လောက်၇ှိတယ်လို့ အဲ့တော့ သူတို့နိုင်ငံရဲ့ GDPအ၇ဆိုရင် တစ်နိုင်ငံလုံးရဲ့ GDP ရဲ့ ၃၅ ရာခိုင်နှုန်းလောက်က SME ကပေးတာ.
ထိုင်းနိုင်ငံအကြောင်းလေးပြောပြမယ်.. ထိုင်းနိုင်ငံမှာ အဓိကစီးပွားရေလည်ပတ်နေတာ စိုက်ပျိုးရေးလုပ်ငန်း. ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တာတယ်..
အဲ့လုပ်ငန်းတွေကို အခြေခံပြီးတော့ဘဲ SME လုပ်ငန်းတွေလုပ်တာ..
ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ထိုင်းနိုင်ငံလို ကုန်ထုတ်လုပ်နိုင်မယ့် ရေမြေနောက်ခံ ပေါပါတယ်..
ဘာမပေါဘူးလည်းဆိုတော့ ပြည်တွင်းဖြစ်ပစ္စည်းတွေကို အားပေးတဲ့ လူတန်းစားမပေါဘူး..
ပြည်တွင်းစားသုံးသူနည်းတော့ လုပ်ငန်းလုပ်တဲ့ လူတွေကရဲရဲမလုပ်ရဲတော့ဘူး…
လက်ရှိမြန်မာပြည်မှာ ဖြစ်နေတဲ့ ကုန်ဈေးနှုန်းကြီးတာက ပြည်ပသွင်းကုန်တွေကို အများကြီး မှီခိုနေရလို့..
အဲ့တော့ ပြည်ပသွင်းကုန်ကို လျော့ချနိုင်ဖို့ ကျွန်တော်တို့ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ကျွန်တော်နိုင်ငံမှာဘဲ MSMEလို စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ထုတ်ပြီးတော့ ကျွန်တောတို့တွေအားပေးရင် ကုန်ဈေးနှုန်းကြီးတာလည်း လျော့ချနိုင်မယ်..
ပြီးရင် လက်ရှိ ပြည်တွင်ထုတ်တာက အရည်အသွေးက စကားပြောပေမယ့် တဖြည်းဖြည်း နည်းပညာမြင့်လာရင် ပြည်တွင်းမှာလည်းသုံး ပြည်ပကိုလည်း တင်ပို့ပြီး နိုင်ငံဝင်ငွေပါ ရလာမှာပေါ့..
အဲ့တော့ အစိုးရအပိုင်း.နည်းနည်းပြော်ချင်တယ်/. ပြည်သူတွေ MSME လုပ်ငန်းတွေ လုပ်ချင်လာအောငဘယ်လို ဆွဲဆောင်မလဲ .. အခုက လုပ်ပြီးသားလူတွေဘဲ လုပ်နေကြတာ အသစ်ကိုသိပ်မတွေ့ရဘူး..
အဲ့တော့ အဓိကက ချေးငွေအပိုင်းပြီးရင် အခွန်အပိုင်း.. အဲ့နှစ်ပိုင်းကို ရှင်းရှင်းလင်းလင်း သိကြရင်တောင် လုပ်ကြမယ်ထင်တယ်..အခွန်ကို ရင်းနှီးမြုပ်နှံမှု ဘယ်လောက်မှာ? အမြတ်များလေ ပိုကင်းလွတ်ခွင့်ပေးလေ ဘယ်အတိုင်းအတာကြားဆိုဘယ်လောက် ဆိုပြီး တော့ပေါ့…
ဒီနိုင်ငံမှာ MSMEလို စီးပွားျရေးလုပ်ဖို့ ရေခံ မြေခံ ဒီလောက်ကောင်းတာ
အခုထ ထန်းညှပ်ခဲထဲကို စပျစ်သီးခြောက်တို့.. သစ်ကြားစေ့တို့ ထည့်ဖို့ ဘယ်သူမှ မစဉ်းစားးသေးဘူးး..
ပြောသာပြောရတာ လက်တွေ့မှာအောင်မြင်အောင် လုပ်ဖို့ တော်တော်ခက်ပါတယ်..
