Whale Chanel
Whale Chanel
Proxy MTProto
Proxy MTProto
Proxy MTProto | پروکسی
Proxy MTProto | پروکسی
Whale Chanel
Whale Chanel
Proxy MTProto
Proxy MTProto
Proxy MTProto | پروکسی
Proxy MTProto | پروکسی
MxT Anime & Cartoon avatar
MxT Anime & Cartoon
MxT Anime & Cartoon avatar
MxT Anime & Cartoon
Penguins Of Madagascar (2014)

Madagascar ထဲက ဆရာ့ဆရာကြီးတွေဖြစ်တဲ့ပင်ဂွင်း၄‌ကောင်ရဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက် Central zooကို ရောက်လာတဲ့စကစ်ပါ ကိုဝါစကီး ရီကိုနဲ့ ပရိုင်းဗိတ်ပင်ဂွင်း၄ကောင်ကြောင့် လူတိုင်းချစ်တဲ့ ရေဘဝဲအဖြစ်ကနေ အပယ်ခံဘဝ ရောက်သွားတဲ့ ဒေ့ဗ်ဆိုတဲ့ ရေဘဝဲတစ်ကောင်က မျိုးဗီဇပညာကို လေ့လာပြီး ဒေါက်တာအော့တေးဗီးယပ်စ်ဘရိုင်းဆိုတဲ့ နာမည်တုနဲ့ ဗီဇပြောင်းတိရစ္ဆာန်တွေကို ဖန်တီးဖို့ ကြိုးစားနေတာပါ။သူ့အကြံကတော့ လူတိုင်းချစ်ကြတဲ့ ပင်ဂွင်းလေးတွေကို မျိုးဗီဇပြောင်း မကောင်းဆိုးဝါးတွေ ဖြစ်အောင်လုပ်ပြီး လူတွေမုန်းတီးသွားစေချင်တဲ့ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
ဒီအကြံကိုအကောင်အထည်ဖော်ဖို့ စကစ်ပါတို့ ပင်ဂွင်း၄ကောင်အပြင် တစ်ကမ္ဘာလုံးရှိ တိရစ္ဆာန်ရုံအသီးသီးကပင်ဂွင်းတွေကို လိုက်ဖမ်းဖို့ ကြိုးစားပါတော့တယ်။သူ့ရဲ့အကြံကို စကစ်ပါတို့ တားဆီးနိုင်မှာလား၊ ဒေ့ဗ်ရဲ့အကြံအတိုင်း မကောင်းဆိုးဝါးတွေ ဖြစ်သွားပြီး လူသားတွေရဲ့မုန်းတီးခြင်းကို ခံသွားရမလားဆိုတာ ကြည့်ရမှာပါ။

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/307
Spellbound (2024)

မထွက်ခင်ထဲက လူစိတ်ဝင်စားမှုများနေတဲ့ Netflix ရဲ့ animation ကားကောင်းလေးလာပါပြီဒစ်စနေးစတိုင် သီချင်းကောင်းကောင်းလေးတွေနဲ့ မိသားစုတွေကြားက ဖြစ်တတ်တဲ့ Family issueတွေကိုလူသားနဲ့ မွန်းစတားကောင်ကြီးတွေအဖြစ်ပုံဖော်ပြီးမိသားစုနဲ့ကြည့်ရှုစရာကားကောင်းလေးအဖြစ် ဖန်တီးထားပါတယ်…ဘုရင့်နိုင်ငံတစ်ခုက ဘုရင်နဲ့ ဘုရင်မကြီးနဲ့ သူတိုသမီး မင်းသမီးလေး အဲလီယံတိုဟာမိသားစုသုံး ၃ ယောက်ထဲဆိုပေမယ့် အမြဲတမ်းတော့ စိတ်သဘောထားတိုက်ဆိုင်မနေပါဘူး…တစ်နေ့ မိဘဖြစ်သူ ဘုရင်နဲ့ဘုရင်မတိုစကားများရင်း မကောင်းဆိုးဝါးကောင်ကြီးတွေအဖြစ် ပြောင်းလဲသွားပါတယ်…ဒါကို မင်းသမီး အဲလီယံပဲသိလိုက်တဲ့အတွက် မူးမတ်စစ်သည်တွေက မကောင်းဆိုးဝါးကြီးတွေ ဘုရင်နဲ့ဘုရင်မကိုစားပြီးမင်းသမီးကိုတိုက်ခိုက်နေတယ်ထင်ကာ ဖမ်းဆီးထားလိုက်ပါတယ်ဒါပေမယ့် သူ့မိဘတွေကို လူသားပြန်ပြောင်းဖို ထာဝရအမှောင်တောနက်ထဲက အလင်းရေကန်ဆီကြီးကိုခေါ်သွားရမှာဖြစ်ကြောင်း သိလိုက်တဲ့အခါမင်းသမီး အဲလီယံနဲ့ သားရဲကြီးတွေဖြစ်နေတဲ့ ဘုရင်နဲ့ဘုရင်မတို စွန့်စားခရီးလမ်းစတင်ခဲ့ပါတော့တယ်။

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoon/642
Street Fighter II: The Animated Movie (1994)

၉၀ ခုနှစ်များဆီက ကလေးတိုင်းရဲ့ အသည်းစွဲ ဂိမ်းမြောက်များစွာကို ထုတ်လုပ်ပေးနိုင်ခဲ့တဲ့

