Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
ရွှေနေကြာ avatar
ရွှေနေကြာ
ရွှေနေကြာ avatar
ရွှေနေကြာ
10.05.202509:45
အိန္ဒိယစစ်ရေးပစ်မှတ်များကို လက်တုံပြန်မှုစတင်ဟု ပါကစ္စတန်ကြေညာ

အိန္ဒိယစစ်ရေးပစ်မှတ်တွေကို မေလ ၁၀ ရက် မနက်ပိုင်းကစလို့ လက်တုံပြန်တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီလို့ ပါကစ္စတန်ဘက်က ကြေညာကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
-
ကတ်ရှ်မီးယားမှာရှိတဲ့ လေတပ်အခြေစိုက်စခန်းနဲ့ ပန်ဂျပ်ပြည်နယ်အနောက်ပိုင်းက လေယာဉ်ကွင်းတစ်ခုအပါအဝင် အိန္ဒိယဒုံးကျည်သိုလှောင်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
-
အခုလို စစ်ဆင်ရေးပြန်မလုပ်မီမှာ အိန္ဒိယဘက်က ပါကစ္စတန် လေတပ်စခန်း ၃ ခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး ဒီထဲက စခန်းတစ်ခုဟာ ပါကစ္စတန်မြိုတော် အစ္စလာမာဘတ်အနီးက လေတပ်စခန်းဖြစ်တယ်လို့ ပါကစ္စတန် ဘက်က ပြောပါတယ်။
-
ဒါပေမဲ့ ပါကစ္စတန် လေကြောင်းကာကွယ်ရေးစနစ်ကနေ အိန္ဒိယဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို ဆိုပါတယ်။
-
ဒီဖြစ်စဉ်ကြောင့် နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံနှစ်ခုအကြား ဆယ်စုနှစ် ၃ ခု နီးပါးအတွင်း အတင်းမာဆုံးသော အခြေအနေဖြစ်လာပါတယ်။
-
ပြီးခဲ့တဲ့ မေလ ၇ ရက်မှာ အိန္ဒိယက Sindoor စစ်ဆင်ရေးကို စတင်ခဲ့တာဖြစ်ပြီး ပါကစ္စတန်ဘက်မှာရှိတဲ့ စစ်ရေး ပစ်မှတ်တွေနဲ့ အကြမ်းဖက်အခြေစိုက် စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။
-
အပြန်အလှန်တိုက်ခိုက်မှုတွေ စတင်ချိန်ကနေ လက်ရှိအချိန်အထိ အနည်းဆုံး လူ ၄၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါရှိပါတယ်။
-
တိုက်ပွဲသတင်းစုံ
Қайта жіберілді:
မှိုင်းဝေ avatar
မှိုင်းဝေ
10.05.202503:08
.

☯️

တူတော်မောင်က မင်းသားကြီး (ဦး)ဝင်းဦး အောက်လမ်းနဲ့လုပ်ကြံခံရတဲ့ သတင်းပို့ပေးလိုဖတ်လိုက်ရတယ်၊

အာဖရိကမှာ Voodoo ဆိုတဲ့မှော်ပညာရှိတယ်၊ မယုံလို့မရလောက်အောင် အံ့ဩစရာအစွမ်းထက်တာ ကမ္ဘာကျော်ပဲ၊ အကြမ်းအားဖြင့်တော့ မကောင်းတဲ့ ဝိဉာဉ်တွေကို မှော်အတတ်နဲ့ခိုင်းစေတာမျိုး၊

မြန်မာနိုင်ငံမှာ စစ်ကိုင်းကစည်တော်ကြီးကို အင်ဒိုနီးရှားက ပသီအောက်လမ်းဆရာတွေနဲ့မြန်မာကအောက်လှမ်းဆရာတချို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ အထောက်အထားတွေပလူပျံနေတာပဲ၊ တိုက်တိုက်ဆိုင်ဆိုင် စစ်ကိုင်းမှာ ဘာတွေဖြစ်ခဲ့ပါသလဲ ❓

