Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
C 9 Plus 3 avatar

C 9 Plus 3

TGlist рейтингі
0
0
ТүріҚоғамдық
Растау
Расталмаған
Сенімділік
Сенімсіз
Орналасқан жері
ТілБасқа
Канал құрылған күніБер 04, 2025
TGlist-ке қосылған күні
Бер 27, 2025
Қосылған топ

Рекордтар

26.04.202523:59
1.2KЖазылушылар
05.04.202523:59
800Дәйексөз индексі
15.04.202513:13
2001 жазбаның қамтуы
27.04.202507:27
0Жарнамалық жазбаның қамтуы
16.04.202513:13
8.70%ER
26.03.202513:45
37.45%ERR
Жазылушылар
Цитата индексі
1 хабарламаның қаралымы
Жарнамалық хабарлама қаралымы
ER
ERR
БЕР '25БЕР '25БЕР '25БЕР '25КВІТ '25КВІТ '25КВІТ '25

C 9 Plus 3 танымал жазбалары

SANAM TERI KASAM [2016]

အရမ်းကို ဘာသာရေး လုပ်ပြီး ရှေးရိုးစွဲကြီးတဲ့ အိမ်မှာဆာရူး ဆိုတဲ့ သမီးတစ်ယောက် ရှိတယ်...

သူက ဥာဏ်ကောင်းပြီးတော်ပေမဲ့ အိမ်ကပေးစားတဲ့ယောင်္ကျားကို ယူရဖို့ပဲ စောင့်နေရတဲ့သူပေါ့...

ဒါပေမဲ့ အတော်များများက ဆာရူးကို လာကြည့်ပြီး ပုံတုံးလို့ခေါင်းခါသွားကြတယ်...

ဆာရူးတို့ ကွန်ဒိုတိုက်မှာ အခန်းငှားနေတဲ့ ဂျလေဘီဆန်ဆန် အင်ဒါဆိုတဲ့ကောင်လေး တစ်ယောက်ရှိတယ်...

တစ်ရက်ဆာရူးရဲ့ အဖြစ်ကို အင်ဒါမြင်သွားတယ် သနားသွားမိတယ်..

အင်ဒါရဲ့ လက်ရှိရည်းစားက နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဆိုတာ ဆာရူး သိတဲ့နောက်မှာ.

လူခြေတိတ်ချိန်လေး အင်ဒါ အခန်းကိုသွား အင်ဒါရည်းစားဆီမှာ သူမ ပုံစံကို ပြောင်းလဲပေးဖို့ အကူအညီတောင်းခဲ့တယ်...

အဲ့ဒီအချိန် အင်ဒါနဲ့ဆာရူးကို ပတ်ဝန်းကျင်က ဘယ်လိုအထင်လွဲကြမလဲ...

ရှေးရိုးစွဲအဖေကြီးက ဆာရူးကို အထင်လွဲပီး အိမ်က နှင်ထုတ်လိုက်တယ်...

ဆာရူးတစ်ယောက်လေလွင့်ရတော့မယ့် အခြေအနေမှာ အင်ဒါက ဘေးနားကမားမားမတ်မတ် ဘယ်လိုရပ်တည်ပေးမလဲ...


Video Comments မှာ ကြည့်ရန် ⤵️
LION [2016]

ဖြစ်ရပ်မှန်ကားလေးပါ...

မငိုကြနဲ့နော်...

မိသားစုနဲ့ ဝေးကွာနေရတဲ့အခါ လွမ်းစွတ်တမ်းတမိတာမျိုး,ဒုက္ခတွေ ကြုံရတဲ့အခါ အိမ်လွမ်းမိတာမျိုးကို ကျွန်တော်တို့တွေ ကြုံဖူးကြမှာပါ...

ဘယ်လောက်ပင် သာယာတဲ့အခြေအနေမျိုးမှာ ရှိနေပါစေ မိသားစုနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကိုပြန်တမ်းတမိကြမှာပါ...

