10.05.202510:35
ရန်ကုန်မြို့ရှိ တရုတ်သံရုံးနှင့် မြန်မာ-တရုတ်(ကျန်းစု)ကုန်သည်များအသင်းက ငလျင်ဒဏ်သင့်ဝန်ထမ်းများအတွက် လူသုံးကုန်ပစ္စည်းများလှူဒါန်း
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာ-တရုတ်(ကျန်းစု)ကုန်သည်များအသင်းတို့ပူးပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် လူသုံးကုန်ပစ္စည်းများကို မေ ၉ ရက်ကလှူဒါန်းပေးခဲ့ကြသည်။
အဆိုပါ လူသုံးကုန်ပစ္စည်းများလှူဒါန်းပွဲသို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်တက်ရောက်၍ မိမိတို့ဝန်ကြီးဌာနရှိ ငလျင်ဒဏ်သင့်ဝန် ထမ်းများအတွက်လိုအပ်လျက်ရှိသော လူသုံးကုန် ပစ္စည်းများလာရောက်လှူဒါန်းခြင်းအတွက် ကျေးဇူး တင်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာ-တရုတ်(ကျန်းစု)ကုန်သည်များအသင်းတို့လှူ ဒါန်းသည့် လျှပ်စစ်ရေနွေးအိုး၊ လေအေးပေးပန်ကာ၊ ဆိုလာမီးလုံး၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်တို့ကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြသည်။

10.05.202507:02
ပြည်တွင်း/ပြည်ပခရီးသွားများ ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်လေ့လာကြည့်ရှုခြင်းဖြင့် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားရရှိစေနိုင်
ပြည်တွင်း/ပြည်ပခရီးသွားများအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများသို့သွားရောက်လေ့လာကြည့်ရှုပါက ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားရရှိစေနိုင်မည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ မန္တလေးငလျင်ကြီးအပြီး မြန်မာနိုင်ငံရှိ ခရီးစဥ်ဒေသများသို့သွားရောက်လည်ပတ်နိုင်မှုအတွက် ခရီးသွားအကြံပြုချက်(၁/၂ဝ၂၅)အဖြစ် မေ ၈ ရက်က အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တိုင်း/ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်တွင်း/ပြည်ပမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ယင်းဒေသများ၌ ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးမှုမရှိသော ဟိုတယ်များ၊ ခရီးသွားအေဂျင်စီများ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာအသင်းအဖွဲ့များအနေဖြင့်လည်း
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ပြည်တွင်း-ပြည်ပခရီးသွား/

10.05.202504:21
နာဇီဝါဒ၊ ရုရှားမုန်းတီးရေးဝါဒနှင့် ဂျူးမုန်းတီးရေးဝါဒတို့ကို ဆက်လက်ဆန့်ကျင်မည်ဟု ပူတင်ဆို
ရုရှားနိုင်ငံသည် နာဇီဝါဒ၊ ရုရှားမုန်းတီးရေးဝါဒနှင့် ဂျူးမုန်းတီးရေးဝါဒတို့ကို မယိမ်းယိုင်ဘဲ အမြဲဆန့်ကျင်တားဆီးနေမည်ဖြစ်ကာ ယင်းတို့ကို ဆက်လက်တို-က်ပွဲဝင်သွားမည်ဖြစ်ကြောင်း သမ္မတဗလာဒီမာပူတင်က မော်စကိုတွင်ပြုလုပ်သည့် နှစ်ပတ်လည် စစ်ရေးပြအခမ်းအနားမိန့်ခွန်းတွင် ပြောကြားလိုက်သည်။ ယခုနှစ်၏ စစ်ရေးပြအခမ်းအနားသည် ဒုတိယကမ္ဘာစစ်တွင် နာဇီဂျာမနီတို့ အပေါ် ဆိုဗီယက်တို့ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အထိမ်းအမှတ်ဖြစ်သည်။
“ရုရှားဟာ နာဇီဝါဒ၊ ရုရှား မုန်းတီးရေးဝါဒနဲ့ ဂျူးမုန်းတီးရေးဝါဒတို့အတွက် တွန်းလှန်လို့မရတဲ့ အတားအဆီးတစ်ခုအဖြစ် ဆက်ရှိနေမှာပါ” ဟု ပူတင်က ပြောသည်။ ဆက်လက်၍ “ဒီလို အဖျ-က်သဘောဆောင်တဲ့ အတွေးအခေါ်တွေကို အမွှန်းတင်သူတွေရဲ့ ရက်စက်တဲ့ ကျူးလွန်မှုတွေကို ကျွန်တော်တို့ ဆက်လက်တို-က်ဖျ-က်သွားပါမယ်။ အမှန်တရားနဲ့ တရားမျှတမှုဟာ ကျွန်တော်တို့ဘက်မှာ ရှိနေပါတယ်” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/auto-draft/

