Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Инсайдер UA
Инсайдер UA
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Инсайдер UA
Инсайдер UA
NOM.World News avatar

NOM.World News

NOM World News Official Channel.
TGlist रेटिंग
0
0
प्रकारसार्वजनिक
सत्यापन
असत्यापित
विश्वसनीयता
अविश्वसनीय
स्थान
भाषाअन्य
चैनल निर्माण की तिथिApr 19, 2022
TGlist में जोड़ा गया
Sep 09, 2024
संलग्न समूह

टेलीग्राम चैनल NOM.World News का आंकड़ा

सदस्य

2 540

24 घंटों
1
0%सप्ताह
4
-0.2%महीना
16
0.6%

उद्धरण सूचकांक

0

उल्लेख0चैनलों पर शेयर0चैनलों पर उल्लेख0

प्रति पोस्ट औसत दृश्य

1 102

12 घंटों926
266.4%
24 घंटों1 102
293.7%
48 घंटों344
44.7%

सगाई (ER)

3.57%

रिपोस्ट2टिप्पणियाँ2प्रतिक्रियाएँ9

सगाई दर (ERR)

11.02%

24 घंटों0%सप्ताह
12.61%
महीना
10.14%

प्रति विज्ञापन पोस्ट औसत दृश्य

0

1 घंटा00%1 - 4 घंटे00%4 - 24 घंटे00%
हमारे बॉट को चैनल में जोड़ें और इस चैनल की दर्शक संख्या जानें।
24 घंटों में कुल पोस्ट
4
डायनेमिक्स
1

समूह "NOM.World News" में नवीनतम पोस्ट

တနင်္လာနေ့ညနေပိုင်း (ဒီနေ့)မှာ ပူတင်နဲ့ဒေါ်နယ်ထရမ့်တို့ ဖုန်းနဲ့ ဆက်သွယ်စကားပြောမယ်လို့ ကရင်မလင်နန်းတော်က ကြေညာခဲ့ပါတယ်။

NOM
အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်ခဲ့တဲ့နောက် ယူကရိန်းဟာ အနောက်နိုင်ငံမဟာမိတ်တွေက သူတို့အပေါ် ထောက်ခံမှုတွေ ပိုမိုပြုလုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အစ္စတန်ဘူလ်မှာ ပြုလုပ်ခဲ့တဲ့ ၂နာရီကျော်ကြာ ဆွေးနွေးမှုမှာ အဖြေတစုံတရာမရဘဲ ပြီးဆုံးခဲ့ရပြီး နောက်ထပ်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့် နှစ်ဖက်စလုံးက ပြောဆိုခဲ့ကြပါတယ်။

NOM
စနေနေ့ ဖင်လန်နိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး တိုက်မိခဲ့လို့ ၅ ဦးအထိ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဖင်လန်အနောက်တောင်ပိုင်းက Eura လေဆိပ်အနီးမှာ တိုက်မိခဲ့တာဖြစ်ပြီး အဆိုပါရဟတ်ယာဉ်နှစ်စင်းစလုံးဟာ ဖင်လန်နိုင်ငံပြင်ပမှာ မှတ်ပုံတင်ထားကြတာတွေဖြစ်တယ်လို့်လည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

NOM
ကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်ဟာ ပြင်းထန်တယ်လို့ ယူဆရတဲ့ ဆီးကျိတ်ကင်ဆာရောဂါကို ခံစားနေရပြီး ကင်ဆာဆဲလ်တွေဟာ အရိုးတွေထိ ပျံ့နှံ့နေပြီလို့ သူ့ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဆေးစစ်မှုတွေမှာ တွေ့ရှိခဲ့တာာဖြစ်ပြီး အသက် ၈၂ နှစ်အရွယ် ဘိုင်ဒင်အတွက် ကုသမှုဆိုင်ရာ ရွေးချယ်မှုတွေကို သမားတော်တွေက သုံးသပ်နေတယ်လို့ သိရပါတယ်။

NOM
အမေရိကန်သမ္မတဟောင်းဘာရတ်အိုဘာမားရဲ့ သမီးဖြစ်သူ Malia Obama ဟာ သူမရဲ့ Nike ကြော်ငြာအတွက် အခြားဒါရိုက်တာတဦးရဲ့ လက်ရာကို ကူးယူခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ သူမအတွက် ပထမဆုံး ကြော်ငြာရိုက်ကူးမှုအတွက် ဖြစ်ပါတယ်။ အိန္ဒိယဒါရိုက်တာ Natalie Jasmine Harris က Grace ဆိုတဲ့ သူမရဲ့ Short Film က ပြကွက်တွေကို မှီငြိမ်းခဲ့တယ်လို့ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