Capcom ရဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Street Fighter ဟာလည်း အောင်မြင်ခဲ့တဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။

ဂိမ်းမှာလည်း အောင်မြင်ခဲ့သလို ရုပ်ရှင်တွေ၊ Animation Movie တွေမှာလည်း လူကြိုက်များခဲ့ပါတယ်။

1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Street Fighter II – The World Warrior ဂိမ်းရဲ့ အောင်မြင်မှုကြောင့်ပဲ

Street Fighter II The Movie ဆိုပြီး Animation ရုပ်ရှင်တစ်ကား ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ပရိသတ်အချစ်တော် ဇာတ်ကောင်တွေ ဖြစ်တဲ့ Ryu နဲ့ Ken၊ Chun-Li၊ Guile၊ Fei Long၊ Dhalsim၊ Honda တို့အပြင် Zangief ကိုပါ မြင်တွေ့ခဲ့ရပြီး ငွေကြေးအရလည်းအောင်မြင်ခဲ့ပါတယ်။

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/271
The Swan Princess: A Fairytale Is Born (2023)

ပေါ့ပေါ့ပါးပါးနဲ့ ဘေဘီလေးတွေ သဘောတွေ့စေမဲ့ ကာတွန်းကားအသစ်လေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ယူဘတ်တာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာလယ်သမားတစ်ယောက်နဲ့လက်ထပ်ပြီး အေးချမ်းတဲ့ဘဝလေးမှာ နေထိုင်ခဲ့ပါတယ်။တစ်နေ့မှာတော့ သူနဲ့ ဦးရီးတော် နှစ်ဝမ်းကွဲလောက်တော်တဲ့ ဘုရင်ကြီးက သေဆုံးသွားတော့ သူ့ကို နန်းတင်ပေးခဲ့ပါတယ်။ရိုးရိုးသားသား လယ်သမားမိန်းမ ဘဝကနေ ချက်ချင်း လက်ငင်း ဘုရင်မ ဖြစ်သွားတော့ဘယ်လိုတွေအခက်ခဲတွေကြုံတွေရပြီး လင်မယားနှစ်ယောက်ပေါင်းပြီး ပြဿနာတွေရှင်းကြမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး။

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/258
Resident Evil: Degeneration (2008)

နာမည်ကျော် Resident Evil gamefranchiseကြီးရဲ့ ပထမဆုံး animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းက Umbrella လုပ်ငန်းစုရဲ့ ဗိုင်းရပ်ပိုး‌ကြောင့် တစ်မြို့လုံး ဇွန်ဘီတွေဖြစ်ကုန်တဲ့ ရက်ကွန်းမြို့တော်ကိုအစိုးရက အဏုမြူဗုံးကြဲပြီး မကြာခင်ကာလကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ဗိုင်းရပ်ကပ်‌ဘေး ဖြစ်ပြီးနောက်ဝေလ်ဖာမာဆိုတဲ့ ကုမ္ပဏီက လူတွေနဲ့ သုတေသနလုပ်ပြီးဗိုင်းရပ်ဖြေဆေး ဖော်ထုတ်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့သုတေသနနဲ့ဆိုင်တဲ့ အချက်အလက်တွေကို မြင်သာမှုရှိရှိထုတ်ပြန်တာ မရှိဘဲ ရလဒ်ဆိုးတွေ ထွက်နေတယ်ဆိုတဲ့ ကောလာဟလကြောင့် အပြင်းအထန်ဆန္ဒပြခံ‌နေရတာပဲဖြစ်ပါတယ်။ဆန္ဒပြမှုတွေ အရှိန်တက်လာသလို ဝေလ်ဖာမာကို အဓိကထောက်ပံ့နေသူဆီးနိတ်အမတ်ကလည်း အဲဒီမြို့ကို ရောက်လာတဲ့အချိန်မထင်မှတ်ထားတဲ့ ဇွန်ဘီတိုက်ခိုက်မှုကြီး ကြုံလိုက်ရပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်ရကာ ယူအက်စ်ရဲအထူးအေးဂျင့် လီယွန်က ဒီကိစ္စကိုဖြေရှင်းဖို့ စေလွှတ်ခံလိုက်ရပါတယ်။လီယွန်အနေနဲ့ ဇွန်ဘီတွေကိုတိုက်ခိုက်ဖြေရှင်းရင်း ဇွန်ဘီကပ်ဘေးနောက်ကွယ်က လက်မဲကြီးနဲ့အဖြစ်မှန်ကို ဖော်ထုတ်ဖို့ ဖြစ်လာပါတော့တယ်။

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/246
Paws of Fury: The Legend of Hank (2022)