ဘမောင် ရန်ကုန်စစ်ရုံးမှာတာဝန်ကျတော့ ခင်မင်ခဲ့သူတဦးရဲ့သားလဲ အဲ့ဒီစည်တော်ကြီးကိစ္စမှာ ပါခဲ့တယ်လို့သိရပြီး၊ နောက်ဆုံး အသက်ငယ်ငယ်နဲ့ အောက်လမ်းပညာတွေပြိုင်ရင်းသေသွားခဲ့တယ်၊

ပုံမှာတွေ့ရတာကတော့ Super bowl မှာ Voodoo ပညာကိုသုံးပြီး ကစားသမားကို မကစားနိုင်အောင်လုပ်နေတဲ့ပုံပါ၊

တချို့ကျတော့လဲ အတိတ်ကပေးတဲ့စိတ်စွမ်းအားက အလွန်ကြီးခဲ့လေတော့၊ သူတို့စိတ်ဆိုးရင် တဖက်က မခံနိုင်လောက်အောင်ဒုက္ခရောက်တာမျိုးလဲတွေ့ဘူးသေးတယ် ။

လောကကြီးမှာ ကိုယ်မသိ၊ လက်လှမ်းမမှီတဲ့ အရာတွေအများကြီးပါပဲ ။

#BaMg(NZL) ( 10.5.25 ) ☯️
10.05.202501:04
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် တို့ တွေ့ဆုံဆွေးနွေး
-
တိုက်ပွဲသတင်းစုံ
09.05.202515:24
တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေးသည်။

တောင်ကြီး ၊ မေလ ၉ ရက်
ပခုက္ကူမြို့၊ အမှတ် (၁၃) ရပ်ကွက်တွင် အမှိုက်ပစ်ရန်အမှိုက်ပုံသို့သွားသည့် အမျိုးသမီးတစ်ဦးကို PDF အကြမ်းဖက်သမားငါးဦးက သေနတ်ဖြင့်ပစ်သတ်

NOM မေလ ၉၊ ၂၀၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့၊ အမှတ် (၁၃) ရပ်ကွက်နေ ဒေါ်စုစုဟန် (၅၁) နှစ်သည် မေလ ၇ ရက်နေ့ ညနေအချိန်၌ ၎င်း၏နေအိမ်တောင်ဘက် ပေ ၅၀ ခန့်အကွာရှိ အမှိုက်ပုံသို့ အမှိုက်ပစ်ရန်သွားရောက်စဉ် PDF အကြမ်းဖက်သမားငါးဦးရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဒေါ်စုစုဟန်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
နှစ်(၈၀)ပြည့် ရုရှားမဟာမျိုးချစ်အောင်ပွဲကြီးတွင် ပါဝင်မည့် မြန်မာနိုင်ငံကိုယ်စားပြု စစ်ရေးပြအသင်း လေ့ကျင့်နေမှု

crd
May-10

▪️ရင်ဘက်ကြီးထဲမှာ "ဖုတ်လှိုက် ဖုတ်လှိုက်" ဖြစ်နေတယ်တော့ လုပ်လိုက်။🤣🤣🤣

▪️"ဆိတ်"တစ်ကယ်မကောင်းပူးး "အယ်ဟုတ်"😉😉😉
ဒလန်ဟုစွပ်စွဲကာ ဆရာတော် ၁ ပါးအား KNLA/PDF များက ပစ်သတ်
==============
မေလ ၉ ရက်နေ့ နေ့လယ်ပိုင်းက ကော့ကရိတ်မြိုနယ်၊ လှိုင်ကွယ်ရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဉူးသုဇာတ၊ သက်တော်(၅၆)နှစ်၊ ဝါတော်(၃၅)ဝါ အား တပ်နဲ့ တရင်းတနှီးနေလို့ တပ်သတင်းပေးဒလန်ဟုစွပ်စွဲကာ KNLA/PDF များက ပစ်သတ်လိုက်ကြောင်း သိရှိရပါတယ်....

