Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
EM Channel avatar

EM Channel

Translation Team
TGlist रेटिंग
0
0
प्रकारसार्वजनिक
सत्यापन
असत्यापित
विश्वसनीयता
अविश्वसनीय
स्थान
भाषाअन्य
चैनल निर्माण की तिथिКвіт 25, 2025
TGlist में जोड़ा गया
Лист 14, 2024
संलग्न समूह

विकास

सदस्य
उद्धरण सूचकांक
एक पोस्ट का औसत दृश्य
एक विज्ञापन पोस्ट का औसत दृश्य
ER
ERR
ГРУД '24СІЧ '25ЛЮТ '25БЕР '25КВІТ '25

EM Channel के लोकप्रिय पोस्ट

23.04.202510:04
အားလုံးစောင့်မျှော်နေကြတဲ့ Solo Leveling နဲ့ A Bad Person ကို အရင်လို Member ဝင်စရာမလိုဘဲပြန်လည်ဖတ်ရှုနိုင်နေပါပြီနော်

Admin တို့ EM ရဲ့ Funding Program မှာပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ✨

EM Channel အနေနဲ့ တည်ရှိလာခဲ့တာ ၅နှစ်ကျော်လာပြီဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ရတဲ့ အဆင်မပြေမှုတွေကို နားလည်ခွင့်လွှတ်ပေးရင်း အခုချိန်ထိအတူရှိနေပေးတဲ့ Reader တွေကို ကျေးဇူးအများကြီးတင်ကြောင်းပြောကြားရင်းနဲ့

2025 မှာ အရင်လို Chapter ပေါင်းသောင်းချီ အခမဲ့ဖတ်ရှုနိုင်အောင် ကြိုးစားပေးလျက်ရှိပါတယ်နော်

မကြာမီလာမည်မျှော်🙄

Reader လေးတွေ ရှိနေတာကြောင့် EM တည်ရှိနေတာပါ
Reader ​လေးတွေမရှိရင် အခုချိန် EM ဆိုတာလည်း ရှိနေမှာမဟုတ်ပါဘူး

Channel ရေရှည်တည်တံ့နိုင်အောင်နဲ့ Update တွေအများကြီးတင်နိုင်အောင် Admin တို့ကို Member လေးဝင်ပြီး Support နိုင်ပါတယ်

Member ဝင်ရန်
https://t.me/EMAdminofficial



#EM_Channel
မကြာမီ ကျရောက်မည့် မြန်မာ့နှစ်သစ်အခါသမယမှစတင်ကာ EM Channel မှ reader များအားလုံးနှင့် တကွ မြန်မာပြည်သူပြည်သားများအားလုံး
ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ စီးပွါးလာဘ်လာဘများတိုးပွါးကာ ဘေးဘယာအပေါင်းမှ ဝေးကွာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်ရှင့် 💦

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်လေးဖြစ်ပါစေရှင် 🙏🏻


#EMChannel
Wind Breaker လေး လာမေးကြတဲ့ Reader တွေများလာလို့ Admin တို့ စိတ်မကောင်းစွာနဲ့ပဲ ဒီ Statement လေးကို ထုတ်ပြန်လိုက်ရပါတယ်ရှင့်😭

အခြေအနေအကြောင်းကြောင်းများစွာကြောင့် admin တို့ Wind Breaker လေးကို ပြန်ပြင်တဲ့နေရာမှာ စိစစ်စရာလေးတွေ အရမ်းများနေတဲ့အတွက် ထင်ထားတာထက် အချိန်လေးပိုနှောင့်နှေးနေကြောင်းကို စိတ်မကောင်းစွာနဲ့ အသိပေးလိုက်ရပါတယ်ရှင့် 😭

Admin တို့ အမြန်ဆုံး ပြန်ရအောင် ကြိုးစားနေတာမို့လို့ သည်းခံစောင့်ဆိုင်းပေးကြတဲ့ Reader အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်😭

#EM_Channel
အားလုံးရဲ့ အချစ်​တော်ကြီး Lloyd တို့ The greatest estate developer ရဲ့ author က​နေ ထပ်ထွက်လာတဲ့ Manhwa အသစ်​လေးပါ😎

