Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
အောင်နိုင်သူ(ဇွဲကပင်) avatar
အောင်နိုင်သူ(ဇွဲကပင်)
အောင်နိုင်သူ(ဇွဲကပင်) avatar
အောင်နိုင်သူ(ဇွဲကပင်)
Период
Қаралым саны

Цитаталар

Хабарламалар
Репосттарды жасыру
24.02.202515:04
17.02.202503:39
Қайта жіберілді:
Truth waves avatar
Truth waves
16.02.202511:49
ပိုနေမြဲကျားနေမြဲမဖြစ်သရွေ့တော့


ဒီနေ့တစ်နေကုန်နီးပါး မီဒီယာတွေမှာ
နောင်ချိုဒေသ ကို ဗုံးကျဲတဲ့အကြောင်း
နဲ့ လက်နက်ကြီးတွေနဲ့ ဘယ်နှစ်ကြိမ်
ဘယ်နှစ် လုံး ပစ်တယ် ဆိုတဲ့အကြောင်း
တွေကြီးပဲ အသားပေးတင်
နေကြတာတွေ့ရတယ် ။

တစ်ဖက်ကလည်း ကူမင်းမှာ
TNLAနဲ့ တွေ့ဆုံနေမှုကို ယှ ဥ်တွဲပြီး
ဝါဒဖြန့်ချိရေး သတင်းတွေတင်ကာ
အမြတ်ထုတ်ဖို့ လုပ်လာတာ
တွေ့ရတယ်။

သေချာတာတစ်ခု ပြောရရင်တော့
ဒီနေ့ဒီ အချိန်ထိတော့ ပလောင်ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရ ဒေသ တွေဖြစ်တဲ့
နမ့်ဆန် မန်တုံဒေသ တွေ ကို
အခုထိ ဗုံးသွားမကျဲသေးပါဘူး ။
သဘောကတော့ မင်းတို့တွေ
မင်းတို့ ဒေသ ကို မင်းတို့ပြန်ဖို့လို
တယ် ။မင်းတို့နဲ့ မဆိုင်တဲ့ ကျူးကျော်
ထားတဲ့ နယ်မြေတွေကနေ မထွက်ခွာ
မချင်း အခုလို ကျီးလန့် စာစား ဘဝနဲ့
နေနေရမယ် ဆိုတာကို အကြိမ်ကြိမ်
သတိပေးနေခြင်း ဖြစ်ပါတယ် ။

ဆွေးနွေးပွဲ ဆိုတာကလည်း မြန်မာ
ပြည်မှာ ဘယ်သူပုန်မှ ကတိတည်ခဲ့တာ
မရှိပါဘူး။ဆွေးနွေးပွဲ ရလဒ်
အောင်မြင်ဖို့ ဆိုရင် ပလောင်ဟာ
ပလောင်ဒေသ ကို ပြန်သွားနိုင်တဲ့
ကတိကဝတ် မျိုးနဲ့ လက်မှတ်ရေးထိုး
နိုင်ဖို့ လိုတယ် ။ဒါမျိုး TNLA က
လက်ခံနိုင်ပါ့မလား ။ မလွယ်ကူ
လှပါဘူး ။

ဒါ့ကြောင့် တစ်ဖက်ကဆွေးနွေး
တစ်ဖက်ကစစ်ရေးအရ ဖိအားပေး
နေမှသာ ပိုနေမြဲ ကျားနေမြဲ ပုံပြင်
လို သူ့နေရာ သူပြန်ရောက်သွား
ပါလိမ့်မယ် ။

ပိုနေမြဲ ကျားနေမြဲ မဖြစ်သရွေ့
ဖြစ်အောင် မလုပ်သရွေ့တော့
TNLA ထိန်းချုပ်ထားတဲ့ နယ်မြေ
တိုင်း ကတော့ အခုလို မျိုး စစ်ရေး
ပစ်မှတ် ဖြစ်နေအုံးမှာပါပဲ ။

မင်းသုန္ဒရ
Truth waves
14.02.202503:21
စစ်သတင်း နိုင်ငံရေးသတင်းတွေကို ဒီ Truth Wave channel မှာ လည်း ဖတ်ရှုနိုင်ပါတယ်
#သမိုင်းလှဖို့ရဲစွမ်းပြစို့

တောင်ခမ်းမှာ ရှိတဲ့ ၉၀၂ ကို
ပြန်ရတော့မယ်တဲ့ ။၉၀၂ ရရင်
နောင်ချိုကို ပြန်ရပြီလို့ ပြောရဲ
တယ်ဆိုပြီး ကိုခိုင်ဇော် တင်ထား
တာ ဖတ်လိုက်ရတော့ ကိုယ့်ရဲဘော်
တွေ အားတက်မိလာတယ် ။

အောင်မြင်မှု တွေ တဖြည်းဖြည်း
ယူနေတာတွေ့ရလို့ မကြာမီသတင်း
ကောင်းတွေကို ဆက်တိုက်ကြားရ
တော့မယ့် သဘောရှိပါတယ် ။

အခုနောက်ပိုင်း ဗန်မော်ဒေသ မှာ
လည်း တပ်မတော်ရဲ့ ဒရုန်းစွမ်းပကား
တွေက ရန်သူကို ခြောက်ခြားစေတာ
တော့ အမှန်ပါပဲ ။ တရစပ်ဆိုသလို
ဆက်လက်ခြိမ်းခြောက်ပြီး ဖိအားပေး
ထားဖို့လို တယ် ။ ဖိအားပေးထားရမယ်။
နေရာအနှံ့မှာ တပ်မတော်
ရဲ့ အောင်မြင်မှုတွေ ကို ဆက်တိုက်ကြား
နေရတာ မို့ ရန်သူတွေရဲ့ ဖရိုဖရဲ နဲ့
ငိုမစဲ အသံတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ကြား
ကြရတော့မှာပါ ။

မြန်မာ့သမိုင်း ဆိုတာ တပ်မတော်
ရေးခဲ့တာပဲ ရှိတယ် ။သူပုန်ရေးခဲ့တဲ့
သမိုင်းမရှိသလို သူပုန်ပြေးခဲ့တဲ့
သမိုင်းပဲ ရှိတာမို့ တပ်မတော်ရေးမယ့်
အောင်မြင်မှု သမိုင်းတွေ ကို ပြည်သူ
လူထု က သောင်းသောင်းဖြဖြ ကြိုဆို
ဖို့ စောင့်နေကြတယ် ။

သမိုင်းလှအောင်လို့ တို့ရဲဘော်တွေ
ရဲစွမ်းပြကြပါစို့။

အောင်နိုင်သူ
24.02.202515:03
ပါးနပ်ဖို့တော့လိုလိမ့်မယ်

ကိုယ်တွေနဲ့ ရုရှားက ဆက်ဆံရေး
ပြေလည်နေတယ်ဆိုပြီး ဇလန်းစကီး
ရဲ့ ဒုက္ခ တွေ နဲ့ ယူကရိန်းရဲ့ ဒုက္ခတွေ
ကို လစ်လျူမရှုစေချင်ဘူး ။ သာမာန်
အားဖြင့် ဇလန်စကီး က နေတိုးထဲ
ဝင်ဖို့ လုပ်လို့ ရုရှား-ယူကရိန်းစစ်ဖြစ်
ကြတယ်ဆိုပြီးတော့လည်း အပေါ်ယံ
ရှုမမြင်စေချင်ဘူး ။

