Реальний Київ | Украина

Лёха в Short’ах Long’ует

Україна Сейчас | УС: новини, політика

Мир сегодня с "Юрий Подоляка"

Труха⚡️Україна

Николаевский Ванёк

Инсайдер UA

Лачен пише

Анатолий Шарий

Реальний Київ | Украина

Лёха в Short’ах Long’ует

Україна Сейчас | УС: новини, політика

Мир сегодня с "Юрий Подоляка"

Труха⚡️Україна

Николаевский Ванёк

Инсайдер UA

Лачен пише

Анатолий Шарий

Реальний Київ | Украина

Лёха в Short’ах Long’ует

Україна Сейчас | УС: новини, політика

Myanmar Newspapers
TGlist रेटिंग
0
0
प्रकारसार्वजनिक
सत्यापन
असत्यापितविश्वसनीयता
अविश्वसनीयस्थानРосія
भाषाअन्य
चैनल निर्माण की तिथिКвіт 27, 2021
TGlist में जोड़ा गया
Вер 11, 2024रिकॉर्ड
20.02.202523:59
14.3Kसदस्य31.12.202423:59
1000उद्धरण सूचकांक26.03.202516:38
635प्रति पोस्ट औसत दृश्य26.03.202516:38
635प्रति विज्ञापन पोस्ट औसत दृश्य19.03.202523:59
10.26%ER26.03.202523:59
4.46%ERR16.04.202505:42
အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများ နေပြည်တော်သို့ရောက်ရှိ
နေပြည်တော် ဧပြီ ၁၅
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။
အိန္ဒိယနိုင်ငံမှ လှူဒါန်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများ၊ ယာယီရုံးခန်းများ စုစုပေါင်းပစ္စည်းတန်ချိန် ၅၀ နှင့် အဆိုပါယာယီရုံးခန်းများ တည်ဆောက်ရန် အင်ဂျင်နီယာကိုးဦးတို့အား တင်ဆောင်လာသော C-17 လေယာဉ်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိ သည်။
အဆိုပါ အိန္ဒိယနိုင်ငံမှ လှူဒါန်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူ ပစ္စည်းများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်မိုးဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
https://t.me/myanmarnewspaper/173771
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd

18.04.202507:41
တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးမှ အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
နေပြည်တော် ဧပြီ ၁၇
အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား အကျဉ်းသူ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၃ ဦး၊ စုစုပေါင်း ၄၉၀၆ ဦး တို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား အကျဉ်းသူ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၃ ဦး တို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ ကြောင်းနှင့် နိုင်ငံခြားသား အကျဉ်းသားအကျဉ်းသူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။
အကျဉ်းသား အကျဉ်းသူများကို တစ်ဦးလျှင် ခရီးစရိတ်အဖြစ် ခရီးတစ်မိုင်အား ငွေကျပ် ၃၅ ကျပ်နှုန်း၊ စားစရိတ်အား တစ်ရက်လျှင် ငွေကျပ် ၁ဝဝဝ နှုန်းဖြင့် ဦးစီးရန်ပုံငွေမှ လည်းကောင်း၊ စခန်းများမှ လွတ်မြောက်သည့် အကျဉ်းသား အကျဉ်းသူများကို အလုပ်ဆင်းရက်အပေါ်မူတည်ပြီး သတ်မှတ်နှုန်းထားဖြင့် တွက်ချက်ထားသော လုပ်အားခဆုငွေများကို အကျဉ်းသားများ လုပ်အားဖြင့် ကုန်ထုတ်လုပ်ရေးအဖွဲ့ ရန်ပုံငွေမှလည်းကောင်း ပြည့်ဝစွာထုတ်ပေးခဲ့ကြောင်း သိရသည်။
အကျဉ်းသားများအား လွှတ်ပေးရာတွင် အကျဉ်းထောင်ရုံးစိုက်ရာမြို့ရှိ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ အကျဉ်းထောင် တာဝန်ခံအရာရှိ၊ သက်ဆိုင်ရာ ဒေသရှိခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာရုံးတို့ ပါဝင်သောအဖွဲ့ဖြင့်ဆုံးမသြဝါဒ စကားပြောကြား၍ ထောင်လွတ် လက်မှတ်ပေးအပ်ခဲ့ကြောင်း သိရသည်။
လွတ်မြောက်သွားသူ ၄၉၀၆ ဦးအနက် ကချင်ပြည်နယ်မှ ၉၃ ဦး၊ ကယားပြည်နယ်မှ ကိုးဦး၊ ကရင်ပြည်နယ်မှ ၈၅ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီးမှ ၇၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၃၀၊ ပဲခူးတိုင်းဒေသကြီးမှ ၄၈၇ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၂၁၀ ၊ မန္တလေးတိုင်းဒေသကြီးမှ ၉၄၃ ဦး၊ မွန်ပြည်နယ်မှ ၅၁၃ ဦး၊ ရခိုင် ပြည်နယ်မှ ၆၃ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ ၁၁၄၉ ဦး၊ ရှမ်း ပြည်နယ်မှ ၃၁၇ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၇၃၁ ဦးနှင့် လူမှု ဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ သင်တန်းကျောင်းများမှ လူငယ် ၁၀၁ ဦး လွတ်မြောက်သွားကြောင်း သိရသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများနှင့် အကျဉ်းထောင်ရှေ့သို့ လာရောက်ကြိုဆိုသော ၎င်းတို့၏ မိသားစုဝင်များမှာ ပျော်ရွှင် ကြည်နူးစွာ ပွေ့ဖက်နှုတ်ဆက်ကြပြီး ခရီးဝေးသွားရောက်ကြမည့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရသူများအား ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်များသို့ မော်တော်ယာဉ် များဖြင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များက လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
https://t.me/myanmarnewspaper/173985
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd.