NOM
ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုက်ဖို့အတွက် တနင်္လာနေ့မှာ ပူတင်နဲ့ ဖုန်းဆက်သွယ်ပြောဆိုမယ့်အကြောင်း ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။ တပတ်ကို ရုရှားနဲ့ ယူကရိန်းစစ်သား ၅၀၀၀ လောက် သေဆုံးနေတာဖြစ်ပြီး ဒီသွေးချောင်းစီးမှုကို ရပ်တန့်ရမယ်လို့်လည်း သူက ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပါတယ်။

NOM
စနေနေ့ညနေပိုင်းက နယူးယော့ခ်က ဘရွတ်ကလင်းတံတားကို မက္ကဆီကိုရေတပ်လေ့ကျင့်ရေး သင်္ဘောတစင်းက ဝင်တိုက်မိခဲ့လို့ ရွက်တိုင်တွေကျိုးကျခဲ့ပြီး အနည်းဆုံး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကာ ၁ ဦးသေဆုံးခဲ့ပါတယ်။ ရွက်လွှင့်သင်္ဘောဟာ တံတားအောက်ကနေ ဖြတ်သွားချိန်မှာ မြင့်မားတဲ့ရွက်တိုင်တွေက တံတားကို တိုက်မိခဲ့တာပါ။

သင်္ဘောအမှုထမ်းတချို့အပေါ် ကျိုးကျတဲ့အစိတ်အပိုင်းတွေ ပြုတ်ကျခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါသင်္ဘောပေါ်မှာ လူပေါင်း ၂၀၀ ကျော် လိုက်ပါခဲ့တယ်လို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။

NOM
ယူကရိန်းဘက်ကနေ ဝင်ရောက်တိုက်ခိုက်ပေးခဲ့တဲ့ ဩစတြေးလျနိုင်ငံသားကို ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ဩစတြေးလျအစိုးရက ဝေဖန်ရှုတ်ချလိုက်ပါတယ်။

“ရုရှားအနေနဲ့ သူ့ကို လူသားချင်းစာနာတဲ့ ဆက်ဆံမှုအပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့အညီ ဆက်ဆံဖို့ တာဝန်ရှိပါတယ်” လို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

NOM
အမေရိကန် New Orleans အကျဉ်းထောင်ကနေ အကျဉ်းသား ၈ ဦးအထိ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ နာမည်ကျော် ဂန္ထဝင်ရုပ်ရှင်ဇာတ်ကား The Shawshank Redemption ထဲက မြင်ကွင်းတွေကိုတောင် ပြန်အမှတ်ရမိစေခဲ့တယ်လို့ တင်စားခံနေရပါတယ်။

သူတို့ဟာ အချုပ်ခန်းတာဝန်ကျအစောင့်က အစားအသောက်တွေ သွားယူနေချိန်မှာ ထွက်ပြေးခဲ့တယ်လို့ ယူဆရပါတယ်။ အိမ်သာနောက်ဖက်မှာ အပေါက်ပေါက်ထားခဲ့ပြီး နံရံကို ကျော်ဖြတ်ကာ ပြေးလွှားခဲ့ကြတာပါ။ ထောင်ရဲ့ ဆူးကြိုးစည်းရိုးတွေကို စောင်တွေအသုံးပြုကာ ကျော်ဖြတ်ခဲ့ပြီး အဝေးပြေးလမ်းမကြီးတွေကို ဖြတ်ကာ ပြေးလွှားခဲ့တယ်လို့ ကင်းထောက်ဗီဒီယိုတွေမှာ ပြန်တွေ့ခဲ့ရပါတယ်။

ဒီကိစ္စမှာ ထောင်အတွင်းပိုင်းက အကူအညီတွေရှိနိုင်တယ်လို့ ထောင်တာဝန်ရှိသူတွေက ယူဆနေပါတယ်။ ၁၀ ယောက်ထွက်ပြေးခဲ့ရာမှာ ၂ယောက်ကိုပြန်မိခဲ့တာပါ။ သူတို့တွေ ထောင်ဖောက်ပြီး ၇ နာရီကျော်တဲ့အထိ မသိကြသေးဘဲ နောက်နေ့မနက် ပုံမှန်အတိုင်း စာရင်းနာမည်ခေါ်ဆိုချိန်မှသာ ထောင်ဖောက်ပြေးတာကို သိခဲ့ကြတာပါ။