ဒီထက်နက်ရှိုင်းတဲ့ နောက်ကွယ်က
အကြောင်းတရားတွေ ရှိနေသေးတယ် ။
ရေခဲတတ်တဲ့ ပင်လယ်တွေသာ ပိုင်ဆိုင်
ထားတဲ့ ရုရှားအတွက်တော့ ယူကရိန်း
ဟာ စစ်သုံးစကားနဲ့ ပြောရရင်
အသက်တမျှအရေးကြီးတဲ့ အချက်
အခြာမြေဖြစ်နေတယ် ။ သာမာန်
အားဖြင့်တော့ ယူကရိန်း က နေတိုးထဲဝင်
ဖို့ လုပ်လို့ ရုရှားက တိုက်တယ်လို့ ခေါင်းစ ဥ်
တပ်ထားပေမယ့် ဆရာသောင်းထိုက် ရေးတဲ့
ပထဝီနိုင်ငံရေး စာအုပ်မှာ ရုရှား ဟာ
ယူကရိန်းကို မဖြစ်မနေ တိုက်နိုင်ကြောင်း
ကို လွန်ခဲ့တဲ့ နှစ်၃၀ လောက်ထဲ က
သုံးသပ်ထားပါတယ် ။

အဓိက အ​ချက်ကတော့ ယူကရိန်းဟာ
ရုရှားအတွက် ဥ​ရောပ အထွက်လမ်း ဂိတ်ဝ
ဖြစ်​နေသလို၊ ​မြေထဲပင်လယ်ဘက် ထွက်တဲ့
ပင်လယ်နက် ထွက်​ပေါက်ကို ထိပ်က စီးပြီး
ရပ်တည်​နေတဲ့ ပထဝီအ​နေအထားကို
ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။ ရုရှားက
ဥ​ရောပကို သွယ်တန်း​ ရောင်းချ​နေတဲ့
ဓါတ်​ငွေ့ပိုက်လိုင်း ​တွေက ယူကရိန်းကို
ဖြတ်သန်းရတာမို့ စီးပွား​ရေးအရ ရုရှား
အတွက် အ​ရေးပါသလို ပင်လယ်နက်ကို
ထိန်းချုပ်နိုင်ဖို့ ကရိုင်းမီးယား ကျွန်းဆွယ်
ကလည်း လုံခြုံ​ရေးအရ အလွန်
အ​ရေးပါပါတယ်။

ပထဝီ နိုင်ငံရေး အရ မဖြစ်မနေ
တိုက်ရမယ်လို့ ဆုံးဖြတ်ထားချိန်မှာ
နေတိုးထဲ ဝင်မယ်ဆိုတဲ့ အချက်က
ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု
ဖြစ်ခဲ့ရပါတယ်။

ထားပါတော့ ။

အဓိက ပြောချင်တာ က နိုင်ငံကြီး
တွေ ပြောတဲ့ နိုင်ငံရေး ဆိုတာ သူတို့
နိုင်ဖို့ အရေးပဲ စ ဥ်းစားပြီး လုပ်တတ်
ကြတာကို သိထားဖိုလိုတယ် ။သတိ
ထားဖို့ လိုပါတယ် ။

မြန်မာပြည် ပျက်စီးသလောက်ဖြစ်
သွားခဲ့ရတာဟာ လည်း ဒီနိုင်ငံကြီး
တွေကြောင့်ပဲ ။

ပထမက တော့ နိုင်ငံရေး
အပြောင်းအလဲ ကို ကြည့်ပြီး US က
NUG PDF တွေနဲ့ ကစားပြလိုက်တယ် ။
K3C လို EAOsတွေလည်းပါတာပေါ့ ။
နွေခေါင်ခေါင်ကြီး မိုးကြိုးထပစ်သလား
အောက်မေ့ရတယ် ။ရိုးသားတဲ့ အညာဒေသ
တစ်ခုလုံးနီးပါးပျက်စီးသွားတယ် ။

နဂိုထဲ က ဒီလို လုပ်ရင် သူတို့ ဒီလုပ်
ပြန်လုပ်မယ်ဆိုတဲ့ အစီအစ ဥ်က US
မှာ ရှိပြီးသား ။

ဒုတိယကတော့ ကျားဖြန့်အကြောင်း
ပြပြီး တရုတ်က မွှေပစ်လိုက်တာ
ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်ထဲ က
နယ်မြေတွေ သာမက အတွင်းပိုင်းရှိ
မိုးကုတ် နောင်ချို အထိ ပါ စော်ကား
ခံလိုက်ရတယ် ။

တရုတ်နဲ့ အဆင်ပြေနေတယ်ပြောပေမဲ့
ကိုယ့်အချုပ်အာဏာပိုင် နယ်မြေတွေ
ပြန်ရဖို့လောက်အထိ တော့ တရုတ် က
သူပုန်တွေ ထိန်းချုပ်ဖို့ အစီစ ဥ်ရှိတာ
မတွေ့ရသေးသလို သူပုန်တွေကို နှိမ်နင်း
ဖို့ နစကနဲ့ ကျောချင်းကပ် ရင်ချင်အပ်
ဆောင်ရွက်ဖို့ အစီ အစ ဥ်လည်း
မတွေ့ရသေးလို့ တရုတ်ကို အပြည့်အဝ
ယုံကြည်ဖို့ ခက်ပါတယ် ။

တကယ်သာ ပူးပေါင်းဆောင်ရွက်
မယ်ဆိုရင် သူပုန်တွေ Logistic
ပျက်တောက်သွားအောင် တရုတ်-
မြန်မာ နယ်စပ်ဂိတ်တွေကို တစ်နှစ်
လောက်ပိတ်ပေးဖို့ လိုသလို တရုတ်
မှာ ရှိတဲ့ အကောင်းဆုံး လက်နက်
တွေ အကောင်းဆုံး ဒရုန်းတွေ
တပ်မတော်ကို ထောက်ပံ့ပေးလိုက်
လို့ရပါတယ် ။

တရုတ်မှာ သူပုန်တွေကို အမြစ်ပြတ်
အောင် ဖြတ်လိုတဲ့ စိတ်ရှိဖို့ပဲလိုတာ။

အခုတစ်ခါ ထားဝယ် ရေနက်ဆိပ်ကမ်း
စီမံကိန်း အပါအဝင် စီမံကိန်း(၉ ) ခု
လက်မှတ်ထိုးလိုက်တယ် ဆိုတဲ့ သတင်း
နဲ့ ပတ်သက်ပြီး တရုတ် က ကျေနပ်ပါ့
မလား ။ရုရှားကရော ဘယ်အထိ ကောင်း
နိုင်မလဲ ။

