#အိန္ဒီယစပိုင်စုံထောက်ဇာတ်ကားကောင်းကောင်းလေး
Goodachari (2018) #FB_LINK စဆုံး
============================
IMDB: 9.1/10
တောင်ပိုင်းကားတွေဟာအိန္ဒိယကား ပရိတ်သတ်တွေကြားမှာမျက်နှာအတော်ငယ်ရတဲ့ ကားတွေပါ။
အက်ရှင်အသားပေးတွေ များတယ်၊ဝန်ကြီးတွေ ရဲတွေ နဲ့တင် တိုင်ပတ်နေတယ်၊အက်ရှင်ကို အလွန်ကြီးတွေ လုပ်တယ်၊ဇာတ်လမ်းတွေ ထပ်တယ်စတဲ့ စတဲ့ အကြောင်းပြချက်တွေကြောင့်တောကြိုက်ရယ်လို့တောင် တစ်ချို့က ပြောကြမှာပါ။
ဒီဇာတ်ကားလေးကတော့မင်းသား Adivi Sesh ရဲ့တစ်ခြားတောင်ပိုင်းကားတွေနဲ့ မတူပဲ ထူးထူးခြားခြား ရိုက်ထားတဲ့ စပိုင် ကားလေးပါ။
သူ့ရဲ့ သရုပ်ဆောင်ပုံနဲ့သူရိုက်တဲ့ ဇာတ်လမ်းတွေဟာ ထူးခြားသလို သူကိုယ်တိုင်က ဒါရိုက်တာ,မင်းသား,စာရေးဆရာ ဖြစ်ပါတယ်။
သူ့ကားတွေကို သိပ်မတွေ့ရပေမယ့်ဒီနှစ်ပိုင်း ထွက်တဲ့ Tiger Sheroff ရဲ့.Baaghi 2 ဟာဒီမင်းသားရဲ့ Kshanam 2016 ဇာတ်ကားကိုပြန်ရိုက်ထားတဲ့ Remake ကားဖြစ်နေပါတယ်။
ဇာတ်လမ်းအကျဉ်းကို မပြောခင်ထူးခြားချက်ကလေးတွေကိုထုတ်နှုတ်ပြရမယ်ဆိုရင်ဒီကားရဲ့ ဝတ္ထုအကြမ်းကို မင်းသားဖြစ်သူ Adivi Sesh ကိုယ်တိုင် အမေရိကားမှာ အထက်တန်းတက်နေတဲ့ 2004 ခုနှစ်တုန်းကတည်းကရေးထားခဲ့တာပါတဲ့။