Sinkhole (2021)
ဒီကားလေးကတော့ အားလုံးရဲ့အချစ်တော် Runner ဟောင်းကြီး Lee Kwang Soo ပါဝင်တဲ့ Sinkhole ဆိုတဲ့ကားလေးဖြစ်ပါတယ်
ကိုးရီးယားမှာ ရုံတင်ထားတာ မကြာသေးသလို ပြသတုန်းကလည်း လက်မှတ်တွေအများကြီးရောင်းရတဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါ
ကားနာမည် “Sinkhole” ဆိုတဲ့အတိုင်း တိုက်ကြီးတစ်ခုလုံးမြေပြိုသွားပြီး မြေတွင်းကြီးထဲကျသွားတာ ဘယ်လိုဆက်အသက်ရှင်ပြီး ပြန်ထွက်ကြမလဲဆိုတာကို ရိုက်ကူးတင်ဆက်ပြသထားတာ ဖြစ်ပါတယ်
ပတ်ဒုံဝန်း ဆိုတဲ့ ရုံးအလုပ်သမားတစ်ဦးက ၁၁ နှစ်အကြာ ပိုက်ဆံစုဆောင်းပြီးမှာတော့ ကိုယ်ပိုင်အိမ်လေးဝယ်နိုင်ခဲ့ပါတယ်
ဒါပေမယ့် ဝယ်ပြီးဘယ်လောက်မှမကြာသေးဘူး..အိမ်ကမြေပြိုသွားတော့တာပါပဲ..သူနဲ့အိမ်နီးနားချင်းတွေဖြစ်တဲ့သူတွေနဲ့လည်း စစချင်းမတည့်ရာကနေ အသက်အန္တရာယ်ကြုံလာကြတဲ့အခါ ဘယ်လိုဖြစ်ကြမလဲ
Lee Kwang Soo အပြင် ဝါရင့်မင်းသားတွေဖြစ်တဲ့ Cha Seung Won, Kim Sung Kyun တို့ကအိမ်နီးနားချင်းတွေအဖြစ် ပါဝင်ထားပြီး Kingdom ထဲက မိဖုရား Kim Hye Jun နဲ့ နာမည်ကြီးမင်းသား Nam Da Reum တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်