The Town of Ghosts (2022)
Mystery, Horror, Thriller
အမျိုးအစား ဖြစ်ပြီးတော့
ဟာသလေးတွေပါ ပေါင်းထည့်ထားပါတယ်။
ထူးထူးဆန်းဆန်း လူသေမှုတွေရဲ့ နောက်ကွယ်က ပဟေဠိတွေအကြောင်းလည်း မြင်တွေ့ရမှာပါ။
လောလောလတ်လတ် ထွက်လာတဲ့ တရုတ်ကားတွေထဲမှာ အတော်မဆိုးတဲ့ ဇာတ်ကားလေးလို့ ပြောရမှာပါ။
ရတနာမုဆိုးတွေ ဖြစ်တဲ့ ရန်ရန်ရီးနဲ့ ပေါင်ဟူလူတို့ သူငယ်ချင်းနှစ်ယောက်ဟာ ရတနာရှာထွက်လာရင်း သရဲမြို့တော်
ကို ရောက်သွားပါတယ်။
ရိုးရိုးတန်းတန်း မြို့တစ်မြို့လို့ ထင်ထားခဲ့ပေမယ့် တကယ့်တကယ် ရောက်သွားတော့
လျှို့ဝှက်ချက်တွေ အများကြီး
ရှိနေတာကို သူတို့နှစ်ယောက် တွေ့လိုက်ရတဲ့အတွက်
ဘုရားလည်း ဖူးရင်း လိပ်ဥလည်း တူးရင်း ဆိုသလို သူတို့အနေနဲ့ တစ်ဖက်က ရတနာရှာရင်း တစ်ဖက်က စုံစမ်းရင်း
နဲ့ ဘာတွေသိလာရမလဲဆိုတာ