ခရစ်ယာန် KNLA နဲ့ ဘာသာမဲ့ PDF တွေကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဗုဒ္ဓသာသနာကို ဖျက်ဆီးနေကြပြီ။
မင်္ဂလာနံနက်ခင်း လေးပါ🙏🙏🙏
09.05.202515:05
🇲🇲🇷🇺🇲🇲🇷🇺🇲🇲🇷🇺🇲🇲🇷🇺🇲🇲🇷🇺
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ၌ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့မှာကျင်းပပြုလုပ်တဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်း အမှတ် စစ်ရေးပြအခမ်းအနားမှာ ပါဝင်ချီတက်စစ်ရေးပြခဲ့ကြတဲ့ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြတပ်ဖွဲ့က အရာရှိ၊စစ်သည်များ၏စကားသဲများ
🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️
Қайта жіберілді:
မှိုင်းဝေ avatar
မှိုင်းဝေ
09.05.202514:13
တိုက်တိုင်းရှုံးနေတဲ့ ​ စစ်ရှုံးနေတဲ့ KIA

အကြမ်းဖက် KIA အဖွဲ့က
ပထမအကြိမ်မှာပင် သေတာအားမရလို့
ဒုတိယအကြိမ် ဗန်းမော်ကိုလာတိုက်တယ်

တိုက်တိုင်းရှုံး KIA အဖွဲ့ဟာ PDF အဖွဲ့နဲ့ ပူးပေါင်းပြီးတိုက်နေပေမယ့် တပ်မတော်ချေမှုန်းမှုအောက်မှာ ပြားပြား၀ပ်ပြီး အင်အားပြုန်းတီးကုန်လို့ AA အဖွဲ့ကိုပါ စစ်ကူတောင်းပြီး သေဖော်ညှိတယ်။

စစ်ကူလာတဲ့ AA အဖွဲ့တွေပါ အကုန်သေကုန်လို့ ထွန်မြတ်နိုင်တောင် VD call တွေခေါ်ပြီး ချော့ရတဲ့အထိဖြစ်ကုန်တယ်။

ဒါ့အပြင် မြေပြင်မှာလည်း PDF တွေကို ထိုးကျွေးနေလို့ ပြဿနာတွေ တက်နေတဲ့အပြင် နောက်ထပ်စစ်ကူတောင်းတဲ့ PDF တွေကလည်း မလာတော့ဘူးဆိုပြီးငြင်းကုန်ကြတယ်။

အသေးစိတ်သိချင်ရင် VD ဖိုင်သာ ဖွင့်ကြည့်တော့။


မှိုင်းဝေ
07.05.202503:56
ကွာရှင်းထားသည့် မယားဟောင်းကိုသတ်ပေးရန် ဆရာဝန်တစ်ဦးမှ ငွေပေးစေခိုင်းထားသော်လည်း သတ်ပေးရန် တာဝန်ယူထားသူ အမျိုးသား ၄ ဦးတို့ကို ရဲတပ်ဖွဲ့က ကြိုတင်ဖမ်းမိခဲ့သဖြင့် ဆရာဝန်၏ မယားဟောင်းဖြစ်သူ အသက်ဘေးမှလွတ်မြောက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆရာဝန်တစ်ဦးမှ ကွာရှင်းထားသည့် ၎င်း၏မယားဟောင်းကိုသတ်ပေးရန် လူသတ်သမားများကို ငွေပေးစေခိုင်းခဲ့သော်လည်း သတ်ပေးရန် တာဝန်ယူထားသူ အမျိုးသား ၄ ဦးတို့ကို ရဲတပ်ဖွဲ့က ကြိုတင်ဖမ်းဆီးနိုင်ခဲ့သဖြင့် ဆရာဝန်၏ မယားဟောင်းဖြစ်သူ အသက်ဘေးမှလွတ်မြောက်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၅ ရက် နေ့လည် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်က မော်လမြိုင်မြို့၊ ကွင်းရပ်၊ အောက်လမ်းမကြီးဘေးရှိ Godavan ဒံပေါက်ဆိုင်ရှေ့တွင် မသင်္ကာဖွယ်ရာ လူ ငါးဦးခန့်မှာ တိုယိုတာ မော်တော်ယာဉ် နှစ်စီးဖြင့် ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ယာဉ်မောင်းဖြစ်သည့် ပေါင်မြို့နယ်၊ မုတ္တမမြို့၊ အောင်ဇေယျမြို့သစ်ရပ်ကွက်တွင်နေထိုင်သူ အသက် ၅၀ အရွယ် နိုင်ဦး ဆိုသူကို BIYATE စာတမ်းပါ စစ်စိမ်းရောင် ဘေးလွယ်အိတ် တစ်လုံး၊ အနက်ရောင် လယ်သာပိုက်ဆံအိတ်တစ်လုံးငွေစက္ကူများနှင့် သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ အော်တို 32 ကျည် ၁၂ တောင့်တို့နှင့် အတူ တွေ့ရှိဖမ်းမိခဲ့သည်။

