Holidate (2020)
နှုတ်ခမ်းနီမလေးတွေအတွက် ခန့်ချောကြီး Lucke Bracey နဲ့ ညီအစ်တွေအတွက်ကတော့ Emma Robert တို့ရဲ့ မျက်နှာလေးနဲ့တင်ကို အတော်တန်နေတဲ့ ဇာတ်ကားပါပဲ။မင်းသား၊ မင်းသမီးနဲ့ ဂျင်းထည့်တဲ့ကားတော့မဟုတ်တာ အာမခံပါတယ်။
အားလပ်ရက်တိုင်းမှာ အမြဲတမ်းတစ်ကိုယ်တည်းဖြစ်နေလို့ တစ်အိမ်လုံးက သူ့ရဲ့အချစ်ရေးကိုပါ လိုက်ဂရုစိုက်ပေးနေရတဲ့ Sloane တစ်ယောက် ခရစ္စမတ်မှာတော့ ထူးထူးခြားခြား ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့တယ်… တစ်ဖက်ကောင်လေးဟာလည်း ဘာတွေအဆင်မပြေဖြစ်လာတယ်မသိ…
သူတို့(၂)ယောက်စဆုံးခြင်းဟာ ဘုနဲ့ဘောက်ပါပဲ…အချိုးမပြေတဲ့သူတွေအဖြစ် တစ်ယောက်ကိုတစ်ယောက်အသိအမှတ်ပြုသွားကြတယ်…အချစ်ကားလေးတွေမှာ ဘုဘောက်ကျရင်း အဆင်ပြေသွားတဲ့ဇာတ်လမ်းအမိုက်စားတွေကို သဘောကျတဲ့သူတွေအဖို့တကယ်ကိုကြည့်လို့ကောင်းပါတယ်.. ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားလိုက်ကြပါဉီးဗျို့