မြန်မာနိုင်ငံမှာ အခု MSMEလုပ်ငန်းကို ပြပွဲတွေအနေနဲ့ လုပ်နေတာ တွေရတော့ MSMEသာ တကယ်အောင်မြင်ရင် မြန်မာနိုင်ငံရဲ့ စီပွားရေးတိုးတက်ဖို့ ရေသောက်မြစ်ဖြစ်နိုင်တယ်ထင်လို့ တွေးမိလို့ပါ..
11.02.202504:15
အီလွန်မက်စ်ရဲ့ DOGEက ဘာတွေလုပ်နေလဲ..ဘယ်လိုအဖွဲ့အစည်းလဲ..
DOGE အကြောင်းပြောရရင် ထရမ့်နဲ့ အီလွန်မက်ရဲ့ ဆက်ဆံရေးကနေစရမှာဘဲ..
ထရမ့် ပထမရွေးကောက်ပွဲနိုင်တုန်းက အီလွန်မက်က လုံးဝမထောက်ခံဘူး…ဒီမိုကရက်ဘက်ကဘဲ မဲပေးခဲ့တာ.. ထရမ့်ကိုတောင်အမေရိကန်အတွက် right person မဟုတ်ဘူး လို့တောင် ပြောခဲ့တာ …
အဲ့နောက်ပိုင်း အီလွန်မက်ရဲ့သားက လိ-င်-ေ-ပြာ-င်-းလိုက်တာကနေစပြီးတော့ ဒီမိုအ-စွ-န်း-ရောက်တွေမကောင်းဘူး၊ အမျိုးသားရေးတွေပျောက်ဆုံးတော့မယ်တွေ ဖြစ်ပြီးတော့ ဒီတခေါက်ရွေးကောက်ပွဲမှာ အမေရိကန် မဘသ ထရမ့်ကို ပုံအောခဲ့တာ…
ဒီတစ်ခေါက် ထရမ့်က လိ-င်-ပြော---င်းတာနဲ့ပတ်သတ်ပြီးတော့ မဖြစ်သင့်ဘူးဆိုပြီး ဝင်ပြိုင်လာတာကိုးးး…
အဲ့တော့ DOGE ကဘာလဲပေါ့..
အစိုးရစွမ်းဆောင်ရည်မြင့်တင်ရေးဌာန(DOGE) လို့ခေါ်တဲ့ အဲ့အဖွဲ့ကို ထရမ့်က သမ္မတဖြစ်ဖြစ်ချင်းမှာ စဖွဲ့ခဲ့ပြီးတော့ အီလွန်မက်စ်ကို ဉီးဆောင်ခိုင်းခဲ့တယ်….
ထရမ့်က သူအရင်သမ္မတအဆက်မှာခံခဲ့ရတာကို ကောင်းကောင်းသင်ခန်းစာယူးထားတယ်.. အရင်အဆက်မှာ ထရမ့်ကို ဒီမိုကရက်တွေက ပြည်တွင်းရေးကော၊ ပြည်ပရေးမှာပါ နှိပ်ကွက်တာ..
အမျိုးမျိုးပညာပြခံရတာ,,ဘာလို့ဆို အဲ့အချိန်က အစိုးရအဖွဲ့ထဲမှာ ဒီမိုကရက်တွေကြီးစိုးနေခဲ့တတာကို မဲကလည်း လွှတ်တော်နှစ်ခုလုံး မနိုင်တော့ ပိုစိုးတာပေါ့..
အဲ့တော့အခုအဆက် သူသမ္မတလဲဖြစ်ရော ပြည်တွင်းရေးက အစိုးရအဖွဲ့တွေထဲက ဘက်တော်သားလဲလှယ်တာလုပ်ဖို့ DOGEအဖွဲ့ကို ကောက်ဖွဲ့လိုက်ပြီးတော့ ဘယ်သူမှ ပြန်မလှန်ရဲအောင် အီလွန်မက်ကို ဉီးစီးခိုင်းခဲ့တာ (အီလွန်မက်ဆိုတာဘယ်လိုလူမျိုးလဲသိမယ်ထင်တယ်)
အဲ့တော့ အီလွန်မက်ကို ဘယ်လောက်ထိလုပ်ပိုင်ခွင့်ပေးခဲ့လဲ..အခုအခြေအနေတွေပဲကြည့်..