Saroo ရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်ကို ကျွန်တော် အလွယ်တကူဘဲ ကိုယ်ချင်း စာခံစားလို့ရခဲ့ပါတယ်...

၂၅နှစ်လောက် ငါ့မိသားစု ငါ့ကို ပူဆွေးစွာလိုက်ရှာနေခဲ့တဲ့ ခံစားချက်ကို...

ငါနားလည်တဲ့ဆိုတဲ့ Sarooရဲ့ စကားဟာ သူ့မိသားစု အပေါ်မှာထားရှိတဲ့သံယောဇဉ်ပါ...

Sarooရဲ့ သူ့အကိုပေါ်မှာ ထားတဲ့ သံယောဇဉ်ဟာ အကိုတစ်ယောက်ထက်ပိုတဲ့ ဖခင်တစ်ယောက်လို အားကိုးတဲ့ သံယောဇဉ်မျိုးဖြစ်ခဲ့မှာပါ...

တကယ်တော့ မိသားစု ရဲ့ မေတ္တာကသာ အနွေးထွေးဆုံးပါ…

အရမ်းကြည့်ကောင်းတဲ့ကားလေးပါ...


Video Comments မှာ ကြည့်ရန်⤵
THALAIVII [2021]

ဘောလိဝုဒ်ရဲ့ဆတ်ဆတ်ကြဲ မင်းသမီးကြီး ကန်ဂနားရဲ့ အမျိုးသမီးခေါင်းဆောင်လို့အမည်ရတဲ့ Thalaivii ဇာတ်ကားကတော့ ထွက်ရှိလာခဲ့ပါပြီ...

ဒီဇာတ်ကားက အိန္ဒိယအမျိုးသမီးသရုပ်ဆောင် တဖြစ်လဲ တမီးလ်နာဒူပြည်နယ်ဝန်ကြီးချုပ်ဟောင်း J Jayalalithaa ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်...

အိန္ဒိယတောင်ပိုင်းမင်းသမီးဘဝကစလို့...

အိမ်ထောင်သည်ဘဝကြုံရဆုံရပုံတွေအပြင်အမျိုးသားများသာကြီးစိုးနေတဲ့ နိုင်ငံရေးလောကမှာ...

အမျိုးသမီးခေါင်းဆောင်ဖြစ်လာဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံတွေ....

အချိုးအကွေ့တွေ,ကောက်ကျစ်မှုတွေအကြောင်းကို ပုံဖော်ထားနိုင်ပြီးဂျယားကြီးရဲ့ အကောင်းအဆိုးတွေကို မျှအောင်ပြသထားနိုင်တဲ့ ရုပ်ရှင်ပါ..

နိုင်ငံရေးနောက်ခံပြီး Feminism ကိုလည်း မြင်သာအောင် တင်ဆက်သွားနိုင်တဲ့အပြင်...

ကန်ဂနားရဲ့ အိုက်တင်နဲ့ အကအလှတွေကလဲ ရုပ်လုံးကြွအောင် ဖန်တီးထားနိုင်တာမို့ လက်လွတ်လို့မရတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဖြစ်ပါတယ်...


Video Comments မှာ ကြည့်ရန် ⤵️
TITANIC [1997]

1997ခုနစ်မှာထွက်ရှိခဲ့တဲ့ဒီးကားကတော့ အခုထိလူတိုင်းရဲ့ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ ကားလေးတကားဖြစ်ပါတယ်.....

အချစ်အတွက်ဆို အသက်ပါပေးနိုင်တဲ့ကောင်းလေးတယောက်အကြောင်း....

ဂုဏ်တွေဒြပ်တွေကြားကရုန်း‌ထွက်ချင်တဲ့ကောင်မလေးတစ်ယောက်အကြောင်း...

သူတို့နှစ်ယောက်ဆုံတဲ့အခါဘယ်လိုမျိူးဆက်ဖြစ်မလဲဆိုတာ......

အရမ်းကိုအောင်မြင်ခဲ့တဲ့ဇာတ်ကားလေးပါ.....