10.04.202507:11
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများမှ သမ္မတနှင့် နိုင်ငံတော်အကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဆက်လက်ပေးပို့
နေပြည်တော် ဧပြီ ၉
၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် အင်အားပြင်းမန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ခြင်းအတွက် ဘရာဇီးလ်ဖယ်ဒရယ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ လူဝစ်အင်နာစီအို လူလာဒါစီးလ်ဗားကလည်းကောင်း၊ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတဟောင်း မစ္စစ်ဘီဒီယာဒေဗီဘန်ဒါရီကလည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။
အဆိုပါသဝဏ်လွှာများတွင် မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့်သေဆုံးသူများနှင့် ကျန်ရစ်သူမိသားစုဝင်များအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း၊ သေဆုံးသူအရေအတွက် အများအပြားနှင့် သိသာထင်ရှားသော ပျက်စီးဆုံးရှုံးမှုများအတွက် မိမိတို့အနေဖြင့် အထူးပင်ဝမ်းနည်းမိပါကြောင်း၊ ဤဝမ်းနည်းဖွယ်ဖြစ်ရပ်ကြောင့် ငလျင်ဘေးသင့်သူများအားလုံးသို့ အဆွေတော်မှတစ်ဆင့် မိမိ၏စိတ်ခွန်အားကို ပေးလိုပါကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများအားလုံး အမြန်ဆုံးပြန်လည်ကျန်းမာပါစေကြောင်း စိတ်ရင်းစေတနာဖြင့် ဆန္ဒပြုအပ်ပါကြောင်း၊ ငလျင်ကြောင့် အသက်အိုးအိမ်များဆုံးရှုံး၍ ပစ္စည်းဥစ္စာများ ပျက်စီးခဲ့မှုအတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ မြန်မာအစိုးရနှင့် ပြည်သူများအနေဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အားသွန်ခွန်စိုက်ဖြင့် ကြိုးပမ်းအားထုတ်လုပ်ဆောင်နေမှုများနှင့် ပျက်စီးခဲ့သည့် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်မှုများကို အမြန်ဆုံးအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ဖော်ပြထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်
https://t.me/myanmarnewspaper/173278
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
နေပြည်တော် ဧပြီ ၉
၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် အင်အားပြင်းမန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ခြင်းအတွက် ဘရာဇီးလ်ဖယ်ဒရယ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ လူဝစ်အင်နာစီအို လူလာဒါစီးလ်ဗားကလည်းကောင်း၊ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတဟောင်း မစ္စစ်ဘီဒီယာဒေဗီဘန်ဒါရီကလည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။
အဆိုပါသဝဏ်လွှာများတွင် မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့်သေဆုံးသူများနှင့် ကျန်ရစ်သူမိသားစုဝင်များအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း၊ သေဆုံးသူအရေအတွက် အများအပြားနှင့် သိသာထင်ရှားသော ပျက်စီးဆုံးရှုံးမှုများအတွက် မိမိတို့အနေဖြင့် အထူးပင်ဝမ်းနည်းမိပါကြောင်း၊ ဤဝမ်းနည်းဖွယ်ဖြစ်ရပ်ကြောင့် ငလျင်ဘေးသင့်သူများအားလုံးသို့ အဆွေတော်မှတစ်ဆင့် မိမိ၏စိတ်ခွန်အားကို ပေးလိုပါကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများအားလုံး အမြန်ဆုံးပြန်လည်ကျန်းမာပါစေကြောင်း စိတ်ရင်းစေတနာဖြင့် ဆန္ဒပြုအပ်ပါကြောင်း၊ ငလျင်ကြောင့် အသက်အိုးအိမ်များဆုံးရှုံး၍ ပစ္စည်းဥစ္စာများ ပျက်စီးခဲ့မှုအတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ မြန်မာအစိုးရနှင့် ပြည်သူများအနေဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အားသွန်ခွန်စိုက်ဖြင့် ကြိုးပမ်းအားထုတ်လုပ်ဆောင်နေမှုများနှင့် ပျက်စီးခဲ့သည့် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်မှုများကို အမြန်ဆုံးအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ဖော်ပြထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်
https://t.me/myanmarnewspaper/173278
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
21.04.202505:01