09.05.202516:41
နစက ဒု-ဥက္ကဋ္ဌမှ ရန်ကုန်မြို့တွင်ပြုလုပ်သည့် ရုရှားနိုင်ငံ၏ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈ဝ)ပြည့်အထိမ်းအမှတ် ညစာစားပွဲတက်ရောက်
နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့ မေ ၉ ရက်ညပိုင်းက ရန်ကုန်မြို့တွင်ပြုလုပ်သည့် ရုရှားနိုင်ငံ၏ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈ဝ)ပြည့်အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက နစက ဒု-ဥက္ကဋ္ဌနှင့် ဇနီးတို့အားကြိုဆို၍ ညစာစားပွဲအား မြန်မာနိုင်ငံတော်သီချင်းနှင့် ရုရှားနိုင်ငံတော်သီချင်းတို့ဖြင့်ဖွင့်လှစ်ပြီး ရုရှားသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့နောက် နစက ဒု-ဥက္ကဋ္ဌနှင့် ဇနီး၊ ရုရှားနိုင်ငံ သံအမတ်ကြီးနှင့် တက်ရောက်လာကြသူများက ညစာသုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်နေစဉ်အတွင်း ရုရှားနိုင်ငံ၏ ယဉ်ကျေးမှုအဖွဲ့က ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့်ဖျော်ဖြေတင်ဆက် ကပြခဲ့ကြသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/နစက-ဒု-ဥက္ကဋ္ဌမှ-ရန်ကုန်/

09.05.202514:45
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်နှင့် နစကဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ရုရှားတွင် တွေ့ဆုံ
ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပနေသည့် ၁၉၄၁ - ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်ရန် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရောက်ရှိနေကြသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်နှင့် နစကဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ရုရှားနိုင်ငံမှာ သီးခြားတွေ့ဆုံခဲ့ကြသည်။
၄င်းတို့နှစ်ဦး တွေ့ဆုံမှုများသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတွင်တွေ့ခဲ့သည့် မှတ်တမ်းများရှိထားသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Mr. Xi Jinping နှင့် ၂၀၂၀ ထိတွေ့ဆုံဆွေးနွေးမှု ၆ ကြိမ်ရှိခဲ့ဖူးသည်။
သမ္မတရှီက မကြာသေးမီက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး အတွက် ဝမ်းနည်းကြောင်းနှင့် အကူညီပေးသွားမည့်အကြောင်း စာလွှာကို နစက ဥက္ကဋ္ဌထံ မတ်လ၂၉ရက်က ေပးပို့ခဲ့ပြီး မန္တလေးငလျင်ကြီးနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အကူအညီများစွာ ပေးခဲ့သည်။

09.05.202511:01
LNG ဓာတ်အားပေးစက်ရုံအတွက် ရည်ရွယ်သည့် သင်္ဘောကြီးကို သွားရောက်သယ်ဆောင်
ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ပြီး အလတ်စား LNG to Power ဓာတ်အားပေးစက်ရုံစီမံကိန်းများအတွက် LNG ဓာတ်ငွေ့ရည် ပံ့ပိုးပေးမည့် CNTIC VPOWER ENER GY သင်္ဘောကြီးကို သွားရောက်သယ်ဆောင်ကြောင်း Singhai Marine Services-Yangon က ထုတ်ပြန်ထားသည်။
ထိုသင်္ဘောကြီးကို သွားရောက်သယ်ဆောင်ရန် Singhai Marine Services-Yangon မှ သင်္ဘောသား (၁၄) ဦးသည်လည်း ယနေ့မေလ (၉) ရက် နံနက်ပိုင်းက ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားကြောင်း ဖော်ပြထားသည်။

