လျှပ်စစ်မီးအခြေအနေ သတိပေးချက်
ယခု ဖြစ်ပေါ်သွားသော ငလျင် နောက်ဆက်တွဲ အခြေအနေအရ မီးပြန်ရရှိနိုင်မှု အခြေအနေအား ဦးဟန်ဇော် (GM) , ဦးဇော်ထက်အောင် (AGM) YESC တို့အား စုံစမ်းမေးမြန်း ကြည့်ရာ အောက်ပါ အတိုင်းပြန်လည်ဖြေကြားခဲ့ပါသည်။
(၁) မဟာ ဓာတ်အားလိုင်း မှ ရန်ကုန် Station သို့ မီးအဝင် မရှိတော့ပါ။
(၂) ရဲရွာဆည် ပျက်ဆီးမှု နှင့် ဓာတ်အား စက်ရုံများ ပျက်ဆီးမှု အတိုင်းအတာ မသိရှိရသေး၍ မည့်သည့် အချိန် မီးပြန်လည်ရှိမည်အား အတိအကျ ပြော၍ မရနိုင်ကြောင်း။
(၃) ရန်ကုန် တိုင်းအနေဖြင့် အသေးစား ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိသော မီဂါဝပ် ၃၀၀ မှာ အရေးကြီး VIP များသာ ပေးနိူင်မည်ဖြစ်ပြီး ကျန် Public များ အတွက် မီးပေးနိုင်ခြင်း ရှိမှာ မဟုတ်ကြောင်း။
(၄) ၎င်း တို့ YESC ဌာနများ အတွက် မီးရရှိရေးအတွက်ပါ မီးစက်များ ပြင်ဆင်နေကြောင်း။
သို့ဖြစ်ပါ၍ မဟာဓာတ်အားလိုင်း ပြန်ရရှိနိုင်မှုမှာ မည့်သည် အချိန်တွင် ရရှိမည် မသေချာ မရေရာ ပါသဖြင့် ကြိုတင်ပြင်ဆင် နိုင်ရေး တင်ပြအပ်ပါသည် ခင်ဗျာ။
မိတ်ဆွေများကို ပြန်လည်မျှဝေခြင်းဖြင့် ကူညီပါ