အနီးဆုံးချစ်သူ
Mahiru Shiina ဆိုတဲ့ဒီကောင်မလေးကတော့ အားလုံးက အလှဘုရင်မလို့ အခေါ်ခံရထိုက်အောင်ကို နတ်သမီးလိုအလှမျိုးနဲ့ အရမ်းလှတဲ့မိန်းကလေးပါ။ ရုပ်ချောတဲ့အပြင် ပညာရေးရော အားကစားမှာပါထူးချွန်လို့ အားလုံးက ချစ်မြတ်နိုးကြပါတယ်။
Amane Fujimiya ဆိုတဲ့ကောင်လေးကတော့ Mahiru Shiina ဆိုတဲ့ အလှဘုရင်မလေးရဲ့ အိမ်နီးနားချင်းပါ။ အနေနီးကြတယ်ဆိုပေမဲ့ ကမ္ဘာခြားနေသလားထင်မှတ်ရလောက်အောင်ကို စိမ်းကြသူတွေပါ။ သူတို့နှစ်ယောက်က တစ်ခါမှတောင်စကားစမြည် မပြောဖူးကြဘူး။
ဒါပေမယ့် သူတို့ရဲ့တိတ်ဆိတ်မှုကို မိုးရွာတဲ့ရက်ကလေးတစ်ရက်က ချိုးဖြတ်လိုက်ပါတယ်။ မိုးရေထဲ စိတ်အားငယ်စွာ ဒန်း ပေါ်မှာထိုင်နေတဲ့ Shiina ကို Fujimiya က ထီးငှားပေးခဲ့ပါတယ်။ နောက်နေ့တော့ Fujimiya က ဖျားသွားတာကြောင့် Shiina က ထီးငှားပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ချင်တာကြောင့် သူ့ကို ပြုစုပေးချင်ခဲ့ပါတယ်။ ဒါက သူတို့ဆက်ဆံရေးရဲ့ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ပဲလို့ ယုံကြည်ကာ Fujimiya ကShiina ရဲ့ နွေးထွေးမှုကို ကျေးဇူးတင်နေခဲ့ပါတယ်။ ဒါပေမယ့် အားအင်ချိနဲ့နေတဲ့
Fujimiya ကို Shiinaက မြင်ပြီး သနားသွားတာကြောင့် ချက်ပြုတ်ကျွေးတာတွေ သန့်ရှင်းရေးတွေ ကူလုပ်ဖြစ်ရင်းကနေ မရင်းနှီးတဲ့သူတို့နှစ်ယောက် ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာ SoulAnimeDomက တင်ဆက်ပေးမဲ့ The Angel Next Door Spoils Me Rotten ဆိုတဲ့ Anime လေးကို ကြည့်လိုက်ရအောင်နော်။