Video Comments မှာ ကြည့်ရန် ⤵️
THE THREE STOOGES [2012]

The three stooges ဟာသဇာတ်ကားလေးပါ...

ဇာတ်လမ်းတစ်ခုလုံး မိုး,လယ်ရီ,ကယ်လီ ဆိုတဲ့ ဇာတ်ကောင်သုံးယောက်က သင့်ကို ကလိထိုးပေးပါလိမ့်မယ်...

Church တစ်ခုမှာ တစ်ပြိုင်တည်း စွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးသုံးယောက်ဟာ ရောက်ရောက်ချင်းမှာတော့ sister တွေရဲ့ဆုလဒ် နတ်သားလေးသုံးပါးပေါ့...

ဘာမှမသိ ချစ်စဖွယ်ကလေးတွေ...

နောက်ဆယ်နှစ်အကြာမှာတော့ အနီးကပ်ပြုစုတဲ့ sister ကပြောတယ်...

“ဒီသုံးယောက်ဘေးမှာ မနေနိုင်တော့လို့ မတော်တဆ ငါးမန်းကိုက်ခံရနိုင်တဲ့ ငါးဖမ်းသင်္ဘောမှာဘဲ အလုပ် လုပ်တော့မယ်တဲ့ ” အကုန်လုံး လက်လန်သွားရတဲ့ ငမွှေတွေဖြစ်သွားတယ်...

ဒီလို အော်ကြောလန်သုံးယောက်က သူတို့ရဲ့ မတော်တဆအမှားတွေကြောင့် အကြွေးနစ်သွားရတဲ့ ဘုရားကျောင်းလေးကို...

မဖျက်သိမ်းရအောင်လိုတဲ့ပိုက်ဆံတွေကို ပြန်ရှာပေးဖို့ ကျိုးစားရင်း ကမောက်ကမ အဖြစ်တွေနဲ့ ရယ်ရမဲ့ ပျော်စရာ ဇာတ်ကားကောင်းလေးတစ်ခုပါ...


Video Comments မှာ ကြည့်ရန် ⤵️
ALIVE [2020]

မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့...

ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန်တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲရှိလာတဲ့အခါ…

သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ
တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့...

အချိန်တွေမှာဘယ်လိုကူညီပေးကြမလဲ
ဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲ...

ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ...


Video Comments မှာ ကြည့်ရန် ⤵️
LAND OF THE DEAD[2005]

အမျိုးအမည်မသိရတဲ့ ကပ်ဘေးတစ်ခုကြောင့်....

တစ်ကမ္ဘာလုံးက လူအများစု ဖုတ်ကောင် တွေ ဖြစ်သွားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး အရမ်းကြည့်ကောင်းပါတယ်......

သွေးသံရဲရဲနဲ့ 2005ထွက် ဇာတ်ကားနဲ့ မတူအောင် ပြကွက်တွေအားလုံးက အတော်လေးကြမ်းလို့...

သွေးလန့်တတ်သူတွေ၊ ရွံစရာတွေကို sensitiveဖြစ်သူတွေ သတိထားပြီး ကြည့်ကြပါ...


Video Comments မှာ ကြည့်ရန် ⤵️
KEANU [2016]

ဟာသဇာတ်မြူးကားကောင်းတွေကိုလွမ်းနေကြတဲ့ပရိသတ်တွေအတွက်Key & Peel လို့လူသိများတဲ့...

ဟာသသရုပ်ဆောင်နှစ်ယောက်ရဲ့ ဟာသဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်...

မင်းသားကြီး ကီနူး ရီဗ်ကကြောင်လေး “ကီနူး” နေရာမှာအသံသရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်...

ကောင်မလေးကထားသွားလို့ အသည်းကွဲနေတဲ့ရဲလ်ရဲ့အိမ်ရှေ့ကို...

ကြောင်လေးတကောင်ရောက်လာခဲ့တာမလို့  မြင်မြင်ချင်းမှာပဲမွေးစားဖို့ဆုံးဖြတ်လိုက်ပြီး “ကီနူး” လို့အမည်ပေးလိုက်ပါတယ်...