တနင်္သာရီ ရန်ကုန် ဧရာဝတီ တိုင်း
တွေ ကလွဲရင် မြန်မာပြည်အနှံ့အပြား
အမေရိကန် တရုတ်နဲ့ ကင်းတဲ့ စစ်ပွဲက
မရှိသလောက်ရှားပါတယ် ။ မြန်မာပြည်
ခြေထောင့် ကို ရုရှား က လာနင်းတာ
တရုတ် က ကြိုက်ပါ့မလား ။ ကြိုက်
ကြိုက် မကြိုကြိုက် ကိုယ့်အမျိုးသား
အကျိုးစီးပွား ၊ ကိုယ်အချုပ်အခြာ
အာဏာ နဲ့ နိုင်ငံကြီးတွေကို အပြန်အလှန်
ထိန်းကြောင်းဖို့ လိုအပ်နေတယ် ဆိုတဲ့
ကိုယ့်နိုင်ငံ ရဲ့ ပထဝီ နိုင်ငံရေး
မဟာဗျူဟာ အရ တော့ ဒီစီမံကိန်း
က မဖြစ်မနေ လုပ်သင့်ပါတယ် ။

တစ်ဖက်မှာလည်း နဂါးမျက်စောင်း
ကြောင့် ပြာမဖြစ်အောင် သံတမန်
နည်းအရ ပါးပါးနပ်နပ်လေးနဲ့ ကစား
ဖို့တော့ လိုမယ်ထင်ပါတယ် ။

အောင်နိုင်သူ(ဇွဲကပင် )

https://t.me/AungNaingThu60945
17.02.202503:39
#ခေတ်သစ်စစ်ပွဲတွေရဲ့အောင်မြင်မှုသော့ချက်ကဘာလဲ

အခုနောက်ပိုင်း တပ်မတော်ရဲ့
ဒရုန်းမူဗီတွေက လူမှုကွန်ယက်
ပေါ်မှာ တော်တော်လေးနေရာ
ယူလာတာတွေ့ရသလို လူစိတ်ဝင်စားမှု
လည်း မြင့်တက်လာခဲ့တာတွေ့ရတယ် ။

တစ်ဖက်မှာ
လည်း ဒီ ဒရုန်းမူဗီတွေ​ဟာ
တပ်မတော်သားတွေ ၊
မိသားစုဝင်တွေနဲ့ တပ်မတော်
ကို ထောက်ခံကြတဲ့ ပြည်သူတွေရဲ့
စိတ်ဓာတ်ကို အမြင့်ဆုံးဖြစ်
အောင် ကျွဲကူးရေပါသလို ဆွဲတင်
နိုင်ခဲ့တာတွေ့ရတယ် ။

ဒါဟာ ဘာကိုပြနေသလဲဆိုရင်
ဒရုန်း တွေကြောင့် တပ်မတော်
ရဲ့ မြေပြင်ထိုးစစ် က လက်တွေ့
မှာ ပြန်လည် ဦးမော့လာနေသလို
ဝါဒဖြန့်ချိရေးလုပ်ငန်းတွေ ဟာ
လည်း အောင်မြင်လာတဲ့ သဘော
တွေ့ရတယ် ။

ဒရုန်းနဲ့ ပတ်သက်ပြီး BBC
လိုသတင်းဌာန ကနေတောင်
KIA က နော်ဘူးကို
မေးယူရတဲ့ အထိပါပဲ ။ဒါဟာ
အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။
ဒရုန်းမူဗီတွေနဲ့ ပတ်သက်ပြီး
နော်ဘူးကတော့ ထုံးစံ အတိုင်းပဲ၊
ဒါဟာ ဝါဒဖြန့်ချိရေးလို့ BBCကို
​ပြန်ဖြေကြားထားပေမယ့် လက်တွေ့
မှာ တော့ ဗန်မော်တိုက်ပွဲအတွင်း
KIA တပ်မဟာ ၃ ခု က တော့
ပျက်သွားခဲ့ရတာကတော့
အမှန်တရားပါ ။

တောင်ခမ်း မှာ TNLA စစ် ဦးကျိုးခဲ့
သလို ဗန်မော် ဟာလည်း KIA စစ် ဦး
ကျိုးတဲ့ စစ်မျက်နှာ တစ်ခုဖြစ်လာခဲ့
တာ ဟာ ဒရုန်းတွေရဲ့ အစွမ်း ၊ ဗန်မော်
မှာ ရှိတဲ့ တပ်မတော်သားတွေ ရဲ့
ရဲရဲရင့်ရင့်တုံ့ပြန်တိုက်ခိုက်မှုကြောင့်
ဖြစ်ပါတယ် ။

တစ်ဖက်မှာလည်း ဗန်မော်ဒေသရဲ့
တိုက်ပွဲတွေ အတွင်း တပ်မတော်
ဒရုန်း တွေရဲ့ တန်ပြန်တိုက်ခိုက်နိုင်မှု
စွမ်းရည် မူဗီ တွေကို ပြည်သူလူထုထံ
အချိန်နှင့် တစ်ပြေးညီဆိုသလို
ချပြနိုင်ခဲ့ခြင်းဟာလည်း အရာရှိ
စစ်သည်တွေ ကို စိတ်ဓာတ်တက်ကြွ
မြင့်မားအောင် ဆောင်ကျဥ်းပေး
နိုင်ခဲ့တာမို့ ဗန်မော်ဒေသအောင်ပွဲ ရလဒ်
အသီးအပွင့်အဖြစ်ပံ့ပိုးပေးနိုင်ခဲ့တာ
တွေ့ရတယ် ။

ခေတ်သစ်နည်းပညာအခြေပြုစစ်ပွဲ
တွေ မှာ ကန့်သတ်ချက်တွေကို သိပ်ထား
လို့ မရသလို ရဲရဲတင်းတင်းကျော်လွှား
သင့်ရင်လည်း ကျော်လွှားရပါမယ်။
ဥပမာ အလောင်းပုံမတင်ရ
တို့ တိုက်ခိုက်မှုပုံတွေမတင်ရတို့ ဆိုတဲ့
ကန့်သတ်ချက် စည်းဘောင်တွေကို
ကျော်လွန်နိုင်ဖို့လိုတယ် ။

ဘာကြောင့်လဲ ဆိုတော့ အင်္ဂလိပ်
စစ်ပညာရှင် တစ်ယောက်ပြောသလိုပဲ ။
ခေတ်သစ်စစ်ပွဲတွေ ဆိုတာက မီဒီယာ
မီးရောင်အောက်မှာ ဖြစ်ကြရတာဖြစ်ပြီး
နက်ရှိုင်းရှုပ်ထွေးတဲ့ သဘောကို ဆောင်
နေလို့ပဲ ဖြစ်ပါတယ် ။

ခေတ်သစ်စစ်သဘောကိုက နိုင်ငံရေး
စစ်မျက်နှာစာနဲ့ အတူ လက်တွေ့တိုက်ခိုက်
ရတဲ့ စစ်မျက်နှာတွေဟာ ဝါဒဖြန့်ချိရေး
မီဒီယာစစ်မျက်နှာနဲ့ တစ်ပါတည်း တွဲခေါ်
သွားနိုင်မှသာ အောင်မြင်မှု ရလဒ် ကြီးကြီး
မားမားရနိုင်မှာ ဖြစ်တယ် ။