ဇာတ်လမ်းအကျဉ်းမှာတော့ ကြောင်အမတ်ကြီး အစ်ကချူဟာ ကြောင်ရှိုးဂန်းကြီးကို ဖားဖို့အတွက် နန်းတော်ကြီးတစ်ခု တည်ဆောက်နေပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ကြီးရဲ့ ရှုခင်းမှာ ရှေးဟောင်းကြောင်မြို့လေးတစ်ရွာပိတ်နေလို့ အဲဒီရွာကို ရှင်းပစ်ဖို့ ဘယ်သူမှမသိအောင် ကြောင်နင်ဂျာတွေ လွှတ်ပြီး ဖျက်ဆီးခိုင်းလိုက်ပါတယ်။အဲဒီအတွက် အဲဒီကာကာမူချိုမြို့သားတွေက မြို့ကိုကာကွယ်ပေးဖို့ ရှိုးဂန်းကြောင်ကြီးဆီက ဆာမူရိုင်းတစ်ယောက် တောင်းခံလိုက်ပါတော့တယ်။ ရှိုးဂန်ကြီးက အဲဒီတာဝန်ကို အစ်ကချူကိုပဲ ပြန်ပေးလိုက်တာမို့ အစ်ကချူ ကိုယ့်ရှုးကိုယ်ပတ်ပါတော့တယ်။ဒါပေမဲ့ ကြောင်ယုတ်မာ အစ်ကချူက ဆာမူရိုင်းအရမ်းဖြစ်ချင်လို့ ကြောင်တိုင်းပြည်ကို ခိုးဝင်လာတဲ့ ခွေး ဟန့်ခ်ကို ဖမ်းထားရာကနေလွှတ်၊ ဆာမူရိုင်းဘွဲ့ ချက်ချင်းပေးပြီး ကာကာမူချိုမြို့လေးကို ကာကွယ်ဖို့ တာဝန်ပေးလိုက်ပါတော့တယ်။ရည်ရွယ်ချက်ကတော့ အဲဒီမြို့က ကြောင်တွေက ခွေးကိုမုန်းလို့ ခြောက်ချက်ကုတ်ပြီး သတ်လိုက်ရင် သူက အရေးယူဖို့ပါပဲ။ ဒါပေမဲ့ ကြောင်တွေနဲ့ ခွေးဆာမူရိုင်းတို့ အတွဲညီပြီး သူ့ရဲ့နင်ဂျာတွေကိုပါ ပြန်တိုက်ခိုက်ကြတဲ့အခါ…

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/233
Attack on Titan: The Last Attack

AOTကိုကြည့်ဖူးတဲ့သူတွေအတွက်
ဒီအပိုင်းက ဘာတွေပါမလဲဘာပိုထူးခြားလာလဲကြည့်သင့်လားအစရှိတဲ့မေးခွန်းတွေကိုဖြေရရင်တော့..

ဒီရုပ်ရှင်ဟာ နောက်ဆုံး၂ပိုင်းဖြစ်တဲ့ အပိုင်း၈၈နဲ့၈၉ကိုပေါင်းပြီး ရုပ်ရှင်ရုံအရသာရအောင်ထုတ်ထားတာလို့ပဲရိုးရိုးရှင်းရှင်းပြောရမယ်ထင်တယ်။

ဒါ့အပြင် ဒီရုပ်ရှင်ရဲ့အနှစ်ကစာတန်းထိုးအပြီးမှာပါတဲ့ credit scene ပါပဲစီးရီးရဲ့ဇာတ်သိမ်းကိုမချင့်မရဲဖြစ်ခဲ့တဲ့သူတွေ၊ လွမ်းမောခဲ့ရတဲ့သူတွေအတွက်အကောင်းဆုံးဖြေသိမ့်ပေးထားတယ်ဆိုရင်လည်းမမှားပါဘူး။

ကြည့်သင့်လားဆိုရင်တော့ AOTပရိသတ်ဆိုရင် အလွမ်းပြေကြည့်သင့်ပါတယ်။အပိတ်သီချင်းလေးတွေပါထည့်ပေးထားတော့ လိုက်ပြီးဆိုချင်ဆိုကြည့်ကြပေါ့ဗျာ။ပြီးတော့ ဒီရုပ်ရှင်ဟာ ကမ္ဘာတဝှမ်းက AOTပရိသတ်တွေကို ကျေနပ်မှုပေးနိုင်ခဲ့တဲ့ပုံပါပဲ။

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/305
Dongeng Sang Kancil (2024)

သမင်ငယ်လေးရဲ့ပုံပြင်လို့အဓိပ္ပါယ်ရတဲ့Dongeng Sang Kancil ကာတွန်းကားလေးကတော့မလေးရှား Animation ကားလေးဖြစ်ပါတယ်။ယုန်သမင်ငယ်လေးတစ်ကောင်ဟာ ဘာမှန်းမသိတဲ့အရိပ်မည်းကြီးက မိခင်ကိုသတ်ဖြတ်ခဲ့တာကိုကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးတဲ့နောက် သူကြီးပြင်းလာတဲ့အခါ အမေဖြစ်သူအတွက် လက်စားချေဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။ယုန်သမင်လေးအရွယ်ရောက်လာချိန်မှာတော့သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်နဲ့ တောထဲကသတ္တဝါတွေကိုကူညီပေးလေ့ရှိတာကြောင့် တောတွင်းသတ္တဝါတွေအားကိုးရတဲ့တိရစ္ဆာန်လေးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။ယုန်သမင်ဟာ မြေပြင်၊ ကောင်းကင်နဲ့ရေထဲကအင်အားကြီးသားရဲတွေဖြစ်တဲ့ ဆင်၊ လင်းယုန်နဲ့မိချောင်းကိုတောင် သူ့ရဲ့ဉာဏ်ပညာနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ယုန်သမင်ဟာ သူ့အမေကိုသတ်ခဲ့တဲ့အရိပ်မည်းကိုရှာပုံတော်ထွက်တဲ့ခရီးမှာ အားနည်းတဲ့ယုန်သမင်လေးတစ်ကောင်ဖြစ်သော်ငြားလည်း သူ့ဉာဏ်ရည်ကိုသုံးပြီးအင်အားကြီးတဲ့သားရဲတွေနဲ့ တောတွင်းသတ္တဝါတွေနဲ့အကူအညီကိုရအောင်ယူရင်း ကြောက်စရာကောင်းတဲ့သားရဲကြီးတစ်ကောင်ဖြစ်တဲ့အရိပ်မည်းကိုအနိုင်ပြခဲ့ပုံကိုကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/295
Weathering With You (2019)

