စပ်ဖြီးဖြီး လူသတ်ဗိုင်းရပ်ပိုး တစ်ရွာလုံးကိုပြန့်နှံ့သွားသောအခါ 😳😳
➪➪➪➪➪➪➪➪➪➪➪➪➪➪
Virusတွေ ကပ်ရောဂါတွေနဲ့ Zombie movieတွေဟာ ဒီဘက်ခေတ်မှာ လူကြိုက်များနေသလို ကားတွေလည်းအရိုက်များလာပါတယ်၊
ဒီရုပ်ရှင်က အသစ်ထွက်ရှိထားတဲ့ ထိုင်ဝမ် disasterရုပ်ရှင်ဖြစ်ပြီး IMDb rating6.6နဲ့ Rotten Tomatoes 95%ထိ Ratingခပ်မြင့်မြင့်ရရှိထားပါတယ်။ကတ်နဲ့ ဂျင်က ထိုင်ပေမြို့တော်မှာနေထိုင်ကြတဲ့ အတူနေချစ်သူတွေပါ၊ အများသူငါလို အလုပ်ကိုယ်စီနဲ့ ဘဝခရီးလမ်းကို တူတူ လျှောက်လှမ်းနေသူတွေပေါ့၊
သူတို့နေထိုင်ရာ ထိုင်ပေမြို့ကြီးမှာ အဲဒီအချိန်က အယ်ဗင်ဗိုင်းရပ်ဆိုတဲ့ တုပ်ကွေးပိုးတစ်မျိုး ပျံ့နှံ့နေတဲ့အချိန်ပါ၊အဆိုပါဗိုင်းရပ်ဟာ မျိုးဗီဇပြောင်းနိုင်တယ်လို့ ကျန်းမာရေးနယ်ပယ်က ပညာရှင်တွေက သတိပေးကြပေမယ့် ထိုင်ဝမ်ရွေးကောက်ပွဲရှိတာကြောင့် အစိုးရက လော့ဒေါင်းချခွင့် မပေးခဲ့ပါဘူး။တစ်နေ့မှာ ပညာရှင်တွေစိုးရိမ်ခဲ့သလို ဗိုင်းရပ်ဟာ မျိုးဗီဇပြောင်းသွားပြီး လူတွေကို ရူးနှမ်းသလိုဖြစ်သွားစေပါတယ်၊