စစ်ရေးအောင်မြင်မှုသတင်းတွေကို
လူမှုကွန်ယက်မီဒီယာတွေ ပေါ်မှာ အချိန်နဲ့
တစ်ပြေးညီ ထုတ်ပြန်ချပြသွားခြင်းဖြင့်
တပ်မတော်နဲ့ တပ်မတော် ထောက်ခံကြတဲ့
ပြည်သူလူထု စိတ်ဓာတ်တက်ကြွအောင်
ဆောင်ရွက်နိုင်မှာဖြစ်သလို တစ်ဖက်ရန်သူ
ကို လည်း စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်
ပြီးသား ဖြစ်သွားပါတယ် ။

ဒါ့ကြောင့် နိုင်ငံရေး စစ်ရေး ဝါဒဖြန့်ချိရေး
တွေကို တစ်ပြိုင်တည်း စစ်ဆင်သွားကြရမှာက
ခေတ်သစ်စစ်ပွဲတွေရဲ့ အောင်မြင်မှုသော့ချက်
ဖြစ်ကြောင်း ​အကြံပြုလိုတယ် ။

မင်းသုန္ဒရ True Wave
https://t.me/AungNaingThu60945
ဒီတစ်ခါမညှာတော့ပါဘူး

အကိုကြီးရေ ဗန်မော် ကို
ဒရုန်းက ကယ်လိုက်ပြီတဲ့ ။
မနက်စောစောစီးစီးကြား
လိုက်ရတဲ့သတင်းကောင်းကြောင့်
သိန်းငါးထောင်ဆုကြီး ပေါက်တာ
ထက်တောင် ဝမ်းသာနေမိတယ် ။

ကိုယ်စိတ်ပူလို့ ထပ်မေး
ကြည့်ပြန်​တော့ ဘာမှ
မပူနဲ့ အကိုကြီး ၊ ကျွန်တော့်
ဂါဒီယန်တွေနဲ့လည်း ဖုန်းပြော
လို့ရတယ် အကိုကြီး ဆိုပြီး
ဖုန်းနံပါတ်ပေးလို့ ဖုန်းဆက်
ကြည့်တဲ့ အခါမှ ပိုပြီး စိတ်ချ
ယုံကြည်သွားမိတယ်။

ဗန်မော် မှာ ရန်သူ က
အတုန်းအရုန်းကျတယ်လို့
ပြောရင် ပိုတယ်မထင်ပါနဲ့ ။
KIA တပ်မဟာ ၃ ခုလောက်
ပျက်သွားခဲ့ပြီဖြစ်သလို PDF
တွေလည်း နာလန်မထူနိုင်
တော့ပါဘူး ။

​ဗန်မော် မှာ KIA စစ် ဦးကျိုး
သွားပါပြီ ။ နောက်ထပ် ဒီဒရုန်း
တွေ အစွမ်းနဲ့ လိုက်စစ် တိုက်စစ်
ဆင်မယ်ဆိုရင် လိုင်ဇာ အထိ
သိမ်းပိုက်နိုင်စွမ်းရှိနေပါတယ်။

လှည့်စားတက်တဲ့ KIA ရဲ့
စစ်နည်းဗျူဟာ ကို တပ်မတော်
က ကောင်းကောင်းသိနေပြီမို့
ဒီတစ်ခါ လိုင်ဇာကို ပြန်သိမ်
ရမယ်ဆိုရင် အရင်လို ညှာတာ
မှာ တော့ မဟုတ်ပါဘူး ။


မင်းသုန္ဒရ #Truth Waves
15.02.202504:02
#နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသောပြည်ပနိုင်ငံသားများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးပြီး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၅

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသား အချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် အွန်လိုင်း လိမ်လည်မှုများ၊အွန်လိုင်း လောင်းကစားမှုများတွင် ပါဝင်ဆောင်ရွက်နေသူများ၊ တရားမဝင် ဝင်ရောက်နေထိုင်သူများအား ရှာဖွေစိစစ် ဖော်ထုတ်ခြင်း နှင့်ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေ အတွင်း အွန်လိုင်း လိမ်လည်မှုများ၊ အွန်လိုင်း လောင်းကစားမှုများ လုပ်ဆောင်ရန်နှင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မ လူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား အမျိုးသား ၁၉၄ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၂၀၀ ဦး တို့အား ဖေဖော်ဝါရီ လ ၁၄ ရက် ညနေ ၇ နာရီချိန်ခန့်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာ လုပ်ထုံးလုပ် နည်းများနှင့်အညီ တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း လိမ်လည်မှုများ၊ လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများ နှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
13.02.202508:00
#အင်တိုက်အားတိုက် တိုက်ဖျက်နေတဲ့ကျားဖြန့်

အခုတလောကျားဖြန့်ဂယက်က တစ်နေ့တစ်ခြား
ပိုပြီး ပြင်းထန်လာနေတာတွေ့ရတယ် ။အထူးသဖြင့်
မြန်မာပြည်တောင်ပိုင်း ကရင်ပြည်နယ်ထဲက
ထိုင်း-မြန်မာ နယ်စပ်​က ရွှေကုက္ကိုလ်ဒေသ
ဟာ ကျားဖြန့်တိုက်ဖျက်ရေး ရဲ့ ပစ်မှတ်ဖြစ်လာ
နေပါတယ် ။ကျားဖြန့်နဲ့ ပတ်သက်ပြီး အိမ်နီးချင်း
နိုင်ငံတွေရော တရုတ်နိုင်ငံ က အားထည့်
လုပ်ဆောင်နေသလို မြန်မာနိုင်ငံ ကလည်း
ကျားဖြန့် တရားမဝင်လောင်းကစား လုပ်ငန်း
ကြီး ပပျောက်ကင်းစင်တဲ့ အထိ ရည်မှန်ထား
ဆောင်ရွက်နေရတာတွေ့ရတယ် ။

ဒါ့ကြောင့် လည်း အခုတလော မြန်မာပြည်
နယ်အနှံ့မှာ ကျားဖြန့်နှိမ်နင်းရေးကို စီမံချက်
ချဆောင်ရွက်နေလို့ ဖမ်းဆီးရမိတဲ့ ကျားဖြန့်
ဂိုဏ်းသားတွေကို သက်ဆိုင်နိုင်ငံတွေဆီကို
လွှဲပြောင်းပေးနေပါတယ် ။အစိုးရ ရဲ့ ထုတ်
ပြန်ထားတဲ့ သတင်းတွေအရတော့ ၂၀၂၅
ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ
ကျားဖြန့် ခေါင်းစ ဥ်အောက်ကနေ မြန်မာ
နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့
နိုင်ငံပေါင်း ၃၂ နိုင်ငံ က နိုင်ငံခြားသား
ကျား/မ ၅၅၈၄၁ ဦးကို လွှဲပြောင်းခဲ့ပြီး
ဖြစ်သလို ဒီနောက်ပိုင်းကာလတွေမှာ
လည်း ကျားဖြန့် နဲ့ ဆက်စပ်နေသူတွေ
ကို ဖမ်းဆီးရမိတိုင်း စ ဥ်ဆက်မပြတ်
လွှဲပြောင်းပေးလျက်ရှိပါတယ် ။