What a Bountiful Harvest, Demon Lord! | Ch-11 အထိ (Ongoing မီ)✨

စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ဘွဲ့ရကျောင်းသားဂျန်ချော

ဂျန်ချောဟာထိပ်တန်းဘွဲ့ရကျောင်းသားတစ်ယောက်ဖြစ်ပြီးပါမောက္ခတွေရဲ့အခိုင်းခံနံပါတ်၁ဖြစ်ခဲ့တယ်။အဲ့လိုစိတ်ပင်ပန်းမှုတွေအတွက်တစ်ခုတည်းသောထွက်ပေါက်ကဂိမ်းဆော့တာဖြစ်ပြီးနေ့ကောညပါဂိမ်းစွဲလမ်းလာခဲ့တယ်

တနေ့မှာအကြိမ်၂၀မြောက်ဇာတ်ကွက်ကိုကစားဖို့လုပ်ရာကနေဂိမ်းကမ္ဘာထဲကိုရောက်သွားပြီးဆုံးဖြတ်ချက်အမှားတစ်ခုကြောင့်ဇာတ်ကောင်သူရဲကောင်းရဲ့ကိုယ်ထဲကိုမရောက်ဘဲနတ်ဆိုးဘုရင်ခရီးဒိုစ်ရဲ့ကိုယ်ထဲ‌ကိုရောက်သွားခဲ့တယ်

မူရင်းကိုယ်ထက်အားနည်းတဲ့ဂျန်‌ချောဟာသူရဲကောင်းရဲ့လက်ချက်နဲ့အသက်သေမှာစိုးလို့စစ်ပွဲတွေကိုရပ်တန့်ပြီးစိုက်ပျိုးကြမယ်လို့ကြေညာခဲ့တယ်

အားနည်းမှုကိုဖုံးကွယ်ရင်းမဖြစ်ထွန်းတဲ့နတ်ဆိုးနယ်မြေမှာဘယ်လိုအလွဲပေါင်းစုံနဲ့စိုက်ပျိုးကြမလဲဆိုတာဖတ်ရှုနိုင်ပါပြီ

Review and translated by Amor

Solo Leveling နှင့် A Bad Person တို့ကိုအခမဲ့ဖတ်ရှုရန်❤️
https://t.me/emscanschannel/5154?single

Channel လေးJoin ရန်🩵
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်😆
https://t.me/emscanschannel/4865


#EM_Channel
#Chaw
April 3 ရက်​နေ့က စတင်ခဲ့တဲ့ Admin တို့ရဲ့ "EM နဲ့အတူ ဖတ်ရင်းလှူ" အစီအစဥ်မှာ ပါဝင် အားဖြည့်​ပေးခဲ့ကြတဲ့ Reader တစ်ဦးတစ်​ယောက်ချင်းဆီကို ဦးစွာ ​​ကျေးဇူးတင်​ကြောင်း ​ပြောကြားလိုပါတယ်ရှင့်

Admin တို့ EM မှ ပထမအသုတ် အလှူ​​ငွေ ခြောက်သိန်းကျပ်ကို Hysan နှင့်အတူ ငလျင်​ဘေးအလှူ အစီအစဥ်မှာ လှူဒါန်းခဲ့ပြီး
(လှူဒါန်း​ခဲ့​ကြောင်း တင်ပြလွှာ)

"EM နှင့်အတူဖတ်ရင်းလှူ" အစီအစဥ်မှ လှူဒါန်းရရှိ​ငွေ ​ခြောက်သိန်းကျပ်

= စုစု​ပေါင်း တစ်ဆယ့်နှစ်သိန်းကျပ် (1,200,000 Kyats) ကို ​မ,တည်ရရှိခဲ့ပြီး

သက်ဆိုင်ရာ ငလျင်​ဘေးအတွက် ကူညီ​နေတဲ့ အဖွဲ့အစည်းမှာ ထပ်မံလှူဒါန်းဖြစ်ခဲ့ပါတယ်

ဖတ်ရင်းလှူ အပြင် အခြားအလှူ​ငွေသီးသန့် ထည့်ဝင်ခဲ့ကြသူများကိုလည်း ထပ်မံ​ကျေးဇူးတင်ရှိပါတယ်ရှင့်

