Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
Min Chit Oo avatar
Min Chit Oo
Min Chit Oo avatar
Min Chit Oo
अवधि
दृश्य की संख्या

उद्धरण

पोस्ट
रिपोस्ट छिपाएं
25.02.202516:36
အောင်ဆန်းသူရိယလှသောင်းကျောင်း (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရည်ချွန်၊ ဘက်စုံထူးချွန်ဆုပေးပွဲ
से पुनः पोस्ट किया:
BB Channel News avatar
BB Channel News
24.02.202518:05
Drone နဲ့ ပတ်သတ်လို့ သတင်းကောင်း

🤩
24.02.202516:43
ပြန်လာလို့မရတော့တဲ့ ပြည်ပြေးတွေ ဝရမ်းပြေးတွေကလွဲလို့
ဘယ်ပြည်သူမှ လက်မခံတော့တော့ အမှန်
23.02.202513:20
အထဲမှာပါတဲ့မျက်ခွက်တွေကို
ဝင်လာမယ့်လမ်းကြောင်းတစ်လျှောက်က သူတွေကို ချပြထားသင့်တယ်
ခြေကုပ်ယူမယ့်နေရာမရှိသေးတာကြောင့် စိမ့်ဝင်လာဖို့များပါတယ်
से पुनः पोस्ट किया:
Myanmar National Post avatar
Myanmar National Post
22.02.202517:06
ရုရှားကိုတိုက်ဖို့ဆိုရင် လက်နက်မရောင်းဘူးလို့ ဘရာဇီးသမ္မတက ဂျာမဏီကိုပြော

ဖေဖော်ဝါရီ - ၂၂ ( စနေနေ့ )
ယူကရိန်းအတွက် လက်နက်များဝယ်ယူရန် ဂျာမနီအဓိပတိ အိုလက်ဖ်ရှိုး ၏ ချဉ်းကပ်မှုကို ဘရာဇီးသမ္မတ လူဝစ် အင်နာစီယို လူလာ ဒ ဆေးလ်ဗား က ပယ်ချခဲ့ပါတယ်။ ဘရာဇီးလ်ခေါင်းဆောင်က "ရုရှားလူမျိုး (သို့ ) အခြားသူတစ်ဦးဦးကိုသတ်ရန်” မည်သူ့ကိုမျှ လက်နက်များရောင်းချခြင်းမပြုရန် အလေးပေးပြောကြားခဲ့ပါတယ်။
ပေါ်တူဂီဝန်ကြီးချုပ် လူဝစ်မွန်တီနီဂရို နှင့် ပူးတွဲ မီဒီယာကွန်ဖရင့်တစ်ခုတွင် သတင်းထောက်များအား ပြောကြားရာတွင် လူလာ က ကိယက်ဗ် နဲ့ မော်စကိုကြား ပဋိပက္ခတွင် ဘရာဇီး၏ ကြားနေရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဆန့်ကျင်ဘက်အနေနှင့် ဂျာမနီသည် ယူကရိန်း၏ အဓိက ကျောထောက်နောက်ခံများထဲတွင် ပါဝင်ပြီး ဘီလီယံနှင့်ချီသော စစ်ဘက်ဆိုင်ရာ အကူအညီများကို ထောက်ပံ့ပေးခဲ့ပါတယ်။ ၂၀၂၃ ဇန်နဝါရီလတုန်းက ဂျာမန်အဓိပတိက ယူကရိန်းအတွက် အကူအညီရရန် တောင်အမေရိကား ကို ခရီးဆန့်ခဲ့ပြီး အကူအညီတွေ တောင်းခဲ့ပါတယ်။ ဘရာဇီးနိုင်ငံကိုလည်း သွားခဲ့ပြီး ယူကရိန်းအတွက် အမြှောက်နဲ့ကျည်ဆန်များ ကူညီဖို့တောင်ခဲ့တယ်လို့ လူလာက ဆိုပါတယ်။
"ကျနော်က အိုလက်ဖ်ရှိုး ကိုပြောခဲ့တယ်- 'ရုရှားကိုသတ်ဖို့၊ ဘယ်သူ့ကိုမှသတ်ဖို့ လက်နက်မရောင်းပါဘူး။ ဒါကြောင့် ကျွန်တော်တောင်းပန်ချင်ပါတယ်၊ ဒါပေမယ့် ဘရာဇီးက ငြိမ်းချမ်းရေးကို လိုချင်တာကြောင့် သင်လိုအပ်တဲ့ လက်နက်တွေကို ရောင်းချမှာ မဟုတ်ပါဘူး၊ ငြိမ်းချမ်းရေးကို လိုချင်ရင် စစ်ပွဲကို မီးမရှို့နိုင်ပါဘူး။ ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေးကို လိုချင်တယ်။ အခုက နှစ်ဦးနှစ်ဖက် ညှိနှိုင်းတဲ့ စားပွဲဝိုင်းမှာ ရှိနေမှာပဲ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။
Lula သည် ပဋိပက္ခများကို ဖြေရှင်းရန်အတွက် ဆွေးနွေးမှုများပြုလုပ်ရန် ကာလကြာရှည်စွာ ထောက်ခံခဲ့ပြီး လက်နက်များ ထောက်ပံ့ပေးခြင်းသည်သာ အခြေအနေ တိုးမြင့်လာကာ ငြိမ်းချမ်းရေး အလားအလာများကို နှောင့်နှေးစေသည်ဟု အခိုင်အမာ ပြောကြားခဲ့ပါတယ်။