ထို့နောက် ကွင်းရပ်ရပ်ကွက်၊ အောက်လမ်းမကြီးအတိုင်း မောင်ငံဈေးဘက်မှ ကျောက်မီးသွေးရုံမီးပွိုင့်ဘက်သို့ မောင်းနှင်လာသည့် KYN 4 DD/1163 Toyota Probox အမျိုးအစား၊ အဖြူရောင် မော်တော်ယာဉ်ကို ဆက်လက် တားဆီးစစ်ဆေးခဲ့ရာ အဆိုပါယာဉ်ပေါ်တွင် သွေးသောက်ရပ်၊ ကျွဲခြံကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၁ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူ ဇော်မင်းလတ်(ခ)မှုံကြီး(ခ)ငမှုံ ဆိုသူနှင့်တူ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် ဟိန်းဝင်း(ခ)ဗျက်စုတ်၊ သွေးသောက်ရပ်၊ ကျွဲခြံကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် ကျော်ဝင်းသူ(ခ)ကုလားတို့ကို ထပ်မံဖမ်းမိခဲ့သည်။

ထိုသို့ ဖမ်းမိခဲ့သည့် အဆိုပါအမျိုးသား ၄ ဦးတို့ကို စစ်ဆေးခဲ့ရာ အသက် ၃၅ နှစ်အရွယ် ဒေါက်တာ ဇင်မင်းနောင်နောင် ဆိုသူမှ ကွာရှင်းထားသည့် ၎င်း၏မယားဟောင်းဖြစ်သူ Godavan ဒံပေါက်ဆိုင်မှ မဝင့်မြတ်မြတ်ဖြိုး ဆိုသူကို သတ်ဖြတ်ပေးရန် နိုင်ဦးဆိုသူအား ငွေကျပ်သိန်း ၈၀ ပေး၍ ခိုင်းစေခဲ့ထားသဖြင့် ဇော်မင်းလတ်(ခ)မှုံကြီး(ခ)ငမှုံ ဆိုသူအပါအဝင် ၃ ဦးတို့နှင့်အတူ ပူးပေါင်းသတ်ဖြတ်ရန် အခြေအနေစောင့်ကြည့်နေစဥ် ယခုလို အဖမ်းခံရခြင်းဖြစ်ကြောင်း ဝန်ခဲ့သည်ဟုဆိုသည်။

ထို့ကြောင့်ပင် ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ မဝင့်မြတ်မြတ်ဖြိုးအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သူများဖြစ်သည့် နိုင်ဦး၊ ဇော်မင်းလတ်(ခ)မှုံကြီး၊ ကျော်ဝင်းသူ၊ ဟိန်းဝင်း(ခ)ဗျက်စုတ်နှင့် ငွေပေးစေခိုင်းသူ ဒေါက်တာ ဇင်မင်းနောင်နောင်တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ အရအမှုရေးဖွင့်ထားကြောင်း သိရသည်။

https://t.me/truthwaves4arm/5974
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးစဉ်ပြောကြားခဲ့သည့်ကောက်နုတ်ချက်
#Speech
10.05.202501:36
သမိုင်းတွင်မယ့်သမိုင်းဝင်ပုံရိပ်တွေ

ဆွေမျိုးပေါက်ဖော်ဆိုတဲ့ အတိုင်း
မဟာမျိုးချစ်အောင်ပွဲနေ့မှာ အခုလို
တွေဆုံ ဆွေးနွေး ခွင့်ရတာ က
ဂုဏ်ယူကျေနပ်စရာ ပါ ။

