Last Meal Universe(2025)
နောက်ဆုံးသောဟင်းလျာ
Shunဟာ အာကာသအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တာဝန်ကတော့ ကမ္ဘာမြေကိုဖျက်ဆီးပစ်ပြီး စကြာဝဠာထဲမှာ လမ်းသစ်တစ်ခုဖောက်လုပ်ဖို့ပဲဖြစ်ပါတယ်။
Shunတစ်ယောက် ကမ္ဘာမြေပေါ်ကိုစစရောက်လာချင်းမှာပဲ တစ်မူထူးခြားတဲ့ထိုင်းစားသောက်ဆိုင်လေးကိုဖွင့်ထားတဲ့ Chondanနဲ့တွေ့ခဲ့ပြီး သူ့ရဲ့အိမ်ချက်လက်ရာဟင်းလျာတွေက Shunကိုဆွဲဆောင်သွားခဲ့ပါတော့တယ်။
ဒီလိုကနေ Shunတစ်ယောက် သူ့ရဲ့ကမ္ဘာမြေကိုဖျက်ဆီးပစ်ရမဲ့အစီအစဉ်ကို ထုတ်ပြောလိုက်တဲ့အခါ Chondanဟာ သူ့ရဲ့အရသာရှိလှတဲ့ဟင်းလျာတွေနဲ့မျှားပြီး ထိုအစီအစဉ်ကိုဖျက်သိမ်းလိုက်ဖို့ တောင်းဆိုခဲ့ပါတော့တယ်။
Shunဟာလည်း foodieပီသစွာပဲ ဆက်စားနေရဖို့အရေး တို့အရေးလုပ်ပြီး သူ့ရဲ့ကမ္ဘာကိုဖျက်ဆီးရမဲ့တာဝန်ကို ခဏတာလျစ်လျူရှုထားလိုက်ပါတော့သတဲ့...။
Chondanကပဲ သူ့ရဲ့ဟင်းချက်စွမ်းရည်တစ်ခုအရင်းပြုပြီး ကမ္ဘာကြီးကိုကယ်တင်ပေးလိုက်နိုင်မလား...။ Shunကပဲ စားရတာငြီးငွေ့သွားတဲ့တစ်နေ့ သူ့ရဲ့တာဝန်ကိုအကောင်အထည်ဖော်ပြီး သူနေတဲ့နေရာဆီပြန်ရောက်သွားနိုင်မလားဆိုတာကို Bl by Soulနဲ့အတူတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...။
[အညွှန်းရေးသားသူကတော့ Xiao Xi🦋 ဖြစ်ပါတယ်ရှင့်]
Native Title: อาหารมื้อสุดท้ายก่อนโลกกลายเป็นทางด่วนอวกาศ
Also Known As: The Last Meal before the World Turns into Galaxy Expressway
Starring: Ritz Rueangritz, Gun Napat, Pepo Nutchapan
Genres: Drama
Episodes: 8
Airs: Mar 2, 2025 - Apr 20, 2025
Duration: 45 min
#ReviewbyXiaoXi
#LastMealUniverse2025
#BLbySoul #ThaiBL #BLSeries