ဒါပေမဲ့ ဒီကြောင်လေးက သာမာန်လမ်းဘေးကြောင်လေးမဟုတ်ပဲ အယ်လ်အေကမူးယစ်ရာဇာတယောက်က မွေးထားတဲ့ ကြောင်လေးဖြစ်နေတာပါ...

ဒီလိုနဲ့တနေ့မှာ ရဲလ်တယောက် သူ့ရဲ့အကိုဝမ်းကွဲဖြစ်တဲ့ ကလဲရန့်စ်နဲ့အတူရုပ်ရှင်ကြည့်ပြီး အိမ်အပြန်မှာအိမ်အဖောက်ခံရပြီး ကီနူး အခိုးခံခဲ့ရပါတယ်...

ဒီလိုနဲ့သူတို့ယောက်အတူ လိုက်လံစုံစမ်းကြည့်လိုက်တဲ့အခါမှာ ကီနူးကိုလူဆိုးဂိုဏ်းတဂိုဏ်းကခိုးသွားတာမလို့...

သူတို့လည်း ကီနူးကိုပြန်ရအောင်လုပ်ရင်းဘယ်လိုအရှုပ်ထုတ်တွေထဲဝင်ပါမိသွားမလဲ...


Video Comments မှာ ကြည့်ရန် ⤵️
CASE 39 [2009]

Bradley Cooper  ,Renée Zellweger တို့ နာမည်ကြီး သရုပ်ဆောင်ထားတဲ့ဒီကားကတော့ horror, thriller အမျိုးအစားဖြစ်ပြီးတော့...

အတော်ကောင်းတဲ့ဇာတ်ကားဖြစ်လို့ BO လည်း ဝင်ခဲ့ပါတယ်...

Emily က ကလေးတွေကူညီရေးအဖွဲ့တခုမှာအလုပ်လုပ်ပါတယ်...

ကလေးတွေမိသားစုကောင်းကောင်းရှိရဲ့လား...

မိဘတွေက ကောင်းကောင်းဆက်ဆံရလား စစ်ဆေးရတဲ့အခါ၃၉ ယောက်မြောက် ကလေးမလေးတစ်ယောက်လည်း ပါလာပါတယ်...

၁၀ နှစ်အရွယ် Lilyကို သူ့ရဲ့မိဘတွေက သူ့ကို သတ်ဖို့ကြိုးစားနေတာ သိရပြီး Emily ကကယ်လိုက်ပါတယ်...

မိဘတွေထောင်ထဲရောက်တော့ Lily တစ်ယောက် Emily ဆီ လိုက်နေပါတယ်...

အစက အဆင်ပြေပေမဲ့ တဖြေးဖြေး Lily ပတ်ဝန်းကျင်မှာထူးဆန်းတာတွေဖြစ်လာတဲ့အခါ Emily တစ်ယောက် ဘာလုပ်မလဲ...


Video Comments မှာ ကြည့်ရန် ⤵️
FA QIU LING ZHONG [2023]

မင်မင်းဆက်နှောင်းပိုင်းမှာ ဖာချိုးမျိုးဆက်၊ဆက်ခံသူ ဟူသောင်းကျုံးဟာ...

မတော်တဆ မသမာသူတွေ ရွှေနဂါးလုယူဖို့ ကြိုးစားကြတဲ့ အကြံအစည်ကို ရုတ်တရက်ကြားသိခဲ့ရပါတယ်...

ရွှေနဂါးဟာ ရှေးအုတ်ဂူဟောင်းမှာ မန္တာန်တွေနဲ့အတူ မြုပ်နှံထားတာပဲ ဖြစ်ပါတယ်...

ဒီလိုနဲ့ ဖာချိုးမျိုးဆက်ပီပီ ဟူကျုံးသောင်းဟာ မှော်တောင်ဖွင့်ချိန်မှာ လျှိူ့ဝှက်ပြီး အန္တရာယ်ကြီးတဲ့ ခရီးစဉ်ကို...