အိမ်နီးချင်းဆိုတဲ့ ပထဝီ နိုင်ငံရေး
က ငြင်းပယ်ခွင့် ရွှေ့ပြောင်းခွင့်မရတဲ့
ကိန်းသေတွေမို့ အခုလို တွေ့ဆုံမှုက
နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမှာ
အမှန်ပဲ ။

ဒီပုံရိပ်တွေ အရ ဆိုရင် အနည်းဆုံးတော့
(၁) တရုတ်ကို ရော မြန်မာ ကိုပါ
ခေတ် အဆက်ဆက် ရန်သူ သဖွယ်
ဆက်ဆံနေတဲ့ အမရေိကန်နဲ့ အနောက်
အုပ်စု ရဲ့ ရန်ကို နှစ်နိုင်ငံ ပူးပေါင်းပြီး အန်တု
ရင်ဆိုင် နိုင်ကြောင်းပြခဲ့တယ် ။
( ၂) တရုတ်-မြန်မာ နယ်စပ်ကို မှီပြီး
ကပ်ပါးကောင်တွေလို နှစ်နိုင်ငံ လုံးကို
ဒုက္ခ ပေးနေတဲ့ အကြမ်းဖက်သောင်း
ကျန်းသူတွေ ကို နှိမ်နင်းရေးမှာ တရုတ်
က ထဲထဲဝင်ဝင် ကူညီပေးမယ်
ဆိုတဲ့ နှုတ်ကတိမျိုး လည်း
ရနိုင်ကြောင်း ပြသနိုင်ခဲ့တယ် ။
(၃) မြန်မာခေါင်းဆောင်ကို တိုင်းသိ
ပြည်သိ ကမ္ဘာသိ ရင်းရင်းနှီးနှီးဆက်ဆံ
ပြလိုက်ခြင်းဖြင့် နိုင်ငံတကာ ရဲ့ လေးစား
အသိမှတ်ပြုမှုကို ရရှိစေလိမ့်မယ် ။

ဒါ့ကြောင့် သမိုင်းတွင်မယ့် သမိုင်းဝင်
ပုံရိပ်တွေလို့ ဆိုချင်တယ် ။

အောင်နိုင်သူ ( ဇွဲကပင် )
လားရှိုးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်ပေးမှုဖြင့် စက်သုံးဆီ 92 နှင့် ပရီမီယံဆီ တို့ကို တစ်လီတာ 4500/- ကျပ်နှုန်းဖြင့်
🔸 ဆိုင်ကယ်တစ်စီး (၂) လီတာ
🔸 မော်တော်ယာဉ်တစ်စီး (၁၀) လီတာနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

👉 ဝယ်ယူရရှိနိုင်မည့် စက်သုံးဆီဆိုင်များမှာ
🔸လားရှိုးကြီး အ.ထ.က (၃) ရှေ့ REGENCY စက်သုံးဆီဆိုင်
🔸 လားရှိုးမြို့အထွက် အသောက စက်သုံးဆီဆိုင် တို့တွင် အကန့်အသတ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

🗓️⏰ မေလ ၁၁ ရက်နေ့ (တနင်္ဂနွေနေ့) (ကဆုန်လပြည့်နေ့) မှ စတင်ရောင်းချပေးမည်ဖြစ်ပါသည်။
တိုက်ပွဲသတင်း (မြောက်စမ်း)

မေလ ၈ ရက် ညနေပိုင်းက မြောက်စမ်းဒေသအတွင်း နယ်မြေလခရစစ်ကြောင်းအား အကြမ်းဖက် AA ၁၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် ၁၀ မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် AA ၂ လောင်း
(၂) လက်နက်မျိုးစုံ ၄ လက်
  - MA-1 သေနတ် ၁ လက်
  - MA-3 သေနတ် ၁ လက်
  - M-22 သေနတ် ၁ လက်
  - စက်လတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
သိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများ ထပ်မံဖော်ပြပါမည်)
=====
(ငါန်းဇွန်)