NOM
အီရန်ဟာ အမေရိကန်ဆီကနေ နူကလီးယားအဆိုပြုချက်တခုကို လက်ခံရရှိခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် အီရန်အနေနဲ့ ဒီအဆိုပြုချက်အပေါ်မှာ အမြန်ဆုံး လုပ်ဆောင်ရမယ် ဒါမှမဟုတ်ရင် ဆိုးရွားတဲ့အရာတခုဖြစ်လာမယ်ဆိုတာကို နားလည်ထားတယ်လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။ တနည်းအားဖြင့် နူကလီးယားအရေးနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ပြောဆိုမှုတွေကို မလိုက်နာရင် အီရန်ဟာ တိုက်ခိုက်ခံရဖွယ်ရှိတယ်လို့ ခြိမ်းခြောက်လိုက်တာလည်းဖြစ်ပါတယ်။

NOM
ငြိမ်းချမ်းရေးဆွေးနွေးမှု စကားတွေပြောဆိုဖို့အတွက် တူရကီကို လာဖို့ ပူတင်က ကြောက်ရွံ့နေခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလင်စကီးက ပြောဆိုလိုက်ပါတယ်။

NOM
ယူကရိန်းအတွက် ပါဝင်တိုက်ခိုက်ပေးနေချိန်မှာ လက်ရဖမ်းဆီးမိခဲ့တဲ့ ဩစတြေးလျသားတဦးကို အမြင့်ဆုံးထောင်ဒဏ် ၁၃ နှစ်အထိ ရုရှားက ချမှတ်လိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ် Oscar Jenkins ဆိုသူဖြစ်ကာ ကျောင်းဆရာတဦးလို့ သိရပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ဖမ်းမိခဲ့တာပါ။

NOM
ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်

ကာတာ
- ဒေါ်လာ ၁.၂ ထရီလီယံအထိ ကုန်သွယ်ရေးစာချုပ်ချုပ်ဆို
- အမေရိကန်စစ်ဘက်ဆိုင်ရာစက်ရုံတွေမှာ ကာတာက ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးမြုပ်နှံပြီး ၄၂ ဘီလျံဖိုး လက်နက်ဝယ်ယူမယ်
- Qatar Airways က ဒေါ်လာ ၉၆ ဘီလျံတန်ဖိုးရှိတဲ့ ဘိုးရင်းလေယာဉ်တွေ ဝယ်ယူမယ်
- ကာတာအတွက် ဒေါ်လာ ၃ဘီလျံတန်တဲ့ ဒရုန်းကာကွယ်ရေးနည်းပညာရရှိမယ်

ဆော်ဒီ
- ဒေါ်လာ ၆၀၀ ဘီလျံအထိ ဆော်ဒီက ရင်းနှီးမြုပ်နှံမယ်လို့ ကတိပေးခဲ့
- နောက်ထပ်စာချုပ်ပေါင်း ၁၄၅ ခုက ဒေါ်လာ ၃၀၀ ဘီလျံတန်ဖိုးရှိတဲ့ ရင်းနှီးမှုတွေဖြစ်
- အမေရိကန်ဆီကနေ စစ်လက်နက်ပစ္စည်း ဒေါ်လာ ၁၄၂ ဘီလျံဖိုး ဆော်ဒီက ဝယ်မယ်

ဆီးရီးယား
- ဆီးရီးယားအပေါ် အရေးယူပိတ်ဆို့မှုအားလုံး ပယ်ဖျက်မယ်
- ဆီးရီးယားရဲ့ ရေနံနဲ့သဘာ၀ဓါတ်ငွေ့ကဏ္ဍမှာ ရင်းနှီးမြုပ်နှံဖို့ ထရမ့်က ကန်ကုမ္ပဏီတွေကို တိုက်တွန်း

ယူအေအီး
- လာမယ့် ၁၀ နှစ်အတွင်း ယူအေအီးက အမေရိကန်မှာ ဒေါ်လာ ၁.၄ ထရီလီယံ ရင်းနှီးမယ်
- နောက်ထပ် ဒေါ်လာ ၂၀၀ ဘီလျံတန်ဖိုးရှိ စာချုပ်တွေချုပ်ဆိုနိုင်ခဲ့