10.05.202507:46
ရင်ပြင်နီအခမ်းအနားတက်ရောက်ခဲ့သော နစကဉက္ကဌ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှ ပြန်လည်ထွက်ခွာ
ရုရှားဖက်ဒေရးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒေရးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ဘနူကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ ရုရှားဖက်ဒေရးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒေရးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့သည်။
သူရဲကောင်းများနှင့် သားကောင်းများကို ဂုဏ်ပြုသည့် ရုရှားများ၏ မျိုးချစ်အောင်ပွဲနေ့ တွင် နိုင်ငံ ၃၀ခန့်မှ အကြီးအကဲများလာရောက်ကြသဖြင့်ထူးခြားသော စုစည်းမှု တစ်ခုဖြစ်သည်။
လူမျိုး၊နိုင်ငံကိုဂုဏ်ယူ မြတ်နိုးစေခြင်း၊ သမိုင်းထဲမှပဋိပက္ခ သင်ခန်းစာများကို သတိဖြင့်မမေ့လျော့ဘဲ အကောင်းဆုံး အသုံးချနိုင်ခြင်းတို့ဖြစ်စေရန် ဘက်စုံမှ အကြီးအကျယ် ကျင်းပသော အခမ်းအနားတစ်ခုဖြစ်သည်။
ထိုအခမ်းအနား နှင့်အတူ ဆက်စပ်အစည်းအဝေးများတက်ရောက်ခြင်း၊ အခမ်းအနားသို့တက်ရောက်လာသည့် နိုင်ငံခေါင်းဆောင်အချို့နှင့် သီးသန့်တွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် နစကဥက္ကဌသည် ၃ရက်တာ ခရီးစဥ်ပြီးဆုံး၍ ပြန်လည်ထွက်ခွာလာပြီဖြစ်သည်။

10.05.202506:32
ဂျူနီယာဖဲတက်ကို ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည့် ဘရော်နီကာ ဘောနပ် ဘတ်သုံးသိန်းခွဲပါရရှိ
ယမန်နေ့ မေ (၉)ရက်က ကျင်းပပြုလုပ်ခဲ့သည့် One LUM PINEE-107 ပြိုင်ပွဲတွင် မွေထိုင်းမယ် ဂျူနီယာဖဲတက်ကို ကယန်းလက်ဝှေ့မယ် ဘရော်နီကာကဒုတိယအချီ၌ပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချက်ထရီက ပေးအပ်သည့် ဘောနပ်ဆုကြေး ဘတ်သုံးသိန်းခွဲကိုပါ ဆွတ်ခူးရရှိခဲ့သည်။
ပွဲစဉ် ပထမအချီ၌ပင် ပြိုင်ဘက်ဖြစ်သူ ဂျုနီယာဖဲလ်တက်အား နှစ်ကြိမ်လဲကျအောင် ထိုးသ-တ်နိုင်ခဲ့သည့်အပြင် ဒုတိယအချီ စတင်ပြီးစက္ကန့်ပိုင်းအချိန်တွင်လည်း နှစ်ကြိမ်လဲကျအောင် ထိုးသ-တ်ပြနိုင်ခဲ့ခြင်းဖြစ်သည်။
သူမ၏ ပြိုင်ဘက်ဖြစ်သူ မွေထိုင်းဖိုက်တာဂျူနီယာဖဲတက်မှာ အသက် (၁၉)နှစ်အရွယ်သာရှိသေးပြီး ထိုးပွဲ (၇)ပွဲအနက် ရှုံးပွဲမရှိ စံချိန်တင်ထားသူ မာဂုဏ်မြင့်ကစား သမားတစ်ဦးဖြစ်သော်လည်း ယခုပွဲစဉ်တွင် အလဲထိုးခံခဲ့ရခြင်းဖြစ်သ ည်။
ဘရော်နီကာသည် ONE ၌ ပထမ အဖွင့်ပွဲစဉ်တွင် ချီလီဖိုက်တာ ဖရန်စစ္စကာဗီရာကို အမှတ်ဖြင့် ရှုံးနိမ့်ထားသော်လည်း ယခုဒုတိယအကြိမ်ပွဲစဉ်တွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