Manhwa reader ​တွေရဲ့ စည်းလုံးမှုကိုပြသ​ပေးခဲ့တဲ့အတွက် တကယ်ကို ​ကျေနပ်အားရမိပါတယ်❤️‍🔥

#EM_Channel
March 28 ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးအန္တရာယ်အတွက် Admin တို့ EM channel ဘက်က မနေ့ကစတင်ပြီးအလှူခံခဲ့ရာမှာ စုစုပေါင်း Kpay+Wave - နှစ်သိန်းကိုးသောင်းခုနစ်ထောင့်ရှစ်ရာကျပ် (297800) ရရှိခဲ့ပြီး EM Team မှ မတည်ငွေအဖြစ် ငွေကျပ်သုံးသိန်း (300000) နှင့်အတူ စုစုပေါင်း ခြောက်သိန်းကျပ် (600000) ကို Hysan နှင့်အတူ ငလျင်ဘေးအလှူ အစီအစဉ်မှာ ပါဝင်လှူဒါန်းဖြစ်ခဲ့ပါတယ်ရှင့်

ထပ်မံ၍ကောက်ခံရရှိထားသောအလှူငွေများကိုလည်း ဒုတိယအသုတ်အနေနှင့် လှူဒါန်းသွားဦးမှာဖြစ်တာကြောင့် EM Readers များအနေဖြင့် Donation တွင် ပါဝင်၍ရနိုင်သေးကြောင်း အသိပေးလိုက်ပါတယ်ရှင့်

ဒါ့အပြင် EM Channel  မှလည်း ငလျင်ဘေးအတွက် Funding Program တစ်ခုလုပ်ဖို့စီစဉ်ထားသေးတာကြောင့် Readers တို့အနေနဲ့ Funding Program မှာပါဝင်၍လည်း လှူဒါန်းနိုင်ပါကြောင်း ကြိုတင်အသိပေးလိုက်ပါတယ်ရှင့်
Funding Program အကြောင်းအသေးစိတ်ကိုတော့ ထပ်မံ၍ကြေညာပေးသွားပါမယ်ရှင့်

EM Readers များအနေနှင့်လည်း ယခုကဲ့သို့ ပါဝင်လှူဒါန်းသည့်အကျိုးကျေးဇူးကြောင့် ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်

ငလျင်ဘေးအတွက် ပါဝင်လှူဒါန်းရန် --

09768910356
(Kpay - Chaw Su Hnin Lwin)

09442299009
(Wavepay - Wai Yan Moe Hein)

#EM_Channel
ဒီ မတ်လ ၂၈ရက်​နေ့မှာ ဖြစ်ပွားခဲ့တဲ့ငလျင်ကြီး​ကြောင့် တစ်နိုင်ငံလုံး၊ အထူးသဖြင့် စစ်ကိုင်း မန္တ​လေး ​တွေမှာ ငလျင်ဒဏ်ကို ခံစား​နေရတဲ့သူ​တွေအတွက် admin တို့ EM မှ တကယ်ကို စိတ်မ​ကောင်းဖြစ်ရပါတယ်

ဒီလို ငလျင်ဒဏ်ခံစား​နေရသူ​တွေအတွက် တစ်​ထောင့်တစ်​​နေရာက​နေ ကူညီနိုင်ဖို့ admin တို့အသိ ယုံကြည်ရတဲ့သူဆီက​နေတစ်ဆင့် ပါဝင်အားဖြည့် လှူဒါန်း​ပေးနိုင်ပါ​ကြောင်း ​ပြောကြားလိုပါတယ်ရှင့်

ဖြစ်နိုင်ရင် Admin တို့ကိုယ်တိုင် လှုပ်ရှားချင်​​ပေမဲ့လည်း လူအင်အားအရ​ရော သွား​ရေးလာ​ရေးအရပါ အခက်အခဲ​တွေ ရှိ​​နေတဲ့အတွက် အခုလို လှူဒါန်းဖို့ ညွှန်း​ပေးရုံမှတပါး မလုပ်နိုင်တာကိုလည်း တကယ်စိတ်မ​ကောင်းပါဘူးရှင့်