NOM
ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒအရာရှိတွေဟာ ဆီးရီးယားသမ္မတ Ahamad al-Sharaa နဲ့ ထရမ့်တို့ မတွေ့ဆုံခင်မှာ al-Sharaa ကိုလုပ်ကြံဖို့ အကြံပေးခဲ့ပါတယ်။ ဂျော်ဒန်ဘုရင် Abdullah ll က ဒီလိုလုပ်ခဲ့မယ်ဆိုရင် ဆီးရီးယားမှာ အလုံးစုံပြည်တွင်းစစ်ဖြစ်ပွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ အကြံပေးတွေ ဖိအားပေးနေပေမယ့် al-Sharaa ကို အခွင့်အရေးပေးဖို့ နိုင်ငံခြားခေါင်းဆောင်တွေက ထရမ့်ကို တိုက်တွန်းခဲ့ကြပါတယ်။

US Senator Jeanne Shaheen ကို ကိုးကားပြီး Middle East Eye က ဖော်ပြခဲ့တဲ့ သတင်းဖြစ်ပါတယ်။

NOM
အိန္ဒိယက အသစ်တည်ဆောက်ထားတဲ့ စက်ရုံတွေမှာ အမေရိကန်အတွက် iPhone တွေ ထုတ်လုပ်မယ့် Apple CEO Tim Cook ရဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး သူတို့နှစ်ဦးကြားမှာ ပြသနာအနည်းငယ်ရှိနေတယ်လို့ ကာတာကိုရောက်ချိန်အတွင်း ထရမ့်က ပြောဆိုခဲ့ပါတယ်။ အိန္ဒိယမှာ အဲဒီစက်ရုံတွေ မဆောက်စေချင်ဘူးလို့ ထရမ့်က ပြောဆိုခဲ့ပြီး သူ့ရဲ့ စည်းကြပ်ခွန်သတ်မှတ်မှုနဲ့ Tim Cook ရဲ့ အစီအစဉ်က ထိပ်တိုက်တွေ့နေတာလည်းဖြစ်ပါတယ်။

NOM

रिकॉर्ड

01.02.202523:59
2.6Kसदस्य
09.09.202423:59
0उद्धरण सूचकांक
19.10.202423:59
20.4Kप्रति पोस्ट औसत दृश्य
19.05.202520:49
0प्रति विज्ञापन पोस्ट औसत दृश्य
09.04.202523:59
8.20%ER
25.04.202512:02
107.56%ERR

विकास

सदस्य
उद्धरण सूचकांक
एक पोस्ट का औसत दृश्य
एक विज्ञापन पोस्ट का औसत दृश्य
ER
ERR
OCT '24JAN '25APR '25

NOM.World News के लोकप्रिय पोस्ट

Kursk ဒေသကို ရုရှားက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ရာမှာ မြောက်ကိုရီးယားစစ်သားတွေရဲ့ ပါဝင်စွမ်းဆောင်ခဲ့မှုကို ကျေးဇူးတင်ကြောင်း ပူတင်က တခုတ်တရပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ကိုလည်း ချီးကျူးစကားဆိုခဲ့ပြီး အဆိုပါဒေသကို ပြန်လည်သိမ်းယူနိုင်ခဲ့မှုမှာ အဓိကနေရာကနေ ပါဝင်ခဲ့တယ်လို့ အသိအမှတ်ပြုခဲ့ပါတယ်။

NOM
သူပိုင်ဆိုင်တဲ့ဒေါ်လာ ၂၀၀ ဘီလီယံနီးပါးကို လှူဒါန်းသွားမယ်လို့ ဘီလ်ဂိတ်စ်က ကြေညာလိုက်ပါတယ်။ လာမယ့် နှစ်ပေါင်း ၂၀ အတွင်း လှူဒါန်းမှာဖြစ်ကာ သူ့ရဲ့ ဖောင်ဒေးရှင်းကတဆင့် ဆောင်ရွက်သွားမှာပါ။ ၂၀၄၅ ဒီဇင်ဘာ ၃၁ မှာတော့ သူ့ဖောင်ဒေးရှင်းကို ဖျက်သိမ်းမှာလည်း ဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

ဘီလ်ဂိတ်စ်ဟာ အီလွန်မက်စ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ကမ္ဘာ့ကလေးငယ်တွေကို သတ်ဖြတ်ခဲ့သူလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ ကန်အစိုးရဲ့ ဘဏ္ဍာရေးကူညီနေမှုတွေကို ရပ်ဆိုင်းဖို့ မက်စ်က လုပ်ဆောင်ခဲ့ရာမှာ ကမ္ဘာတဝှမ်းကချို့တဲ့သူတွေ ထိခိုက်ခဲ့ရတာကို ရည်ရွယ်ပြောဆိုခဲ့တာလည်း ပြောပါတယ်။

