သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက်ရဲ့ အကြိမ် ၄၀ မြောက် လစဥ်ကုသိုလ်တော်
🙏🙏🙏 🙏🙏🙏 🙏🙏🙏
သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် ရဲ့ လစဥ်လှူဒါန်းမြဲဖြစ်တဲ့ တောင်တန်းသာသနာပြုဆရာတော်တွေနဲ့ စာချသံဃာတော်အရှင်သူမြတ် ခြောက်ပါးနဲ့ သီလရှင်တစ်ပါး (စုစုပေါင်း ၇ ပါး) တို့ကို အကြိမ် ၄၀ မြောက် လစဥ်ပြုမြဲကုသိုလ် ၃၀၀၀၀ ကျပ်စီနဲ့ ပခုက္ကူက အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့ သက်ကြီးရွယ်အို ၁၃ ဦး၊ ဒေါင်းဆင်ဒရုန်းအမျိုးသမီးငယ်တစ်ဦးနဲ့ ပိုလီယိုရောဂါသည် ၄ ဦးကိုလည်း ၃၉ ကြိမ်မြောက် တစ်ဦး ကျပ် ၂၅၀၀၀ စီ လှူဒါန်းပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်လအတွင်း ပခုက္ကူက နှစ်ဦးနဲ့ ရန်ကုန်က လစဥ် ကျပ် ၅၀၀၀၀ လှူပေးနေတဲ့ အသက် ၁၀၅ နှစ်အရွယ် ဘွားသက်ရှည် ဒေါ်တင်မေ ကွယ်လွန်သွားခဲ့လို့ ပြီးခဲ့တဲ့လမှာ ဆရာတော်တစ်ပါးနဲ့ လေဖြတ်နေသူတစ်ဦး ထပ်တိုးထားပေမဲ့ ဒီလလည်း ထပ်တိုးရှိပါဦးမယ် ခင်ဗျ။
သစ္စာကမ်းလက်အလှူရှင်နဲ့ အလှူခံများအားလုံး ဘေးကင်းကျန်းမာ အလွန်လန်းဖြာ ချမ်းသာထီပေါက် နိဗ္ဗာန်ရောက်နိုင်ကြပါစေသော်ဝ် 🙏🙏🙏
ဖြိုးဝေ
သစ္စာကမ်းလက်
၁. ၂. ၂၀၂၅