REF - RT
#News #MNP
https://t.me/MyanmarNationalPost
से पुनः पोस्ट किया:
🇲🇲Win Htein 🇲🇲(နိုင်ငံတကာသတင်း) avatar
🇲🇲Win Htein 🇲🇲(နိုင်ငံတကာသတင်း)
22.02.202515:21
🇰🇵🇷🇺 "Kimskanders" များ နီးကပ်လာပါပြီ။
မြောက်ကိုရီးယားသည် OTRK ဒုံးကျည်အမြောက်အမြား ရုရှားသို့ ပေးလိုက်သည်။


မြောက်ကိုရီးယားသည် စစ်ဆင်ရေးနည်းဗျူဟာမြောက် ဒုံးကျည်စနစ် (OTRK) အမြောက်အမြားကို ရုရှားထံ ပေးပို့ထားကြောင်း အနောက်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီများက မီဒီယာများမှတစ်ဆင့် သတင်းပေးပို့လျက်ရှိသည်။ ၎င်းတို့၏ အချက်အလက်များအရ KN-24 စနစ်သည် KN-23 စနစ်၏ ဝယ်ယူမှုကို ဖြည့်စွက်သည်။

KN-23 OTRK ဆိုတာ ဘာလဲ သင်သိပြီးသားပါ။ ဒါဟာ ကိုရီးယား ပဲ့ထိန်းဒုံးကျည် ဖြစ်ပါတယ်။
से पुनः पोस्ट किया:
Myanmar Military Power avatar
Myanmar Military Power
25.02.202516:31
ရခိုင်ဘက်မှာရော၊ ချင်းတွင်းနဲ့
ဧရာဝတီတလျောက် တပ်က သ
င်္ဘောတွေ သွားမရအောင် ပိုက်
တွေချ၊ အနှောင့်အယှက်ပေးပြီး
ပန်ကာနဲ့ပိုက်တွေညှိလို့ သင်္ဘော
ရပ်သွားရင်

Drone နဲ့ ဗုံးချတိုက်တာတို့ ၁၀၇
နဲ့ပစ်တာတို့ရှိခဲ့ဘူးတယ်လို့သိရ
ပါတယ်။ အခုပုံမှာ ပြထားတာ
တွေကတော့ ပန်ကာမှာ တပ်သုံး
တဲ့ပိုက်ကွန်ဖြတ်တဲ့ ကိရိယာလေး
ပါ။ လက်ရှိသုံးနေပြီဆိုရင်လဲ OK
ပါ။ မသိသေးသူတွေအတွက်
ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်။

မြစ်တွင်းသွားတွေ နဲ့ ကမ်းထိုး
တွေမှာ ပိုလိုမယ်ထင်ပါတယ်။
ကျောက်တော်ကိစ္စပြီးတော့ ဒီလို
မျိုး Post တစ်ခု တခါတင်ဘူးပါ
သေးတယ်။ အခု လိုအပ်မယ်ထင်
လို့ ထပ်တင်တာပါ။

crd***ko ko thant
#JBT
#MyanmarMilitaryPower
24.02.202516:59
မြင်ယောင်မိသွားတယ်😁
24.02.202515:16
တစ်ဖြုံဖြုံကေးလာနေပြီ
အဲ့ဒါကြောင့်သူတို့ လူအသည်းအသန်ခေါ်နေကြတာ
से पुनः पोस्ट किया:
တိုက်ပွဲသတင်းစုံ avatar
တိုက်ပွဲသတင်းစုံ
23.02.202512:54
နယ်မြေရှင်းလင်းခြင်း (တောင်ခမ်း)