10.05.202504:03
ငလျင်ဒဏ်သင့် မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ လိုအပ်သည်များကို တရုတ်နိုင်ငံမှကူညီပေးသွားမည်
မန္တလေးငလျင်ကြီးဒဏ်သင့် မြန်မာနိုင်ငံ၏ ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌လိုအပ်သည်များကို တရုတ်နိုင်ငံမှကူညီပေးမည်ဟု တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်မှ မေ ၉ ရက်ညနေပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်မှ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ဆုံးရှုံးရမှုများအတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့်ထပ်တူ ဝမ်းနည်းရကာ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့အတူတကွလက်တွဲ၍ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပြီး တရုတ်နိုင်ငံအနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ငလျင်ဒဏ်သင့်-မြန်မာနိုင/

09.05.202516:32
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအပြီး ၁၈ နာရီအကြာတွင် ပထမဆုံးကူညီခဲ့တဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း နစကဥက္ကဌ ပြောကြား
ငလျင်လှုပ်ခတ်အပြီး ၁၈ နာရီအကြာမှာ ပထမဆုံးရောက်ရှိလာတဲ့ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ဟာ တရုတ်နိုင်ငံဖြစ်ပါကြောင်း၊ အဆွေတော်ရဲ့အေးအတူပူမျှရှိတဲ့စိတ်ထားက ပေါ်လွင်စေပါသည်။ ငလျင်ဘေး ကယ်ဆယ်ရေးအတွက် ယွမ် ၁.၁ ဘီလီယံတန်ဖိုးရှိ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ကြောင်း၊ အခက်ခဲဆုံးအချိန်ရရှိခဲ့တဲ့ ပထမဦးဆုံး ပြည်ပအကူအညီဖြစ်လို့ များစွာ တန်ဖိုးထား ကျေးဇူးတင်ရှိပါသည်။

09.05.202514:39
အမျိုးသမီးလိဂ် Week-4 အပြီး သွင်းဂိုးအများဆုံး ရရှိသူများစာရင်း ထွက်ပေါ်
Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-4 အပြီး သွင်းဂိုးအများဆုံး ရရှိထားသူများ၏ စာရင်းကို အမျိုးသမီးလိဂ်ကော်မတီက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ထားသည့်စာရင်းအရ ဧရာဝတီယူနိုက်တက်အသင်းမှ စန်းသော်သော်က (၈)ဂိုးဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး၊ သစ္စာအားမာန်အသင်းမှ မြတ်နိုးခင်က (၇) ဂိုးဖြင့်ဒုတိယနေရာတွင်ရပ်တည်နေသည်။
ထို့ပြင်ရန်ကုန်ယူနိုက်တက်အသင်းမှ ဇင်မိုးပြည့်က (၆) ဂိုးဖြင့် တတိယ၊ I S.P.E အသင်းမှရွှေရီထွန်းက(၄)ဂိုးဖြင့် စတုတ္ထ၊ ရန်ကုန်ယူနိုက်တက်အသင်းမှ ယွန်းဝတီလှိုင်က (၄)ဂိုးဖြင့်ပဉ္စမနေရာတို့တွင်ရပ်တည်နေကြသည်။
ပြီးခဲ့သည့် Myanmar Women League 2024 ဘောလုံးရာသီအတွင်း I.S.P.E အသင်းမှတိုက်စစ်မှူး လင်းမြင့်မိုရ် နှင့်ဧရာဝတီအသင်း တိုက်စစ်မှူး စန်းသော်သော်တို့ကသွင်းဂိုး (၁၉)ဂိုးစီဖြင့် စံချန်တင်နိုင်ခဲ့သည်။
အလားတူ Myanmar Women League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲအတွင်း ဂိုးသွင်းအများဆုံးဆုကို ISPE အသင်းမှ ခင်မာလာထွန်းနှင့် မြဝတီ( ယခု ဧရာဝတီ အသင်း)မှစန်းသော်သော်တို့ကသွင်းဂိုး (၁၆) ဂိုးစီဖြင့် ပူးတွဲဆု ရရှိခဲ့ကြသည်။

