Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
MYANMA GON NEWS AGENCY avatar
MYANMA GON NEWS AGENCY
MYANMA GON NEWS AGENCY avatar
MYANMA GON NEWS AGENCY
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲကြီး နှစ်ရက်တိုး၍ ကျင်းပသွားမည်

နေပြည်တော်   ဖေဖော်ဝါရီ   ၁၃

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြပွဲ စတင်သည့် ရက်မှစ၍ နေ့စဉ် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများ၊ ပြည်သူများ၊  MSME လုပ်ငန်းရှင်များ တစ်ခဲနက် လာရောက်ကြပြီး အထူး စိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲကြသည့်အတွက် ပြပွဲကို ဖေဖော်ဝါရီ ၁၅၊ ၁၆ ရက် နှစ်ရက်တိုး၍ ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ သိရပါတယ်။
ရုရှားနှင့် နယ်မြေခြင်းတိုက်ရိုက်ဖလှယ်ရန်စီစဉ်နေ--ဇလန်းစကီး

ကိဗ်၊ဖေဖော်ဝါရီ ၁၂

ယူကရိန်းသမ္မတဇလန်းစကီးက အမေရိကန်သမ္မတထရမ့်ပ်အနေဖြင့် ကိဗ်နှင့်မော်စကို တို့ကို ညှိနှိုင်းရေးစားပွဲသို့ခေါ်ယူရန် ဆောင်ရွက်နိုင်ပါက ရုရှားနှင့် နယ်မြေချင်းတိုက်ရိုက်ဖလှယ်မည်ဟုပြောကြားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ နယ်မြေတစ်ခုချင်း တိုက်ရိုက်ဖလှယ်တာမျိုးလုပ်သွားမှာပါ" ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ယူကရိန်းအနေဖြင့် ၎င်းတို့သိမ်းထားသည့် ရုရှားပိုင်နက် ကာ့စ်ဒေသကို စွန့်လွှတ်ရန်အသင့်ရှိနေကြောင်းဆိုခဲ့ပြီး အပြန်အလှန်အဖြစ်  မည်သည့်နယ်မြေ ကိုပြန်လိုချင်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

"ဘာတွေဆက်ဖြစ်လာမယ်ဆိုတာမသိသေးပေမဲ့ ကျွန်တော်တို့နယ်မြေအားလုံးက ကျွန်တော်တို့အတွက်အရေးကြီးတာပါပဲ၊ဦးစားပေးယူရမဲ့နေရာဆိုတာမရှိပါဘူး" ဟုလည်း၎င်းကဆိုခဲ့သည်။

Source : ရှင်းဟွာ
ပူတင်နှင့် ထရမ့်တို့ တယ်လီဖုန်းဖြင့် စကားပြောပြီးကြပြီ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ပြီးဖြစ်ကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပြောကြားခဲ့သည်။

"သမ္မတ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား တယ်လီဖုန်းစကားပြောဆိုမှုသည် ယခုအချိန်တွင် ပြီးဆုံးသွားပါပြီ" ဟု ပက်စကော့ဗ်က ပြောကြားခဲ့သည်။ "၎င်းသည် အလွန်ကြာရှည်သော ဖုန်းစကားပြောဆိုမှုဖြစ်ပြီး တစ်နာရီခွဲနီးပါး ကြာမြင့်ခဲ့ပါသည်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ထရမ့်သည် ရုရှားသမ္မတနှင့် စကားပြောဆိုမည့် အစီအစဉ်များကို မကြာသေးမီကာလများအတွင်းကပင်လျှင် ထပ်ခါတလဲလဲ ကြေညာခဲ့သည်။ အမေရိကန်ခေါင်းဆောင်သည် ယူကရိန်း ပဋိပက္ခကို အထူးဂရုပြုခဲ့ပြီး ၎င်းကို အဆုံးသတ်ရန် ကူညီလိုသည့် ဆန္ဒကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