မိုရီရှိမာ ဟိုဒါကာ(Morishima Hodaka) ဆိုတာက သူနေတဲ့ ကျွန်းမြို့လေးကနေ တိုကျိုမြို့ကြီးဆီကို ထွက်ပြေးလာတဲ့ ၁၆ နှစ်အရွယ်အိမ်ပြေးကောင်လေးတစ်ယောက်အာမာနို ဟီနာ(Amano Hina) ကတော့ တိုကျိုမြို့ကြီးမှာ အချိန်ပိုင်းအလုပ်လုပ်ပြီး ဘဝကို ထိန်းကျောင်းနေတဲ့ကောင်မလေးတိုကျိုမြို့ကြီးမှာ အသက်မပြည့်တဲ့ကလေးတွေအတွက် အလုပ်ရဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်…ဒီတော့ ဟိုဒါကာ အနေနဲ့ တိုကျိုမြို့ကြီးမှာ ဒုက္ခပင်လယ်ဝေပြီး အခက်ကြုံတော့တာပေါ့ဒါပေမဲ့ တစ်နေ့မှာ ဟီနာဆိုတဲ့ ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့အပြီးမှာတော့…အခု ပရိတ်သတ်ကြီး ခံစားကြည့်ရှုရမယ့် “Weathering with you” ဆိုတဲ့ ဇာတ်လမ်းကြီး စတင်ပါတော့တယ်….ရုပ်ရှင်တစ်ကားလုံး စိုစွတ်တဲ့ခံစားချက်တွေရလောက်အောင် ရိုက်ပြထားတယ်အေးချမ်းတဲ့ မိုးရာသီကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ တကယ်ဖီးလ်လို့ကောင်းတဲ့ဇာတ်ကားပေါ့အခုချိန်ကလည်း မိုးတွင်းရောက်နေပြီဆိုတော့ မိုးရွာနေတဲ့အချိန် ကော်ဖီလေးတစ်ခွက်နဲ့ ဒီကားလေးကြည့်နေရရင် Perfect ပါပဲ။

ဇာတ်ကားကြည့်ရန်👇


https://t.me/mxtcartoonnn/268
The Iron Giant (1999)

ဒီနေ့အတွက် IMDb rating 8.0/10 ရရှိထားတဲ့ Animation ကားလေး တင်ပေးလိုက်ပါတယ်။အချိန်ကာလက စစ်အေးကာလ အမေရိကန်နဲ့ ဆိုဗီယက်တို့ အပြင်းအထန် အားပြိုင်နေချိန်ပေါ့။ အဲ့လိုအချိန်မှာ ဆိုဗီယက်က ကမ္ဘာ့ပထမဆုံး ဂြိုဟ်ထုဖြစ်တဲ့ Sputnik I ကြီးလွှင့်လိုက်တော့ အမေရိကန်မှာဆိုဗီယက် ကျူးကျော်စစ်တို့၊ ကောင်းကင်ကကျလာမယ့် ဆိုဗီယက် စစ်လက်နက်တွေတို့ အကြောင်း တွေးရင်း ပြောရင်း အရမ်း Paranoid ဖြစ်နေချိန်ပေါ့။အဲ့လိုအချိန်မှာ Hogarth Hughes လိုခေါ်တဲ့ ၁၂ နှစ်အရွယ်လောက်ကောင်လေး ဟာ သူ့အမေ Annie နဲ့ အမေရိကန်ကကမ်းရိုးတန်း နယ်စွန်နယ်ဖျား မြို့လေးရဲ့ အစပ်မှာ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ Annie ဟာ အလုပ်ကနေ အိမ်ပြန်တာနောက်ကျမှာဖြစ်လို့Hogarth တစ်ယောက်ထဲ အိမ်မှာ ရှိနေချိန် တီဗွီအင်တင်နာကို တစ်ခုတစ်ခုက ချိုးယူသွားတဲ့အခါ ဇာတ်လမ်းစတော့ တာပါပဲ။ သတ္တိရှိပြီး စူးစမ်းစိတ်အပြည့်ရှိတဲ့ Hogarth လေးဟာ တောထဲအထိ သူ့ အင်တင်နာချိုးသွားတဲ့ အရာကိုလိုက်ရှာရာမှာတော့ ပေ ၁၀၀ ခန့်မြင့်တဲ့ သံမဏိ စက်ရုပ်ကြီးဟာ သူ့အင်တန်နာကို စားသွားတာဖြစ်ကြောင့် အံ့သြဖွယ်ရာ သိရှိ လိုက်တဲ့ အခါမှာတော့...