အလားတူ မေလ ၈ ရက်နေ့ မနက်ပိုင်းအချိန်က ငါန်းဇွန်မြို့၏ အနောက်တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ သံကုန်းရွာ အနီးရှိ လခရအဖွဲ့အား အကြမ်းဖက် PDF ၆၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် PDF ၁ လောင်း
(၂) လုပ်စိန်ပြောင်း ၅ လက်
(၃) မိုင်းမျိုးစုံ ၇ လုံး
တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။ (ပုံများထပ်မံဖော်ပြပါမည်)
-
ကိုယ့်ကိုလာပစ်ရင်တော့ အပစ်ရပ်ထားလည်း ဆော်မှာပဲ။ 👌
-
တိုက်ပွဲသတင်းစုံ
09.05.202512:28
▪️တိုင်းနှင့် ပြည်နယ်တချို့တွင် မိုးကြီးနိုင်သသဖြင့် ငလျင်ဒဏ်သင့်ဒေသများ သတိပြု ရန်လိုအပ်

EPN
ရန်ကုန်၊ မေ - ၉ (၂၀၂၅)

ငလျင်ဒဏ်သင့်ဒေသများ အပါအဝင် လာမည့် မေလ ၁၀ ရက်မှ ၁၅ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့၌ နေရာကွက် မိုးကြီးနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးဖြစ်စဉ်များကို သတိပြုရန်လိုအပ်ကြောင်း မိုးလေဝ သနှင့် ဇလဗေဒဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ ရက်များအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းနှင့် မုတ်သုံလေ ဝင်ရောက်လာနိုင်ခြင်းတို့ကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသ များတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

"အထူးသတိထားကြစေချင်တာက ငလျင်ဒဏ်သင့် ဒေသတွေမှာ ဖြစ်ခဲ့တဲ့ Surface Rupture (မြေပြင်အက်ကွဲကြောင်းကြီးတွေ၊ ဘေးတိုက်အရွေ့တွေ) ဖြစ်ခဲ့တဲ့နေရာတွေမှာ မိုးများရင်မြေကျွံနိုင်တယ်၊ မြေပြိုနိုင်တယ်၊ အက်ကွဲကြောင်းကြီးတွေ ပြန်ပိတ်သွားတာလည်း ဖြစ်နိုင်တယ်။ မြေပြင်အောက်မှာ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူမှ ကြိုတင်မခန့် မှန်းနိုင်ပါ။ငလျင်ဒဏ်ထိထားတဲ့ ဒေသတွေအားလုံးမှာတော့ အထူးသတိထားကြရမယ်လို့ပဲ မှာချင်ပါတယ် " ဟု မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က လူမှုကွန်ရက်တွင် အသိပေးရေးသားထားသည်။

အဆိုပါ ကာလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် သတိပြုနေထိုင်ရန်နှင့် ပြည် တွင်းရေကြောင်း၊ လေကြောင်း သွားလာပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုရန်လိုအပ်ကြောင်း သက်ဆိုင်ရာ သတိပေးထားချက်အရ သိရသည်။

ခေတ်ကောင်း
Photo - NN
ကွာရှင်းထားသည့် မယားဟောင်းကိုသတ်ပေးရန် ဆရာဝန်တစ်ဦးမှ ငွေပေးစေခိုင်းထားသော်လည်း သတ်ပေးရန် တာဝန်ယူထားသူ အမျိုးသား ၄ ဦးတို့ကို ရဲတပ်ဖွဲ့က ကြိုတင်ဖမ်းမိခဲ့သဖြင့် ဆရာဝန်၏ မယားဟောင်းဖြစ်သူ အသက်ဘေးမှလွတ်မြောက်
နယ်စပ်ဂိတ်တွေမှာကိုးကန့်MNDAA တပ်ဖွဲ့တွေမြန်မာအလံပြန်လည်လွှင့်ထူ
မေ ၁၀၊ ၂၀၂၅

ကိုးကန့် MNDAAသိမ်းပိုက်ထိန်းချုပ်ထားတဲ့မုံးကိုးနယ်စပ်ဂိတ်တွေမှာမေလ၉ရက် မနက်ကစပြီး ကိုးကန့် MNDAAတပ်ဖွဲ့တွေမြန်မာအလံ ပြန်လည်လွှင့်ထူထားကြောင်း ဒေသခံတွေဆီကသိရပါတယ်။