တစ်နေ့ က တရုတ်နိုင်ငံသား
၂၁ ဦးကို လွှဲပြောင်း
ပေးနိုင်ခဲ့သလို ထပ်မံဖမ်းဆီးရမိသူတွေ
ကိုလည်း စ ဥ်ဆက်မပြတ်လွှဲပြောင်း
ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါတယ် ။
အထူးသဖြင့် တောင်ပိုင်းကျားဖြန့်ဒေသ
လို့ လူသိများတဲ့ မြဝတီမြို့နယ်ထဲက
ကျားဖြန့် နဲ့ ဆက်စပ်သူတွေကို ဖမ်းဆီး
နိုင်ရေး အတွက်
နစက အနေနဲ့ အင်တိုက်အားတိုက်
တိုက်ဖျက်နေကြပြီး ဖြစ်ပါတယ် ။

ထူးခြားတာက ဒီဒေသ မှာ ရှိတဲ့
BGF တွေကိုယ်တိုင်က ကျားဖြန့်နှိမ်နင်း
ရေး ကို တက်တက်ကြွကြွနဲ့ ပူးပေါင်း
ပါဝင် ဆောင်ရွက်ပေးနေလို့ ကရင်ပြည်
နယ် မကြာမီ ကျားဖြန့် ကင်းစင်ရေး
ဇုန်ကို ထူထောင်နိုင်တော့ မယ် သဘော
တွေ့ရပါတယ် ။

ဒါကို ကြည့်ချင်းအားဖြင့်
မြန်မာနိုင်ငံ ဟာ ကျားဖြန့်နှိမ်နင်း
ရေး ကို ဘယ်လောက်အလေးထားပြီး
ဆောင်ရွက်နေသလဲ ဆိုတာတွေ့မြင်ရ
မှာ ဖြစ်ပါတယ် ။ဒါ့ကြောင့် မကြာမီ
အချိန်ကာလ အတွင်းမှာ ကျားဖြန့်ဆိုတဲ့
တရားမဝင် အွန်လိုင်း လောင်းကစား
လုပ်ငန်းကြီး ဟာ အနှေးနဲ့ အမြန်ဆိုသလို
ကင်းစင် ပျောက်ကွယ်သွားလိမ့်မယ်
လို့ ယူဆမိပါတယ် ။

Truth Waves
07.02.202508:30
15.02.202509:08
ကျွန်တော့် ဆောင်းပါးကို အခုလို
ပြန်တင်ဆက်ပေးထားတဲ့ Truth Wave မီဒီယာကို လည်း ကျေးဇူးတင်ပါတယ်
07.02.202508:29
စစ်ပွဲရဲ့အနာဂတ်ဟာ AI နည်းပညာနဲ့ ဒရုန်းတွေဖြစ်
ကြောင်း အီလွန်မတ်ပြော

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၇

စစ်ပွဲရဲ့အနာဂတ်ဟာ AI နည်းပညာနဲ့ ဒရုန်းတွေဖြစ်ကြောင်း နယူးယောက်၊ ဝက်စ်ပွိုင့်မှာရှိတဲ့ အမေရိကန်ပြည်ထောင်စု စစ်တက္ကသိုလ်မှာ ပြီးခဲ့တဲ့နွေရာသီက မိန့်ခွန်းပြောဆိုခဲ့ပြီး ပြန်လည်ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ SpaceX ကုမ္ပဏီကြီး ရဲ့ CEO အီလွန်မတ်က ပြောကြားခဲ့ပါတယ်။

“ယူကရိန်းမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲဟာ တကယ့်ကို ဒရုန်းစစ်ပွဲတစ်ခုဖြစ်နေပါပြီ။ တကယ့်အင်အားကြီးနိုင်ငံရဲ့ စစ် ပွဲတစ်ပွဲဖြစ်လာမယ်ဆိုရင် ဒရုန်းစစ်ပွဲတစ်ပွဲဖြစ်ပွားမှာပဲဖြစ်ပါတယ်။” လို့ Tesla Inc နဲ့ X လူမှုကွန်ရက်တို့ကိုလည်း ဦး ဆောင်နေတဲ့ အသက် ၅၃ နှစ်အရွယ် အီလွန်မတ်
က ပြောပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ ဒရုန်းတွေကို ရင်းနှီးမြှုပ်နှံဖို့နဲ့ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ဖို့ လိုအပ်ကြောင်း သမ္မတ ဒေါ် နယ်ထရမ့်နဲ့ ရင်းနှီးမှုကတစ်ဆင့် အမေရိကန်အစိုးရအဖွဲ့မှာ လက်ရှိအချိန်မှာ အရေးပါနေတဲ့ ဘီလျံနာ အီလွန်မတ်က ပြောပါတယ်။

အီလွန်မတ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၆ ရက်နေ့က ဝက်စ်ပွိုင့်စစ်တက္ကသိုလ် အကဲဒမစ်ဘုတ်အဖွဲ့မဟာဌာနမှူး ဗိ်ုလ်မှူးချုပ်ရှိန်းရိဗ်စ်နဲ့အတူ အလွတ်သဘောအင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပြီး အဲဒီ မိနစ် ၄၀ ကြာစကားဝိုင်းကို ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၆ ရက်နေ့) ညနေပိုင်းက X လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

မကြာခဏဆိုသလို audiobook တွေကတစ်ဆင့် စစ်သမိုင်းတွေ နားထောင်ရင်း အိပ်ပျော်သွားတတ်လေ့ရှိတယ်လို့ သူ့ကိုယ်သူပြောတဲ့အီလွန်မတ်က နိုင်ငံ့ခေါင်းဆောင်တွေကို ကိုယ့်ကိုယ်ကိုယ် ကျေနပ်မနေဖို့ သတိပေးပြောကြားခဲ့ပါ တယ်။

“နိုင်ငံတွေ အများအပြားဟာ လာမယ့်စစ်ပွဲအတွက် မဟုတ်ဘဲ နောက်ဆုံးစစ်ပွဲကို တိုက်ခိုက်နိုင်ဖို့အတွက် ပြင်ဆင်ထား တာဖြစ်ပါတယ်။” လို့ တပ်မတော်အရာရှိကြီးတွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ၄င်းက ပြောပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ အပြည့်အဝ မပါဝင်ခင် အချိန်တိုလေးမှာပဲ နွေရာသီက ဝက်စ်ပွိုင့် စစ် တက္ကသိုလ်မှာ အများပြည်သူမြင်ကွင်းကို အီလွန်မတ်တက်ရောက်ခဲ့တာဖြစ်ပါတယ်။

တောင်အာဖရိကမှာမွေးဖွားခဲ့တဲ့ နည်းပညာ ကုမ္ပဏီကြီးရဲ့အကြီးအကဲ အီလွန်မတ်ဟာ အဲဒီအချိန်ကတည်းက ဖက်ဒ ရယ်အစိုးရဖွဲ့စည်းပုံကို ပြောင်းလဲဖို့ ဦးဆောင်ကြိုးပမ်းနေတဲ့ အမေရိကန်အစိုးရအဖွဲ့ထဲမှာ အဓိကကြိုးကိုင်လှုပ်ရှားသူ တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

အီလွန်မတ်ရဲ့ အစိုးရအဖွဲ့အရည်အသွေးမြှင့်တင်ရေးအဖွဲ့ (DOGE) က အဖွဲ့ဝင်တွေဟာ အစိုးရအဖွဲ့အစည်းလေးငါးခုကို ဝင်ရောက်ခဲ့ပြီး data system တွေ စစ်ဆေးခြင်း၊ အသုံးစရိတ်တွေ/ ကန်ထရိုက်လုပ်ငန်းတွေ စေ့စေ့စပ်စပ် စိစစ်ခြင်းတို့ ကို ဆောင်ရွက်လျက်ရှိပါတယ်။

