ဟုတ်တော့ဟုတ်နေပြီ
မြဝတီမြို့ လျှပ်စစ်မီးရရှိရေးကြိုးစားနေကြမှုအပေါ် မှန်မှန်ကန်ကန်လုပ်ဆောင်ဖို့ နစက ပြည်နယ်ဝန်ကြီးကို BGF စစ်ဒေသမှူး သတိပေး
ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၅။
ကရင်ပြည်နယ်၊ မြဝတီမြို့ လျှပ်စစ်မီး ပြန်လည်ရရှိရေးကြိုးစားမှုတွင် မှန်မှန်ကန်ကန်လုပ်ဆောင်ရန် နစက၏ ကရင်ပြည်နယ်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းကို ကရင်နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့၏ စစ်ဒေသ၂ ဒုတိယဗိုလ်မှူးကြီး စောတင်ဝင်းက သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံဘက်က ထိုင်း - မြန်မာ နယ်စပ် နေရာ ၅ ခုကို လျှပ်စစ်မီး ဖြတ်တောက်ပြီးနောက် BGF အနေဖြင့် မြဝတီမြို့ကိုလျှပ်စစ်မီး ပြန်လည်ရရှိစေရန် ကြိုးစားခဲ့ကြသည်ဟု ဆိုသည်။
ဒုဗိုလ်မှူးကြီး စောတင်ဝင်းပိုင်ဆိုင်သော ရွှေမြစ်သောင်ရင်း ကုမ္ပဏီ အပါအဝင် Nyi Naung Oo Co., Ltd. & Enova Grid Enterprise (Myanmar) Co., Ltd များသည် လျှပ်စစ်မီး ပြန်လည်ရရှိရန်အတွက် နစက၏ ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံ တင်ပြခဲ့သည်။
ထို့နောက် ခရိုင်မှ တဆင့် ပြည်နယ်သို့ ဆက်လက်တင်ပြရာတွင် ရွှေမြစ်သောင်ရင်း ကုမ္ပဏီ မပါဝင်ခဲ့သည့်အပေါ် BGFတပ်ဖွဲ့၏ စစ်ဒေသ၂ ဒုတိယဗိုလ်မှူးကြီး စောတင်ဝင်းက ယခုကဲ့သို့ သတိပေး ပြောဆိုခဲ့ခြင်းဖြစ်သည်။