MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း
၂၀. ၂. ၂၀၂၅
တင်ဆက်/တည်းဖြတ် MT News
ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့
◾️ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်မှု ၉ ကြိမ်နဲ့ ဖောက်ခွဲမှု ၂ ကြိမ် ကျူးလွန်ထားတဲ့ MDY PDF ၆ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိတဲ့သတင်း
◾️ ညှိနှိင်းမှု အဆင်မပြေတဲ့ TNLA ရဲစခန်းနဲ့ ဆေးရုံကို ဗုံးကြဲခံရလို့ နောင်ချိုမှာ သုံးယောက်သေတဲ့သတင်း
◾️ ဗဟန်းမြို့နယ်က ဂျပန်စားသောက်ဆိုင် ဝန်ထမ်းတစ်ဦးကို ဓားနဲ့ထိုးသတ်သွားသူ ၆ ဦးကို ဖမ်းမိပြီဆိုတဲ့သတင်း
◾️ ကာရာအိုကေမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီး ခြောက်ဦးနဲ့ ထိုင်းနိုင်ငံသား အလုပ်ရှင်နှစ်ဦးကို ထိုင်းရဲဖမ်းဆီးတဲ့သတင်း
◾️ ရွှေဘိုမြိုနယ်၊ ပန်းရံကျေးရွာမှာ ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပနေချိန် PDF က Drop Bomb ချတိုက်ခိုက်လို့ ကလေးငယ်တစ်ဦး သေဆုံးပြီး အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရတဲ့သတင်း
◾️ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ယူကရိန်းသမ္မတ ဇယ်လန်စကီးကို အာဏာရှင်တစ်ဦးအဖြစ် ပြောကြားတဲ့သတင်း
◾️ နိုင်ငံပိုင်သယံဇာတတွေကို မတော်လောဘနဲ့ ဥပဒေမဲ့ခိုးထုတ်ကာ အကြမ်းဖက်နဲ့ လက်နက်ကိုင်သောင်းကျန်းမှုတွေကို ထောက်ပံ့နေမှုကို တိုက်ဖျက်သွားမယ်လို့ သတိပေးတဲ့သတင်း
◾️ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ယာယီနေရပ်စွန့်ခွာသူဦးရေ ၆၉၄,၀၀၀ ကျော်အတွက် ကျပ် ၁၃ ဘီလျံကျော် ထောက်ပံ့ပေးခဲ့တဲ့သတင်း
◾️ ဒီနေ့ မနက်က ရမည်းသင်း-မန္တလေးကားဂိတ်မှာ မိန်းခုံရှော့ခ်ဖြစ်လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် နေအိမ် (၆) လုံးနဲ့ မီနီအိုးဝေ (၁) စီး ပျက်စီးဆုံးရှုံးခဲ့တဲ့သတင်း
◾️ သာကေတမှာ လည်ပင်းလှီးဖြတ်ခံရတဲ့ ဒဏ်ရာနဲ့ အမျိုးသားတစ်ဦး လမ်းဘေးလဲကျနေမှုဖြစ်ပွားတဲ့သတင်းနဲ့
◾️ ကျပ်သိန်းထောင်ချီတန် ရတနာပုံခေတ်လက်ရာ ရှေးဟောင်း လျောင်းတော်မူကျောက်သားဆင်းတုတော်ကို ခိုးယူတဲ့အဖွဲ့ကို ဖမ်းမိပြီဆိုတဲ့ သတင်းတို့ကို တင်ဆက်ပေးသွားမှာဖြစ်ပြီး
MT News သတင်းဌာနရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။
#ပွင့်လင်းမြန်မာ #mtnews_entertainment #mtnews #myanmar_transparency_news #MT #myanmar_transparency_news