တောင်ခမ်းဒေသရှိ မန်မောရွာနှင့် ဆယ်တော်ပြည့်ဘုရားကုန်းအား တပ်မတော်မှ သိမ်းပိုက်ရရှိပြီးနောက် နယ်မြေဆက်လက်ရှင်းလင်းရာ ဖေ ၂၂ ရက်နေ့ မနက်ပိုင်းအချိန်တွင် အကြမ်းဖက် TNLA အချို့နှင့် ထိတွေ့ ပစ်ခတ်မှု အနည်းငယ်ရှိခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) TNLA ၁ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ်/ခဲယမ်းများ

သိမ်းဆည်းရရှိခဲ့ပြီး နယ်မြေဆက်လက်ရှင်းလင်းလျက်ရှိပါသည်။ (ပုံများ ထပ်မံဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ
से पुनः पोस्ट किया:
PAN avatar
PAN
ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများရဲ့ အကျိုးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့
*********************
(ပြည်တွင်း) ဖေဖော်ဝါရီ ၇

ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများ၏ အကျိုးကိစ္စရပ်များနှင့် ပတ်သက်၍ ကိုရီးယားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် က ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ပထမ) နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ပထမ) (First Vice Minister) H.E. Mr. Kim Hong Kyun မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်က ဆိုးလ်မြို့ရှိ Lotte Hotel မှာပြုလုပ်တဲ့ အလုပ်သဘော နေ့လယ်စာစားပွဲသို့ ဆိုးလ်မြို့အခြေစိုက်၊ အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အခုလိုတက်ရောက်....

Webpage >>...
https://positiveanglenews.com/2025/02/07/ကိုရီးယားနိုင်ငံသို့-ရေ/

VK Link>>...
https://vk.com/wall-220066330_10675

Telegram»...
https://t.me/positiveanglenews

#PAN
ဒီကြားထဲ အေအေက လယ်ခွန်ဆိုပြီး ထွက်တဲ့ထဲက တစ်ဝက်ကို သူတို့ရိက္ခာအတွက် ဓားပြတိုက်နေတာလည်း ထည့်ရေးလေ
से पुनः पोस्ट किया:
Popular Journal avatar
Popular Journal
25.02.202516:25
မနက်ဖြန် ညနေတွင် နီပေါ-မြန်မာ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်မည်

(၄)နိုင်ငံ အမျိုးသမီး ဘောလုံးဖိတ်ခေါ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အား ဖေဖော်ဝါရီ(၂၆)ရက် ၊ ည‌နေ (၆)နာရီ (၄၅) မိနစ်အချိန်တွင် အိမ်ရှင်နီပေါအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။

အိမ်ရှင် နီပေါအသင်း နှင့် မြန်မာအသင်းတို့သည် အုပ်စုတွင်းယှဉ်ပြိုင်အပြီး ရမှတ်(၆)မှတ်စီဖြင့် ဗိုလ်လုပွဲတွင် ထိပ်တိုက်တွေ့ဆုံကြရခြင်းဖြစ်သည်။

ယနေ့တွင် ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ယုကီတက်ဆုရို က "ပထမဆုံးအနေနဲ့ ကျွန်တော်တို့ကို ဒီပြိုင်ပွဲကို ဖိတ်ခေါ်ပေးတဲ့ အိမ်ရှင်နီပေါနိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မနက်ဖြန်-ညနေတွင်-နီပေါ-မ/
24.02.202516:51
နူရာဝဲဆွဲ လဲရာသူခိုးထောင်း ဘဝရောက်နေတဲ့ ရခိုင်ဒေသခံတွေ

ဒီကြားထဲ ကုစရာဆေးပါမရှိ
से पुनः पोस्ट किया:
တိုက်ပွဲသတင်းစုံ avatar
တိုက်ပွဲသတင်းစုံ
24.02.202513:52
နယ်မြေရှင်းလင်းခြင်း (မတ္တရာ)

ဖေ ၂၄ ရက် (ယနေ့) မနက်ပိုင်းတွင် မတ္တရာမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းသည် မြောင်းသစ်ကုန်းရွာအနီးတွင် အကြမ်းဖက် PDF ၃၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် PDF များသည် ၎င်းတို့၏ အလောင်းများဆွဲယူကာ မြောက်အရပ်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ မဆွဲနိုင်ဘဲ ကျန်ရစ်ခဲ့သည့် -
(၁) အကြမ်းဖက် PDF ၃ လောင်း
(၂) လက်နက်မျိုးစုံ ၆ လက်
(၃) ကျည်အိမ် ၆ ခု၊ ကျည်ဆန်များ
(၄) ကျည်ကာဦးထုပ် ၁ လုံး

တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ပြီး ဆုတ်ခွာရန်သူနောက်သို့ စစ်ကြောင်းများမှ ထပ်ကြပ်လိုက်လံချေမှုန်း လျက်ရှိ။
-
ယခု ရက်ပိုင်းအတွင်းတွင် မတ္တရာမြို့နယ်အတွင်း နေရာ ၃ နေရာတွင် ထိတွေ့မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF ၆ လောင်း၊ သေနတ် ၁၇ လက် ရရှိထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။
-
Congratulations ပါ မတ္တရာမှ တပ်မတော်သားများ၊ လခရအဖွဲ့များ၊ ပြည်သူ့စစ်များ 👍👍👍
-
တိုက်ပွဲသတင်းစုံ
से पुनः पोस्ट किया:
တိုက်ပွဲသတင်းစုံ avatar
တိုက်ပွဲသတင်းစုံ
23.02.202512:54
အလောင်း/လက်နက် ရရှိ (အုမ္မသီး)

ဖေ ၂၂ ရက်နေ့ ညနေပိုင်းအချိန်က နောင်ချိုမြို့နယ်၊ အုမ္မသီးဒေသအတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းသည် အုမ္မသီးရွာအနီးတွင် TNLA ၂၅ ဦးခန့်နှင့် ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) TNLA အလောင်း ၁ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ်/ ကျည်ဆန်များ

သိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများ ဆက်လက်ဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ
से पुनः पोस्ट किया:
Jamadar Ba Thein avatar
Jamadar Ba Thein
22.02.202516:06
ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Maris Sangiampongsa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူး
ပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်။

crd***cincds news
#JBT
से पुनः पोस्ट किया:
တိုက်ပွဲသတင်းစုံ avatar
တိုက်ပွဲသတင်းစုံ
22.02.202514:08
တိုက်ပွဲသတင်း (ဗန်းမော်)

ဖေ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဗန်းမော်မြို့၊ မင်းလှရပ်ကွက်အတွင်း နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် KIA/PDF ၃၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူအရှေ့မြောက်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် စစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) KIA/PDF အလောင်း ၂ လောင်း
(၂) M-22 သေနတ် ၂ လက်
(၃) ကျည်အိမ် ၈ ခု၊ ကျည် ၂၀၅ တောင့်
(၄) ကျည်ကာဦးထုပ် ၁ လုံး

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
Fighting ပါ ဗန်းမော်မှ သူရဲကောင်းကြီးများ။
-
တိုက်ပွဲသတင်းစုံ
से पुनः पोस्ट किया:
Palwtwa Daily News avatar
Palwtwa Daily News
24.02.202516:46
AA ထိန်းချုပ်ထားရာ ချင်းပြည်နယ် ပလက်ဝမှာ ဆေးဝါးပြတ်လပ်၍ ချင်းလူမျိုး သေဆုံးသူ ၃ ဦးအထိရှိလာ
======================
ဖေဖော်ဝါရီ ၂၄၊

AA ထိန်းချုပ်ထားပလက်ဝမြို့နယ်မှာ ဆေးဝါးများပြတ်လပ်နေ၍ အရပ်သားသေဆုံးမှုရှိလာပြီး ဖျားနာသူ၊ ဝမ်းပျက်ဝမ်းလျော့ ရောဂါဖြစ်ပွားနေသူ အများအပြားရှိနေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