"တရုတ်နိုင်ငံအဝင်၊အထွက်ဂိတ်တိုင်း ကိုးကန့်MNDAAတွေမြန်မာအလံပြန်လွှင့်ထူနေကြတယ်။မုံးကိုးမှာ"လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။

သတင်းအပြည့်စုံဖတ်ရန် -
Photo Crd ဒေသခံ
အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ် ကောင်းကင်ယံသို့ ရောက်လာသော ပါကစ္စတန်ဒရုန်းများကို အိန္ဒိယလေကာစနစ်များက ပစ်ချနေသည်ကို တွေ့ရစဥ်။
-
အိန္ဒိယလေကာစနစ်တွေက ကောင်းလိုက်တာ .. အစ္စရေးထပ်တောင် ပိုပြီးတိကျသေး
-
တိုက်ပွဲသတင်းစုံ
အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်မျဉ်းပေါ်မှာ .. အိန္ဒိယဘက်က အမြောက်ကြီးတွေနဲ့ ပစ်နေတဲ့Video
-
မင်းလှမြို့နယ်၊ ကန်နီကျေးရွာတွင် အလယ်တန်းပြကျောင်းဆရာမတစ်ဦးနှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့ကို PDF အကြမ်းဖက်သမားလေးဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား

NOM မေလ ၉၊ ၂၀၂၅

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကန်နီကျေးရွာနေ ဦးခင်မောင်စိန် (၅၈) နှစ်သည် မတ်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်၌ ၎င်း၏ဇနီးဖြစ်သူ ကန်နီအခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြကျောင်းဆရာမ ဒေါ်ခင်မိုးသန်း (၆၁) နှစ်နှင့်အတူ နေအိမ်တွင် ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးခင်မောင်စိန်နှင့် ဒေါ်ခင်မိုးသန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
09.05.202509:32
‎🔴 ငလျင်သတိပေးချက်! 🔴

💥‎3.

‎ပြင်းအား : 3.6

‎တည်နေရာ : လယ်ပြောင်းပြန်ကျေးရွာ, ပြင်ဦးလွင်ဒေသ, မန္တလေး, မြန်မာနိုင်ငံ

‎ကိုဩဒိနိတ် : 22.0220, 96.3870

‎အနက် : 10.0 ကီလိုမီတာ

‎ငလျင်လှုပ်ချိန် : 2025-05-09 15:02:35

💥‎4.

‎ပြင်းအား : 5.3

‎တည်နေရာ : ဆင်သေကျေးရွာ, မိတ္ထီလာဒေသ, မန္တလေး, မြန်မာနိုင်ငံ

‎ကိုဩဒိနိတ် : 20.8070, 96.1090

‎အနက် : 10.0 ကီလိုမီတာ

‎ငလျင်လှုပ်ချိန် : 2025-05-09 15:07:31

💥‎5.

‎ပြင်းအား : 3.1

‎တည်နေရာ : နတ်မှော်ရွာ, ကျောက်ဆည်ဒေသ, မန္တလေး, မြန်မာနိုင်ငံ

‎ကိုဩဒိနိတ် : 21.4700, 96.2580

‎အနက် : 10.0 ကီလိုမီတာ

‎ငလျင်လှုပ်ချိန် : 2025-05-09 15:28:38

‎📌 မေလ ၉ ရက်အတွင်း ၅ ကြိမ်ရှိပြီဖြစ်

‎Truth Waves
06.05.202503:32
ကျနော်အထင် ဆိုတာနဲ့ သတင်းက အမှန်ဖြစ်သွားရောလား ...

ရေထဲက ငါးသေတာနဲ့ပဲ အဆိပ်ခတ်ရောလား ဒီလောက်တောင် အသိဉာဏ်နည်းပြီး အစွန်းရောက်နေတာ အမှန်တရားကို ဘယ်လိုမြင်နိုင်မလဲ ???

#Loikawnews
Көрсетілген 1 - 24 арасынан 1 364
Көбірек мүмкіндіктерді ашу үшін кіріңіз.