NOM
12.05.202504:07
ပါကစ္စတန်ရဲ့ တရုတ်ထုတ် PL-15E ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်ဟာ အိန္ဒိယရဲ့ ပြင်သစ်ထုတ် Rafale တိုက်လေယာဉ်ကို ထိမှန်ခဲ့ပုံကို ပြသထားတဲ့ တံဆိပ်ပုံတွေဖြစ်ပါတယ်။

NOM
ရုရှားအမျိုးသားရေးဝါဒီတွေဟာ ယူကရိန်းကို ဆက်လက်တိုက်ခိုက်ဖို့အတွက် ပူတင်ကို ဖိအားပေးနေကြပါတယ်။ မော်စကိုလိုလားတက်ကြွသူတွေဟာ ပဋိပက္ခတွေ အေးခဲသွားမယ့် အလားအလာကို ဆန့်ကျင်နေပြီး စစ်ပွဲကို အဆုံးစွန်ထိ ဆင်နွှဲဖို့အတွက်‌ တောင်းဆိုနေကြပါတယ်။


ဓါတ်ပုံ : ရုရှားအမျိုးသားရေးဝါဒီအဖြစ်ထင်ရှားသူ Pavel Gubarev

NOM
09.05.202505:21
မော်စကိုမှာ ပူတင်နဲ့တွေ့ဆုံခဲ့ချိန်အတွင်း မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမယ့် ပူးတွဲကြေညာချက်တခုကို လက်မှတ်ရေးထိုးခဲ့ကာ ပိုမိုတရားမျှတပြီး ဒီမိုကရက်တစ် ဘက်စုံကမ္ဘာ့စည်းမျဉ်းဖွဲ့စည်းရေးကို အတူကာကွယ်သွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ပြောဆိုခဲ့ပါတယ်။

NOM
ယူကရိန်းဟာ ၂၀၀၂ ကနေ ၂၀၂၄ အထိတောင်မှ တောက်လျှောက်ဆိုသလို ရုရှားနဲ့ လျှို့ဝှက်တွေ့ဆုံကာ ဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့ ယူကရိန်းအမတ်တဦးဖြစ်သူ Goncharenko က ပြောဆိုခဲ့ပါတယ်။

NOM
လောင်းကစားပြုလုပ်မှာကို စိုးရိမ်တာကြောင့် တာလီဘန်အစိုးရဟာ စစ်တုရင်ကစားခြင်းကို ပိတ်ပင်လိုက်ပါတယ်။ အဆိုပါကစားနည်းကို အစ္စလာမ့်ဥပဒေနဲ့ ကိုက်ညီမှုရှိတယ်လို့ မသတ်မှတ်မချင်း အကန့်အသတ်မရှိ တားမြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ ဒါဟာ တာလီဘန်တွေ နောက်ဆုံးတားမြစ်ကန့်သတ်လိုက်တဲ့ အားကစားနည်းဖြစ်ပါတယ်။

NOM
ရိုးရှင်းလွန်းပြီး ပကာသနမဖက်တဲ့ ဘ၀နေထိုင်မှုပုံစံနဲ့ နေထိုင်ခဲ့တာကြောင့် ကမ္ဘာ့အဆင်းရဲဆုံးသမ္မတလို့ ခေါ်ဝေါ်ခံခဲ့ရတဲ့ ဥရုဂွေးသမ္မတဟောင်း Jose Mujica ဟာ အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူဟာ ၂၀၁၀ ကနေ ၂၀၁၅ အထိ ဥရုဂွေးသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လူလတ်တန်းစားမိသားစုက မွေးဖွားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ရိုးရှင်းတဲ့နေထိုင်မှုပုံစံကြောင့် ပြည်သူတွေချစ်ခင်သူတဦးအဖြစ်နဲ့လည်း ကျော်ကြားခဲ့ပါတယ်။

NOM
ပါကစ္စတန်စစ်တပ်ဟာ အိန္ဒိယနယ်ခြားစောင့်တပ်က တပ်သားတဦးကို ဖမ်းဆီးလိုက်ပါတယ်။ ပါကစ္စတန်ပိုင်နက်အတွင်းမှာ ဖမ်းဆီးခဲ့တာလို့ သိရပြီး လက်နက်နဲ့အတူ ခဲယမ်းမီးကျောက်တွေလည်း ပါဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