မြို့နှင့်အလှမ်းဝေးသည့် ကျွမ်းကျင်ဝန်းထမ်းများနှင့် ဆေးဝါးများ မရှိသောကြောင့် ရောဂါဖြစ်ပွားသူနေများမှာ ဆေးကုသရန် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။ လုံလောက်ဆေးဝါးများ မရှိခြင်းကြောင့် ပလက်ဝမြို့နယ် ခိုက်ခါအုပ်စု ကျေးတောရွာမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ချင်းလူမျိုး အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ပလက်ဝမြို့နယ် ဒိုးချောင်းဝကျေးရွာမှာလည်း ဝမ်းပျက်ဝမ်းလျော့ရောဂါအား အချိန်မီမကုသနိုင်လိုက်၍ အသက် ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ပလက်ဝဒေသသည် AA ထိန်းချုပ်သော မြို့နယ်တစ်ခုဖြစ်ပြီး ပလက်ဝမြို့နယ်ကဲ့သို့ ရခိုင်ပြည်အတွင်းက AA ထိန်းချုပ်သော မြို့နယ်များမှ ဒေသခံများမှာ ဆေးဝါးပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းကြီးသည့် ဒဏ်ကို ဆိုးရွာစွာခံနေကြရသည်။ ဖေဖော်ဝါရီလ ပထမ အပတ်ကစ၍ အိန္ဒိယဘက်က တင်သွင်းနေသည့် ကုန်စည်းများနှင့် ဆေးဝါးများမှာ အိန္ဒိယ စစ်ဆေးရေးဂိတ်များကို တင်းကျပ်ထား၍ ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့နယ်များမှာ အခက်အခဲဖြစ်ပေါ်နေကြခြင်းဖြစ်သည်။
https://t.me/palwtwadailynews2022
23.02.202513:36
ကိုယ်တွေအလှည့်ပြန်ရောက်လာပြီ
से पुनः पोस्ट किया:
Myanmar National Post avatar
Myanmar National Post
အကြမ်းဖက်ခေါင်းဆောင် အတင့် သေပြီ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစဉ်ကြီးကျေးရွာကို ယနေ့ နံနက်ပိုင်းက လာရောက်တိုက်ခိုက်သည့် နီပိန်း ပဒက် အကြမ်းဖက်ခေါင်းဆောင် ဇော်မျိုးတင့်(ခ) အတင့် တိုက်ပွဲအတွင်း သေဆုံးသွားကြောင်း သိရသည်။
တိုက်ပွဲအတွင်း နီပိန်း ပဒက် အကြမ်းဖက်သမားများ သေဆုံး ဒဏ်ရာ ရရှိမှု များပြားခဲ့သည်။

#News #MNP
https://t.me/MyanmarNationalPost
से पुनः पोस्ट किया:
FACT CHECK avatar
FACT CHECK
22.02.202515:22
အောက်တန်းစားမီဒီယာတွေ ဘာတစ်ခုမှ မသိဘဲ အပုတ်ချဖို့အတွက် သွားပုတ်လေလွင့်လျှောက်ရေးမယ်ဆိုလဲ စကစက စစ်ရေးပြလုပ်ဖို့ဘယ်လိုခေါ်လဲဆိုတာ အရင်လေ့လာအူး ခွေးသစ်
-
Khit Thit က အောက်တန်းကျစွာ စကစတပ်ဖွဲ့ဝင်တွေအကြား ထင်ယောင်ထင်မှားဖြစ်အောင် ဂျင်းထည့်ထားတဲ့ သတင်းပါ မယုံကြပါနဲ့လို့ပြောပါရစေ
-
မဟုတ်မမှန် သတင်းအတုတွေ၊ သတင်းအမှားတွေ တင်တဲ့အထဲမှာ Khit Thit က အဆိုးဆုံးပဲပြောရမှာ တစ်နေ့တစ်နေ့ အရိုးကိုက်ရဖို့အတွက် စိတ်ကူးပုံဖော်ဖန်တီးလိုက်၊ ဖြစ်စဉ်ကို ပုံကြီးချဲ့ရေးလိုက်နဲ့ အောက်တန်းအကျဆုံးမီဒီယာမှာ Khit Thit ဖြစ်ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်

#Fakenews
FACTCHECK
သတင်းမှန်တွေ ဖတ်ဖို့ 👉 နှိပ်ပါ
22.02.202514:07
ပြည်တွင်းထဲက ကလေးတွေကျတော့
“ကျောင်းမတက်နဲ့ ကျောင်းထွက်”တဲ့

သူတို့သားသမီးတွေကျတော့ လိုင်ဇာတက္ကသိုလ်မှာကျောင်းထားလို့😒😒
ဒါလား မင်းတို့ပြောတဲ့ လူငယ်တွေအတွက် “တရားမျှတမှု”

မသိလို့မေးတာပါ
ဘယ်နိုင်ငံ ဘယ်သူမှ အသိအမှတ်မပြုထားတဲ့ မင်းတို့ကျောင်းကဆင်းရင်
ဘယ်နိုင်ငံက ဘယ်ကုမ္ပဏီမှာ အလုပ်ရမှာလဲ
😷😷😷
दिखाया गया 1 - 24 का 1269
अधिक कार्यक्षमता अनलॉक करने के लिए लॉगिन करें।