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နေပြည်တော် ရုံးအမှတ် (၁၉) ဝင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မြေသားလမ်းနှင့် မြေထိန်းနံရံအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေနှင့် သစ်ဆိပ်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
နေပြည်တော် ဧပြီ ၂၀
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော် ရုံးအမှတ် (၁၉) ဝင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မြေသားလမ်းနှင့် မြေထိန်းနံရံအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်လယ်ဝေးမြို့နယ်ရှိ ခေတ်အေးသစ်ဆိပ်သို့ သွားရောက်၍ သစ်ဆိပ်အတွင်း သစ်မာသစ်လုံး တန် ၄၃၀၀ စုပုံထားမှု အခြေအနေနှင့် သစ်စက်များသို့ သစ်လုံးများ တင်ပို့နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သစ်မျိုးအလိုက် သစ်ဆိပ်လက်ကျန် ကျန်ရှိမှု၊ သစ်စက်များသို့ ပို့ဆောင်ပြီးစီးမှု၊ ခွဲစိတ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက သစ်စက်များသို့ သစ်လုံးများပို့ဆောင်ရေး၊ သစ်စက်များတွင် သစ်ခွဲသားများ ခွဲစိတ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက သစ်ဆိပ်များတွင် သစ်ခွဲစက်များ တည်ထောင်၍ ခွဲစိတ်ဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်ဧရိယာအပြင် အခြားတိုင်းဒေသကြီးများရှိ သစ်ဆိပ်များမှ သစ်လုံးများအား သစ်စက်များသို့ တင်ပို့ခွဲစိတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သစ်ဆိပ်များမှ သစ်လုံးများအား သယ်ယူပို့ဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စနစ်တကျစီမံဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်ရှိ ဝန်ထမ်းမိသားစုများ ယာယီရွှေ့ပြောင်းထားရှိသော နေရာများသို့သွားရောက်၍ ဝန်ထမ်းမိသားစုများအတွက် နေထိုင်စားသောက်ရေးစီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
https://t.me/myanmarnewspaper/174251
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
နေပြည်တော် ဧပြီ ၂၀
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော် ရုံးအမှတ် (၁၉) ဝင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မြေသားလမ်းနှင့် မြေထိန်းနံရံအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်လယ်ဝေးမြို့နယ်ရှိ ခေတ်အေးသစ်ဆိပ်သို့ သွားရောက်၍ သစ်ဆိပ်အတွင်း သစ်မာသစ်လုံး တန် ၄၃၀၀ စုပုံထားမှု အခြေအနေနှင့် သစ်စက်များသို့ သစ်လုံးများ တင်ပို့နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သစ်မျိုးအလိုက် သစ်ဆိပ်လက်ကျန် ကျန်ရှိမှု၊ သစ်စက်များသို့ ပို့ဆောင်ပြီးစီးမှု၊ ခွဲစိတ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက သစ်စက်များသို့ သစ်လုံးများပို့ဆောင်ရေး၊ သစ်စက်များတွင် သစ်ခွဲသားများ ခွဲစိတ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက သစ်ဆိပ်များတွင် သစ်ခွဲစက်များ တည်ထောင်၍ ခွဲစိတ်ဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်ဧရိယာအပြင် အခြားတိုင်းဒေသကြီးများရှိ သစ်ဆိပ်များမှ သစ်လုံးများအား သစ်စက်များသို့ တင်ပို့ခွဲစိတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သစ်ဆိပ်များမှ သစ်လုံးများအား သယ်ယူပို့ဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စနစ်တကျစီမံဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်ရှိ ဝန်ထမ်းမိသားစုများ ယာယီရွှေ့ပြောင်းထားရှိသော နေရာများသို့သွားရောက်၍ ဝန်ထမ်းမိသားစုများအတွက် နေထိုင်စားသောက်ရေးစီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
https://t.me/myanmarnewspaper/174251
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
09.05.202508:19
စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီး ၄၀ အတွက် ချီးမြှင့်ထောက်ပံ့ငွေပေးအပ်
နေပြည်တော် မေ ၈