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/255
Doraemon: Nobita and the Legend of the Sun King (2000)

ကျောင်းကပွဲအတွက် နိုဘီတတို့သူငယ်ချင်းတွေ လေ့ကျင့်နေကြတဲ့အချိန်မှာ ခံစားချက်ထည့်လို့ကောင်းဖို့ ဒိုရေမွန်က ဇာတ်ခုံအပြင်အဆင်တွေကို တကယ့်အစစ်အတိုင်း သူ့အိတ်ကပ်ထဲက စက်တစ်ခုကိုသုံးကာ ပြင်ပေးထားပါတယ်။ပြဇာတ်လေ့ကျင့်ပြီးလို့ နားနေကြတုန်းမှာ ကျိုင်းယန့်က အဲဒီစက်ကို လုယူသွားလို့ ဒိုရေမွန်တို့ စက်ကိုပြန်ယူဖို့ အချိန်ပေါက်စက်ကို သုံးရပါတော့တယ်။ အချိန်ပေါက်စက်နဲ့ ကျိုင်းယန့်အိပ်ခန်းထဲကို ညအချိန်ပြောင်းပြီး ဝင်ယူဖို့လုပ်ပေမယ့် နိုဘီတကြောင့် ကျိုင်းယန့်နိုးသွားပြီး မအောင်မြင်ခဲ့ပါဘူး။ဒါ့အပြင် မထင်မှတ်ဘဲ အချိန်ပေါက်စက်ပါ ပျက်စီးသွားပါတော့တယ်။ အချိန်‌ပေါက်စက်က ချို့ယွင်းသွားပြီး မာရာနာတိုင်းပြည်လို့ခေါ်တဲ့ နေရာတစ်ခုနဲ့ သွားချိတ်ဆက်နေမိတာပါ။ ဒီလိုနဲ့ နိုဘီတနဲ့ဒိုရေမွန်တို့ ဝင်ကြည့်မိရင်း ကြုံတွေ့ရမယ့် စွန့်စားခန်းတွေကတော့…

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/243
Batman Ninja vs. Yakuza League (2025)
 
DC ရဲ့ 2025 မှာ ကြည့်စရာ Batman Anime ရုပ်ရှင်ထွက်လာပါပြီ။

Anime စတိုင် Artwork အလန်းစားတွေနဲ့ Batman ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။

Bat Family , Justice League , ဘတ်မန်းရဲ့ ဗီလိန်ကြီး Ras al Ghul တို့ကိုအားလုံးကို Costume ဒီဇိုင်းအလန်းစား Fight Scene ခပ်လန်းလန်းတွေနဲ့ ‌မြင်ရမှာဖြစ်ပါတယ်။

DC ကထုတ်တဲ့ animated movie တွေဆိုရင် အတော်လေးအားစိုက်ထားတာကို ကြည့်တာနဲ့သိသာပါတယ်။

ယာကူဇာလိဂ်အဖွဲ့နဲ့ Bat family ရင်ဆိုင်ကြတဲ့ အလန်းစား Animated ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/234
TikTok, Facebook, Instagram, Youtube, Telegram, X စတဲ့ social app တွေရဲ့

Like , View , Comment , Follower စတာတွေကို boosting လုပ်ဖို့ သင်တန်းလေးလက်ခံနေပါပြီရှင့်။

ဒါ့အပြင် website ထဲမှာ Telegram premium, Telegram star, Canva pro, Capcut pro စတာတွေလဲပါဝင်ပါသေးတယ်။

ပြန်ပဲ boost ရောင်းချင်တာပဲဖြစ်ဖြစ် ကိုယ်တိုင် boost ချင်တာပဲဖြစ်ဖြစ် စျေးတန်တန်နဲ့ boosting classလေး လာတက်လို့ ရပြီနော်

Boosting class fee - 6000 ks📌

ခုချိန်မှာ 6 ထောင်ရင်းပီး အမြတ်တွေများကြီးရှာနိုင်ပါတယ် ဘာလို့ဆို social Boosting တွေက အရမ်းကိုလူတွေအသုံးများလာကြလို့ပါနော်

____

ဒါ့အပြင် MLBB Dia ဖြည့်နည်း class လေးလဲလာတတ်လို့ရပါတယ်

Dia ကိုယ်တိုင်ဖြည့်တတ်သွားပြီဆိုရင် တခြားမှာဝယ်တာထက် 3ပုံ 1ပုံသက်သာပါတယ်နော်

Dia Class fee - 10000 ks📌

သင်တန်းစုံစမ်းလိုပါက -
@imnotfeifei
Marcel the Shell with Shoes On (2021)

မနှစ်ကရုံတင်တာဆိုပေမဲ့ ဒီနှစ်မှပဲ ဒစ်ဂျစ်တယ်ကော်ပီထွက်လာပါတယ်။ A24 vibe အပြည့်နဲ့ကားပါပဲ။ ပိုစတာပဲကြည့်လေ… ခရုခွံက အပေါက်နေရာမှာ မျက်လုံးတစ်လုံးတပ် ဖိနပ်ကြီးစီးထားတာပါ။ ဒီကောင့်နာမည်က မာဆယ်ပါ။ ဒီပုံစံလောက်နဲ့တော့ ရုတ်တရက်ဆို ချစ်ဖို့ကောင်းချင်မှ ကောင်းမှာပေမဲ့ ကားထဲက သူ့အပြုအမူတွေ စကားတွေနဲ့ ပေါင်းလိုက်ရင်‌တော့ တော်တော်ချစ်ဖို့ကောင်းပါတယ်။ Mockumentary ကား ပီပီသသ ရယ်လည်းရယ်ရသလို သရော်တာတွေက ဂွလည်းကျပါတယ်။ IMDb – 8.1/10, Rotten Tomatoes – 99% ရထားတဲ့ကားဆိုတော့ မကောင်းမှာ ပူစရာမရှိသလို ချစ်စရာကောင်းတဲ့ ရုပ်ရှင်ပါပဲ။