ပါဝင်လှူဒါန်းနိုင်မယ့် ဖုန်းနံပါတ်က​တော့

09768910356
(Kpay - Chaw Su Hnin Lwin)

09442299009
(Wavepay - Wai Yan Moe Hein)

ကို လှူဒါန်းနိုင်ပါတယ်ရှင့်

အားလုံးအတူတူ ဒီအ​ခြေအ​​နေဆိုးကြီးတွေကို ​ကျော်ဖြတ်ကြရ​အောင်ပါ


#EM_Channel
Action revenge manhwa ​လေးလာပါပြီ​နော်🐱

The Childe | Ch -  25 ထိ (Ongoing မီ)✨

တစ်နေ့မှာမိသားစုအပျော်ခရီးထွက်နေတုန်း ဂျင်ထယ်ဟာဆိုတဲ့ ကောင်လေးရဲ့မိဘတွေဟာ လုပ်ကြံခံလိုက်ရတယ်

အဲ့လိုနဲ့ ထယ်ဟာက ချွန်းဂုမိသားစုရဲ့ အမွေဆက်ခံသူမဟုတ်တော့ဘဲ သူ့ဘဝကြီးငါးပါးမှောက်သွားပါလေရော

ဒီလူသတ်မှုရဲ့နောက်ကွယ်ကဖြစ်ရပ်မှန်တွေကို သိပြီးသွားတဲ့အခါမှာတော့ ထယ်ဟာကကလဲ့စားပြန်ချေမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး အီတလီကိုထွက်ပြေးသွားခဲ့တယ်

၁၇ နှစ်အကြာမှာ ကိုရီးယားကိုပြန်လာပြီး ဂျင်ထယ်ဟာတစ်ယောက် ဘယ်လိုနည်းလမ်းတွေနဲ့ ကလဲ့စားချေသွားမလဲ? ချွန်းဂုမိသားစုဝင်တွေရဲ့ ဆက်ဆံရေးတွေကရော ဘယ်လိုတွေဖြစ်မလဲ?

Action, Drama Genre ကိုမှ Fight Scene အမိုက်စားတွေနဲ့အတူတူ k drama တစ်ကားကြည့်နေရတဲ့အတိုင်း ဇာတ်အိမ်ကောင်းကောင်းလေးမလို့ ဒီ Ongoing Manhwa ကို စောင့်မျှော်ဖတ်ရှုပေးကြပါနော်


Review & Translated by Sarah


Solo Leveling နှင့် A Bad Person တို့ကိုလှူရင်းဖတ်ရှုရန်🐱
https://t.me/emscanschannel/7061

Channel လေးJoin ရန်😂
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်😆
https://t.me/emscanschannel/4865


#EM_Channel
#Chaw
The Heavenly Demon Can’t Live a Normal Life | Ch-154 (Onမီ) ✨

သာမန်ဘဝမျိုးမှာ မနေနိုင်တဲ့ကောင်းကင်ဘုံနတ်ဆိုးကြီးအကြောင်းဖတ်ကြည့်ပြီးပြီလား

သိုင်းလောကရဲ့ အင်အားကြီးမားတဲ့
ကောင်းကင်ဘုံနတ်ဆိုးဂိုဏ်းက
ဘတ်ဂျွန်ဟျော့တစ်ယောက်ဟာ
ငတုံးလိုလူတကာသမုတ်တာခံနေရပြီးတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့
ရိုမန်ဒယ်မီထရီအနေနဲ့နိုးထလာတဲ့အခါမှာ

ရိုမန်ကို အထင်သေးခဲ့တဲ့သူတွေကို
ဘယ်လိုပညာပြသွားမလဲ...

ရိုမန်သတ်သေသွားရတဲ့အကြောင်းအရင်းကဘာများဖြစ်မလဲ...