08.05.202512:34
စစ်ကိုင်းဒေသမှ နိုင်ငံ့ဝန်ထမ်းနှင့် ဒေသခံပြည်သူ (၄,၀၀၀) ကျော်အား ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှော ရောဂါကာကွယ် ဆေးတိုက်ကျွေး
ငလျင်ဒဏ်သင့် စစ်ကိုင်းဒေသရှိ နိုင်ငံ့ဝန်ထမ်းအပါအဝင် ဒေသခံပြည်သူ (၄,၃၀၁) ဦးအား ပြင်းထန်ဝမ်းပျ-က်ဝမ်း လျှေ-ာရောဂါ ကာကွယ်ဆေးတိုက်ကျွေးခဲ့ကြကြောင်း ဒေသအခြေစိုက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ထိုသို့ ဆေးတိုက်ကျွေးရာ၌ စစ်ကိုင်းမြို့နယ်အတွင်းအခြေ စိုက်ဆေးတိုက်သည့် စုရပ်(၈)ခု၊ ရွေ့လျားဆေးတိုက်သည့် စုရပ် (၁၀)ခုဖြင့် နိုင်ငံဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအပါအဝင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သံဃာတော်၊ သီလရှင်များနှင့် ဒေသခံပြည်သူများကို ယမန်နေ့ မေလ (၇) ရက်က တိုက်ကျွေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်အထိ စစ်ကိုင်းဒေသအတွင်း ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှေ-ာရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး (ပထမအကြိမ်)အဖြစ် အသက်(၂)နှစ်မှ(၆)နှစ် (၁,၄၇၈)ဦး၊ အသက်(၆)နှစ်အထက် (၁၉,၈၁၀)ဦး စုစုပေါင်း (၂၁,၂၈၈)ဦးအား တိုက်ကျွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/စစ်ကိုင်းဒေသမှ-နိုင်ငံ့/

10.05.202507:45
မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာမှ ဆရာတော်၊ သံဃာတော်များကို နစက ဥက္ကဋ္ဌ၏ ဇနီးနှင့် အဖွဲ့ သွားရောက်ဖူးမြှော်
နစက ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှနှင့်အဖွဲ့သည် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ မေလ ၉ရက်နေ့မနက်က သွားရောက် ကုသိုလ်ပြုခဲ့သည်။
သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း
၊သံဃာတော်များဟောကြားသည့် အနုမောဒနာတရားနာယူခြင်း၊ ကုသိုလ်အဖို့အစုတို့ကိုမျှဝေခြင်းတို့ပြုလုပ်ပြီးနောက်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
နစက ဥက္ကဋ္ဌ၏ ဇနီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီးဒေါ်နီလာ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ)၏ ဇနီး ဒေါ်နန်းကူးကူ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌဒေါ်ခင်မေစိုး၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၏ ဇနီး၊စစ်သံမှူး ဇနီး တို့လည်း ပါဝင်ကုသိုလ်ယူခဲ့ကြသည်။
အဆိုပါ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သည် မော်စကိုမြို့လယ်၏ အရှေ့ ဘက် ၁၄ ကီလိုမီတာအကွာတွင် တည်ရှိပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ၏ မတည်မှု၊ မော်စကိုရောက် ကျောင်းသား၊ ကျောင်းသူများနှင့်စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