အီလွန်မက်ဉီးစီးတဲ့ DOGE အဖွဲ့ကအရာရှိတွေကို “ အမေရိကန်အစိုးရအဖွဲ့ ဘဏ္ဍရေးဌာနတစ်ခုလုံးရဲ့ အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုစစ်ဆေးခွင့် ” ပေးလိုက်တာ..
ဝန်ကြီးဌာနတွေရဲ့ ဘက်ဂျက်တွေများတဲ့ အမေရိကန်လိုနိုင်ငံမှာ ဘဏ္ဍရေးဌာနတွေကို ဝင်စစ်ခွင့်က ဘယ်လောက် riskများတဲ့ အလုပ်လဲ စဉ်းစားကြည့်တော့
အဲ့တော့ခေတ်အဆက်ဆက် ဒီမိုကရက်တွေ projects ဘန်းပြပြီး ငွေကြေးအလွဲသုံးစားလုပ်ခဲ့ကြတာတွေ အကုန်ပေါ်တာပေါ့.. (အမေရိကန်မှာ ချမ်းသာတဲ့အထက်တန်းလွှာတွေကြီးဘဲ CIAတို့ လိုတကယ့်အဖွဲ့အစည်းကြီးတွေကို ကြီးစိုးထားတာ)..
ပြီးတော့ ဒီမိုကရက်ကြီးစိုးတဲ့ အဖွဲ့အစည်းတွေကို ထရမ့်က သူ့လူ ခေါင်းဆောင်တွေချိန်းတယ်..အဖွဲ့ချင်းဆီ မြေလှန်တယ်.
သူနဲ့တကယ်အလုပ်လုပ်မယ့် အဖွဲ့အစည်းတွေဘဲ လက်ခံပြီးတော့ ရေပေါ်စီအဖွဲ့၊ နိုင်ငံပိုက်ဆံအလကားထိုင်ယူနေတဲ့ အဖွဲ့တွေ၊ ပရောဂျက်ပြစားနေတဲ့အဖွဲ့တွေ အကုန်လစ်…
DOGEက ဘာတွေ လုပ်၊ ဘာတွေ ပိတ်ခဲ့ပြီးပြီလဲဆိုတာ ရှေ့အပုဒ်တွေမှာ ရေးပြထားပါတယ်..
DOGEဘယ်လောက်အလုပ်လုပ်လဲဆိုရင် ဆန္ဒပြတဲ့လူအုပ်ကိုဘဲကြည့်၊ ဆန္ဒပြတဲ့ထဲမှာ အမေရိကန်လူမျိုးစစ်စစ်တွေ ဘယ်နှစ်ယောက်ပါလဲလို့ကြည့်ကြည့်..
အကုန်လုံးက မြန်မာပြည်လိုဘဲ မြှောက်ပေးလို့ ဆန္ဒပြကြတဲ့ ပုံစံတွေ.. တခြားနိုင်ငံအလံတွေထောင်ပြီး ပြကြတာ..
အမေရိကန်ပြည်သူတွေကလည် သိနေပီလေ...ထရမ့်က နိုင်ငံအတွက် တကယ်အလုပ်လုပ်တဲ့သူဆိုတာ.
အဲ့တော့ တကယ့် အမေရိကန်ပြည်သူစစ်စစ်တွေက ဆန္ဒထွက်မပြဘူး..ထရမ့်ရော.. အီလွန်မက်ရဲ့ DOGE လုပ်ဆောင်တာတွေကို လက်ခံတာပေါ့..
မြန်မာပြည်မှာလည်း DOGE လိုအဖွဲ့တွေလိုလားဆိုတော့.. လိုတာပေါ့..
“ ပိုက်ဆံပေးရင်ရပါတယ် ”ဆိုတဲ့ ဒီလိုနိုင်ငံမှာ အကျင့်ပျက်ချစားမှုတွေ မရှိတော့ရင်ကောင်းမှာပေါ့..ဒါပေမယ့်…
လက်တွေ့ကျကျတွေးရရင် လက်ရှိအစိုးရကလည်း အီလွန်မက်လိုနောက်ခံမရှိဘူးလေ.