စော်ကြည်ဘဲကြီးရိုမန်က
ထိပ်ဆုံးရောက်အောင်ဘယ်လိုမျိုး
ကြိုးစားသွားမလဲဆိုတာကို စိတ်ဝင်တစား
ဖတ်ရှုရမှာမလို လက်လွှတ်မခံကြပါနဲ့နော် Review by Noel

Solo Leveling နှင့် A Bad Person တို့ကိုအခမဲ့ဖတ်ရှုရန်✨
https://t.me/emscanschannel/5154

Channel လေးJoin ရန်😗
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်💃
https://t.me/emscanschannel/4865




#EM_Channel
#James
12.04.202507:13
Manhwa အတွက် Translator (E to M) နှင့် Editor လေးတွေ ခေါ်ချင်ပါတယ်
(Test ရှိပါမယ်)
မှတ်ချက်-Test အတွက် Fees လေးမရှိပါဘူးရှင့်

Translator အတွက်

- စာကိုလိုရင်းတိုရှင်းအဆင်ပြေချောမွေ့စွာဘာသာပြန်နိုင်ရပါမယ်

- မြန်မာစာသတ်ပုံမှန်ကန်ရပါမယ်

- Word/Docs file နဲ့ပို့ပေးနိုင်ရပါမယ်

- တစ်ရက်နှစ်ပိုင်း ပုံမှန်ပေးနိုင်ရပါမယ်


Editor အတွက်

- သတ်မှတ်ထားတဲ့ fontတွေအတိုင်း ပြောင်းသုံးတတ်ရပါမယ်

- သေသေသပ်သပ် လုပ်နိုင်ရပါမယ်

- Zip file နဲ့ ပို့ပေးနိုင်ရပါမယ်

- တစ်ရက်နှစ်ပိုင်း ပုံမှန်ပေးနိုင်ရပါမယ်

Fees လေးက ညှိုနှိုင်းပါရှင့်

*Fee တိုး​ပေးမှာက​တော့

- အလုပ်လုပ်တာ နှစ်လပြည့်ပြီး အပိုင်း ၁၅၀ အထိ ဘာသာပြန်/ edit ထားသူဆိုလျှင် Fees လေး တိုးပေးသွားမှာပါ

အလုပ်လုပ်တာအဆင်ပြေရင်ပြေသလိုလည်း bonus ပေးသွားမှာဖြစ်ပါတယ်

စိတ်ဝင်စားသူများ @Adelia_EM မှာလာလျှောက်လို့ရပါတယ်ရှင့်
Solo Leveling: Ragnarok | Ch-47 (Season 1 Completed) 😗

ဒီ webtoon က Solo Leveling ထဲက MC ဆောင်းဂျင်ဝူးရဲ့ သားအကြောင်းကို ဆက်ရေးထားတဲ့ webtoon လို့ပြောလို့ ရပါတယ်

ဒီ Webtoon ထဲမှာ ဆောင်းဂျင်ဝူးရဲ့သား ဆောင်းဆူဟို (MC) က ဆောင်းဂျင်ဝူးလို Eအဆင့် Hunter တောင်မဟုတ်ပဲ နိုးထသူတစ်ယောက်ကိုမဟုတ်တာပါ

အမှန်တော့ သူကနိုးထသူတစ်‌ယောက် မဟုတ်တာမဟုတ်ပဲ သူ့ရဲ့စွမ်းအားက အဖျက်စွမ်းအားအရမ်းများနေတဲ့အတွက် သူ့အဖေကသူငယ်ငယ်လေးထဲက ချိပ်ပိတ်ခဲ့တာပါ

ဒါပေမယ့် ကမ္ဘာကြီးကိုအန္တရာယ်ကျရောက် လာတဲ့အချိန်မှာတော့ သူ့စွမ်းအားတွေကို ထုတ်သုံးမှရတော့မယ့်အခြေအနေကို‌ ရောက်လာခဲ့ပါတယ် 