ဖေဖော်ဝါရီလ - ၁၂  ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။
11.02.202515:41
သာစည်မြို့နယ် နှင့် ဘားအံမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်ဘက်သို့ အားဘ(ခ)အားဆာ မောင်းနှင်ပြီး မမိုးမိုးအေး လိုက်ပါလာသည့် MITSUBISHI PAJERO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အဝေးပြေးကားကြီးဝင်းတွင် ထွန်းဇော်ဒေးဦးနှင့် မဖြူဖြူအောင် တို့ ၂ ဦးအား TOYOTA NOAN VOXY မော်တော်ယာဉ်တစ်စီးနှင့်အတူ ငါးခြောက် အိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉ သိန်း ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက် တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စောအုန်းကြွယ်(ခ) အုန်းကျော်အား ဆိုင်ကယ် ၁ စီးနှင့်လည်းကောင်း၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် တိုးတက်ထွန်း (ခ)တိုးကြီးနှင့် ကောင်းဆက်ကျော်(ခ)ကိုဆက် တို့အား TOYOTA WISH မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၇ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မြဝတီနယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
09.02.202517:10
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ
===============
===================

၁။ ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာထူးချွန်ဆု မင်းသားကြီးကြည်စိုး၊ ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေ၊ မောင်နှင်းမိုး

၂။ ၂၀၂၄ ခုနှစ် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု “ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” ရုပ်ရှင်ဇာတ်ကားကြီးမှ ကောင်းဇံ

၃။ ၂၀၂၄ ခုနှစ် အကောင်းဆုံးရုပ်ရှင်တေးဂီတဆု “အိပ်မက်ကာရံ” ရုပ်ရှင်ဇာတ်ကားကြီးမှ ဓိရာမိုလ်

၄။ ၂၀၂၄ ခုနှစ် အကောင်းဆုံးရုပ်ရှင် အသံဆု “မီး” ရုပ်ရှင်ဇာတ်ကားကြီးမှ အောင်မျိုးမြတ်နှင့် ရဲဝင်း

၅။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု-အာကာကျော်(နှောင်)

၆။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု-အေးသီရိကို

၇။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု-(ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်)Taurus V ရုပ်ရှင်ထုတ်လုပ်ရေး

၈။ ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အထူးဆု-လုံလုံ(လင်္ကာဒီပ) (နှောင်)

၉။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုအကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှု အကြီးတန်းဆု- အကယ်ဒမီများရှင်ရန်အောင်

၁၀။ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆု- စိုးမိုးကြည်

၁၁။ အကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှုဆု - ထက်အောင်ရှိုင်း

၁၂။ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှုဆု- နန်းဆုရတီစိုး

၁၃။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆု-ဝင်းလွင်ထက် (အိပ်မက်ကာရံ)

၁၄။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု- ခြူးလေး(ဘိုးတော်ကင်း)

၁၅။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု-အေးချမ်းမောင်(မီ)

၁၆။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု-ဝတ်မှုန်ရွှေရည်

၁၇။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု- နေတိုး (နှောင်)

#MMG
ဇလန်းစကီးနှင့်တွေ့ဆုံရန်ကန်ဘဏ္ဍာရေးဝန်ကြီးကိုစေလွှတ်မည်

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၃

ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးနှင့်တွေ့ဆုံရန်အတွက် ဘဏ္ဍာရေးဝန်ကြီး စကော့ဘီဆန့်ထ်အားစေလွှတ်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က အင်္ဂါနေ့၌ ပြောကြားခဲ့သည်။

"သမ္မတဇလန်းစကီးနဲ့တွေ့ဖို့ ဘဏ္ဍာရေးဝန်ကြီးကိုစေလွှတ်သွားမှာဖြစ်ပါတယ်၊ဒီစစ်ပွဲဟာ မကြာခင်မှာ မဖြစ်မနေ အဆုံးသတ်ကိုသတ်ရပါလိမ့်မယ်" ဟု၎င်းကပြောကြားခဲ့သော်လည်း မည်သည့်အချိန်တွင် ခရီးစဉ်ပြုလုပ်မည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