ဇာတ်ကားကြည့်ရန်
👇

https://t.me/mxtcartoonnn/291
Storm Crashers (2024)

စပိန်စကားပြော ကာတွန်းကောင်းလေးတစ်ခုဖြစ်ပါတယ်။လာမန်ချာ ဆိုတဲ့ ရွာကလေးမှာ ကီဟိုတီမိသားစုနဲ့ ပန်ဆာဆိုတဲ့မိသားစုနှစ်စုတို့လည်း နေထိုင်ကြလေတယ်။အဲဒီမိသားစုနှစ်စုကတော့အကြောင်းအရင်းအမျိုးမျိုးကြောင့်တစ်ယောက်နဲ့ တစ်ယောက်မတည့်ကြပါဘူး။ဒါပေမဲ့ အယ်ဖွန်ဆိုကီဟိုတီ နဲ့ ပွန်ချိုပန်ဆာ ဆိုတဲ့ကောင်လေးနှစ်ယောက်ကတော့ မိဘတွေမတည့်ကြသည့်တိုင်အောင် အချစ်ဆုံးသူငယ်ချင်းအဖြစ် တစ်ယောက်နဲ့တစ်ယောက်သတ်မှတ်ထားကြပါတယ်။လာမန်ချာရွာလေးဟာနှစ်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းခုနှစ်တွေမှာတော့ မုန်တိုင်းကြီးတွေ တစ်လုံးပြီးတစ်လုံးတိုက်ခိုက်တဲ့အတွက် ကျေးရွာနေသူတွေ ပြောင်းရွှေ့ကြဖို့ ဖြစ်လာခဲ့တာပေါ့။ဒါပေမဲ့လည်း စိတ်ကူးယဥ်ဆန်ပြီး စိတ်ကူးကောင်းတဲ့အယ်ဖွန်ဆိုလေးဟာ မုန်တိုင်းကြီးကို နှိမ်နင်းပြီး ရွာကိုကယ်တင်မယ်ဆိုပြီးဆုံးဖြတ်ချက်ချကာ သူငယ်ချင်းဖြစ်သူပွန်ချိုနဲ့ ဗစ်တိုးရီးယားတို့နဲ့အတူ သုံးယောက်သားမုန်တိုင်းကြီးကို နှိမ်နင်းဖို့ ရွာပြင်ကို ခရီးထွက်လာခဲ့ပါတော့တယ်။သူငယ်ချင်းသုံး‌ယောက် ဘယ်လို အခက်အခဲတွေဖြတ်ကျော်ရမလဲ…

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/265
Cinderella the Cat (2017)

ဒီတစ်​ခါမှာ​တော့ ကာတွန်းကားချစ်​တဲ့ပရိတ်​သတ်​တွေအတွက်​

Cinderella the Cat ဆိုတဲ့ ကာတွန်းကား​လေးကိုတင်​ဆက်​ပေးလိုက်​ပါတယ်​။

ဒီဇာတ်​ကား​လေးက​တော့​အောင်​မြင်​ကျော်​ကြားခဲ့တဲ့ စင်​ဒရဲလားနဲ့​ရွှေဖိနပ်​ပုံပြင်​လေးကို

အ​ခြေခံပြီး ဇာတ်​ကွက်​အသစ်​တွေနဲ့ ပြန်​လည်​တင်​ဆက်​ထားတဲ့အီတလီကာတွန်းဇာတ်​ကား​လေးပဲဖြစ်​ပါတယ်​။

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/252
Batman Ninja (2018)

Batman ဟာ Gotham မြို့မှာ Gorila Grodd ကိုတိုက်ခိုက်နေပါတယ်။ ထိုအချိန်မှာ Grodd ရဲ့ အချိန်ယန္တရားအသက်ဝင်သွားတာကြောင့် ထိုအနီးအနားတစ်ဝိုက်မှာရှိတဲ့လူတွေအားလုံး ဂျပန်ပဒေသရာဇ်ခေတ်ကိုရောက်သွားကြပါတယ်။Batman ဂျပန်ပဒေသရာဇ်ခေတ်ကို ရောက်ရောက်ချင်းမှာပဲ ဆာမူရိုင်းတွေလိုက်ဖမ်းခြင်းကိုခံရကြောင့် ထွက်ပြေးရင်း တောထဲအရောက်မှာ Selina Kyle aka Catwoman နဲ့တွေ့ပါတော့တယ်။Selina Kyle အကြောင်းစုံရှင်းပြတဲ့အခါမှာ Batman ဟာ ဂျပန်ပဒေသရာဇ်ခေတ်ကို သူများတွေထက် ၂နှစ်ကြာနောက်ကျပြီးမှ ရောက်ခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။သူရောက်သွားတဲ့အချိန်မှာပဲ Time Jump နဲ့အတူ ပါလာတဲ့ Gotham ရဲ့ Villainတွေဖြစ်တဲ့Joker,Penguin,Two Faces,Deathstroke,Poison Ivyတို့ဟာပိုင်ဆိုင်ရာနယ်မြေအသီးသီးဆီမှာအုပ်ချုပ်နေပြီးတော့Groddတစ်ကောင်ကတော့အချိန်ယန္တရားနဲ့အတူပျောက်နေပါတယ်။ထိုခေတ်ကနေ ထွက်နိုင်မယ့်တစ်ခုတည်းသောသော့ချက်ဖြစ်တဲ့အချိန်ယန္တရားကိုBatmanတစ်ယောက်ရှာဖွေရင်း ဘယ်လိုအခက်အခဲတွေတွေ့ရမလဲဆိုတာတော့ကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက်ကြပါ။