အဲ့တာကိုကြိုသိနေတဲ့ဆောင်းဂျင်ဝူးက သူ့ရဲ့လက်ပါးစေဘီရူးကို Level up System နဲ့အတူ သူ့သားဆီလွှတ်လိုက်ပါတော့တယ် System ရောက်လာပြီးနောက်ပိုင်းမှာ ဆောင်းဆူဟိုဟာ E အဆင့် Hunter တစ်ယောက်အဖြစ် နိုးထလာပါတော့တယ် ဒါပေမယ့်သူက System ကြောင့် သာမန် Eအဆင့် Hunter တွေနဲ့တော့မတူပါဘူး System ကပေးအပ်တဲ့မစ်ရှင်တွေကို အောင်မြင်လေလေ သူ့ Level တွေက ပိုမြင့်လာနိုင်ပြီး ဒီထက်ပိုပြီးအများကြီး စွမ်းအားကြီးတဲ့လူတစ်ယောက်ဖြစ်လာမှာပါ

တကယ်တော့ ဆောင်းဆူဟို Level မြင့်လာအောင်ကြိုးစားနေရတဲ့ တခြားအကြောင်းအရင်းလည်းရှိပါသေးတယ် အဲ့တာကတော့ သူငယ်ငယ်လေးထဲက ရုတ်တရက်ကြီးပျောက်သွားတဲ့ အဖေနဲ့အမေကိုပြန်တွေ့ချင်လို့ သူ့ကိုယ်သူ စွမ်းအားကြီးလာအောင်ကြိုးစားနေခဲ့တာပါ

ဒီတော့ဆူဟိုတစ်ယောက် Level up ဖြစ်အောင်လုပ်ရင်း သူ့အဖေဆောင်းဂျင်ဝူးထက်တောင် ပိုပြီးစွမ်းအားကြီးလာမလား သူ့အမေနဲ့ အဖေကရော ဒီအတိုင်းပျောက်သွားတာလား သူတို့နှစ်ယောက်ကို ဆူဟို အသက်ရှင်လျက် ပြန်တွေ့နိုင်ပါဦးမလားဆိုတာကိုတော့ 
ဒီ Webtoon လေးကို အဆုံးထိစောင့်ကြည့် ဖတ်ရှုပေးကြပါနော်

Translated and Review by Scarlett , Axel


Solo Leveling နှင့် A Bad Person တို့ကိုလှူရင်းဖတ်ရှုရန် ❤️
https://t.me/emscanschannel/7061

Channel လေးJoin ရန်❤️
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်🩷
https://t.me/emscanschannel/4865



#EM_Channel
#James
The Extra's Academy Survival Guide | Ch-74 (Ongoing မီ) ✨

 
ဂိမ်းတစ်ခုထဲလူကိုယ်တိုင်ရောက်သွားတဲ့ဇာတ်လမ်းမျိုး ခဏခဏကြားဖူးဖတ်ဖူးပါလိမ့်မယ်

အဲ့သည်လိုဇာတ်လမ်းမျိုးပါပဲ

မတူတဲ့အချက်ကတော့ ကျွန်တော်တိုရဲ့ ဇာတ်လိုက်ကြီးဟာ ဂိမ်းထဲက အရေးပါအရာရောက်တဲ့နေရာကိုရောက်သွားခဲ့တာမဟုတ်ပါဘူး

ဂိမ်းအစပိုင်းမှာတင် ထွက်ခွာသွားရမယ့် စာခိုးချတဲ့ ဘူလီသူဌေးသား နေရာကို ရောက်ရှိသွားတာပါ
စစချင်းဆောက်နဲ့ထွင်းဆိုသလို ကြုံတွေ့ရမယ့်အခက်အခဲတွေကို သူဘယ်လိုရင်ဆိုင်မလဲ...⁉️

ဂိမ်းရဲ့ဇာတ်ကြောင်းကရော အပြောင်းအလဲတွေရှိလာမှာလား ...‼️

စတာတွေကို ရင်ခုန်စွာ အချို နေရာတွေမှာ ရယ်စရာဟာသလေးတွေပါနှောပြီး ဖတ်ရှုရမှာဖြစ်ပါတယ်
 
Translated by Happy Life

Solo Leveling နှင့် A Bad Person တိုကိုအခမဲ့ဖတ်ရှုရန်
https://t.me/emscanschannel/5154 😉