ဆက်လက်၍ ထရမ့်ပ်က မူ-းယစ်ဆေးရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုတို့ဖြင့် ရုရှား၌ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသားကျောင်းဆရာ ဖိုဂယ်လ်လွတ်မြောက်လာအောင်ပြုလုပ်နိုင်ခဲ့ခြင်းသည် မော်စကိုနှင့်ဝါရှင်တန်ဆက်ဆံရေးအဆင်ပြေလာခြင်းပြယုဂ်တစ်ခုဖြစ်သည်ဟုဆိုခဲ့သည်။

ယင်းဖြစ်စဉ်သည် ရုရှား - ယူကရိန်းအရေးကိုအဆုံးသတ်နိုင်မည့် လမ်းစ၏ကနဦးခြေလှမ်းလည်းဖြစ်သည်ဟု အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများအားပြောကြားခဲ့သည်။

Source : ရှင်းဟွာ
Қайта жіберілді:
Aung Moe Kyaw avatar
Aung Moe Kyaw
13.02.202506:12
ဖေဖော်ဝါရီလ ၁၃ ရက်နေ့အတွက်သတင်းရုပ်သံ ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်
KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw
13.02.202503:42
ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၇ ဦး စေလွှတ်

ရန်ကုန် ဖေဖော်ဝါရီ ၁၃

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၇ ဦးကို ယ​နေ့တွင်စေလွှတ်ခဲ့ကြောင်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

ယင်းကဲ့သို့စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် ၁၃၉ ဦး (သစ်တော ၁၉ ဦး) နှင့် ဆောက်လုပ်ရေးလုပ်သားသစ်ရှစ်ဦး စုစုပေါင်း ၁၄၇ ဦးသည် ယနေ့တွင် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

ရောက်ရှိလာသော အလုပ်သမားများအား မြန်မာသံရုံးဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကိုမှာကြားပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

ဇန်နဝါရီ ၁၅ ရက်ကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၁၀၇ ဦးနှင့် စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် ၃၇ ဦး စုစုပေါင်း ၁၄၄ ဦးစေလွှတ်ခဲ့ပြီး အဆိုပါအလုပ်သမားများသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) ခရီးစဉ်ဖြင့်ရောက်ရှိခဲ့ပြီး မြန်မာသံရုံးဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားကာ လိုအပ်သည်များ ကူညီပံ့ပိုးပေး ခဲ့ကြောင်း သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုပွဲနှင့် ဖျော်ဖြေပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် နေပြည်တော် မြိုတော်ခန်းမရှေ့ ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ပါတယ်။

အဆိုပါအခမ်းအနားကျင်းပပုံများကို ယင်းနေ့ နံနက်(၆)နာရီ မိနစ်(၄၀)အချိန်မှ စတင်၍ MRTV-HD MRTV News MRTV Farmers’၊ MRTV Sports၊ MRTV Parliament၊ MRTV NRC နှင့် ကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလိုင်းများဖြစ်သော 5 Plus ၊ Readers’ Channel ၊ Channel 9 ၊ MNTV ၊ Skynet Up to Date Channel တိုအပြင် မိတ်ဖက်ရုပ်သံလိုင်းများဖြစ်ကြသော MWD HD ၊ MWD Variety HD တိုမှ လည်းကောင်း၊ မြန်မာ့အသံရေဒီယိုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် FM များဖြစ်ကြသော ပတ္တမြား၊ ချယ်ရီ၊ ပဉ္စဝတီ၊ မန္တလေး၊ ရွှေ၊ ပုဂံတိုအပြင် မိတ်ဖက် FM ဖြစ်သည့် Star နှင့် သဇင် FM တိုမှ လည်းကောင်း၊ MOI Website MOI Youtube MRTV Website MRTV App: Radio App: နှင့် Online Media တိုမှ လည်းကောင်း တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပါတယ်။
#MMG
11.02.202502:55
တောင်ငူမြို့ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် (တောင်ငူ)တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်