SpaceX ဟာ သမ္မတဒွိုက်အိုက်ဆင်ဟောင်ဝါက ပြောဆိုခဲ့တဲ့ စစ်ဘက်ဆိုင်ရာစက်မှုထုတ်လုပ်ရေးရပ်ဝန်းကြီးရဲ့ အဓိက အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

အမျိုးသားလေကြောင်းနဲ့ အာကာသ အုပ်ချုပ်ရေးအဖွဲ့ (NASA) လို မိတ်ဖက်အဖွဲ့အစည်းအတွက် ရော့ကက်တွေ လွှတ် တင်တာအပါအဝင် Starlink လို ဂြိုဟ်တုစနစ်ဆက်သွယ်ရေးကို နိုင်ငံနဲ့ နယ်မြေပေါင်း ၁၀၀ ကျော်မှာ ရရှိနိုင်ပါတယ်။

“Starlink ဂြိုဟ်တုစနစ်ဆက်သွယ်ရေးစနစ်ဟာ ယူကရိန်းစစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးစနစ်ရဲ့ အဓိကကျောရိုးဖြစ် လာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Starlink ကို ရုရှားတပ်တွေ ပိတ်ဆို့လို့ မရလို့ပါပဲ။ ရှေ့တန်းစစ်မြေပြင်မှာ ဖိုင်ဘာ ဆက်သွယ်ရေးလိုင်းအားလုံး ဖြတ်တောက်ခံရတယ်။ Cell tower တွေ ဖောက်ခွဲခံရတယ်။ Geostationary ဂြိုဟ်တုလင့် တွေ ကြားဖြတ်နှောင့်ယှက်ခံရတယ်။ ကြားဖြတ် နှောင့်ယှက်တိုက်ခိုက်လို့မရတာ Starlink တစ်ခုပဲရှိတယ်။” လို့ အီလွန် မတ်က ပြောပါတယ်။

Ref: Elon Musk calls drones, AI the future of war: Bloomberg News
21.02.202505:47
#ပလောင်ခန်းတဲ့တောင်ခမ်းမှသည်

နောင်ချို ကို ပြန်ရတော့မယ်လို့
လွန်ခဲ့တဲ့ (၂)ပတ်လောက်က
ကျွန်တော်ရေးခဲ့ဖူးတယ် ။မြန်မာ
ပြည်ရဲ့ အပျော့ဆုံးစစ်မျက်နှာ
ဟာလည်း နောင်ချိုစစ်မျက်နှာ
ဖြစ်တယ်လို့ ရေးခဲ့တယ် ။

အခုတော့ တောင်ခမ်းက
ပလောင်ခန်းပြီ ဆိုတဲ့ တဘောင်
အတိုင်းပဲ TNLA တွေ ကုန်လာနေ
ပြီမို့ နောင်ချိုနဲ့ ၅ မိုင်အကွာကနေ
TNLA ရှိရာ နောင်ချိုကို ဝိုင်းထား
နိုင်ခဲ့ပြီဖြစ်ပါတယ် ။

ဒရုန်း အမြောက် ခြေလျင် လေ​ယာ ဥ်
ဆိုတဲ့ ဟန်ချက်ညီ ပူးပေါင်းထိုးစစ်
ကြောင့် ပလောင်တွေလည်း နောင်ချို
မှာ ရေရှည်ခုခံနိုင်ဖို့ မလွယ်ကူ
တော့ပါဘူး။

ကြားရတဲ့ သတင်းတွေ အရ တော့
ပလောင် ဟာ ပြဿနာ (၂)ရပ်နဲ့
ရင်ဆိုင်နေရတယ် ။

ပထမ ပြဿနာက အင်အားပြဿနာ
ဖြစ်ပြီး ဒုတိယ ပြဿနာ က ဒရုန်း
ပြဿနာ လို့ သိရတယ် ။

အင်အားပြဿနာ ကတော့ TNLA
ဟာ ၁၀၂၇ ပထမ ဒုတိယ လှိုင်း
တွေမှာ နောင်ချို ကျောက်မဲ သီပေါ
မိုးကုတ် ကို သိမ်းပြီးရင် BPLAနဲ့
သက်ဆိုင်ရာ PDF တွေကို ပေးမယ်
လို့ ကတိပြုခဲ့ကြတယ်တဲ့ ။ဒါပေမယ့်
လက်တွေ့မှာ မပေးတဲ့ အပြင် ဗမာPDF
တွေကို မောင်းထုတ်ပစ်လိုက်လို့
TNLA မှာ အင်အားချိနဲ့သွားခဲ့တယ် ။
ပိုဆိုးတာက တောင်ခမ်းမှာ အကျဆုံး
များ ခဲ့လို့ TNLA အင်အားတော်တော်
ထိခိုက်သွားခဲ့တယ် ။ဒါက TNLA
အင်အားချိနဲ့လာတဲ့ ပြဿနာ ဆိုပါတော့ ။

ဒုတိယပြဿနာ က ဒရုန်းပြဿနာ ။

၁၀၂၇ စတုန်း က TNLA ဟာ
MNDA UWSA ရဲ့ ချိပ်ဆက်ပေးမှုနဲ့
အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံရဲ့
အစိုးရ အောက် က မဟုတ်တဲ့
ကြေးစားပုဂ္ဂလိက အဖွဲ့အစည်း
တစ်ခုဆီက ဒရုန်း အစီး ၅၀ လောက်
ဝယ်ယူငှားရမ်း အသုံးပြုခဲ့တယ်။
ဒရုန်းတွေကို သူတို့ကိုယ်တိုင်
အသုံးမပြုနိုင်တော့ ပြင်ပ က
ဒရုန်းပညာရှင်တွေကို ပါ တိုက်ပွဲ
အတွင်း ငှားရမ်းအသုံးပြုခွင့်
ရခဲ့တယ်။

အခုတော့ သက်ဆိုင်ရာ ဒရုန်း
ပညာရှင်တွေကို သူ့နိုင်ငံ က
သိပြီး ပြန်လည်ခေါ်ယူသွားခဲ့လို့
ပလောင် မှာ ဒရုန်းပညာရှင်မရှိတော့
ဘူးဖြစ်နေတယ် ။
ပိုဆိုးတာက သူတို့ ဝယ်ယူထားတဲ့
ဒရုန်းတွေဟာ ၁၀၂၇ မှာ သွန်ခဲ့လို့
သက်တမ်းကုန်ပြီ သုံးမရ သုံးမရဲ
တွေ ဖြစ်လာတာပဲ ။ သာမာန်အား
ဖြင့် ဒရုန်းတစ်စီး ဟာ အကြိမ် ၈၀ ထက်
ပိုပြီး ဗုံးကျဲ တဲ့ နေရာ သုံးဖို့ အာမခံချက်
မရှိတော့ဘူးလို့ ဒရုန်း ပညာရှင်တွေ
ဆီ က သိရတာမို့ TNLA ဟာ
တပ်မတော်ရဲ့ ဒရုန်းထိုးစစ်တွေကို
လည်စင်းခံပေးရတော့မယ် အခြေ
အနေနဲ့ ရင်ဆိုင်နေရတယ် ။