Channel လေးJoin ရန်
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်
https://t.me/emscanschannel/4865



#EM_Channel
#Yamin
"EM နဲ့အတူ ဖတ်ရင်းလှူ" အစီအစဥ်✨

Admin တို့ EM မှ ငလျင်​ဒဏ်ခံ​နေရတဲ့သူ​တွေကို ​ထောက်ပံ့ကူညီဖို့အတွက် Funding program ​လေးတစ်ခု စီစဥ်ထားပါတယ်ရှင့်

ဒီ "EM နဲ့အတူ ဖတ်ရင်းလှူ" အစီအစဥ်​လေးမှာ​တော့ မြန်မာ​ငွေ ၁ ကျပ်ကစလို့စေတနာရှိသလောက်လှူရင်းတစ်လတာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်ရှင့်

ဖတ်ရှုနိုင်မယ့် Manhwa ​လေး​တွေက​တော့

Solo leveling
A bad person
Our office story
Killer peter
Dungeon Defense အပြင်
Return Of The Mount Hua Sectကိုပါ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်ရှင့်

ဒီ program ကရတဲ့​ငွေ​တွေကိုလည်း အကုန် ငလျင်​​ဘေးအတွက် သက်ဆိုင်ရာ​နေရာ​တွေမှာ လှူဒါန်း​ပေးသွားမှာဖြစ်လို့

Manhwa လည်း Read အကျိုးလည်းရှိ​အောင် တစ်ဖက်တစ်လမ်းက​နေ ဝိုင်းဝန်းပါဝင်​ပေးကြဖို့ နှိုး​ဆော်အပ်ပါတယ်ရှင့်

09768910356
(Kpay - Chaw Su Hnin Lwin)

09442299009
(Wavepay - Wai Yan Moe Hein)

၁ ကျပ်ကနေစလို့စေတနာရှိသလောက်လှူဒါန်းပြီး ဖတ်ရှုနိုင်ဖို့အတွက် မင်မင့်ရဲ့ telegram account လေးကို gmail လေးပို့ထားပေးပါနော် @yumi_em | တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်


#StaySafe
#EM_Channel
The Villain Wants to Live | Ch-32 အထိ (Ongoing မီ) 🤩

မူလကမ္ဘာမှာ ချစ်ရေးကံ‌မကောင်းခဲ့တဲ့
ဂိမ်းဇာတ်ကောင်မော်ဒယ်ဒီဇိုင်နာလေး ကင်ဝူဂျင်က သူတို့လုပ်နေတဲ့ ဂိမ်းထဲက သူ့ကိုအခြေခံပြီး ပုံစံဖော်ထားတယ်ဆိုတဲ့ ဗီလိန်ဖြစ်သွားခဲ့ပါတယ်

ဗီလိန်ဆိုတဲ့အတိုင်း လူမုန်းများရုံတင်မက သူဝင်ပူးထားတဲ့ နဂိုဗီလိန်လုပ်ထားခဲ့တဲ့ ပြဿနာတွေကိုရော လိုက်ရှင်းနေရတာပါ အဲ့ပြဿနာတွေက သူ့ကို တစ်နည်းနည်းတစ်ဖုံဖုံနဲ့ သေဆုံးမှုဆီ ဦးတည်နိုင်နေလို့ သူ့မှာ သန်မာလာ‌အောင်လုပ်ရင်း အမြဲဂရုစိုက်‌နေရပါတယ်

ကံကောင်းချင်တော့ သူ အဲ့ဂိမ်းဇာတ်ကောင်ထဲ ဝင်မပူးခင် သူ့အရင်ရည်းစားက သူ့ကို အဲ့ဒီအဆိုးတကာ့အဆိုးဆုံးပင်ကိုယ်စရိုက်တွေပဲ ပေးထားတဲ့ အဲ့ဗီလိန်ဇာတ်ကောင်နဲ့တူတယ်ပြောလို့ မခံချင်တာနဲ့ သူ့သဘောနဲ့သူ ကောင်းတဲ့အချက်တွေ ထည့်လိုက်ပါတယ်