10.05.202505:33
ဂါနာနိုင်ငံသမ္မတပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ
ပြီးခဲ့သည့် မတ်လကလှုပ်ခတ်ခဲ့သော မန္တလငလျင်ကြီးကြောင့် ေ-သဆုံး/ထိခို-က်၊ ပျ-က်စီးခဲ့ရမှုများနှင့်ပတ်သက်၍ ဂါနာနိုင်ငံသမ္မတ H.E. Mr. John Dramani Mahama မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။
မြန်မာနိုင်ငံ၌ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကို အထူးဝမ်းနည်းကြေကွဲရကြောင်းကို အဆွေတော်နှင့် မြန်မာနိုင်ငံပြည်သူများအား ဂါနာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့်ပြောကြားအပ်သည်ဟု သဝဏ်လွှာ၌ရေးသားထားသည်။
ငလျင်လှုပ်ခ-တ်ခဲ့မှုကြောင့် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးခဲ့ခြင်း၊ ထိခို-က်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ခြင်းနှင့် ပျ-က်စီးဆုံးရှုံးမှုကြီးမားစွာရှိခဲ့သည့်အတွက် အလွန်စိတ်မကောင်းဖြစ်ရကာ ကျန်ရစ်သူမိသားစုများ၊ ထိခို-က်ဒဏ်ရာရသူများအတွက် ဆုတောင်းမေတ္တာပို့သလျက်ရှိပြီး ဤသို့ ခက်ခဲလှသည့် အချိန်တွင် ဂါနာနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူများနှင့်အတူ တစ်သားတည်း ရှိနေသည်ဟုလည်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ဂါနာနိုင်ငံသမ္မတပေးပို/

10.05.202502:29
စစ်မြေပြင်တွင် ယူကရိန်းအတွက် အခြေအနေများ 'မကောင်းလှ'ဟု အမေရိကန်ဒုသမ္မတဗန့်စ် ပြောကြား
ယူကရိန်းပဋိပက္ခဖြေရှင်းရန် ရုရှားနှင့်ဆောင်ရွက်နေသော ညှိနှိုင်းမှုများနှင့်ပတ်သက်၍ "စစ်မြေပြင်အခြေအနေသည် ကီးယက် (ယူကရိန်း) ၏အကျိုးစီးပွားနှင့် မသက်ဆိုင်ဟု" အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ် က Fox News သတင်းဌာနအား ပြောကြားရာတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
"ရုရှားက အလွန်အမင်းတောင်းဆိုလိမ့်မည်ဟု ကျွန်ုပ်တို့သိထားပါသည်။ အဘယ့်ကြောင့်ဆိုသော် ရုရှား၏စစ်အမြင်မှာ 'စစ်မြေပြင်တွင် သူတို့အနိုင်ရနေသည်' ဆိုသည့်အချက်ကြောင့်ဖြစ်သည်" ဟု ဗန့်စ် က Fox News သတင်းဌာနသို့ သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထို့အပြင် "ယူကရိန်းဘက်မှ စစ်ပြေငြိမ်းရေးသဘောတူညီချက်ကို လိုလားသည်မှာ အထူးအဆန်းမဟုတ်။ အကြောင်းမှာ လွန်ခဲ့သောလအနည်းငယ်အတွင်း ယူကရိန်းအတွက် အခြေအနေများ သိပ်မကောင်းခဲ့သောကြောင့်ဖြစ်သည်" ဟုလည်း သူကဖြည့်စွက်ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/စစ်မြေပြင်တွင်-ယူကရိန်း/

09.05.202516:12
ခရင်မ္မလင်နန်းတော်၌ ရုရှားနိုင်ငံသမ္မတည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ နစက ဥက္ကဋ္ဌတက်ရောက်
ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ခရင်မ္မလင်နန်းတော်၌ မေ ၉ ရက် နေ့လည်ပိုင်းက ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။
ခရင်မ္မလင်နန်းတော်၌ ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာသည့် နစက ဥက္ကဋ္ဌနှင့် အခြား နိုင်ငံ့အကြီးအကဲများကို ကြိုဆိုနှုတ်ဆက်ခဲ့သည်။
နေ့လယ်စာသုံးဆောင်အပြီး၌ ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်မှ နစက ဥက္ကဋ္ဌနှင့် တက်ရောက်လာသည့် အခြားနိုင်ငံအကြီးအကဲများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