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီး ၄၀ တို့အတွက် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က နှုတ်ခွန်းဆက်အားပေးစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် မိမိတို့ဝန်ကြီးဌာနရှိ ကျောင်းသား ကျောင်းသူ ၄၀ သည် တက္ကသိုလ်ဝင်စာမေးပွဲအား အခက်အခဲများကြားမှ ယခုလိုရာနှုန်းပြည့် ပြန်လည်ဖြေဆိုကြမည့်အပေါ် ဝမ်းမြောက်မိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရန် ဆုံးဖြတ်ချက်မှန်ကန်စွာချခဲ့သည့် ကျောင်းသား ကျောင်းသူများ၊ ကြီးကြပ်ထိန်းကျောင်းပေးသည့် မိဘများကိုလည်း ချီးကျူးလိုပါကြောင်း၊ အခြားနိုင်ငံများတွင်လည်း သဘာဝဘေးအန္တရာယ်များကြောင့် စာမေးပွဲပြန်လည်ဖြေဆို ခဲ့သည့်သာဓကများရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုခြင်းကို တရားမျှတမှုနှင့် ဂုဏ်သိက္ခာအတွက် အခွင့်အရေးအဖြစ်သတ်မှတ်ကာ ကြိုးစားအားထုတ်ကြစေလိုပါကြောင်း။
တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် နိုင်ငံတော်အနေဖြင့် လေ့ကျင့်သင်ကြားရေးစခန်းများဖွင့်လှစ်၍ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများ အနီးကပ်သင်ကြား ပို့ချပေးခြင်း၊ ရုပ်သံလိုင်းများမှတစ်ဆင့် သင်ခန်းစာများ ထုတ်လွှင့်သင်ကြားပြသပေးခြင်းများအပြင် ပုဂ္ဂလိကစာသင်ကျောင်းများကလည်း ပညာဒါနစာသင်ဝိုင်းများ သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ လေ့ကျင့်သင်ကြားရေးစခန်းများမှ သင်ကြားမှုပြီးစီး၍ ပြန်လည်ရောက်ရှိချိန်တွင် စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် နေရာထိုင်ခင်း၊ အစားအသောက်၊ Online Facilityများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း မိမိတို့ရည်မှန်းချက်များ အောင်မြင်စေရန် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြိုးစားဖြေဆိုကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများနှင့် မိဘများက စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် အခက်အခဲများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲမတိုင်မီနှင့် စာမေးပွဲဖြေဆိုချိန်အတွင်းလိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများကို စဉ်ဆက်မပြတ်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည် ဖြေဆိုကြမည့် ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီး ၄၀ တို့အတွက် တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၁၂၀ ကို ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
https://t.me/myanmarnewspaper/175391

19.04.202505:02
တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့မော်တော်ယာဉ် ဖမ်းဆီးရမိ
နေပြည်တော် ဧပြီ ၁၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဧပြီ ၁၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ လေယာဉ်ခရီးစဉ်အမှတ် 8M-504/SF-3581 ဖြင့် လိုက်ပါလာသော မြန်မာနိုင်ငံသားခရီးသည်တစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၀၀၀၀၀)ကိုလည်းကောင်း၊ ဧပြီ ၁၇ ရက် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လေယာဉ်ခရီးစဉ်အမှတ် 8M-504/SF-3581 ဖြင့် လိုက်ပါလာသော မြန်မာနိုင်ငံသားခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၈၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိ
ထို့အပြင် ဧပြီ ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက်၌ လိုင်စင်မဲ့ Hijet မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်
၂၀၂၅ ခုနှစ် ဧပြီ ၁၄ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက် တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲသုံးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။
သို့ဖြစ်ပါ၍ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမိုတားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။
သတင်းစဉ်
https://t.me/myanmarnewspaper/174081

चैनल परिवर्तन इतिहास
अधिक कार्यक्षमता अनलॉक करने के लिए लॉगिन करें।