သူ့အပေါင်းအပါအဖွဲ့သားတွေနဲ့အတူ သတင်းကြားထားတဲ့ ရှေးဟောင်းဂူဗိမာန်ဆီ သွားကြပါတော့တယ်...

အသွားလမ်းမှာတော့ အဆင်ပြေချောမွေ့နေတဲ့ ဟူသောင်းကျုံးတို့ တစ်သိုက် အပြန်လမ်းမှာရော ငွေထုတ်ပိုက်ပြီး အသက်ရှင်လျက်ပြန်နိုင်ပါ့မလား...


Video Comments မှာ ကြည့်ရန်⤵
DOLITTLE [2020]

ဒေါက်တာDolittleဟာ တိရစ္ဆာန်တွေကို စကားပြောနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပြီး...

တိရစ္ဆာန်တွေကိုလည်းဆေးကုပေးနေတဲ့ ဆရာဝန်တစ်ယောက်ပေါ့...

တစ်နေ့မှာ ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကြောင့် သူဟာ လူ့လောကကြီးနဲ့အဆက်အသွယ်ဖြတ်ပြီး...

အိမ်ထဲမှာ တံခါးပိတ်နေထိုင်နေရင်း မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ တံခါးခေါက်ရောက်ရှိလာပါတော့တယ်...

ဇာတ်လမ်းအစကနေ အဆုံးအထိ ရယ်မောစရာလေးတွေနဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရမှာဖြစ်ပြီး အဆုံးသတ်မှာ ကြည့်ရှုသူရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့လိမ့်မယ်လို့ထင်ပါတယ်...


Video Comments မှာ ကြည့်ရန်⤵
LOVE 101 [2022]

ဒီဇာတ်လမ်းလေးကတော့ တကယ့်ကိုမှဦးနဲ့ကလေးဇာတ်လမ်းလေးပါ...

အသက်သုံးဆယ်ကွာတဲ့ ရဲအရာရှိဒန်နဲ့ အထက်တန်းကျောင်းသူလေးဖတ်တို့ရဲ့ဇာတ်လမ်းလေးပါ...

တကယ်ချစ်မိရင်ရုပ်ရည်တွေအသက်တွေဆိုတာအရေးမပါတော့ပါဘူး...

အသက်ကွာခြားလွန်းပေမဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ကစစ်မှန်တဲ့အချစ်ဖြစ်ကြောင်းကို...

ဘယ်လိုသက်သေပြသွားမလဲဆိုတာ ကြည့်ရမဲ့ အချစ်ဟာသဇာတ်ကားလေးပါ...


Video Comments မှာ ကြည့်ရန် ⤵️
12.04.202515:50
TERRIFIER 3 [2024]

ထပ်ပီးကြည့်ရအောင် တင်ပေးလိုက်ပါတယ်


ရှေ့မှာထွက်ခဲ့တဲ့ 1ရော 2မှာပါ မတရားကြမ်းလို့ Horror fan တွေကြား နာမည်ကြီးတဲ့ Terrifier ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ နံပါတ် 3ထွက်လာပါပြီ...

( သတ်ဖြတ်ခန်းနဲ့သွေးထွက်သံယိုအများကြီးပါတာမို့ သတိထားချင့်ချိန်ကြည့်ကြပါ)

ဇာတ်လမ်းက အရင်ရုပ်ရှင်မှာဖြစ်ခဲ့တဲ့နောက်ဆက်တွဲကိုဆက်ထားတာပါ...

ဇာတ်ကောင် စီအာနာက အရင်ဖြစ်ခဲ့တာတွေအတွက် စိတ်ကျန်းမာရေးဆေးရုံမှာ ကုပြီး ဆေးရုံဆင်းလာခဲ့ပါတယ်...

အခု သူဦးလေးမိသားစုနဲ့နေရင်း ခရစ်စမတ်ကို စိတ်သစ်ကိုယ်သစ်နဲ့ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ထားသူပါ...