09.05.202514:05
မြန်မာ့တပ်မတော်မှ ပထမဆုံးအကြိမ်ပါဝင်ချီတက်ခဲ့သော ရုရှားနိုင်ငံ၏ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား
ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရင်ပြင်နီ၌ ယနေ့ မေ ၉ ရက်နံနက်ပိုင်းကကျင်းပသည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်း အမှတ်စစ်ရေးပြအခမ်းအနားကို နစက ဥက္ကဋ္ဌနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရုရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ် Army General Oleg Salukov ရောက်ရှိနေရာယူပြီး ကရင်မလင်နန်းတော်မျှော်စင်ရှိ နာရီစင်မှ ၁၀ နာရီအချက်ပေးခေါင်းလောင်းထိုးပြီးနောက် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို စတင်ကျင်းပရာ ရုရှားနိုင်ငံတော်အလံနှင့် ရုရှားအောင်ပွဲနေ့အထိမ်းအမှတ်အလံတော်တို့အား အလေးပြုကာ ရုရှားကာကွယ် ရေးဝန်ကြီး Mr. Andrei Ramovich Belousov ကအလေးပြုခြင်းခံယူပြီး စစ်ရေးပြတပ်ဖွဲ့အသီးသီးကိုကြည့်ရှုစစ်ဆေးကာ ဂုဏ်ပြုစကားပြောကြားရာ စစ်ရေးပြတပ်ဖွဲ့များမှ (Oora) (အောင်ပြီ)ဟု ၃ ကြိမ်ကြွေးကြော်ခဲ့ကြသည်။

10.05.202507:32
အနီရောင်အဆင့် သတ်မှတ်ထားတဲ့ အဆောက်အဦးများကို နည်းပညာအသုံးပြု၍ ပြုပြင်မည်
ငလျင်ကြောင့် ပျ-က်စီးမှုကြီးမားသည့် အနီရောင်အဆင့်သတ်မှတ်ထားသော အဆောက်အအုံများ အားလုံးဖြိုဖျ-က်ရန် မလိုအပ်သောကြောင့် နည်းပညာအသုံးပြု၍ ပြန်လည်ပြုပြင်နိုင်သော အဆောက်အအုံများကို ရွေးထုတ်၍ ပြုပြင်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောသည်။
ငလျင်ဒဏ်ကြောင့် ပျ-က်စီးသွားသော အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်း ဆိုင်ရာကိစ္စရပ်များအတွက် နည်းပညာ (Knowledge Sharing) ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အအုံများ၊ အထူးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ထိခို-က်ပျ-က်စီးခဲ့ပါကြောင်း၊ အဆောက်အအုံများပျ-က်စီးမှု အနည်းအများအလိုက် အပြာရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့်အဖြစ် ခွဲခြားသတ်မှတ်ကာ သာမန်ပျ-က်စီးမှုဖြစ်သည့် အပြာရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံများကို ပြန်လည်ပြုပြင်နေပြီဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/အနီရောင်အဆင့်-သတ်မှတ်ထာ/

10.05.202505:02
ဒေသတစ်ခုမှတစ်ခုသို့ ဆန်များ စီးဝင်စီးထွက်ရာတွင် သတင်းပို့စနစ်ဆောင်ရွက်ရမည်
ဒေသတစ်ခုမှတစ်ခုသို့ ဆန်များ စီးဝင်စီးထွက်ရာတွင် သတင်းပို့စနစ်ဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်မှ မေ ၉ ရက်က ဆန်ပွဲရုံများ၊ ဆန်လက်လီဆိုင်များ၊ ဆန်အကျိူးဆောင်များနှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
ဆန်ရောင်းဝယ်ရာတွင် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းရောင်းဝယ်ရန်၊ သိုလှောင်ရုံမှတ်ပုံတင်စနစ် MyRO တွင် သတ်မှတ်ချက်များနှင့်အညီမှတ်ပုံတင်ရန်၊ လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းကို သတ်မှတ်ရက်အတိုင်းစာရင်းရေးသွင်းရန်၊ သိုလှောင်ရုံစစ်ဆေးမည့်ကိစ္စများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် ရည်ညွှန်းဈေးဖြင့် ဆန်ဝယ်ယူရရှိရန်ဆောင် ရွက်ပေးမည့်ကိစ္စများ၊ ဒေသတစ်ခုမှတစ်ခုသို့ ဆန်များ စီးဝင်စီးထွက်ရာတွင် သတင်းပို့စနစ်ဆောင်ရွက်ရန်တို့ကိုလည်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