ဒါ့ကြောင့် ဒရုန်းမပါတော့တဲ့ TNLA
အင်အားချိနဲ့လာတဲ့ TNLA ဟာ
တပ်မတော် ဒရုန်းတွေ ရဲ့ တန်ပြန်ထိုးစစ်
ကို ရေရှည်ခုခံနိုင်ဖို့ ဘယ်လို မှ မဖြစ်
နိုင်ပါဘူး ။ဒီပုံတိုင်းဆိုရင်တော့ တပ်က
နောင်ချို ကို ပြန်သိမ်းပြီး သီပေါ
ကျောက်မဲ အထိ အောင်မြေချဲ့တာ
ကို ပြည်သူလူထုတွေ မျက်ဝါးထင်ထင်
မြင်တွေ့ရတော့မှာ ဖြစ်ကြောင်း
သတင်းကောင်းပါးလိုက်ပါရစေ ။

အောင်နိုင်သူ( ဇွဲကပင်)

https://t.me/AungNaingThu60945
16.02.202513:11
#ပြောင်းလဲလာတဲ့စစ်ပွဲမျိုးဆက်တွေရဲ့စိန်ခေါ်မှုကို
ဘယ်လိုရင်ဆိုင်ကြမလဲ (၁)

လွန်ခဲ့တဲ့ ၂ နှစ် လောက်က မောင်းသူမဲ့
ဒရုန်းတော်လှန်ရေးခေတ်ကို ရောက်ရှိ
လာပြီလား ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို
ကျွန်တော် ရေးခဲ့ဖူးပါတယ် ။ဒါပေမယ့်
အနာဂတ်ကို ခန့်မှန်းရေးသားချင်းဖြစ်လို့ ပုံ
နှိပ်မီဒီယာ တွေ က မသုံးရဲဘူး ဆိုတာနဲ့ပဲ
Fb အပေါ်ကို ကျွန်တော်ကောက်တင်
လိုက်ပါတော့တယ် ။

အဲဒီလို တင်ပြီး မကြာပါဘူး ။ ဒရုန်း
တွေကို အားပြုပြီး ရန်သူ က ၁၀၂၇
ဆိုတဲ့ စစ်ဆင်ရေးကြီး ဆင်နွှဲလာပါ
တော့တယ် ။ သေသေချာချာကို စနစ်
တကျ မဟာဗျူဟာ ရေးဆွဲပြီး ပြင်ဆင်
လာခဲ့တာ တွေ့ရတယ် ။

တကယ်တော့ ဒရုန်း အကြောင်းရေး
ခဲ့ တာ အဲဒီအချိန်မှတော့ မဟုတ်ပါဘူး ။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၅
မှာ တစ်ကျော့ပြန်ဖြစ်ပွားခဲ့တဲ့ နိုကိုရာ-
ကာရာဘတ် ဒေသ စစ်ပွဲ တစ်ခါမှ
စစ်ရေးအရ အသာစီးမရ ၊မနိုင်ခဲ့ဖူးတဲ့
အဇာဘိုင်ဂျန် တပ်တွေဟာ အာမနီးယား
ကို အသားစီးရခဲ့တယ် ။အာမေးနီးယား
တို့ နယ်မြေအများ
အပြားကို လည်း လက်လွှတ်ခဲ့ရတဲ့
အပြင် ရုရှား လုပ် တင့်ကား (၁၈၅ )စီး
ပါ လက်လွှတ်ဆုံးရှူံးခဲ့ရတယ် ။

ဒီလို ဘာကြောင့် ဖြစ်ရသလဲ ဆိုပြီး
ပြန်ဆန်းစစ်လေ့လာကြည့်တော့
အဇာဘိုင်ဂျန် ဟာ တူရကီနဲ့ အစ္စရေး
ဒရုန်းတွေကို သုံပြီး ခေတ်သစ်ပွဲကို
နိဒါန်းဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါ
တယ် ။ဒါဟာ စစ်မက်ရေးရာတော်လှန်
ပြောင်းလဲမှုကြီး ဖြစ်ပြီးလို့ သုံးသပ်မိခဲ့
ပေမယ့် ပြောဖို့ စောနေသေတာရယ်
ကျွန်တော် ဟာ စစ်ပညာရှင်တစ်ယောက်
မဟုတ်တာရယ် ကြောင့် ဒီကာလ
ဟာ သတင်းတော်လှန်ရေးမလွန်ဆန်
နိုင်သေးရင်တောင် သတင်းတော်လှန်ရေး
နဲ့ ခေတ်ပြိုင် ဒရုန်းတော်လှန်ရေး ပေါ်ပေါက်
လာပြီလို့ ရေးခဲ့ဖူးပါတယ် ။

ဒရုန်းနဲ့ပတ်သက်ပြီးတော့ နိုကိုရာ-ကရာဘတ်
ဒေသ စစ်ပွဲကို အခြေခံတဲ့ ဆောင်းပါးနှစ်
ပုဒ် ပုံနှိပ်မီဒီယာမှာ ရေးခဲ့ဖူးသလို FB
ပေါ်မှာ လည်း အကြိမ်ကြိမ်ရေးခဲ့ပြီး ဖြစ်
ပါတယ် ။

အခုတော့ ကျွန်တော့် ရဲ့ ယူဆချက်တွေ
မှန်ခဲ့ပြီလို့ ဆိုရပါတော့မယ် ။

ဆရာရဲကျော် ရဲ့ ဒီစာအုပ် မှာ
ဒရုန်းတော်လှန်ရေး ရောက်ပြီလို့ ဖော်ပြ
လာပြီ ဖြစ်ပါတယ် ။ဒါ့ကြောင့် ဒီကာလ
ဟာ ( ၁၂ ) ကြိမ်မြောက် စစ်မက်ရေးရာ
တော်လှန်ပြောင်းလဲမှု အဖြစ်
ဒရုန်းတော်လှန်ရေးကို ရောက်ရှိခဲ့ပြီ
ဆိုပါတော့ ။

တစ်ဖက်မှာ လည်း စစ်မက်ရေးရာ
တော်လှန်ပြောင်းလဲမှုနဲ့ အတူ စစ်ပွဲမျိုးဆက်
တွေ လည်း ပြောင်းလဲခဲ့ပြီ ဖြစ်ပါတယ် ။
ကျွန်တော်တို့ တွေ လက်ရှိကျင့်သုံးနေတဲ့
ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တို့ တီထွင်ဖန်တီး
ခဲ့တဲ့ ချီစစ် တိုက်စစ် ခံစစ် ခွာစစ် ကို
အခြေခံထားတဲ့ အချိန် အလစ်အငိုက် နှင့်
လှ ည့် စား မှုကို အား ပြု စစ်ဆင် သည့်
လှုပ်ရှား စစ် ကစား စစ်ပွဲ
( Maneuver Warfare )
တတိယမျိုးဆက်စစ်ပွဲ ဟာ ကျန်ခဲ့ပြီး
ဖြစ်ပါတယ်။