ဒါဆို သူကိုယ်တိုင်ထည့်ထားတဲ့ အားသာချက်တွေနဲ့ ဗီလိန်ဇာတ်ကောင်ခန္ဓာကိုယ်ကနေ သူ့ရဲ့မူလကမ္ဘာဆီ ဘယ်လိုပြန်သွားမလဲ...ပြန်ရောပြန်နိုင်မှာလားဆိုတာ ဆက်ဖတ်ကြည့်ကြရအောင်နော်
Revied & Translated by Zelenka


Solo Leveling နှင့် A Bad Person တိုကိုအခမဲ့ဖတ်ရှုရန် ❤️
https://t.me/emscanschannel/5154?single


Channel လေးJoin ရန် 😘
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန် 🤩
https://t.me/emscanschannel/4865

#EM_Channel
#Yoon
​ထောင်ထဲမှာ ဖိုက်မယ့် အကြမ်းစား manhwa ​လေး💥

Juvenile Prison | Ch-47 အထိ (Ongoing မီ)✨

ဂိုဏ်းစတားဖခင်ရဲ့ကြမ်းတမ်းတဲ့နှိပ်စက်မှု​တွေ အောက်မှာကြီးပြင်းလာခဲ့တဲ့အထက်တန်းကျောင်းသား ချာဂျူယောင်း

ငယ်သူငယ်ချင်း လီဒါယွန်း ကို ဖခင်ကထိပါးလာတဲ့အခါ၊ ဖခင်ကိုဒေါသနဲ့ထိုးနှက်လိုက်ရာက ကိုမာဝင်သွားလို့ ဂျူယောင်းလည်း လူငယ်အကျဉ်းထောင် ကိုအပို့ခံလိုက်ရတယ်

မနိုးလာလောက်​တော့ဘူးလို့ထင်တဲ့ ဖခင်ကထောင်ထဲကိုလာပြီး "မင်းသူငယ်ချင်းကိုငါသတ်လိုက်ပြီ" လို့ဝန်ခံလိုက်ချိန်မှာ ဖခင်ကိုကလဲ့စားချေမယ်လို့စိတ်ပိုင်းဖြတ်လိုက်တယ်

ဒါ​​ပေမဲ့ သူ့ဖခင်ကိုအနိုင်ယူနိုင်မယ့်တစ်ခုတည်းသောနည်းလမ်းက အကျဥ်း​ထောင်ကိုထိန်းချုပ်နိုင်ဖို့ ပဲ ဆိုတာကိုသိလာတယ်

ဒီလိုနဲဲအကြမ်းဖက်မှုတွေ ပြည့်နှက်​​​နေတဲ့အကျဉ်းထောင်ထဲမှာ ဘယ်လိုများအသက်ရှင်နိုင်မလဲ? ကြုံတွေ့ရမဲ့ ရာဇဝတ်သားတွေ ဆိုက်ကိုတွေကိုဘယ်လိုအနိုင်ယူမလဲ?

ဒါ့အပြင် ထောင်ကိုအလွဲသုံးစားလုပ်နေတဲ့အထက်အရာရှိတွေရဲ့အရှုပ်အထွေးတွေ ကိုဘယ်လိုရင်ဆိုင်မလဲ?

"Juvenile Prison" က ကိုရီးယားနိုင်ငံရဲ့ပြိုကွဲနေတဲ့လူမှုစနစ်နဲ့ လက်စားချေမှုတွေကို ပုံဖော်အောင်ပြနိုင်တဲ့ manhwa ကောင်းလေးတစ်ပုဒ် ဖြစ်တာမို့ action ကြိုက်တဲ့သူတိုင်းလက်မလွှတ်သင့်ဘူးနော်

Review & Translated by Boba

Solo Leveling နှင့် A Bad Person တို့ကိုအခမဲ့ဖတ်ရှုရန်🥜
https://t.me/emscanschannel/5154

Channel လေးJoin ရန်✨
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်👋
https://t.me/emscanschannel/4865


#EM_Channel
#Chaw
अधिक कार्यक्षमता अनलॉक करने के लिए लॉगिन करें।