NOM
10.05.202511:22
ကုန်သွယ်ရေးစစ်ပွဲကို ဖြေလျှော့ရေး ဆွေးနွေးမှုတွေကို တရုတ်နဲ့ အမေရိကန်ကြားမှာ စတင်ခဲ့ပြီလို့ တရုတ်အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

NOM
ပါကစ္စတန်က တရုတ်ထုတ် PAF J-10 တိုက်လေယာဉ်တွေကို အသုံးပြုကာ အိန္ဒိယတိုက်လေယာဉ် ၄ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပြီးနောက် တရုတ်ရဲ့ အဆိုပါလေယာဉ်တွေအပေါ် အင်တာနက်အပေါ်မှာ စိတ်ဝင်စားမှုတွေက အရမ်းမြင့်တက်လာတယ်လို့ သိရပါတယ်။

NOM
လာမယ့် ၂၄ နာရီကနေ ၃၆ နာရီအတွင်း အိန္ဒိယဟာ ပါကစ္စတန်ကို စစ်ရေးအရ တိုက်ခိုက်မှုတခု ပြုလုပ်သွားဖို့ ရည်ရွယ်နေတယ်လို့ ယုံကြည်ရတဲ့ ထောက်လှမ်းရေးသတင်းကို ရရှိထားကြောင်း ပါကစ္စတန်က ထပ်မံပြောဆိုလိုက်ပါတယ်။

NOM
အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှုတွေ ဖြစ်ပွားနေချိန်အတွင်း ပါကစ္စတန်အတွက် အထောက်အပံ့လေယာဉ်တစင်း ပို့ဆောင်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာတွေမှာ‌ ဖော်ပြနေမှုတွေက မမှန်ကန်ဘူးလို့ တရုတ်လေတပ်က ပြောဆိုလိုက်ပါတယ်။

အဆိုပါလေယာဉ်အတွင်းမှာ စစ်လက်နက်ပစ္စည်းတွေ ပါဝင်တယ်လို့ ရေးသားပြောဆိုထားပြီး တရုတ်လေတပ်က ဒါဟာ သတင်းမှားတွေကို ဖြန့်ဝေနေတာသာဖြစ်တယ်လို့ တရားဝင်ငြင်းဆန်လိုက်တာ ဖြစ်ပါတယ်။

NOM
ရက်အတန်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲပြီလို့ နှစ်နိုင်ငံစလုံးက ပြောဆိုအပြီး နာရီပိုင်းအကြာမှာပဲ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အပြန်အလှန်စွပ်စွဲမှုတွေရှိခဲ့ပြီး ချိုးဖောက်မှုတွေ လုပ်ခဲ့ကြတယ်လို့ ပြစ်တင်ခဲ့ကြပါတယ်။

အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Vikram Misri က “ကျနော်တို့ ရောက်ရှိထားတဲ့ နားလည်မှုအပေါ် ထပ်ခါတလဲလဲ ချိုးဖောက်မှုတွေ ရှိနေတယ်” လို့ ပြောဆိုခဲ့ပါတယ်။

သူပြောဆိုပြီး ခဏအကြာမှာပဲ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကတိကဝတ်တွေကို အကောင်အထည်ဖော်နေပေမယ့် အချို့နေရာတွေမှာ အိန္ဒိယက ချိုးဖောက်နေတယ်လို့ ပြန်လှန်စွပ်စွဲခဲ့ပါတယ်။

NOM
ထရမ့်အစိုးရက ဒုက္ခသည်အဖြစ် သတ်မှတ်ပေးခဲ့တဲ့ တောင်အာဖရိကလူဖြူ ၅၉ ဦးကို တင်ဆောင်လာခဲ့တဲ့ လေယာဉ်ဟာ မနေ့က အမေရိကန်ကို ရောက်ရှိလာခဲ့ပါတယ်။ ထရမ့်အစိုးရလက်ထက်မှာ ဒုက္ခသည်တွေအဖြစ် ပထမဆုံးအသိအမှတ်ပြုခံရသူတွေဖြစ်ကာ နောက်ထပ်ရောက်လာနိုင်တဲ့ အာဖရိကသားတွေ ရှိနိုင်သေးတယ်လို့ CNN က ဆိုပါတယ်။ ဗာဂျီးနီးယားလေဆိပ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်က ကြိုဆိုခဲ့ပါတယ်။

NOM
अधिक कार्यक्षमता अनलॉक करने के लिए लॉगिन करें।