ဘယ်ဘီလီယံမှလည်း ကိုယ်ကျိုးမကြည့်ဘဲ နိုင်ငံအတွက် ပေးဆပ်ချင်တဲ့သူမှ ဒီနိုင်ငံမှာ မရှိတာ
အစိုးရကချမှတ်တဲ့ မူဝါဒတွေ ကောင်းနေရင်တောင် အဲ့မူဝါဒကို လိုက်လုပ်နိုင်မယ့် သူကနည်းသေးတယ်..
ဘယ်သူကိုမှမဝေဖန်ချင်ပါဘူးဗျာ.. ဒီနိုင်ငံ ဒီနိုင်ငံရေးရေချိန်နဲ့တော့ ဒီလောက်ဘဲ ရနိုင်အုမ်းမှာပေါ့..
နောင်တချိန် ဆင်ခြင်တုံတရားမြင့်တဲ့ CRITICAL THINKING ကောင်းတဲ့ မြန်မာလူမျိုးလူတော်တွေပေါ်လာရင်တော့ DOGEလို အဖွဲ့တွေဖွဲ့နိုင်ပြီးတော့ နိုင်ငံကို ကောင်းဖို့အတွက် အရွေ့တွေ ဖြစ်လာမှာပါ…
#ဗမာလိုတွေး ဗမာလိုရေး.
#burmese_Version
10.02.202507:01
လက်ရှိ ထရမ့်ရဲ့ အလုပ်လုပ်ဆုံး အစိုးရအဖွဲ့ကတော့ အီလွန်မက်စ်ရဲ့ DOGE။ ဘယ်လောက်အလုပ်လုပ်လဲဆိုရင် DOGEရပ်စဲရေးဆိုပြီး ဆန္ဒတွေပါ ပြနေကြပီ.. ဆန္ဒပြတဲ့ ယဉ်ကျေးမှုက ဘယ်သူယဉ်ကျေးမှုလဲ သိတယ်မလား..ဒီမိုကရေအရေးလှုပ်ရှားတယ်ဆိုပြီး ကိုယ်ကျိုးကြည့်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှု.. ကိုယ်မကြိုက်ရင် ပယာရ်ဂပေးပြီး ဖြုတ်ချတဲ့ အဖွဲ့က အခု ထရမ့်နဲ့ အီလွန်ကို လန့်နေကြပြီ…
အဓိကက အမေရိကန် လာဘ်အစားဆုံး ဌာနတွေနဲ့ နိုင်ငံ ဘက်ဂျက်တွေ ထိုင်ဖြုန်းနေတဲ့ အဖွဲ့အစည်းတွေကို စစ်ဆေးရေးဝင်၊ ပိတ်ပစ်တာတွေကို ရဲရဲကြီးလုပ်နေတာ..
အမေရိကန်ဟာ တနှစ်ကို အကြွေး $ 2+ Trillion မကပုံမှန်တက်နေပြီးတော့ ဘယ်သမ္မတကမှ တက်နေတဲ့အကြွေးတွေကျဆင်းအောင်မလုပ်ခဲ့ပါဘူး၊ ထရမ့်အလှည့်ကျမှ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာဖြစ်ပါတယ်၊
ထရမ့်နဲ့ အီလွန်မာစ်တိုရဲ့နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်အစိုးရဌာနတွေကို လျပ်တပျက်ဝင်ရောက်စစ်ဆေးပြီး အသုံးစရိတ်ဖြတ်တောက်တာ၊ ဝန်ထမ်းများလျော့ပေါ့အနားပေးတာ နောက်ဆုံး ဌာနအချိုကိုဖျက်သိမ်းတာအပါအဝင် စစ်ဆင်ရေးတရပ်ကို လုပ်ဆောင်နေပါတယ်၊
USAID FBA, CIA ကိစ္စတွေမှာလဲ အတော်ဂယက်ထသွားပါတယ်၊ နောက်ဆုံး ပင်တဂွန်ကိစ္စကတော့ ကာကွယ်ရေးနဲ့စစ်ဖက် ထိပ်တန်းတွေကို အကြီးအကျယ်တုန်လှုပ်ခြောက်ခြားစေခဲ့တာတွေ့ရတယ်၊
ပြည်တွင်းမီဒီယာ ၁၀ခုရှိရင် ၉ခုကို ထောက်ပံ့ခဲ့တယ်ဆိုတာတွေ.. ဘယ်လောက်အထိဆိုးဝါးနေသလဲဆိုရင် ဘဏ္ဏာရေးဝန်ကြီးဌာနမှာ တနှစ်ကို $ 100 billion လောက်အကြောင်းခိုင်လုံမှုမရှိပဲ သုံးစွဲထားခဲ့တာကို အီလွန်မက်စ်ရဲ့ DOGE ကစစ်ဆေးတွေ့ရှိခဲ့တယ်၊
$ 50 billion လောက်ဟာ ငွေလက်ခံသူနာမယ်မပါပဲ သုံးစွဲထားတာမျိုးကိုပါ စစ်ဆေးဖေါ်ထုတ်နိုင်ခဲ့တယ်လိုဆိုတယ်…..