ဒါပေမဲ့ သူသတိမထားခဲ့မိတာ သူ့နောက်ကို လိုက်လာတဲ့အရာကိုပါ...

အဲဲဒီအရာက သူ့ကိုပစ်မှတ်ထားပြီး သူ့ဘေးက အရာတွေတစ်ခုချင်းစီကို တရိပ်ရိပ်ဝါးမျိုဖို့ရောက်လာတဲ့အခါ…


Video Comments မှာ ကြည့်ရန် ⤵️


Terrifier 1,2ကြည့်ရန် Link 🖇️
https://t.me/c9plus3/50
TERRIFIER 2 [2022]

ပထမပိုင်းမှာသူကလူရှစ်ယောက်ကိုသတ်ခဲ့ပြီးကျန်ခဲ့တဲ့တစ်ယောက်ရဲ့မျက်နှာကလဲလုံးဝကိုစုတ်ပြတ်သတ်နေခဲ့ပါတယ်...

သူ့ကိုသေသွားပြီလို့ ထင်ခဲ့ကြပေမဲ့ မထင်မှတ်ထားပဲ ပြန်ပေါ်လာပြီးနောက်ထပ်လူတွေကိုလိုက်သတ်ပြန်ပါတယ်....

သူ့ကိုတားနိုင်မဲ့သူရှိနိုင်မလား...

သူကပဲအားလုံးကိုအဆုံးသတ်သွားမလားဆိုတာတစ်ကားလုံးကြက်သီးတွေထပြီးကြည့်ရမဲ့ Thriller ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်...

(သတ်ဖြတ်ခန်းနဲ့သွေးထွက်သံယိုအများကြီးပါတာမို့ သတိထားချင့်ချိန်ကြည့်ကြပါ)


Video Comments မှာ ကြည့်ရန် ⤵️


Terrifier 3ကြည့်ရန် Link 🖇️
https://t.me/c9plus3/45
REAL STEEL [2011]

2020 ခုနှစ်မှာ စက်ရုပ်တွေကို လူတွေအစား boxing ကစားခိုင်းပြီး လောင်းကစားလုပ်ကြတာ ခေတ်စားလာခဲ့ပါတယ် ချားလီး(စ်) ဟာ ယခင်က လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး...

ခုအခါမှာတော့ တရားမ၀င် စက်ရုပ်လက်ဝှေ့ပွဲမှာ ယှဉ်ပြိုင်ရင်း အရှုံးတွေများကာ အကြွေးတွေဝိုင်းဝိုင်းလည်နေသူ တစ်ဦးဖြစ်ပါတယ်...

သူပိုင်တဲ့ Ambush ဆိုတဲ့ စက်ရုပ်ကြီးဟာ Ricky ဆိုတဲ့လူပိုင်တဲ့ Black Thunder ကျွဲနဲ့ ပြိုင်တိုက်ခိုက်ရင် ရှုံးခဲ့လို့ အကြွေးတွေတင်တဲ့ အချိန်အတွင်းမှာပဲ...

သူ့ဆီကို သူ့အရင်ရည်းစား ဆုံးပါးသွားကြောင်း အကြောင်းကြားခြင်းခံရတဲ့အပြင်...

သူ့မှာ သူမထားခဲ့တဲ့ ၁၁နှစ်အရွယ် သားတစ်ယောက်အတွက် အုပ်ထိန်းခွင့်ရှိနေတယ်လို့ သိရပါတယ်...

ထိုကေလးငယ်ကို သူ့အရင်ရည်းစားရဲ့ အစ်မဖြစ်သူ (ကလေးရဲ့ အဒေါ်ဖြစ်သူ)က မွေးစားချင်သဖြင့် အုပ်ထိန်းခွင့်ကို စွန့်လွှတ်ဖို့ လာရောက် အကြောင်းကြားတာဖြစ်ပါတယ်...


Video Comments မှာ ကြည့်ရန် ⤵️
Көбірек мүмкіндіктерді ашу үшін кіріңіз.