တစ်ခါ တရုတ်ပြည် ပြည်တွင်းစစ်မှာ
မော်စီတုန်းဖန်တီးခဲ့တဲ့ ပြောက်ကျားစစ် ၊
သောင်းကျန်မှုမျိုးစုံ ၊အကြမ်းဖက်မှုမျိုးစုံ
တို့ကို အခြေခံထားတဲ့ ( Fourth Generation)
( နိုင်ငံရေးကိုအခြေခံပြီကာလရှည်လျားစွာ ကွန်ယက်ဗဟိုပြုတိုက်ခိုက်ရသည့် ဘက်မညီစစ်ဆင်ရေးနည်းလမ်း (Protracted and network warfar)
ဟာ လည်း အာဖဂန်နစ္စတန်မှာ
နောက်ဆုံး အဆုံးသတ်ခဲ့တာတွေ့ရပါတယ် ။
( စကားချပ် ၊ မော်စီတုန်း က ပြောက်ကျားစစ်
ကို အခြေခံခဲ့ပေမယ့် နောက်ပိုင်း ဘင်လာဒင်
တို့ အုပ်စုတွေက သောင်းကျန်းမှုမျိုးစုံ ၊
အကြမ်းဖက်မှုမျိုးစုံတို့ကိုပါ ထည့်သွင်း
ကျင့်သုံးခဲ့တယ်။)

အခုတော့ ဒီစာအုပ်မှာ ပညာရှင်တစ်ယောက်
က ဒရုန်းတွေကို အားပြုစစ်ဆင်တိုက်ခိုက်
ရတဲ့ ပ ဥ္စမ မျိုးဆက်စစ်ပွဲ( Fifth Generation)
ရောက်ပြီး လို့ အတိအလင်းကြေငြာ
ရေးသားလာပြီး ဖြစ်ပါတယ် ။

ဒါ့ကြောင့် ပြောင်းလဲ လာတဲ့ ပဥ္စမမျိုးဆက်
စစ်ပွဲရဲ့ စိန်ခေါ်မှုတွေကို ကျွန်တော်တို့
တုံ့ပြန်ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားကြရ
တော့မှာ ဖြစ်ပါတယ် ။

အားတဲ့ အခါ အပိုင်းဆက်တွေနဲ့ ရေး
တင်ပေးပါ့မယ်။

စာကိုး

ရဲကျော် ၏ မျက်မှောက်ခေတ်စစ်ပွဲများနှင့်
ဒရုန်း ၏ အခန်းကဏ္ဍ
စိုးညွန့် ၏ ဒရုန်းစစ်ပွဲ
အောင်မျိုး ၏ မျကမှောက်ခေတ်စစ်မက်ရေးရာ
အယူအဆများ
ဇာနည် ( ဘူမိဗေဒ) ၏ ၂၁ ရာစု စတုတ္ထမျိုးဆက်
စစ်ပွဲ

အောင်နိုင်သူ( ဇွဲကပင် )
Қайта жіберілді:
Truth waves avatar
Truth waves
15.02.202509:08
ပြင်ကြစေချင်တယ်

Truth waves
15.02.202504:00
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၌ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသူများအား ဖော်ထုတ်ဖမ်းဆီးရမိ၊ လိုအပ်သည့် စစ်ဆေးဖော်ထုတ်မှုများဆောင်ရွက်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၄
08.02.202506:36
ဖားကန့်ဒေသမှာ KIA နှင့် PDF ကြား ပစ်ခတ်မှုဖြစ်

CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈

ဖားကန့်မြို့နယ် မလန်း(ပဲမလန်း)ကျေးရွာဘက်မှာ အခြေပြုလှုပ်ရှားနေသည့် KIA နှင့် PDF တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးကြောင်း ဒေသခံများက ပြောသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းတွင် ကော်ဖီထုပ်(မုန့်လာထုပ်) ပေးရာမှာ နှစ်ဖက် အငြင်းပွါးကာ KIA က စတင်၍ ထိုးကြိတ်ခဲ့ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်ဒေသခံတစ်ဦးက “မနေ့က ပဲမလန်းပေါ့။ အရင်က ရွှေမှော်ဟောင်းမှာ KIA နဲ့ PDF အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြတာ။ ကော်ဖီထုပ် (မုန့်လာထုပ်)အဝေ မတည့်တာကနေ ဖြစ်ကြတာလို့ သိရတယ်။ အဲမှာ KIA က စပြီး ထိုးကြိတ် တော့ ထိန်းမနိုင်ဘဲ နှစ်ဖက် အပြန်အလှန်ပစ်
ခတ်ကြတာ”ဟု ပြောသည်။

နှစ်ဖက်ထိခိုက်မှုကိုတော့ မသိရကြောင်း ၎င်းက ပြောသည်။

မြန်မာ့တပ်မတော်ကို KIA -PDF ပူးပေါင်းတိုက်ခိုက်သည့်တိုင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို KIA က အားလုံး သိမ်းဆည်းလေ့ရှိ၍ အချင်းချင်းကြား အငြင်းပွါး မှုများ ရှိနေသည်ဟု နီးစပ်သူများက ပြောသည်။

KIA-PDF နှင့်နီးစပ်သူတစ်ဦးက “တိုက်ပွဲဖြစ်တဲ့ အခါမှာ စကစ ဘက်ကနေ သိမ်းလို့ရတဲ့ လက်နက်ခဲယမ်းတွေကို KIA အကုန်သိမ်းတယ်။ ပြီးမှာ လိုအပ်သလောက်ကို PDF ကို ပေးတယ်။ လက်နက်ခဲယမ်းကို ထိန်းချုပ်ပြီးမှာ ဝေတာ။ အဲတော့ PDF တွေကလည်း ဘယ်လို လုပ်လာရလဲဆိုတော့ သူတို့တိုက်လို့ရတဲ့ လက်နက်ခဲယမ်းကို အရင်ဆုံး သူတို့သိမ်းပြီးတော့ KIA မသိအောင် သိမ်းထားရတာတွေ လုပ်လာရတယ်။ KIA ကလည်း တချိန်ကျရင် PDF ကိစ္စကို ရှင်းရမှာဆိုတော့ သူက အခုကတည်းက ထိန်းချုပ်ထားနိုင်မှာရမှာပေါ့”ဟု ပြောသည်။

အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး KIA ဘက်ကို ဆက်သွယ် မေးမြန်းသော်လည်း အဆက်အသွယ် မရသေးဘဲ ဖြစ်နေသည်။

KIA နှင့် PDF တို့သည် ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိကြသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်းက ဗန်းမော်မြို့ အပါအဝင် စစ်ကိုင်းဒေသကြီးအတွင်းက အင်းတော်မြို့၊ ဗန်းမောက်မြို့၊ ဟုမ္မလင်းမြို့များ သိမ်းပိုက်ရေး ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

#KIA #PDF #ဖားကန့် #ပစ်ခတ်မှု #နိုင်ငံရေး #CNImyanmar
Жойылды07.02.202510:18
တေးရေး နိုင်မြန်မာ
ကောင်းရာသုဂတိလားပါစေ
Көрсетілген 1 - 24 арасынан 198
Көбірек мүмкіндіктерді ашу үшін кіріңіз.