(၇) ရက်တပါတ်တိုင်း $ 1 billion ပမာဏဟာ ဘာအတွက်သုံးတယ်ဆိုတဲ့ခေါင်းစဉ်၊ ဘယ်ဌာန ဘယ်သူ့အတွက်ဆိုတဲ့ လက်ခံသူမဲ့တွေနဲ့အသုံးပြုနေကြောင်း DOGE အစီရင်ခံစာမှာဖေါ်ပြထားပါတယ်၊
အခုနောက်ဆုံး Radio Free Europe နဲ့ VOA အသံလွှင့်ဌာန ၂ ခုကိုပိတ်ပစ်ဖို့ အီလွန်မတ်ကတောင်းဆိုလိုက်ပါတယ်။ Voice of America(VOA) ကိုအမေရိကန်ဖက်ဒရယ်အစိုးရကတည်ထောင်ခဲ့တာပါ။ ဝါရှင်တန်ဒီစီမှာ အခြေစိုက်တဲ့ အမေရိကန်ရေဒီယို နဲ့ ရုပ်မြင်သံကြားအသံလွှင့်ဌာနတခုဖြစ်ပြီးမြန်မာဘာသာအပါအဝင်ဘာဘာသာစကား ၄၇ မျိုးနဲ့ထုတ်လွှင့်နေတယ်။
အဲ့လိုဌာနတွေကို အစိုးရပိုက်ဆံအလကား ထိုင်ဖြုန်းနေလို့ ပိတ်ပေးပါတဲ့….
အဲ့တော့ အီလွန်မက်စ်ဆိုတာဘယ်လို လူမျိုးလဲ အမေရိကန်အပြင် ကမ္ဘာမှာပါ အချမ်းသာဆုံးပုဂ္ဂိုလ်..
သူလိုလူမျိုးကို ထရမ့်ကပူးပေါင်းပြီးတော့ အစိုးရအဖွဲ့မှာနေရာပေးခဲ့တာက အမေရိကန်ရဲ့ အတွင်းထဲမှာ ချစားမှုတွေကို ဘယ်လောက်တောင်ပြောင်းလဲသွားစေလဲဆို အခုမြင်နေရပြီ ဖြစ်ပါတယ်.ပြီးတော့ အီလွန်မက်အပြင် ဘေဂိတ်ကိုပါ အီလွန်မက်လို အခန်းကဏ္ဍမျိုးမှာ ပါဝင်လာအောင် ထရမ့်က ကြိုးစားနေပါတယ်..
အဲ့တော့ ထရမ့်လိုမျိုး နောက်ခံမှာ အီလွန်မက်လို့မျိုး.၊ . အီလွန်မက်ကလည်း နောက်ကွယ်မှာ ထရမ့်လိုမျိုး ကျောထောက်နောက်ခံတွေမရှိရင် နိုင်ငံတစ်နိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ မကြိုးစားပါနဲ့လို့…
အီလွန်ဟာ အခုဆိုရင် အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံနေရပြီးတော့ မကြာခင်မှာ အမေရိကန်ရဲ့ ဒီမိုကရေစီဆိုတာ ဘယ်လိုမျိုးဆိုတာတွေ့ရဖို့ အခွင့်အရေးတွေ ရှိလာတော့မှာပါ…
Көбірек мүмкіндіктерді ашу үшін кіріңіз.