Architecture 101 ဇာတ်ကားဟာဆိုရင်တော့
ကိုရီးယား Drama , Romance ဇာတ်ကားလေးဖြစ်ပြီး
Director: Yong-Joo Lee က ရိုက်ကူးထားတာဖြစ်ပါတယ်။
IMDb Rating 7.2/10
သရုပ်ဆောင်များအနေနဲ့လည်း
မင်းသားကြီးTae-woong Eom,မင်းသမီးချောGa-in-Hanနဲ့
မင်းသား Je-hoon Lee တို့အပြင်
Korean Kpop အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်တဲ့ Miss A အဖွဲ့ထဲက ကောင်လေးတွေရဲ့အသည်းစွဲ Suzy Bae လေး တို့က အဓိက ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ကိုရီးယားဆိုးလ်မြို့မှာနေတဲ့ဆိုယွန်းတစ်ယောက် သူ့ရဲ့မိသားစုနဲ့အနှစ်သုံးဆယ်ကြာနေခဲ့တဲ့ ဂျယ်ဂျူကျွန်းက အိမ်လေးကို ပြင်ဖို့အတွက် ဆောက်လုပ်ရေးကုမ္ပဏီသို့ သွားရာမှလွန်ခဲ့တဲ့ ၁၇နှစ်လောက်က သူနဲ့အတူ ဗိသုကာသင်တန်း အတူတူတက်ခဲ့တဲ့ ဆောင်မင်း နဲ့မထင်မှတ်ဘဲတွေ့ခဲ့ကြပါတယ်။
အဲ့လိုနဲ့သူတို့နှစ်ယောက်တွေ့မိပြီး အရင်ကသူတို့အကြောင်းတွေကို
ပြန်ပြောဖြစ်ခဲ့ကြပါတယ်။
၁၉၉၀ခုနှစ်လောက်တုန်းကအချိန်တွေကို ပြန်ပြောရင်းနောက်ကြောင်းပြန်ကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။ဒီကားဟာဆိုရင် ကိုရီးယားအချစ်ဇာတ်လမ်းလေးဖြစ်ပြိး
ကိုရီးယားဆန်ဆန် Ro ရတဲ့အပြင် ကြေကွဲစရာ လွမ်းဆွတ်မှုအရသာပါ
ခံစားရမည်ဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။