ဖေဖော်ဝါရီ ၁၁

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တောင်ငူမြို့ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် (တောင်ငူ) တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်းများကို တောင်ငူတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဖွင့်လှစ်ခဲ့ပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုး နှင့် တာဝန်ရှိသူများ ၊‌ဆရာ/ဆရာမများ ၊ကျောင်းသား/သူများတက်‌
ရောက်ခဲ့ကြောင်းသိရှိရသည်။
နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာပြီးဆုံးကြောင်း


နေပြည်တော်၊ ဖေဖော်ဝါရီလ ၉ ရက်
သမ္မတ ဒေါ်နယ်ထရန့်ဟာ ရုရှားနိုင်ငံက ပြန်လည်လွတ်မြောက်လာတဲ့ အမေရိကန်ေကျာင်းဆရာ မာ့ခ်ဖိုဂယ်လ်ကို တွေ့ဆုံနှုတ်ဆက်

ဖေဖော်ဝါရီ ၁၃

‎အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ဟာ ရုရှားနိုင်ငံက ပြန်လည်လွတ်မြောက်လာတဲ့ အမေရိကန်ေကျာင်းဆရာ မာ့ခ်ဖိုဂယ်လ်ကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။

ဖိုဂယ်လ်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ထောင်ဒဏ် (၁၄) နှစ် ပစ်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် ‎ဩဂုတ်လက ဆေးခြောက် (၁၇) ဂရမ် သယ်ဆောင်မှုနဲ့ ရုရှားနိုင်ငံ မော်စကို လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။

ဖိုဂယ်လ်က အခုလို ပြန်လည် လွတ်မြောက်လာဖို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ သမ္မတ ထရမ့်ကို "သူရဲကောင်း" လို့ ခေါ်ဆိုလိုက်တယ်လို့ ပြောကြားခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြထားပါတယ်။
13.02.202504:22
ဂျပန်မှာ မြေတွင်းပြိုပြီး ကားတစ်စီးဝင်သွား၊ ဒရိုင်ဘာပျောက်ဆုံးနေဆဲ

ဖေဖော်ဝါရီ - ၁၃

ဆိုင်တာမာစီရင်စုမှာရှိတဲ့ ယိုရှိရွာဘက်က ကားလမ်းပေါ်မှာ ရုတ်တရက်မြေတွင်းပေါက်ကြီးဖြစ်ကာ ကားတစ်စင်းထိုးကျသွားတာ မနေ့ကဆိုရင် ၂ ပတ်ရှိသွားပါပြီ။ အသက် ၇၄ နှစ်အရွယ် ယာဉ်မောင်း အဖိုးအိုကို ဒီနေ့အထိ ရှာမတွေ့သေးပါဘူး။ အဲ့ဒိတွင်းကြီးက တဖြည်းဖြည်းကျယ်လာလို့ အနီးအနားက အိမ်တွေကို ရွှေ့ပြောင်းပေးနေရပါတယ်။

စီရင်စုအနီးနားရှိ အိမ်ထောင်စုများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် တောင်းဆိုထားပြီး ခရိုင်အတွင်းရှိ မြူနီစီပယ် ၁၂ ခုတွင် နေထိုင်သူ ၁.၂ သန်းခန့်ကို ၎င်းတို့၏ ရေသုံးစွဲမှုကို ဆက်လက်လျှော့ချရန် သက်ဆိုင်ရာ အာဏါပိုင်တွေက တောင်းဆိုထားပါတယ်။
တွင်းဖြစ်ပြီး ကားကျသွားတဲ့ဖြစ်စဉ်က ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းမှာ လမ်းဆုံတစ်ခုအနီး၌ ဖြစ်ပွားခဲ့တာပါ။ အစပိုင်းမှာ အချင်း ၁၀ မီတာခန့်ရှိပေမဲ့ နောက်ပိုင်း တဖြည်းဖြည်းကျယ်လာကာ မီတာ ၄၀ ခန့် ဖြစ်လာပြီး လူနေအိမ်တွေနား အထိရောက်လာပါတယ်။