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/239
Scarygirl (2023)

ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ဂြိုဟ်တစ်ခုပေါ်က အလင်းမြို့တော်ဆိုတဲ့ မြို့မှာ Doctor Maybeeဆိုတဲ့သိပ္ပံပညာရှင်တစ်ဦးရှိပါတယ်။ သူဟာအဲ့ဂြိုဟ်ရဲ့ နေလုံးကနေစွမ်းအားတွေစုပ်ယူပြီးစမ်းသပ်ချက်တွေပြုလုပ်နေသူပါ။ ဒါ့အပြင် အဲ့ဂြိုဟ်မှာအရမ်းရှားတဲ့ရေဘဝဲတွေကိုလည်း ကြေးစားတွေငှားပြီးရှာဖမ်းခိုင်းထားပါသေးတယ်။တစ်ဖက်က အလင်းမြို့တော်နဲ့ဝေးတဲ့ နေရာမှာတော့ ဘလစ်စတာဆိုတဲ့ရေဘဝဲကြီးရှိပြီးနေရောင်ခြည်စွမ်းအင်လျော့ကျလာတာကြောင့် သေဆုံးကုန်ကြတဲ့အပင်တွေကိုသူ့အစွမ်းနဲ့ပြန်လည်ရှင်သန်အောင်ကူညီပေးနေသူပါ။ သူ့မှာ အာကီ လို့ခေါ်တဲ့သမီးလေးတစ်ယောက်ရှိပြီး အာကီက စက်တွေတီထွင်ရတာကိုဝါသနာပါသူဖြစ်ပါတယ်။တစ်နေ့မှာတော့ အလောင်းကစားတွေလုပ်တာကြောင့် အကြွေးတွေဝိုင်းနေလို့ရေဘဝဲလာရှာတဲ့ ဘန်နီဂုရု နဲ့ ဥ တို့နှစ်ယောက်ရယ် အာကီရယ်ဆုံမိကြပြီးအလင်းမြို့တော်ကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။Australia ကရိုက်တဲ့ကားမို့Australian accent ကိုလေ့လာချင်တဲ့သူတွေလည်းကြည့်သင့်တဲ့ကာတွန်းလေးပါ။

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoon/634
Monkey King Reborn (2021)

ဒီဇာတ်ကားကတော့ ဝူခုန်းတို့ ဆရာတပည့်တွေ ခရီးလမ်းတစ်ဝက်မှာ ဘုရားကျောင်းတစ်ကျောင်းကို ဝင်ရောက်နားခိုပြီး အသီးစားသုံးရာကနေ စတင်ဖြစ်ပွားတဲ့အကြောင်းလေးဖြစ်ပါတယ်။ဝူခုန်းတို့ ညီအကို ၃ယောက် ဘုရားကျောင်းကအသီးကိုခိုးစားရာမှ နတ်ဆိုးတွေမကောင်းဆိုးဝါးတွေရဲ့ခေါင်းဆောင်ဖြစ်သူ နှစ်ပေါင်းထောင်ချီအောင် ထိန်းချုပ်ပြီးအိပ်စက်နေတဲ့ ယွမ်တိနတ်ဆိုးကြီးကို မထင်မှတ်ပဲ ကျိန်စာတွေကြားမှလွတ်မြောက်ပေးခဲ့မိပါတယ်။ယွမ်တနတ်ဆိုးက နတ်ဆိုးနာမည်အတိုင်း လောဘစိတ်တွေနဲ့ လူ နတ် ငရဲဆိုတဲ့ ဘုံ၃ဘုံလုံးကို သူပဲခေါင်းဆောင်လုပ်ချင်တဲ့စိတ်နဲ့ အုပ်ချုပ်သွားဖို့ကြံစည်ရာကနေဝူခုန်းတို့ရဲ့ ဆရာဖြစ်သူကိုဖမ်းသွားပါတယ်၃ရက်အတွင်းမကယ်နိုင်ရင် ယွမ်တိနတ်ဆိုးရဲ့ လွမ်းမိုးမှူအောက်မှာပဲနေရတော့မှာဖြစ်ပါတယ်။ဆရာဖြစ်သူကို ၃ရက်အတွင်း ကယ်ဖို့စီစဉ်နေချိန်မှာပဲ ဝူခုန်းတို့ ညီအကို ၃ယောက်က မထင်မှတ်ပဲ သူငယ်ချင်းလေးတစ်ယောက်ရသွားပါတယ်။အဲ့သူငယ်ချင်းက ဘယ်သူဖြစ်မလဲ?‌နောက်ဆုံးမှာ ဆရာတော်ကိုကယ်နိုင်မှာလား?သတ်မှတ်ထားတဲ့အချိန် ၃ရက်အတွင်းမှာ နတ်ဆိုးကြီးကို နိမ့်နင်းနိုင်ခဲ့လားဆိုတာ