09.05.202523:57

09.05.202515:09
ပါကစ္စတန်လေဆိပ်များ၌ လေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းထားရ
အစ္စလာမာဘတ်၊မေ ၈
အိန္ဒိယနှင့်ပါကစ္စတန်အကြားရှိတင်းမာမှုများကြောင့် ပါကစ္စတန်မြို့ကြီးများရှိလေဆိပ်များ၌ လေကြောင်းပျံသန်းမှုခရီးစဉ်များကို ယာယီရပ်ဆိုင်းထားရကြောင်း ပါကစ္စတန်မြို့ပြလေကြောင်းအာဏာပိုင် (PCAA) က သတင်းထုတ်ပြန်ကြေငြာခဲ့သည်။
လာဟိုးပြည်နယ်ရှိ Allama Iqbal အပြည်ပြည်ဆိုင်ရာလေဆိပ်၊ကရာချီရှိ Jinnah အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အစ္စလာမာဘတ်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Sialkot အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် ပျံသန်းမှုလုပ်ငန်းစဉ်များကို ဆက်လက်ရပ်ဆိုင်းထားဦးမည်ဖြစ်ကြောင်း PCAA တာဝန်ရှိသူများကပြောကြားခဲ့သည်။
ခရီးသွားများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် လေကြောင်းလိုင်းဆိုင်ရာသတင်းများကို အဆက်မပြတ်လေ့လာစောင့်ကြည့်နေရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး လတ်တလောတွင် လေကြောင်းပျံသန်းမှုခရီးစဉ်များကို ခွင့်ပြုဦးမည်မဟုတ်ကြောင်းလည်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ပါကစ္စတန်လေဆိပ်များ၌-လေ/

09.05.202513:28
ပိုင်ဆိုင်သမျှစည်းစိမ်ဥစ္စာအားလုံးကိုလှူဒါန်းကြောင်းဘီလ်ဂိတ်ကြေညာ
နူးယောခ့်၊ မေ ၉
ကမ္ဘာကျော် ပရဟိတသမား ဘီလ်ဂိတ် သည် ၎င်း၏ ကြွယ်ဝမှု အားလုံးကို ဂိတ်စ် ဖောင်ဒေးရှင်းသို့ ပေးအပ်မည်ဟု ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။
"လူတွေကို ကူညီဖို့ အသုံးချလို့ရတဲ့ အရင်းအမြစ်တွေကို ကိုင်ထားဖို့ ကျွန်တော့်အတွက် အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ပိုက်ဆံတွေကို မူလ စီစဉ်ထားတာထက် ပိုမြန်အောင် လူ့အဖွဲ့အစည်းဆီ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု ဂိတ် က ပြောကြားခဲ့သည်။ "ကမ္ဘာ့တစ်ဝန်းက လူတွေကို ကယ်တင်ပြီး ဘဝတိုးတက်စေဖို့အတွက် လာမယ့် အနှစ် ၂၀ အတွင်း ဂိတ်စ် ဖောင်ဒေးရှင်း (Gates Foundation) ကနေတစ်ဆင့် ကျွန်တော့်ရဲ့ ကြွယ်ဝမှုအားလုံးကို ပေးသွားမှာပါ။"ဟု သူက ပြောကြားခဲ့သည်။
ဖောင်ဒေးရှင်းသည် ဂိတ်၏ကိုယ်ပိုင်ကြွယ်ဝမှုမှ လက်ရှိထောက်ပံ့ငွေကို ၂၀၄၅ ခုနှစ်မတိုင်မီ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံကို လူသားတို့၏ဘဝတိုးတက်စေရန် သုံးစွဲမည်ဟု ကြေညာခဲ့သည်။ ဖောင်ဒေးရှင်း တည်ထောင်ခြင်း ၏ ၂၅ နှစ်မြောက်နှစ်ပတ်လည်နေ့တွင်
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ပိုင်ဆိုင်သမျှစည်းစိမ်/

08.05.202512:02
Көрсетілген 1 - 24 арасынан 546
Көбірек мүмкіндіктерді ашу үшін кіріңіз.