ဂူတွင်းပေါက် ဆက်လက်ဖြစ်ပေါ်နေလို့ အိမ်ခြေ ငါးလုံးမှ လူ ၁၁ ဦးကို ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရပါတယ်။ ဂူတွင်းပေါက်များကြောင့် မြေအောက်ကေဘယ်ကြိုးများ ပြတ်တောက်ခဲ့ပြီး ဖုန်းလိုင်း ၄၀၀ ခန့် ချိတ်ဆက်မှု အပါအဝင် ရပ်ကွက်အတွင်း ဆက်သွယ်ရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့ပါတယ်။

ရေပိုက်များမှတစ်ဆင့် ရေများဝင်ရောက်လာခြင်းကြောင့် ရှာဖွေရေးလုပ်ငန်းများ အဟန့်အတားဖြစ်စေသဖြင့် ခရိုင်အာဏာပိုင်များက ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းများ၏ ရေသုံးစွဲမှုကို လျှော့ချရန် တောင်းဆိုထားပါတယ်။

REF - Japan News
11.02.202515:46
Breaking News


အရီဇိုးနားပြည်နယ်မှာ  Learjet 35A တစ်စင်းဟာ ပြေးလမ်းမှာ ဆင်းသက်ပြီးနောက် ရပ်ထားတဲ့ Gulfstream 200 Business Jet တစ်စင်းကို ဝင်တိုက်မိတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်တွင် ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ ၂ ဦးမှာ စိုးရိမ်ရသည့်အခြေအနေဖြင့် ဆေးရုံတင်ထားရကြောင်းသိရှိရပါတယ်။

#MMG
11.02.202502:49
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကောင်းဆုံး  အမျိုးသား ဇာတ်ဆောင် ဆု
........................................................................

နေတိုး ( နှောင်)

#MMG
ပဲခူးမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၁၃

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာဗဟို ကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့သည်။
တက္ကသိုလ်များနယ်မြေ (ရေဆင်း) ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် စျေးရောင်းပွဲတော်ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

တက္ကသိုလ်များနယ်မြေ (ရေဆင်း) ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် စျေးရောင်းပွဲတော်ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် တက္ကသိုလ်များနယ်မြေ (ရေဆင်း) ရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပသည်။

ဈေးရောင်းပွဲတော်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ်များနယ်မြေ (ရေဆင်း) မှ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
11.02.202515:41
11.02.202502:49
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နမ့်စန်မြို့၌ ၂၀၂၅ ခုနှစ်၊ လေးခရိုင်အမျိုးသားအလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုပေးပွဲ ကျင်းပပြုလုပ်

ဖေဖော်ဝါရီ - ၁၁
               
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၅ ခုနှစ်၊ လေးခရိုင်အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ မြို့နယ်အားကစား ကွင်း၌ ကျင်းပပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များ၊ ဒေသခံတိုင်းရင်းသား များ တက်ရောက်ကြသည်။
               
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ် အဖြစ် နမ့်စန်မြို့နယ်(ခ)အသင်းနှင့် လွိုင်လင်မြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြရာ နမ့်စန်မြို့နယ်(ခ)အသင်းက လွိုင်လင်မြို့နယ်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆု ရရှိကြသူများ၊ အသင်းလိုက်ဆုများနှင့် ဒိုင်းဆုရရှိသည့် နမ့်စန်မြို့နယ်(ခ)အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ၊ ငွေသားဆုနှင့် ဒိုင်းဆုတို့အား အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု

အမျိုးသမီးဇာတ်ဆောင်စု

ဝတ်မှုန်ရွှေရည်

တိမ်ပန်းချီ

#MMG
Көрсетілген 1 - 24 арасынан 86
Көбірек мүмкіндіктерді ашу үшін кіріңіз.