ဇာတ်ကားကြည့်ရန်
👇

https://t.me/mxtcartoonnn/273
Solo Leveling Season 2 Episode 13 ဇာတ်သိမ်းပိုင်း ရပါပြီ။

Episode - 13👇
https://t.me/mxtani/213

Link Collection👇
https://t.me/mxtani/130
Resident Evil: Damnation (2012)

ဒီဇာတ်ကားကတော့ ပထမ Resident Evil animationရဲ့ဒုတိယကားဖြစ်ပြီး Degeneration အပြီးနဲ့ တိုက်ရိုက်ကိုချိတ်ဆက်ထားတာဖြစ်ပါတယ်။ဟားဗတ်ဗေးလ်ဖြစ်ရပ်အပြီး ခွင့်နဲ့အနားယူနေတဲ့ လီယွန်တစ်ယောက် အစိုးရရဲ့အထူးဆင့်ခေါ်မှုနဲ့ အရှေ့ဆလဗ်သမ္မတနိုင်ငံကို မစ်ရှင်သွားရဖို့ ဖြစ်လာပါတယ်။ဆလဗ်နိုင်ငံဆိုတာ ဆိုဗီယက်ပြည်ထောင်စုကနေ ကွဲထွက်လာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် UNနဲ့ EUတို့ရဲ့အသိအမှတ်ပြုတာကို လိုချင်‌နေတဲ့ နိုင်ငံငယ်တစ်ခုပါ။ဒါပေမဲ့ ခွဲထွက်ပြီး လွတ်လပ်ရေးယူထားတဲ့ နိုင်ငံငယ်တို့ထုံးစံအတိုင်း အာဏာလုပွဲနဲ့ ပြည်တွင်းစစ်ပွဲတွေ ကပ်ပါလာခဲ့ပါတယ်။အဲဒီလို ပြည်တွင်းစစ်ဖြစ်နေတဲ့ အစိုးရနဲ့ သူပုန်တွေကြားဇီဝလက်နက်‌ ခေါ် ဗိုင်းရပ်ကူးစက်ခံသတ္တဝါဆန်းတွေကိုလက်နက်အဖြစ် အသုံးချနေတယ်ဆိုတဲ့ သတင်းကြောင့်ဒီအပိုင်းမှာ အထူးကျွမ်းကျင်တဲ့ လီယွန်အနေနဲ့ လျှို့ဝှက်စုံစမ်းစစ်ဆင်ရေးတစ်ခုကို လုပ်ဖို့ဖြစ်လာရင်း အဆိုပါသတ္တဝါကြီးတွေ၊ အဲဒါတို့ကို ထိန်းချုပ်ထားတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/249
The Glassworker (2024)

အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုပေမဲ့ အချစ်နဲ့ စစ်နဲ့ရောလာတဲ့အခါမှာတော့ ချစ်ရသူနဲ့ ကွေကွင်းရဖို့ကသေချာလာပါတော့တယ်။ စစ်ပွဲတွေကဘယ်တော့မှမကောင်းဘူးဆိုတဲ့ စစ်ဆန့်ကျင့်ရေးဝါဒကြောင့်မြို့ထဲက အတော်ဆုံး ဖန်လုပ်သမား သားအဖဖြစ်တဲ့ ဗင်းဆင့်တို သားအဖဟာ လူတိုင်းဖယ်ကျဉ်တာကိုခံရတဲ့ မိသားစုဖြစ်နေပါတယ်။ ဒီဇာတ်လမ်းက ထူးထူးခြားခြား ပါကစ္စတန် အန်နီမေးရှင်းဇာတ်ကားလေးပါ။ဝေဖန်သူတွေကြားမှာလည်းအန်နီမေးရှင်းစတိုင်ကောင်းတာရယ် ဇာတ်လမ်းအသွားအလာရယ်ကြောင့်နာမည်ကောင်းတော်တော်လေး ရထားပါတယ်။စစ်ကာလအတွင်းမှာဗိုလ်ချုပ်ကြီး ရဲ့သမီးလေးတစ်ယောက်ကို မှ ချစ်ကျွမ်းဝင်မိတဲ့စစ်ဆန့်ကျင်ရေး ဝါဒီ တစ်ယောက်ရဲ့ သားကတော့ စစ်ထောက်ခံတဲ့လူတွေကြားမှာမျက်နှာပန်းမလှခဲ့ပါဘူး။ ဒီဇာတ်လမ်းက Anti – War ဖြစ်နေပြီးတော့တစ်နည်းနည်းနဲ့ပဲ အချစ်ဇာတ်လမ်းလည်း ဖြစ်နေပါတယ်။ စစ်ကာလမှာ ဖန်လုပ်သားဖြစ်တဲ့ဗင်းဆင့်တိုသားအဖကဘယ်လိုရုန်းကန်ရမလဲ ဘယ်လို ကံကြမ္မာဆိုး‌တွေဝင်လာပြီးတော့ဗင်းဆန့်ရဲ့ အချစ်ရေးကရော စစ်ကြီးအတွင်းမှာ သူကိုယ်တိုင်လုပ်ထားတဲ့ ဖန်ထည်တွေလိုလှပ ပါ့မလားဆိုတာကို ဒီ ဇာတ်လမ်းလေးထဲမှာ ကြည့်စေချင်ပါတယ်။

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/237
Көрсетілген 1 - 22 арасынан 22
Көбірек мүмкіндіктерді ашу үшін кіріңіз.